← Chapters

ပယ်လယ်ကိုခွဲခြမ်းခြင်း (၂)

Vol. 68 Ch. 1098

ပယ်လယ်ကိုခွဲခြမ်းခြင်း (၂)

Vol. 68 Ch. 1098

“ဒီအရှိန်အတိုင်းဆိုရင် စက္ကန့် ၃၀ အတွင်း ဆူနာမီနဲ့ တိုက်မိတော့မယ်”

ရှားရှားသည် ခေါင်းလှည့်ကာ လင်းရှန်ကို ကြည့်လိုက်ပြီး သူမ၏ မျက်နှာလေးက တင်းမာနေလျက် မေးလိုက်သည်။

“အစ်ကိုလင်း… ညီမတို့ အပေါ်ကို ပျံတက်ဖို့ ပြင်ဆင်ရမလား”

လင်းရှန် ပြန်မပြောရသေးမီမှာပင် နန်ကျင်း၏ အသံက သူ၏နားကြပ်ထဲသို့ ရုတ်တရက် ဝင်ရောက်လာသည်။

“ကပ္ပတိန်လင်း”

ဝုန်း၊၊

တိုက်ကြီးဖြတ်ရထား၏ အမိုးထက်တွင် တုန်ခါလှိုင်းတစ်ခုက မီတာရာချီသော လေထုကို ဖောက်ထွင်းပစ်လိုက်ပြီး စုပြုံနေသော ငါးပျံအုပ်ကြီးအကြား ၇မီတာ ၈မီတာကျယ်ဝန်းသော လေဟာနယ်တွင်းကြီးတစ်ခုကို ဖောက်ထွင်းပစ်လိုက်သည်။ သွေးမြူခိုးများက ဘေးပတ်ပတ်လည်သို့ ပန်းထွက်သွားလေသည်။ ထိုတုန်ခါလှိုင်းထွက်ပေါ်ရာ အရပ်တွင် နန်ကျင်းသည် ယခုအခါ တိုင်တန်ကြီးတစ်ဦးကဲ့သို့ ဖြစ်နေပြီး သူမ၏ သလင်းကျောက်စွမ်းအားများက ဟိန်းဟောက်နေလျက် ပြင်းထန်သော လက်သီးထိုးချက်အနေအထားဖြင့် အေးခဲနေဆဲပင်။ ဤအခိုက်အတန့်တွင် သူမ၏ မျက်မှောင်များ အနည်းငယ်တွန့်ကွေးသွားသည်။ သလင်းကျောက်စွမ်းအားကို လှည့်ပတ်ပြီးနောက် သူမသည် တစ်စုံတစ်ခုကို ရုတ်တရက်ခံစားလိုက်ရသည်။ အမှောင်စွမ်းအင်လှုပ်ရှားမှုများက သူမ၏ ပတ်ပတ်လည်တွင် စီးဆင်းနေပြီး သူမ၏ ခန္ဓာကိုယ်အရွယ်အစားမှာ သိသာထင်ရှားစွာ ကျုံ့ဝင်လာနေသည်။

ဤအရာကို သတိပြုမိပြီးနောက် နန်ကျင်းသည် စိတ်ထဲမှ အနည်းငယ်သက်ပြင်းချလိုက်မိသော်လည်း သူမ ထိုအရာကို အာရုံမစိုက်နိုင်သေးပေ၊၊ ကောင်းကင်ထက်သို့ မော့ကြည့်ကာ ဆက်သွယ်ရေးစက်မှတစ်ဆင့် ဆက်လက် ပြောကြားလိုက်သည်။

“ငါတို့ အမြင့်ကြီး ပျံတက်လို့မရဘူး… အကယ်၍ ငါတို့သာ အထူးအဆင့်တစ်ကောင်ကောင်ရဲ့ အဆင့် ၄ အမှတ်အသားရလိုက်ရင် ဒီဧရိယာထဲက သန္ဓေပြောင်းသတ္တဝါတွေရဲ့ သိပ်သည်းဆအရ ငါတို့ ဒုက္ခအကြီးအကျယ်ရောက်လိမ့်မယ်”

“ဟုတ်တယ် အခုတောင် အတော်များနေပြီ”

“သတိထား”

နန်ကျင်း၏အနားတွင် လုချန်နှင့် မြောင်လုတို့သည် ရထား၏ အလိုအလျောက်ပစ်အားကာကွယ်ရေးစနစ်အောက်တွင် ရှိနေသော်လည်း အလုံးအရင်းနှင့်တိုးဝင်လာသော တိုက်ခိုက်မှုများကို အသည်းအသန်ခုခံနေရသည်။ သူတို့သည် သလင်းကျောင်ဆင့်ကဲပြောင်းလဲခြင်းမလုပ်ရသေးသဖြင့် တိုက်ခိုက်ရေးစွမ်းရည်မှာ လေးထောင်ကျော်ရုံသာ ရှိသေးပြီး ယခုထက် ပိုမိုအဆင့်မြင့်သော သန္ဓေပြောင်းသတ္တဝါများ ထွက်ပေါ်မလာသေး၍သာ တော်တော့သည်။ အကယ်၍ အဆင့် A နှင့် အထူးအဆင့်များ ကောင်းကင်တွင် ရုတ်တရက်ပေါက်ကွဲထွက်ပေါ်လာပါက သူတို့သည် ရထားထဲသို့ ဆုတ်ခွာပြီး လက်နက်များဖြင့်သာ တုံ့ပြန်တိုက်ခိုက်နိုင်မည် ဖြစ်သည်။

“ငါ သိတယ်”

ပင်မကွပ်ကဲမှုခန်းအတွင်းရှိ လင်းရှန်သည် သူတို့၏ လက်ရှိအခြေအနေကို သဘာဝကျကျပင် နားလည်ထားသည်။ ကောင်းကင်အမိုးခုံးရထား၏ ပစ်အားစွမ်းရည်မှာ အားကောင်းလှပြီး နီရဲသောဒီရေလှိုင်းထဲမှ ထွက်ပေါ်လာသော ထိုမိစ္ဆာကောင်များသည် သလင်းကျောက်ဆင့်ကဲပြောင်းလဲထားသူများအတွက် ကိုင်တွယ်ရအဆင်ပြေသော်လည်း ယခုကဲ့သို့ ကျယ်ပြန့်လှသော တွင်းနက်၏ လှုပ်ရှားမှုအောက်တွင် အမှောင်အမှတ်အသား၏ သိပ်သည်းဆကို အလွန်မမြင့်တက်စေရန် အကောင်းဆုံးထိန်းချုပ်ရပေမည်၊၊ မဟုတ်ပါက အခြေအနေများမှာ ထိန်းချုပ်မရဖြစ်သွားမည်ကို စိုးရိမ်ရသည်။ လက်ရှိတွင် သူတို့သည် ထွက်ပြေးလွတ်မြောက်ရေးဗျူဟာကို သုံးနေခြင်းဖြစ်ရာ အကြီးအကျယ်ရင်ဆိုင်တိုက်ခိုက်နေရန် လုံးဝမလိုအပ်ပေ။

“ပျံတက်ဖို့ ပြင်ဆင်ကြ… အားလုံး သတိထား… ငါ အမြင့်ကို ထိန်းထားမယ်…. လှိုင်းရဲ့အောက်မှာ တခြားအန္တရာယ်တွေ ရှိနေနိုင်တယ် မိုနီကာနဲ့ ချီလီက ရေအောက်ကို စောင့်ကြည့်ထား… ရူဂျီနဲ့ လုရှင်းချန်က ကောင်းကင်ကို စောင့်ကြည့်ပါ”

လင်းရှန် ပြောပြီးသည်နှင့် တစ်ပြိုင်နက် လုရှင်းချန်၏ အသံက ဆက်သွယ်ရေးလိုင်းထဲတွင် ရုတ်တရက် ထွက်ပေါ်လာသည်။

“အစ်ကိုလင်း… ခဏလောက်စောင့်ဦး”

မြင့်မားသော လေထဲရှိ ကောင်းကင်တံတားမှ ဆန့်ထွက်နေသော ရထားပလက်ဖောင်း၏ ရှေ့ဦးတွင် လူရိပ်တစ်ခုသည် တွင်းနက်မုန်တိုင်းကြောင့်ဖြစ်ပေါ်လာသော ထူးဆန်းသည့် အနီရောင်အလင်းတန်းအောက်၌ ရေချိုးနေသကဲ့သို့ရှိနေပြီး အထူးပင် လူအများအာရုံစိုက်စရာဖြစ်နေသည်။ လုရှင်းချန်သည် မည်သည့်အချိန်ကတည်းက ချွတ်လိုက်မှန်းမသိရသော သူ၏ စွမ်းအားဝတ်စုံခေါင်းဆောင်းကို ချွတ်ထားပြီးဖြစ်ရာ ပြင်းထန်သော လေပြင်းများက သူ၏ အနည်းငယ် ရှုပ်ပွနေသော အနက်ရောင်ဆံပင်များကို တိုက်ခတ်နေသည်။ သူသည် ရထား၏အထက်မီတာအနည်းငယ်အကွာတွင် ဂုဏ်ယူဝင့်ကြွားစွာ ပျံသန်းနေပြီး ကောင်းကင်နှင့် မြေပြင်ကို ဖျက်ဆီးပစ်နိုင်လောက်သော ဧရာမဆူနာမီတံတိုင်းကြီးကို မျက်နှာမူလျက် လက်နှစ်ဖက်ကို နောက်ပစ်ထားကာ သူ၏ ဝတ်ရုံမှာ လေထဲတွင် တဖျတ်ဖျတ်လွင့်ပျံနေသည်။

“ဒီလိုလမ်းပိတ်နေတဲ့ လှိုင်းလုံးကြီးက ချောက်ကမ်းပါးအက်ကွဲကြောင်းတစ်ခုသာသာပဲ… ဘာလို့ ကောင်းကင်အမိုးခုံးရထားကို ပျံတက်ပြီး အာရုံစိုက်မှု အသေးအဖွဲလေးတွေ ရအောင် လုပ်နေမှာလဲ”

သူ၏ အသံမှာ ကြည်လင်ပြတ်သားပြီး လေပြင်းနှင့် မိုးကြိုးသံများကို ဖြတ်သန်းကာ ပြန့်လွင့်သွားသည်။ ထိုအသံမှာ စင်မြင့်ထက်တွင် ပြဇာတ်ဒိုင်ယာလော့ခ်များကို ရွတ်ဆိုနေသကဲ့သို့ တမင်တကာလုပ်ယူထားသော လေယူလေသိမ်းမျိုးဖြစ်နေသည်။ သူသည် ညာဘက်လက်မောင်းကို ဖြည်းညှင်းစွာ မြှောက်ကာ လက်ညှိုးတစ်ချောင်းကို ဆန့်ထုတ်ပြီး တောင်တန်းများကို ဝါးမျိုတော့မည့်အလား ချဉ်းကပ်လာနေသော အနက်ရောင် တံတိုင်းကြီးကို ကြောက်ရွံ့ခြင်းမရှိဘဲ ညွှန်ပြလိုက်သည်။

“ငါ ဒီမှာရှိနေတယ် ဓားတစ်လက်တည်းနဲ့တင် လုံလောက်တယ်… ရထားအတွက် ငါလမ်းဖွင့်ပေးမယ်”

“ဟေ့”

ကောင်းကင်တံတား၏ ရှေ့တန်းတိုက်ပွဲတွင် ဓားတစ်လက်ကို ဝှေ့ယမ်းနေသော တာလို့သည် ပျံသန်းလာသော ဂြိုဟ်သားမွန်းစတားတစ်ကောင်ကို ခုတ်ပိုင်းလိုက်ပြီးနောက် ခေါင်းလှည့်ကာ အသံနက်ကြီးဖြင့် အော်ဟစ်လိုက်သည်။

“ဒီလိုအရေးကြီးတဲ့အချိန်မှာ မိုက်ရူးရဲဆန်ပြီးလျှောက်မလုပ်နဲ့”

ရူဂျီ ထိန်းချုပ်ထားသော သတ္တုရုပ်သေးရုပ်အချို့၏ သတ္တုမျက်နှာပြင်များသည် အတားအဆီးများကို ရှင်းလင်းနေခြင်းကို ရပ်တန့်လိုက်ပြီး လုရှင်းချန်ဘက်သို့ လှည့်ကာ မေးခွန်းထုတ်နေကြသကဲ့သို့ ရှိနေသည်။

ရှေ့ပြေးမျှော်စင်ပေါ်တွင် ရှိနေသော ချီလီ၏ နှုတ်ခမ်းများမှာ တွန့်ကွေးသွားပြီး နဖူးပေါ်ရှိ စွမ်းအားဝတ်စုံ မျက်လုံးအပေါက်ကို လက်ဖြင့် အလိုအလျောက်အုပ်လိုက်မိကာ “နောက်တစ်ခါလာပြန်ပြီ” ဟူသည့် မျက်နှာမျိုးဖြင့် တည့်တည့်ပင် မကြည့်ရဲတော့ပေ။

“စိတ်ချပါ… အစ်ကိုဟွာ… ငါက လူစွမ်းကောင်းဖြစ်ချင်ရုံသက်သက်နဲ့ ရထားတစ်စင်းလုံးမှာ ရှိတဲ့ သူငယ်ချင်းတွေရဲ့ အသက်ကို စွန့်စားမှာ မဟုတ်ပါဘူး”

လုရှင်းချန်က ခပ်ဖျော့ဖျော့ပြုံးလိုက်ပြီး လို့ဟွာကို ပြန်လည်မဖြေရှင်းတော့ဘဲ လင်းရှန်၏ စကားကိုသာ စောင့်ဆိုင်းနေလိုက်သည်။

“ကောင်းပြီ”

ဆက်သွယ်ရေးလိုင်းထဲတွင် လင်းရှန်က တိုက်ရိုက်ပြန်ဖြေလိုက်သည်။ အမှန်တော့ လင်းရှန်တွင် အခြားပြင်ဆင်မှုများရှိထားပြီးသားဖြစ်သော်လည်း ယခုအခါ ဝိညာဉ်လှိုင်းတုန်ခါမှုတန်ဖိုး သုံးသောင်းနီးပါးအခြေအနေသို့ ရောက်ရှိနေသော မီးတောက်သည် မည်မျှအထိ တိုက်ခိုက်ရေးစွမ်းရည်ပြသနိုင်မည်ကို သူလည်းပဲ သိချင်မိနေသည်။

ဝုန်း၊၊

မီတာရာပေါင်းများစွာ မြင့်သော ဆူနာမီလှိုင်းလုံးကြီးများသည် သမုဒ္ဒရာကြီးထဲမှ မြင့်မားသော တောင်တန်းကြီးများကဲ့သို့ ထိုးထွက်လာပြီး ကမ္ဘာမြေကို တုန်ဟည်းစေမည့် အသံနှင့်အတူ လေထုကို တုန်ခါစေလျက် ပင်လယ်ပြင်ရထားလမ်းကြောင်း၏ ရှေ့ဆီသို့ တိုးဝင်လာနေသည်။ ရထားလမ်းကြောင်း၏ အဆုံးပိုင်းမှာ နက်မှောင်သော ပင်လယ်ရေအောက်တွင် နစ်မြုပ်နေပြီဖြစ်ပြီး ထိုရေအောက်ရှိ သမုဒ္ဒရာမျက်နှာပြင်တစ်ခုလုံးသည် အထက်သို့ မြင့်တက်လာနေသည်။ လှိုင်းလုံးကြီးများသည် ရထားလမ်းပေါ်သို့ စတင်ရိုက်ခတ်လာနေလေပြီ၊၊

လင်းရှန်သည် ဗိုင်အိုလာနှင့် ချိတ်ဆက်လိုက်ပြီး ကောင်းကင်အမိုးခုံးရထား၏ ပန်ကာမော်တာကို စတင်ထိန်းချုပ်လိုက်သည်။ တစ်ချိန်တည်းမှာပင် သံလိုက်စက်ကွင်းစနစ်မှာ အလုပ်မလုပ်တော့သဖြင့် နောက်ကွယ်ရှိ တိုက်ကြီးဖြတ်ကျော်ရထားသည် ပန်ကာငယ်တစ်ခုဖြင့် လမ်းကြောင်းပေါ်မှ အနည်းငယ်မြင့်တက်လာပြီး ရထားတစ်စင်းလုံးသည် သမုဒ္ဒရာလှိုင်းလုံးကြီးများ၏ အထက်တွင် ကပ်လျက် ပျံသန်းနေသလိုပင်ဖြစ်နေသည်။

လုရှင်းချန်သည် ကောင်းကင်တံတား၏ ထိပ်တွင် ပျံသန်းနေပြီး သူ၏ မျက်ဝန်းများထဲတွင် ဖြူဖွေးသော မီးတောက်များတောက်လောင်နေကာ ပိုမိုနီးကပ်လာသော ချောက်နက်ကြီးသဖွယ် အနက်ရောင်တံတိုင်းကြီး၏ အသွင်သဏ္ဌာန်ကို ထင်ဟပ်နေသည်။ သူသည် ကြောက်ရွံ့မှုမရှိသည့်အပြင် အလွန်အမင်းစိတ်လှုပ်ရှားမှုကြောင့် ဖြစ်ပေါ်လာသော တောက်ပသည့် အလင်းရောင်များပင် ထွက်ပေါ်နေသည်။

“လမ်းစဉ်သုံးထောင်မှာ ငါ့ရဲ့ လမ်းစဉ်ကတော့ လောင်ကျွမ်းခြင်းပဲ”

လုရှင်းချန်သည် ရုပ်ရှင်ထဲကအတိုင်း လေယူလေသိမ်းဖြင့် ကမ္ဘာမြေ၏ စွမ်းအားကို ဆင့်ခေါ်သည့် ရှေးဟောင်း ဂါထာမန္တန်တစ်ခုကို ရွတ်ဆိုနေသကဲ့သို့ အစွမ်းထက်လှသော စကားလုံးများကို ခပ်တိုးတိုးရွတ်နေသည်။

သူ၏ မျက်ဝန်းများသည် ရုတ်တရက် လိမ္မော်နီရောင် မီးတောက်များဖြင့် တောက်ပလာသည်။

ဘွန်း၊၊

သူ၏ ခန္ဓာကိုယ်အတွင်းမှ လူသားနေမင်းတစ်စင်းကို မီးရှို့လိုက်သကဲ့သို့ပင် ရွှေနီရောင်မီးတောက်များသည် မည်သည့်သတိပေးချက်မျှမရှိဘဲ ပတ်ပတ်လည်မှ ပေါက်ကွဲထွက်လာပြီး သူ့ကို အချင်းဆယ်မီတာကျော်ရှိသော ဧရာမမီးလုံးကြီးတစ်ခုအဖြစ် ဖုံးလွှမ်းသွားသည်။ လေထုသည် ပြင်းထန်သောအပူရှိန်ကြောင့် ပုံပျက်သွားပြီး ပေါက်ကွဲသံကြီးများကို ဖြစ်ပေါ်စေသည်။ အောက်ဘက်ရှိ ဆူပွက်နေသော ပင်လယ်ရေများသည် ထိုအပူလှိုင်းကြောင့် ချက်ချင်းပင် ကျယ်ပြန့်သော မြူခိုးဖြူများအဖြစ်သို့ အငွေ့ပျံသွားပြီး သူ့အတွက် မြူခိုးဝေနေသော လမ်းမကြီးတစ်ခုကို ခင်းကျင်းပေးထားသကဲ့သို့ ရှိနေသည်။

ကြီးမားလှသော အမှောင်စွမ်းအင်အတတ်အကျသည် လုရှင်းချန်ကို ဗဟိုပြု၍ လက်ဆုပ်လက်ကိုင်ပြနိုင်သော ဆူနာမီလှိုင်းလုံးကြီးတစ်ခုကဲ့သို့ ပျံ့နှံ့သွားသည်။ ထိုလှိုင်း၏ ပြင်းအားသည် နောက်ကွယ်ရှိ တွင်းနက်မုန်တိုင်း၏ အရှိန်အဝါနှင့် ရှေ့မှ ဆူနာမီလှိုင်းလုံးကြီး၏ ဟိန်းဟောက်သံကို ယာယီအားဖြင့် လွှမ်းမိုးသွားသည်။ ၂၆၅၀၀ ရှိသော ဝိညာဉ်လှိုင်းတုန်ခါမှုတန်ဖိုး၏ အမြင့်ဆုံးပမာဏသည် ယခုအချိန်တွင် အပြည့်အဝထွက်ပေါ်လာခြင်းဖြစ်သည်။ ကွပ်ကဲခန်းအတွင်းရှိ ဝိညာဉ်လှိုင်းတုန်ခါမှုစမ်းသပ်ကိရိယာအားလုံး ချက်ချင်းပင်ပေါက်ကွဲသွားပြီး စူးရှသောသတိပေးသံများ ထွက်ပေါ်လာသည်။

ထို့နောက် လုရှင်းချန်သည် လက်တစ်ဖက်ဖြင့် ဓားတစ်ခုကို ဖန်တီးလိုက်ရာ ထိပ်ဖျားရှိ မီးလုံးကြီးသည် ဓားပုံသဏ္ဌာန်တစ်ခုအဖြစ်သို့ စုစည်းသွားသည်။ သို့သော် ၎င်းသည် ဓားတစ်လက်နှင့် မတူဘဲ အလွန်အကျွံဖိသိပ်ထားသော ရူးသွပ်ဖွယ်မီးစွမ်းအင်များဖြင့် ဖွဲ့စည်းထားသည့် ဧရာမဓားသွားကြီးတစ်ခုနှင့် ပိုတူနေသည်။ ၎င်းသည် မွန်းတည့်နေမင်းထက် အဆပေါင်းထောင်ချီ၍ ပိုမိုစူးရှသော အလင်းတန်းများကို ထုတ်လွှတ်ပြီး ကောင်းကင်အမိုးခုံးရထားပေါ်တွင် ခဏမျှလင်းထိန်သွားသည်။ ဓား၏ ပတ်ပတ်လည်ရှိ ဟင်းလင်းပြင်သည် အလွန်ပြင်းထန်သော အပူရှိန်ကြောင့် ဆက်တိုက်ပြိုလဲပျက်စီးကာ တွန့်ခေါက်သွားပြီး မြင်သာသောအနက်ရောင်လှိုင်းတွန့်များကို ဖြစ်ပေါ်စေသည်။ ဓားဖျားက ရှေ့သို့ ညွှန်ပြလိုက်သည်နှင့် လေထုသည် လေဟာနယ်လမ်းကြောင်းတစ်ခုအဖြစ်သို့ အလိုအလျောက်ခွဲထွက်သွားပြီး ဟင်းလင်းပြင်ကြီးကိုယ်တိုင်ကပင် အော်ဟစ်ငိုကြွေးနေသကဲ့သို့ စူးရှသောအသံကြီးတစ်ခုက ပဲ့တင်ထပ်သွားသည်။

All Chapters