← Chapters

ခန်းမသခင်သစ် နွားသိုးကြီးပေါင်ပေါင်

Vol. 67 Ch. 929

ခန်းမသခင်သစ် နွားသိုးကြီးပေါင်ပေါင်

Vol. 67 Ch. 929

​လီကျင်းဇယ်က လီလော့ဘက်သို့ ဖြည်းညင်းစွာ လှည့်ကြည့်လိုက်ပြီး "မင်း ဘယ်သူ့ကို အဆိုပြုချင်တာလဲ" ဟု မေးလိုက်သည်။

သူ့မျက်နှာတွင် မသိနိုးနိုးဖြင့် စူးစမ်းလိုဟန်ရှိနေသည်။ အခြားအကြီးအကဲများမှာလည်း ဤကိစ္စနှင့် ပတ်သက်၍ တစ်စုံတစ်ရာ မှတ်ချက်မပေးကြပေ။ အဘယ်ကြောင့်ဆိုသော် ကလန်ခေါင်းဆောင်၏ လုပ်ဆောင်ချက်များကို မည်သူမျှ မေးခွန်းထုတ်ရဲမည် မဟုတ်သောကြောင့်ပင်။

​ထိုအခိုက်တွင် လီလော့က လက်နှစ်ဖက်ကို ပူးကပ်လိုက်ပြီး လေးနက်သော အသံဖြင့်…. "ကျွန်တော် နဂါးစွယ်ကလန်ရဲ့ ဂုဏ်သရေရှိ ဧည့်သည်တော် နွားသိုးကြီးပေါင်ပေါင်ကို အဆိုပြုလိုပါတယ်" ဟု ပြောလိုက်သည်။

ဤသည်မှာ လီလော့နှင့်အတူ နဂါးစွယ်ကလန်သို့ ရောက်ရှိလာစဉ်က ရရှိထားခဲ့သည့် ပေါင်ပေါင်၏ အမည်နာမတစ်ခု ဖြစ်သည်။ အာဏာပိုင်ဆိုင်မှု နည်းပါးသော်လည်း ၎င်းမှာ သူသည်လည်း နဂါးစွယ်ကလန်၏ အစိတ်အပိုင်းတစ်ခု ဖြစ်ကြောင်းကို ပြသနေသည်။

​လီလော့၏ အဆိုပြုချက်ကို ကြားလိုက်ရချိန်တွင် ကျုံးယွီရှိက လှောင်ပြုံး ပြုံးလိုက်သည်။ ဤသည်မှာ သူ မျှော်လင့်ထားခဲ့သည့် အရာလည်း ဖြစ်သည်။

​လီလော့ နဂါးစွယ်ကလန်သို့ ရောက်ရှိလာသည်မှာ (၆) လခန့်သာ ရှိသေးသည်။ထို့ကြောင့် ကလန်အတွင်း တာဝန်ကျနေသော မြို့စားများနှင့် ရင်းနှီးမှုရရှိရန် မဖြစ်နိုင်ပေ။

​"တံခွန်ဦးစီး လီလော့၊ နွားသိုးကြီးပေါင်ပေါင် ရောက်လာတာ (၆) လတောင် မပြည့်သေးဘူး…ပြီးတော့ အစိမ်းရောင်နယ်သာခန်းမအတွက် ဘာမှ ပံ့ပိုးပေးထားတာ မရှိသေးဘူး… သူက အရည်အချင်းပြည့်မီတဲ့ ကိုယ်စားလှယ်လောင်း ဖြစ်တယ်ဆိုတာကို တခြားသူတွေ ယုံကြည်အောင် ပြောဖို့ ခက်ခဲပါလိမ့်မယ်"

​"ကျွန်တော်တို့ အစိမ်းရောင်နယ်သာခန်းမရဲ့ နယ်နိမိတ်အတွင်းမှာ ကျွန်တော်တို့ရဲ့ တိုးတက်မှုအတွက် ကြိုးစားပံ့ပိုးပေးနေတဲ့ မြို့စားတွေ အများကြီး ရှိပါတယ်…အကယ်၍ သူတို့သာ အပြင်လူတစ်ယောက်က ခန်းမသခင်ရာထူးကို ဒီလောက်လွယ်လွယ်နဲ့ ရသွားတာကို သိသွားရင် မကျေမနပ် ဖြစ်မှုတွေ ဖြစ်လာပါလိမ့်မယ်…တံခွန်ဦးစီး လီလော့..မင်း တကယ်ပဲ နွားသိုးကြီးပေါင်ပေါင်ကို အဆိုပြုချင်တယ်ဆိုရင် နောက်ထပ် နှစ်အနည်းငယ်လောက် စောင့်ဆိုင်းပြီးမှ လုပ်ရင် မကောင်းဘူးလား…သူ ကလန်အတွက် ပိုမိုပံ့ပိုးပေးပြီးတဲ့နောက်ပိုင်းဆိုရင် တခြားသူတွေကို ယုံကြည်အောင် ပြောဖို့ ပိုလွယ်သွားပါလိမ့်မယ်" ဟု ကျုံးယူရှိက စဉ်းစားဆင်ခြင်ဟန်ဖြင့် ထပ်မံ ပြောဆိုလိုက်သည်။

​ဆွေးနွေးပွဲခန်းမအတွင်းရှိ အခြားအကြီးအကဲများကတော့ တစ်စုံတစ်ရာ မပြောဆိုကြပေ။ စည်းကမ်းချက်များအရ နွားသိုးကြီးပေါင်ပေါင်သည် ပါဝင်ရန် မသင့်လျော်သည်မှာ အမှန်ပင် ဖြစ်သည်။

​လီရုန်ယွင့်လည်း ထိုဆွေးနွေးမှုကို ကြည့်ရင်း စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ ဆန့်ကျင်မှုများစွာ ရှိလာမည်ကို သူမ သိသည်။ လီလော့ကသာ ထူးခြားသော နောက်ခံရှိပြီး ကလန်ခေါင်းဆောင်၏ မြေးဖြစ်သောကြောင့် ဤအကြောင်းအရာကို တင်ပြရဲခြင်း ဖြစ်သည်။ အခြားအကြီးအကဲများမှာလည်း နောက်ဆုံးတွင် သူ့အတွက် အတန်အသင့် လမ်းပေးရလိမ့်မည်။ အကယ်၍ သူမကိုယ်တိုင်ကသာ ဤကိစ္စကို တင်ပြခဲ့ပါက ဆူပူအပြစ်ပေးခြင်းကို ခံရမည်မှာ သေချာသည်။

​သို့သော်လည်း လီလော့က အမူအရာ လုံးဝ ပြောင်းလဲသွားခြင်း မရှိပေ။

"ဒုတိယခန်းမသခင်၊ အဲဒါက အပြည့်အဝ မှန်ကန်တာတော့ မဟုတ်ပါဘူး…နွားသိုးကြီးပေါင်ပေါင် နဂါးစွယ်ကလန်ကို ရောက်လာတာ မကြာသေးပေမဲ့ အစိမ်းရောင်နယ်သာခန်းမအပေါ် ပံ့ပိုးပေးမှုတွေက တခြားသူတွေထက် ပိုမိုများပြားနေပါလိမ့်မယ်"

​လီလော့၏ စကားကို ကြားလိုက်ရချိန်တွင် ကျုံးယွီရှိ မျက်မှောင်ကြုတ်သွားသည်။

"ဘာကို ဆိုလိုတာလဲ? ဘာပံ့ပိုးမှုတွေလဲ"

"နွားသိုးကြီးပေါင်ပေါင်က အစိမ်းရောင်နယ်သာခန်းမ၏ ခန်းမသခင်ကြီးကို မူလကောင်းကင် နတ်ဘုရားကုန်းမြေကနေ အပြင်ဘက် နတ်ဘုရားကုန်းမြေဆီသို့ ခေါ်ဆောင်လာစဉ်မှာ ကာကွယ်ပေးခဲ့တယ်….အဲဒီခရီးစဉ်မှာ သူ အကြီးအကျယ် ဒဏ်ရာရရှိခဲ့ပြီး သူ့ရဲ့ မြို့စားရဲတိုက်တွေတောင် ပျက်စီးသွားခဲ့တယ်… ဒါကြောင့်လည်း သူ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်းမှာ ကျင့်ကြံမှု နောက်ကျကျန်ခဲ့ရတာပါ… ဒီလို လုပ်ရပ်မျိုးကို လုံလောက်တဲ့ ပံ့ပိုးမှုလို့ မသတ်မှတ်နိုင်ဘူးလား"

​ထိုစကားကို ကြားသောအခါ အကြီးအကဲများက တစ်ဦးနှင့်တစ်ဦး ကြည့်လိုက်ကြသည်။

​ကျုံးယွီရှိ ခဏမျှ အံ့အားသင့်သွားပြီး သူ၏ မျက်နှာထားမည်း မှောင်သွားခဲ့သည်။ လီလော့က တကယ်ကို ပရိယာယ်ကြွယ်ဝလှသည်။ လီတိုင်ရွှမ်နှင့် တန်တိုင်လန်တို့က ကောင်းကင်ဧကရာဇ် လီသွေးမျိုးဆက်ကို စော်ကားခဲ့ကြသည်။ သို့သော်လည်း ကောင်းကင်ဧကရာဇ် လီသွေးမျိုးဆက်က ကူညီပေးခဲ့ခြင်း မရှိပေ။ အခြားနည်းဖြင့် ပြောရလျှင် နွားသိုးကြီးပေါင်ပေါင်မှာ ခန်းမသခင်ကြီး၏ ပုဂ္ဂိုလ်ရေးကိစ္စကိုသာ ကူညီပေးခဲ့ခြင်း ဖြစ်သည်။ ၎င်းကို ကလန်အတွက် ပံ့ပိုးမှုဟု သတ်မှတ်နိုင်ပါ့မလား။

​သို့သော်လည်း... လီလော့က လီတိုင်ရွှမ်၏ အမည်ကို တိုက်ရိုက် မဖော်ပြခဲ့ပေ။ထိုအစား ခန်းမသခင်ကြီးဟုသာ ရည်ညွှန်းခဲ့သည်။

​လီတိုင်ရွှမ်မှာ ထိုစဉ်က အစိမ်းရောင်နယ်သာခန်းမ၏ ခန်းမသခင်ကြီး ဖြစ်သည်မှာ အမှန်ပင် ဖြစ်သည်။

​လီတိုင်ရွှမ်က ခန်းမသခင်ကြီး ဖြစ်ခဲ့သည့်အတွက် နွားသိုးကြီးပေါင်ပေါင်၏ ကာကွယ်ပေးမှုနှင့် လုပ်ရပ်များမှာ သဘာဝကျကျပင် အစိမ်းရောင်နယ်သာခန်းမအတွက် ကြီးမားသော ပံ့ပိုးမှုတစ်ခု ဖြစ်လာသည်။

​အကယ်၍ မဟုတ်ပါက လီတိုင်ရွှမ်မှာ အစိမ်းရောင်နယ်သာခန်းမ၏ ခန်းမသခင်ကြီး မဟုတ်ခဲ့ကြောင်း ငြင်းဆိုနေသလို ဖြစ်နေပေလိမ့်မည်။

​သို့မဟုတ်ပါက နွားသိုးကြီးပေါင်ပေါင်သည် လီတိုင်ရွှမ်ကို ကာကွယ်ပေးခဲ့သင့်သည် မဟုတ်ဟု ငြင်းဆိုရန် ဖြစ်နေမည်လော။ ၎င်းမှာ ကလန်ခေါင်းဆောင်ကို ဒေါသထွက်စေမည့် အရာတစ်ခု ဖြစ်သည်။ဤသို့သော လုပ်ရပ်မျိုးက ကျုံးယွီရှိပင်လျှင် မလုပ်ရဲသည့် အရာတစ်ခု ဖြစ်သည်။

​ထို့ကြောင့် ရုတ်တရက် စကားပြောစရာ မရှိတော့ဘဲ ဖြစ်သွားခဲ့သည်။

​"လီလော့ ပြောတာ မှန်တယ်…. နွားသိုးကြီးပေါင်ပေါင်ရဲ့ လုပ်ရပ်တွေက အခြားခန်းမတွေအတွက် အကျိုးမရှိခဲ့ပေမယ့် အစိမ်းရောင်နယ်သာခန်းမအတွက်တော့ ကြီးမားတဲ့ ပံ့ပိုးမှုဖြစ်ခဲ့တယ်…ဒီအချက်နဲ့ဆိုရင် သူ အစိမ်းရောင်နယ်သာခန်းမရဲ့ ခန်းမသခင် ရွေးကောက်ပွဲမှာ ပါဝင်ဖို့ ပြဿနာမရှိဘူးလို့ ကျွန်တော် ထင်ပါတယ်" ဟု လီကျင်းပန်က ဖြည်းညင်းစွာ ပြောဆိုလိုက်သည်။

​လီချင်းဖန်ကလည်း ပြုံး၍ ထိုအဆိုပြုချက်ကို သဘောတူခဲ့သည်။

​"ခန်းမသခင်ကြီးက အစိမ်းရောင်နယ်သာခန်းမရဲ့ ခေါင်းဆောင် ဖြစ်ပါတယ်။ယ… သူက ကျွန်မတို့ ခန်းမကိုယ် ကိုယ်စားပြုပါတယ်… နွားသိုးကြီးပေါင်ပေါင်က သူ့ကို အသက်ပေးပြီး ကာကွယ်ပေးခဲ့သည့်အတွက် အစိမ်းရောင်နယ်သာခန်းမက သူ့ကျေးဇူးကို ထာဝရ အမှတ်ရနေပါလိမ့်မယ်…အကယ်၍ ကျွန်မတို့ ဒါလောက်တောင် မလုပ်နိုင်ဘူးဆိုရင် အပြင်လူတွေရှေ့မှာ အရှက်ကွဲသလိုဖြစ်မနေဘူးလား.." ဟု လီရုန်ယွင့်ကလည်း ထပ်လောင်း ပြောဆိုလိုက်သည်။

​ထိုစကားများကို ကြားရသောအခါ အကြီးအကဲများက လီကျင်းဇယ်ဘက်သို့ လှည့်ကြည့်လိုက်ကြပြီး တစ်စုံတစ်ရာ သဘောတူညီချက် ရရှိသွားခဲ့ကြသည်။

​ဤကိစ္စမှာ သူတို့၏ ခန်းမများနှင့် မသက်ဆိုင်သဖြင့် အငြင်းပွားရန် မလိုအပ်ပေ။

​ကျုံးယွီရှိ စိတ်ထဲမှာ အနည်းငယ် စနိုးစနောင့်ဖြစ်သွားခဲ့သည်။ လီလော့က စကားလုံးအနည်းငယ်ဖြင့် စည်းကမ်းချက်များကို ကျော်ဖြတ်သွားနိုင်လိမ့်မည်ဟု မည်သူ ထင်ထားမည်နည်း။

​"ဟဲဟဲ… ဒါဆိုရင် အစိမ်းရောင်နယ်သာခန်းမအပေါ် နွားသိုးကြီးပေါင်ပေါင်ရဲ့ ပံ့ပိုးမှု လုံလောက်သွားပါပြီ" ဟု ရွှေအလင်းခန်းမ၏ ခန်းမသခင်ကြီး ကျောက်ရွှမ်းမင်က ပြောလိုက်သည်။

သူသည် လီကျင်းဇယ်ကို လေးစားကြောင်း ပြသရန် လက်နှစ်ဖက်ကို ပူးကပ်လိုက်ပြီး….

"ကျွန်တော် ထင်တာကတော့ ဒီတခေါက်ရွေးချယ်ပွဲမှာ ကိုယ်စားလှယ်လောင်း (၃) ဦး ပါဝင်လိမ့်မယ်..ဒါ့ကြောင့် စည်းကမ်းချက်အတိုင်း သူတို့ (၃) ဦး တိုက်ခိုက်ပြီး အနိုင်ရတဲ့သူက နောက်ဆုံးမှာ ရပ်တည်နိုင်မယ့်သူ ဖြစ်လာလိမ့်မယ်လို့ ထင်ပါတယ်" ဟု ဆက်လက် ပြောဆိုလိုက်သည်။

​ကျုံးယွီရှိက ထိုစကားကို ကြားလိုက်ရချိန်တွင် သက်ပြင်းချလိုက်နိုင်သည်။ မှန်ပေသည်။ နွားသိုးကြီးပေါင်ပေါင်၏ ပံ့ပိုးမှုမှာ လုံလောက်သည်ဆိုသော်လည်း သူ့ထံတွင် ခန်းမသခင် ဖြစ်လာရန် လိုအပ်သည့် စွမ်းအားမှာ ရှိမနေပေ။

​နွားသိုးကြီးပေါင်ပေါင်မှာ ယခင်က ရက်စက်သော ပုဂ္ဂိုလ်ဖြစ်ကောင်း ဖြစ်နိုင်သော်လည်း မြို့စားရဲတိုက်များ ပျက်စီးသွားခဲ့ပြီဖြစ်သည်။ အခြေခံအုတ်မြစ်များ ပျက်စီးသွားသဖြင့် စွမ်းအားများမှာ ဒုတိယအဆင့် မြို့စားအဆင့်သာ ရှိနိုင်တော့သည်။ ၎င်းမှာ ကျုံးယွီရှိ အဆိုပြုထားသည့် အခြားကိုယ်စားလှယ်လောင်း (၂) ဦးနှင့် ယှဉ်လျှင် အားနည်းလွန်းနေသည်။

​"ဘယ်လိုပဲဖြစ်ဖြစ် ခန်းမသခင်ရွေးကောက်ပွဲမှာ စွမ်းအားက အရေးကြီးဆုံးပဲ… သူ ဒီအဆင့်ကို မကျော်ဖြတ်နိုင်ရင် သူ့ရဲ့ လုပ်ရပ်ဟောင်းတွေက ဘာမှ အရေးမပါတော့ဘူး" ဟု ကျုံးယူရှိက ဖြည်းညင်းစွာ မှတ်ချက်ချလိုက်သည်။

ထိုစကားများကို လီလော့က ဘာမျှ ပြန်လည်မတုံ့ပြန်ခဲ့ပေ။ သူက အလေးအနက် ခေါင်းညိတ်၍…

"ဟုတ်ပါတယ်… စွမ်းအားကသာ အရေးကြီးဆုံးအချက်ပါ… အနိုင်ရတဲ့သူသာ ခန်းမသခင် ဖြစ်ထိုက်ပါတယ်" ဟု ပြောလိုက်သည်။

​ထိုအခါ ကျုံးယွီရှိက သူ့ကို သံသယအပြည့်ဖြင့် ကြည့်လိုက်သည်။ လီလော့ဘက်က ဤမျှ လွယ်လွယ်ကူကူ သဘောတူလိုက်ခြင်းမှာ ထူးဆန်းလှသည်။

​မည်သို့ပင်ဖြစ်စေ ကျောက်ရွှမ်းမင်က….

"ဒါဆို ကိုယ်စားလှယ်လောင်း (၃) ဦးစလုံး တိုက်ပွဲအတွက် ပြင်ဆင်နိုင်ပါပြီ" ဟု ပြောလိုက်သည်။

​သူ စကားပြောပြီးသည်နှင့် အံ့အားသင့်ဖွယ် စွမ်းအင်လှိုင်းတစ်ခု ဆွေးနွေးပွဲခန်းမတစ်ခုလုံးကို ဖြတ်သန်းသွားခဲ့သည်။ လူတိုင်း ပြင်ပမှ ကြောက်စရာကောင်းသော လှုပ်ခတ်မှုများကို ခံစားလိုက်ရသည်။

​"ဘယ်သူလဲ!"

သူတို့ အံ့အားသင့်သွားပြီး ခန်းမအပြင်ဘက်သို့ ကြည့်လိုက်ကြသည်။

နဂါးစွယ်တောင်တန်းတွင် မည်သူ ပြဿနာရှာရဲမည်နည်း….

​သို့သော်လည်း သူတို့ထဲမှ မည်သူမျှ စစ်ဆေးရန် ထွက်မသွားကြပေ။ လီကျင်းဇယ်က တုန်လှုပ်မှု မရှိဘဲ သူ့နေရာတွင် ငြိမ်သက်စွာ ထိုင်နေသည်။

​ထိုစွမ်းအင်လှိုင်းမှာ ခဏမျှသာ ကြာမြင့်ခဲ့ပြီးနောက် ပြန်လည် ဆုတ်ခွာသွားခဲ့သည်။

​အကြီးအကဲများ စဉ်းစားနေစဉ်အတွင်း လူတစ်ဦးက ယုံကြည်မှုအပြည့်ဖြင့် ဆွေးနွေးပွဲခန်းမထဲသို့ ဝင်ရောက်လာသည်။ သူ့ ပတ်ပတ်လည်တွင် ကြောက်စရာကောင်းသော သတ်ဖြတ်ခြင်းအငွေ့အသက်များ ရှိနေပြီး တောက်ပနေသော ခေါင်းတုံးပြောင်ပြောင်က အလင်းရောင်ကို ရောင်ပြန်ဟပ်နေသည်။

​ထိုသူကို မြင်လိုက်ရချိန်တွင် အကြီးအကဲများ သူ့ကို မှတ်မိသွားကြသည်။

​"နွားသိုးကြီးပေါင်ပေါင်?!"

ကျုံးယွီရှိ မျက်နှာထား လုံးဝ ပြောင်းလဲသွားခဲ့လေပြီ။

​သူသည် နွားသိုးကြီးပေါင်ပေါင်ဆီမှ ထွက်ပေါ်လာသည့် ကြောက်စရာကောင်းသော ဖိအားကြောင့် သ မိမိကိုယ်တိုင်ထက် အားနည်းခြင်း မရှိကြောင်း သိရှိလိုက်ရသည်။ ၎င်းမှာ ခုနစ်ဆင့် မြို့စား ဖြစ်သည်ဟု ဆိုလိုခြင်းလော။

​"နွားသိုးကြီးပေါင်ပေါင်က ဒဏ်ရာတွေကနေ ဘယ်အချိန်မှာ ပြန်ကောင်းလာပြီး ဒီအဆင့်ကို ရောက်သွားတာလဲ" ဟု ကျုံးယွီရှိက မေးလိုက်သည်။

​အလားတူပင် လီရုန်ယွင့်မှာလည်း အံ့ဩမှုဖြင့် မျက်လုံးများ ပြူးကျယ်၍ နွားသိုးကြီးပေါင်ပေါင်ကို ကြည့်နေသည်။

​ဆွေးနွေးပွဲခန်းမအတွင်း တီးတိုးပြောဆိုသံများ ပျံ့နှံ့သွားခဲ့လေပြီ။

​စူးစမ်းသော အကြည့်များအောက်တွင် နွားသိုးကြီးပေါင်ပေါင်က ပြုံးလိုက်သည်။ ထိုအပြုံးက ရက်စက်သော ဝဝဖိုင့်ဖိုင့် မျက်နှာနှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။ သူ့ လက်ထဲတွင် အသားခုတ်ဓားကို ကိုင်ထားရင်း ….

"ကျုပ် အပြင်မှာ အစိမ်းရောင်နယ်သာခန်းမ ခန်းမသခင်ရွေးချယ်ပွဲအတွက် လာတဲ့ လူနှစ်ယောက်နဲ့ တွေ့တယ်… ကျုပ်တို့ ကောင်းကောင်း ဆွေးနွေးခဲ့ကြပြီး သူတို့က လက်လျှော့လိုက်ဖို့ ဆုံးဖြတ်လိုက်ကြတယ်" ဟု ကြေညာလိုက်သည်။

​ထိုစကားကို ကြားပြီးနောက် လူတိုင်း တိတ်ဆိတ်သွားကြသည်။

​ယခုအခါ ကျုံးယွီရှိ အဆိုပြုထားသည့် ကိုယ်စားလှယ်လောင်း (၂) ဦးက နွားသိုးကြီးပေါင်ပေါင်အား ရှုံးနိမ့်ကြောင်း ဝန်ခံလိုက်ပြီ ဖြစ်သည်။

​သို့သော်လည်း အံ့ဩစရာ အကောင်းဆုံးမှာ နွားသိုးကြီးပေါင်ပေါင်၏ မြို့စားရဲတိုက်များ မည်သို့ ပြန်လည်ကောင်းမွန်လာခဲ့သနည်း။

​အချို့သော အကြီးအကဲများက လီကျင်းဇယ်ကို ကြည့်လိုက်ကြသည်။

​ထိုအခါ လီကျင်းဇယ်က နွားသိုးကြီးပေါင်ပေါင်ကို ခန်းမသခင်ရာထူးအတွက် ကြိုတင် ပြင်ဆင်ပေးထားခဲ့ကြောင်း သိရှိလိုက်ရသည်။

​လီရုန်ယွင့်၏စိတ်ထဲတွင်လည်း အံ့ဩမှုများဖြင့် ပြည့်နှက်နေသည်။ နွားသိုးကြီးပေါင်ပေါင်၏ စွမ်းအား ပြန်လည်ရရှိလာခြင်းမှာ သူမအတွက် အလွန်ကောင်းမွန်သော သတင်း ဖြစ်သည်။

​အမှန်တကယ်တော့ ကျုံးယွီရှိမှာ ဤရုတ်တရက် ဖြစ်ပျက်မှုကြောင့် အံ့အားသင့်သွားခဲ့သည်။ သူသည် တစ်စုံတစ်ရာ မပြောဆိုနိုင်တော့ဘဲ ထိုင်ခုံတွင် ပြန်ထိုင်လိုက်သည်။

​"ဒါဆိုရင် နွားသိုးကြီးပေါင်ပေါင်က အစိမ်းရောင်နယ်သာခန်းမရဲ့ ခန်းမသခင် ဖြစ်လာခြင်းအပေါ် ကန့်ကွက်သူများ ရှိသလား" ဟု လီကျင်းဇယ်က ဖြည်းညင်းစွာ မေးလိုက်သည်။

​မည်သူမျှ ကန့်ကွက်ခြင်း မရှိကြပေ။

​"ဒါဆိုရင် ကိစ္စပြီးဆုံးပါပြီ" ဟု လီကျင်းဇယ်က ပြတ်သားစွာ ဆုံးဖြတ်လိုက်သည်။

​အကြီးအကဲများမှာလည်း သဘောတူကြောင်း ခေါင်းညိတ်လိုက်ကြသည်။ နောက်ဆုံးတွင် လီကျင်းဇယ်က ကျုံးယွီရှိဘက်သို့ တစ်ချက် လှည့်ကြည့်လိုက်သည်။

ထိုအကြည့်က အစိမ်းရောင်နယ်သာခန်းမသည် လီလော့၏ ဖခင် လီတိုင်ရွှမ်ပိုင်ဆိုင်သော နေရာဖြစ်ကြောင်းကို အားလုံးကို အချက်ပေးလိုက်ခြင်း ဖြစ်သည်။

​အကယ်၍ လီတိုင်ရွှမ် ပြန်လာခြင်း မရှိတော့လျှင်ပင် လီလော့ကသာ ကြီးပြင်းလာပြီးနောက် ခန်းမသခင်ကြီးအဖြစ် ဆက်ခံမည့်သူ ဖြစ်လိမ့်မည်။

​ကျုံးယွီရှိမှာ ဤရာထူးကို လိုချင်သော်လည်း ကြိုးစားမှုများအားလုံး အလဟဿ ဖြစ်ခဲ့ရသည်။

​သူ ဘာမျှ ထပ်မံ မလုပ်ဆောင်နိုင်တော့ပေ။ လီလော့မှာ နဂါးစွယ်ကလန်အတွင်း၌ ဆက်သွယ်မှုများ မရှိသေးသော်လည်း ကလန်ခေါင်းဆောင် ချစ်ခင်ရသော မြေးတစ်ဦး ဖြစ်နေဆဲပင်။

​ဤလုပ်ဆောင်ချက်အားလုံးမှာ ပြင်ပကုန်းမြေတွင် သူ ဖြတ်သန်းခဲ့ရသည့် ခက်ခဲသော ငယ်ဘဝအတွက် လျော်ကြေးပေးခြင်း ဖြစ်သည်။

​လီကျင်းဇယ် နဂါးစွယ်ကလန်အတွင်း ရှိနေသရွေ့ ကောင်းကင်ဧကရာဇ် လီသွေးမျိုးဆက်အတွင်းမှ မည်သူမျှ လီလော့ကို ထိခိုက်စေနိုင်မည် မဟုတ်ပေ။

All Chapters