← Chapters

အခန်း (၆၆၃-၆၆၄)

Vol. 36 Ch. 663-664

အခန်း (၆၆၃-၆၆၄)

Vol. 36 Ch. 663-664

အပိုင်း (၆၆၃) အမတ်များ ရောဂါကို ကြည့်ရှုခြင်း။

လူတိုင်းသည် အလျင်စလို ဝိုင်းအုံကြည့်ရှုကြပြီး သွေးထွက်သံယို ဖြစ်နေသော အသားတစ်ပိုင်းက ဗန်းထဲတွင် တိတ်ဆိတ်စွာ ရှိနေသည်ကို မြင်သောအခါ အံ့ဩတကြီး ရေရွတ်လိုက်ကြ၏။

"ဒါက အူအတက်ရောင်ရောဂါလား။ တကယ်ကြီး ဖြတ်ချလိုက်တာပဲ။"

"ကျွတ် ကျွတ် ကျွတ် ... တော်တော်လေး စိတ်ဝင်စားဖို့ ကောင်းတာပဲ။"

"အပေါ်က လူရော အသက်ရှင်သေးရဲ့လား။"

လူအများ၏ မေးမြန်းမှုများကို ဖန်ကျန်းရီက ပြုံးလျက် ဖြေကြားလိုက်သည်။ "အားလုံးပဲ ... လူနာက အသက်ရှင်နေပါသေးတယ်။ ခဏနေ သူ သတိရလာရင် ခင်ဗျားတို့ကို ခေါ်သွားပြီး ပြပါ့မယ်။

ဒီအချိန်ဆိုရင် အားလုံး ထမင်းမစားရသေးဘူး ထင်တယ်။ တောက်ယွမ်ဆေးခန်းက အစားအသောက်တွေက တော်တော် ကောင်းပါတယ်။ အားလုံး အရင်စားဖို့အတွက် ထမင်းဟင်းတွေ ပြင်ဆင်ထားခိုင်းလိုက်ပါ့မယ်။ စားပြီးသွားရင် လူနာလည်း သတိရလာလောက်ပါပြီ။"

လူတိုင်း၏ စိတ်ထဲတွင် မေးခွန်းများ ပြည့်နှက်နေသော်လည်း လူနာကို မတွေ့ရသေးသဖြင့် ဆက်မေးရန် မသင့်တော်တော့ချေ။

ဖန်ကျန်းရီက ဤသို့ ပြောလိုက်သောအခါမှ တကယ်ပင် ဗိုက်ဆာလာကြတော့သည်။

ကျင်းဘုရင်မင်းမြတ်က ခေါင်းညိတ်၍ ခွင့်ပြုလိုက်ရာ လူအများအပြားသည် မူလနေရာတွင် ပြန်ထိုင်ကြပြီး ဟင်းများ ရောက်လာမည့် အချိန်ကို ငြိမ်သက်စွာ စောင့်ဆိုင်းနေကြ၏။

ထိုအချိန်တွင် အပြင်ဘက်မှ ဖိတ်ခေါ်မထားသော ဧည့်သည် တစ်ဦး ရောက်လာခဲ့သည်။ သူမှာ ဘိုးဘေးအဖွဲ့မှ ဟူယွီရှန်းပင် ဖြစ်သည်။

ဟူယွီရှန်းသည် အင်္ကျီလက်ကို ပင့်တင်ကာ ဆေးခန်းအတွင်းသို့ ယုံကြည်မှု အပြည့်ဖြင့် ဝင်ရောက်လာခဲ့ပြီး အခန်းတွင်းရှိ လူတိုင်းက သာမန် အဝတ်အစားများ ဝတ်ဆင်ထားသည်ကို မြင်သောအခါ များများစားစား မတွေးတော့ချေ။

ဖန်ကျန်းရီ၏ အရှေ့သို့ လျှောက်သွားကာ လက်သီးဆုပ်လျက် ပြောလိုက်သည်။ "တပ်မှူးချုပ်ဖန် ... ဒီနေ့ တောက်ယွမ်ဆေးခန်းက အူအတက်ရောင်ရောဂါကို အမြစ်ပြတ် ကုသမယ်လို့ ကြားလို့ ကျုပ် လာရောက် လေ့လာတာပါ။ ရိုင်းသွားရင် ခွင့်လွှတ်ပါ။"

ဖန်ကျန်းရီက ပြုံးလျက် ဗန်းကို မြှောက်ပြကာ ပြောလိုက်၏။ "ရောက်လာတာ အတော်ပဲ။ ကြည့်လိုက်ပါအုံး ... အူအတက်ကို ဖြတ်ချလိုက်ပြီ။"

"ဖြတ်ချလိုက်တယ် ဟုတ်လား ..."

ဟူယွီရှန်း၏ ရင်ထဲတွင် ထိတ်လန့်သွားခဲ့ပြီး အကြည့်များက ဗန်းပေါ်သို့ ကျရောက်သွားသည်။ ပြီးနောက် မေးလိုက်သည်။ "ခင်ဗျား ... ခင်ဗျားတို့က လူရဲ့ ဗိုက်ကို ခွဲထုတ်လိုက်တာလား။"

ဖန်ကျန်းရီက ပြန်ဖြေလိုက်၏။ "ဟုတ်ပါတယ်။ ဒီလိုမှ မဟုတ်ရင် လေထဲကနေ ဘယ်လိုလုပ် ပစ္စည်းကို ယူလို့ ရမှာလဲ။"

ဟူယွီရှန်းသည် ဗန်းပေါ်ရှိ အူအတက်ကို သံသယများဖြင့် အကဲခတ် ကြည့်ရှုနေဆဲပင်။ "ဒါဆို လူနာ အခြေအနေရော။"

ဖန်ကျန်းရီက မေးလိုက်သည်။ "အိပ်ပျော်နေတယ်။ မနိုးသေးဘူး။ ဘိုးဘေးအဖွဲ့ကရော ဘယ်လို ပြင်ဆင်ထားလဲ မသိဘူး။"

ဟူယွီရှန်း၏ မျက်နှာအိုကြီးမှာ နီရဲသွားခဲ့ပြီး ပြောလိုက်၏။ "အာ ... ဒီရောဂါက အချိန်ယူရမှာလေ။ အခု ကုသနေတုန်းပါပဲ။ ဒါပေမဲ့ အခြေအနေကတော့ တော်တော်လေး တိုးတက်လာပါပြီ။ တစ်လအတွင်းမှာ ရောဂါထဖောက်မယ့် လက္ခဏာ တစ်ခါမှ မပြသေးဘူး။ အမြစ်ပြတ် ပျောက်ကင်းဖို့ဆိုရင်တော့ အချိန်နည်းနည်း ထပ်ယူရအုံးမယ် ထင်တယ်။"

မင်းပြောတာကို သရဲကမှ ယုံလိမ့်မယ်။ ကမ္ဘာမြေပေါ်က ရှေးခေတ်တွေမှာတောင် မဖြေရှင်းနိုင်ခဲ့တာကို မင်းက အမြစ်ပြတ် ပျောက်ကင်းအောင် လုပ်နိုင်တယ် ဟုတ်လား။ ယီးကို ပျောက်ကင်းမှာလား။

ဖန်ကျန်းရီသည် ပြုံးလျက် ပြောလိုက်သည်။ "ထားပါတော့ ... ခဏနေ လူနာ သတိရလာရင် အစစ်အမှန်ကို မြင်ရမှာပေါ့။ တကယ်လို့ သူ သေသွားရင် ဝမ်မုန် ရှုံးတယ်လို့ သတ်မှတ်လိုက်မယ်။ မဟုတ်ရင် ခင်ဗျား နိုင်တယ်လို့ သတ်မှတ်ပေးမယ်။ ခင်ဗျား ဒီမှာ အရင် နေပြီး စောင့်ကြည့်လိုက်ပါအုံး။"

ဟူယွီရှန်း၏ စိတ်ထဲတွင် အလွန်အမင်း တွေဝေသွားခဲ့၏။ ဗိုက်ကို ခွဲထုတ်လိုက်တာတောင် လူက အသက်ရှင်နိုင် သေးည်လား။

လူရဲ့ ဗိုက်ကို ခွဲဖူးတဲ့ သာဓကတွေ မရှိဘူးတော့ မဟုတ်ဘူး။ ဒါပေမဲ့ ကျမ်းစာတွေထဲမှာ မှတ်တမ်းတင်ထားတာက ဗိုက်အဖွင့်ခံရတဲ့ လူတွေဟာ အခြေခံအားဖြင့် ဆက်ပြီး အသက်မရှင်နိုင်ကြဘူးလေ။ ဒီအထဲမှာ လှည့်ကွက် တစ်ခုခုများ ရှိနေမလား။ ဒါပေမဲ့ ဖန်ကျန်းရီရဲ့ အမူအရာကို ကြည့်ရတာလည်း တည်ငြိမ်နေတာပဲ။ တကယ်ကြီး ကုသနိုင်သွားတာတော့ မဟုတ်ပါဘူးနော်။

ထိုသို့ တွေးမိသောအခါ ဟူယွီရှန်း၏ စိတ်ထဲတွင် အနည်းငယ် ထိတ်လန့်သွားခဲ့ပြီး အတင်း တည်ငြိမ်အောင် ထိန်းချုပ်ကာ ခေါင်းညိတ်၍ ပြောလိုက်သည်။ "ကောင်းပါပြီ။ ဒါဆိုလည်း တပ်မှူးချုပ်ဖန်ကို ကျေးဇူးတင်ပါတယ်။"

ဟူယွီရှန်းသည် ထိုင်ခုံတွင် ထိုင်ပြီးနောက် ဘယ်ညာသို့ တစ်ချက် ကြည့်လိုက်ရာ သာမန် အဝတ်အစားများ ဝတ်ဆင်ထားသော ပြည်သူတစ်စုကို တွေ့လိုက်ရသော်လည်း သိပ်ပြီး ဂရုမစိုက်တော့ချေ။ သူ၏ စိတ်ထဲတွင် အဖြေရှာရန်သာ အာရုံစိုက်နေတော့၏။

ကျင်းဘုရင်မင်းမြတ်သည် ဟူယွီရှန်းကို စပ်စုချင်စိတ်ဖြင့် အကဲခတ် ကြည့်ရှုနေပြီး သူ၏ ပုံစံမှာ နတ်ဘုရားများကဲ့သို့ တည်ငြိမ်နေသည်ကို မြင်သောအခါ ရုတ်တရက် ပြုံးလိုက်မိ၏။ ကြည့်ရသည်မှာ တကယ့် အရည်အချင်း ရှိသူ တစ်ဦးဖြစ်ပုံရပြီး ပွဲကောင်းပွဲမြတ်ကို ကြည့်ရနိုင်သည်။

ဟူယွီရှန်းသည် ကျင်းဘုရင်မင်းမြတ်ကို အေးစက်စွာ မျက်စောင်းခဲ၍ ကြည့်လိုက်၏။ "မင်း ဘာကြည့်နေတာလဲ။"

စိတ်ထဲမှာ ကိစ္စတွေ စဉ်းစားနေလို့ စိတ်ရှုပ်နေပါတယ်ဆိုမှ ဒီကောင်က လာစိုက်ကြည့်နေတယ်။ တကယ်ကို သောက်ချိုးမပြေတာပဲ။

အမတ်များ၏ မျက်နှာများမှာ ရုတ်တရက် ဖြူရော်သွားကြပြီး အခန်းတွင်း၌ တိတ်ဆိတ်မှုက လွှမ်းမိုးသွားသည်။

ခင်ဗျား ကတော့ သေချင်နေတဲ့ အဘိုးကြီးပဲ။ အသက်ရှည်ချင်တဲ့ အဘိုးကြီးက စိန်စားနေတာပဲ။ အသက်ရှည်လွန်းလို့ ညည်းငွေ့နေတာလား။

ကျင်းဘုရင်မင်းမြတ်သည် စကားမပြောနိုင်တော့ဘဲ ခေါင်းလှည့်ကာ သူ့ကို ဆက်မကြည့်တော့ချေ။

မကြာမီတွင် ထမင်းဟင်းများ ရောက်လာပြီး အကုန်လုံးက ပရိုတင်းဓာတ်များ ပြည့်နှက်နေသော ဟင်းလျာများသာ ဖြစ်သည်။ ခွေးသား၊ သိုးသား၊ ယုန်သား၊ ဝက်သား ... အသားမျိုးစုံ ပါဝင်ပြီး အားလုံးမှာ ပုံမှန်အားဖြင့် ဝမ်မုန် လေ့ကျင့်ရာတွင် အသုံးပြုသော ပစ္စည်းများသာ ဖြစ်၏။

လူအများက ဖြည်းညင်းစွာ စတင် စားသောက်ကြသည်။ ထမင်းဟင်းများက အရသာ ရှိလှသော်လည်း ဆေးခန်းအတွင်းရှိ အနံ့က စားချင်စိတ်ကို တကယ်ကို ထိခိုက်စေသည်။

သို့သော်ငြား ဖန်ကျန်းရီနှင့် လီယွမ်ကျောက်တို့ကတော့ ဂရုမစိုက်ကြချေ။ နေ့တိုင်း လာနေသဖြင့် အစောကြီးတည်းက ကျင့်သားရနေပြီ ဖြစ်ရာ ဘာမှမတွေးဘဲ အားပါးတရ စားသောက်နေကြ၏။

ကျင်းဘုရင်မင်းမြတ်သည် ဟင်းပွဲများကို ကြည့်ရင်း နားမလည်စွာဖြင့် မေးလိုက်သည်။ "ဒီဟင်းတွေက ဘာလို့ အသားတွေချည်းပဲ ဖြစ်နေရတာလဲ။ အခု ဆေးခန်းတွေက ဒီလောက်တောင် ကောင်းကောင်း စားနိုင်နေကြပြီလား။"

ဖန်ကျန်းရီက ပြန်ဖြေလိုက်၏။ "အာ ... ဒါတွေ အကုန်လုံးက ပုံမှန် ခွဲစိတ်မှု လုပ်တုန်းက ဖြတ်ထုတ်ထားတဲ့ အစွန်းအစတွေပါ။ ကျန်တဲ့ အသားတုံး အကြီးတွေကိုတော့ စားလို့ မကုန်တာနဲ့ ပြည်သူတွေကို ရောင်းလိုက်ပါတယ်။"

"အော့ ..." စကားဆုံးသည်နှင့် တစ်ပြိုင်နက် လူတစ်ယောက်က ချက်ချင်းပင် အန်ချလိုက်တော့သည်။

ကျန်သူများ အားလုံးလည်း ဖြူရော်နေသော မျက်နှာများဖြင့် ဖန်ကျန်းရီကို ကြည့်လိုက်ကြ၏။

ငါတို့ကို လူသား ကျွေးတာက ထားလိုက်ပါတော့ ... ပြည်သူတွေကိုပါ ရောင်းစားသေးတယ် ဟုတ်လား။ လူသား အစွန်းအစတွေလေ။

ကျင်းဘုရင်မင်းမြတ်မှာလည်း ရုတ်တရက် ရေခဲဂူထဲသို့ ပြုတ်ကျသွားသကဲ့သို့ ခံစားလိုက်ရသည်။

လီယွမ်ကျောက်သည် ထမင်းပန်းကန်ထဲမှ ခေါင်းမော့လာပြီး သူ၏ ပါးစပ်တစ်ခုလုံး ဆီများဖြင့် ပြောင်လက်နေ၏။ "ဘာလို့ မစားကြတာလဲ။ ဒီအရွတ်တွေက အကောင်းဆုံးပဲ။"

ကျင်းဘုရင်မင်းမြတ်၏ အသံမှာ အနည်းငယ် တုန်ယင်နေခဲ့၏။ "ဒါက ဘာသားလဲ။"

ဖန်ကျန်းရီ သတိဝင်လာပြီး အလျင်အမြန် ပြန်ဖြေလိုက်သည်။ "သိုးသား ... ယုန်သားပါ။"

ကျင်းဘုရင်မင်းမြတ်သည် ထိုအခါမှသာ တံတွေး တစ်ချက် မြိုချလိုက်နိုင်သော်လည်း စားချင်စိတ် လုံးဝ မရှိတော့ချေ။ ကျန်သူများမှာလည်း ထိုနည်းတူပင် ဖြစ်ပြီး ကိုယ်ကို မတ်မတ်ထားကာ စားပွဲပေါ်ရှိ ဟင်းပွဲများကို တစ်ချက်လေးမှ ပြန်မကြည့်ရဲတော့ပေ။ "ဒီလိုကိုး… ချီးတဲ့မှ .. စောစောပြောလို့မရဘူးလား။"

ဘေးရှိ ဟူယွီရှန်းမှာ အလွန်အမင်း ထိတ်လန့်နေခဲ့သော်လည်း ရှင်းပြချက်ကို ကြားသောအခါ စိတ်အနည်းငယ် အေးသွားခဲ့၏။ အခြားသူများ၏ သတ္တိကြောင်နေသော အမူအရာကို မြင်သောအခါ သူ၏ မျက်လုံးထဲတွင် အထင်သေးမှုများ အနည်းငယ် ပေါ်လာခဲ့သည်။

ဘယ်ကောင်တွေများ ရောက်လာတာလဲ မသိဘူး။ ဒီတပ်မှူးချုပ်ဖန်ကတော့ တကယ်ကို အရေးမစိုက်တာပဲ ... ဘယ်သူ့ကိုမဆို အထဲ ပေးဝင်နေတာပဲ။

ထမင်းစားပြီးနောက် …

ဝမ်မုန်သည် ဒုတိယထပ်မှ ဆင်းလာပြီး အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "သခင်လေး ... လူနာ သတိရလာပါပြီ။ လူတွေကို ခေါ်လာပြီး ကြည့်လို့ ရပါပြီ။"

ဖန်ကျန်းရီသည် မတ်တပ်ရပ်ကာ ပြောလိုက်၏။ "အားလုံးပဲ ... ကျုပ်နဲ့ လိုက်ခဲ့ပါ။"

လူအုပ်ကြီးသည် ဝုန်းခနဲ မတ်တပ်ထရပ်လိုက်ကြပြီး စိတ်လှုပ်ရှားစွာဖြင့် အပေါ်ထပ်သို့ အလျင်စလို တက်သွားကြသည်။

ဆေးပညာ အံ့ဖွယ်ရာပဲ .... ဒါက တကယ့်ကို ဆေးပညာ အံ့ဖွယ်ရာ တစ်ခုပဲ။ ဒီနေ့တော့ မျက်စိပွင့်ရတော့မယ်။

လူတိုင်း ဒုတိယထပ်သို့ ရောက်သွားသောအခါ လူနာကို ချက်ချင်း ဝိုင်းအုံလိုက်ကြရာ ဝင်ပေါက်ပင် မရှိတော့ချေ။

ထိုအချိန်တွင် လူနာ၏ ခန္ဓာကိုယ်ပေါ်၌ အဖြူရောင် အဝတ်စ တစ်ခု ဖုံးအုပ်ထားပြီး မျက်နှာကိုသာ ဖော်ပြထားသည်။ သူ၏ မျက်နှာမှာ အလွန်အမင်း ပင်ပန်းနွမ်းနယ်နေပုံရပြီး အိပ်ရေးမဝသေးသော အမူအရာမျိုး ဖြစ်နေ၏။

ဖန်ကျန်းရီက အလျင်အမြန် မေးလိုက်သည်။ "ကုသမှု ပြီးဆုံးသွားပြီ။ ခင်ဗျား ဘယ်လို ခံစားနေရလဲ။ ဘယ်နေရာများ မသက်မသာ ဖြစ်နေသေးလဲဆိုတာ အမြန်ပြောပြ။"

လူနာသည် တုန်တုန်ယင်ယင်ဖြင့် လက်ကို ဆန့်ထုတ်ကာ အောက်ဘက်သို့ စမ်းသပ်ရန် ပြင်လိုက်၏။ "ပေါင် ... ပေါင်ကြားက နာနေတယ်။"

ခန္ဓာကိုယ် အောက်ပိုင်းမှာ ကြက်အကောင် တစ်သောင်းခန့်က ဝိုင်းဆိတ်ထားသကဲ့သို့ ခံစားနေရ၏။ လူနာ၏ မျက်ထောင့်များတွင် မျက်ရည်များ ဝဲနေပြီး မေးလိုက်သည်။ "ခင်ဗျားတို့ ကျွန်တော့်ကို သင်းကွပ်လိုက်တာလား ... အူအတက်ရောင်ရောဂါ ကုပေးမယ်လို့ ပြောထားတယ် မဟုတ်လား။"

ယခင်က ထူးဆန်းလှသော လုပ်ငန်းစဉ်များကို ပြန်လည် တွေးတောကြည့်လိုက်၏။

အဝတ်တွေ အချွတ်ခံရတယ်၊ ကြိုးနဲ့ အတုပ်ခံရတယ်၊ မေ့ဆေးတွေ အတိုက်ခံရတယ်။ ဒါက သောက်ကျိုးနည်း ... ဘယ်လိုလုပ် ရောဂါကုသတာ ဖြစ်မှာလဲ။ ဝဖြိုးနေအောင် ကျွေးမွေးထားတာက သူတို့က ငါ့ရဲ့ ရတနာလေးကို မျက်စိကျနေတာ ကြာပြီပဲ။ တစ်ယောက်ယောက်ကများ ဆေးဖော်ဖို့ သုံးချင်နေတာလား ...

ထိုသို့ တွေးမိသောအခါ လူနာ၏ မျက်ရည်များမှာ စမ်းရေပေါက်ကဲ့သို့ စီးကျလာပြီး စတင် ရုန်းကန်တော့သည်။

လျိုယီရှိုက သူ့ကို အလျင်အမြန် ဖိထားပြီး လေးနက်စွာဖြင့် ပြောလိုက်၏။ "မလှုပ်နဲ့ … ဒါက ပုံမှန် လုပ်ငန်းစဉ်ပဲ။ မင်းကို သင်းမကွပ်ထားပါဘူး။"

ထိုသို့ပြောပြီးနောက် သူ၏ လက်ကို အောက်ဘက်သို့ ဆန့်ထုတ်ကာ မှိုပွင့် (လိင်တံ) ပေါ်သို့ နောက်ထပ် တစ်ချက် ခေါက်လိုက်ပြန်သည်။

ရုတ်တရက် ပြင်းထန်သော နာကျင်မှုကြီး ဝင်ရောက်လာပြီး လူနာသည် အားကုန်သုံးကာ အား ဟု အော်ဟစ်လိုက်သော်လည်း ချက်ချင်းပင် သူ၏ မျက်နှာပေါ်၌ ဝမ်းသာသော အမူအရာ ပေါ်လာခဲ့၏။

ရှိနေသေးတယ် ... ငါ့ရဲ့ ရတနာလေး ရှိနေသေးတာပဲ ... ဒါဆိုရင်လည်း တော်ပါသေးတယ်။

အမတ်များ အားလုံး အံ့အားသင့်သွားကြသော်လည်း မနေနိုင်ဘဲ ခပ်တိုးတိုး ဆွေးနွေးလိုက်ကြသည်။

"ပြီးတာပဲ ... ကြည့်ရတာ ဒီအူအတက်ရောင်ရောဂါက ကျောက်ကပ်နဲ့ ဆက်နေတာ ဖြစ်ရမယ်။"

"ကျောက်ကပ်ကိုများ ထိခိုက်သွားတာလား။ ဒီလိုမှ မဟုတ်ရင် ပေါင်ကြားက ဘယ်လိုလုပ်ပြီး အရမ်း နာကျင်နေမှာလဲ။"

"သေချာပေါက် အဲဒီလိုပဲ ဖြစ်ရမယ်။ ဒီလိုပေးဆပ်ရတာက အရမ်းကို ကြီးမားလွန်းတယ်။ အသက်တစ်ချောင်းကို ကယ်တင်နိုင်ခဲ့တယ် ဆိုပေမဲ့ ကလေးမွေးနိုင်တဲ့ စွမ်းရည်ကို ဆုံးရှုံးသွားရတာလေ။"

ဟူယွီရှန်းသည် အစပိုင်းတွင် အလွန်အမင်း အံ့အားသင့်နေခဲ့သော်လည်း နားဘေးရှိ တိုးညင်းသော ဆွေးနွေးသံများကို ကြားရသောအခါ သူ၏ နှုတ်ခမ်းထောင့်တွင် အပြုံးတစ်ခု ပေါ်လာခဲ့၏။

ကျင်းဘုရင်မင်းမြတ် တစ်ယောက်သာလျှင် မျက်နှာမှာ အဆက်မပြတ် ပြောင်းလဲနေခဲ့သည်။ သောက်ကျိုးနည်း ... အဲဒါက ကျောက်ကပ်နဲ့ ပြားငါးဆယ်ဖိုးလောက်တောင် ပတ်သက်လို့လား။ စောစောက သူ့ဟာကို သွားခေါက်လိုက်လို့ ဖြစ်တာလေ။ ခေါက်တာကလည်း တော်ရုံမဟုတ်ဘူး။ ချီးတဲ့မှ ….။

အပိုင်း (၆၆၄) အရှုံးအနိုင် ပြတ်သားသွားခြင်း။

သူ၏ အခြေအနေ ကောင်းမွန်နေသည်ကို မြင်သောအခါ ဖန်ကျန်းရီသည် နောက်လှည့်ကာ ဟူယွီရှန်းအား ကြည့်ကာ ပြောလိုက်သည်။ "ဒီနေ့ ခင်ဗျား ရောက်လာတာ အတော်ပဲ။ ဝမ်မုန်လည်း ဒီမှာ ရှိနေတယ်။

အူအတက်ရောင်ရောဂါသည်က ပျောက်ကင်းသွားပြီ။ ခင်ဗျားတို့ဘက်ကတော့ ကုသနေတုန်းပဲ ရှိသေးတယ်ဆိုတော့ ဒီလောင်းကစားပွဲက ဒီနေရာမှာပဲ အဆုံးသတ်လို့ ရပြီ ထင်တယ်။ ဒီနေ့ ဒီနေရာမှာ လူအများကြီး ရှိနေတာမို့ သက်သေအဖြစ် အားလုံး မှတ်သားထားနိုင်ပါတယ်။"

ဟူယွီရှန်းသည် ခဏမျှ တိတ်ဆိတ်သွားပြီးနောက် ပြောလိုက်၏။ "နေအုံး … အူအတက် ဖြတ်ချလိုက်တာကို ကျုပ် လက်ခံပါတယ်။ ဒါပေမဲ့ ဒီလူနာက ဘယ်လောက်ကြာကြာ အသက်ရှင်နိုင်အုံးမလဲ ဆိုတာ မသိရသေးဘူးလေ။ တကယ်လို့ သူ မနက်ဖြန် သေသွားရင်ရော ဘယ်လိုလုပ်မလဲ။"

ကုတင်ပေါ်ရှိ လူနာသည် မကြာခင်သေရတော့မည်ဟု ကြားသောအခါ ထပ်မံ၍ ငိုယို ညည်းတွားနေပြန်ရာ လျိုယီရှိုက သူ၏ နားအနီးသို့ သွားကာ အလျင်အမြန် ရှင်းပြနေရသည်။

ဖန်ကျန်းရီက လှောင်ပြုံး ပြုံးလိုက်ပြီး ပြောလိုက်၏။ "ခင်ဗျား အဲဒီလို ပြောမယ်ဆိုတာကို ကြိုသိထားပြီးသားပါ။ ဒါကြောင့် ဝမ်မုန်က သူ့တစ်ယောက်တည်းကို ဖြတ်ပေးခဲ့တာ မဟုတ်ဘူး။ အရင်က ဖြတ်ပြီးသွားတဲ့ လူနှစ်ယောက် ကို ခေါ်လာခဲ့စမ်း။"

ဝမ်မုန်သည် ခေါင်းညိတ်လိုက်ပြီး ချက်ချင်း နောက်လှည့် ထွက်သွားကာ မကြာမီတွင် ယခင်က ခွဲစိတ်မှု ပြုလုပ်ထားသော သေဒဏ်ကျ အကျဉ်းသား နှစ်ဦးကို ခေါ်ဆောင်လာခဲ့၏။ ဒဏ်ရာများမှာ အစောကြီးတည်းက သက်သာနေပြီဖြစ်ပြီး မကြာသေးမီက အစားအသောက်များ ကောင်းမွန်စွာ စားသောက်ထားရသဖြင့် တစ်ကိုယ်လုံး အခြေအနေမှာ အတော်လေး ကောင်းမွန်နေပုံ ရသည်။

ဖန်ကျန်းရီသည် သူတို့ထဲမှ တစ်ယောက်၏ အင်္ကျီကို လှန်တင်လိုက်ပြီး ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာကို ဖော်ပြကာ ပြောလိုက်၏။ "ဒီလူက အခုလူနာထက် အရင် ဖြတ်ထားတာပါ။ အခု ပြန်ကောင်းသွားပြီ။ ဒဏ်ရာကလည်း အမာရွတ် ဖြစ်နေပြီမို့ လှုပ်ရှားရတာ ဘာမှ အနှောင့်အယှက် မရှိတော့ပါဘူး။

လာ ... အားလုံးကို တစ်ခုလောက် လုပ်ပြလိုက်စမ်း။"

သေဒဏ်ကျ အကျဉ်းသားသည် ခံစားချက် ကင်းမဲ့စွာဖြင့် နေရာတွင် ဖြည်းဖြည်းချင်း ပြေးပြလိုက်ပြီးနောက် ခြေလှမ်းကျဲကျဲဖြင့် နှစ်ချက်ခန့် ခုန်ပြလိုက်၏။

"အားလုံးပဲ ကြည့်ကြပါ။ အမြင့်ကြီးတောင် ခုန်ပြနိုင်သေးတယ်နော်။ နောက်ပြီး သူတို့ ဗိုက်ထဲက ပစ္စည်းတွေကိုလည်း သိမ်းထားပါသေးတယ်။ ကြည့်ချင်သေးလား။"

အမတ်များသည် သေဒဏ်ကျ အကျဉ်းသားများထံသို့ တိုးကပ်သွားကာ လက်ညှိုးထိုးပြလျက် သူတို့၏ ခန္ဓာကိုယ်ပေါ်ရှိ ဒဏ်ရာများကို သေချာစွာ အကဲခတ် ကြည့်ရှုနေကြသည်။ ထို့နောက် အံ့ဩသော အမူအရာများ ပေါ်လာကြ၏။

ဟူယွီရှန်းမှာ ကြောင်အမ်းသွားခဲ့သည်။ တစ်ဖက်လူက ဤမျှအထိ ပြည့်စုံအောင် ပြင်ဆင်ထားလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ချေ။

ဒါပေမဲ့ ရှုံးသွားခဲ့မယ် ဆိုရင် ... တစ်သက်လုံး ကြိုးစားပမ်းစား လုပ်လာရတဲ့ အဖွဲ့ခေါင်းဆောင် နေရာကို ဒီတိုင်း လက်လွှတ်ပေးလိုက်ရတော့မှာလား။

သူသည် တစ်ခဏအတွင်း ဖုန်မှုန့်များကြားသို့ ပြုတ်ကျသွားမည်ကို တွေးမိသောအခါ ဟူယွီရှန်း၏ လည်စေ့မှာ အထက်အောက် တစ်ချက် လှုပ်ရှားသွားပြီး လူနာကို လက်ညှိုးထိုးကာ ပြောလိုက်သည်။ "ကောင်းပြီ။ သူ့မှာ အသက်အန္တရာယ် မရှိဘူးလို့ပဲ သတ်မှတ်လိုက်မယ်။ ဒါပေမဲ့ ဒီလူရဲ့ ခန္ဓာကိုယ် အောက်ပိုင်းက အရမ်း နာကျင်နေတာလေ ... ဒါက သေချာပေါက် အခြေခံကို ထိခိုက်သွားတာပဲ။ အကယ်၍ နောက်ပိုင်းမှာ လူမှုရေးကိစ္စတွေ မလုပ်နိုင်တော့ဘူးဆိုရင် တိရစ္ဆာန်နဲ့ ဘာကွာတော့မှာလဲ။

နောက်ပြီး ခန္ဓာကိုယ်ရဲ့ အစိတ်အပိုင်းတွေဆိုတာ မိဘတွေက ပေးထားတာမို့ အလွယ်တကူ ဖျက်ဆီးပစ်လို့ မရဘူးလေ။ ကျုပ် အကြံပြုချင်တာက ကျုပ်တို့ နှစ်ဖက်စလုံး လူနာတွေကို လမ်းမပေါ် ထုတ်ပြီး ပြည်သူတွေကို ဆုံးဖြတ်ခိုင်းတာကမှ တရားမျှတမယ်လို့ ထင်တယ်။"

ဖန်ကျန်းရီ၏ မျက်နှာမှာ ဖြည်းညင်းစွာ မည်းမှောင်သွားခဲ့၏။ အဘိုးကြီး ... သိသိသာသာကို လိမ်ချင်နေတာပဲ။ မကစားနိုင်ဘဲနဲ့ ငါ့ကို လာပြီး ယှဉ်ရဲသေးတယ်ပေါ့။

"ဟားဟား ... ဟူယွီရှန်း ... ကျုပ် ခင်ဗျားကို ..."

ဖန်ကျန်းရီက သူ၏ အစစ်အမှန် စရိုက်ကို ထုတ်ဖော်ပြသရန် ပြင်လိုက်စဉ် ကျင်းဘုရင်မင်းမြတ်က အရင် ဝင်ပြောလိုက်သည်။ "တော်တော့။"

ကျင်းဘုရင်မင်းမြတ်က ပြောလိုက်၏။ "ရလဒ်က ရှင်းရှင်းလင်းလင်း ဖြစ်နေပြီပဲ။ ခင်ဗျားက အသက်ကြီးတဲ့ သူတစ်ယောက် ဖြစ်နေမှတော့ ရှုံးတာကို လက်ခံသင့်တယ်။ ဒီတစ်ပွဲက တောက်ယွမ်ဆေးခန်း နိုင်သွားပြီ ... အများကြီး ပြောနေစရာ မလိုတော့ဘူး။"

ဟူယွီရှန်းသည် ကျင်းဘုရင်မင်းမြတ်ကို ဒေါသတကြီး စိုက်ကြည့်ကာ ဒေါသထွက်လွန်းသဖြင့် ရယ်မောလိုက်ပြီး ပြောလိုက်သည်။ "မင်းက နိုင်တယ်ပြောတိုင်း နိုင်ရမှာလား။ ဒီနေရာမှာ မင်း ဝင်ပြောခွင့် ရှိလို့လား။ ကျုပ် အမြင်မှာတော့ မင်းက သာမန် ကုန်သည် တစ်ယောက်ပါပဲ ... မင်းက ဘာတွေ နားလည်လို့လဲ။"

"ပါးစပ်ပိတ်ထားစမ်း။ မင်းက အရှက်မရှိတဲ့ အဘိုးကြီးပဲ။ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတယ်။ ခွေးအိုကြီးကတော့ … " အမတ်များ အားလုံး ဒေါသထွက်သွားကြပြီး မနေနိုင်ဘဲ စတင် အော်ဟစ် ဆဲရေးကြတော့၏။

ဆဲရေးသံများ စတင်သည်နှင့် တစ်ပြိုင်နက် အောက်ထပ်မှ လူရိပ်တစ်ခုသည် အပေါ်ထပ်သို့ အလျင်စလို ပြေးတက်လာသည်။

ထိုလူရိပ်က ရပ်တန့်သွားသောအခါ ဘုန်းခနဲ အသံနှင့်အတူ မြေပြင်ပေါ်သို့ ပြင်းထန်စွာ မှောက်ကျသွားပြီး ခေါင်းသုံးချက် ဆက်တိုက် ဦးချလိုက်၏။ ထို့နောက် အသံကျယ်ကျယ်ဖြင့် ပြောလိုက်သည်။ "ကျွန်တော်မျိုး အရှင်မင်းကြီး ဒီမှာ ရှိနေမှန်း မသိခဲ့ပါဘူး။ အရှင်မင်းကြီး ခွင့်လွှတ်ပေးတော်မူပါ။"

ထိုသူသည် စကားပြောပြီးသည်နှင့် ခေါင်းမော့ကာ ဟူယွီရှန်းကို ဒေါသတကြီး စိုက်ကြည့်ပြီး အသံကျယ်ကျယ်ဖြင့် အော်ဟစ်လိုက်သည်။ "မင်းက တကယ့် လူဆိုးပဲ။ အရှင်မင်းကြီးကို တွေ့တာတောင် ဘာလို့ ဒူးမထောက်တာလဲ။"

ဟူယွီရှန်းမှာ မိုးကြိုးပစ်ခံလိုက်ရသကဲ့သို့ ဖြစ်သွားပြီး အရှင်မင်းကြီးဟူသော ထိုအသံကြောင့် သူ၏ ဝိညာဉ်များ အားလုံး လွင့်စင်သွားတော့၏။

မြေပြင်ပေါ်မှာ ဒူးထောက်နေတဲ့သူက ငါ့ရဲ့ အစ်ကိုကြီးပဲ မဟုတ်လား ... ဘယ်လိုဖြစ်တာလဲ ... စောစောက ငါ ဆဲလိုက်တဲ့သူက အရှင်မင်းကြီး ဟုတ်လား။

သမားတော်ဟူ၏ အထိတ်တလန့် ဆဲရေးသံများ နားထဲ၌ ပဲ့တင်ထပ်လာသောအခါမှ ဟူယွီရှန်းသည် ရုတ်တရက် သတိဝင်လာခဲ့သည်။ တစ်ကိုယ်လုံးရှိ အမွေးအမျှင်များ ထောင်မတ်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး ဆန်ခါကဲ့သို့ တုန်ယင်နေခဲ့၏။ ဖြည်းညင်းစွာဖြင့် မြေပြင်ပေါ်သို့ ဒူးထောက်ချလိုက်ရာ ခန္ဓာကိုယ် အောက်ပိုင်းမှာ ရုတ်တရက် စိုစွတ်သွားပြီး ညှီစော်နံသော အနံ့တစ်မျိုးက တဖြည်းဖြည်း ပျံ့နှံ့လာတော့သည်။

သမားတော်ဟူက နောက်တစ်ကြိမ် ထပ်မံ အော်ဟစ်လိုက်ပြန်၏။ "အရှင်မင်းကြီးကို တွေ့တာတောင် အရိုအသေ မပေးဘူးလား။"

ဟူယွီရှန်းသည် အသက်မရှိသော လူသေကောင် တစ်လောင်းကဲ့သို့ ခေါင်းနှစ်ချက် ဦးချလိုက်ပြီးနောက် ခေါင်းမော့လာရာ ကျင်းဘုရင်မင်းမြတ်၏ တည်ငြိမ်နေသော မျက်လုံးများနှင့် ဆုံတွေ့လိုက်ရသည်။ သူ၏ တစ်ကိုယ်လုံးမှာ ထပ်မံ၍ ပြင်းထန်စွာ တုန်ယင်လာခဲ့ပြီး ပြောလိုက်၏။ "အရှင် ... အရှင် ... အရှင် အရှင် အရှင် ... အရှင် ..."

ဟူယွီရှန်းမှာ အလွန်အမင်း ထိတ်လန့်သွားသဖြင့် စကားထစ်သွားခဲ့ပြီး အရှင်မင်းကြီးဟူသော စကားလုံးကိုပင် အဆုံးထိ မပြောနိုင်တော့ချေ။

ဖန်ကျန်းရီသည် ထရယ်မိမတတ် ဖြစ်သွားသဖြင့် ပါးစပ်ကို အလျင်အမြန် အုပ်ထားလိုက်ရသည်။

ခင်ဗျား .. ကြေးနန်း ရိုက်နေတာလား ...

ကျင်းဘုရင်မင်းမြတ်သည် သမားတော်ဟူကို တိုက်ရိုက် မေးလိုက်၏။ "မင်းက ဘာလို့ ဒီရောက်နေတာလဲ။"

သမားတော်ဟူမှာ စိုးရိမ်လွန်းသဖြင့် ချွေးများ ရွှဲနစ်နေပြီး အတင်း ဟန်လုပ်ရယ်ကာ ဖြေကြားလိုက်သည်။ "ကျွန်တော်မျိုး ... ဒီနေ့ တောက်ယွမ်ဆေးခန်းက လူနာရဲ့ အူအတက်ရောင်ရောဂါကို အမြစ်ပြတ် ကုသမယ်လို့ ကြားလို့ လာရောက် လေ့လာတာပါ။ ဆေးပညာ တိုးတက်ဖို့အတွက်ပါ ... အောက်ထပ် ရောက်ရောက်ချင်းပဲ အပေါ်ထပ်ကနေ အရူးတစ်ယောက် အဓိပ္ပာယ်မရှိတာတွေ ပြောနေတာကို ကြားလိုက်ရလို့ပါ။"

ကျင်းဘုရင်မင်းမြတ်က ခေါင်းညိတ်လိုက်ပြီး ပြောလိုက်၏။ "ကျန်းရီ ... ကိုယ်တော်က သက်သေလုပ်ပေးမယ်။ ရလဒ်ကတော့ အတည်ဖြစ်သွားပြီဆိုတော့ နောက်ဆက်တွဲ ကိစ္စတွေကို မင်း သေချာ စီစဉ်လိုက်တော့။ ဒီနေ့တော့ တကယ်ကို မျက်စိပွင့်သွားတာပဲ။ ဝမ်မုန်နဲ့ သူ့ဘေးက လက်ထောက်တွေ အားလုံးက ပြုစုပျိုးထောင်ပေးလို့ ရတဲ့ လူရည်ချွန်တွေချည်းပဲ။ သူတို့ကို နန်းတော်ထဲ ခေါ်ပြီး သမားတော်ဆောင်မှာ ဆေးပညာ သင်ပေးခိုင်းလိုက်။ ဒီဗိုက်ခွဲတဲ့ နည်းလမ်းကသာ နောက်ဆက်တွဲ ဆိုးကျိုးတွေ မရှိဘူးဆိုရင် တကယ်ပဲ နိုင်ငံတော် တစ်ခုလုံးအတွက် ကံကောင်းခြင်းပဲ။"

ဖန်ကျန်းရီက လျှောက်တင်လိုက်သည်။ "အရှင်မင်းကြီး ... ဝမ်မုန်ရဲ့ လက်ထောက်က ကျွန်တော်မျိုး နန်းတော်ထဲကနေ ငှားလာတဲ့ လူပါ။ မူလက တာဝန်ကျ မိန်းမစိုးရုံးတော်မှာ အလုပ်လုပ်တာဖြစ်ပြီး နာမည်က လျိုယီရှိုလို့ ခေါ်ပါတယ်။ သူ့ကို သမားတော်ဆောင်မှာ စာသွားသင်ခိုင်းဖို့က သင့်တော်ပါ့မလား။"

"အို ... တာဝန်ကျ မိန်းမစိုးရုံးတော်မှာတောင် ဒီလို လူရည်ချွန် ရှိနေတာလား။ တကယ်လို့ သူ့ရဲ့ ပညာရပ်က ကျွမ်းကျင်တယ်ဆိုရင် သမားတော်ဆောင်ကို ပို့လိုက်တာလည်း မဆိုးပါဘူး။ "

လျိုယီရှိုမှာ ဘေးမှနေ၍ စိတ်လှုပ်ရှားလွန်းသဖြင့် တစ်ကိုယ်လုံး တုန်ယင်နေခဲ့ပြီး ဘိုးဘေးများ စောင်မပြီဟု စိတ်ထဲမှ အော်ဟစ်နေမိ၏။ သူသည် အလျင်အမြန် ဒူးထောက်ချလိုက်ပြီး ကျေးဇူးတင်စကား ဆိုရန် အကြိမ်ကြိမ် ဦးချလိုက်တော့၏။

ဖန်ကျန်းရီသည် ခေါင်းညိတ်၍ အမိန့်နာခံလိုက်သော်လည်း စိတ်ထဲတွင် အနည်းငယ် နှမြောမိသွားသည်။ ဤလျိုယီရှို၏ သင်းကွပ်ခြင်း နည်းပညာကို သူ မျက်မြင်ကိုယ်တွေ့ မြင်ဖူးခဲ့ပြီ ဖြစ်သည်။ ဝက်ပေါက်လေးများနှင့် သိုးပေါက်လေးများကို တစ်ချက်တည်းဖြင့် ပြတ်သားစွာ ဖြတ်တောက်ပစ်နိုင်စွမ်း ရှိ၏။ တကယ်ကို နတ်ဘုရားများကဲ့သို့ အစွမ်းထက်လှသည်။ နောင်ခေတ်များရှိ ထိုင်းနိုင်ငံမှာသာ ဆိုပါက သူသည် သေချာပေါက် ဂွေးဖြတ်နတ်ဘုရား တစ်ပါး ဖြစ်လာနိုင်ပေသည်။ လမ်းတစ်ဝက်တွင် ဆရာဝန်အဖြစ် ပြောင်းလဲသွားခြင်းက နှမြောစရာပင် ဖြစ်သည်။ ကျွမ်းကျင်သော ပညာရှင်တစ်ဦး ဆုံးရှုံးသွားရခြင်းပင်။

ကျင်းဘုရင်မင်းမြတ်သည် နောက်လှည့် ထွက်ခွာသွားခဲ့သည်။ မထွက်ခွာမီ အခြားသူများက ဖန်ကျန်းရီ၏ အနီးသို့ မသိမသာ ချဉ်းကပ်လာကြ၏။ သူတို့၏ ရည်ရွယ်ချက်မှာ အဆက်အသွယ် လုပ်ရန်နှင့် သမားတော်သစ် ဆေးပညာကို လေ့လာရန်သာ ဖြစ်သည်။ ဤအရာက အနည်းငယ်တော့ အစွမ်းထက်နေသည် မဟုတ်ပါလား။

နန်းတွင်းသို့ ရောက်လာသူတိုင်းတွင် အဆင့်အတန်းလည်း မလို၊ ငွေလည်း မလိုပေ။ အကြောက်ဆုံးမှာ ဘေးနားတွင် ဆရာဝန်ကောင်း မရှိမည်ကိုသာ ဖြစ်၏။ တစ်ယောက် ပိုသိလေ ပိုကောင်းလေ ဖြစ်သည်။

ဖန်ကျန်းရီသည်လည်း သဘာဝကျစွာပင် တစ်ယောက်ပြီးတစ်ယောက် ပြုံးလျက် လက်ခံ စကားပြောပေးလိုက်၏။

လူတိုင်း ထွက်သွားပြီးနောက် ဟူယွီရှန်းနှင့် သမားတော်ဟူ နှစ်ဦးသာ ထိုနေရာတွင် ကျန်ရစ်ခဲ့တော့သည်။ ဟူယွီရှန်းသည် ဒူးထောက်ထားဆဲ ဖြစ်ပြီး မျက်နှာတွင် သွေးရောင် လုံးဝ မရှိတော့ချေ။ သမားတော်ဟူ သည်လည်း မည်သို့ ပြောရမည်ကို မသိတော့ဘဲ ဖန်ကျန်းရီ၏ အရှေ့တွင် အလွန်အမင်း အနေရခက်နေခဲ့သည်။

ဖန်ကျန်းရီက ပြုံးလျက် ပြောလိုက်၏။ "ခင်ဗျားတို့ ညီအစ်ကို နှစ်ယောက်က တော်တော် ဟန်ကျတာပဲ ... အချိတ်အဆက် မိမိ ကစားတတ်ကြတယ်။ ဒီနေ့ အရှင်မင်းကြီးသာ ဒီမှာ မရှိရင် ခင်ဗျားတို့ နှစ်ယောက်လုံး ဒုက္ခရောက်ပြီပဲ။"

သမားတော်ဟူက ထိတ်လန့်တကြား မေးလိုက်သည်။ "အမတ်မင်းဖန် ... ခင်ဗျား အကုန်လုံး သိနေတာလား။"

ဖန်ကျန်းရီက အထင်သေးစွာ ပြုံးလိုက်ပြီး ပြောလိုက်၏။ "ကျုပ်ရဲ့ ကျင်းယီဝေက ထမင်းအလကား စားနေတယ်လို့ ခင်ဗျား ထင်နေတာလား။"

သိရုံတင် မကဘူး ... ဘိုးဘေး ဆယ့်ရှစ်ဆက်တိုင်အောင် စုံစမ်းထားပြီးပြီ။ ဘိုးဘေးအဖွဲ့ အတွင်းပိုင်းမှာ လူနာတွေကို ဘယ်လို ဆက်ဆံလဲ ဆိုတာကအစ သူ လူလွှတ်ပြီး စုံစမ်းထားတယ်ဓ။ အဲဒီလူတွေမှာ သတိထားရမယ်ဆိုတဲ့ အသိစိတ် လုံးဝ မရှိကြဘူး။ လျှို့ဝှက်ချက် ဆိုတာ လုံးဝ မရှိသလောက်ပဲ။

"ဒါပေမဲ့ ... ခင်ဗျားတို့ နှစ်ယောက်က ညီအစ်ကိုတွေ ဖြစ်နေရင်တောင် ဘာမှ မဖြစ်ပါဘူး ... အားလုံးက ကိစ္စသေးသေးလေးတွေပါ။ ဟူယွီရှန်း ... ထတော့။"

ဟူယွီရှန်း မတ်တပ်ရပ်လိုက်ရာ ညှီစော်နံသော အနံ့တစ်မျိုးက ခပ်သဲ့သဲ့ ထွက်ပေါ်လာခဲ့သည်။

ဖန်ကျန်းရီသည် အနောက်သို့ တစ်လှမ်း ဆုတ်လိုက်ပြီး မေးလိုက်၏။ "ဒီနေ့ ပြိုင်ပွဲကို ရှုံးတယ်လို့ ဝန်ခံရဲ့လား။"

ဟူယွီရှန်းမှာ ထိတ်လန့်နေဆဲ ဖြစ်ပြီး ဖြေကြားလိုက်သည်။ "ရှုံးတာကို ... ဝန်ခံပါတယ်။ ပြန်ရောက်တာနဲ့ ကျုပ် လူရှာပြီး သတင်းစာထဲမှာ ထည့်ကြေညာလိုက်ပါ့မယ်။"

ဖန်ကျန်းရီသည် လက်ညှိုးကို ဆန့်ထုတ်ကာ ခါယမ်းပြလိုက်ပြီး ပြောလိုက်၏။ "မလောပါနဲ့။ ရှုံးတာကို ဝန်ခံတယ် ဆိုမှတော့ ခင်ဗျားအတွက် နောက်ထပ် အစီအစဉ် တစ်ခု ရှိသေးတယ်။"

All Chapters