← Chapters

အခန်း ၃၉၄

Vol. 40 Ch. 394

အခန်း ၃၉၄

Vol. 40 Ch. 394

အပိုင်း (၃၉၄)

ယခုတစ်ကြိမ်တွင် ကျုံးရှန်၏ ပစ်မှတ်မှာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက် အနောက်ဘက်နယ်စပ်ရှိ နီကျိုးပြည်နယ် ဖြစ်သည်။ ထိုနေရာတွင် ဆိုးယုတ်သော မိစ္ဆာသန္ဓေသား တစ်ခု တည်ရှိနေကာ ထိုအရာသည် ရှန်းဝူရှန့်၏ အစစ်အမှန်ကိုယ်ထည်လည်း ဖြစ်သည်။ မိစ္ဆာသန္ဓေသားသည် ဆိုးယုတ်သောအတွေးများ ပေါင်းစည်းသွားခြင်းမှ မွေးဖွားလာသည့် အရာတစ်ခု ဖြစ်သည်။သို့သော်လည်း မွေးကင်းစ ကလေးငယ် တစ်ဦးတွင် အကောင်းနှင့်အဆိုး ခွဲခြားနိုင်သည့် အသိအမြင် မရှိသေးချေ။ ယင်းသည် မီးမွှေးပေးမည့် စနက်တံ တစ်ခု ရှိရုံဖြင့် ပေါက်ကွဲထွက်သွားနိုင်သဖြင့် မှန်ကန်သော လမ်းပြမှု တစ်ခု လိုအပ်နေသည်။ ထိုအချက်ကို ကျုံးရှန်သည် ဝမ်ရှန့်နတ်ဘုရားကမ္ဘာငယ် အတွင်း၌ လေ့လာခဲ့ပြီး ဖြစ်ကာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက် အတွင်း၌လည်း ထိုအတိုင်း လုပ်ဆောင်ရန် ဆုံးဖြတ်ထားသည်။ သူသည် မိစ္ဆာသန္ဓေသားကို ဖြောင်းဖျ ပြောင်းလဲကာ ယဉ်ပါးအောင် ဆုံးမမည်။ ထို့နောက်တွင် ရှန်းဝူရှန့် ဟူသော ကလေးငယ်နှင့် ပေါင်းစပ်ပေးကာ ကောင်းကင်အောက်တွင် ပြိုင်ဘက်ကင်းသော တည်ရှိမှု တစ်ခု ဖြစ်လာစေမည်ဖြစ်၏။ ယခုအချိန်တွင် တစ်စုံတစ်ယောက်သည် ထိုမိစ္ဆာသန္ဓေသားကို ရှာဖွေတွေ့ရှိသွားပုံရကာ အင်အားစု အချို့သည် နီကျိုးပြည်နယ် အတွင်း၌ စုဝေးနေကြလေသည်။ သူတို့သည် အတူတကွ စုရုံးကာ မိစ္ဆာသန္ဓေသား တည်ရှိနေသည့် ယင် စွမ်းအင် မြေကြောတည်ရှိရာတောင်ကြီးကို ဖောက်ခွဲနေကြသည်။ မကြာမီအချိန်အတွင် သူတို့သည် ထိုနေရာကိုတွေ့သွားတော့မည်ဖြစ်သဖြင့် ကျုံးရှန်၌ နှောင့်နှေးကျန့်ကြာနေရန် အချိန်မရှိတော့ချေ။ အတိတ်တွင် နီကျိုးသည် ရှန့်ကျိုးပြည်နယ်အတွင်း၌ မိစ္ဆာနယ်မြေနှင့် ချိတ်ဆက်ထားဖူးသော နေရာတစ်ခု ဖြစ်ခဲ့သည်။ ရှန့်ကျိုးပြည်နယ် ဝမ်ရှန့်ကုန်းမြေတိုက်ထဲသို့ ကျဆင်းလာပြီးနောက်တွင်မူ နီကျိုးပြည်နယ်၏ တည်နေရာသည် အနောက်ဘက်စီရင်စုအတွင်းဝင်ရောက်သွားသည်။ နေဝင်ရာ အနောက်ဘက်အရပ်သည် ယင်စွမ်းအင် အလွန်အမင်း ထူထပ်လှပြီး ဝမ်ရှန့်ကုန်းမြေတိုက် တစ်ခုလုံး၏ ယင်စွမ်းအင်မြေကြော တည်ရှိရာနေရာလည်း ဖြစ်သည်။ ဆိုရိုးအရ လောကတွင် ယင်နှင့်ယန် ဟူ၍မျှခြေရှိပြီး အကောင်းနှင့်အဆိုးသည် ဆန့်ကျင်ဘက် ဖြစ်တည်နေကြသည်။ ဆိုးယုတ်မှုရှိလျှင် တရားမျှတမှုရှိပြီး အမှောင်ရှိလျှင် အလင်းရှိသည်။ သို့သော်လည်း အမှောင်ဘက်ခြမ်းကိုမူ လူသားတို့ သတိမထားမိတတ်ကြချေ။မှောင်မိုက်ခြင်း၊ ဆိုးယုတ်ခြင်းနှင့် အပြစ်ဒုစရိုက် ဟူသော မကောင်းသည့် အရာများသည် အမှန်တကယ် တည်ရှိနေသောအရာများဖြစ်ပြီး ကမ္ဘာကြီး၏ စိတ်ခံစားမှုနယ်ပယ် တစ်ဝက်နီးပါးကို လွှမ်းမိုးထားသည်။ ယင်းသည် လူတို့ အလွယ်တကူ လျစ်လျူရှုမိတတ်သော အစွမ်းထက် စွမ်းအားတစ်ခုပင်ဖြစ်သည်။ ကျင့်ကြံခြင်းလောကရှိ လူအများစုသည် အကောင်းအဆိုး၊ အမှားအမှန် ဟူ၍ အသေအချာ ခွဲခြားခြင်း မရှိပေ။

ဖြောင့်မတ်သော ကျင့်စဉ်များကို ကျင့်ကြံသည့် ကျင့်ကြံသူအချို့သည်ပင် မိစ္ဆာကျင့်စဉ် ကျင့်ကြံသူများကဲ့သို့ ရိုးရှင်းသောစိတ်သဘောထားမရှိဘဲ အချင်းချင်း လုယက်သတ်ဖြတ်ခြင်းများကို မကြာခဏ လုပ်ဆောင်လေ့ ရှိကြသည်။ ထို့ကြောင့် ငရဲပြည်တွင် အချင်းချင်း သတ်ဖြတ်နေကြသော မိစ္ဆာများနှင့် ဝမ်ရှန့်ကုန်းမြေတိုက်တွင် အချင်းချင်း သတ်ဖြတ်နေကြသော လူသားမျိုးနွယ်များကြား၌ ကွာခြားမှုမရှိချေ။ မကောင်းမှုပြုသူများသည် မိစ္ဆာများနှင့် အလားတူပင် ဖြစ်သည်။ ဖြောင့်မတ်သော လမ်းစဉ်သည် အပေါ်ယံတွင် ပွင့်လင်းတရားမျှတသည်ဟု ထင်ရသော်လည်း အမှန်စင်စစ်တွင်မူ အရာအားလုံးသည် မိမိ၏ တစ်ကိုယ်ကောင်းဆန်သော လောဘအတွက်သာ ဖြစ်သည်။ ကျင့်ကြံခြင်းလောကမှလူများသည် ပိုမို သန်မာလာစေရန်အတွက် အခြားသူများကို စတေးရန် ဝန်လေးကြခြင်းမရှိပေ။ ထို့ကြောင့် ကျင့်ကြံခြင်းလောက၌ အကောင်းအဆိုးဟူ၍ ရှင်းလင်းစွာသတ်မှတ်ထားမှု မရှိခြင်းဖြစ်သည်။ လူတစ်ယောက်သည် လူကောင်းဖြစ်နိုင်သကဲ့သို့ မိစ္ဆာလည်း ဖြစ်သွားနိုင်သည်။ ရွေးချယ်မှုဟူသည် မိမိ၏လိုအင်ဆန္ဒ ၊ အတွေ့အကြုံများအပေါ်မူတည်၍ပြောင်းလဲသွားခြင်းသာဖြစ်သည်။ ဥပမာအားဖြင့် မိစ္ဆာသန္ဓေသားသည် ကောင်းကင်နှင့်မြေကြီး၏ ဆိုးယုတ်သော အတွေးများနှင့် မကောင်းသော စိတ်ဆန္ဒများ စုစည်းကာ ဖြစ်ပေါ်လာသော သန္ဓေသားဟု ဆိုသော်လည်း မှန်ကန်သော လမ်းပြမှုတစ်ခု ပေးနိုင်မည်ဆိုပါက သူ၏ အသိစိတ်သည် မကောင်းသော အတွေးများကို ထိန်းချုပ်ပြောင်းလဲပစ်နိုင်လေသည်။ ထိုသည်မှာ ခပ်သိမ်းသော သက်ရှိတို့သည် စိတ်အလိုအတိုင်း ဖြစ်တည်သည်ဟူသော သဘောတရားကို ဆိုလိုသည်။ ကျုံးရှန်သည် နီကျိုးပြည်နယ်ဆီသို့ ထွက်ခွာလာခဲ့ကာ သူ၏ ခြေလှမ်းတစ်လှမ်းချင်းစီတိုင်းသည် ပြည်နယ်ပေါင်း ဒါဇင်ပေါင်းများစွာကို ဖြတ်ကျော်သွားသည်။ ခြေလှမ်းအနည်းငယ်မျှအကြာတွင် သူသည် နီကျိုးပြည်နယ်၏ ကောင်းကင်ယံထက်တွင် ပေါ်လာသည်။ နီကျိုးပြည်နယ်သို့ ရောက်ရှိသည်နှင့် ကျုံးရှန်သည် မိစ္ဆာသန္ဓေသား ပေါ်ထွက်လာမည့် နေရာ၌ လူအမြောက်အမြား ဝိုင်းအုံနေကြသည်ကို တွေ့လိုက်ရသည်။နိယာမအဆင့်သို့ စတင်ဝင်ရောက်ကာစ ကျင့်ကြံသူများအပါအဝင် နတ်ဘုရားအထွတ်အထိပ်အဆင့် ရှိသော ကျွမ်းကျင်သူများအထိ စုံလင်စွာ စုဝေးနေကြခြင်းဖြစ်သည်။ ထိုသို့ဖြစ်ရခြင်းမှာ ဝမ်ရှန့်ကုန်းမြေတိုက်၏ ကောင်းကင်နှင့်မြေကြီး အပြောင်းအလဲဖြစ်ပေါ်ကာ ကံကောင်းခြင်း စွမ်းအင်များ ပေါက်ကွဲထွက်လာသည်မှစ၍ စစ်မှန်သော နတ်ဘုရား အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူများပေါများလာခြင်း‌ ကြောင့်ဖြစ်သည်။ အမှန်စင်စစ်တွင် ဝမ်ရှန့်ကုန်းမြေတိုက်၌ ကျွမ်းကျင်သူများ ရှားပါးခြင်းမရှိခဲ့ဖူးပေ။ မဟာကမ္ဘာ၏ စည်းမျဉ်းနိယာမများကြောင့် ဝမ်ရှန့်ကုန်းမြေတိုက်ရှိ ကျွမ်းကျင်သူများ၏ သက်တမ်းသည် အလွန်အမင်း ရှည်လျားလှကာ နတ်ဘုရားအဆင့် အထွတ်အထိပ်သို့ ကျင့်ကြံနိုင်သရွေ့ နှစ်သန်းပေါင်း ရာချီသော သက်တမ်းကို ပိုင်ဆိုင်နိုင်မည် ဖြစ်သည်။ သူတော်စင်တစ်ပိုင်းအဆင့်များပင်လျှင် အနှစ်ငါးသောင်းမှ ခြောက်သောင်းအထိ အသက်ရှင်နိုင်ပြီး သက်တမ်းတိုး ဆေးလုံးများနှင့် ရတနာအချို့ကို သုံးစွဲမည်ဆိုပါက အနှစ်တစ်သိန်းအထိ နေထိုင်ရန် ပြဿနာမရှိချေ။ ယင်း၏ ရလဒ်အနေဖြင့် ကျွမ်းကျင်သူအမြောက်အမြားသည် ကံကြမ္မာများ အပြောင်းအလဲဖြစ်ပေါ်ချိန်တွင် ပုန်းကွယ်နေကြပြီး အများစုသည် နှစ်သန်းပေါင်းများစွာသော အချိန်ကာလကို ဖြတ်သန်းရှင်သန်ခဲ့ကြသည်။ သို့သော် လွတ်မြောက်ခြင်းအဆင့်၏ အတားအဆီးကို ဖောက်ထွက်ရန်မူလွယ်ကူခြင်းမရှိချေ။ အချိန်ကြာလာသည်နှင့်အမျှ ဝါရင့်ကျွမ်းကျင်သူအမြောက်အမြားသည် နတ်ဘုရားအဆင့် အထွတ်အထိပ်၌သာ တစ်ဆို့နေခဲ့ကြသည်။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်(တစ်သောင်းသောနတ်ဘုရားတို့စုဝေးရာအရပ်)ဟု ခေါ်တွင်ရခြင်းမှာလည်း ထိုအချက်နှင့် သက်ဆိုင်နေပေသည်။ယခုကဲ့သို့ နတ်ဘုရားအဆင့်များ နေရာအနှံ့ ရှိနေပြီး အထွတ်အထိပ်အဆင့်များ အလွန် ပေါများနေသည့် အခြေအနေသည် ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်၏ အစစ်အမှန်ပုံစံဟုဆိုရပေမည်။ ကျင့်ကြံခြင်းအဆင့် အမျိုးမျိုးရှိကြသော ကျင့်ကြံသူများသည် ယခုအခါ တစ်နေရာတည်းတွင် စုဝေးနေကြပြီး တောင်တန်းတစ်ခုဆီသို့ အာရုံစိုက်ကြည့်ရှုနေကြသည်။ သူတို့၏ အာရုံများစုဝေးရောက်ရှိနေသည့်တောင်တန်းကြီး၏ တစ်ဝက်ကျော်သည် တူးဖော်ဖောက်ခွဲထားခံရပြီးဖြစ်သဖြင့် တွင်းကြီးတစ်ခုအသွင် ဖြစ်ပေါ်နေသည်။ ယခုအချိန်တွင် ထိုတွင်းဝမှ ဆိုးယုတ်လှသော အနက်ရောင်အလင်းတန်း အမြောက်အမြား အပြင်သို့ စိမ့်ထွက်နေ၏။ထိုအနက်ရောင်အလင်းကို မြင်ရုံမျှဖြင့် ထိုတွင်းထဲ၌ မည်မျှဆိုးယုတ်သော အရာမျိုးကို မွေးဖွားပေးနေသည်ကို ခန့်မှန်းနိုင်ပေသည်။ ယင်းသည် ဆိုးယုတ်သော ရတနာတစ်မျိုး ဖြစ်ရန် ကိုးဆယ်ရာခိုင်နှုန်း သေချာနေပြီး တစ်စုံတစ်ဦးသာပိုင်ဆိုင် ရရှိသွားပါက ထိုသူသည် ကြီးမားသော စွမ်းအားကို ပိုင်ဆိုင်လာမည်ဖြစ်သည်။ ထိုသည်မှာ ကျင့်ကြံခြင်းလောက၏ အခြေခံဗဟုသုတတစ်ခုပင်ဖြစ်သည်။

ရတနာဖြစ်စေ၊ ကျင့်စဉ်ဖြစ်စေ ဆိုးယုတ်မှုအရှိန်အဝါကြီးမားပါက မြင့်မားသောအလားအလာနှင့် စွမ်းရည်များ ကိုပေးစွမ်းနိုင်‌သည်။ ကျင့်ကြံသူတို့သည်ဆိုးယုတ်သော အတွေးများ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်လာမည့်အရေးကို ဂရုစိုက်ကြခြင်းမရှိဘဲ ပိုမို သန်မာလာမည်ဆိုပါက မည်သည့်အရာကိုမဆို လုပ်ဆောင်ရန်ဝန်လေးမည်မဟုတ်ချေ။ တောင်အနီးတစ်ဝိုက်၌ ရှိနေသော လူတိုင်း၏ စိတ်နှလုံးထဲတွင် သူတော်ကောင်းစိတ်နှင့် မိစ္ဆာစိတ်သည် တစ်ပြိုင်နက်တည်း တည်ရှိနေပြီး ယခုအချိန်တွင် မိစ္ဆာစိတ်သည် ပို၍ လွှမ်းမိုးနေသည်။ အပေါ်ယံတွင် တည်ငြိမ်ဖြောင့်မတ်ပုံရသော ကျင့်ကြံသူများ၏ လက်ထဲတွင် အသက်ပေါင်း မည်မျှ ဆုံးရှုံးခဲ့ရသည်ကို မည်သူမျှ မသိနိုင်ချေ။ ကျုံးရှန်သည် လက်လှမ်း၍ မိစ္ဆာသန္ဓေသားကို တိုက်ရိုက် ဆွဲယူရန် ပြင်လိုက်စဉ် ရုတ်တရက် အောက်ဘက်မှ ဆူညံသံများထွက်ပေါ်လာကာ မြေပြင်တုန်ခါသွားသည်။ ထိုလူများသည် ယင်မြေကြောကို တူးဖော်မိသွားခြင်းဖြစ်ပြီး ဆိုးယုတ်သော အနက်ရောင်အလင်းတန်းများ ပိုမိုထွက်ပေါ်လာကာ ကုန်းမြေတိုက်ကြီးတစ်ခုလုံးသို့ပျံ့နှံ့သွားသည်။ ထွက်ပေါ်လာသောအနက်ရောင်အလင်းတန်းများ၏အရှိန်အဝါသည် ကမ္ဘာဦး နဂါးနန်းတော် နံရံစတင်ထွက်ပေါ်လာချိန်ကဖြစ်ပေါ်လာသည့် အရှိန်အဝါနှင့်ပင် နှိုင်းယှဥ်နိုင်၏။ တစ်ခုတည်းသောကွာခြားချက်မှာ ကမ္ဘာဦး နဂါးနန်းတော်နံရံသည် ရွှေရောင် အလင်းတန်းများ ဖြစ်သော်လည်း ယခုအရာသည် လမိုက်ည၏အမှောင်ထုကိုပါ ဝါးမျိုနိုင်သော ဆိုးယုတ်သည့် အလင်းတန်းများ ဖြစ်နေခြင်းဖြစ်သည်။ ယင်းတို့၏ သဘောသဘာဝသည် အခြေခံအားဖြင့် ကွာခြားလှပေသည်။ ယခုအချိန်တွင် နီကျိုးပြည်နယ်ကို အာရုံစိုက်နေကြသူများသည် သာမန်ကျင့်ကြံသူများသာ မဟုတ်တော့ဘဲ ဝမ်ရှန့်ကုန်းမြေတိုက်၏ ဆိုးယုတ်လှသော ရှေးဟောင်းမိစ္ဆာကြီးများ စုစည်းထားသည့် နတ်ဘုရားသတ်ဖြတ်ရေးအဖွဲ့ လည်း ပါဝင်လာသည်။ ထိုအထဲတွင် ဝမ်ရှန့်ကုန်းမြေတိုက်၏ အဆိုးဆုံး မိစ္ဆာကြီးဖြစ်သော ရှင်းရှန်စီ၊ ကျို့လီမျိုးနွယ်စု၏ အရှင်သခင် ချီယိုမိစ္ဆာဘုရင်၊ ကပ်ရောဂါများကို စိုးမိုးသော ကပ်ရောဂါအရှင်သခင်၊ ဘေးဒုက္ခများကို အစိုးရသော ဘေးဒုက္ခအရှင်သခင် နှင့် အလယ်အလတ်ကမ္ဘာတစ်ခုလုံးကို မီးရှို့ဖျက်ဆီးခဲ့ဖူးသော ကမ္မမီးတောက် ရူးသွပ်အရှင်သခင် (ယဲ့ဟော်) တို့ ပါဝင်သည်။ ထိုသူများသည် ဝမ်ရှန့်ကုန်းမြေတိုက်၏ ရှေး ဟောင်းခေတ်တွင်ချုပ်နှောင်ခြင်း ခံထားရသော ဆိုးယုတ်သည့် တည်ရှိမှုများ ဖြစ်ကြသည်။ ထိုမိစ္ဆာများသည် လွတ်မြောက်လာပြီး မကြာမီ၌ပင် နတ်ဘုရားအဆင့်၏ အတားအဆီးကို အသီးသီး ဖောက်ထွက်နိုင်ခဲ့ကြကာ ကောင်းကင်အရှင် အဆင့်ရှိ ကျွမ်းကျင်သူများ ဖြစ်လာကြပြီဖြစ်သည်။ ထို့နောက်သူတို့သည် ပူးပေါင်းသွားကြကာ နတ်ဘုရားသတ်ဖြတ်ရေးအဖွဲ့ ကို ဖွဲ့စည်းတည်ထောင်ခဲ့ကြသည်။ တစ်ချိန်တည်းတွင် သူတို့သည် ဝမ်ရှန့်ကုန်းမြေတိုက်တစ်ခုလုံးတွင် အစွမ်းထက်ဆုံးသော အင်အားစုများထဲမှ တစ်ခု ဖြစ်လာခဲ့သည်။ကုန်လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်အတွင်း သူတို့သည် အရင်းအမြစ်မြောက်မြားစွာကို လက်ဝါးကြီးအုပ်သိမ်းပိုက်ခဲ့ပြီး ကြီးမားသော အင်အားစုတစ်ခုအဖြစ် ကြီးထွားလာကာ ဂိုဏ်းအဖွဲ့အစည်းများစွာ၏ ကြောက်ရွံ့ရသော တည်ရှိမှု ဖြစ်လာခဲ့သည်။ ကျုံးရှန်သည် ထိုအဖွဲ့အစည်း၏ အချက်အလက်များကိုစိတ်နှလုံးကွန်ရက်မှတစ်ဆင့် စုဆောင်းရရှိထားပြီး ဖြစ်သည်။ ရှေးဟောင်းမိစ္ဆာနတ်ဘုရားများဖြင့် ဖွဲ့စည်းထားသော နတ်ဘုရားသတ်ဖြတ်ရေးအဖွဲ့အစည်းသည် ကမ္ဘာဦးလောက၏ ဆိုးယုတ်မှုများကို ကိုယ်စားပြုသည်ဟု ဆိုနိုင်သည်။ သူတို့သည် အနက်ရောင်အလင်းတန်းများဝမ်ရှန့်နတ်ဘုရားကုန်း မြေတိုက်ကြီးတစ်ခုလုံးသို့ပျံ့နှံ့သွားလျှင် မိစ္ဆာသန္ဓေသားရှိရာသို့ ဦးတည်လာကြလေသည်။ ထိုမိစ္ဆာကြီးများ မိစ္ဆာသန္ဓေသားကို စိတ်ဝင်စားလာခြင်းသည် ထူးဆန်းမှုမရှိပေ။ အဘယ်ကြောင့်ဆိုသော် မိစ္ဆာသန္ဓေသားသည် ဆိုးယုတ်သော အတွေးများစုစည်းမှုမှ မွေးဖွားဖြစ်ပေါ်လာသည့် အဆိုးယုတ်ဆုံး ဖြစ်တည်မှုသာ ဖြစ် လေသည်။

All Chapters