အခန်း ၄၀၀
Vol. 40 Ch. 400
အပိုင်း (၄၀၀)
ထိုသဲလွန်စမှာ သူ၏ အောက်ဘက်ပင်လယ်ပြင်ရှိ ထျန်းလုံကျွန်း ဟု ခေါ်ဆိုသော နဂါးအသွင်ရှိနေသည့် ကျွန်းတစ်ကျွန်းတွင်ဖြစ်သည်။ ထိုကျွန်းပေါ်ရှိလူတိုင်းသည် အလွန် ထူးဆန်းလှပြီး နဂါးအသွင်ပြောင်းကျင့်စဉ် ဟုခေါ်သော ကျင့်စဉ်တစ်ခုကို ကျင့်ကြံထားကြသည်။ ကျင့်စဉ်တွင် ပိုပြီးအဆင့်မြင့်စွာ ကျင့်ကြံနိုင်ပါက ကောင်းကင်ယံတွင် ပျံသန်းနိုင်သော နတ်နဂါးအဖြစ် ပြောင်းလဲနိုင်သည်ဟု ဆိုထားကာ ကြီးမားသော လွတ်လပ်မှုနှင့် ကြီးမားသော ပျော်ရွှင်မှုကို ရရှိမည်ဟုပင် ဆိုကြသည်။ကျုံးရှန်သည် ထိုကျွန်းအောက်ရှိ မြေကြောထဲတွင် နဂါးစွမ်းအင် အနည်းငယ် ကိန်းအောင်းနေသည်ကို ခံစားမိလိုက်ခြင်းဖြစ်သည်။ စစ်မှန်သော နဂါးစွမ်းအင်။ ထိုကျွန်းသည် ဝမ်ရှန့်ကမ္ဘာငယ်လေးထဲတွင် မရှိခဲ့ချေ။ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၌ နှောင်းပိုင်းနှစ်သန်းပေါင်းများစွာသော အချိန်ကာလပြောင်းလဲမှုများကြားတွင် စစ်မှန်သော နဂါးဥမှ အလိုအလျောက် ပေါက်ဖွားဖြစ်တည်လာသော ကျွန်းတစ်ကျွန်း ဖြစ်ဟန်တူသည်။ ထို့ကြောင့် စစ်မှန်သောနဂါးဥနှင့် မလွဲမသွေ သက်ဆိုင်နေမည်ဖြစ်ကြောင်း ကျုံးရှန် အတိအကျ ကောက်ချက်ချလိုက်နိုင်သည်။ သူ၏ ခန္ဓာကိုယ် တစ်ချက်လှုပ်ရှားသွားကာ ကြယ်ပျံတစ်စင်းအလား အောက်ဘက်သို့ ထိုးဆင်းသွားပြီး ကျွန်း၏အောက်ခြေသို့ တိုက်ရိုက် ဝင်ရောက်သွားလိုက်သည်။ ကျွန်း၏ မြေကြောသည် ဝေလင်မြင်ကွင်းအရ နဂါးအသွင် ဖြစ်ပေါ်နေပြီဖြစ်သည်။ ထို့အပြင်မြေကြောထဲတွင် ရွှေရောင် စစ်မှန်သော နဂါးစွမ်းအင်အချို့ စီးဆင်းလည်ပတ်နေကာ မြေကြော၏ နဂါးခေါင်းနေရာ၌ နဂါးပုလဲတစ်လုံး တည်ရှိနေသည်။စစ်မှန်သော နဂါးဥ။ ထိုနဂါးဥသည် နှစ်သန်းပေါင်းများစွာ သဘာဝအလျောက် ပျိုးထောင်ခံရမှုအောက်တွင် အသက်ဝင်လှုပ်ရှားမှု အနည်းငယ်ပင် ရှိလာပြီဖြစ်ကာ နောက်ထပ် နှစ်သန်းပေါင်းများစွာ ကြာမြင့်ပါက သဘာဝအလျောက် နိုးထလာနိုင်ဖွယ် ရှိပေသည်။ ကျုံးရှန်သည် လက်ဆန့်ထုတ်ကာ ယင်းကို လှမ်းယူလိုက်သည်။ မြေကြော၏ ဖိနှိပ်မှုကြောင့် ထိုနဂါးဥသည် မည်သည့် ထူးခြားသောလက္ခဏာမှ ပေါက်ကွဲထွက်ပေါ်လာခြင်းမရှိဘဲ ကျုံးရှန်၏ သူတော်စင်နိုင်ငံထဲသို့ အလွယ်တကူ သိမ်းဆည်းခြင်း ခံလိုက်ရသည်။ သို့ဖြင့် ကျုံးရှန်သည် စစ်မှန်သော နဂါးဥအား လက်ဝယ်ရရှိသွားလေသည်။ ထိုအရာသည် ထျန်းယွမ်အဆင့်ကိုရောက်ရှိနိုင်မည့် အလားအလာကို ပိုင်ဆိုင်ထားကာ မဟာကမ္ဘာကိုပင် ကျော်လွန်နိုင်သော သက်ရှိ ဖြစ်သည်။ ဆက်လက်၍ ကျုံးရှန်၏ ရည်မှန်းချက်မှာ စစ်မှန်သော ဖီးနစ်ဥကို ရှာဖွေရန် ဖြစ်သည်။ အစစ်အမှန် နဂါးနှင့် ဖီးနစ်။ ထိုဖြစ်တည်မှုနှစ်ခုသည် ယင်နှင့် ယန် ဖြစ်ကာ ကောင်းကင်နှင့် မြေကြီးကြားရှိ ကြီးမြတ်သော နတ်ဘုရားသားရဲ နှစ်ပါးဖြစ်သည်။ အကယ်၍ ထိုနတ်ဘုရားသားရဲနှစ်ပါးကို တစ်နေရာတည်းတွင် စုစည်းနိုင်ပါက ကောင်းကင်နှင့်မြေကြီး၏ ယင်ယန် တာအိုလမ်းစဉ်ကို ပြီးပြည့်စုံစွာ စုစည်းမိသည်နှင့် တူညီပေမည်။ ကြီးမြတ်သော နတ်ဘုရားသားရဲနှစ်ပါး ပေါင်းစည်းသွားပါက စိတ်ကူး၍ပင်မရနိုင်သော အံ့မခန်းစွမ်းအားများကို ထုတ်ဖော်နိုင်စွမ်းရှိလာမည်ဖြစ်ကာ ထျန်းယွမ်အဆင့်အထက်ရှိ ကြောက်မက်ဖွယ်ကောင်းသော အဆင့်အတန်းတစ်ခုသို့ ရောက်ရှိနိုင်မည်ဖြစ်သည်။ ထို့ကြောင့် ကျုံးရှန်သည် ယင်းတို့အားလုံးကို မဖြစ်မနေ စုဆောင်းကာ သူတော်စင်နိုင်ငံထဲသို့ ထည့်သွင်းပြီး ပြုစုပျိုးထောင်ပေးရန် ကြံရွယ်ထားသည်။ ထိုသို့ပြုလုပ်ခြင်းဖြင့် သူတော်စင်နိုင်ငံအတွက် ထူးခြားသော မိုးမြေစည်းမျဉ်းနိယာမစွမ်းအားများကို ထပ်မံဖြည့်တင်းပေးမည် ဖြစ်သည်။
စစ်မှန်သော ဖီးနစ်ဥသည်လည်း ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီး၏ တောင်ဘက်တွင် ရှိနေ၏။ သို့သော်လည်း နန်ယွီကျွန်းစု၏ ပင်လယ်သမုဒ္ဒရာထဲတွင် မဟုတ်ချေ။ ယင်းသည် တောင်ဘက်ပိုင်းရှိ နန်ယန်စီရင်စု အတွင်းတည် ရှိနေသည်။ ထိုနေရာသည် မီးစွမ်းအင်မြေကြောများ စုစည်းနေသော နေရာဖြစ်ကာ ဝမ်ရှန့်နတ်ဘုရားကုန်းမြေတိုက်ကြီးထဲတွင် မီးစွမ်းအင် သဘာဝရှိသော ကျင့်စဉ်များကို လေ့လာကျင့်ကြံရန် အသင့်တော်ဆုံး နေရာများထဲမှ တစ်ခုအပါအဝင် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာသည် မီးစွမ်းအင်မြေကြောများ စုစည်းနေသည့် နေရာဖြစ်ရုံသာမက မီးဝိညာဉ်စွမ်းအားများလည်း ကိန်းအောင်းနေပြီး ဟုန်လျန်ယဲ့မီးတောက်၊ ဖုန်းဟွမ်ယွီမီးတောက်၊ နိဗ္ဗာန်မီးတောက် စသည့် ထူးဆန်းသော မီးဝိညာဉ်စွမ်းအားများ ရှိနေသည်။ ဝမ်ရှန့်ကမ္ဘာငယ်ပုံစံတူလေးထဲတွင် ထိုနေရာ၏ မြေကြောထဲ၌ စစ်မှန်သော ဖီးနစ်ဥတစ်လုံး ရှိနေခဲ့သည်။ ထိုနေရာကို ဒုတိယ မှတ်တိုင်အဖြစ် သတ်မှတ်လိုက်ရခြင်းမှာ နန်ယန်စီရင်စုသည် ကုန်ဆုံးခဲ့သည့်နှစ်သန်းပေါင်းများစွာအတွင်း သိသာထင်ရှားသော အပြောင်းအလဲများ မရှိသလောက် နည်းပါးသောကြောင့် ဖြစ်သည်။ နန်ယန်စီရင်စုသည် ကုန်ဆုံးခဲ့သည့်နှစ်သန်းပေါင်းများစွာအတွင်း တောင်ပိုင်းပင်လယ်မှ ကျွန်းစုများကဲ့သို့ အဆက်မပြတ် ပြောင်းလဲနေခြင်းမျိုး မဟုတ်ချေ။ သို့သော် ယခုအချိန်တွင် နန်ယန်စီရင်စုသည် ကမောက်ကမ အခြေအနေများကြားတွင် ရောက်ရှိနေ၏။ထိုနေရာရှိ ဇာတိမျိုးနွယ်စုဖြစ်သည့် မွေးရာပါမီးဝိညာဉ်မျိုးနွယ်စုသည် လူသားမျိုးနွယ်များနှင့် အင်တိုက်အားတိုက် စစ်ပွဲဆင်နွှဲနေကာ စီရင်စုတစ်ခုလုံးသည် စစ်တလင်း ဖြစ်နေပြီဖြစ်သည်။ ထိုမျှမကကြီးမားသော စစ်ပွဲကြီးသည် အနီးအနားရှိ စီရင်စုအချို့သို့တိုင် ကူးစက်ပျံ့နှံ့နေခဲ့ကာ မြေပြင်တစ်ခုလုံး တုန်ခါနေပြီး နေရာတိုင်းတွင် ချော်ရည်ပူလှိုင်းလုံးကြီးများ ပေါက်ကွဲထွက်ပေါ်နေသည်။ မွေးရာပါမီးဝိညာဉ်များနှင့် မီးစွမ်းအင်ကျင့်စဉ်ကို ကျင့်ကြံသော လူသားကျင့်ကြံသူများ၏ တိုက်ပွဲသည် အလွန်တရာ ပြင်းထန်ပြီး ကြောက်မက်ဖွယ်ကောင်းလှသည်။စစ်မြေပြင်ရှိမြေအောက်မီးစွမ်းအင်မြေကြော အများအပြားသည် တိုက်ပွဲအဟုန်ကြောင့်ပေါက်ကွဲစေရန် လှုံ့ဆော်ခံလိုက်ရသည်။ သို့ဖြင့် မြေကြောထဲတွင် များပြားလှသော မီးဝိညာဉ်စွမ်းအားများ ပြင်းထန်စွာစုစည်းလာပြီး စီရင်စုအချို့ကို အချိန်မရွေး ပေါက်ကွဲသွားနိုင်သည့် ဧရာမ ယမ်းအိုးကြီးတစ်ခု ဖြစ်ပေါ်လာသည်။ အောက်ဘက်ရှိ မီးဝိညာဉ်စွမ်းအားများသာ အမှန်တကယ် ပေါက်ကွဲထွက်လာပါက နန်ယန်စီရင်စုအနီးရှိ စီရင်စုများအားလုံး အကြွင်းမဲ့ ဖျက်ဆီးခံလိုက်ရမည်ဖြစ်သည်။ထိုအခြေအနေများ၏ သက်ရောက်မှုကြောင့် နန်ယန်စီရင်စုမြေကြော၏ အငွေ့အသက်များသည် အလွန်အမင်း ကစဉ့်ကလျား ဖြစ်နေကာ ကျုံးရှန်ပင်လျှင် ထိုအထဲမှ စစ်မှန်သော ဖီးနစ်၏ သဲလွန်စများကို ရှာဖွေတွေ့ရှိနိုင်ရန် အလွန်ခက်ခဲနေတော့သည်။ 'ဒီနေရာက မီးဝိညာဉ်မြေကြောက သိပ် အခြေအနေမဟန်ဘူး...' 'အောက်ဘက်မှာ တိုက်ခိုက်နေကြတဲ့ မီးဝိညာဉ်မျိုးနွယ်စုနဲ့ မီးစွမ်းအင်ကျင့်ကြံသူတွေလည်း တစ်ခုခုမှားယွင်းနေတယ်...' ကျုံးရှန်သည် နန်ယန်စီရင်စု၏ ကောင်းကင်ယံထက်တွင် ရပ်တန့်ကာ အောက်ဘက်ရှိ တိုက်ပွဲမြင်ကွင်းကို အေးစက်စွာ စိုက်ကြည့်နေသည်။ မွေးရာပါမီးဝိညာဉ်များနှင့် လူသားကျင့်ကြံသူများ၏ အခြေအနေသည် အလွန်တရာ ထူးဆန်းလှ၏။ သူတို့၏ နတ်ဘုရားဝိညာဉ်များထဲတွင် ထူးဆန်းသော မီးတောက်အမှတ်အသားတစ်ခု ရှိနေကာ လူတိုင်း၏ မျက်လုံးများထဲတွင် ပြင်းထန်သော မီးတောက်များ တောက်လောင်နေသည်။ သူတို့သည် စိတ်နှလုံးထဲမှ ဒေါသများ ပေါက်ကွဲထုတ်နေကြခြင်းဖြစ်သည်။ မီးတောက်၏ ပြင်ပသဏ္ဌာန်သည် ပူပြင်းလောင်ကျွမ်းခြင်းဖြစ်ကာ အရာအားလုံးကို ပြာကျစေနိုင်စွမ်းရှိပြီး စိတ်နှလုံးသဏ္ဌာန်တွင်မူ ဒေါသကို ကိုယ်စားပြုသည်။ အောက်ဘက်ရှိ မွေးရာပါမီးဝိညာဉ်များနှင့် လူသားကျင့်ကြံသူများသည် ဒေါသစိတ်နှလုံးသဏ္ဌာန်ထဲသို့ ကျရောက်နေကြခြင်း ဖြစ်ကာ မီးတောက်များအလား ပြင်းထန်ကြမ်းတမ်းစွာ တိုက်ခိုက်နေကြသည်။ ထိုအခြေအနေသည် လုံးဝ ပုံမှန်မဟုတ်ပါချေ။တစ်စုံတစ်ရာသော စွမ်းအားတစ်ခုသည် အောက်ဘက်ရှိ မွေးရာပါမီးဝိညာဉ်များနှင့် လူသားကျင့်ကြံသူများကို ဒေါသတရားဟူသည့် စိတ်ခံစားမှုထဲသို့ နစ်မွန်းသွားစေကာ စစ်ပွဲကြီးကိုစတင်စေခဲ့ခြင်း ဖြစ်ဟန်ရှိသည်။ သူတို့၏ တိုက်ပွဲသည် အလွန်တရာ သွေးထွက်သံယိုမှု့များလှ၏။ စစ်ပွဲအတွင်း၌ အနိမ့်ဆုံး နိယာမအဆင့်ကျင့်ကြံသူများမှစ၍ နတ်ဘုရားအဆင့် အထွတ်အထိပ် ကျွမ်းကျင်သူများအထိ အချင်းချင်း အဆက်မပြတ် သတ်ဖြတ်တိုက်ခိုက်နေကြခြင်းဖြစ်သည်။ ထို့အပြင်စီရင်စုနယ်မြေတစ်ခုလုံး၏ မီးဝိညာဉ်မြေကြောသည်လည်း မတည်ငြိမ်သော အခြေအနေတစ်ခုတွင် ရှိနေပေသည်။ ကျုံးရှန် စောင့်ကြည့်နေစဉ်၌ပင် မီးတောက်အမှတ်အသားတစ်ခုသည် သူ၏ ခေါင်းထက်တွင် ထွက်ပေါ်လာကာ ထိုအရာသည် သူ၏ နတ်ဘုရားဝိညာဉ်ထဲသို့ ကျူးကျော်ဝင်ရောက်ရန် ကြိုးစားလာတော့သည်။'ဟား... တကယ်ပဲ တစ်ခုခုရှိနေတာကိုး...'
ကျုံးရှန်၏ နှုတ်ခမ်းထောင့်များ ကွေးတက်သွားကာ လက်ကိုဆန့်ထုတ်၍ ထိုမီးတောက်အမှတ်အသားကို ဖမ်းဆုပ်လိုက်သည်။ ထိုမီးတောက်အမှတ်အသားသည် ဝိညာဉ်အသိရှိနေပြီး ကျုံးရှန်၏ လက်ဝါးထဲမှ ရုန်းထွက်ရန် ကြိုးစားလာ၏။ ကျုံးရှန်သည် လက်ကို တစ်ချက်ညှစ်လိုက်သည်နှင့် ထိုမီးတောက်အမှတ်အသားသည် လေထဲတွင် လွင့်ပါးပျောက်ကွယ်သွားသည်။ သူသည် အမှတ်အသားမှတစ်ဆင့် အဓိကဇစ်မြစ်ကို ခြေရာခံလိုက်ခြင်းဖြစ်သည်။ ထိုမူလဇစ်မြစ်ဆိုသည့်အရာမှာ ကစဉ့်ကလျားဖြစ်နေသော မီးဝိညာဉ်မြေကြောထဲတွင် ပုန်းအောင်းနေသည့် စစ်မှန်သော ဖီးနစ်ပင် ဖြစ်သည်။ ထိုသတ္တဝါသည် လွန်ခဲ့သော နှစ်သန်းပေါင်းများစွာအချိန်ကတည်းကပင် ပေါက်ဖွားလာခဲ့ခြင်းဖြစ်ဟန်ရှိကာ နန်ယန်စီရင်စု၏ မြေကြောထဲတွင် ပုန်းအောင်းပြီး မီးဝိညာဉ်မြေကြော၏ စွမ်းအားများကို တိတ်ဆိတ်စွာ စုပ်ယူခြင်းဖြင့် လျှို့ဝှက်စွာ ကျင့်ကြံနေခဲ့သည်။ လွန်ခဲ့သော ဆယ်စုနှစ်အနည်းငယ်အတွင်း ကောင်းကင်နှင့်မြေကြီး အပြောင်းအလဲများ ဖြစ်ပေါ်လာသောအခါ စစ်မှန်သော ဖီးနစ်သည် ထိုအခွင့်အရေးကို အသုံးချကာ ကောင်းကင်အရှင်အဆင့် အထွတ်အထိပ်သို့ အလျင်အမြန် တက်လှမ်းခဲ့သည်။ အနှီဖီးနစ်သည် ထာဝရအရှင်အဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်လာရန် ခြေတစ်လှမ်းသာ လိုတော့ သော ကောင်းကင်နှင့် မြေကြီးအကြားမှ အစစ်အမှန်နတ်ဘုရားသားရဲဖြစ်သည်။ သို့ဖြစ်၍ ဖီးနစ်၏ စွမ်းအားသည် အဆင့်တူ လူသားကျင့်ကြံသူများထက် များစွာ သာလွန်လှကာ သူ၏ လက်ရှိစွမ်းအားသည် လူသားများ၏ ထာဝရအရှင်အဆင့် ကျွမ်းကျင်သူများနှင့် နှိုင်းယှဉ်နိုင်နေပြီ ဖြစ်သည်။ထို့ကြောင့်သာ စီရင်စုတစ်ခုလုံးကို ဖုံးလွှမ်းနိုင်သော မီးတောက်အမှတ်အသားကို ထုတ်ဖော်နိုင်ခြင်း ဖြစ်သည်။ ထိုအမှတ်အသားများသည် မွေးရာပါမီးဝိညာဉ်များနှင့် လူသားကျင့်ကြံသူများ၏ စိတ်နှလုံးထဲရှိ မီးတောက်များ တစ်နည်း စိတ်နှလုံးစွမ်းအား၏ ပုံစံတစ်မျိုးဖြစ်သော ဒေါသကို လှုံ့ဆော်ပေးနေခြင်း၏ အဓိကတရားခံဖြစ်သည်။ ထိုအချက်မှ စစ်မှန်သော ဖီးနစ်သည် စိတ်နှလုံးစွမ်းအားများကို စုပ်ယူနိုင်သော နည်းလမ်းအချို့ တတ်ကျွမ်းကြောင်းဖော်ပြနေသည်။ သူသည် နန်ယန်စီရင်စုတစ်ခုလုံးရှိ သက်ရှိအားလုံးကို ဒေါသတကြီး တိုက်ခိုက်ကြသည့် အခြေအနေသို့ ရောက်ရှိစေရန် ဖန်တီးခဲ့ကာ ဒေါသစွမ်းအားများကို အဆက်မပြတ် စုပ်ယူနိုင်ရန်ကြံရွယ်ထားဟန်ရှိသည်။ သို့သော် ထိုသို့ပြုလုပ်ခြင်းကြောင့် နန်ယန်စီရင်စု၏ မြေကြောသည်လည်း ကစဉ့်ကလျားဖြစ်လာခဲ့ကာ ယခုအခါ စစ်မှန်သော ဖီးနစ်ကိုယ်တိုင်ပင် ထိန်းချုပ်ရန် ခက်ခဲလာလေသည်။
Book 40 end.