← Chapters

ထိတ်လန့်ဖွယ်စိတ်ဝိညာဥ်တုန်ခါလှိုင်းအထွတ်အထိပ် (၃)

Vol. 68 Ch. 1104

ထိတ်လန့်ဖွယ်စိတ်ဝိညာဥ်တုန်ခါလှိုင်းအထွတ်အထိပ် (၃)

Vol. 68 Ch. 1104

“စက်ပစ္စည်းချို့ယွင်းချက်လည်းဖြစ်နိုင်ပါတယ်” တင်းကျန်းရီက အချက်အလက်ပြစက်ကို အိတ်ကပ်ထဲ ထည့်လိုက်ရင်း ပြောသည်။

“စိတ်ဝိဉာဉ်တုန်ခါမှု တန်ဖိုးတိုင်းစက်က ဖီးနစ်က သတ်မှတ်ထားတဲ့ ခန္ဓာကိုယ်စစ်ဆေးမှုစံနှုန်းကိုပဲ သုံးတာ။ နင့်ရဲ့ စိတ်ဝိဉာဉ်တုန်ခါမှုအထွတ်အထိပ်တန်ဖိုးက စက်ကို အဆုံးအဖြတ်မှားယွင်းစေတာ ဖြစ်နိုင်တယ်။ ဒါမျိုးလှိုင်းကွေးကို ငါ တစ်ခါပဲ မြင်ဖူးသေးတယ်”

လင်းရှန်က သူမကို နားမလည်နိုင်စွာ ကြည့်လိုက်ရာ တင်းကျန်းရီက ဆက်ပြောလိုက်သည်။

“ကျွန််တို့ သမုဒ္ဒရာနတ်ဘုရားကြီးနဲ့ ကြုံခဲ့ရတုန်းကလေ”

လေထုက တိတ်ဆိတ်သွားပြီး အေးခဲခန်းမတစ်ခုလုံး ယခုအချိန်တွင် လုံးဝငြိမ်ကျသွားသည်။ လူအချို့က ကီကီကို ထူးဆန်းသောအမူအရာဖြင့် ကြည့်နေကြစဉ် လင်းရှန်ကမူ စိတ်ဝိဉာဉ်တုန်ခါမှုတန်ဖိုးတိုင်းစက်မှ အချက်အလက်များကို ဆွဲထုတ်လိုက်ပြီး မျက်မှောင်ကြုတ်ကာ ကီကီကို လှမ်းကြည့်လိုက်သည်။

“အဲဒီအချိန်တုန်းက ဖြစ်ရမယ်”

“ရှင် အဲဒီသတ္တဝါကြီးကို မြင်လိုက်တာလား” ကီကီက ပြန်မေးသည်။

လင်းရှန် ခေါင်းငြိမ့်ပြလိုက်သည်။

“ဒါမှမဟုတ်ရင် ဒီအချက်အလက်တွေကို ရှင်းပြဖို့ တခြားနည်းလမ်းမရှိဘူး။ ဒီဒေတာတွေအရ ဖြစ်နိုင်ခြေနှစ်ခုပဲရှိတယ်။ တစ်ခုက ဒါရိုက်တာတင်းရဲ့ ရန်သူနဲ့ အရင်းမြစ်တစ်ခုထဲသီအိုရီကို သက်သေပြနေတာ ဒါမှမဟုတ်ရင် အခု ငါတို့အောက်က ပင်လယ်ရေထဲမှာဖြစ်ဖြစ် ငါတို့အပေါ်က ကောင်းကင်မှာဖြစ်ဖြစ် ကမ္ဘာ့အဆင့်ကပ်ဘေးကြီးတစ်ခုပုန်းအောင်းနေတာပဲဖြစ်ရမယ်”

ရှူး...

ကြည်လင်နေသော မိုးကောင်းကင်အောက်တွင် မိုးပျံရထားကြီးသည် တိုက်ကြီးဖြတ်ရထားတွဲကို ဆွဲခေါ်ကာ သံလမ်းကြောင်းနိမ့်ထဲသို့ ပြန်လည်ဝင်ရောက်ခဲ့ပြီး ပင်လယ်ပြင်ကို ငွေရောင်ဓားတစ်စင်းကဲ့သို့ အရှိန်အဟုန်ဖြင့် ဖြတ်သန်းမောင်းနှင်နေသည်။

အေးခဲခန်းမအတွင်း၌မူ အအေးလှိုင်းများ ဆက်တိုက်ဖြာထွက်နေဆဲဖြစ်သည်။ ကီကီက မျက်လုံးအဝိုင်းသားဖြင့် စဉ်းစားပြီးနောက် ကြက်သီးတဖြန်းဖြန်းထသွားဟန်ဖြင့် တစ်ချက်တုန်ခါသွားကာ ပြောသည်။

“ကြည့်ရတာ ပထမတစ်ခုပဲ ဖြစ်ဖို့များပါတယ်...”

ချန်ဆီရွှမ်က သူတို့နှစ်ဦးကို ကြည့်ကာ ဇဝေဇဝါမျက်နှာဖြင့် မေးသည်။

“ရှင်တို့နှစ်ယောက် ဘာအကြောင်းတွေပြောနေကြတာလဲ”

လင်းရှန် ခဏမျှစဉ်းစားပြီးနောက် အကျဉ်းချုပ်ရှင်းပြလိုက်သည်။ ထိုစကားကို ကြားလျှင် ရှားရှားက ကီကီကို အံ့ဩတုန်လှုပ်စွာကြည့်ရင်း မေးတော့သည်။

“အစ်မကီကီ… အစ်ကိုလင်းပြောတဲ့သဘောက အစ်မရဲ့ စွမ်းအားက ဇီဝသက်ရှိ အမှတ် ၀၂ နဲ့ အရင်းမြစ်တစ်ခုထဲဖြစ်နေဖို့ သိပ်သေချာနေတာပေါ့ ဟုတ်လား”

“ဖြစ်နိုင်ခြေအတော်လေး မြင့်မားတယ်လို့ပဲ ပြောရမှာပေါ့”

ကီကီက ခေါင်းငြိမ့်ပြကာ သူမ၏ လက်ဖဝါးတစ်ဖက်ကို ငုံ့ကြည့်လိုက်သည်။ လက်ထဲရှိ စိတ်စွမ်းအားများက မှေးမှိန်သော အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး မှောင်မိုက်နေသော နေရာတွင် အနည်းငယ်တောက်ပနေသည်။ သူမက သက်ပြင်းချရင်းပြောသည်။

“နင့်အစ်ကိုလင်းရဲ့ စကားနဲ့ ပြောရရင်တော့ ဒါက... သတင်းကောင်းလို့ ယူဆရမလားပဲ”

“သတင်းကောင်း”

“ဒီလိုဆက်နွှယ်မှုကို သေချာပေါက်သိရပြီး တိကျတဲ့ ပန်းတိုင်တစ်ခုရှိလာတာက သတင်းကောင်းလို့ တကယ်ပြောလို့ရပါတယ်”

တင်းကျန်းရီ၏ မျက်ဝန်းများတွင် အံ့ဩဝမ်းသာရိပ်များတောက်ပသွားကာ ကီကီကို ကြည့်ရင်း ပြောသည်။

“ပထမအချက်က ငါတို့ကို တိကျတဲ့သုတေသနလမ်းကြောင်းတစ်ခု ပေးစွမ်းနိုင်တယ်။ နမူနာတစ်ခုရှိရင် သီအိုရီပိုင်းဆိုင်ရာစမ်းသပ်မှုတွေရဲ့ တိုးတက်မှုက ပိုပြီးတော့ အများကြီးမြန်ဆန်လာလိမ့်မယ်။ ဒုတိယအချက်ကတော့ အကျပ်အတည်းတစ်ခု ကြုံလာရင်တောင် အနည်းဆုံးတော့ ကျွန်မတို့ဘက်က ပိုပြီးကြိုတင်ပြင်ဆင်ထားနိုင်တာပေါ့”

ကီကီက လက်ပိုက်လိုက်ရင်း ပြောသည်။

“ဥပမာ... ကျွန်မတို့က ဇီဝသက်ရှိ အမှတ် ၂ ကို သွားရောက်နှိမ်နင်းတာမျိုးပေါ့ဟုတ်လား”

လင်းရှန် ရယ်မောလိုက်သည်။

“ကဲပါ… လက်တွေ့ကျတာပဲ ပြောကြရအောင်။ ကီကီ၊ မင်းရဲ့ စွမ်းအားကနေ ထွက်လာတဲ့ တိုက်ခိုက်ရေးစွမ်းရည်က ဒီလောက်အထိ ထိုးတက်သွားတာဆိုတော့ ခန္ဓာကိုယ်ထဲမှာ တစ်ခုခုထူးဆန်းတာမျိုး ခံစားရတာရှိလား”

“ထူးဆန်းတာလား”

ကီကီက ခေါင်းခါပြသည်။

“တကယ်တော့ အတော်လေးနေလို့ကောင်းပါတယ်။ အကြာကြီးအိပ်ပျော်သွားခဲ့သလိုပဲ။ အိမ်မက်ဆိုးအချို့မက်ခဲ့တာကလွဲရင် အိပ်ရတာ အများကြီးအဆင်ပြေပါတယ်”

“ဒါက ထူးခြားတဲ့ အတွေ့အကြုံပဲ”

ချန်ဆီရွှမ်က လင်းရှန်ကို ကြည့်ကာ အလေးအနက် ပြောသည်။

“နောက်တစ်လှည့်ကတော့ ရှင်နဲ့ ဒါရိုက်တာတင်းတို့ အလှည့်ပဲ။ ရှင့်အနေနဲ့လည်း ဒါကို ခံစားရမှာပါ”

ကီကီကလည်း ဆက်ပြောသည်။

“ဟုတ်တယ်၊ ရှင့်အလှည့်ပဲ။ စိတ်မပူပါနဲ့၊ တစ်ခုခုဖြစ်လာရင်တောင် ကျွန်မတို့ ထိန်းချုပ်နိုင်မှာပါ။ ပြီးတော့ ရှင်က အကြာကြီးလည်းအိပ်နေမှာမဟုတ်ဘူးမလား”

“အစ်ကိုလင်း… အစ်မကီကီတောင် ဒီလောက်အထိတိုးတက်သွားတာဆိုတော့ အစ်ကိုကတော့ သေချာပေါက် သုံးသောင်းကျော်ကို ကျော်ဖြတ်နိုင်မှာပဲ။ ဝိုး… အစ်ကိုလင်းရဲ့ အဆင့်တက်မှုက ဘယ်လောက်တောင် ကြီးမားတဲ့ ပြောင်းလဲမှုမျိုး ဖြစ်လာမလဲဆိုတာ ညီမဖြင့် တွေးတောင် မတွေးရဲတော့ဘူး” ရှားရှား၏ မျက်နှာတွင် မျှော်လင့်ချက်များ ပြည့်နှက်နေသည်။

“ဟုတ်တယ်… ကပ္ပတိန်လင်း” လော့ယန်ကလည်း စိတ်လှုပ်ရှားစွာဖြင့် ဆက်ပြောသည်။

“ကပ္ပတိန်လင်းရဲ့ ယန္တရားစွမ်းအား အဆင့်တက်တာကတော့ သေချာပေါက်ကို ခမ်းနားကြီးကျယ်မှာပဲ”

သို့သော် လင်းရှန်ကမူ သူတို့၏ စကားကို ကြားသောအခါ ခါးသက်သက်အပြုံးတစ်ခုကိုသာ ပြုံးလိုက်မိသည်။ သူ တစ်ခုခုပြောချင်သော်လည်း ခေတ္တမျှ ထိန်းထားလိုက်သည်။ သူ့ကိုယ်တိုင်ပင် သေချာမဆုံးဖြတ်နိုင်သော အတွေးများစွာ ရှိနေသဖြင့် အရင်ဆုံး လက်တွေ့လုပ်ကြည့်လိုက်တာကသာ အကောင်းဆုံးဖြစ်ပေလိမ့်မည်။

“ကဲ... ဟုတ်ပြီ”

လင်းရှန်က အချိန်ကို စစ်ဆေးလိုက်သည်။

“အခုက နေ့လယ် ၁နာရီပဲ ရှိသေးတယ်။ ငါတို့ရဲ့ အခုအရှိန်နဲ့ဆိုရင် ညမှောင်မယ့်အချိန်က ၁၉:၀၀ နာရီ ဝန်းကျင်လောက် ဖြစ်လိမ့်မယ်။ ဒါက ငါတို့ အမှတ် ၁၃တွင်းနက်နဲ့ အဝေးဆုံးကိုရောက်နေတဲ့အချိန်ပဲ၊၊ မိုင်ယာမီ အမှတ် ၉ တွင်းနက်နဲ့ ဘိုလီးဗီးယား အမှတ် ၁၀ တွင်းနက်တွေနဲ့လည်း ဝေးကွာနေတယ်။ ညမှောင်မယ့်အချိန်က ပုံမှန်ထက် ပိုနောက်ကျနိုင်ပေမဲ့...”

သူ ခေတ္တရပ်ကာ ဆက်ပြောသည်။

“အခု သွေးနီရောင်ကပ်ဘေးက ရောက်လာပြီဆိုတော့ အာရုဏ်ဦးဗဟိုစင်တာက အလက်စကားဒေသကိုတောင် မဖြတ်ကျော်ရသေးဘူးလို့ ပြောကြပေမဲ့ အဲဒီဘက်က အမှတ် ၁၂ တွင်းနက်နဲ့ အယ်လ်ဘာတာရဲ့ အမှတ် ၂ တွင်းနက်တွေကတော့ အကြီးစားသွေးနီရောင်ဇုန်ဖြာထွက်နေပြီ။ ဒါကြောင့် ဘယ်အရာကိုမှ အရင်အတွေ့အကြုံတွေနဲ့ တိုင်းတာလို့ မရတော့ဘူး”

ထိုစကားကို ကြားလျှင် ချန်ဆီရွှမ်က ချက်ချင်းပင် လေးနက်စွာ ခေါင်းငြိမ့်ပြသည်။

“ကောင်းပြီ… ကျွန်မ နားလည်ပြီ။ ကျွန်မတို့က အခု ကပ်ဘေးတိုးချဲ့ဇုန်ကနေ ထွက်ပြေးနေတာဆိုတော့ အခြေအနေက အနည်းဆုံးတော့ ဒီညအထိ တည်ငြိမ်နေဦးမှာပါ”

“အင်း”

လင်းရှန်က တင်းကျန်းရီနှင့် ရှီဇီတို့ဘက်သို့ လှည့်ကြည့်လိုက်သည်။

“ဒါရိုက်တာတင်း၊၊ ရှီဇီ... မင်းတို့ အဆင်သင့်ဖြစ်ပြီလား”

“ကျွန်မကတော့ အချိန်မရွေးရတယ်”

တင်းကျန်းရီက သူမ၏ မျက်မှန်ကို ပင့်တင်ရင်း ပြောသည်။

“ဒီသလင်းကျောက်ဆင့်ကဲပြောင်းလဲမှုပြီးသွားတာနဲ့ ညလမ်းလျှောက်သူအဖွဲ့နဲ့ အမြန်ဆုံးဆက်သွယ်ရမယ်။ ဒီအချက်အလက်အချို့က ရန်သူနဲ့ အရင်းအမြစ်တစ်ခုထဲသီအိုရီကို သက်သေပြဖို့နဲ့ တခြားမေးခွန်းအချို့အတွက် အရေးကြီးလိမ့်မယ်”

ရှီဇီက လင်းရှန်ကို ခေါင်းငြိမ့်ပြကာ ပြတ်သားသော အမူအရာဖြင့် ပြန်ပြောသည်။

“ကျွန်မ အဆင်သင့်ဖြစ်ပါပြီ။ ရှင့်အပေါ်မှာပဲ အားလုံးပုံအပ်ထားပါတယ်”

ဝူး...

ထိုအချိန်တွင် လင်းရှန်က သလင်းကျောက်မွေးမြူရေးကိရိယာသုံးစုံနှင့် အဆင့် ၄ သွေးပဲစေ့ သုံးလုံးကို ထုတ်ယူလိုက်ပြီး အခန်းငယ်သုံးခု၏ အပြင်ဘက်သို့ လှောက်သွားခဲ့သည်။ သူတို့သုံးဦးစလုံး အဝတ်အစားများကို ချွတ်ကာ အတွင်းခံဝတ်စုံများသာ ဝတ်ဆင်လျက် စက်ထဲတွင် လှဲလျောင်းလိုက်ကြပြီးနောက် ချန်ဆီရွှမ်နှင့် တခြားသူများက သူတို့၏ ခန္ဓာကိုယ်ပေါ်တွင် စက်ပစ္စည်းများကို တပ်ဆင်ပေးခဲ့ကြသည်။

“စိတ်မပူနဲ့နော်… ရှင့်ရဲ့ အခြေအနေကို ကျွန်မတို့ တောက်လျှောက်စောင့်ကြည့်ပေးနေမှာပါ” ချန်ဆီရွှမ်က လင်းရှန်ကို ကြည့်ရင်း ပြုံးကာ ပြောသည်။

“ရပါတယ်… အများဆုံးအိမ်မက်ဆိုးမက်ရုံပေါ့။ အိပ်ယာထဲ သေးမပေါက်ချမိဖို့ပဲ သတိထားကြပေါ့”

ကီကီက ထိုသို့ပြောပြီး တခိခိရယ်မောလိုက်ကာ လင်းရှန်ကို လှမ်းကြည့်သည်။

“ဟေး… ရှင် အကြာကြီးအိပ်မနေနဲ့ဦးနော်။ အနန္တရထားကို ဆက်ပြီး တည်ဆောက်ရဦးမယ် မဟုတ်လား”

လင်းရှန်က သူတို့ကို ဝေ့ကြည့်ကာ ပြုံးပြလိုက်ပြီးနောက် ရုတ်တရက် လက်ကို ဝှေ့ယမ်းလိုက်သည်။ ဝုန်းခနဲ အသံနှင့်အတူ သတ္တုများ ကြမ်းပြင်ပေါ်သို့ ကျလာသည့် ပြင်းထန်သောအသံများ ဆက်တိုက်ထွက်ပေါ်လာသဖြင့် ရှားရှား၊ လော့ယန်နှင့် တခြားသူများ ခေါင်းလှည့်ကြည့်လိုက်ကြရာ တစ်ကိုယ်လုံး အေးစက်သော အလင်းရောင်များ တောက်ပနေသည့် လေးလံသောယန္တရားမီကာဝတ်စုံ ခြောက်စုံက သူတို့နောက်ကွယ်တွင် သပ်ရပ်စွာ ပေါ်လာသည်ကို မြင်လိုက်ရသည်။

ထိုယန္တရားမီကာဝတ်စုံ ခြောက်စုံအနက် ဘယ်ဘက်ရှိ သုံးစုံမှာ သံမဏိမျှော်စင်ကြီးများကဲ့သို့ ထွားကျိုင်းလှပြီး တာလို့၏ နဂါးနက်တိုက်ပွဲဝတ်စုံ၏ ငွေရောင်ဓားအရောင်ဗားရှင်းနှင့် တူညီနေသည်။ ၎င်းတို့၏ တစ်ကိုယ်လုံးကို ကာဗွန်အလွိုင်းပေါက်ကွဲမှုဒဏ်ခံ ပေါင်းစပ်ဝတ်စုံဖြင့် ဖုံးအုပ်ထားပြီး သံလိုက်မုန်တိုင်းစနစ်နှင့် တည်ငြိမ်လျှပ်စစ်စက်ကွင်းများ တပ်ဆင်ထားသည်။ ၎င်းတို့၏ မျက်လုံးအစုံမှာ မှေးမှိန်သော အလင်းတန်းများ တောက်ပနေပြီး အပေါ်မှ အောက်အထိ ရက်စက်ကြမ်းကြုတ်ကာ ထည်ဝါသောအရှိန်အဝါများ ဖြာထွက်နေသည်။ ညာဘက်ရှိ သုံးစုံမှာမူ စွမ်းအားဝတ်စုံဝတ်ဆင်ထားသော ရှောင်ချင်းနှင့် တူညီနေသော်လည်း ၎င်းတို့၏ ခြေဖဝါးနှင့် လက်ဖဝါးနှစ်ဖက်စလုံးတွင် အပြင်သို့ ထွက်လာနိုင်သော VK လျှပ်စစ်ဓားများ တပ်ဆင်ထားသည်။ ကချေသည်တစ်ဦး၏ မူလပုံစံအစား ယခုအခါတွင် သွက်လက်ဖျတ်လတ်သော သတ်ဖြတ်ခြင်းကချေသည်များကဲ့သို့ အေးစက်သော ယန္တရားဓားသွားနှစ်စင်းဖြင့် အစားထိုးထားခြင်း ဖြစ်သည်။

“ဝိုး... အစ်ကိုလင်း… အစ်ကို အသစ်ဒီဇိုင်းဆွဲထားတဲ့ တိုက်ပွဲဝတ်စုံက... အာ… ယန္တရားစက်ရုပ်လား။ မဟုတ်ဘူး… ဒါက အတိအကျပြောရရင် ဘာကြီးလဲဟင်”

ရှားရှားက အံ့ဩတုန်လှုပ်စွာဖြင့် ရေရွတ်လိုက်သည်။

လော့ယန်၏ မျက်လုံးများကလည်း ပြူးကျယ်သွားပြီး ရှေ့မှ စစ်လက်နက်ပစ္စည်းခြောက်စုံကို အားကျမက်မောသောမျက်ဝန်းများဖြင့် ကြည့်ကာ ပြောသည်။

“ဒါက အကာအကွယ်ဝတ်စုံ မဟုတ်ဘူး။ အပြင်ဘက် ခေါက်သိမ်းတဲ့စနစ်နဲ့ အသက်ရှူအထောက်အကူပြုစနစ်တွေ မပါဘူး။ ဒါက ယန္တရားစက်ရုပ်ပဲ။ ဉာဏ်ရည်တု တိုက်ခိုက်ရေးစက်ရုပ်တွေ ဖြစ်ရမယ်”

All Chapters