← Chapters

အခန်း ၃၉၃

Vol. 40 Ch. 393

အခန်း ၃၉၃

Vol. 40 Ch. 393

အပိုင်း (၃၉၃)

ထွက်ပေါ်နေသောအရှိန်အဝါသည် နံရံတစ်ဖက်မှသာဖြစ်သော်လည်း ဝမ်ရှန့်နတ်ဘုရားကမ္ဘာငယ် အတွင်းရှိ ပုံတူ အပိုင်းအစနံရံထက် အဆပေါင်း ထောင်သောင်းမက ပိုမို အစွမ်းထက်လှသည်။ ကျုံးရှန်သည် အရာအားလုံးကို သူတော်စင် နိုင်ငံထဲသို့ သိမ်းဆည်းလိုက်ပြီးနောက် မြေပြင်ပေါ်သို့ ဆင်းသက်လိုက်သည်။ ချင်ထျန်းတောင်ထွတ် ပျံသန်းထွက်ခွာသွားသော နေရာတွင် ကြီးမားလှသော တွင်းကြီးတစ်ခု ကျန်ရစ်ခဲ့ကာ ယခုအချိန်တွင် ရေများ စတင် စိမ့်ထွက်လာနေသည်။ မကြာမီအချိန်အတွင်း ထိုနေရာတွင် ရေကန်ကြီးတစ်ခု ဖြစ်ပေါ်လာပေလိမ့်မည်။ ကမ္ဘာဦး နဂါးနန်းတော်၏ နံရံသည် ထိုတွင်းကြီး၏ အောက်ဘက် အလွန် နက်ရှိုင်းသော နေရာတွင် တည်ရှိနေကာ ဝမ်ရှန့်ကုန်းမြေတိုက်ကြီး၏ အောက်ခြေမြေလွှာအတွင်း နစ်မြုပ်နေသကဲ့သို့ ဖြစ်နေသည်။ ကျုံးရှန်သည် တွင်းထဲသို့တိုက်ရိုက် ဆင်းသက်သွားလိုက်ကာ သူ၏ လက်နှစ်ဖက်ကို ဧရာမ လက်ဝါးကြီး နှစ်ဖက်အဖြစ် ပြောင်းလဲသွားစေပြီး နဂါးနန်းတော် နံရံကို လှမ်းဆွဲလိုက်သည်။ ဖြူဖွေးသန့်စင်နေသော လက်ဝါးကြီး နှစ်ဖက်သည် ရွှံ့ကစားနေသည့်အလား တွင်းကြီးထဲသို့ နစ်ဝင်သွားကာ မြေပြင်တစ်ခုလုံးတစ်ဖန် တုန်ခါလာပြန်သည်။ နံရံ၏ အလေးချိန်သည် အလယ်အလတ် ကမ္ဘာတစ်ခုကို သယ်ဆောင်ထားရသကဲ့သို့ အလွန်လေးလံပြီး ဆုပ်ကိုင်ရန် ခက်ခဲလှသည်။ ထို့ကြောင့် ဖြူဖွေးသော ဧရာမ လက်ဝါးကြီး နှစ်ဖက်သည် အားစိုက်မှသာ ကုန်းမြေတိုက်ကြီး၏ တုန်ခါမှုနှင့်အတူ နောက်ဆုံးတွင် ထိုနံရံကို အပြည့်အဝ ဆွဲထုတ်နိုင်လိုက်လေသည်။ ထိုနံရံသည် အလွန် ကြီးမားလှသော်လည်း ဧရာမ လက်ဝါးကြီး နှစ်ဖက်ထဲတွင်မူ ကျောက်ပြား တစ်ချပ်ကဲ့သို့ ဖြစ်နေ၏။ နံရံသည် အပြည့်အစုံ မဟုတ်ဘဲ အစိတ်အပိုင်းတစ်ခုသာ ဖြစ်သည်။ သာမန် လောက၏ အသုံးအနှုန်းဖြင့် ပြောရလျှင် ထိုသည်မှာ ဆောက်လုပ်ရေးအပျက်အစီး တစ်ခုမျှသာ ဖြစ်သည်။ သို့သော် ထိုကဲ့သို့သော အစိတ်အပိုင်းလေး တစ်ခုသည်ပင်လျှင် လွတ်မြောက်ခြင်းအဆင့် ရတနာများထက် သာလွန်သော စွမ်းအားများကို ပိုင်ဆိုင်ထားသည်။ ထိုအချက်မှ ကမ္ဘာဦး နဂါးနန်းတော် မပျက်စီးမီ အချိန်တွင် မည်မျှ အစွမ်းထက်သော စွမ်းအားများ ပိုင်ဆိုင်ထားမည်ကို စိတ်ကူးကြည့်ရန် ခက်ခဲလှသည်။ ကမ္ဘာဦး နဂါးနန်းတော် ကိုယ်တိုင်ကပင် မဟာကမ္ဘာများကို ကျော်လွန်သော တည်ရှိမှုတစ်ခု ဖြစ်နိုင်သည်။ သို့မဟုတ်ပါက နံရံတစ်ဖက်၏ အစိတ်အပိုင်းလေး တစ်ခုသည်ပင်လျှင် ထိုမျှ အံ့မခန်းဖွယ်ရာ စွမ်းအားများ ရှိနေခြင်းကို ရှင်းပြရ ခက်ခဲပေလိမ့်မည်။ ကျုံးရှန်သည် ဧရာမ လက်ဝါးကြီးများကို အသုံးပြု၍ နဂါးနန်းတော် နံရံကို လက်ထဲတွင် ဆုပ်ကိုင်ထားကာ အင်မော်တယ် စွမ်းအားများကို စတင် ထည့်သွင်းလိုက်သည်။ ယခုအချိန်တွင် သူ၏ စိတ်နှလုံး ကျင့်စဉ်အဆင့်သည် မြင့်မားသောအင်မော်တယ် စွမ်းအားများကို ထုတ်လွှတ်နိုင်ပြီ ဖြစ်သည်။ ပထမ အဆင့်သည် ပုံရိပ်ယောင်ထာဝရအဆင့် ဖြစ်ပြီး အဆင့်နိမ့်ဆုံး အင်မော်တယ်ဒြပ်စင် ဖြစ်သည်။ ဒုတိယ အဆင့်မှာ မြူမှုန် ထာဝရအဆင့် ဖြစ်ကာ အနည်းငယ် စစ်မှန်သည့် အင်မော်တယ်ဒြပ်စင်များကိုဆိုလိုသည်။ တတိယ အဆင့်သည် အငယ်စား ထာဝရအဆင့် ဖြစ်ပြီး ထာဝရအရှင် အဆင့်ကို ထျန်းယွမ် အဆင့်သို့ ရောက်ရှိအောင် ကူညီပေးနိုင်သည်။ ကျုံးရှန် လက်ရှိ ထုတ်လွှတ်နိုင်သော အင်မော်တယ် ဒြပ်စင်စွမ်းအားအဆင့်မှာ အငယ်စား ထာဝရအဆင့် ဖြစ်သည်။ ထို့ကြောင့်သာ သူသည် လက်တစ်ချက် အဝှေ့ဖြင့် ကောင်းကင်အရှင် အဆင့်ရှိ အစွမ်းထက် ပုဂ္ဂိုလ်များကို ဖိနှိပ်နိုင်ပြီး ထာဝရ အဆင့်ရှိ ပုဂ္ဂိုလ်များကို အနိုင်ယူနိုင်ခြင်းဖြစ်သည်။ သူ၏စွမ်းအင်သည် ထျန်းယွမ် အဆင့်ရှိ ပုဂ္ဂိုလ်များနှင့်ပင် ရင်ပေါင်တန်းနိုင်စွမ်းရှိ၏။ ကျုံးရှန်၏ နားလည်သဘောပေါက်မှုများ သာ တစ်ဆင့်ပြီးတစ်ဆင့် ပိုမိုနက်ရှိုင်းလာပါက မကြာမီတွင် စတုတ္ထအဆင့်ဖြစ်သော စစ်မှန်သော ထာဝရအဆင့် နှင့် မဟာတည်မြဲခြင်းထာဝရအဆင့် ဟူသော ပဉ္စမအဆင့်တို့၏ လျှို့ဝှက်ချက်များကို နားလည်လာနိုင်‌ ပေလိမ့်မည်။ ယခုအချိန်တွင် သူသည် အငယ်စား ထာဝရ (အင်မော်တယ်ဒြပ်စင်) စွမ်းအား များကို ကောင်းကင်နှင့်မြေကြီး နဂါးနန်းတော်၏ နံရံ အပိုင်းအစထဲသို့ အဆက်မပြတ် ထည့်သွင်းလိုက်သည်။ထိုအခါ နံရံတစ်ခုလုံးရှိ နဂါး ပုံစံ အမှတ်အသားများသည် စတင်အသက်ဝင်လာကာ လေထဲသို့ မြင့်တက်လာပြီး ကျုံးရှန်ကို ဝိုင်းရံ ဟိန်းဟောက်လိုက်ကြသည်။ ရှေးကျပြီး ခမ်းနားလှသော အသိအာရုံတစ်ခုသည် ကျုံးရှန်၏ ဦးနှောက်ထဲတွင် ထွက်ပေါ်လာ၏။ "ကမ္ဘာဦး နဂါးနန်းတော်" ထို့နောက်တွင် ကျုံးရှန် ထည့်သွင်းလိုက်သော အငယ်စား ထာဝရစွမ်းအားများသည် ရူးသွပ်စွာ ကုန်ဆုံးသွားသည်။ နံရံ အပိုင်းအစသည် ထာဝရ စွမ်းအားများကို မြိုချနေသည့် အဆုံးမရှိတွင်းနက်ကြီးအလားဖြစ်လာသည်။ ထိုအချိန်တွင် မပြည့်စုံသော အကန့်အသတ်မဲ့ ကမ္ဘာ့မြေပုံ တစ်ခုသည် ကျုံးရှန်၏ ဦးနှောက်ထဲတွင် လျှပ်တစ်ပြက် ပေါ်လာကာ နဂါးနန်းတော်၏ ပုံရိပ်လည်း ထွက်ပေါ်လာသည်။

ကမ္ဘာဦး နဂါးနန်းတော်သည် မူလတွင် ထိုအကန့်အသတ်မဲ့ ကမ္ဘာအတွင်းရှိ အလွန် အစွမ်းထက်သော အင်အားစုတစ်ခု ဖြစ်ပြီး မဟာကမ္ဘာတစ်ခုကို ဖန်တီးတည်ထောင်နိုင်စွမ်း ရှိကာ အကန့်အသတ်မဲ့ ကမ္ဘာတစ်ခုလုံးကိုပင် လွှမ်းမိုး ချုပ်ကိုင်နိုင်စွမ်းရှိခဲ့သည်။ သို့သော် မည်သည့် ဘေးဒုက္ခမျိုးနှင့် ကြုံတွေ့ခဲ့ရသည်မသိဘဲ ထိုအကန့်အသတ်မဲ့ ကမ္ဘာတစ်ခုလုံးသည် ရုတ်တရက် ပျက်စီးသွားကာ ရူးသွပ်စွာ စတင် ကျယ်ပြန့်လာခဲ့သည်။ ထိုကမ္ဘာကြီးသည် တဖြည်းဖြည်း ပြောင်းလဲလာကာ အဆပေါင်း များစွာကြီးမားလာပြီး စကြဝဠာများစွာ အဖြစ်သို့ ဆင့်ကဲပြောင်းလဲသွားခဲ့လေသည်။ သို့သော် ကမ္ဘာဦး နဂါးနန်းတော်သည် ပျက်စီးသွားခဲ့ကာ ယင်း၏အကြွင်းအကျန် အပိုင်းအစများသည် စကြဝဠာ အသီးသီး၏ နေရာအနှံ့အပြားသို့ ပြန့်ကျဲသွားခဲ့သည်။ များပြားလှသော သတင်းအချက်အလက်များ သူ၏စိတ်အာရုံအတွင်းသို့ စီးဝင်လာသည်နှင့်အမျှ ထာဝရ စွမ်းအား ကုန်ဆုံးမှုသည်လည်း ပိုမို ကြီးမားလာသည်။ နောက်ဆုံးတွင် ကျုံးရှန်ပင်လျှင် ထိုကဲ့သို့သော ကုန်ဆုံးမှုကို ဆက်လက် ခံနိုင်ရည် မရှိတော့ချေ။ သူ၏ စိတ်အာရုံထဲရှိနောက်ဆုံး မြင်ကွင်းမှာ ထိုအပိုင်းအစသည် စကြဝဠာပေါင်းများစွာကို ဖြတ်သန်းကာ လမ်းကြောင်း ဆုံမှတ်တစ်ခုတွင် တည်ရှိနေသော စကြဝဠာငယ်တစ်ခုသို့ ရောက်ရှိလာခြင်း ဖြစ်သည်။ ထို့နောက် ယင်းသည် ထူထပ်သော စကြဝဠာ ဓာတ်ငွေ့များကို ဖြတ်ကျော်ကာ ပိုင်ရွှီနယ်မြေ အပြင်ဘက်တွင် ပေါ်လာပြီး ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက် အတွင်းသို့ ကျဆင်းသွားခဲ့သည်။ ကျုံးရှန်သည် ထာဝရ စွမ်းအား ထည့်သွင်းခြင်းကို ရပ်တန့်လိုက်သည်။တိုတောင်းသော အချိန်လေးအတွင်း၌ပင် အနှီနံရံသည် ထာဝရအရှင် အဆင့်ရှိ အစွမ်းထက် ပုဂ္ဂိုလ်တစ်ဦးကို ဖန်တီးနိုင်သည့် အငယ်စား အင်မော်တယ်ဒြပ်စင် စွမ်းအားများကို စုပ်ယူသွားခဲ့ခြင်းဖြစ်သည်။ ကျုံးရှန်သည် နံရံကို ခန္ဓာကိုယ်အတွင်းရှိ သူတော်စင် နိုင်ငံထဲသို့ သိမ်းဆည်းလိုက်ကာ ခေါင်းတီးယက်စ်နတ်ဘုရားနွယ်ပင် ရစ်ပတ်ထားသော ချင်ထျန်းတောင်ထွတ်၏ ဘေးတွင် ချထားလိုက်သည်။ ထို့နောက် နံရံသည် သူတော်စင် နိုင်ငံ၏ အကာအကွယ်တံတိုင်းများနှင့် တစ်သားတည်း ပေါင်းစပ်သွားကာ သူတော်စင် နိုင်ငံ၏ တံတိုင်းများတွင် ထူးခြားသောအမှတ်အသားများစွာပေါ်ပေါက်လာပြီး ပိုမိုခိုင်မာ အစွမ်းထက်လာသည်။ ကျုံးရှန်သည် ထိုအရာအားလုံးကို လုပ်ဆောင်ပြီးစီးပြီးနောက် မူလနေရာမှ အလျင်စလို ထွက်ခွာသွားခြင်းမရှိချေ။ ဆန့်ကျင်ဘက်အနေဖြင့် သူသည် နေရာ၌ပင် မတ်တပ်ရပ်ကာ ကမ္ဘာဦး နဂါးနန်းတော် နံရံမှ ပေးပို့လာသော သတင်းအချက်အလက်များကို သူ၏ ဦးနှောက်ထဲတွင် စုစည်းနေလိုက်သည်။ အထူးသဖြင့် ကမ္ဘာဦး နဂါးနန်းတော် နံရံ စကြဝဠာငယ် တစ်ခုထဲသို့ ကျဆင်းသွားခဲ့သည့်နောက်ဆုံး မြင်ကွင်း ဖြစ်သည်။ ထိုစကြဝဠာငယ်အတွင်း၌ မဟာကမ္ဘာပေါင်း များစွာ ရှိနေကာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်သည် စကြဝဠာ၏ဗဟိုလမ်းကြောင်းပေါ်တွင် ကွက်တိ ကျရောက်နေသည်။ စကြဝဠာငယ်သည် ကမ္ဘာဦး နဂါးနန်းတော်၏ ပုံရိပ် မှတ်ဉာဏ်များထဲတွင် ဆံချည်မျှင် တစ်မျှင်ကဲ့သို့ သေးငယ်သော တည်ရှိမှုတစ်ခုသာ ဖြစ်ကာ မရေမတွက်နိုင်သော မဟာစကြဝဠာများနှင့် ဧရာမ စကြဝဠာကြီးများစွာ ဖြင့်ဝန်းရံခြင်းခံထားရသည်။ ထိုစကြဝဠာတစ်ခုချင်းစီတိုင်းသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက် တည်ရှိနေသော စကြဝဠာငယ်ထက် အဆပေါင်း မရေမတွက်နိုင်အောင် ပိုမို ကြီးမားကြသည်။ ထိုအခြေအနေသည် ကျုံးရှန်၏ စိတ်နှလုံးကို ဆွဲဆောင်သွားခြင်းဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူသည် ကမ္ဘာမြေပေါ်သို့ သွားရာလမ်းရှိ စကြဝဠာသည် မည်သည့် စကြဝဠာ ဖြစ်မည်ကို မသိရှိသောကြောင့် ဖြစ်သည်။ သူ၏ ယခင်ဘဝမှ လူသားများသည် စကြဝဠာကို လေ့လာ စောင့်ကြည့်မှုများ ပြုလုပ်ခဲ့ကြသည်။သို့သော် နည်းပညာ ကန့်သတ်ချက်များကြောင့် ကမ္ဘာမြေကြီး တည်ရှိနေသော စကြဝဠာသည် အလွန်ကြီးမားကြောင်း၊ အနည်းဆုံး မဟာကမ္ဘာ တစ်ခုထက် များစွာ ပိုမို ကြီးမားကြောင်းကိုသာ သိရှိခဲ့ကြသည်။ ကမ္ဘာမြေသည် သီးခြား တည်ရှိနေသော စကြဝဠာငယ် တစ်ခု ဖြစ်ရန် အလွန် ဖြစ်နိုင်ခြေ ရှိပေသည်။ ကျုံးရှန်သည် ကမ္ဘာမြေကြီးသို့ ပြန်လည်ရောက်ရှိနိုင်မည့် သဲလွန်စများကို ရှာဖွေရန် တစ်ခါမျှ မေ့လျော့ခဲ့ခြင်း မရှိချေ။ ယင်းသည် ကူးပြောင်းလာသူတစ်ဦးဖြစ်သည့် သူ၏ အစွဲအလမ်း တစ်ခုဟုဆိုရပေမည်။ သူသည် ကမ္ဘာမြေသို့ ပြန်လည်ရောက်ရှိနိုင်မည့် အစွမ်းအစများ ပိုင်ဆိုင်လာပါက ထိုအချိန်တွင် စကြဝဠာများနှင့် ကမ္ဘာကြီးများကြားသို့ သွားလာနိုင်ပေလိမ့်မည်။ ငါးငယ်လေး တစ်ကောင်သည် သမုဒ္ဒရာ၏ ကျယ်ပြန့်မှုကို မြင်တွေ့ပြီးသွားသောအခါ ကျဉ်းမြောင်းသော ရေမြောင်းလေးထဲတွင် ဆက်လက် နေထိုင်ရန် ဆန္ဒမရှိ‌ တော့သကဲ့သို့ ကျုံးရှန်၏ ယခုလက်ရှိ စိတ်နေသဘောထားသည်လည်း ထိုအတိုင်း ဖြစ်လာသည်။ သူသည် နဂါးမဲ့ နတ်ဘုရင်ကဲ့သို့ အဆုံးမဲ့ ဖြစ်နိုင်ခြေများကို ဖန်တီးနိုင်မည့် မှန်ကန်သော လမ်းကြောင်းတစ်ခုကို ဆုပ်ကိုင်ထားနိုင်ပြီ ဖြစ်သည်။ ထိုလမ်းကြောင်းမှာ စိတ်နှလုံး စွမ်းအားများကို ဖော်ထုတ်နိုင်ခြင်းပင် ဖြစ်သည်။ စိတ်နှလုံးစွမ်းအားများကိုထုတ်ဖော်ခြင်းသည် အဆုံးအစမရှိသော ကျင့်စဉ် လမ်းကြောင်းတစ်ခု ဖြစ်ကာ မည်သည့် ကျင့်စဉ် နည်းလမ်းများနှင့် အဟန့်အတားများကိုမျှ စိုးရိမ်ရန်မလိုအပ်ချေ။မိမိ၏ စိတ်နှလုံးကို ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ရန်သာ လိုအပ်လေသည်။"ကြည့်ရတာ... ငါ့ရဲ့ အစီအစဉ်တွေကို ပိုမြန်အောင် လုပ်မှ ရတော့မယ်" "ဝမ်ရှန့်နတ်ဘုရား ကမ္ဘာရဲ့အသိစိတ်က.. တစ်စုံတစ်ရာ အပြောင်းအလဲ ဖြစ်ပေါ်နေပုံရတယ်" "ငရဲ မဟာကမ္ဘာရဲ့ ကောင်းကင်တာအို သိစိတ်ကလည်း.. ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကို ဝါးမျိုပြီး အဆင့်မြှင့်တင်မယ့် အခွင့်အရေး ရယူဖို့ ကြံစည်နေပြီ" "မဟာကမ္ဘာကနေ သိစိတ်ဆန္ဒတွေ ထွက်ပေါ်လာတာက..မဖြစ်မနေ ဖြစ်လာမယ့် အရာတစ်ခုပဲ" "ဒါပေမဲ့ ကိုယ်ပိုင် ဆန္ဒအသိ ရှိလာတဲ့ ကမ္ဘာက သေချာပေါက် မဖြူစင်နိုင်တော့ဘူး" ကျုံးရှန်သည် မူလနေရာတွင် ရပ်ကာ တီးတိုး ရေရွတ်လိုက်သည်။ ချင်ထျန်းတောင်ထွတ်နှင့် ကမ္ဘာဦး နဂါးနန်းတော်၏ နံရံတို့ အင်မော်တယ်တစ်သန်းတောင်တန်းအတွင်းမှ ခွာထုတ်ခြင်း ခံလိုက်ရလျှင် ထိုတောင်တန်းတစ်ခုလုံး ဝိညာဉ်စွမ်းအင် တစ်မျိုး ဆုံးရှုံးသွားကာ ကံကြမ္မာ အခွင့်အရေးများသည် အကြီးအကျယ် စတင် ယိုစိမ့် လာသည်။ မူလတွင် အင်မော်တယ်တစ်သန်း တောင်တန်းသည် ပထမတန်းစား နတ်ဘုရားနယ်မြေ တစ်ခုအဖြစ် သတ်မှတ်နိုင်ကာ ထိုနေရာသို့ ဝင်ရောက်မိသူ အများအပြားသည် ထူးခြားသော ကံကြမ္မာများနှင့် အခွင့်အရေးများကို ရရှိကြလေ့ရှိသည်။ သို့သော် ယခုအခါ အင်မော်တယ်တစ်သန်းတောင်တန်း၏ ကံကြမ္မာများသည် စတင် ယိုစိမ့်ပျောက်ဆုံးလာပြီ ဖြစ်ကာ ထူးခြားသော ဝိညာဉ်အငွေ့အသက်များ မရှိတော့ချေ။ ထိုအခါ အသက်ဝင်လာသော အမွေအနှစ် အများအပြားသည် အလင်းတန်းများအဖြစ် ပြောင်းလဲ၍ အင်မော်တယ်တစ်သန်းတောင်တန်းမှထွက်ခွာသွားကာ သူတို့နှင့် ရေစက်ပါသူများကို ကိုယ်တိုင် ရှာဖွေကြတော့သည်။ ကျုံးရှန်သည် ထိုရတနာများကို သွားရောက် လုယူခြင်း မရှိသကဲ့သို့ တားဆီးခြင်းလည်း မပြုပေ။ သူ၏ ယခုလက်ရှိ အစွမ်းအစနှင့် ကျင့်စဉ်အဆင့်ဖြင့် ထိုကဲ့သို့သော ဝိညာဉ်အငွေ့အသက် ပါသည့် ကံကြမ္မာ အခွင့်အရေးများကို မျက်စိကျခြင်း မရှိတော့သောကြောင့်ဖြစ်သည်။ သို့ဖြင့် ကျုံးရှန်သည်လည်း တွင်းထဲမှထွက်ကာ အင်မော်တယ်တစ်သန်း‌တောင်တန်းနယ်မြေမှ ထွက်ခွာသွားတော့သည်။

All Chapters