အခန်း ၄၀၇
Vol. 41 Ch. 407
အခန်း (၄၀၇) အားလပ်ချိန်ကို အသုံးချကာ ကျင့်ကြံခြင်းကို အရှိန်မြှင့်တင်ခြင်း
ကျောက်လင်သည် နှင်းနတ်ဘုရားမြို့ဆီသို့ ပြန်လည်ရောက်ရှိသွားသည်။
ကောင်းကင်ထက်သို့ ပျံသန်းလိုက်သောအခါ နှင်းနတ်ဘုရားမြို့ရှိ ပြည်သူများသည် နန်းတော်ကို ဝိုင်းရံထားဆဲဖြစ်သည်ကို ကျောက်လင် ရှင်းရှင်းလင်းလင်း မြင်လိုက်ရ၏။ သာမန်ပြည်သူများသည် နန်းတော်အတွင်းသို့ ဝင်ရောက်ခွင့်မရှိသော်လည်း နန်းတော်ကလည်း တံခါးဖွင့်ရန် မရဲဝံ့သလို မည်သူမျှလည်း ထွက်ခွာရန် မဝံ့မရဲ ဖြစ်နေကြ၏။ သူတို့သည် အနေရခက်သော အခြေအနေ၌ ရောက်ရှိနေကြသည်။
"ဒီအတိုင်းသာ ဆက်သွားရင် နန်းတော်ထဲက စားနပ်ရိက္ခာတွေ သိပ်မကြာခင် ကုန်တော့မှာ..."
ကျောက်လင်က အနည်းငယ် ပြုံးလိုက်သည်။ နှင်းနတ်ဘုရားမြို့မှာ လုံးဝ ပျက်စီးသွားခြင်း မရှိသေးသဖြင့် ကျောက်လင်အနေဖြင့် နန်းတော်ထဲသို့ ဝင်ရောက်ရန် အစီအစဉ်မရှိဘဲ ချက်ချင်းပင် တည်နေရာရွှေ့ပြောင်း ထွက်ခွာသွားသည်။
အကြောင်းမှာ ရှန့်ယွင်ချွမ်း၊ ယောင်းဟွိုင်တောက်နှင့် အခြားသူများ သိမ်းပိုက်ရရှိထားသော ထောက်ပံ့ရေးပစ္စည်းများမှာ ဂူများထဲတွင် ရောက်ရှိနေနှင့်ပြီး ဖြစ်သောကြောင့်တည်း။ ကျောက်လင်သည် ထိုပစ္စည်းအားလုံးကို စုဆောင်းကာ ဖုန်းလန်မြို့သို့ ပို့ဆောင်ပြီး ရောင်းချရန် ရည်ရွယ်ထားသည်။ ဒရုန်း၏ ပို့ဆောင်ရေး အကူအညီဖြင့် ကျောက်လင်သည် ပစ္စည်းများ သိုလှောင်ထားသော ဂူများထံသို့ လျင်မြန်စွာ ရောက်ရှိသွားပြီး တစ်ခုပြီးတစ်ခု စုဆောင်းသိမ်းဆည်းလိုက်၏။
ရှန့်ယွင်ချွမ်းနှင့် အခြားသူတို့က နှစ်ရက်တိုင်တိုင် လုယက်သိမ်းပိုက်ခဲ့သော ပစ္စည်းများကို ကျောက်လင်က တစ်ဝက်တစ်ပျက်အချိန်အတွင်း၌ပင် သူ၏ စနစ်နေရာလွတ်ထဲသို့ အားလုံး သိမ်းဆည်းနိုင်ခဲ့သည်။
"ဟေးလုံစခန်းနဲ့ သူ့ဂိုဏ်းသားတွေ လုယက်ထားတဲ့ ပစ္စည်းတွေကိုလည်း ယူလိုက်ဦးမယ်..."
ကျောက်လင်က တည်ငြိမ်စွာ ပြောလိုက်သည်။ ထို့နောက် ကျောက်လင်သည် ကောင်းဖန်နိုင်ငံ၏ အလယ်ပိုင်းဆီသို့ တစ်ညလုံး ပျံသန်းသွားပြီး ဟေးလုံစခန်း သိမ်းပိုက်ထားသမျှ ထောက်ပံ့ရေးပစ္စည်းများကို စုဆောင်းကာ အာကာသပုတီးစေ့ထဲသို့ ထည့်လိုက်၏။ အာကာသပုတီးစေ့၏ စွမ်းအားကို အသုံးပြု၍ ကျောက်လင်သည် ထျဲ့လင်တောင်ရှိ အာကာသတံခါးဝသို့ ပြန်လည်ရောက်ရှိလာပြီးနောက် ဟေးလုံစခန်း စခန်းချရာ ဒါလျန်တောင်ဆီသို့ ကိုယ်တိုင် ပျံသန်းသွားပြန်သည်။
"သဘောတူထားတဲ့အတိုင်းပဲ ဟေးလုံစခန်း လုယက်ထားတဲ့ ငွေသားတွေအားလုံးက ငါ့အတွက်ဖြစ်ပြီး ကျန်တဲ့ထောက်ပံ့ရေးပစ္စည်းတွေကတော့ ဟေးလုံစခန်းအတွက်ပဲ..."
ကျောက်လင်သည် ဂူတစ်ခုဆီသို့ ရောက်ရှိလာပြီး တိုးတိုးလေး ပြောလိုက်၏။ ကျောက်လင်ထံတွင် ငွေပြား ငါးသန်းရှိပြီး ၎င်းကို စနစ်အမှတ်များအဖြစ် တိုက်ရိုက် ပြောင်းလဲလိုက်သည်။
စနစ်အမှတ် - ၁,၀၀၀,၀၀၀,၀၀၀,၀၀၀
နောက်ဆုံး၌ စနစ်အမှတ် တစ်ရာ့တစ်ဆယ်ဘီလီယံ ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်။
ကျောက်လင်က အခြားသော ထောက်ပံ့ရေးပစ္စည်းများဖြစ်သည့် စားသောက်ကုန်များ၊ လက်ဝတ်ရတနာများနှင့် ဝိညာဉ်ဆေးဝါးများကို ဂူထဲသို့ ထည့်ထားပေးလိုက်သည်။
"ဒီရက်အနည်းငယ်အတွင်း တကယ့်ကို ပင်ပန်းခဲ့တာပဲ... ငါ့ရဲ့ ဇနီးတွေကိုတောင် မတွေ့ရတာ ကြာပြီ..."
"လာမယ့်ရက်တွေမှာတော့ ဖုန်းလန်မြို့ကို နေ့တိုင်း သင်္ဘောတစ်စင်းစာ ပစ္စည်းတွေ ပို့ပေးရလိမ့်မယ်... အဲ့ဒါက နောက်ထပ် တစ်လဝက်လောက် ကြာနိုင်တယ်..."
"ထင်းရှူးနက်ကျေးရွာမှာ နေဖို့အချိန်တွေ အများကြီး ရှိသေးတာပဲ..."
"ငါက ဆက်သွယ်ရေး ကျောက်စိမ်းပြား ငါးခု အစက ရထားတာ... အဲ့ဒီစွမ်းအင်းကူးပြောင်းခြင်း ကျောက်ပြားတွေက ပြီးပြည့်စုံတဲ့ တာအိုတွေကို ကိုယ်စားပြုပေမဲ့ ငါ့ရဲ့ ကျင့်ကြံမှုအဆင့်က မလုံလောက်သေးလို့ ဘယ်တော့မှ နားမလည်နိုင်ခဲ့ဘူး..."
"ဒီရက်တွေကို အသုံးချပြီး ငါ့ရဲ့ ဇနီးတွေဆီကနေ ကျင့်ကြံခြင်း စွမ်းအားတွေကို စုပ်ယူရမယ်... လာမယ့် တစ်လဝက်အတွင်းမှာ နှစ်တစ်ထောင် ကျင့်ကြံခြင်းစွမ်းအား ရရှိဖို့ မျှော်လင့်ပါတယ်... ဒါမှသာ တာအိုအားလုံးကို ထိုးထွင်းသိမြင်နိုင်မှာ..."
ကျောက်လင်သည် နောက်ထပ်လုပ်ဆောင်ရမည့် အလုပ်များကို ကြိုတင် စီစဉ်ထားပြီးနောက် တည်ငြိမ်စွာ ပြောလိုက်၏။ အိမ်မှာ ဇနီးသည် တစ်ရာကျော် ရှိနေသည်မှာ သူ၏ ကျင့်ကြံခြင်းအတွက် အစိတ်အပိုင်းတစ်ခုပင် ဖြစ်သည်။ ထိုသို့ ပြောဆိုပြီးနောက် ကျောက်လင်သည် ညအချိန်ကို အသုံးချ၍ ထင်းရှူးနက်ကျေးရွာသို့ ပြန်လာခဲ့သည်။
နေရောင်ခြည်စွမ်းအင်သုံး ဖန်လုံအိမ်အောက်တွင် ဇနီးသည် ရာနှင့်ချီ၍ စကားစမြည် ပြောဆို ရယ်မောနေကြပြီး သူတို့၏ နယ်မြေအတွင်း ဖြစ်ပျက်နေသော စိတ်ဝင်စားဖွယ်ရာများကို ဆွေးနွေးနေကြသည်။ သို့သော်လည်း အားလုံး အပြောအများဆုံးလူမှာ ကျောက်လင်ပင် ဖြစ်သည်။ ဤဇနီးသည်များအားလုံးမှာ ကျောက်လင်၏ အပြုအမူနှင့် အညီ ဖြစ်လာပြီး သူတို့နှင့်အတူ ကျင့်ကြံခြင်းဖြင့် ကြီးမားသော အကျိုးကျေးဇူးကို ရရှိနိုင်ကြောင်း ကောင်းစွာ သိရှိထားကြသည်။ ထို့ကြောင့် ကျောက်လင် မရှိသည့်ရက်များအတွင်း၌ သူတို့သည် အလွန်တရာ လွမ်းဆွတ်နေကြသည်။
ရုတ်တရက် ကျောက်လင်သည် ကောင်းကင်မှ ဆင်းသက်လာသည်။
"အာ..."
"ခင်ပွန်း..."
ဇနီးသည်များက ကျောက်လင်ကို အံ့အားသင့်စွာ ကြည့်လိုက်ကြပြီး တစ်ယောက်ပြီးတစ်ယောက် မတ်တပ်ရပ်ကာ ပြေးလာကြ၏။
"ချစ်ဇနီးတို့... ဒီရက်ပိုင်းအတွင်း အားလုံး ပင်ပန်းကြမယ်နော်..."
ကျောက်လင်သည် သူ့ပတ်လည်ရှိ လှပသော ဇနီးသည်များကို ကြည့်ကာ ဂုဏ်ယူဝင့်ကြွားစွာ ပြောလိုက်သည်။ ဇနီးသည်များအားလုံးမှာ ကျောက်လင်ကို ပျော်ရွှင်စွာ ကြည့်နေကြသည်။ ကျောက်လင်၏ စကားများက ဇနီးသည်များကို စိတ်အေးစေသည်။
ထို့နောက် ကျောက်လင်သည် ရှန်ချင်းယွဲ့ကို ရှာတွေ့ခဲ့ပြီး နှစ်ယောက်တည်း ကျောက်စားပွဲတစ်ခုဆီသို့ သွားကြသည်။ ရက်ပေါင်းများစွာ ဝေးကွာနေခဲ့သည့်အတွက် ကျောက်လင်သည် နယ်မြေအတွင်း ဖြစ်ပျက်နေသည်များကို သိရှိရန် လိုအပ်နေသည်။
"ချင်းယွဲ့... အဲ့ဒီအလုပ်ရုံတစ်ရာရဲ့ တိုးတက်မှုက ဘယ်လိုရှိလဲ..."
ကျောက်လင်က ပြုံးကာ မေးလိုက်သည်။
"ခင်ပွန်း.. အဲ့ဒီအလုပ်ရုံတစ်ရာရဲ့ မြေပြင်တွေကို ဘိလပ်မြေနဲ့ ခင်းကျင်းထားပြီးပြီ... အခုတော့ တိုင်တွေနဲ့ ထောက်ထားလိုက်ပြီ..."
"လက်ရှိနှုန်းအတိုင်းဆိုရင်တော့ အလုပ်ရုံတွေရဲ့ လိုင်းအားလုံးကို ခုနစ်ရက်အတွင်း အပြီးသတ်နိုင်လိမ့်မယ်လို့ ခန့်မှန်းရပါတယ်..."
ရှန်ချင်းယွဲ့က တည်ငြိမ်စွာ ပြန်လည်ဖြေကြားသည်။
ကျောက်လင်က ခေါင်းညိတ်လိုက်သည်။ နယ်မြေအတွင်းရှိ အလုပ်များကို ရှန်ချင်းယွဲ့က ကြီးကြပ်ပေးနေသည့်အတွက် သူ အင်အားများစွာ သက်သာနေရသည်။ လိုင်းအားကို ခုနစ်ရက်အတွင်း တည်ဆောက်နိုင်မည်ဖြစ်ပြီး ထိုခုနစ်ရက်အတွင်းမှာပင် ကျောက်လင်သည် အလုပ်ရုံတစ်ရာအတွက် လိုအပ်သော ထုတ်လုပ်ရေး ကိရိယာများကို စနစ်ဈေးဆိုင်မှ ဝယ်ယူနိုင်ပေလိမ့်မည်။
"ဒီရက်ပိုင်းအတွင်း ဝိညာဉ်သစ်သီးတွေ အများကြီး ရထားတယ်... မနက်ဖြန် မနက်မှာ သူငယ်ချင်းက ပို့ပေးလိမ့်မယ်..."
"မနက်ဖြန်ကစပြီး သူတို့ကို ကျင့်ကြံခြင်းကို ကြိုးစားဖို့ ပြောထားပါ... တတ်နိုင်သလောက် မြန်မြန် ကျောက်စိမ်းဗိမာန်နယ်ပယ်ကို တက်လှမ်းနိုင်အောင် ကြိုးစားကြပါ..."
"ပြီးတော့ ချစ်ဇနီးတို့ အရင်ဆုံးရောက်လာတဲါ ဇနီးသည်တွေက မနက်ဖြန်ကစပြီး ထျဲ့လင်တောင်က ဂူဆီကို သွားကြပါ... လမ်းစဉ်မေးမြန်းခြင်း ကျောက်စာတိုင်ရဲ့ အကူအညီနဲ့ တာအိုစွမ်းအားရဲ့ နက်နဲသော အဓိပ္ပာယ်ကို မြန်နိုင်သမျှ မြန်မြန် ထိုးထွင်းသိမြင်ပြီး ပေါင်းစည်းခြင်းနယ်ပယ်ကို တက်လှမ်းနိုင်အောင် ကြိုးစားကြပါ..."
ကျောက်လင်က ပြုံး၍ ပြောလိုက်သည်။ စနစ်အမှတ် တစ်ရာ့တစ်ဆယ်ဘီလီယံကျော် ရှိသည့်အတွက် ကျောက်လင်သည် သူ၏ ဇနီးသည်များ ကျင့်ကြံရန်အတွက် ဝိညာဉ်သစ်သီးများကို အကန့်အသတ်မရှိ ထောက်ပံ့ပေးနိုင်ပေသည်။
အသစ်လက်ထပ်ထားသော ဇနီးသည် တစ်ရာကျော်မှာလည်း ဝိညာဉ်သစ်သီးကို ရရှိထားပြီး အများစုမှာ ယခုအခါ ငွေရောင်ရိုးတွင်းခြင်ဆီနယ်ပယ် စွမ်းအားကို ပိုင်ဆိုင်ထားကြပြီ ဖြစ်သည်။
ကျောက်လင်မှာမူ သူတို့ကို ပေါင်းစည်းခြင်းနယ်ပယ်သို့ တတ်နိုင်သမျှ မြန်မြန် တက်လှမ်းနိုင်စေရန် ကူညီပေးလိုသည်။ ထိုအချိန်ရောက်လျှင် ဇနီးသည်အားလုံး ပေါင်းစည်းခြင်းနယ်ပယ်သို့ ရောက်ရှိသွားမည်ဖြစ်ရာ တွေးကြည့်ရုံဖြင့်ပင် စိတ်လှုပ်ရှားစရာ ကောင်းလှသည်။ သူတို့ အားလုံး ပူးပေါင်းလိုက်လျှင် အဋ္ဌမအဆင့်ကျင့်ကြံသူကိုပင် ရင်ဆိုင်နိုင်လိမ့်မည် ဖြစ်သည်။
"ခင်ပွန်း... ခင်ပွန်းက တကယ့်ကို ပင်ပန်းနေပါပြီ..."
"ကျွန်မတို့က နယ်မြေမှာ အလုပ်ရှုပ်နေတာပါ... ဒါပေမဲ့ ပင်ပန်းတာ မဟုတ်ပါဘူး... ခင်ပွန်းကသာ ကျွန်မတို့အတွက်၊ ဒုက္ခသည် ငါးသိန်းရဲ့ စားဝတ်နေရေးအတွက်၊ နယ်မြေတည်ဆောက်ရေးအတွက် တကယ့်ကို စိတ်ပူနေရတာပါ..."
ရှန်ချင်းယွဲ့က အမှတ်တမဲ့ ပြောလိုက်သည်။
ကျောက်လင်က အနည်းငယ် ပြုံးလိုက်ပြီး ရှန်ချင်းယွဲ့၏ ပခုံးကို ပုတ်လိုက်သည်။ ထို့နောက် နှစ်ယောက်သား နယ်မြေ၏ ရှေ့ဆက်လုပ်ဆောင်မည့် ကိစ္စရပ်များကို ဆွေးနွေးကြ၏။ မိနစ် သုံးဆယ်ခန့်အကြာတွင် ကျောက်လင်နှင့် ရှန်ချင်းယွဲ့ စကားပြောပြီးစီးသွားသည်။ ထို့နောက် ကျောက်လင်သည် အာကာသတဲတစ်ခုစီဆီသို့ သွားရောက်ကာ ဇနီးသည်များနှင့် ဘဝအကြောင်း ပြောဆို၍ ဆက်ဆံရေးကို ခိုင်မာစေသည်။
အလုပ်ရှုပ်နေသော ညတစ်ညပြီးနောက် -
ကျင့်ကြံခြင်း +၅၀
ဤသည်မှာ ကျောက်လင်၏ လက်ရှိ ပေါင်းစည်းခြင်းနယ်ပယ် အမြင့်ဆုံးအဆင့် စွမ်းအားဖြစ်သည်။ သူသည် ပင်ပန်းခြင်း မရှိဘဲ ဇနီးသည် ငါးဆယ် နှင့် ဆက်တိုက် ကျင့်ကြံနိုင်သည်။
မနက်ခင်းတွင် ကျောက်လင်သည် သူ၏ စနစ်ကိုယ်ပိုင်မျက်နှာပြင်ကို သတိပြုမိလိုက်သည်။
[ကျင့်ကြံခြင်းအဆင့် - +၂၂၈]
"ဒီလောက်မြင့်မားတဲ့ ကျင့်ကြံခြင်းအဆင့်နဲ့ဆိုရင် စွမ်းအားကူးပြောင်းခြင်း ကျောက်စိမ်းပြားသာ ရှိမယ်ဆိုရင် တာအိုတစ်ခုလုံးကို သေချာပေါက် နားလည်နိုင်မှာပဲ..."
ကျောက်လင်က ယုံကြည်မှုရှိရှိဖြင့် ပြောလိုက်၏။
အရုဏ်တက်လာသောအခါ ကျောက်လင်သည် ထင်းရှူးနက်တောင်မှ ထွက်ခွာလာပြီး မကြာမီ ထျဲ့လင်တောင်သို့ ရောက်ရှိကာ လမ်းစဉ်မေးမြန်းခြင်း ကျောက်စာတိုင်ရှိသော ဂူထဲသို့ ဝင်ရောက်သွားသည်။ တန်းနျီချင်းရွှယ်သည် ဂူထဲတွင် နေထိုင်နေသည်။ ကျောက်လင် ရောက်ရှိလာသည်နှင့် တန်းနျီချင်းရွှယ်သည် ကျောက်လင်ကို အာရုံခံမိပြီး ချက်ချင်း မျက်လုံးဖွင့်လိုက်သည်။
"ခင်ပွန်း.. ပြန်လာပြီလား..."
တန်းနျီချင်းရွှယ်က ပျော်ရွှင်စွာ ပြောလိုက်၏။ စိတ်စွမ်းအား အစီအရင်၏ အကူအညီဖြင့် တန်းနျီချင်းရွှယ်သည် လမ်းစဉ်မေးမြန်းခြင်း ကျောက်စာတိုင် ငါးခုအတွင်းရှိ တာအို၏ နက်နဲသော အဓိပ္ပာယ်ကို နားလည်ရန် အများကြီး ပိုမိုလွယ်ကူလာသည်။ ကျောက်လင်က သူ၏ စိတ်စွမ်းအားဖြင့် စူးစမ်းလိုက်ရာ တန်းနျီချင်းရွှယ်၏ စွမ်းအားမှာ သိသိသာသာ ပိုမိုအားကောင်းလာသည်ကို တွေ့ရ၏။
"ငါ ခဏလောက် မင်းနဲ့အတူ နေပြီး စွမ်းအားကူးပြောင်းခြင်း ကျောက်စိမ်းပြား တစ်ခု ပေးခဲ့မယ်..."
ကျောက်လင်က အနည်းငယ် ပြုံး၍ ပြောလိုက်သည်။ ချက်ချင်းပင် ကျောက်လင်သည် လျှောက်သွားကာ စွမ်းအားကူးပြောင်းခြင်း ကျောက်စိမ်းပြား ငါးခုကို ယူလိုက်ပြီး တစ်ခုကို ချက်ချင်း ရွေးချယ်လိုက်သည်။ ဤစွမ်းအားကူးပြောင်းခြင်း ကျောက်စိမ်းပြားထဲတွင် ရေလမ်းစဉ် အလင်းအမြုတေအပြင် သစ်သားလမ်းစဉ် အလင်းအမြုတေလည်း ပါဝင်သည်။
ကျောက်လင်သည် သတ္တုလမ်းစဉ်နှင့် မီးလမ်းစဉ်တို့ကို နားလည်ပြီး ဖြစ်သည်။ ယခု ကျောက်လင်သည် ရေလမ်းစဉ်ကို နားလည်လိုသည်။ ထို့ကြောင့် ကျောက်လင်သည် စွမ်းအားကူးပြောင်းခြင်း ကျောက်စိမ်းပြားကို ကိုင်၍ ထိုင်လိုက်ပြီး သူ၏ စိတ်စွမ်းအားကို စနစ်ကိုယ်ပိုင်မျက်နှာပြင်ဆီသို့ အာရုံစိုက်လိုက်သည်။