← Chapters

အခန်း ၁၉၅၅

Vol. 131 Ch. 1955

အခန်း ၁၉၅၅

Vol. 131 Ch. 1955

အပိုင်း ( 1955 ) တောင်ပေါ်သို့ တက်ခြင်း။

တစ်ယောက်က အော်လိုက်သည်။ လုမင် ဖြတ်ကျော်ခဲ့သော အကွာအဝေးက ယခင်က အဝေးဆုံးထိ သွားနိုင်သူကိုပင် ကျော်လွန်သွားပြီ။

ကောင်းကင်ဝံပုလွေမျှော်စင်၏ ဧရာမ ဝံပုလွေ၊ ရွှေကျီးကန်းမျိုးနွယ်မှ ဧကရာဇ်တစ်ပိုင်းနှင့် အခြားသူများက မကျေမနပ်ဖြင့် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ကြသည်။

မကြာမီ လုမင်က အနီးဆုံးအပင်ရှေ့သို့ ရောက်လာသည်။

ဤသည်မှာ ထူးခြားသော စွမ်းအင်တို့ ထုတ်လွှတ်နေသည့် ခရမ်းရောင် ပန်းတစ်ပွင့်နှင့် ခရမ်းရောင်မြက်ပင်လေးတစ်ပင် ဖြစ်သည်။

လုမင်က တိတ်တဆိတ် အံ့သြသွားမိသည်။ ထို့နောက် ခရမ်းရောင်မြက်ပင်ကို နှုတ်ယူပြီး တောင်နှင့်မြစ် ပန်းချီကားတွင်း၌ ထည့်သိမ်းလိုက်၏။

ဆံပင်ဖြူနေသော သက်ကြီးရွယ်အို အများအပြားက လုမင်အား တောက်ပသော မျက်လုံးတို့ဖြင့် ကြည့်လာကြတော့သည်။

လူတစ်ယောက်၏ သက်တမ်းကို တိုးစေနိုင်သော ရတနာက အလွန်ရှားသည်။ တစ်ခုပေါ်လာတိုင်း ခေါင်ခိုက်အောင် မြင့်မားစော ဈေးနှုန်းဖြင့် ရောင်းချကြလိမ့်မည်။

လုမင်က ရှေ့သို့ဆက်ကာ အခြားအပင်ဆီသို့ လျှောက်သွားသည်။

မကြာမီ၊ လုမင်က အပင်ခြောက်ပင်ကို နှုတ်ယူလိုက်၏။

အစွန်အဖျားရှိ အပင်အားလုံးနီးပါးကို လုမင်က နှုတ်ယူခဲ့လေသည်။

တောင်ပေါ်သို့ ပိုမိုနက်ရှိုင်းစွာ လျှောက်လှမ်းနိုင်မှသာလျှင် အပင်များကို ပိုမိုရွေးချယ်နိုင်မည်ဖြစ်သည်။

လုမင်က ဆက်လက်လျှောက်လှမ်းသွားသည်။ သို့ရာတွင်၊ သူက ပိုမိုနက်ရှိုင်းလာသည်နှင့်အမျှ အချိန်၏ စွမ်းအားကလည်း အားကောင်းသည်ထက် ပိုအားကောင်းလာသည်။ သူ့ခန္ဓာကိုယ်ကို လွှမ်းခြုံထားသော ကစဉ့်ကလျားနိယာမသည်ပင် ပြင်းထန်စွာ တုန်လှုပ်သွား၏။

ကစဉ့်ကလျားနိယာမက စွမ်းအားကြီးသော်လည်း လုမင်၏ ကျင့်ကြံမှုအဆင့်မှာ နိမ့်ကျနေသေးသည်။

၎င်းက အရည်အသွေးမြင့်သော်လည်း လုမင်၏ ခွန်အားက မလုံလောက်ပါ။ အချိန်၏ စွမ်းအားက သတ်မှတ်ထားသော အကွာအဝေးကို ကျော်လွန်သွားသောအခါ၊ ကစဉ့်ကလျားနိယာမဖြင့် တွန်းလှန်ရန် ခက်ခဲလာသည်။

ထိုအချိန်တွင် ပွင့်လင်းမြင်သာသော ပူဖောင်းတစ်ခုက လုမင်ကို ဖုံးအုပ်သွား၏။ ချက်ချင်းပင်၊ လုမင်သည် ​​ပြင်ပကမ္ဘာမှ အချိန်စွမ်းအားက အားနည်းသွားကြောင်း ခံစားလိုက်ရတော့သည်။

ပေါင်ပေါင်က လှုပ်ရှားခဲ့ခြင်း ဖြစ်သည်။ သူက အချိန်ဟင်းလင်းပြင်နိယာမကို ထိန်းချုပ်ထားသောကြောင့် အချိန်စွမ်းအားကို ခုခံရာတွင် တုနှိုင်းမယှဉ်သာပေ။

လုမင်က ဖိအားများ လျော့ပါးသွားသည်ကို ခံစားလိုက်ရသောအခါ သူ့အရှိန်ကို ချက်ချင်း မြှင့်လိုက်သည်။ မကြာမီ၊ သူက တောင်ပေါ်ကို တစ်ဝက်နီးပါး ရောက်သွားလေသည်။

"အချိန်ဟင်းလင်းပြင်နိယာမ၊ ကောင်းတယ်... သိပ်ကောင်းတယ်"

သူတော်စင်သခင်က ဤမြင်ကွင်းကိုမြင်သောအခါ သူ့မျက်လုံးများတွင် စူးရှသောအလင်းရောင်နှင့် နက်နဲသောဆန္ဒတို့ လင်းလက်လာသည်။

ဟုတ်သည်၊ ဒါကိုတော့ မည်သူမျှ သတိမပြုမိလိုက်ပါ။

နာရီအနည်းငယ်ကြာပြီးနောက် လုမင်က အပင်ဆယ်ပင်ကျော်ကို ဆွတ်ယူခဲ့သည်။

သို့သော်၊ ထိုအချိန်တွင် တောင်ပေါ်ကို ဆက်မတက်နိုင်တော့ပေ။

ပေါင်ပေါင်၏ အချိန်ဟင်းလင်းပြင် နိယာမ၏ အကူအညီဖြင့်ပင် သူ ရှေ့ဆက်မသွားနိုင်တော့ပါ။

သူ့ရှေ့မှ အချိန်စွမ်းအားက ကြောက်စရာကောင်းလွန်းသည်။ သူတို့ ရှေ့ဆက်သွားလျှင် ခံနိုင်တော့မည် မဟုတ်ပေ။

သူတို့က အကူအညီအမဲ့စွာဖြင့် ထိုနေရာတွင် ရပ်လိုက်ရသည်။ လုမင်က တင်ပျဉ်ခွေထိုင်ပြီး အချိန်စွမ်းအားကို အသုံးချကာ ကစဉ့်ကလျားနိယာမကို လေ့ကျင့်လိုက်သည်

ပေါင်ပေါင်ကလည်း ပြင်ပကမ္ဘာရှိ အချိန်စွမ်းအားကို ဂရုတစိုက် အာရုံခံစားနေလေသည်။

"လုမင်က ဘာဖြစ်လို့ ထွက်မလာတာလဲ"

တစ်စုံတစ်ယောက်က လုမင်ကို စိုက်ကြည့်လိုက်သည်။ သူက လုမင်ထံမှ အပင်တချို့ကို ဝယ်ယူရန် မျှော်လင့်ထားလေသည်။

"သူက လေ့ကျင့်နေပုံရတယ်"

"ခဏလောက်စောင့်လိုက်ပါ၊ သူက အနှေးနဲ့အမြန် ပြန်ထွက်လာလိမ့်မယ်"

လူတော်တော်များများက စိတ်ရှည်လက်ရှည် စောင့်နေခဲ့ကြသည်။

ဆယ်ရက်ကျော်ကြာပြီးနောက်၊ လုမင်နှင့် ပေါင်ပေါင်တို့က နောက်ဆုံးတွင် မထိန်းနိုင်တော့ပေ။ သူတို့က ထရပ်ပြီး အချိန်နတ်ဘုရားတောင်မှ ထွက်ခွာသွားကြသည်။

လုမင် ဆုတ်ခွာလာသည်နှင့် တပြိုင်နက် လူအိုကြီးတစ်စုက သူ့ကို ဝိုင်းရံလိုက်ကြလေသည်။

"လုမင်၊ အချိန်နတ်ဘုရားတောင်ကနေ အပင်ဘယ်လောက်ရလိုက်သလဲ။ ငါ့ကို နည်းနည်းလောက်ရောင်းပါ။ စျေးနှုန်းက ညှိနှိုင်းလို့ရတယ်"

"ငါလည်း နည်းနည်းလိုချင်တယ်၊ မင်းရဲ့စျေးနှုန်းကို ပြောလိုက်ပါ"

လူအိုကြီးများက တစ်ယောက်ပြီး တစ်ယောက် ပြောဆိုလိုက်ကြသည်။ သူတို့၏ မျက်လုံးများက တောက်ပလာ၏။

"မရောင်းပါဘူး"

လုမင်က သူ့လက်ကို ဝှေ့ယမ်းလိုက်သည်။

လူတစ်ယောက်၏ သက်တမ်းကို တိုးပေးနိုင်သော ရတနာက အလွန်ရှားသည်။ နောင်တွင် ရှန်းရွှီတိုက်အဖွဲ့အစည်းသို့ ပြန်သောအခါ သူနှင့်ရင်းနှီးသူများ အသုံးပြုနိုင်ရန်အတွက ၎င်းတို့ကို ထိန်းသိမ်းထားချင်သေးသည်။

သူ့မိဘများနှင့် အခြားသူအချို့က ပါရမီ နိမ့်ကျသောကြောင့် သိုင်းဧကရာဇ်နယ်ပယ်အထိ လေ့ကျင့်ရန် မဖြစ်နိုင်ပါ။ တစ်နေ့တွင် သူတို့၏ သက်တမ်း ကုန်ဆုံးသွားပါက ဤအပင်များသည် အသုံးဝင်လာမည် ဖြစ်သည်။

"မရောင်းဘူးလား"

လူအိုကြီးများက ချက်ချင်း စိုးရိမ်ပူပန်လာကြသည်။

"လုမင်၊ မင်းက ငယ်ရွယ်သေးသလို အရမ်းထူးချွန်တယ်။ အနာဂတ်မှာ မင်းက သိုင်းဧကရာဇ်နယ်ပယ်ကို ဖြတ်ကျော်သွားမယ်ဆိုတာ သေချာပါတယ်။ ဒီအပင်တွေကို ထိန်းသိမ်းထားတာက အသုံးမဝင်ဘူး"

"မှန်ပါတယ်၊ ငါ နှစ်ခုလိုချင်တယ်။ နှစ်ခုပဲ ရောင်းပေး"

"ငါက တစ်ခုပဲ"

လူအိုကြီးများက လုမင်အား ပူလောင်ပြင်းပြသော မျက်လုံးများဖြင့် ကြည့်လိုက်ကြသည်။

"ဘယ်လိုပဲဖြစ်ဖြစ် ဒါက ကျုပ်အတွက် လိုအပ်ပါတယ်။ ဒါကြောင့် ကျေးဇူးပြုပြီး နောက်ဆုတ်ပေးကြပါ"

လုမင်က လက်ယှက်ပြီး ပြောလိုက်သည်။

"ဟမ့်၊ လုမင်... မင်းက မင်းအတံက် အသုံးမဝင်တာကိုတောင် ဒီအဘိုးကြီးတွေကို မရောင်းချင်ဘူး။ မင်းကို အပြစ်ပေးသင့်တယ်"

"အမှန်ပဲ၊ ဒီမှာ အပင်တွေ အများကြီးရှိပေမဲ့ မင်းက အားလုံးကို လက်ဝါးကြီးအုပ်ချင်တာလား။ မင်း ပြဿနာတက်ချင်လို့လား"

"ဒီမှာရှိတဲ့ သက်ကြီးရွယ်အိုတချို့က သူတို့ရဲ့ သက်တမ်းကုန်ဆုံးခါနီးနေပြီ။ မင်းက သူတို့ကို သေတဲ့အထိထားခဲ့မှာလား"

မလှမ်းမကမ်းတွင် ကောင်းကင်ဝံပုလွေမျှော်စင်၏ ဧရာမဝံပုလွေ၊ ဖုန်းမျိုးနွယ်၏ ဧကရာဇ်တစ်ပိုင်းနှင့် အခြားသူများက ဝင်ရောက်ပြောဆိုလိုက်ကြသည်။

လုမင်၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာ၏။ ဒီလူများက မီးမွှေးပေးရန် ကြိုးစားနေကြောင်း ထင်ရှားသည်။

မျှော်လင့်ထားသည့်အတိုင်း၊ အကြီးအကဲတချို့၏ မျက်လုံးများက အေးစက်သော အလင်းရောင်ဖြင့် တောက်ပလာတော့သည်။

"လုမင်၊ တချို့ကိုတော့ မင်း ရောင်းပေးသင့်တယ်။ ဒါတွေအကုန်လုံးကို လက်ဝါးကြီးအုပ်တာက တရားလွန်တယ်"

"ဒီမှာ ငါတို့တွေက အများကြီးပဲ။ ငါတို့သာ အင်အားသုံးရင် အဲဒီအပင်တွေကို မင်းမကာကွယ်နိုင်မှာကို ငါကြောက်တယ်"

ဒါကိုမြင်သောအခါ ကောင်းကင်ဝံပုလွေမျှော်စင် ဧရာမဝံပုလွေ၊ ဖုန်းမျိုးနွယ်၏ ဧကရာဇ်တစ်ပိုင်းနှင့် တခြားသူများ၏ မျက်နှာပေါ်တွင် အေးစက်စက် အပြုံးများ ပေါ်လာခဲ့ကြသည်။

"ငါ့ဘာသာ မရောင်းတာနဲ့ တိုက်ခိုက်ချင်တာလား"

လုမင်၏ အသံက အေးစက်လာသည်။ အခြေအနေက ခဏချင်း တင်းမာလာ၏။

"အားလုံးပဲ အချိန်သိပ်မလိုတော့ဘူး။ တိုက်ခိုက်ချင်ရင် အချိန်နတ်ဘုရားကျွန်းက ထွက်သွားတဲ့အထိ စောင့်ကြပါ"

သူတော်စင်သခင်က ရှေ့သို့တိုးလာပြီး လုမင်၏အနားတွင် ရပ်လိုက်သည်။

တစ်ချိန်တည်းမှာပင်၊ အချိန်နတ်ဘုရားကျွန်း၏ ကျွမ်းကျင်သူများသည်လည်း လုမင်ကို ကာကွယ်ရန် ရည်ရွယ်လျက် လုမင်အနားသို့ ရောက်လာကြ၏။

ဒါက လုမင်ကို အံ့သြသွားစေသည်။ ဤသူတော်စင်သခင်က သူ့အား ဘာမှ မဖြစ်စေလိုပုံရသည်။

သက်ကြီးရွယ်အိုများ၏ အမူအရာများ ပျက်ယွင်းသွားကြသည်။

လုမင်နှင့် ပေါင်ပေါင်တို့ နှစ်ဦးတည်းကိုပင် အလွန်ခက်ခဲနေပြီဖြစ်သည်။ ယခုအချိန်တွင် အချိန်နတ်ဘုရားကျွန်းမှလူများ ပူးပေါင်းပါဝင်လာပါက သူတို့သည် ယုံကြည်မှုမရှိကြတော့ပေ။

"ညီငယ်လေးလုမင်၊ ငါတို့ထွက်သွားပြီးရင် မင်းငါ့ကို အပင်တချို့ရောင်းနိုင်မယ်လို့ မျှော်လင့်ပါတယ်"

လူအိုကြီးတချို့က အဆုံးတွင် တိုက်ခိုက်ရန် မရွေးချယ်ဘဲ ဝိုင်းထားရာမှ ထွက်သွားကြသည်။

နောက်ပိုင်းတွင် အခြားသူများလည်း ဆုတ်ခွာသွားကြလေသည်။

နောက်ဆုံးတွင် ကျန်လူများက သူတို့ ဘာမှမလုပ်နိုင်မှန်း သိသွားပြီး ဘေးဘက်သို့ ကူကယ်ရာမဲ့စွာ လျှောက်သွားကြသည်။

ဤအရာက ကောင်းကင်ဝံပုလွေမျှော်စင်၏ ဧရာမဝံပုလွေ၊ နှင့် အခြားသူများကို မျက်နှာများ မှုန်ကုသွားစေသည်။

သူတို့သည် မူလက လုမင်ကို ထိုလူကြီးများနှင့် ထိပ်တိုက်တွေ့မည်ဟု မျှော်လင့်ခဲ့ကြသည်။ ယခုတော့ မဖြစ်နိုင်တော့ပေ။

လုမင်က ကောင်းကင်ဝံပုလွေမျှော်စင်၏ ဧရာမဝံပုလွေ၊ ဖုန်းမျိုးနွယ်၏ ဧကရာဇ်တစ်ပိုင်းနှင့် အခြားသူများကို အေးစက်စွာ ကြည့်လိုက်သည်။

အချိန်က လျင်မြန်စွာ ကုန်လွန်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ရက်ပေါင်းများစွာ ကုန်ဆုံးသွား၏။

"အချိန်ကုန်ပြီ။ ကျုပ်တို့ အခုသွားလို့ရပြီ"

သူတော်စင်သခင်၏ စကားက လူတိုင်း၏ မျက်လုံးများကို အရောင်လက်သွားစေသည်။

သို့သော်လည်း ခဏချင်းတော့ မည်သူမျှ ရှေ့သို့ တိုးမလာကြပါ။ သူတို့အားလုံးက တခြားတစ်ယောက်ယောက်ကို ဦးဆောင်စေရန် မျှော်လင့်နေသည်။

သူတော်စင်သခင်ကလည်း လူတိုင်း စိတ်ပူနေကြောင်း သဘာဝအတိုင်း သိသည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ အချိန်နတ်ဘုရားကျွန်း၏ ဧကရာဇ်တစ်ပိုင်းအချို့က တောင်ကြားထဲသို့ ပြေးဝင်သွားကြ၏။

ထိုလူများက အလွန်မြန်သည်။ တောင်ကြားထဲကို ပြေးဝင်သွားသော်လည်း သူတို့က အမှန်တကယ် ဘာမျှမဖြစ်သေးပေ။

ထိုမှသာ လူတိုင်းက စိတ်သက်သာရာရပြီး တောင်ကြားထဲသို့ ပြေးဝင်သွားကြသည်။

လုမင်လည်း လူအုပ်ကြီးနှင့်အတူ တောင်ကြားထဲသို့ ပြေးသွားလေသည်။

'အချိန်​ရဲ့ စွမ်းအား​တွေက အဆများစွာ အားနည်း​နေတယ်'

လုမင်က သူ့စိတ်ထဲမှ တွေးလိုက်သည်။

လူတိုင်းက အလွန်လျင်မြန်ပြီး မကြာမီ တောင်ကြားတစ်ဝက်ကို ဖြတ်ကျော်သွားကြ၏။

သို့သော်လည်း တောင်ကြားတစ်ဝက်ကို ဖြတ်ကျော်ပြီးနောက် လူတိုင်း၏အရှိန်က နောက်ဆုံးတွင် နှေးကွေးသွားခဲ့သည်။

ဤနေရာမှစ၍ အချိန်၏စွမ်းအားက တစ်ဖန် ပြန်ကောင်းလာခဲ့ပြီ။

အားလုံးက မရပ်တန့်ဘဲ ရှေ့ကို ဆက်သွားကြသည်။ အချိန်အတော်ကြာအောင် လျှောက်လာပြီးနောက် အားနည်းသော ကျင့်ကြံသူတချို့က မခံနိုင်ဘဲ တောင်ကြားထဲမှ ဆုတ်ခွာသွားကြ၏။

သို့သော်လည်း ဤနေရာမှ အချိန်၏ စွမ်းအားက လုမင်နှင့် ပေါင်ပေါင်အတွက် ဘာမှမဟုတ်ပေ။ သူတို့က လျင်မြန်စွာ ဖြတ်သန်းသွားကာ တောင်ကြား၏အဆုံးသို့ ဖြည်းညှင်းစွာ ချဉ်းကပ်ခဲ့ကြသည်။

တောင်ကြား၏အဆုံးတွင် ရှေးဟောင်း ယာဇ်ပလ္လင်တစ်ခု ရှိသည်။ ၎င်းက နှစ်ပေါင်းမည်မျှ ကြာမြင့်ခဲ့ပြီမှန်း မသိရသော်လည်း ရှေးကျသော အငွေ့အသက်တို့ ထွက်ပေါ်နေ၏။ ၎င်းထံမှ ထွက်ပေါ်နေသော အချိန်စွမ်းအားကလည်း အလွန်သန်မာသည်။

All Chapters