← Chapters

ကုန်းမြေတစ်ခွင်မှ ပါရမီရှင်များ

Vol. 67 Ch. 930

ကုန်းမြေတစ်ခွင်မှ ပါရမီရှင်များ

Vol. 67 Ch. 930

​

နွားသိုးကြီးပေါင်ပေါင် အစိမ်းရောင်နယ်သာခန်းမ၏ ခန်းမသခင် ဖြစ်လာခဲ့သည့် သတင်းမှာ နယ်မြေတစ်ခွင်သို့ လျင်မြန်စွာ ပျံ့နှံ့သွားခဲ့ပြီး နဂါးစွယ်ကလန်အတွင်း၌ ဆွေးနွေးမှုများစွာ ဖြစ်ပေါ်စေခဲ့သည်။ အမှန်တကယ်တော့ ခန်းမသခင် ရာထူးမှာ ကလန်အတွင်း၌ အမြင့်ဆုံးဖြစ်သည့် ရာထူးများထဲမှ တစ်ခုဖြစ်ပြီး အငြင်းပွားဖွယ်မရှိသော ကြီးမားသည့် အာဏာကို ပိုင်ဆိုင်ထားသည်။

​ထို့အပြင် လီလော့ကသာ အဆိုပြုခဲ့ခြင်း ဖြစ်သော်လည်း ကလန်ခေါင်းဆောင်ကိုယ်တိုင် ခွင့်ပြုပေးခဲ့ကြောင်းကိုလည်း လူတိုင်း သတိပြုမိကြသည်။ တိတိကျကျ ပြောရလျှင် နွားသိုးကြီးပေါင်ပေါင်၏ အရည်အချင်းမှာ အခြားသူများနှင့် ယှဉ်လျှင် အနည်းငယ် လိုအပ်ချက် ရှိနေသေးသည်။

​ကံကောင်းစွာပင် သူသည် အဆင့်ခုနစ် မြို့စားတစ်ဦး ဖြစ်သည်။

​နဂါးစွယ်ကလန်အတွင်း ခန်းမသခင် တစ်ဦး ဖြစ်လာရန်အတွက် အနည်းဆုံးလိုအပ်ချက်မှာ ပဉ္စမအဆင့် မြို့စား ဖြစ်ရမည်။ အဆင့်ခုနစ် မြို့စားတစ်ဦးအနေဖြင့် နွားသိုးကြီးပေါင်ပေါင် မည်သည့်ခန်းမ၌ အဆုံးသတ်သည်ဖြစ်စေ မည်သူမျှ ကန့်ကွက်မည်မဟုတ်ပေ။

​တိုက်ဆိုင်စွာပင် ဤသည်မှာ အစိမ်းရောင်နယ်သာခန်းမအတွက် အထူးသင့်လျော်သော အချိန်အခါ ဖြစ်နေသည်။ သူတို့၏ ခန်းမသခင်ကြီးမှာ အချိန်အတော်ကြာ ပျောက်ဆုံးနေခဲ့ပြီး ဒုတိယခန်းမသခင် ကျုံးယွီရှိကသာ ယာယီခေါင်းဆောင်အဖြစ် တာဝန်ယူထားခဲ့သည်။ သူသည် ဆဋ္ဌမအဆင့် မြို့စားသို့တိုင်အောင် မရောက်ရှိသေးသော မြို့စားမျှသာ ဖြစ်သည်။ ထို့ကြောင့် အဆင့်ခုနစ် မြို့စားစွမ်းအားရှိသည့် နွားသိုးကြီးပေါင်ပေါင် ရောက်ရှိလာခြင်းမှာ ကျုံးယွီရှိ၏ ဩဇာအာဏာအတွက် ကြီးမားသော ထိုးနှက်ချက်တစ်ခု ဖြစ်နေခဲ့သည်။

​ယခုအချိန်မှစ၍ ကျုံးယွီရှိတယောက် စိတ်ကြိုက် လုပ်ဆောင်နိုင်တော့မည် မဟုတ်ပေ။

​...

​နွားသိုးကြီးပေါင်ပေါင် ခန်းမသခင် ဖြစ်လာပြီးနောက် လီလော့၏ ခန်းမအတွင်း နေ့ရက်များမှာ ပိုမို ငြိမ်းချမ်းသွားခဲ့သည်။ ပဲ့တင်ထပ်သံ လှိုဏ်ဂူ ဖွင့်လှစ်ရန် တစ်လသာ လိုတော့သဖြင့် တိုးတက်စေရန်အတွက် မိနစ်တိုင်းကို တန်ဖိုးရှိစွာ အသုံးချရမည် ဖြစ်သည်။

​ရလဒ်အနေဖြင့် ကြိုးပမ်းအားထုတ်မှုများကို နတ်ဆိုးလှိုဏ်ဂူအတွင်း၌ အဓိကထား အသုံးပြုခဲ့သည်။

​ယခုတွင် သူသည် တံခွန်နှစ်ဆယ်၏ နဂါးခေါင်းဆောင် ဖြစ်လာပြီဖြစ်ရာ အစိမ်းရောင်နယ်သာတံခွန်၏ အဆင့်က နိမ့်ပါးနေသည်ဟု ခံစားရသည်။ထို့ကြောင့် ထိုတံခွန်၏ အဆင့်ကို မြှင့်တင်ရန် စီစဉ်ခဲ့သည်။

လီလော့၏ တိုးတက်မှုမှာ ထူးခြားလှသည်။

​နဂါးပျံတက်ခြင်းပွဲမှစ၍ စွမ်းအားများ များစွာ တိုးတက်လာခဲ့သည့်အပြင် အစိမ်းရောင်နယ်သာတံခွန်၏ အဖွဲ့ဝင်များသည်လည်း ဆုလာဘ်အဖြစ် ကြီးမားလှသော အရင်းအမြစ်များကို ရရှိခဲ့ကြရာ ဤကာလအတွင်း အစိမ်းရောင်နယ်သာတံခွန်၏ စွမ်းအားမှာ အရှိန်အဟုန်ဖြင့် မြင့်တက်လာခဲ့သည်။

​ထိုကဲ့သို့ အံ့ဩဖွယ် တိုးတက်မှုများကြောင့် အစိမ်းရောင်နယ်သာတံခွန်၏ တိုးတက်မှုကို မည်သူမျှ တားဆီးနိုင်တော့မည် မဟုတ်ပေ။

​(၁၀) ရက်အတွင်းမှာပင် အစိမ်းရောင်နယ်သာတံခွန်သည် အဆင့် (၂) မြင့်မြတ်သောအကြေးခွံတံခွန်ကို ကျော်တက်သွားခဲ့ပြီး အဆင့် (၁) ရွှေသွေးတံခွန်ကို ပစ်မှတ်ထားလာခဲ့သည်။ လီချင်းဖန်သည်လည်း အစိမ်းရောင်နယ်သာတံခွန်၏ တုန်လှုပ်ဖွယ် တိုးတက်မှုကို ခံစားမိနေသည်။ သူတို့ကို ကျော်တက်သွားမည်ကို စိုးရိမ်သဖြင့် နတ်ဆိုးလှိုဏ်ဂူအတွင်း၌ အလွှာများစွာကို အတင်းအကျပ် တိုးဝင်ရန် ကြိုးစားခဲ့သည်။ သို့သော်လည်း နောက်ဆုံးတွင် အချည်းနှီးသာ ဖြစ်ခဲ့ရသည်။

နေ့ရက်များ ကုန်ဆုံးသွားသည်နှင့်အမျှ အစိမ်းရောင်နယ်သာတံခွန်သည် လူအများ၏ အကြည့်အောက်၌ ရွှေသွေးတံခွန်နှင့် တန်းတူနေရာသို့ တည်ငြိမ်စွာပင် ရောက်ရှိလာခဲ့သည်။

​လက်ရှိတွင် တံခွန်နှစ်ခုစလုံးမှာ ပထမနေရာအတွက် သရေကျနေကြသည်။

​ထိုကာလအတွင်း လီလော့၏ စွမ်းအားမှာလည်း အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ပြီး ရှီးဂန်းစွမ်းအားများမှာ ပေ (၄၀၀) မှ ပေ (၆၅၀) အထိ တိုးတက်လာခဲ့ပြီး တကယ့်ကို ရူးသွပ်ဖွယ်ကောင်းသော တိုးတက်မှုနှုန်းပင် ဖြစ်သည်။

​ဤနှစ်ပတ်အတွင်း၌ ပဲ့တင်ထပ်သံ လှိုဏ်ဂူနှင့် ပတ်သက်သည့် သတင်းများ နဂါးစွယ်ကလန်အတွင်း ပျံ့နှံ့လာခဲ့သည်။ အမှန်တကယ်တော့ ၎င်းမှာ နဂါးစွယ်ကလန်အတွက်သာ မဟုတ်ဘဲ မူလကောင်းကင် နတ်ဘုရားကုန်းမြေတစ်ခုလုံးတွင် ပျံ့နှံ့သွားခဲ့သည်။

​ဤတစ်ကြိမ်တွင် အာရုံစိုက်မှုများမှာ ကောင်းကင်ပဲ့တင်ထပ်သံအဆင့်နှင့် ထိုအဆင့်အောက်ရှိသူများအပေါ်၌သာ အဓိကထားသော်လည်း ကုန်းမြေအတွင်းရှိ အင်အားစုအသီးသီးက ဤပွဲကို အနီးကပ် စောင့်ကြည့်နေကြသည်။ သူတို့မှာ မည်သည့်လူငယ် ပါရမီရှင်များက ဤပွဲအတွင်း၌ ထူးခြားသော စွမ်းဆောင်ရည်ကို ပြသကြမည်ကို စိတ်ဝင်တစား စောင့်ကြည့်နေကြသည်။

​၎င်းမှာ မူလကောင်းကင် နတ်ဘုရားကုန်းမြေရှိ မျိုးဆက်သစ်လူငယ်များအတွက် ကြီးမားလှသော ပွဲတော်တစ်ခု ဖြစ်သည်။

​ထို့ကြောင့် ကုန်းမြေတစ်ခွင်မှ ပါရမီရှင်များက မိမိတို့၏ နာမည် ထင်ရှားစေရန်အတွက် ကိုယ်ပိုင်စွမ်းအားများကို ထုတ်ပြကြလိမ့်မည်။

​ယခင်က ပဲ့တင်ထပ်သံ လှိုဏ်ဂူအတွင်း၌ လူအများကြားမှ ထင်ရှားလာသူများသည် ရွှေနဂါးဘဏ်၏ ကောင်းကင်ဧကရာဇ် မှတ်တမ်းထဲသို့ ဝင်ရောက်နိုင်ခဲ့ကြသည်။ ၎င်းက သူတို့ကို မျိုးဆက်တစ်ခုလုံး၏ အာရုံစိုက်ရာ ဖြစ်လာစေပြီး လူတိုင်း၏ လေးစားမှုကို ရရှိစေသည်။

​ဤအချက်တစ်ခုတည်းနှင့်ပင် လူငယ်များ၏ သွေးကို ပွက်ပွက်ဆူစေရန် လုံလောက်နေသည်။

​ထို့အပြင် အင်အားစုအသီးသီးကလည်း ဤပွဲကို အင်အားစုများကြားက တိုက်ပွဲတစ်ခုအဖြစ် သတ်မှတ်ထားကြသည်။ မျိုးဆက်သစ်လူငယ်များ၏ တိုက်ခိုက်မှုမှာ သူတို့၏ အင်အားအခြေခံကို ပြသသည့် နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ ဤသည်မှာ ကိုယ်ပိုင်ဂုဏ်သတင်းတည်ဆောက်ရန်နှင့် အခြားသူများကို ဖိနှိပ်ရန်အတွက် နောက်ထပ်နည်းလမ်းတစ်ခုလည်း ဖြစ်သည်။

​ထို့ကြောင့် ပဲ့တင်ထပ်သံ လှိုဏ်ဂူမှာ မည်သည့်ရှုထောင့်မှ ကြည့်ကြည့် မူလကောင်းကင် နတ်ဘုရားကုန်းမြေအတွက် အလွန်အရေးပါသော ပွဲတစ်ခု ဖြစ်သည်။

​"ဒါတွေက ရွှေနဂါးဘဏ်က စုစည်းထားတဲ့ မူလကောင်းကင် နတ်ဘုရားကုန်းမြေမှာရှိတဲ့ လူငယ်ပါရမီရှင် စာရင်းပဲ…သူတို့က ပဲ့တင်ထပ်သံ လှိုဏ်ဂူအတွင်းမှာ မင်းရဲ့ အဓိက ပြိုင်ဘက်တွေ ဖြစ်လာလိမ့်မယ်… အချက်အလက်တွေကို ကြည့်လိုက်ပါ" ဟု လီကျင်းဇယ်က စာလိပ်တစ်ခုကို လီလော့အား ပေးလိုက်သည်။

​လီလော့သည် နဂါးစွယ်တောင်တန်း၏ နက်ရှိုင်းသော ဝါးတောအတွင်းရှိ ကလန်အကြီးအကဲထံသို့ သွားရောက်လည်ပတ်ရန် သီးသန့်အချိန်ပေးထားသဖြင့် အခုလိုရောက်နေခဲ့ခြင်းဖြစ်သည်။

​ထိုစကားကို ကြားလိုက်ရချိန်တွင် လီလော့က စာလိပ်ကိုယူ၍ စိတ်ဝင်တစား လေ့လာလိုက်သည်။ စာရင်း၏ ပထမဆုံးပုဂ္ဂိုလ်မှာ ရင်းနှီးပြီးသား ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေသည်။

​ချင်းရီ…..

သူမသည် ​ကောင်းကင်ဧကရာဇ် ချင်သွေးမျိုးဆက်၏ အသန်မာဆုံးသူအဖြစ် စာရင်း၏ ထိပ်ဆုံး၌ ရှိနေသည်။ ထို့အပြင် စာလိပ်တွင် သူမနှင့် ပတ်သက်သည့် အသေးစိတ်အချက်အလက်များစွာ ပါရှိသည်။

​ချင်းရီ… အဆင့်နိမ့် အဆင့်၉ရေပဲ့တင်ထပ်သံ…. ကောင်းကင်ပုလဲနှစ်လုံးအဆင့်…

လီလော့၏ ဆွဲချခြင်းကို ခံလိုက်ရသည့် လီချင်းဖန်နှင့် မတူဘဲ ချင်းရီမှာ ကောင်းကင်ဧကရာဇ် ချင်သွေးမျိုးဆက်အတွင်း၌ အငြင်းပွားဖွယ်မရှိသော နံပါတ် (၁)ပါရမီရှင် ဖြစ်သည်။ သူမသည် မကြာသေးခင်က လက်ရှိ မျိုးဆက်အတွင်း တိုက်ပွဲများ၌ ပြီးပြည့်စုံသော အောင်ပွဲများကို ရရှိခဲ့သည်ဟု ဆိုကြသည်။ထို့ကြောင့် သံသယဖြစ်ဖွယ် မရှိဘဲ ကောင်းကင်ဧကရာဇ် ချင်သွေးမျိုးဆက်အတွင်းရှိ ဤမျိုးဆက်၏ ပါရမီရှင်အားလုံးကြားတွင် ချစ်ခင်လေးစားရသည့် နတ်သမီး ဖြစ်နေခဲ့သည်။

​"ကောင်းကင်ပုလဲနှစ်လုံးအဆင့်…ဒါက အဆင့်၉ပဲ့တင်ထပ်သံရဲ့ အကျိုးကျေးဇူးပဲ" ဟု တွေးကာ လီလော့ သက်ပြင်းချလိုက်သည်။

လီချင်းဖန်သည် နဂါးပျံတက်ခြင်းပွဲအတွင်း၌ ကောင်းကင်ပုလဲ နှစ်လုံး၏ စွမ်းအားကို ရရှိနိုင်ခဲ့သော်လည်း နဂါးသွေးကလန်၏ လျှို့ဝှက်ပညာရပ်ကို အသုံးပြု၍ သွေးပုလဲကို ဖန်တီးခဲ့ခြင်း ဖြစ်သည်။သို့သော်လည်း လီချင်းဖုန်းက ကျင့်ကြံခြင်းဖြင့်စွမ်းအားမေား ရရှိလာသည့် ချင်းရီထက် မလွဲမသွေ အားနည်းနေပေလိမ့်မည်။

​ထို့နောက် လီလော့ စာရင်းကို ဆက်လက်ဖတ်ရှုပြန်သည်။

​ဒုတိယပုဂ္ဂိုလ်မှာ ကောင်းကင်ဧကရာဇ် ကျောက်သွေးမျိုးဆက်မှ ဖြစ်သည်။

​ကျောက်ရှင်းကျန်း… ကောင်းကင်ဧကရာဇ် ကျောက်သွေးမျိုးဆက်၏ နဂါးတပ်ခွဲ ခေါင်းဆောင်…အဆင့်နိမ့်အဆင့်၉ ခွန်အားပဲ့တင်ထပ်သံ..ကောင်းကင် ပုလဲနှစ်လုံးအဆင့်..

"ကျောက်ရှင်းကျန်း၊ အဆင့်နိမ့် အဆင့်၉ခွန်အားပဲ့တင်ထပ်သံ?"

၎င်းမှာ အလွန်ရှားပါးသော ပဲ့တင်ထပ်သံ ဖြစ်သဖြင့်​ လီလော့မျက်မှောင်ကြုံ့လိုက်မ်ိသည်။

ခွန်အားပဲ့တင်ထပ်သံဆိုသည်မှာ ထူးခြားသော ရုပ်ပိုင်းဆိုင်ရာ ခန္ဓာကိုယ်များဖြင့် မွေးဖွားလာသူများကို ရည်ညွှန်းခြင်း ဖြစ်သည်။

​"ကျောက်ရှင်းကျန်းက တကယ့်ကို ထူးခြားတယ်…ကောင်းကင်ဧကရာဇ် ကျောက်သွေးမျိုးဆက်ရဲ့ အကြီးအကဲတွေက သူ့အပေါ် အများကြီး မျှော်လင့်ထားကြတယ်" ဟု လီကျင်းဇယ်က ရယ်မော၍ မှတ်ချက်ချလိုက်သည်။

"အရင်တုန်းက မင်း ကောင်းကင်ဧကရာဇ် ကျောက်သွေးမျိုးဆက်က လူငယ်တစ်ယောက်နဲ့ တွေ့ခဲ့တယ် မဟုတ်လား.. ကျောက်ကျင်းယွီလေ"

​ထိုစကားကို ကြားသောအခါ လီလော့သည် အနောက်ပိုင်းဒေသ၏ အမှောင်နယ်မြေတွင် တွေ့ခဲ့ရသည့် ကံဆိုးသူလေးကို ပြန်သတိရသွားသည်။

"လူကောင်းလေးပါ… သူသာ မရှိရင် အဲဒီအချိန်က အမှောင်နယ်မြေမှာ ကျွန်တော် အခြေအနေဆိုးသွားနိုင်ပါတယ်"

​အမှန်တကယ်တော့ ကျောက်ကျင်းယွီက သူ့ကို နဂါးစွယ် (၅) ခု အခမဲ့ ပေးခဲ့ရုံသာမက စစ်မှန်သော နတ်ဆိုးတစ်ကောင်၏ တိုက်ခိုက်မှုကို ခုခံရန်လည်း ကူညီပေးခဲ့သည်။ ထို့ကြောင့် ကျေးဇူးကြီးမားလှသူဟု ခေါ်ဆိုရန် ထိုက်တန်သည်။

​"ကျောက်ရှင်းကျန်းက ကျောက်ကျင်းယွီနဲ့ အရမ်း ရင်းနှီးတယ်… ဒါကြောင့် သူက ပဲ့တင်ထပ်သံ လှိုဏ်ဂူထဲမှာ မင်းနဲ့ မတွေ့ဖို့ မျှော်လင့်တဲ့အကြောင်း ကြေညာထားပြီးသား… အကယ်၍ တွေ့ခဲ့ရင် မင်းကို သေအောင် ရိုက်မယ်တဲ့"

​"မစခင်ကတည်းက ကျွန်တော့်ကို ပစ်မှတ်ထားနေတာလား"

​"ကောင်းကင်ဧကရာဇ် လီသွေးမျိုးဆက်က ကောင်းကင်ဧကရာဇ် ကျောက်သွေးမျိုးဆက်နဲ့ အမြဲတမ်း ဆက်ဆံရေး တင်းမာနေခဲ့တာလေ…. နှစ်ပေါင်းများစွာအတွင်းမှာ အကြိမ်ကြိမ် တိုက်ခိုက်ခဲ့ကြပြီး နှစ်ဖက်စလုံးက မြို့စားများစွာ ကျဆုံးခဲ့တယ်… အကယ်၍ မင်း သူတို့ကို ပဲ့တင်ထပ်သံ လှိုဏ်ဂူထဲမှာ တကယ် တွေ့ခဲ့ရင် မညှာမတာနဲ့… ရှင်းပစ်လိုက်ပါ"

လီကျင်းဇယ်က တည်ငြိမ်စွာ ပြောလိုက်တော့ လီလော့ ခေါင်းညိတ်၍ စာလိပ်ကို ဆက်ဖတ်လိုက်သည်။

​သူ့အမည်မှာလည်း စာရင်းထဲတွင် ပါဝင်နေသည်။

​ကောင်းကင်ဧကရာဇ် လီသွေးမျိုးဆက်မှ အစိမ်းရောင်နယ်သာတံခွန်ဦးစီး လီလော့… ပဲ့တင်ထပ်သံ (၃) မျိုး… နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့်…. နဂါးပျံတက်ခြင်းပွဲ၌ လီချင်းဖန်နှင့် လီတိုင်ရွှမ်၏ စွမ်းအင်ပုံရိပ်တို့ကို အောင်မြင်စွာ အနိုင်ယူခဲ့သည်။

​နှောင်းပိုင်းနတ်ဆိုးခန္ဓာအဆင့်က ကောင်းကင်ပုလဲနှစ်လုံးအဆင့်နှင့် အတော်လေး ကွာခြားနေသော်လည်း လီလော့၏ တိုက်ပွဲမှတ်တမ်းများက အံ့ဩစရာ ဖြစ်နေသည်။

​ "ရွှေနဂါးဘဏ်က တကယ်ကို အကုန်သိပုံပဲ"

​သူ ရွှေနဂါးဘဏ်အကြောင်း ပြောလိုက်ချိန်၌ လုချင်းအာအကြောင်း စိတ်ထဲတွင် ပေါ်လာသည်။ သူမ ဘယ်လိုနေမလဲဆိုသည့် အတွေး သူ့စိတ်ထဲ ရောက်လာခြင်းပင်ါ

"ရွှေနဂါးဘဏ်ရဲ့ အခြေခံအုတ်မြစ်က မင်း စိတ်ကူးထားတာထက် အများကြီး ပိုသာလွန်တယ်… တကယ်လို့ နှိုင်းယှဉ်ကြည့်ချင်ရင်တော့ သမိုင်းအရှည်ဆုံးဖြစ်တဲ့ ကောင်းကင်ဧကရာဇ် ချင်သွေးမျိုးဆက်တောင် သူတို့နဲ့ မယှဉ်နိုင်ဘူး… သူတို့က ငြိမ်းချမ်းရေးကသာ စည်းစိမ်တိုးပွားစေတယ်လို့ ယုံကြည်ထားတာကြောင့် အင်အားစုအသီးသီးကလည်း သူတို့မျက်နှာကို ထောက်ထားပေးကြတာ" ဟု လီကျင်းဇယ်က ရှင်းပြလိုက်သည်။

​ထိုစကားကို ကြားသောအခါ လီလော့ ခေါင်းညိတ်လိုက်မိသည်။

​စာရင်းကို ဆက်ဖတ်သွားတော့ သူ့နာမည်အောက်တွင် ကောင်းကင်ဧကရာဇ် ကျူးသွေးမျိုးဆက်မှ ပါရမီရှင်တစ်ဦးကို တွေ့လိုက်ရသည်။

​ကျူးတာ့ယွီ…အဆင့်ကိုးတပိုင်းပဲ့တင်ထပ်သံ…. မောဟပဲ့တင်ထပ်သံ..ကောင်းကင် ပုလဲတစ်လုံးအဆင့်…

ဤလူမှာ လီချင်းဖန်နှင့် တူညီသော အဆင့်ရှိသူ ဖြစ်ပုံရသည်။ လီလော့ စာရင်းကို ဆက်ဖတ်ရင်း အခြားအမည်များစွာကို ကျော်ဖြတ်ပြီးနောက် နောက်ထပ် အမည်တစ်ခုက သူ့အာရုံကို ဖမ်းစားသွားပြန်သည်။

​ကျန်းဝမ်ယု…မူလကောင်းကင် ရှေးဟောင်းကောလိပ်၏ ကြယ်သုံးပွင့်ခန်းမ… အဆင့်၈ မီးနှင့် လေ ပဲ့တင်ထပ်သံနှစ်မျိုး..ကောင်းကင် ပုလဲနှစ်လုံးအဆင့်…

All Chapters