အခန်း ၃၉၃
Vol. 40 Ch. 393
အခန်း (၃၉၃) မင်းသမီးတစ်ပါးအတွက် ငွေပြားဆယ်သန်း
"အဋ္ဌမအဆင့် ရေခဲသခင် ရောက်လာပြီ..."
ကျောက်လင်က ဆဋ္ဌမအဆင့် ရေခဲစစ်သည်ကို လက်ဝါးတစ်ချက်တည်းဖြင့် ချိတ်ပိတ်လိုက်သောအခါ ထုံထျန်းငွေလဲဌာန ဌာနချုပ်တွင် ချက်ချင်းဆိုသလို ပွက်လောညံသွားတော့၏။
သတင်းရရှိသည်နှင့် တပြိုင်နက် အဆင့်မြင့်အရာရှိများအားလုံး ခြံဝင်းအတွင်းသို့ ချက်ချင်းရောက်လာကြပြီး တန်းစီကာ ကြိုဆိုလိုက်ကြသည်။
"ရေခဲသခင်... ငွေလဲဌာနက ကြိုဆိုပါတယ်..."
ထုံထျန်းငွေလဲဌာန၏ တာဝန်ခံက ကျောက်လင်ထံသို့ ချဉ်းကပ်လာပြီး ရိုသေစွာ နှုတ်ဆက်လိုက်၏။
ကျောက်လင်က စကားအပိုပြောရန် ပျင်းရိနေသဖြင့် အဝတ်အိတ်တစ်လုံးကို ဆွဲထုတ်ကာ တာဝန်ခံ၏ အရှေ့သို့ တိုက်ရိုက် ပစ်ချပေးလိုက်သည်။
"ငါက ဒီငွေစက္ကူတွေအားလုံးကို ငွေသားအဖြစ် လဲလှယ်ချင်လို့ ဒီနေရာကို လာခဲ့တာပဲ..."
ကျောက်လင်က ပေါ့ပေါ့ပါးပါးပင် ပြောလိုက်၏။
တာဝန်ခံက ချက်ချင်းပင် လက်ကာပြလိုက်ရာ ဝန်ထမ်းနှစ်ဦး ပြေးလာပြီး အဝတ်အိတ်ကို ဖွင့်ကာ ငွေစက္ကူများအားလုံးကို ရေတွက်လိုက်ကြသည်။
"အာ..."
"ငွေပြားဆယ့်နှစ်သန်း..."
ဝန်ထမ်းနှစ်ဦးက ငွေစက္ကူများ၏ စုစုပေါင်းပမာဏကို စိတ်ထဲမှ တွက်ချက်ပြီးနောက် သူတို့နှစ်ဦးစလုံးက အံ့သြတကြီး ရေရွတ်လိုက်ကြ၏။
တာဝန်ခံမှာ အနည်းငယ် ယိုင်နဲ့သွားသည်။
မည်သို့ပင်ဆိုစေကာမူ ငွေပြားဆယ့်နှစ်သန်းကို တစ်ပြိုင်နက်တည်း လဲလှယ်ရမည်ဆိုလျှင် ထုံထျန်းငွေလဲဌာနသည် အကြပ်အတည်း ဆိုက်သွားပေလိမ့်မည်။
ထို့အပြင် လက်ရှိတွင် ရတနာဂိုဒေါင်ထဲ၌ ငွေသားအဖြစ် ငွေပြားဆယ်သန်းသာ ရှိသည်။
"ရေခဲသခင်... ကျေးဇူးပြုပြီး အထဲမှာ ထိုင်ပါဦး..."
တာဝန်ခံက ညာလက်ကို ဆန့်ထုတ်ကာ ကျောက်လင်အား အထူးဧည့်ခန်းထဲသို့ ဖိတ်ခေါ်လိုက်ပြီး အခြေအနေများကို ဖြည်းညင်းစွာ ရှင်းပြကာ ငွေစက္ကူများစွာကို တစ်ပြိုင်နက်တည်း မလဲလှယ်ရန် ဖျောင်းဖျနိုင်မည်ဖြစ်သည်။
"ဘာသဘောလဲ..."
"မင်းက ဒီသခင်ကြီးအတွက် ငွေလဲမပေးချင်ဘူးလား..."
ကျောက်လင်က မတုန်မလှုပ် ရပ်နေဆဲဖြစ်ပြီး တာဝန်ခံကို အေးစက်စွာ စိုက်ကြည့်ကာ ဂရုမစိုက်ဟန်ဖြင့် ပြောလိုက်၏။
"မဟုတ်ပါဘူး... သေချာပေါက် မဟုတ်ရပါဘူး..."
"ရေခဲသခင်... ရိုးရိုးသားသား ပြောရရင် ငွေလဲဌာနရဲ့ ရတနာဂိုဒေါင်ထဲမှာ အဲ့ဒီလောက် ငွေသား မရှိပါဘူး..."
"ဒါ့အပြင် ငွေလဲဌာနတွေကလည်း လည်ပတ်ဖို့အတွက် ငွေသားတချို့ လိုအပ်တဲ့အတွက် လက်ဝယ်မှာ ငွေသားတစ်စိတ်တစ်ပိုင်းကို သိမ်းထားရပါတယ်..."
တာဝန်ခံက အခက်တွေ့နေသော အမူအရာဖြင့် ပြောလိုက်သည်။
ထိုစကားကို ကြားလိုက်ရသောအခါ ကျောက်လင်က ချက်ချင်းပင် မျက်နှာထား တင်းမာသွား၏။
"ငါ ဂရုမစိုက်ဘူး... ဒီနေ့ မင်း ငါ့ကို ငွေပြားဆယ်သန်း ပေးကိုပေးရမယ်..."
"အဲ့ဒီလိုမှမဟုတ်ရင် မင်းတို့ရဲ့ ထုံထျန်းငွေလဲဌာနကို ဆက်ဖွင့်ထားစရာ မလိုတော့ဘူး... ငါက ဒီငွေလဲဌာနကို ဖျက်ဆီးပစ်လိုက်မယ်..."
ကျောက်လင်က အေးစက်စွာ အော်ပြောလိုက်၏။
ဤမျှမောက်မာပြီး ဗိုလ်ကျလွှမ်းမိုးသည့် အမူအရာကို ခံစားရသည်မှာ တော်တော်လေးကို နှစ်သက်ဖွယ် ကောင်းလှသည်။
"ရေခဲသခင်... ကျွန်တော့်ကို နားလည်ပေးပါဦး..."
"ငွေလဲဌာနတွေက အမြဲတမ်း နန်းတွင်းရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေတာပါ... ကျွန်တော်တို့ အစေခံတွေက နန်းတွင်းရဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ လုပ်ဆောင်ရပြီး သဘောကျ ချိုးဖောက်လို့ မရပါဘူး..."
"ရေခဲသခင်... ဒီနေ့ ငွေပြားငါးသန်းလောက်ပဲ လဲလှယ်ရင်ကော ဘယ်လိုလဲ..."
တာဝန်ခံက ကျောက်လင်၏ ဒေါသကို အာရုံခံမိသည်။ သူက ကျောက်လင်ကို မစော်ကားဝံ့သော်လည်း နောင်တွင် အပြစ်ပေးခံရမည်ကို စိုးရိမ်သဖြင့် စည်းမျဉ်းများကိုလည်း မချိုးဖောက်ဝံ့ပေ။
"မရဘူး..."
"ငါသခင်က ငွေပြားဆယ်သန်း လိုချင်တယ်လို့ ပြောထားတဲ့အတွက် ဆယ်သန်း ဖြစ်ကိုဖြစ်ရမယ်..."
"အဲ့ဒီလိုမှမဟုတ်ရင် အခုချက်ချင်း ရတနာဂိုဒေါင်ထဲကို ငါကိုယ်တိုင်သွားမယ်..."
ကျောက်လင်က မတုန်မလှုပ် ရှိနေဆဲဖြစ်ကာ ပိုပို၍ မောက်မာလာ၏။
"ခင်ဗျား... ခင်ဗျား..."
တာဝန်ခံချီအတွက် လက်ခံနိုင်စရာ မရှိပေ။ သူက တာဝန်ခံတစ်ယောက်ဖြစ်ပြီး လူတိုင်း လေးစားရသူဖြစ်သည်။ ဤမျှလောက် မထီမဲ့မြင်ပြုကာ လှောင်ပြောင်ခံရခြင်းမျိုးကို ယခင်က တစ်ကြိမ်တစ်ခါမျှ မကြုံဖူးပေ။
ဖြန်း..
ကျောက်လင်က ညာဘက်လက်ကို လွှဲကာ ဝိညာဉ်လက်ဝါးရိုက်ချက် အပြင်းအထန်ဖြင့် တာဝန်ခံ၏ မျက်နှာကို ရိုက်ချလိုက်ရာ သူ့ကို လေထဲသို့ လွင့်ထွက်သွားစေ၏။
"ဘယ်သူက ငါ့လက်အောက်ငယ်သားတွေကို ရိုက်ရဲတာလဲ..."
ရုတ်တရက် သာယာနာပျော်ဖွယ်ကောင်းသော အသံတစ်ခု ပျံ့လွင့်လာပြီးနောက် နှင်းပွင့်ကဲ့သို့ ဖြူစင်သော အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည့် လှပသော အမျိုးသမီးငယ်တစ်ဦး ကောင်းကင်မှ ဆင်းသက်လာသည်။
ထိုအမျိုးသမီးက လောကရှိ အသန့်စင်ဆုံးသော နှင်းခဲနှင့် နှင်းပွင့်များဖြင့် ဖွဲ့စည်းထားသည့်အလား ဆင်းသက်လာ၏။
အဖြူရောင်ဝတ်စုံက နှင်းပွင့်များကဲ့သို့ ညင်သာစွာ ယိမ်းနွဲ့နေပြီး ထျန်းရှန်းတောင်မှ နှင်းကြာပန်းကဲ့သို့ သန့်စင်ကာ အပြစ်အနာအဆာကင်းစင်မှုက တည်ငြိမ်ပြီး တင့်တယ်လှပသော ခံစားချက်ကို ပေးစွမ်းနေသည်။ သူမ၏ ကျောပြင်ပေါ်တွင် ဖြာကျနေသော နက်မှောင်သည့် ဆံကေသာရှည်များနှင့် လည်ပင်းဘေးတွင် ကျဆင်းနေသော ဆံနွယ်အချို့က လေညင်းနှင့်အတူ သူမ၏ ညှို့ငင်ဖမ်းစားနိုင်စွမ်းကို ပို၍ တိုးစေ၏။
ကျောက်လင်က စိုက်ကြည့်နေမိပြီး အနည်းငယ် မှင်တက်သွားသည်။
ထိုအခိုက်တွင် စနစ်မျက်နှာပြင်ပေါ်၌ တာအိုသတင်းစကားတစ်ခု ပေါ်လာ၏။
[အမည် - တန်းနျီချင်းရွှယ်]
[အဆင့် - အက်စ်အဆင့်]
[တန်းနျီချင်းရွှယ်သည် ကောင်းဖန်နိုင်ငံ၏ မင်းသမီးဖြစ်ပြီး ငွေရတနာဂိုဒေါင်ကို စီမံခန့်ခွဲရန် တာဝန်ရှိသည်။ သူမသည် နှင်းနတ်ဘုရားနန်းတော်၏ သူတော်စင်မလည်းဖြစ်ကာ သဘာဝအတိုင်း အေးစက်ပြီး မြင့်မြတ်သော ရုပ်ခန္ဓာကို ပိုင်ဆိုင်ထားသောကြောင့် ရေခဲတာအိုကို အလွယ်တကူ နားလည်သဘောပေါက်နိုင်သည်။]
ထိုသတင်းစကားကို မြင်လိုက်ရသောအခါ ကျောက်လင်မှာ အလွန်အမင်း ဝမ်းသာသွား၏။
ဤကောင်းဖန်နိုင်ငံသို့ လာရခြင်း၏ အကြီးမားဆုံးသော အကျိုးအမြတ်မှာ အက်စ်အဆင့် အလှမယ်တစ်ဦးကို တွေ့ရှိခဲ့ခြင်းပင် ဖြစ်သည်။
ငွေပြားဆယ်သန်းပေါင်းများစွာ ရရှိခြင်း သို့မဟုတ် ထောက်ပံ့ရေးပစ္စည်း အမြောက်အမြားရရှိခြင်းက လူတစ်ဦးကို သေချာပေါက် ပျော်ရွှင်စေမည်ဖြစ်သည်။
သို့သော် ကျောက်လင်၏ အကြီးမားဆုံးသော အားကိုးရာမှာ စနစ်ဖြစ်ပြီး ကျောက်လင် အမျှော်လင့်ဆုံးအရာမှာ စနစ်၏ ဆုကြေးများကို ရရှိရန်ပင်ဖြစ်၏။
အက်စ်အဆင့်အတွက် ဆုကြေးများက အစွမ်းအထက်ဆုံးဖြစ်ပြီး လက်ရှိ ကျောက်လင်၏ အကြီးမားဆုံးသော စိတ်ဝင်စားမှုမှာ ကမ္ဘာကြီးကို ရှာဖွေကာ အက်စ်အဆင့် အလှမယ်များအားလုံးကို သူ၏ လက်အောက်သို့ စုစည်းရန် ဖြစ်သည်။
ယခုအခါတွင် သူတို့က အက်စ်အဆင့် ဇာတ်ကောင်ဖြစ်သည့် တန်းနျီချင်းရွှယ်ကို နောက်ဆုံး၌ ရှာတွေ့ခဲ့ပြီဖြစ်ရာ ကျောက်လင်က မည်သို့လျှင် မပျော်ရွှင်ဘဲ နေမည်နည်း။
"မင်းသမီး... ရေခဲသခင်က ရတနာဂိုဒေါင်ထဲက ငွေသားအားလုံးကို လဲလှယ်ချင်နေပါတယ်..."
တာဝန်ခံက တန်းနျီချင်းရွှယ် ရောက်လာသည်ကို မြင်လိုက်ရသောအခါ အမြန်ထလာပြီး ကပျာကယာ တစ်စုံတစ်ရာ ပြောလိုက်သည်။
တန်းနျီချင်းရွှယ်က ကျောက်လင်ကို စိုက်ကြည့်လိုက်၏။
"ရှင်က ဘယ်သူလဲ..."
တန်းနျီချင်းရွှယ်က ကျောက်လင်ကို အေးစက်စွာ စိုက်ကြည့်လိုက်သည်။
ကျောက်လင်က အဋ္ဌမအဆင့် ရေခဲသခင် ကျီလျဲ့၏ ပုံစံကို အတုခိုးထားသော်လည်း တန်းနျီချင်းရွှယ်က နှင်းနတ်ဘုရားနန်းတော်၏ သူတော်စင်မဖြစ်သည်။ ယခင်က ကျီလျဲ့နှင့် ဆုံဖူးခဲ့သည်။
ထို့အပြင် တန်းနျီချင်းရွှယ်ကိုယ်တိုင်က ရေခဲစွမ်းအားအပေါ် အလွန်ထက်မြက်သော အာရုံခံနိုင်စွမ်းရှိရာ ကျောက်လင်၌ ရေခဲစွမ်းအား မရှိသည်ကို သေချာပေါက် အာရုံခံမိပေသည်။
သေချာသည်။ ကျောက်လင်သည် ရေခဲစစ်သည်တစ်ဦးပင် မဟုတ်ရာ ကောင်းဖန်နိုင်ငံ၏ အဋ္ဌမအဆင့် ရေခဲသခင် မည်သို့ဖြစ်နိုင်မည်နည်း။
"ငါ ဘယ်သူလဲဆိုတာ အရေးမကြီးဘူး... ငါ ယူလာတဲ့ ငွေစက္ကူတွေက အစစ်တွေပဲ... ထုံထျန်းငွေလဲဌာနက ငါ့နာမည်နဲ့ ငွေသားလဲလှယ်ပေးရမယ်..."
ကျောက်လင်က တန်းနျီချင်းရွှယ်ကို မှိန်ဖျော့ဖျော့ အပြုံးဖြင့် ကြည့်လိုက်၏။
ယခုအခါ တန်းနျီချင်းရွှယ်က သူ၏ အတုအယောင် ကိုယ်ပိုင်လက္ခဏာကို အသိအမှတ်ပြုလိုက်ပြီဖြစ်ရာ ကျောက်လင်ကလည်း ဖုံးကွယ်ရန် မကြိုးစားတော့ပေ။
မည်သို့ပင်ဖြစ်စေ ဤငွေစက္ကူများက လန်ရှင်းဟိုင်မြို့နှင့် ပင်လယ်အမြွာမြို့တို့မှ ခိုးယူလာသော အစစ်အမှန် ငွေစက္ကူများဖြစ်သောကြောင့် ငွေသားအဖြစ် လဲလှယ်ခြင်းမှာ စည်းမျဉ်းများနှင့်အညီ ဖြစ်ပေသည်။
"ဟမ့်... ရှင်က ကျီလျဲ့ကို အတုခိုးရဲတယ်ပေါ့... သခင်ကြီးဟန်ရဲ့ ကိုယ်ပိုင်လက္ခဏာကို ကြည့်ရရင် ရှင့်ရဲ့ ရည်ရွယ်ချက်ကို သံသယဝင်စရာ အကြောင်းရင်း ဒီမင်းသမီးမှာ ရှိတယ်..."
"ငါက ဒီငွေစက္ကူတွေကို ချိတ်ပိတ်ထားဖို့ ဆုံးဖြတ်လိုက်ပြီ... သူတို့ရဲ့ မူလအစကို စုံစမ်းပြီးမှ ငွေသားနဲ့ လဲလှယ်သင့်မသင့် ဆုံးဖြတ်မယ်..."
တန်းနျီချင်းရွှယ်က ကျောက်လင်ကို အေးစက်စွာ စိုက်ကြည့်ကာ တုံ့ဆိုင်းခြင်းမရှိဘဲ ပြောလိုက်၏။
"ဟားဟား..."
"မင်းက ဒီသခင်ရဲ့ ငွေစက္ကူတွေကို သိမ်းထားရဲတယ်ပေါ့... မင်းမှာ သတ္တိနည်းနည်းတော့ ရှိသားပဲ..."
"အဲ့ဒီလိုဆိုမှတော့ မင်းသမီးဖြစ်တဲ့ မင်းနဲ့ လဲလှယ်ဖို့ ဒီငွေစက္ကူတွေကို ငါ အသုံးပြုမယ်..."
ကျောက်လင်က မှိန်ဖျော့ဖျော့ ပြုံးလိုက်သည်။
"ရိုင်းစိုင်းလိုက်တာ..."
တန်းနျီချင်းရွှယ်က ကျောက်လင်၏ စကားထဲမှ ပေါ့ပျက်ပျက် လေသံကို အာရုံခံမိပြီး အနည်းငယ် ဒေါသထွက်သွား၏။
"မင်းလို မင်းသမီးတစ်ပါးနဲ့ လဲလှယ်ဖို့ ငွေပြားဆယ်သန်း တန်တယ်လို့ ငါထင်တယ်..."
ထိုသို့ပြောပြီးနောက် ကျောက်လင်က ရှေ့သို့ ခုန်တက်လိုက်သည်။
ကျောက်လင်က သူ၏ နတ်ဘုရား အမြန်နှုန်းကျင့်စဉ်ကို ထုတ်ဖော်လိုက်သောအခါ သူ၏ ခန္ဓာကိုယ်က ပုံရိပ်ယောင်များ ဆက်တိုက်ဖြစ်ပေါ်လာပြီး တစ်ခုချင်းစီက အစစ်အမှန်နှင့် တူနေတော့၏။
"ရေခဲခွဲလက်ဝါး..."
ကျောက်လင်က သူမကို ဖမ်းဆီးတော့မည်ကို တန်းနျီချင်းရွှယ် မြင်လိုက်ရသောအခါ အရှုံးမပေးဘဲ ချက်ချင်းပင် လက်ဝါးဖြင့် ရိုက်ချလိုက်သည်။
ရေခဲစွမ်းအား ထုတ်ဖော်လိုက်သည့် အခိုက်အတန့်တွင် ၎င်းက အလွှာထပ်ပေါင်းများစွာ ဖြစ်ပေါ်လာပြီး ရုတ်တရက် ရေခဲလက်ဝါးတစ်ရာအဖြစ် ပြောင်းလဲသွားကာ ကျောက်လင်၏ ပုံရိပ်ယောင်တိုင်းကို ရိုက်ခတ်သွား၏။
ရေခဲလက်ဝါးက ပုံရိပ်ယောင်များအားလုံးကို ချေဖျက်လိုက်သောအခါ ကျောက်လင်၏ ခန္ဓာကိုယ်က တန်းနျီချင်းရွှယ်၏ နောက်ကျောတွင် ပေါ်လာသည်။
ကျောက်လင်က တန်းနျီချင်းရွှယ်၏ နောက်ကျောကို ညာဘက်လက်ဖြင့် ပုတ်လိုက်၏။
တန်းနျီချင်းရွှယ်၏ ခန္ဓာကိုယ်မှ သွေးကြောများကို ဖယ်ရှားရန်အတွက် မရဏကမ္ဘာ၏ ဆေးဖက်ဝင်လက်ကျင့်စဉ်ကို အသုံးပြုလိုက်သည်။ ချိတ်ပိတ်ခြင်းက သူမ၏ ရေခဲစွမ်းအားများကို မလှုပ်ရှားနိုင်အောင် တားဆီးထားသဖြင့် သူမကို လုံးဝ ခုခံနိုင်စွမ်း မရှိစေတော့ပေ။
"ငွေလဲဌာနက းလူတွေ နားထောင်ကြစမ်း..."
"အဲ့ဒီငွေစက္ကူဆယ်သန်းက ဧကရာဇ်မင်းမြတ်ကို ငါပေးခဲ့တဲ့ စေ့စပ်လက်ဆောင်တွေပဲ... ဒီမင်းသမီးကို ငါ လက်ထပ်မယ်..."
ကျောက်လင်က အော်ပြောလိုက်ပြီးနောက် ရယ်မောကာ တန်းနျီချင်းရွှယ်ကို ပွေ့ချီပြီး ကောင်းကင်သို့ ပျံသန်းသွား၏။
"ဒုက္ခပါပဲ... ဧကရာဇ်မင်းမြတ်ကို အစီရင်ခံဖို့ နန်းတော်ကို မြန်မြန်သွားကြ... မင်းသမီး ပြန်ပေးဆွဲခံရပြီ..."
တာဝန်ခံမှာ ခဏတာ မှင်တက်သွားသော်လည်း ဖြစ်ပျက်နေသည်များကို လျင်မြန်စွာ သဘောပေါက်သွားသည်။