← Chapters

အခန်း (၆၇၃-၆၇၅)

Vol. 36 Ch. 673-675

အခန်း (၆၇၃-၆၇၅)

Vol. 36 Ch. 673-675

အပိုင်း (၆၇၃ - ၆၇၅)

ကျင်းဘုရင်မင်းမြတ်၏ နန်းဆောင်အတွင်းတွင် ဖန်ကျန်းရီသည် တာ့ကျင်းနိုင်ငံတော်၏ အနာဂတ် ပညာရေးစနစ်သစ်အတွက် အကြိတ်အနယ် ဆွေးနွေးလျက်ရှိ၏။ သူသည် အလုပ်အကိုင် ခွဲခြားမှုစနစ်များကြား တရားမျှတမှုရှိစေရန် သိပ္ပံအကယ်ဒမီ၏ ပထမဆုံးကျောင်းသားများကို မိသားစုနောက်ခံ အမျိုးအစား ပြောင်းလဲခွင့်ပေးရန် တောင်းဆိုလေသည်။

ဘုရင်ကြီးကမူ အမြော်အမြင်ကြီးစွာဖြင့် မိန့်ဆိုလိုက်၏။ "တကယ်လို့ လွတ်လပ်ခွင့်ပေးလိုက်ရင် လယ်ယာမြေတွေကို လက်ဝါးကြီးအုပ်တာတွေ၊ ပြည်သူတွေ စိတ်ပျက်တာတွေဖြစ်လာပြီး နောက်ထပ် ပြဿနာတွေ အများကြီးပေါ်လာနိုင်တယ်။ ဒါပေမဲ့ သိပ္ပံအကယ်ဒမီကနေ သေနတ်တွေ၊ အမြောက်တွေနဲ့ ယှဉ်နိုင်တဲ့ ကြီးမားတဲ့ တီထွင်မှုတွေ လုပ်နိုင်မယ်ဆိုရင်တော့ ကိုယ်တော် ခြွင်းချက်အနေနဲ့ ခွင့်ပြုပေးလို့ ရတယ်"

ဖန်ကျန်းရီသည် ထိုစကားကိုကြားလျှင် သက်ပြင်းချကာ မိမိ၏ စဉ်းစားဉာဏ်နည်းပါးမှုကို ဝန်ခံလိုက်ရသည်။ "အရှင်မင်းကြီး ဉာဏ်ပညာ ကြီးမားလှပါတယ်။ ကျောင်းသားတွေကို အရည်အချင်းအပေါ်မူတည်ပြီး ဘာသာရပ် ခွဲခြားတာက ပြဿနာမရှိပါဘူး။ ကျွန်တော်မျိုး ပြန်သွားပြီး စီစဉ်လိုက်ပါ့မယ်"

ထိုသို့ လျှောက်တင်ကာ ကျောင်းသားခေါ်ယူရေးကိစ္စကို စတင်ရန် ဆုံးဖြတ်လိုက်တော့သည်။

နန်းဆောင်မှအထွက်တွင် အိမ်ရှေ့စံ လီယွမ်ကျောက်က ကျောင်းနာမည်ကို မေးမြန်းလာရာ ဖန်ကျန်းရီက ရယ်မောလျက် နောက်ပြောင်လိုက်၏။ "ဖန်ကျန်းရီ တက္ကသိုလ်လို့ ပေးရင် ဘယ်လိုနေမလဲ"

လီယွမ်ကျောက်က အထင်သေးစွာဖြင့် နှာခေါင်းရှုံ့လိုက်သည်။

ဖန်ကျန်းရီ က ရှင်းပြလိုက်၏။ "တုန်းကျောင်း (အရှေ့ဆင်ခြေဖုံး) တက္ကသိုလ်လို့ ခေါ်မယ်။ နာမည်က ရိုးရှင်းလေ ပိုပြီး အထင်ကြီးစရာ ကောင်းလေပဲ။ ဒီရက်ပိုင်းအတွင်း မြို့ပြအင်ဂျင်နီယာနဲ့ အရက်ချက်တဲ့ ဘာသာရပ်တွေလို အကျိုးအမြတ် အမြန်ဆုံးရနိုင်တဲ့ ဘာသာရပ်တွေကို အရင်စခေါ်မယ်"

"မြို့ပြအင်ဂျင်နီယာဆိုတာ ဘာကြီးလဲ" လီယွမ်ကျောက်က နားမလည်စွာ မေးလိုက်သည်။

ဖန်ကျန်းရီက ပေါ့ပေါ့ပါးပါး ဖြေလိုက်၏။ "အလုပ်ကြမ်းသမားလေ"

အရက်ချက်ခြင်းသည်လည်း တောက်ယွမ်ခရိုင်၏ အဓိကနည်းပညာဖြစ်သည်။ စင်စစ် ဖန်ကျန်းရီ၏ မူလရည်ရွယ်ချက်တွင် လှပသော သူနာပြုမလေးများကိုပါ ခေါ်ယူရန် ပါဝင်သော်လည်း၊ ဤခေတ်ကာလ၏ အခြေအနေအရ လက်ခံနိုင်စွမ်းမရှိသေးကြောင်း တွေးမိကာ ထိုအကြံကို လက်လျှော့လိုက်ရသည်။

နှစ်ရက်ခန့်အကြာတွင်တော့ မြို့တော်တစ်ခုလုံးသည် တုန်းကျောင်းတက္ကသိုလ်၏ ကျောင်းသားခေါ်ယူရေး ကြော်ငြာများဖြင့် လွှမ်းမိုးသွားတော့၏။ ငွေကုန်ကြေးကျမခံဘဲ ပိုစတာများ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေသည့်အပြင်၊ ပြည့်တန်ဆာရုံမှ မိန်းမပျိုလေးများ၊ မြင်းလှည်းအငှားဂိတ်များနှင့် ကျောက်မျက်ရတနာ ဆိုင်များကပါ ပါဝင်ကူညီကြသဖြင့် တုန်းကျောင်းတက္ကသိုလ်၏ ဂုဏ်သတင်းမှာ အထွတ်အထိပ်သို့ ရောက်ရှိသွားခဲ့၏။

နောက်တစ်နေ့ နံနက်ခင်းတွင်တော့ သတင်းစာဖတ်ပြသူများ၏ အသံများက မြို့တော်၏ လမ်းမများပေါ်တွင် ဟိန်းထွက်လာသည်။

"ဘဝမှာ အခက်အခဲတွေ ရှိနေလို့၊ အသားမစားနိုင်ဘူး ဆိုပြီး စိတ်ညစ်နေသလား။ တုန်းကျောင်းတက္ကသိုလ်ကို လာခဲ့ပါ။ တာ့ကျင်းရဲ့ နံပါတ်တစ် ကျောင်းတော်ကြီးက ခင်ဗျားတို့ရဲ့ သောကတွေ အကုန်လုံးကို ဖြေရှင်းပေးပါလိမ့်မယ်။ ကောလိပ်အဆင့်ကို အောင်မြင်ရင် သိပ္ပံပညာရှင် ဖြစ်လာမှာပါ။ ကျောင်းလခ သက်သာပြီး အတိုးမဲ့ ပညာသင်ထောက်ပံ့ကြေးတွေလည်း ရှိပါတယ်။"

သတင်းစာဖတ်ပြသူ၏ ဆွဲဆောင်မှုရှိလှသော စကားလုံးများကြောင့် ပြည်သူများမှာ အံ့အားသင့်ကာ စိတ်လှုပ်ရှားလာကြ၏။

ထိုအချိန်မှာပင် ရွှေ၊ ငွေ၊ ကျောက်စိမ်းများဖြင့် အလှဆင်ထားသော ဇိမ်ခံမြင်းလှည်းကြီးတစ်စီး ရောက်ရှိလာသည်။

မြင်းလှည်းပေါ်တွင် လည်ပင်း၊ လက်ကောက်ဝတ်နှင့် လက်ချောင်းများ၌ ရွှေထည်များ အပြည့်အမောက် ဝတ်ဆင်ထားသည့် နေကာမျက်မှန်နှင့် ယောကျ်ားတစ်ယောက် ထိုင်နေပြီး၊ ဘေးတစ်ဖက် တစ်ချက်စီတွင် မိန်းမလှလေးများက သစ်သီးနှင့် မုန့်များ ခွံ့ကျွေးနေကြ၏။

သူ၏ ခမ်းနားလှသော အသွင်အပြင်က ကြည့်ရှုနေသူ ပြည်သူများကို မျက်စိကျလောက်အောင် ဖမ်းစားထားနိုင်ခဲ့သည်။

ထိုမြင်းလှည်းပေါ်မှ ‘ပန်းရှန်းရင်ပြင်မှာ လူတွေ့စစ်ဆေးနေပါတယ်’ ဟူသော ကြေညာသံထွက်ပေါ်လာသည်နှင့်၊ လူအုပ်ကြီးမှာ အချုပ်အနှောင်မှ လွတ်မြောက်လာသော ဖုတ်ကောင်များကဲ့သို့ ရူးသွပ်စွာဖြင့် ပန်းရှန်းရင်ပြင်သို့ ပြေးသွားကြတော့၏။

ပန်းရှန်းရင်ပြင်တွင်တော့ ပွဲတော်ကြီးတစ်ခုကဲ့သို့ စည်ကားသိုက်မြိုက်နေပြီဖြစ်သည်။ စင်မြင့်ပေါ်တွင် ရွှေငွေရတနာများ ဝတ်ဆင်ထားသူများ (သိပ္ပံပညာရှင်များအဖြစ် ဟန်ဆောင်ထားသူများ) က အလှပိုင်ရှင်လေးများ၏ အနားယူပြုစုမှုဖြင့် ထိုင်နေကြသည်။

အစီအစဉ်တင်ဆက်သူက မေးလိုက်သည်။ "အားလုံးပဲ အသံကျယ်ကျယ်နဲ့ ပြောပြစမ်းပါ။ ခင်ဗျားတို့ သိပ္ပံပညာရှင် ဖြစ်ချင်ကြသလား။"

အောက်ဘက်ရှိ လူအုပ်ကြီးက တခဲနက် ပြန်လည်အော်ဟစ်ကြ၏ "ဖြစ်ချင်တယ်"

"ဒါဆို သိပ္ပံပညာရှင် ဖြစ်အောင် ဘယ်လိုလုပ်ရမလဲ။"

ထပ်မေးသောအခါ ကြိုတင်စီစဉ်ထားသူများက တစ်ခဲနက် ဖြေဆိုကြသည်။ "တုန်းကျောင်းတက္ကသိုလ်ကို ဝင်ခွင့်ဖြေပြီး ကောလိပ်တက်မယ်။"

လေထုတစ်ခုလုံး ဆူညံပွက်လောရိုက်နေချိန်တွင် လီယွမ်ကျောက်က မျက်မှောင်ကုတ်ကာ မေးလိုက်၏။ "ဖန်ကြီး ... ခင်ဗျား ကျောင်းသား ခေါ်ချင်ရင်လည်း ခေါ်ပေါ့။ သူတို့ကို ဘာလို့ ဒီလောက်တောင် အရောင်အသွေးစုံအောင် ပြင်ဆင်ပေးထားရတာလဲ။"

ဖန်ကျန်းရီသည် စင်မြင့်နောက်ကွယ်မှနေ၍ ပါးစပ်မစိနိုင်အောင် ပြုံးရယ်ရင်း ဖြေလိုက်၏။ "အရှင်မင်းသား ... ဒါတွေ အကုန်လုံးက ကျောင်းတော်ရဲ့ နာမည်ကို ကြီးကျယ်လာအောင် လုပ်တာပါ။"

ဖန်ကျန်းရီ၏ ရည်ရွယ်ချက်မှာ သိပ္ပံပညာရှင်များဆိုသည်မှာ ဆင်းရဲနွမ်းပါးစွာ နေထိုင်ရသူများမဟုတ်ဘဲ၊ အစားကောင်းများစားကာ မိန်းမလှလေးများ ခြံရံပြီး ခမ်းနားစွာ နေထိုင်နိုင်ကြောင်း ပြသကာ ပြည်သူများကို ဆွဲဆောင်ရန်ဖြစ်သည်။

ဘယ်မိဘကမှ မိမိသားသမီးကို ဆင်းရဲစွာနေရမည့် အလုပ်မျိုး လုပ်စေချင်မည်မဟုတ်ပေ။ ထို့ကြောင့် "သိပ္ပံပညာရှင် ဖြစ်ချင်သလား။ ဒါဆို တုန်းကျောင်းတက္ကသိုလ်ကို လာခဲ့လိုက်" ဟူသော သူ၏ ရူးသွပ်သော်လည်း ထိရောက်လှသည့် ကြော်ငြာမဟာဗျူဟာကြီးမှာ တစ်ဟုန်ထိုး အောင်မြင်သွားခဲ့၏။

လီယွမ်ကျောက်သည် စင်မြင့်အစွန်းတွင် တွယ်ကပ်ကာ အနောက်ဘက်မှနေ၍ အချိန်အတော်ကြာ လေ့လာကြည့်ရှုနေပြီးနောက် စည်ကားနေသော မြင်ကွင်းကို မြင်သောအခါ သူ၏ မျက်နှာပေါ်တွင် စိုးရိမ်ပူပန်မှု အနည်းငယ် ပေါ်လာခဲ့၏။

သူက နောက်လှည့်ကာ ပြောလိုက်သည်။ "ဖန်ကြီး ... ခင်ဗျား ဒီလိုလုပ်တာ အဆင်မပြေဘူး ထင်တယ်။ ပညာ သင်ကြားရေး လေထုက မဖြောင့်မတ်ဘူး။ ကျုပ်ရဲ့ ဆရာတွေ သင်ပေးတာက စိတ်ကို ဖြူစင်စွာထားပြီး မိမိကိုယ်ကို ထိန်းသိမ်းခြင်း၊ နှိမ့်ချစွာဖြင့် မိမိကိုယ်ကို စောင့်ထိန်းခြင်း ကသာ စိတ်အေးချမ်းသာစွာ ပညာသင်ကြားနိုင်မယ်တဲ့။ သိပ္ပံအကယ်ဒမီက သုတေသန လုပ်ရမှာ မဟုတ်ဘူးလား။ နောင်ကျရင် ရုပ်ဝတ္ထု တပ်မက်မှုတွေ များလာရင် သုတေသန လုပ်ငန်းတွေကို ကောင်းကောင်း လုပ်နိုင်ပါ့မလား။"

ဖန်ကျန်းရီသည် လီယွမ်ကျောက်ကို နှစ်ချက်ခန့် ကြည့်လိုက်ပြီး ပြုံးလျက် ပြောလိုက်၏။ "အရှင်မင်းသား ပြောတာ မှန်ပါတယ်။ ဆင်းရဲနွမ်းပါးစွာ ပညာသင်ကြားရေးကို အရှင်မင်းသား ပြောလို့ ရပါတယ်၊ နန်းတွင်း အမတ်တွေလည်း ပြောလို့ ရပါတယ်။

ဒါပေမဲ့ ပြည်သူတွေကို သွားပြောလို့ မရဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့က တကယ်ကို ငွေမရှိလို့ပါ။ ဆင်းရဲနွမ်းပါးစွာ ပညာသင်ကြားရေး ဆိုတာက မတတ်သာလို့ ရွေးချယ်ရတဲ့ နည်းလမ်း တစ်ခုပါ။

အရှင်မင်းသား ... တကယ်တော့ ကျွန်တော်မျိုးတို့ အခု အာရုံစိုက်သင့်တာက ပြန့်နှံ့ရေး ပြဿနာပါ၊ ပညာသင်ကြားရေး ပြဿနာ မဟုတ်ပါဘူး။ အလားအလာရှိတဲ့ ကျောင်းသားတွေကို အောင်အောင်မြင်မြင် ခေါ်ယူနိုင်ပြီ ဆိုရင် ကျန်တာတွေက အသေးအဖွဲ ကိစ္စတွေပါ။

နောက်ပြီး တကယ်တမ်းကျတော့ လူတွေ ငွေရှိလာပြီ ဆိုရင်လည်း တစ်နေ့လုံး အချိန်ဖြုန်းပြီး ကစားနေဖို့ ဆိုတာ အရမ်းကို ခက်ခဲပါတယ်။ ကျွန်တော်မျိုး အာမခံရဲတယ် ... သူ့ကို အများဆုံး နှစ်လလောက်ပဲ သီးသန့် ကစားခိုင်းလိုက်။ ချက်ချင်းကို သည်းမခံနိုင်တော့ဘဲ အလုပ် လုပ်ချင်လာလိမ့်မယ်။"

ဤသည်မှာ မိန်းမ မရှိသော ယောကျ်ားတစ်ယောက်က မိန်းမ ရလာပါက တစ်နေ့လုံး အကြိမ်နှစ်ဆယ်လောက် လုပ်မည်ဟု စိတ်ကူးယဉ်နေခြင်းနှင့် အတူတူပင် ဖြစ်သည်။

မီးဖိုချောင်ကနေ အိမ်သာ၊ အိမ်သာကနေ ဝရန်တာ၊ ဝရန်တာကနေ အိပ်ခန်းအထိ ... နေ့တိုင်း စိတ်ကူးယဉ်နေကြ၏။

သို့ပေမည့် တကယ်တမ်း ချစ်သူ ရလာတဲ့အခါ နှစ်လလောက်တောင် မကြာပေ။၊ ချက်ချင်း သဘောပေါက်သွားပြီး အဆင့်နိမ့် တပ်မက်မှုတွေကနေ ကင်းလွတ်သွားသော ရင့်ကျက်သည့် ယောကျ်ား တစ်ယောက် အဖြစ် အလျင်အမြန် ပြောင်းလဲသွားသည်။

မိန်းမက လိုချင်ပြီဆိုလျှင်တောင် ဆေးလိပ်လေး ကိုက်ပြီး စိတ်ပျက်လက်ပျက် ပုံစံလေးနှင့် ပြောတတ်သေး၏။ "ဒီနေ့ အလုပ်လုပ်ရတာ ပင်ပန်းလို့ ... မနက်ဖြန်မှ လုပ်ကြရအောင်။ ဒီတစ်ခါတော့ အကြွေး မှတ်ထားလိုက်။"

ရှောင်လွှဲ၍ ရသလောက် ရှောင်လွှဲကြတော့တာပင်။

လီယွမ်ကျောက်က ပြုံးလျက် ပြောလိုက်သည်။ "ဖန်ကြီး ... ခင်ဗျား ဒါကတော့ လျှောက်ပြောနေတာပဲ။ မြို့တော်ထဲမှာ မင်းသားတွေ ဘယ်လောက်တောင် များနေလဲ ... နှစ်ပေါင်းများစွာ တစ်ရက်လေးမှ မပျက်ဘဲ ပျော်ပါးနေကြတာ၊ ပင်ပန်းတယ်လို့တောင် မထင်ကြဘူး။"

သောက်ကျိုးနည်း ... အဲဒါ သူတို့ ကစားချင်လို့ ကစားနေတာလား။ သူတို့မှာ ရွေးချယ်စရာ ရှိလို့လား။ အဲဒါ ကိုယ့်ကိုယ်ကိုယ် မေ့ဆေး ပေးနေရုံ သတ်သတ်ပဲ။

ဖန်ကျန်းရီသည် စိတ်ထဲမှ ညည်းတွားပြီး ဆက်ပြော၏။ "အရှင်မင်းသား ... အဲဒီလို လူမျိုးက အရမ်းကို နည်းပါးတယ်။ တောက်ယွမ်ခရိုင်က လင်းနို့လူသား ပုံပြင်ကို အရှင်မင်းသား ကြားဖူးတယ် မဟုတ်လား။"

လီယွမ်ကျောက်သည် နှုတ်ခမ်းကို သပ်ကာ အချိန်အတော်ကြာ ပြန်လည် စဉ်းစားပြီးနောက် ပြောလိုက်သည်။ "ကျုပ် ခင်ဗျားတို့ ခရိုင်ထဲက စာအုပ်ဆိုင်မှာ ဖတ်ဖူးတယ်။ ခင်ဗျား ရေးထားတာ မဟုတ်လား ... အဲဒီ လင်းနို့လူသားက ဖမ်းလိုက်၊ လွှတ်လိုက်၊ လွှတ်လိုက်၊ ပြန်ဖမ်းလိုက် လုပ်နေတဲ့ တစ်ယောက်လေ။ ဖန်ကြီး ... ခင်ဗျား ရေးထားတဲ့ ဇာတ်လမ်းက တော်တော် ညံ့တာပဲ။ သူ့ဦးနှောက်ထဲမှာ ကြိုးတစ်ချောင်း ပြတ်နေသလား မသိဘူး။"

ဖန်ကျန်းရီသည် ချွေးပြန်သွားခဲ့၏။ လင်းနို့လူသား ဇာတ်လမ်းက တာ့ကျင်းနဲ့ မကိုက်ညီဘူးဆိုတာ သေချာတယ်။ အားနေလို့ ခရိုင်ထဲက လူတွေကို ပုံပြင် ပြောပြတာ ... အခုတော့ အထင်သေးခံနေရပြီ။

"အရှင်မင်းသား ပြောတာ မှန်ပါတယ်။ လင်းနို့လူသား ဆိုတာ တကယ့် အရူးပါပဲ။ လောကကြီးမှာ ပြီးပြည့်စုံတဲ့ စနစ်ဆိုတာ မရှိပါဘူး။ စနစ် အားလုံးက လူအများစု အတွက်ပဲ ရည်ရွယ်ပြီး ရေးဆွဲထားတာပါ။ ခြွင်းချက်တွေကတော့ မလွှဲမရှောင်သာ ရှိလာမှာပါပဲ။ ခြွင်းချက် ဖြစ်လာရင် သီးသန့် ဖြေရှင်းလိုက်ရုံပါပဲ။ ပုံပြင်ထဲမှာ ပါလာတဲ့ သန္ဓေပြောင်း မိစ္ဆာတွေလိုပဲ သတ်ပစ်လိုက်ရုံပေါ့။

ကျုပ်တို့ သိပ္ပံအကယ်ဒမီ ကလည်း အဲဒီလိုပါပဲ။ နောင်ကျရင် တကယ်လို့ လူရည်ချွန် ဖြစ်လာပြီး ကောလိပ်ကို အောင်မြင်မယ်။ တော်ဝင်သိပ္ပံအကယ်ဒမီကို ဝင်ခွင့်ရတဲ့သူက တစ်နေ့လုံး ပျော်ပါးနေဖို့ကိုပဲ တွေးနေပြီး အောင်မြင်မှုတွေ မပြနိုင်ဘူးဆိုရင် အလုပ်ဖြုတ်ပစ်လိုက်ရုံပဲလေ။ အကြောင်းပြချက်က ဒီလောက် ရိုးရှင်းပါတယ်။

ဒါ့အပြင် အရှင့်သား မစဉ်းစားမိတဲ့ အခြေအနေ တချို့လည်း ရှိပါသေးတယ် ..."

ဖန်ကျန်းရီသည် ဤနေရာသို့ ရောက်သောအခါ ခဏ ရပ်လိုက်၏။

လီယွမ်ကျောက်က အလျင်အမြန် မေးလိုက်သည်။ "ကျုပ် ဘာကို မစဉ်းစားမိတာလဲ။"

ဖန်ကျန်းရီက သက်ပြင်းချကာ ပြောလိုက်၏။ "ကျုပ်တို့ ခေါ်ယူမယ့် သူတွေ အားလုံးက သာမန် ပြည်သူတွေ၊ လူဆင်းရဲတွေ ချည်းပါပဲ။ အားငယ်စိတ်တွေ၊ ခံစားလွယ်စိတ်တွေ ရှိကြပြီး တစ်သက်လုံး လွတ်လွတ်လပ်လပ် မနေနိုင်ကြပါဘူး။

သတ္တိမရှိရင် ကိုယ့်ရဲ့ စိတ်ကူးယဉ် တွေးတောမှုတွေကို လွတ်လွတ်လပ်လပ် မဖွင့်ချနိုင်ဘူး။ သိပ္ပံပညာကို လေ့လာတဲ့ နေရာမှာ တစ်ခါတလေကျရင် စိတ်ကူးယဉ် တွေးတောမှုက အခြေခံ ပညာရပ်တွေထက် ပိုပြီး အရေးကြီးပါတယ်။ ဒါကြောင့် သူတို့ကို လှပတဲ့ အနာဂတ် တစ်ခုကို ပြသပြီး စစ်မှန်တဲ့ ရွှေငွေတွေကို မြင်တွေ့ခွင့် ပေးရမယ်။

ငွေဆိုတာ သူရဲကောင်းရဲ့ သတ္တိပဲ ... သာမန် ပြည်သူတွေအတွက်ဆို ပိုပြီး မှန်ကန်တယ်။”

ယုံကြည်မှုကို တဖြည်းဖြည်း ပြုစုပျိုးထောင်ဖို့ဆိုသည်မှာ အရမ်း နှေးကွေးလွန်း၍ ဖန်ကျန်းရီသည် ငွေကြေးဖြင့် သတ္တိကို မြှင့်တင်ပေးရန်သာ ရွေးချယ်လိုက်ရခြင်း ဖြစ်သည်။

လီယွမ်ကျောက်သည်လည်း တစ်စုံတစ်ခုကို စဉ်းစားနေဟန် ရှိ၏။

အချိန်အတော်ကြာပြီးနောက် သူလည်း သက်ပြင်းတစ်ချက် ချလိုက်သည်။ "ခင်ဗျား ပြောတာ အကြောင်းပြချက် ရှိပါတယ် ... ကျုပ်က တစ်သက်လုံး ပြည့်ပြည့်စုံစုံ နေလာရတော့ ပြည်သူတွေရဲ့ တွေးခေါ်မှုတွေကို နားမလည်နိုင်တာ နေမှာပါ။ ခင်ဗျားက အတွေ့အကြုံ ရှိတဲ့သူဆိုတော့ လောလောဆယ် ဒီတိုင်းပဲ လုပ်လိုက်ကြတာပေါ့။ အဆင်မပြေရင် နောက်မှ ပြန်ပြင်ကြတာပေါ့။"

ထိုသို့ ပြောပြီးနောက် နောက်လှည့်ကာ လူတွေ့စစ်ဆေးပွဲကို ဆက်လက် ကြည့်ရှုနေတော့၏။

ပန်းရှန်းရင်ပြင်ပေါ်တွင် တောက်ယွမ်ခရိုင်မှ သိပ္ပံပညာရှင်များ က လူတွေ့စစ်ဆေးမှုများကို အင်တိုက်အားတိုက် ပြုလုပ်နေကြ၏။

လူတွေ့စစ်ဆေးရမည့် အကြောင်းအရာများမှာလည်း အလွန် ရိုးရှင်းလှသည်။

အရင်ဆုံး အသိဉာဏ် ချို့တဲ့နေသူ ဟုတ်မဟုတ် တစ်ချက် ကြည့်လိုက်သည်။ မျက်လုံးထဲတွင် တောက်ပမှု ရှိမရှိ ကြည့်ပြီးနောက် ရိုးရှင်းသော မေးခွန်း နှစ်ခုလောက် မေးလိုက်ရုံပင်။

ယခုအခါ စင်မြင့်ပေါ်တွင် ခရိုင်ထဲရှိ လက်နက်တိုက်မှ လာသော မိုရှောင်ဟူက လူတွေ့စစ်ဆေးနေပြီး လူအုပ်ကြီးကို ကြည့်ကာ အနည်းငယ် ခေါင်းကိုက်နေပသည်။

ထို့အပြင် လည်ပင်းတွင် ဆွဲထားသော ရွှေရောင်ဆိုးထားသည့် သံကြိုးကြီးကလည်း ပို၍ နေရခက်စေသည်။ ကံကောင်းသည်မှာ ဘေးတွင် အလှပိုင်ရှင်လေးများ ရှိနေသဖြင့် မွှေးပျံ့သော ရနံ့များက စိတ်ကြည်လင် လန်းဆန်းစေရန် လုံလောက်နေ၏။

တစ်ယောက်ပြီးသွားသည်နှင့် နောက်တစ်ယောက်က အလျင်အမြန် ဝင်ထိုင်လိုက်ပြီး လေးစားအားကျသော အမူအရာဖြင့် ပြောလိုက်သည်။ "သိပ္ပံပညာရှင်ကြီး မင်္ဂလာပါ။ ကျုပ်က ထျန်ဝူပါ။"

မိုရှောင်ဟူသည် နေကာမျက်မှန်ကို ပင့်တင်လိုက်ပြီး မတတ်သာသည့်အလား ပြောလိုက်၏။ "အစ်ကိုကြီး ... ခင်ဗျား အသက် ငါးဆယ် ပြည့်နေပြီ မဟုတ်လား။"

"ကျုပ်က အသက် နှစ်ဆယ့်ခုနစ်နှစ်ပဲ ရှိသေးတယ်။ အလုပ်ကြမ်းတွေ လုပ်ရလို့ ရုပ်ရင့်နေတာပါ။"

"ကောင်းပြီ ... ထျန်ဝူ ဟုတ်တယ်နော်။ ကဲ ... စားပွဲပေါ်က စာလုံးတွေကို အရင် ဖတ်ပြစမ်းပါ။"

ထျန်ဝူသည် နှုတ်ခမ်းကို သပ်လိုက်ပြီး စာလုံးများကို ငုံ့ကြည့်လိုက်သည်။ နှစ်ချက်ခန့် ကြည့်ပြီးနောက် ခေါင်းမော့၍ ရှက်ရွံ့စွာဖြင့် ပြောလိုက်၏။ "ကျုပ် စာမတတ်ဘူး။"

"ကိစ္စမရှိဘူး ... ကျုပ် မေးမယ် ခင်ဗျား ဖြေ။ ရှစ်ဆယ့်ခုနစ် အပေါင်း နှစ်ဆယ့်သုံးက ဘယ်လောက်လဲ။ ချက်ချင်း ဖြေ။"

ထျန်ဝူသည် လက်ချိုးရေတွက်ကာ ဖြေလိုက်သည်။ "ကိုးဆယ့်ခြောက်လား။"

"နောက်တစ်ယောက်။"

ထျန်ဝူသည် အရှက်တကွဲဖြင့် ထွက်သွားခဲ့ရသည်။

မိုရှောင်ဟူသည် နားထင်ကို ပွတ်သပ်လိုက်၏။ တစ်မနက်ခင်းလုံး လူအများစုမှာ ဤကဲ့သို့ပင် ဖြစ်နေကြသည်။ စာမတတ်သလို တစ်ရာအောက် အပေါင်းအနုတ်များကိုပင် သေချာ တွက်ချက်နိုင်စွမ်း မရှိကြချေ။

တကယ်ကို ခေါင်းကိုက်စရာပင်။

ကံကောင်းသည်မှာ နောက်ရောက်လာသော သူတစ်ယောက်က မိုရှောင်ဟူကို စိတ်ဝင်စားမှု ပြန်လည် မြင့်တက်လာစေခဲ့သည်။

သူ၏ အရှေ့ရှိ လူငယ်လေးမှာ အကြိမ်ကြိမ် လျှော်ဖွပ်ထားပုံရသည့် ကွန်ဖြူးရှပ်ဝတ်စုံကို ဝတ်ဆင်ထားပြီး ဆင်းရဲနွမ်းပါးသော အငွေ့အသက်များ အပြည့် ရှိနေပေသည်။

သို့သော် သူ၏ မျက်လုံးများထဲတွင် တောက်ပမှုများ ရှိနေပြီး အလွန် ဉာဏ်ရည်ထက်မြက်မည့် ပုံပေါ်သည်။

"လူတွေ့စစ်ဆေးမယ့် ဆရာ မင်္ဂလာပါ။ ကျုပ်က ရှောင်လဲ့ထျန်ပါ။"

"ကောင်းပြီ ... စားပွဲပေါ်က စာတွေကို ဖတ်ပြစမ်းပါ။"

ရှောင်လဲ့ထျန်သည် ငုံ့ကြည့်လိုက်ပြီး မျက်လုံးများ တောက်ပသွားကာ ဖတ်ပြလိုက်၏။ "ဆာလောင်နေတဲ့ သူတစ်ယောက်က ပေါင်မုန့်ပေါ်ကို ခုန်အုပ်လိုက်သလိုပဲ၊ ကျုပ်ကလည်း စာအုပ်ပေါ်ကို ခုန်အုပ်လိုက်တယ်။ - ဖန်ကျန်းရီ။

ကျုပ် တစ်သက်လုံး အလုပ်တစ်ခုတည်းကိုပဲ လုပ်ခဲ့တယ်။ အဲဒါကတော့ တာ့ကျင်းကို ကြီးကျယ်ခမ်းနားတဲ့ အဆင့်ရောက်အောင် ကြိုးပမ်းအားထုတ်ဖို့ပဲ။ - ဖန်ကျန်းရီ။

လူတွေ အကုန်လုံးက မြင်းကံ ပါကြတယ်။ မြင်းတွေဟာ မတ်တပ်ရပ်လျက် သေဆုံးကြတယ်။ အသက်ရှူနေသရွေ့ အလုပ်လုပ်ရမယ်။ - အလုပ်သမားများသို့ ရည်ညွှန်းသည်။"

All Chapters