← Chapters

အခန်း ၁၉၅၂

Vol. 131 Ch. 1952

အခန်း ၁၉၅၂

Vol. 131 Ch. 1952

အပိုင်း ( 1952 ) ပေါင်ပေါင် ရောက်လာပြီ။

"လုမင်"

ရွမ်ထျန်းကျောင်းနှင့် မင်ယန်တိုင်းပြည်မှ အခြားလူများက စိတ်လှုပ်ရှားစွာဖြင့် လက်သီးကို တင်းတင်းဆုပ်လိုက်ကြသည်။

ဘာကြောင့်မှန်းမသိသော်လည်း လုမင်အတွက် ဂုဏ်ယူမိသွား၏။ လုမင်က မင်ယန်တိုင်းပြည်ကို တစ်နည်းနည်းဖြင့် ကိုယ်စားပြုခြင်းကြောင့်လား သူတို့ မသိပေ။

သူတို့၏ အသိစိတ်တွင် သူတော်စင်ဧကရာဇ်များက တန်ခိုးကြီးပြီး မြင့်မား၍ ကမ္ဘာလောကကို နှိမ့်ချရှုမြင်သူများ ဖြစ်သည်။ သူတို့က အဆုံးမဲ့ပင်လယ်ကမ္ဘာတွင် အထွတ်အထိပ် တည်ရှိမှု ဖြစ်၏။ သို့သော်လည်း ယခုအချိန်မှာတော့ လုမင်က သူတို့ ကိုးယောက်စလုံးကို တိုက်ခိုက်နိုင်ခဲ့ပြီ။ တုန်လှုပ်စရာကောင်းလွန်းသည်။

"ဒါက ကစဥ့်ကလျားရဲ့သားတော်လား။ သူ့ရဲ့ တိုက်ခိုက်နိုင်စွမ်းက တကယ်ကို ကောင်းကင်ဘုံကို အံတုလွန်းတယ်"

ဤနေရာတွင်၊ ပင်လယ်ကမ္ဘာမှ လူများအပြင် ပြင်ပကမ္ဘာမှ လူများလည်း ရှိခဲ့သည်။ အများစုက ပြင်းထန်သော တိုက်ခိုက်မှုလှိုင်းများကြောင့် လာရောက်ကြည့်ရှုရန် ဆွဲဆောင်ခံခဲ့ရခြင်း ဖြစ်၏။ ဤအခိုက်တွင်၊ တစ်ယောက်က အံ့အားသင့်စွာ ပြောလိုက်သည်။

ပရိသတ်များသာမက၊ ဟန်မိသားစု၏ ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူနှင့် အခြား တိုက်ခိုက်နေသူများပင်လျှင် တုန်လှုပ်သွားကြသည်။

လုမင်က သူတို့ကို အမှန်တကယ် ရင်ဆိုင်နိုင်ပေသည်။

"သတ်"

ဟန်မိသားစု၏ ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူက အော်ဟစ်ပြီး ပထမဆုံး ထပ်မံတိုက်ခိုက်ခဲ့သည်။ သူက အထူးနည်းလမ်းတစ်ခုကို အသုံးပြုပြီး လုမင်ဆီသို့ ပြေးသွားခဲ့၏။

ထို့နောက် အခြား ဧကရာဇ်တစ်ပိုင်းများကလည်း တိုက်ခိုက်လိုက်ကြသည်။

"ဒီလိုဆိုမှတော့ မင်းကို အရင်သတ်မယ်"

ဟန်မိသားစု၏ ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူကို စိုက်ကြည့်ရင်း လုမင်၏ မျက်လုံးများက အေးစက်သွားသည်။

တစ်ချိန်တည်းမှာပင်၊ လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ ငရဲဖိနှိပ်ကျောက်စာတိုင် ပုံရိပ်ကိုးခုက ပေါ်လာပြီး အခြားသူများကို ဖိနှိပ်လိုက်၏။ လုမင်က ဟန်မိသားစု၏ ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူကို ပိုပြီး တိုက်ခိုက်လိုက်သည်။

ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း။

လုမင်က အင်အားအပြည့် အသုံးပြုပြီး ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းကို ထုတ်ဖော်လိုက်သည်။

ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းက ဟန်မိသားစု၏ ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူ၏ တိုက်ခိုက်မှုကို ဖျက်ဆီးပစ်လိုက်သည်။ ဟန်မိသားစု၏ ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူက ချက်ချင်း ဒဏ်ရာရရှိသွားပြီး သူ့နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာတော့သည်။

အခြားသော ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူရှစ်ဦး၏ တိုက်ခိုက်မှုများက လုမင် ဖန်တီးထားသော ငရဲဖိနှိပ်ကျောက်စာတိုင် ပုံရိပ်များနှင့် တိုက်မိသွားသည်။ ငရဲဖိနှိပ်ကျောက်စာတိုင် ပုံရိပ်ကိုးခုက ပျက်စီးသွားပြီး ကျန်ရှိသော စွမ်းအားများက လုမင်ဆီသို့ တဟုန်ထိုး ရောက်လာခဲ့၏။ သူ့ခန္ဓာကိုယ်က တုန်လှုပ်သွားပြီး သူ့နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာတော့သည်။

သို့သော်လည်း လုမင်က ဤစွမ်းအားကို အသုံးပြု၍ ဟန်မိသားစု၏ ဧကရာဇ်တစ်ပိုင်းထံသို့ လျင်မြန်စွာ ပြေးသွားသည်။

"အထဲကိုဝင်စမ်း"

လုမင်က တာ့ယန်ဆေးမီးဖို၏ အဖုံးကို ဖွင့်လိုက်၏။ တာ့ယန်ဆေးမီးဖိုမှ ကြောက်မက်ဖွယ်ရာ စုပ်ယူမှုစွမ်းအားက ထွက်ပေါ်လာပြီး ဟန်မိသားစု၏ ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူကို စုပ်ယူလာတော့သည်။

ဟန်မိသားစု၏ ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူက တုန်လှုပ်သွားသည်။ သူက သွေးရူးသွေးတန်းဖြင့် ရုန်းကန်ရင်း အော်ဟစ်လိုက်၏။

"ကူညီကြပါဦး"

"မစဉ်းစားနဲ့"

"သူ့ကိုသတ်"

အခြား ကျွမ်းကျင်သူရှစ်ဦးကလည်း တစ်ချိန်တည်းတွင် တိုက်ခိုက်ခဲ့ကြသည်။ ပြင်းထန်သော တိုက်ခိုက်မှုအမျိုးမျိုးက လုမင်အပေါ်သို့ ကျရောက်လာတော့သည်။

လုမင်၏ မျက်လုံးများက ရူးသွပ်မှုဖြင့် တောက်ပလာသည်။

"ပိတ်ဆို့စမ်း"

လုမင်၏ အတွေးတစ်ခုဖြင့် ရာနှင့်ချီသော သူတော်စင်လက်နက်များက သူ့နောက်ကျောဘက်တွင် အကာအရံတစ်ခုသဖွယ် စုစည်းသွားကြသည်။ သူက ဟန်မိသားစု၏ ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူကို ပြင်းထန်စွာ တိုက်ခိုက်လိုက်၏။

"ဝုန်း"

ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူရှစ်ဦး၏ တိုက်ခိုက်မှုများက ရာနှင့်ချီသော သူတော်စင်လက်နက်များဖြင့် ပြုလုပ်ထားသည့် ဒိုင်းပေါ်သို့ ကျရောက်လာသည်။ ဒိုင်းက ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကွဲထွက်သွားသည်။ တောက်ပသော သူတော်စင်လက်နက်များနှင့် မဟာသူတော်စင်လက်နက်အချို့က ပေါက်ကွဲထွက်ပြီး အပိုင်းအစများအဖြစ်သို့ လွင့်စဉ်သွား၏။

အန္တိမသူတော်စင်လက်နက် တစ်ဒါဇင်မျှသာ မပေါက်ကွဲခဲ့ဘဲ ကျန်ရစ်သည်။

သူတော်စင်လက်နက် နှစ်ရာကျော်က ထိုကဲ့သို့ပင် ဖျက်ဆီးခံခဲ့ရသည်။ ဒါက ကြီးမားသော ဆုံးရှုံးမှာတစ်ခုပင်။

သို့သော်လည်း အရာအားလုံးက ထိုက်တန်သည်။ ဒါက လုမင်အတွက် လုံလောက်သော အချိန်ပေးခဲ့ပေသည်။

ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း၏ တိုက်ခိုက်မှုအောက်တွင် ဟန်မိသားစု၏ ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူက ပေါက်ကွဲလုနီးပါးဖြစ်ကာ သွေးများ အန်ထွက်ခဲ့သည်။ ဤအခြေအနေတွင်၊ သူက တာ့ယန်ဆေးမီးဖို ဆွဲငင်အားကို မခုခံနိုင်တော့ပါ။

ဟန်မိသားစု၏ ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူက သွေးပျက်စွာဖြင့် အရူးအမူး ရုန်းကန်ခဲ့သည်။ သို့သော်လည်း သူ့ကို တာ့ယန်ဆေးမီးဖိုက စုပ်ယူသွားဆဲပင်။

"ပိတ်"

လုမင်က ဆေးမီးဖို၏ အဖုံးကိုပိတ်ပြီး ဟန်မိသားစု၏ ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူကို သန့်စင်ရန် ဆေးမီးဖိုကို အသက်သွင်းလိုက်သည်။

"ဝုန်း... ဒုန်း..."

‌ဟန်မိသားစု၏ ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူက အရူးတစ်ယောက်လို တိုက်ခိုက်ပြီး ဆေးမီးဖိုကို ခွဲထုတ်ရန် ကြိုးစားခဲ့သည်။

သို့ရာတွင်၊ လုမင်၏ လက်ရှိကျင့်ကြံမှုဖြင့် တာ့ယန်ဆေးမီးဖိုကို ထိန်းချုပ်ထားခြင်းဖြစ်ရာ သူကဲ့သို့ သာမန်ဧကရာဇ်တစ်ပိုင်းက မည်ကဲ့သို့ တွန်းလှန်နိုင်မည်နည်း။

"တိုက်ခိုက်ကြ၊ ဟန်မိသားစုရဲ့ ဧကရာဇ်တစ်ပိုင်းကို ကယ်တင်ကြဟေ့"

ရွှေကျီးကန်းမျိုးနွယ်၏ ဧကရာဇ်တစ်ပိုင်းက ဟိန်းဟောက်ပြီး လုမင်ကို တိုက်ခိုက်လိုက်သည်။

တစ်ချိန်တည်းမှာပင် အခြားသော ဧကရာဇ်တစ်ပိုင်း တို့သည်လည်း လုမင်ကို တိုက်ခိုက်ကြ၏။

လုမင်က တာ့ယန်ဆေးမီးဖိုဖြင့် ပိတ်ဆို့ရန် ကြိုးစားခဲ့သည်။ သူက အရေးနိမ့်နေသေးသော်လည်း အချိန်တိုအတွင်း ပြင်းထန်စွာ ဒဏ်ရာရတော့မည် မဟုတ်ပါ။

'သူတော်စင်ဧကရာဇ်တို့၊ အဲဒီလူက ဥပဒေမဲ့ပြီး ရမ်းကားလွန်းတယ်။ အခုချိန်က သူ့ကိုသတ်ဖို့ အကောင်းဆုံးအချိန်ပါပဲ'

ရွှမ်ချွမ်က အချိန်နတ်ဘုရားကျွန်း၏ သူတော်စင်ဧကရာဇ်သုံးဦးထံ အသံပို့လွှတ်၍ ပြောလိုက်သည်။

အချိန်နတ်ဘုရားကျွန်း၏ ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူက အကြည့်ချင်းဖလှယ်လိုက်ကြသည်။ တစ်ယောက်မျက်လုံးထဲမှ သတ်ဖြတ်လိုစိတ်ကို တစ်ယောက်က တွေ့လိုက်ရ၏။

လုမင်က အချိန်နတ်ဘုရားကျွန်းမှ ကျွမ်းကျင်သူများကို သတ်ခဲ့သည်။ ထို့ကြောင့် သူ့ကို ပြန်ပေးဆပ်စေရမည်။ မဟုတ်လျှင်၊ အချိန်နတ်ဘုရားကျွန်း၏ ဂုဏ်သိက္ခာက အဘယ်မှာ ရှိဦးမည်နည်း။

သုံးယောက်သား ခေါင်းတစ်ချက်ညိတ်လိုက်ပြီးနောက် တပြိုင်နက်တည်း လှုပ်ရှားလိုက်ကြသည်။ သူတို့၏ ခန္ဓာကိုယ်မှ လျှို့ဝှက်ဆန်းကြယ်သော ရောင်ဝါတစ်ခု ပျံ့နှံ့သွား၏။

လူတိုင်း တုန်လှုပ်သွားကြသည်။

အချိန်နတ်ဘုရားကျွန်း၏ သူတော်စင်ဧကရာဇ်များကလည်း လှုပ်ရှားတော့မည်။

"လုမင်"

ရွမ်ထျန်းကျောင်းက စိုးရိမ်ပူပန်လာသည်။

ယခင်ကပင် လုမင်က အရေးနိမ့်နေကြောင်း ထင်ရှားသည်။ အချိန်နတ်ဘုရားကျွန်း၏ ဧကရာဇ်တစ်ပိုင်းသုံးယောက်ကို ပေါင်းလိုက်မည်ဆိုလျှင် လုမင်က အခြေအနေ ပိုဆိုးသွားလိမ့်မည်။

"ဝုန်း... ဝုန်း"

အချိန်နတ်ဘုရားကျွန်း၏ ဧကရာဇ်တစ်ပိုင်း သုံးဦးတို့က တုံ့ဆိုင်းမနေဘဲ တချိန်တည်းတွင် တိုက်ခိုက်ခဲ့ကြသည်။ ကြောက်မက်ဖွယ်ကောင်းသော နတ်အလင်းသုံးခုက လုမင်ဆီသို့ ကျရောက်လာ၏။ သူတို့ထဲတွင် အချိန်၏ စွမ်းအား အရိပ်အယောင်များပင် အမှန်တကယ် ရှိသေးသည်။

လုမင်က မျက်မှောင်ကြုတ်သွားပြီး အစွမ်းကုန် တားဆီးရန် ပြင်လိုက်သည်။

သို့သော်... ဤအခိုက်အတန့်တွင် ဟင်းလင်းပြင်က တုန်ခါသွားပြီး ကြီးမား၍ ဖောက်ထွင်းမြင်နိုင်သော ပူဖောင်းတစ်ခု ပေါ်လာကာ အချိန်နတ်ဘုရားကျွန်းမှ ဧကရာဇ်တစ်ပိုင်းသုံးပါးကို ဖုံးအုပ်သွားတော့သည်။

'ပေါင်ပေါင်'

လုမင်၏ မျက်လုံးများက တောက်ပလာသည်။

ပေါင်ပေါင်က သူနှင့်အတူ အဆုံးမဲ့ပင်လယ်ကမ္ဘာကို ဝင်ရောက်ခဲ့သည်။ မမျှော်လင့်ဘဲ၊ ပေါင်ပေါင်ကလည်း အချိန်နတ်ဘုရားကျွန်းသို့ ရောက်လာခဲ့ပေသည်။

ပေါင်ပေါင်က လုမင်၏အနားတွင် ပေါ်လာပြီး ပြောလိုက်သည်။

"လူတွေအများကြီးက အစ်ကိုကြီးလုမင် တစ်ယောက်တည်းကို တိုက်ခိုက်နေကြတယ်။ ဒီလိုဆိုမှတော့ နင်တို့အားလုံးကို ငါရိုက်မယ်။ တွိ..."

ပေါင်ပေါင်က သူ၏ လက်ကလေးများကို ဆက်တိုက် ဝှေ့ယမ်းလိုက်သည်။ နောက်ထပ် ကြည်လင်သော ပူပေါင်းများ ပေါ်လာပြီး ရွှေကျီးကန်းမျိုးနွယ်၏ ဧကရာဇ်တစ်ပိုင်းနှင့် အခြားသူများကို ဖုံးအုပ်လိုက်၏။

"သတ်"

လုမင်က ဤအခွင့်အရေးကို ဆုပ်ကိုင်ပြီး ဝမ်မျိုးနွယ်၏ ဧကရာဇ်တစ်ပိုင်းကို တိုက်ခိုက်လိုက်သည်။

အစောပိုင်းက သူသည် သူတော်စင်လက်နက် အများအပြားကို ဆုံးရှုံးခဲ့ရသည်။ ထို့ကြောင့်၊ သူသည် ၎င်းတို့အား ဝမ်မျိုးနွယ်၏ ဧကရာဇ်တစ်ပိုင်းထံမှ ပြန်ယူရလိမ့်မည်။

အချိန်နတ်ဘုရားကျွန်း၏ ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူက လွတ်မြောက်ရန် ကြိုးစားရင်း အသည်းအသန် ရုန်းကန်ခဲ့သည်။

သို့ရာတွင်... ပေါင်ပေါင်၏ လက်ရှိကျင့်ကြံမှုအရ အချိန်နတ်ဘုရားကျွန်း၏ ကျွမ်းကျင်သူမှာ မည်သို့လွယ်ကူစွာ လွတ်မြောက်နိုင်မည်နည်း။

လုမင်က တာ့ယန်ဆေးမီးဖိုကို ပင့်မြှောက်ပြီး ဝမ်မျိုးနွယ်၏ ဧကရာဇ်တစ်ပိုင်းထံ ရိုက်ချလိုက်သည်။

"ဒုန်း"

တာ့ယန်ဆေးမီးဖိုက ဝမ်မျိုးနွယ်၏ ဧကရာဇ်တစ်ပိုင်းကို ပြင်းထန်စွာ ရိုက်ချလိုက်သည်။ ဝမ်မျိုးနွယ်၏ ဧကရာဇ်တစ်ပိုင်း ဦးခေါင်းခွံ ကြေလုနီးပါး ကွဲအက်သွား၏။

"ခုတ်"

လုမင်ရ အန္တိမသူတော်စင်လက်နက် ဓားတစ်လက်ကိုကိုင်ပြီး ထပ်မံခုတ်ချလိုက်သည်။

"ရွှပ်"

ဝမ်မျိုးနွယ်၏ ဧကရာဇ်တစ်ပိုင်းက တိုက်ရိုက် ထက်ခြမ်းကွဲကျသွားတော့သည်။

ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူတစ်ဦး ကျဆုံးသွားပြီ ဖြစ်သည်။

တိုက်ပွဲကိုကြည့်နေသော အဆုံးမဲ့ပင်လယ်ကမ္ဘာမှ လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကြသည်။

သူတော်စင်ဧကရာဇ်တစ်ပါးက ဤကဲ့သို့ အသတ်ခံခဲ့ရ၏။

သူတေယ်စင်ဧကရာဇ်က ပင်လယ်ကမ္ဘာ၏ အထွတ်အထိပ် တည်ရှိမှု ဖြစ်သည်။ သူတို့က ပြိုင်ဘက်ကင်းသူများ ဖြစ်၏။ ယခုမှသာ တုနှိုင်းမဲ့သော သူတော်စင်ဧကရာဇ်များက သေဆုံးနိုင်သည်ဟု သိလာရသည်။

လူတော်တော်များများက သက်ပြင်းချလိုက်ကြလေသည်။

တာ့ယန်ဆေးမီးဖိုအတွင်းမှာလည်း လှုပ်ရှားမှုများ ငြိမ်သက်သွားပြီ ဖြစ်သည်။

လုမင်က သူတော်စင်ဧကရာဇ်နှစ်ပါးကို သတ်ပစ်ခဲ့၏။

ဤလူငယ်က မည်သူနည်း။

အဆုံးမဲ့ပင်လယ်ကမ္ဘာမှ ကျင့်ကြံသူများ၏ စိတ်ထဲတွင် အတွေးများစွာ ပေါ်လာသည်။

ထိုအချိန်တွင် အခြားသူများက လွတ်မြောက်သွားကြပြီး အချိန်နတ်ဘုရားကျွန်း၏ ကျွမ်းကျင်သူများနှင့်အတူ ရပ်လိုက်ကြသည်။ သူတို့၏မျက်လုံးများမှာတော့ အလွန်လေးနက်နေပြီ။

"အချိန်ဟင်းလင်းပြင်နိယာမ... ဒါက အချိန်ဟင်းလင်းပြင်နိယာမပဲ"

အချိန်နတ်ဘုရားကျွန်း၏ သူတော်စင်ဧကရာဇ်တစ်ပါးက စိတ်လှုပ်ရှားစွာ အော်လိုက်သည်။

သူတို့၏ အချိန်နတ်ဘုရားကျွန်းမှာလည်း အချိန်၏စွမ်းအား အရိပ်အယောင်များ ပါဝင်သည်။ သို့ရာတွင်၊ ပေါင်ပေါင်နှင့် နှိုင်းယှဉ်လျှင်တော့ ကမ္ဘာများစွာ ခြားလိမ့်မည်။

"မင်းတို့က ဒီလောက်ထိ သတ်ချင်ဖြတ်ချင်မှတော့ ငါကလည်း ကျေနပ်တဲ့အထိ သတ်ရတာပေါ့"

လုမင်၏ သတ်ဖြတ်လိုစိတ်က ပိုပြင်းထန်လာသည်။ သူက ကျန်ဧကရာဇ်တစ်ပိုင်းများထံသို့ လေထဲမှ လျှောက်သွား၏။

သူတို့က သူ့ကိုသတ်ချင်တာကြောင့် အားလုံးကို တစ်ဖန်သတ်ရမည်။

ကျန်သော ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူအားလုံး၏ မျက်နှာများက အလွန်တရာ လေးနက်သွားကြသည်။

လုမင် တစ်ဦးတည်း၏ အင်အားကပင် အလွန် ကြောက်စရာကောင်းနေပြီး ဖြစ်သည်။ ပေါင်ပေါင်၏ အချိန်ဟင်းလင်းပြင်စွမ်းရည်ကို ထပ်ပေါင်းလိုက်ပါက အထူးပြောနေရန်ပင် မလိုတော့ပေ။

All Chapters