← Chapters

အခန်း ၁၉၅၉

Vol. 131 Ch. 1959

အခန်း ၁၉၅၉

Vol. 131 Ch. 1959

အပိုင်း ( 1959 ) နိယာမ၏အလင်း။

'အချိန်နတ်ဘုရားတောင်က အဲဒီပုံရိပ်ကြီးက ဘာလဲ။ ဘာဖြစ်လို့ ဒီလောက်တောင် ကြောက်စရာကောင်းရတာလဲ'

လုမင်က မျက်မှောင်ကြုတ်လိုက်သည်။

ထိုပုံရိပ်ကြီးထံမှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များကို ခံစားမိ၏။ ၎င်း၏စွမ်းအားက အစစ်အမှန် ဧကရာဇ်များထက်ပင် ပို၍ ကြောက်စရာကောင်းသည်။

'ဒီနေရာကို ကောင်းကင်ဧကရာဇ်က ဖိနှိပ်ခဲ့တာ ဖြစ်နိုင်မလား'

လုမင်က ဒါကိုတွေးမိသောအခါ ဖြစ်နိုင်သည်ဟု ခံစားလိုက်ရသည်။

ဤကမ္ဘာကြီးကို မူလက ကောင်းကင်ဧကရာဇ်တောင်အောက်တွင် ဖိနှိပ်ထားခဲ့သည်။ မဟာဧကရာဇ်နှစ်ပါး တိုက်ခိုက်ကြပြီး တောင်ကြီး ပေါက်ကွဲသောအခါမှသာ ပေါ်လာခြင်း ဖြစ်ပေသည်။

၎င်းက ကောင်းကင်ဧကရာဇ်မှ ဖိနှိပ်ထားခဲ့သော တည်ရှိမှုတစ်ခု ဖြစ်နိုင်ခြေများသည်။

ထို့‌နောက်တွင် လုမင်လည်း သူ့ခေါင်းကိုခါယမ်းပြီး သက်တံအလင်းတစ်ခုအဖြစ် ပြောင်းလဲကာ ဤနေရာမှ ပျံသန်းထွက်ခွာသွားတော့သည်။

ထိုသို့သော တည်ရှိမှုက သူ အနှောင့်အယှက် ပေးနိုင်သောအရာ မဟုတ်ပါ။ ယခုအချိန်တွင် အလွန်အမင်း တွေးတောစရာ အကြောင်းမရှိပါပေ။

လုမင်က ပင်လယ်တိုင်းပြည်ကိုးခု၏ လမ်းအတိုင်း ပျံသန်းသွားခဲ့သည်။ ရက်အနည်းငယ်ကြာပြီးနောက် သူသည် ရွမ်ထျန်းကျောင်းနှင့် ကျန်သူများကို မင်ယန်တိုင်းပြည်သို့ ပြန်ပို့ပေးခဲ့လေသည်။

"ထျန်းကျောင်း၊ ကျုပ်သွားတော့မယ်"

မင်ယန်တိုင်းပြည်၏ နန်းတော်တွင်... ရွမ်ထျန်းကျောင်း၏ ခန္ဓာကိုယ်လေးက အနည်းငယ် တုန်ခါသွားသည်။ သူ့မျက်လုံးများမှာ‌တော့ စိတ်ရှုပ်ထွေးမှုတို့ ဖြစ်ပေါ်နေ၏။

လုမင်သည် ဤကမ္ဘာမှ မဟုတ်သောကြောင့် အနှေးနှင့်အမြန် ထွက်ခွာမည်ဖြစ်မှန်း သူသိသော်လည်း ဤမျှမြန်မြန် ရောက်လာမည်ဟု မမျှော်လင့်ခဲ့ပေ။

'နောက်ဆုံးတော့ သူက မင်ယန်တိုင်းပြည်ကို ဖြတ်သန်းသွားလာသူတစ်ယောက်ပါပဲလေ'

ရွမ်ထျန်းကျောင်းက သူ့စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ ထို့နောက်တွင်၊ ဟန်ဆောင်ပြုံးပြီး မေးလိုက်၏။

"ရှင် ဘယ်ကိုသွားမှာလဲ၊ ကောင်းကင်အထက်ကိုလား"

လုမင်က ခေါင်းယမ်းလိုက်သည်။

"အဆုံးမဲ့ပင်လယ်ကမ္ဘာအပြင် တခြားကမ္ဘာတွေ ရှိသေးတာကို မင်းသိလား"

ရွမ်ထျန်းကျောင်းက ခဏစဉ်းစားပြီး ပြောလိုက်၏။

"ဒဏ္ဍာရီအရတော့ အဆုံးမဲ့ပင်လယ်ကမ္ဘာနဲ့ ဆင်တူတဲ့ အခြားကမ္ဘာတွေ ရှိသေးတယ်တဲ့။ ဒါပေမဲ့ သူတို့ကြားမှာ အန္တရာယ်တွေရှိပြီး သူတော်စင်ဧကရာဇ်တွေပဲ ဖြတ်သန်းသွားလာနိုင်ကြတယ်"

လုမင်၏ မျက်လုံးများက တောက်ပလာသည်။ ရွမ်ထျန်းကျောင်းက ကြာပန်းကမ္ဘာအကြောင်း ပြောနေတာကို သူသိလေသည်။

ကြာပန်းကမ္ဘာတွင် ပန်းပွင့်ချပ်ကိုးခုနှင့် ကမ္ဘာကိုးခုရှိသည်။

"အဲဒီလမ်းက ဘယ်မှာလဲဆိုတာ မင်းသိလား"

လုမင်က ဆက်မေးလိုက်သည်။

"အဆုံးမဲ့ပင်လယ်ကမ္ဘာရဲ့ အနောက်ဘက်အစွန်ဆုံးမှာ၊ တခြားကမ္ဘာတွေဆီ ဦးတည်တဲ့ လမ်းကြောင်းတစ်ခုရှိတယ်လို့ ဒဏ္ဍာရီမှာ ဆိုထားတယ်"

ရွမ်ထျန်းကျောင်းက ပြောသည်။

"အနောက်ဖက်မှာလား"

လုမင်က ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူ့လက်ထဲတွင် သိုလှောင်လက်စွပ်တစ်ခု ပေါ်လာ၏။ သူက ရွမ်ထျန်းကျောင်းကိုပေးလိုက်ပြီး ပြောလိုက်သည်။

"ထျန်းကျောင်း... ဒီအထဲမှာ သူတော်စင်ဆေးလုံးတွေ၊ သူတော်စင်လက်နက်တွေနဲ့ တိုက်ပွဲအစီရင်တွေနဲ့ ကျင့်ကြံမှုနည်းလမ်းတွေ ရှိတယ်။ ဒါတွေကို ယူထားလိုက်ပါ၊ ဒါတွေက မင်ယန်တိုင်းပြည်အတွက် အထောက်အကူဖြစ်လိမ့်မယ်"

ရွမ်ထျန်းကျောင်းက စိတ်ရှုပ်ထွေးသော အမူအရာဖြင့် လုမင်ကိုကြည့်ကာ သိုလှောင်လက်စွပ်ကို လက်ခံယူလိုက်သည်။

"လုမင်... ဂရုစိုက်ပါ"

"ဂရုစိုက်ပါ၊ ကံမကုန်ရင် ကျုပ်တို့ ပြန်ဆုံကြတာပေါ့"

လုမင်က လက်ယှက်ပြပြီး ရွမ်ထျန်းကျောင်း၏ အကြည့်အောက်တွင် ကောင်းကင်သို့ ပျံတက်သွားလေသည်။

"ဒီ​နေ့ လမ်းခွဲပြီးရင်​ ဒီဘဝမှာ ပြန်​​တွေ့နိုင်​ဦးမလား မသိဘူး"

စကားသံနှင့်အတူ သံပြင်းချသံကို ကြားလိုက်ရသည်။

.............

လုမင်က အလင်းတန်းတစ်ခုကဲ့သို့ပင် အဆုံးမဲ့ပင်လယ်ကမ္ဘာ၏ အနောက်ဘက်စွန်းသို့ ပျံသန်းသွားသည်။

လုမင်က အဆုံးမဲ့ပင်လယ်ပြင်နှင့် သူ့အောက်ဘက်ရှိ ကျွန်းပေါင်းမြောက်မြားစွာကို ကျော်ဖြတ်သွား၏။

လုမင်၏ လက်ရှိအရှိန်ဖြင့် ပျံသန်းသွားခြင်းမှာ အလွန်မြန်သည်။ ၎င်းက အမြန်နှုန်း အဆနှစ်ဆယ် ကောင်းကင်ခွင်းလွန်းပျံထက် များစွာ ပိုမြန်လိမ့်မည်။

ရက်အနည်းငယ်ကြာပြီးနောက်၊ ပင်လယ်ပြင်က ပို၍ တိတ်ဆိတ်လာသည်။ ကျွန်းများကို မမြင်နိုင်တော့ဘဲ ဘယ်နေရာကြည့်ကြည့် ရေပြင်ချည်း ဖြစ်၏။

နောက်နှစ်ရက်အကြာတွင် အဝေးမှ ကျယ်လောင်သော တုန်ဟီးသံတစ်ခုကို ကြားလိုက်ရသည်။

အဝေးမှ လေထဲတွင် ဖရိုဖရဲဖြစ်နေကြောင်း လုမင် သိလိုက်ရ၏။ ကြီးမားသော တွင်းနက်ကြီးတစ်ခုက လေဟာနယ်ထဲမှ ထွက်ပေါ်လာပြီး ကောင်းကင်ကို ထက်ခြမ်းခွဲသွားသလိုပင်။

၎င်းက အဆုံးမဲ့ ဟင်းလင်းပြင်တုန်ခါခြင်း ဖြစ်သည်။

လုမင်က ချဉ်းကပ်လာသောအခါ ပြင်းထန်သော အင်အားတစ်ခုက သူ့ကို လာရောက်ထိမှန်သည်။

၎င်းက ဟင်းလင်းပြင်စွမ်းအားပင်။ အကယ်၍ လူတစ်ဦး၏ ကျင့်ကြံမှုအဆင့် မမြင့်မားပါက ဤဟင်းလင်းပြင်စွမ်းအားအောက်တွင် အပိုင်းပိုင်း ကြေမွသွားရမည် ဖြစ်သည်။

သို့သော်လည်း လုမင်အတွက်တော့ အများကြီး မသက်ရောက်ခဲ့ပေ။

"တွိ... တွိ..."

ပေါင်ပေါင်က အော်လိုက်သည်။ သူ့ခန္ဓာကိုယ်ကို တစ်ချက်လှုပ်ပြီး‌ ရေထဲမှ ငါးတစ်ကောင်ကဲ့သို့ ပျံသန်းသွား၏။

လုမင်လည်း ပြုံးပြီး နောက်မှ လိုက်သွားလေသည်။

"ဝုန်း..."

ပြင်းထန်သော ဟင်းလင်းပြင်လှိုင်းတစ်ခုက ကြောက်မက်ဖွယ်ကောင်းသော ဓားသွားတစ်ခုကဲ့သို့ လုမင်ထံသို့ ဖြာထွက်လာသည်။

လုမင်က ဤစွမ်းအားကို တွန်းလှန်ရန် ကစဉ့်ကလျားနိယာမကို အသက်သွင်းလိုက်၏။

ကစဉ့်ကလျားနိယာမက အနည်းငယ် တုန်ခါသွားသည်။

'သာမန် အန္တိမသူတော်စင်တစ်ပါးက ဒီနေရာကို လာမယ်ဆိုရင် ကြာကြာခံနိုင်မှာ မဟုတ်ဘူး'

လုမင်က သူ့စိတ်ထဲမှ တွေးလိုက်သည်။

လုမင်နှင့် ပေါင်ပေါင်တို့က ရှေ့သို့ ဆက်သွားကြလေသည်။ မကြာမီ၊ လုမင်က လေထဲတွင် ဟင်းလင်းပြင် ရေဝဲတစ်ခုကို တွေ့လိုက်ရသည်။

ဤရေဝဲက ဘလက်ဟိုးကဲ့သို့ အလွန်နက်နဲသည်။ ၎င်းက လျှို့ဝှက်ဆန်းကြယ်ပြီး ကြောက်စရာကောင်း၏။ အဝေးမှပင် ရေဝဲမှ ကြောက်မက်ဖွယ် ဆုတ်ဖြဲမှုအားတစ်ခုကို သူ ခံစားနိုင်‌သေးသည်။

လုမင်၏ မျက်နှာက လေးနက်လာသည်။ ဟင်းပြင်းပြင်တုန်ခါမှုလှိုင်းက အန္တရာယ်မရှိသလောက် ဖြစ်၏။ သို့သော်လည်း ဤအနက်ရောင်ရေဝဲမျိုးက ကြောက်စရာကောင်းလွန်းသည်။ ၎င်းကို ဝင်ရောက်ခြင်းက အလွန်အန္တရာယ်များပေသည်။

ထို့ပြင် ဤရေဝဲက အဆက်မပြတ် ရွေ့လျားနေသည်။

လုမင်က ရှေ့ကို ဆက်လက်ပျံသန်းသွားသည်။ လမ်းတွင် ဤအနက်ရောင်ရေဝဲမျိုးကို မကြာခဏ တွေ့ရ၏။

ဤနေရာတွင် ဟင်းလင်းပြင်တုန်ခါခြင်းနယ်မြေက အလွန်ကျယ်ပြောသည်။ လုမင်တို့က တစ်ရက်ကြာသည်အထိ မဖြတ်နိုင်ကြသေးပေ။

"အစ်ကိုကြီးလုမင်၊ ပေါင်ပေါင်က လေ့ကျင့်ချင်တယ်"

ပေါင်ပေါင်က ရုတ်တရက်။တစ်စုံတစ်ခုကို နားလည်သွားဟန်ဖြင့် ပြောလိုက်သည်။

"ကောင်းပြီ"

လုမင်က ခေါင်းညိတ်လိုက်၏။

ပေါင်ပေါင်က ခေါင်းညိတ်ပြပြီး ဟင်းလင်းပြင်လှိုင်းများကြားမှာပင် တင်ပျဉ်ခွေထိုင်လိုက်သည်။ ဟင်းလင်းပြင်တုန်ခါခြင်း၏ စွမ်းအားက ပေါင်ပေါင်ကို ဖြတ်သန်းသွားခဲ့သော်လည်း သူ့အပေါ် သက်ရောက်မှုမရှိပေ။ ပေါင်ပေါင်က ဤအချိန်ဟင်းလင်းပြင်နှင့် မသက်ဆိုင်သကဲ့သို့ပင် ဖြစ်သည်။

လုမင်လည်း ကစဉ့်ကလျားနိယာမဖြင့် သူ့ကိုယ်သူ ကာကွယ်ထားပြီး ပေါင်ပေါင်နှင့် မနီးမဝေးတွင် စောင့်နေလိုက်သည်။

ပေါင်ပေါင်က လေ့ကျင့်နေစဉ်တွင်၊ သူကိုယ်တိုင်လည်း ကစဉ့်ကလျားနိယာမကို လေ့ကျင့်ရန်အတွက် ဤဟင်းလင်းပြင်စွမ်းအားကို အသုံးပြုနိုင်သည်။

အချိန်များက ကုန်လွန်လာပြီး တစ်နေ့ပြီးတစ်နေ့ ကုန်လွန်သွားသည်။

ခုနစ်ရက်အကြာတွင်၊ ပေါင်ပေါင်၏ ခန္ဓာကိုယ်က အလင်းတန်းတစ်ခုကို ရုတ်တရက် ထုတ်လွှတ်လိုက်သည်။

အလင်းသည် အစပိုင်းတွင် အလွန်မှိန်ဖျော့သော်လည်း တဖြည်းဖြည်းနှင့် ပိုပိုပြီး တောက်ပလာ၏။

"ဒါက... အချိန်ဟင်းလင်းပြင်ရဲ့အလင်းပဲ"

လုမင်၏ မျက်လုံးများက ပြူးကျယ်သွားပြီးနောက် သူ အလွန်ဝမ်းသာသွားတော့သည်။

စွမ်းအားကြီးသော နိယာမကို လေ့ကျင့်ထားသရွေ့ နိယာမအလင်းကို လေ့ကျင့်နိုင်မည်ဖြစ်သည်။

ဥပမာအားဖြင့်၊ ဟန်ရှင်းဟဲက ထာဝရအလင်းကို လေ့ကျင့်နိုင်ခဲ့သည်။

လုမင်က ဟဲရှင်းဟဲ၏ ထာဝရအလင်း၏စွမ်းအားကို ကောင်းစွာ မှတ်သားမိပေသည်။

ထာဝရအလင်းက ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်နိုင်စွမ်းရှိရုံသာမက ပြင်းထန်သော ခုခံနိုင်စွမ်းလည်း ရှိ၏။ ၎င်းက တိုက်ခိုက်ခြင်းနှင့် ခုခံခြင်းအတွက် အသုံးပြုနိုင်သည့်အပြင် တိုက်ခိုက်ရေးစွမ်းအားကို များစွာ တိုးမြှင့်ပေးနိုင်သည်။

သို့သော်လည်း ဤနိယာမအလင်းကို လေ့ကျင့်နိုင်ရန် အလွန်ခက်ခဲသည်။

သီအိုရီအရ၊ အထွတ်အမြတ် နိယာမဆယ်ခုအပြင် အခြားသော ဘုရင်နိယာမများမှာလည်း နိယာမအလင်းကို လေ့ကျင့်ရန် အခွင့်အလမ်း ရှိသည်။

သို့သော်လည်း လက်တွေ့တွင် လေ့ကျင့်နိုင်သူမှာ အလွန်နည်းပါးပေသည်။

အသန်မာဆုံး နိယာမဆယ်ခုကို နားလည်ထားသော ကောင်းကင်သားတော်များကတော့ နိယာမအလင်းကို လေ့ကျင့်နိုင်ရန် အခွင့်အလမ်း ပိုများသည်။ သို့ရာတွင်၊ ၎င်းက တစ်ရာရာခိုင်နှုန်း မဟုတ်ပေ။

ဥပမာအားဖြင့်၊ ဟန်ရှင်းဟဲက အန္တိမသူတော်စင်နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိပြီးနောက် ထာဝရအလင်းကို လေ့ကျင့်နိုင်ခဲ့သည်။

တစ်ဖက်မှာတော့ မရဏဓားက နိယာမအလင်းကို နားမလည်နိုင်သေးပေ။

လုမင်သည်လည်း ကစဉ့်ကလျား၏အလင်းကို မလေ့ကျင့်နိုင်သေးပါ။

ဘုရင်နိယာမများအတွက် နိယာမအလင်းကို လေ့ကျင့်နိုင်ရန်မှာ ပို၍ ခက်ခဲသည်။ ဘုရင်ခန္ဓာ အနည်းစုသာ အောင်မြင်စွာ လေ့ကျင့်နိုင်ပေသည်။

သို့သော်လည်း ကျင့်ကြံမှုအောင်မြင်သည်နှင့် တိုက်ခိုက်နိုင်စွမ်းက တဟုန်ထိုး တိုးတက်လာပြီး တူညီသောအဆင့်ရှိ ကျင့်ကြံသူများကို နှိမ်နင်းနိုင်မည် ဖြစ်သည်။

ယခုအခါ ပေါင်ပေါင်က နိယာမအလင်းကို လေ့ကျင့်ထားသောကြောင့် လုမင်မှာ သဘာဝအတိုင်း ပျော်ရွှင်ခဲ့ပေသည်။

လုမင်သည် ပေါင်ပေါင်က အချိန်နတ်ဘုရားသစ်ပင်၏ သစ်သီးများကို မျိုချခဲ့ခြင်းနှင့် ပတ်သက်မည်ဟု မှန်းဆခဲ့မိသည်။ ထို့ပြင် ဤနေရာတွင်၊ ဟင်းလင်းပြင်တုန်ခါခြင်းမှ တစ်စုံတစ်ခုကို နားလည်သွားပုံရ၏။ ထို့ကြောင့် နိယာမအလင်းကို လေ့ကျင့်နိုင်ခဲ့ခြင်း ဖြစ်မည်။

ထိုအချိန်တွင် နိယာမအလင်းက ပျောက်ကွယ်သွားခဲ့သည်။ ပေါင်ပေါင်က လေ့ကျင့်မှု ပြီးဆုံးပြီးနောက် လုမင်၏ ပခုံးပေါ်သို့ ခုန်တက်လိုက်၏။

ပေါင်ပေါင်၏ ကျင့်ကြံမှုက အန္တိမသူတော်စင်နယ်ပယ် အထွတ်အထိပ်တွင် ရှိနေဆဲဖြစ်သော်လည်း သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ ယခင်ကထက် များစွာ ပိုအားကောင်းလာပုံရသည်။

ယခုအခါ လုမင်က သူ့အစွမ်းကုန် တိုက်ခိုက်လျှင်ပင် ပေါင်ပေါင်ကို အနိုင်ယူရန် ခက်ခဲလိမ့်မည်။

လုမင်လည်း တစ်ချက်ပြုံးလိုက်ပြီး ရှေ့ကိုဆက်ခဲ့သည်။

All Chapters