ပင်လယ်ကိုခွဲခြမ်းခြင်း (၁)
Vol. 68 Ch. 1097
“ငါ သိတယ်”
ရှုချင်းက ဘာမှမပြောဘဲ နောက်ကျောမှ ရီမင်တန်သေနတ်ကို လက်တစ်ဖက်ဖြင့် ဆွဲထုတ်လိုက်ပြီးနောက် ဒူးကို အနည်းငယ် ကွေးလိုက်ရာ ပြင်းထန်သောပေါက်ကွဲသံကြီးနှင့်အတူ သူသည် မူလနေရာမှ တစ္ဆေတစ်ကောင်ကဲ့သို့ ပျောက်ကွယ်သွားသည်။ သူ ပြန်လည်ပေါ်ထွက်လာသောအခါ သင်္ဘောဦးပိုင်းအနီးရှိ ဧရာမ သွေးနီရောင်မြူခိုးများ၏ အထက်သို့ ရောက်ရှိနေပြီး အမည်းရောင်အကြေးခွံများရှိသော ဧရာမလက်ကြီးတစ်ခုက ကွပ်ကဲခန်းမဆီသို့ ဦးတည်ကာ ဖြည်းညှင်းစွာ တိုးဝင်လာနေသည်။
လင်းရှန်သည် မျက်လုံးများကို အနည်းငယ်မှေးကာ မူလနေရာတွင် ရပ်နေသည်။ ထိုလက်ကြီးက လေထုကိုဖြတ်သန်းကာ ရိုက်ချတော့မည့်ဆဲဆဲတွင် ရှုချင်းက ဖျတ်ခနဲပေါ်လာပြီး ရီမင်တန်သေနတ်ကို မြှောက်ကာ လက်မောင်းဆီသို့ ဦးတည်၍ ကျယ်လောင်စွာ ပစ်ခတ်လိုက်တော့သည်။
ဒိုင်း၊၊
ထူးဆန်းသည်မှာ ၎င်းမှာ သာမန်ပြောင်းချောသေနတ်တစ်လက်ဖြစ်သော်လည်း အထူးအဆင့်ဖြစ်နိုင်ချေရှိသော ဧရာမငါးဆန်းလက်မောင်းကြီးနှင့် ရင်ဆိုင်ရချိန်တွင် မျက်စိဖြင့်မမြင်နိုင်သော အမှောင်စွမ်းအင်တစ်ခုက လေစုပ်စက်ကဲ့သို့ ပွင့်ထွက်သွားပြီး အနည်းဆုံး အချင်းမီတာဝက်ခန့်ရှိသော မီးပွားများအဖြစ် ပေါက်ကွဲသွားကာ ထိုလက်မောင်းနှင့် လက်ဖဝါးတစ်ဝက်၊ လက်ဖျံတို့ကို တိုက်ရိုက်ဖောက်ထွင်းသွားသည်။
ဂယား၊၊
သွေးနီရောင်မြူခိုးများထဲမှ စူးရှသောအော်ဟစ်သံကြီးထွက်ပေါ်လာပြီး အမည်းရောင်အကြေးခွံများရှိသော ဧရာမလက်မောင်းကြီးပေါ်တွင် အစိမ်းရောင်ဇီဝစွမ်းအင်ဒိုင်းက လျင်မြန်စွာ လှုပ်ခတ်သွားသော်လည်း ထိရောက်မှုမရှိပုံရချေ။ ရှုချင်း၏ သေနတ်ပြောင်းဝတည့်တည့်မှ ဧရာမအပေါက်ကြီးက အမည်းရောင်မီးခိုးများ ထွက်နေသည်၊၊
အခြားတစ်ဖက်တွင်မူ တာလို့သည် အပေါ်ကုန်းပတ်ထက်တွင် အရှိန်ဖြင့် ပြေးနေပြီး ကောင်းကင်ယံရှိ ထူထပ်သော တိမ်တိုက်များထဲမှ ပန်းထွက်လာသော ဖော်ပြ၍မရသည့် ပုံသဏ္ဌာန်ရှိသော အတောင်ပံပါသတ္တဝါဆန်းကြီးတစ်ကောင်က သူ့နောက်မှ လိုက်ပါလာသည်။ တာလို့ ရုတ်တရက် ရပ်တန့်လိုက်ရာ နဂါးနက်တိုက်ပွဲဝတ်စုံ၏ အိတ်ဇောပိုက်မှ သွေးစွမ်းအင်များ ပန်းထွက်လာပြီးနောက် သူက အသံအက်အက်ဖြင့် အော်ကာ ဓားကို နောက်သို့လွှဲ၍ အပြင်းအထန် ဝှေ့ယမ်းခုတ်ချလိုက်သည်။
ဝှမ်းး၊၊
စူပါသတ္တုဖြင့် သွန်းလုပ်ထားသော သံမဏိဓားကြီးကို ပြင်းထန်လွန်းသော စွမ်းအားဖြင့် ဝှေ့ယမ်းလိုက်သဖြင့် ဓားသွားမှာ ရဲရဲနီသွားပြီး ယပ်တောင်ပုံသဏ္ဌာန် ဧရိယာအတွင်းရှိ အမှောင်စွမ်းအင်များ ရုတ်တရက်ပေါက်ကွဲသွားကာ လေဟာနယ်ကိုပင် ဆုတ်ဖြဲလိမ်တွဲပစ်လိုက်သကဲ့သို့ ရှိသည်။ ထို့နောက် ၀.၅စက္ကန့်အတွင်း ထိုယပ်တောင်ပုံစံဓားချက်ဧရိယာသည် မီတာရာချီအထိ ရုတ်တရက်ပန်းထွက်သွားရာ တာလို့ထံမှ ထွက်ပေါ်လာသော လေလှိုင်းပေါက်ကွဲမှုနှင့်အတူ လေထုထဲရှိ ဧရာမယပ်တောင်ပုံစံ ဓားလှိုင်းကြီးက ဖြတ်သန်းသွားပြီး ရထား၏ ဘေးတစ်ဖက်တစ်ချက်စီမှ စုရုံးရောက်ရှိလာသော အတောင်ပံပါ သတ္တဝါဆန်းကြီးနှင့် ငါးပျံအုပ်ကြီးကို ပြားကပ်သွားစေကာ ဘောလုံးကွင်းတစ်ခုစာခန့်ကျယ်ဝန်းသော လေဟာနယ်ဧရိယာကြီးတစ်ခုဖြစ်ပေါ်သွားသည်ကို အားလုံးက မျက်ဝါးထင်ထင်မြင်တွေ့လိုက်ရသည်။ သွေးမြူခိုးများပင် ဘေးပတ်လည်သို့ ပန်းထွက်သွားတော့သည်။
ပြင်းထန်သော ဓားတစ်ချက်ခုတ်ပြီးနောက် တာလို့သည် အားရကျေနပ်မှုကို ခံစားလိုက်ရပြီး အမှောင်စွမ်းအင်၏ ခွန်အားကို သိရှိကာ သူ့စိတ်ထဲမှ တုန်လှုပ်မှုကို အတင်းအကျပ်ဖိနှိပ်လျက် တိုက်ပွဲကိုဆက်လက်ဆင်နွှဲရင်း ကောင်းကင်တံတားဆီသို့ ပြေးဝင်သွားသည်။
ထိုနေရာတွင် လုရှင်းချန်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ရပ်နေဆဲဖြစ်ပြီး မြင်ကွင်းကို အပန်းဖြေကြည့်ရှုနေသကဲ့သို့ပင်၊၊
တာ့လိုက ချက်ချင်းပင် အော်ဟစ်လိုက်သည်။
“ဟျောင့်… မင်းက ဘာစတိုင်လာဖမ်းနေတာလဲ… မတိုက်ဘူးလား”
လုရှင်းချန်က တာလို့ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ရှေ့သို့သာ တည်ငြိမ်စွာ ဆက်လက်စိုက်ကြည့်နေသည်။ သူ၏မျက်လုံးအိမ်ထဲတွင် ကောင်းကင်နှင့် မြေကြီးကို ပြောင်းပြန်လှန်တော့မည့် ထိုဧရာမဆူနာမီကြီးသည် တားဆီး၍မရသော စွမ်းအားဖြင့် ၎င်းတို့ထံသို့ ဦးတည်လာနေပြီ ဖြစ်သည်။ အမည်းရောင်တံတိုင်းကြီးက ကောင်းကင်ယံတစ်ခုလုံးကို ဖုံးလွှမ်းထားပြီး ပင်လယ်တစ်ခုလုံး တုန်ခါနေသကဲ့သို့ပင်၊၊
“မလောနဲ့… အဲဒါကမှ ငါ့ရဲ့ တကယ့်ပြိုင်ဘက်ပဲ”
…
အိုအာဟူးကျွန်း၊ ဟိုနိုလူလူမြို့လယ်၊၊
ပုပ်ပွနေသော လက်တစ်ဖက်သည် နေသာသော ဟာဝိုင်အီဟု ရေးသားထားသည့် ဧရာမနီယွန်ဆိုင်းဘုတ်ကြီးကို လှမ်း၍ ရိုက်ပုတ်လိုက်ရာ စေးကပ်ကပ်အရည်များ ပေကျံကျန်ရစ်ခဲ့သည်။ ထိုဆိုင်းဘုတ်အောက်တွင် နံရိုးတစ်ဝက်သာကျန်တော့ပြီး စုတ်ပြဲနေသော ဘီကီနီကို ဝတ်ဆင်ထားသည့် ဖုတ်ကောင်မတစ်ကောင်သည် သူ၏ မီးခိုးပြာရောင် မျက်လုံးအိမ်ကြီးများကို အဓိပ္ပာယ်မဲ့စွာ လှည့်ပတ်ကြည့်နေသည်။ သူ၏ တွင်းနက်ကဲ့သို့ ဟာလာဟင်းလင်းဖြစ်နေသော အကြည့်များသည် သေခြင်းတရားကဲ့သို့ တိတ်ဆိတ်နေသည့် လမ်းမများကို ဖြတ်သန်းသွားပြီး တိမ်းစောင်းနေသော ကမ္ဘာလှည့်ခရီးသွား ဘတ်စ်ကားတစ်စီးအတွင်း စုပြုံတိုးဝှေ့နေကြသည့် သူ၏အမျိုးအနွယ်များကို ကျော်လွန်ကြည့်ရှုလိုက်သည်။ ရှင်းလင်းတောက်ပပြီး သာယာနေသော ရာသီဥတုအောက်တွင် အရာအားလုံးသည် ရုတ်တရက် လုံးဝမည်းမှောင်သွားတော့သည်။
ဟိန်းဟောက်နေသော လေပြင်းများက ပိုမိုကြမ်းတမ်းလာသည်။ လမ်းမပေါ်တွင် လျှောက်သွားနေကြသည့် ထိုဖုတ်ကောင်မနှင့် အခြားဖုတ်ကောင်များသည် ဟိုနိုလူလူတောင်တန်းရှိရာ အရပ်ဆီသို့ ခေါင်းလှည့်ကြည့်လိုက်ကြသည်။ ထိုနေရာတွင် ကောင်းကင်ယံကြီးတစ်ခုလုံးကို ကောင်းကင်နှင့် ပင်လယ်ကို ဆက်သွယ်ထားပြီး အလင်းရောင်အားလုံးကို ဝါးမြိုနေသည့် တံတိုင်းကြီးတစ်ခုက အစားထိုးပစ်လိုက်ပြီ ဖြစ်သည်။ ၎င်းမှာ သာမန်အမှောင်ထုမျိုးမဟုတ်ချေ။ ထိုအမည်းရောင်ကြီးသည် စေးကပ်လှသော ရေနံစိမ်းအိုင်ကြီးများကဲ့သို့ လှိုင်းထနေပြီး ၎င်း၏အတွင်း၌ ထိတ်လန့်ဖွယ် သွေးနီရောင်အလင်းတန်းများက လှိမ့်တက်ကာ စိမ့်ထွက်နေပြီး တောင်တန်းများကို ဖြည်းညှင်းစွာဖိသိပ်လွှမ်းမိုးနေသည်။
ထိုအမှောင်ထုအသည် ဒိုင်းမွန်းတောင်မီးပြတိုက်ကို ဝါးမြိုပစ်လိုက်ပြီး တစ်ချိန်က ကမ္ဘာလှည့်ခရီးသွားအမြောက်အမြားလာရောက်မှတ်တမ်းတင်ခဲ့ကြသည့် ဟောလိဝုဒ်ဆိုင်းဘုတ်ကြီးကိုပါ ဝါးမြိုပစ်လိုက်သည်။ ထို့နောက် တောင်ကိုဖြတ်သန်းဖောက်လုပ်ထားသည့် ဥမင်လိုဏ်ခေါင်းကိုပါ ဝါးမြိုပစ်လိုက်လေသည်။ အမည်းရောင်နှင့် အနီရောင်ရောယှက်နေသော ဒီရေလုံးကြီးသည် တဟုန်ထိုးစီးဆင်းလာပြီး ဥမင်လိုဏ်ခေါင်းဝထဲသို့ အရှိန်အဟုန်ဖြင့် တိုးဝင်သွားသည်။ အတွင်း၌ စွန့်ပစ်ထားသော မော်တော်ယာဉ်များ အရိုးစုများ ဆိုင်းဘုတ်များနှင့်အတူ ယိုင်တိယိုင်ထိုးဖြင့် ပြန်လည်ရုန်းထွက်ရန် ကြိုးစားနေကြသည့် ဖုတ်ကောင်အချို့သည် မျက်စိတစ်မှိတ်အတွင်း ရေအောက်သို့ နစ်မြုပ်သွားကြလေသည်။
ဂါး ဂယား၊၊
သွေးနီရောင်ဒီရေလုံးကြီးသည် ဝါကီကီကမ်းခြေ၏ ဖြူလွလွသဲသောင်ပြင်များကို ဖြတ်ကျော်စီးဆင်းသွားရာ ထုံထိုင်းနေသော ဖုတ်ကောင်များသည် အုပ်စုလိုက်ဝါးမြိုခြင်းခံလိုက်ရသည်။ သို့သော် ထိုသွေးနီရောင်များ၏ ပတ်ပတ်လည်ရစ်ပတ်ခြင်းကိုခံရပြီးနောက် ထိုဖုတ်ကောင်များ၏ ပုံရိပ်များသည် အကြောင်းရင်းရှာမရဘဲ ထူးဆန်းသောပြောင်းလဲမှုများကို စတင်ကြုံတွေ့လာရသည်။ ၎င်းတို့၏ ခန္ဓာကိုယ်များသည် ရုတ်တရက် တွန့်ခေါက်သွားပြီး လူသားမဆန်သော အရိုးအဆစ်များလွဲချော်သွားသည့် “ကလောက်-ကလတ်” အသံများ ထွက်ပေါ်လာသည်။ ၎င်းတို့၏ မျက်လုံးအိမ်များသည် လေမှုတ်သွင်းထားသကဲ့သို့ လျင်မြန်စွာ ဖောင်းကားလာပြီး အစပိုင်းတွင် မီးခိုးပြာရောင်ဖြစ်နေသော်လည်း နောက်ပိုင်းတွင် ပေါက်ကွဲသွားကာ ပျစ်ချွဲနေသော အနှစ်များအဖြစ်သို့ တွန့်လိမ်ပြောင်းလဲသွားတော့သည်။ ထိုအရိပ်များသည် တစ်ခုနှင့်တစ်ခုဝါးမြိုပေါင်းစပ်သွားကြပြီး အမည်ဖော်ပြ၍မရသည့် ထူးဆန်းသောသတ္တဝါများအဖြစ်သို့ သန္ဓေပြောင်းသွားကြသည်။
ထူးဆန်းသော အော်ဟစ်သံများက တစ်ခုပြီးတစ်ခုမြင့်တက်လာပြီး သွေးနီရောင်ထဲတွင် အရူးအမူးကခုန်နေကြသည့်အမည်းရောင်ရိပ်ကြီးများသည် ဆက်တိုက်သန္ဓေပြောင်းလဲနေကြသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ဤမြို့ကြီးသည် လူသားမဆန်ဘဲ ကြောက်မက်ဖွယ်ရာ ငရဲပြည်ကြီးတစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။
ထိုသွေးနီရောင် ခန္ဓာကိုယ်ကြီးများသည် ဖော်ပြ၍မရလောက်အောင် အဆက်မပြတ် တွန့်လိမ်ကာ ပုံပျက်ပန်းပျက်ဖြစ်နေကြသည်။ လင်းရှန် တပ်ဆင်ထားသော စောင့်ကြည့်ကိရိယာများကို သွေးနီရောင်က ဝါးမြိုပစ်လိုက်သည့် အခိုက်အတန့်တွင် ဒီဂျစ်တယ်လိုင်းအချက်ပြအားလုံး ပြတ်တောက်သွားသည်။ သို့သော် ကျန်ရစ်ခဲ့သော ပြတ်တောင်းပြတ်တောင်းရုပ်သံမှတ်တမ်းများမှတစ်ဆင့် လင်းရှန်လည်း သူထင်ထားသည်ထက် များစွာကျော်လွန်နေသည့် မူမမှန်မှုတစ်ခုကို ခံစားလိုက်ရသည်။
ကောင်းကင်အမိုးခုံးရထားပေါ်တွင် ကျွန်းတစ်ကျွန်းလုံး၌ ဖြစ်ပွားနေသော မူမမှန်မှုများကို စောင့်ကြည့်ရင်း လင်းရှန်၏ အမူအရာက အနည်းငယ်လေးနက်ခက်ထန်လာသည်။ ယခုအကြိမ်တွင် ထိုသွေးနီရောင်ကပ်ဘေးရောက်ရှိလာခြင်းကို တိုက်ရိုက်ကြုံတွေ့လိုက်ရခြင်းက အသိစိတ်ဆက်သွယ်မှုမှတစ်ဆင့် ခံစားရသည်ထက် များစွာပို၍ကြောက်မက်ဖွယ်ကောင်းလှသည်။ ပျက်စီးနေသော ရုပ်သံပုံရိပ်အနည်းငယ်မျှမှပင် လင်းရှန်သည် သွေးနီရောင်၏ စွမ်းအားကို နားလည်သွားခဲ့ပြီ ဖြစ်သည်။ ယာဉ်တစ်စီး သို့မဟုတ် လုံးဝဥဿုံ ဖုံးလွှမ်းထားသော စွမ်းအားဝတ်စုံမရှိဘဲ မည်သည့် စွမ်းအားရှင်မျှ ထိုအတွင်း၌ အသက်ရှင်သန်နိုင်ရန် မဖြစ်နိုင်ချေ။
ယခုအခါ အနန္တရထားပေါ်ရှိ လူတိုင်းတွင် လင်းရှန် ပြုလုပ်ပေးထားသော ကြယ်တာရာအဆင့်စွမ်းအားဝတ်စုံများရှိနေကြသော်လည်း အသက်ရှင်ကျန်ရစ်သူအုပ်စုအားလုံးနှင့် နှိုင်းယှဉ်လျှင် ၎င်းတို့မှာ အလွန်ပင် ရှားပါးလှသေးသည်။ စတားဖလိ့ထဲတွင်ပင် အထူးထိပ်တန်းတပ်ဖွဲ့များကိုသာ တစ္ဆေဝံပုလွေအဆင့် သို့မဟုတ် ထိုထက်မြင့်သော စွမ်းအားဝတ်စုံများ တပ်ဆင်ပေးထားခြင်းဖြစ်သည်။ ပုံမှန်စစ်သားအများစုတွင် ခန္ဓာကိုယ်တစ်ဝက်သာ ဖုံးလွှမ်းသော သို့မဟုတ် အရန်ဝတ်စုံများသာရှိကြရာ ဖီးနစ်နှင့် စစ်တပ်သည်လည်း ဤကဲ့သို့ပင်ဖြစ်သဖြင့် အခြားသာမန် အသက်ရှင်ကျန်ရစ်သူများကိုမူ ပြောနေစရာပင် မလိုတော့ချေ။
ဝူးး
မျက်စိဖြင့်မမြင်နိုင်သော လေလှိုင်းပြင်ကြီးတစ်ခုကဲ့သို့ စူးရှသော အသံလှိုင်းပေါက်ကွဲသံကြီးသည် အထက်ဘက်မှ ကွပ်ကဲခန်းမကို ဖြတ်သန်းသွားပြီး ကောင်းကင်ယံရှိ ငါးပျံအုပ်ကြီးကို သွေးနီရောင်မြူခိုးများအဖြစ် ချက်ချင်းပြောင်းလဲပစ်လိုက်သည်။ ၎င်း၏စွမ်းအားမှာ ၁၁၃၀ စက်အမြောက် ၁၀လက် တစ်ပြိုင်နက်ပစ်ခတ်လိုက်သည်နှင့် နှိုင်းယှဉ်နိုင်သည်။ လင်းရှန်သည် သင်္ဘော၏ မျှော်စင်ရှိရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်ရာ မိုနီကာသည် လက်တစ်ဖက်ကို ခါးထောက်လျက် တည်ငြိမ်အေးဆေးစွာ ရပ်နေသည်ကို တွေ့လိုက်ရသည်။ သူမ၏ နှုတ်ခမ်းဖျားမှ ထွက်ပေါ်လာသော အသံလှိုင်းဓားချက်သည် ကျည်ကာပြတင်းပေါက်နှင့် တည်ငြိမ်လျှပ်စစ်စက်ကွင်းကိုပင် ချောမွေ့စွာဖြတ်သန်းပြီး ထုတ်လွှတ်လိုက်ခြင်းဖြစ်ရာ သူမအနေဖြင့် အပြင်ဘက်တွင် ထွက်ရပ်နေစရာမလိုခဲ့ချေ။ အခြားတစ်ဖက်တွင်မူ ချီလီ၏ နတ်ဘုရားအရှိန်နှုန်း ကန်ချက်နည်းဗျူဟာသည် မူလက ကိုယ်ခံပညာအဆင့်တွင်သာရှိသော်လည်း ယခုအခါ စွမ်းအင်မြင့် ရွှေရောင်အလင်းတန်းများကို ဖောက်ထွက်ပစ်ခတ်နိုင်ပြီ ဖြစ်သည်။ ၎င်းတို့နှစ်ဦးလုံး၏ စွမ်းအားများသည် သလင်းကျောက်အသက်သွင်းပြီးနောက် အရည်အသွေးပိုင်းဆိုင်ရာ ပြောင်းလဲမှုကို ကြုံတွေ့ခဲ့ရသည်မှာ ထင်ရှားလှသည်။
လင်းရှန်သည် အေးခဲနေသော လေထုထဲတွင် ခပ်မှိန်မှိန်မြင်တွေ့နေရသည့် အမှောင်စွမ်းအင်စီးဆင်းမှုများကို စောင့်ကြည့်နေသည်။ ဤစွမ်းအားမှာ လျှို့ဝှက်ဆန်းကြယ်မှုများဖြင့် ပြည့်နှက်နေပြီး ရှုချင်း၏ လက်ထဲရှိ သေနတ်တစ်လက်ကို အမြောက်အဆင့် ပစ်ခတ်မှုစွမ်းအားအထိ ထုတ်လွှတ်နိုင်စေရာ ကောင်းကင်ကို လုံးဝဆန့်ကျင်နေပေသည်၊၊
“ညီမတို့ရဲ့ အမှောင်အမှတ်အသားတွေ အားလုံး လင်းထိန်နေပြီ… ပတ်ပတ်လည် အနည်းဆုံး ၅ကီလိုမီတာ ပင်လယ်ရေပြင်အတွင်းမှာရှိတဲ့ သတ္တဝါဆန်းအားလုံးက ညီမတို့ရှိတဲ့နေရာဆီကို စုပြုံလာနေကြတယ်”
လို့ရှားရှားသည် သတင်းအချက်အလက်အရာရှိ ထိုင်ခုံတွင် ထိုင်ကာ ရေဒါမျက်နှာပြင်ကို ကြည့်ရင်း ပြောလိုက်သည်။
“ကောင်းကင်မှာလည်း အချို့ ရှိနေတယ်”
ဤအခိုက်အတန့်တွင် လှိုင်းထန်နေသော ပစိဖိတ်သမုဒ္ဒရာရေမျက်နှာပြင်ထက်၌ အဖြူရောင်အမြှုပ်များဖြင့် ပြည့်နှက်နေသော ပင်လယ်ပြင်ကြီးသည် တောင်မြောက်မိုးကုတ်စက်ဝိုင်းအဆုံးအထိ မျဉ်းတစ်ကြောင်းတားထားသကဲ့သို့ ရှည်လျားစွာ တန်းနေသည်။ ၎င်းမှာ တွင်းနက်ဗဟိုချက်မှ သမုဒ္ဒရာထဲသို့ ပြန့်ကားထွက်ပေါ်လာသည့် တုန်ခါလှိုင်းကြီးတစ်ခုကဲ့သို့ပင် ရက်စက်ကြမ်းကြုတ်သော အရှိန်အဟုန်ဖြင့် ရှေ့သို့သောင်းကျန်းလာနေသည်။
ကောင်းကင်အမိုးခုံးရထားသည် ယခုအခါ မူလရထားလမ်းအတိုင်း အရှိန်ပြင်းစွာ မောင်းနှင်နေပြီး အောက်ဘက်ရှိ အဖြူရောင်အမြှုပ်ဧရိယာနှင့် ဘေးချင်းယှဥ်လျက်သားရှိနေသည်။ တစ်ချက်ကြည့်လိုက်လျှင် သမုဒ္ဒရာတစ်ခုလုံးသည် ပွက်ပွက်ဆူနေသော အဖြူရောင်အမြှုပ်များအဖြစ် ပြောင်းလဲသွားသကဲ့သို့ပင်။ ရေနက်ပိုင်းမှ ရေတွက်၍မရသည့် သန္ဓေပြောင်းသတ္တဝါများသည် အစုအဝေးလိုက်ထွက်ပေါ်လာကြပြီး အမည်းရောင်အုပ်စုကြီးအဖြစ် ရထားဆီသို့ တိုးဝင်လာကြသည်။
လင်းရှန်သည် အထက်ဘက်ရှိ ကောင်းကင်ယံကို မော့ကြည့်လိုက်သည်။ လူတိုင်း၏ သလင်းကျောက်စွမ်းအားများ ပေါက်ကွဲထွက်နေပြီး အမှောင်အမှတ်အသားများအားလုံး လင်းထိန်နေသဖြင့် အမည်းရောင်တိမ်တိုက်ကြီးများက နိမ့်ဆင်းလာကာ မိုးပျံသတ္တဝါဆန်းများ ပို၍များပြားစွာ စီးဆင်းဝင်ရောက်လာနေသည်။ တစ်ချက်ကြည့်ရုံမျှဖြင့် ထိုအမည်းရောင် တိမ်တိုက်တန်းကြီးများအတွင်း ကြောက်မက်ဖွယ်ရာ ကောင်းကင်သက်ရှိကြီးများရှိနေကြောင်း သူ ချက်ချင်းပင် ရိပ်မိလိုက်သည်။