← Chapters

အခန်း ၁၉၆၀

Vol. 131 Ch. 1960

အခန်း ၁၉၆၀

Vol. 131 Ch. 1960

အပိုင်း ( 1960 ) ဟင်းလင်းပြင်တုန်ခါခြင်း နယ်မြေအတွင်းမှ ပြင်းထန်သော တိုက်ပွဲ။

ဟင်းလင်းပြင်တုန်ခါခြင်းနယ်မြေတွင် လုမင်က အနက်ရောင်ရေဝဲများကို ရှောင်ရှားနေသရွေ့ ပြဿနာမရှိပေ။

"ဟမ်"

အတန်ကြာအောင် ရှေ့သို့ လျှောက်ပြီးနောက် လုမင်က မျက်ခုံးပင့်ကာ ရပ်လိုက်သည်။

သူ့ရှေ့တွင် ရုပ်ပုံများစွာ ပေါ်လာသည်။ ပထမတစ်ချက်တွင် လူတစ်ဒါဇင်ခန့်ရှိသော်လည်း ဟင်းလင်းပြင်တုန်ခါခြင်းနယ်မြေက သူ့မြင်နိုင်စွမ်းကို ပိတ်ဆို့ထား၏။ လုမင်က တစ်ဖက်လူ၏ အသွင်အပြင်ကို ရှင်းလင်းစွာ မမြင်နိုင်ပေ။

တစ်ဖက်လူများကလည်း သူ့ကို သတိပြုမိပုံရသည်။

တစ်ဖက်လူများက ခဏရပ်ပြီး ရှေ့ကို ဆက်လျှောက်လာခဲ့ကြ၏။

ခဏကြာသောအခါ သူ့ရှေ့မှ လူများကို မြင်လာရတော့သည်။

"လော့ဖိုခုန်း"

လုမင်၏ မျက်လုံးအိမ်များ ကျဉ်းမြောင်းသွားသည်။

ရှေ့မှ လူများထဲတွင် လော့ဖိုခုန်းနှင့် ရင်းနှီးပြီးသားဖြစ်သော ဖုန်းဝူချန်ကို တွေ့ရသည်။

တစ်ချိန်တည်းမှာပင်၊ လော့ဖိုခုန်းနှင့် ဖုန်းဝူချန်တို့ကလည်း သူ့ကို မြင်သွားကြ၏။

လော့ဖိုခုန်းက ပထမတော့ ထိတ်လန့်သွားသည်။ ထို့နောက် သူတို့မျက်လုံးများက တောက်ပလာပြီး အေးစက်သော လူသတ်ချင်စိတ်တို့ကို ထုတ်လွှတ်လိုက်တော့သည်။ သူက အေးစက်စွာပြောလိုက်သည်။

"ဒါက လုမင်ပဲ၊ သူ့ကို ဖြတ်သွားခွင့်မပြုကြနဲ့။ သူ့ကို ဝိုင်းထားလိုက်ကြ"

"ဝှစ်... ဝှစ်..."

လော့ဖိုခုန်းနှင့် ဖုန်းဝူချန်အနားတွင် လူရုပ်သွင်များ တောက်ပလာပြီး လုမင်ကို ဝန်းရံလိုက်ကြသည်။ အားကောင်းသော အရှိန်အဝါများက လုမင်ကို ဝိုင်းထားလိုက်၏။

ဧကရာဇ်တစ်ပိုင်းအဆင့်... အားလုံးက ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများ ဖြစ်ကြသည်။

စင်စစ်တွင်၊ ဟင်းလင်းပြင်တုန်ခါခြင်းနယ်မြေကို ဝင်ရောက်နိုင်သူက ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများ သို့မဟုတ် ဧကရာဇ်လက်နက်များကို ပိုင်ဆိုင်ထားသူများ ဖြစ်သည်။

၎င်းတို့က တာ့လော့ကောင်းကင်ဂိုဏ်းနှင့် ဖုန်းမျိုးနွယ်၏ ဧကရာဇ်တစ်ပိုင်းများဖြစ်ကြောင်း ထင်ရှားပေသည်။

"ဟားဟားဟား... လုမင်၊ ငါ မင်းကို ဒီမှာပြန်တွေ့ရဖို့ မမျှော်လင့်ထားဘူး။ ဒီ ဟင်းလင်းပြင်တုန်ခါခြင်းနယ်မြေက မင်းရဲ့သင်္ချိုင်းနေရာ ဖြစ်လိမ့်မယ်"

လော့ဖိုခုန်းက ရယ်မောလိုက်သည်။ သူသည် လုမင်ကို အကြိမ်ကြိမ် ရှုံးနိမ့်ဖူး၏။ ထို့ကြောင့် လုမင်ကို အလွန်သတ်ချင်သည်။ ကံမကောင်းချင်တော့ လုမင်၏ တိုက်ခိုက်နိုင်စွမ်းက အလွန်ကြောက်စရာကောင်းသည်။ သူ့ပတ်ဝန်းကျင်မှာလည်း ပါရမီရှင်များစွာ ရှိ၏။ ထိုအချိန်က လော့စန်းချုံးသည်ပင် လုမင်ကို ရှုံးနိမ့်ခဲ့ရသည်။

ဟန်ရှင်းဟဲသည်လည်း လုမင်ကို မသတ်နိုင်ခဲ့ပေ။ ယွမ်တောင်မြင့်မြတ်သောကျောင်းတော်တွင် သူက လုံးဝ အခွင့်အရေးမရှိခဲ့ပါ။

သို့သော်လည်း ဤနေရာမှာတော့ သူတို့နှင့်အတူ ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူ တစ်ဒါဇင်ကျော် ရှိသည်။ လုမင် ကိစ္စပြတ်ပြီ။

လုမင် မျက်မှောင်ကြုတ်လိုက်သည်။ သူနှင့် ပေါင်ပေါင်တို့ ပေါင်းလိုက်လျှင်ပင် တစ်ဒါဇင်ထက်မနည်းသော ဧကရာဇ်တစ်ပိုင်းများကို အနိုင်ယူနိုင်မည် မဟုတ်ပေ။

"သတ်"

လုမင်က လက်ဦးမှုရယူရန် ဦးစွာ တိုက်ခိုက်လိုက်သည်။

ပေါင်ပေါင်နှင့်အတူ သူသည် ညာဘက်သို့ ပြေးသွား၏။

ပေါင်ပေါင်က သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ ပွင့်လင်းမြင်သာသော ပူဖောင်းနှစ်ခုက ရှေ့တွင်ရှိသော ဧကရာဇ်တစ်ပိုင်းနှစ်ပါးကို ဖုံးအုပ်သွားခဲ့သည်။ ထို့နောက် လုမင်က လက်ညှိုးတစ်ချက်ညွှန်ပြီး ကစဉ့်ကလျားကပ်ဘေးလက်ချောင်းဖြင့် ထိုဧကရာဇ်တစ်ပိုင်းနှစ်ပါးကို တိုက်ခိုက်လိုက်၏။

ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူနှစ်ဦးက အစွမ်းကုန် ခုခံကြသော်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိနေသေးသည်။ သူတို့၏ ခန္ဓာကိုယ်များက အမြောက်ဆံများကဲ့သို့ လွင့်စဥ်သွားပြီး ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲလုနီးပါး ဖြစ်သွားသည်။

ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူနှစ်ဦးကို လွင့်စဉ်စေပြီးနောက် ဝိုင်းရံမှုတွင် ဟာကွက်တစ်ခု ပေါ်လာသည်။ လုမင်က ရှေ့ကို ဆက်ပြေးသွား၏။

သို့သော်၊ ထိုအချိန်တွင် ပုံရိပ်တစ်ခုက အလွန်လျင်မြန်သော အရှိန်ဖြင့် လုမင်အနားသို့ ရောက်လာသည်။ သူက တောင်တစ်လုံးကဲ့သို့ အင်အားမျိုးဖြင့် လုမင်ကို ထိုးနှက်လိုက်၏။

လက်သီးအင်အားက လေဟာနယ်ကို ဖြတ်သန်းသွားပြီး တုန်လှုပ်ချောက်ချားဖွယ်ရာ ဟင်းလင်းပြင် လမ်းကြောင်းတစ်ခုကို ဖြစ်ပေါ်လာစေသည်။

လုမင်၏ အမူအရာ ပြောင်းသွားသည်။ ကြောက်စရာကောင်းလိုက်တဲ့ လက်သီးချက်...

လုမင်က အတားအဆီးမဲ့သော ကောင်းကင်သိုင်းကို အသုံးပြုပြီး ပြန်လည်ထိုးနှက်လိုက်သည်။

"ဝုန်း..."

လက်သီးနှစ်လုံးက တိုက်မိသွားသည်။ လုမင်သည် အလွန်ကြောက်စရာကောင်းသော အင်အားတစ်ခုက သူ့ဆီသို့ တိုးဝင်လာသည်ကို ခံစားလိုက်ရ၏။ လုမင်က သူ့လက်များ ထုံကျင်သွားသလို ခံစားလိုက်ရပြီး နောက်ကိုဆုတ်သွားရတော့သည်။

'ဒီလူက အရမ်းသန်မာတယ်'

သူ့ရှေ့က လူလတ်ပိုင်း အမျိုးသားကိုကြည့်ရင်း လုမင်၏ နှလုံးသားက အနည်းငယ် လေးလံသွားသည်။

ဤလူ၏ တိုက်ခိုက်ရေးစွမ်းအားက အခြားသော ဧကရာဇ်တစ်ပိုင်းများထက် အဆများစွာ ကြောက်စရာကောင်းသည်။

'ဒီလူရဲ့ ဝိညာဉ်ခန္ဓာက သာမန်မဟုတ်ဘူး။ အဲဒါက အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာတစ်ခုပဲ'

လုမင်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာသည်။

ဧကရာဇ်တစ်ပိုင်းအဆင့်မှာလည်း အားကောင်းသူနှင့် အားနည်းသူများ သဘာဝအတိုင်း ရှိသည်။ ယေဘူယျအားဖြင့်၊ လုမင်သည် မြေကမ္ဘာ ဝိညာဉ်ခန္ဓာဖြင့် ဧကရာဇ်တစ်ပိုင်းနယ်ပယ်သို့ ဖြတ်ကျော်သွားသူများကို မကြောက်ပါ။ သူတို့ကို အနိုင်ယူပြီး သတ်ပစ်နိုင်သည်။

သို့သော်လည်း ကောင်းကင်ဝိညာဉ်ခန္ဓာဖြင့် ဧကရာဇ်တစ်ပိုင်းအဆင့်သို့ ဖြတ်ကျော်သွားပါက ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းအားမှာ ပိုမိုအားကောင်းလာမည်မှာ သေချာသည်။ သူ့ရှေ့မှလူက အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာဖြင့် ဧကရာဇ်တစ်ပိုင်း နယ်ပယ်ကို ဖြတ်ကျော်ခဲ့သူဖြစ်ကြောင်း ထင်ရှားပေသည်။

ထိုသို့သောလူသည် ငယ်ရွယ်စဉ်က ပါရမီရှင်တစ်ဦး ဖြစ်ခဲ့သည်။ သူတို့က ဘုရင်ခန္ဓာများထက် အနည်းငယ်သာ အားနည်းပြီး သူ၏ တိုက်ခိုက်ရေး စွမ်းအားက အလွန် ‌ကြောက်စရာကောင်း၏။ လုမင်၏ လက်ရှိ ကျင့်ကြံမှုအရ သူနှင့် မယှဉ်နိုင်သေးပေ။

"ဝုန်း"

ထိုလူက ရှေ့ကိုတိုးလာပြီး လုမင်ကို ထပ်မံထိုးနှက်လိုက်သည်။

"တွိ... တွိ..."

ပေါင်ပေါင်က သူ့လက်များကို ဝှေ့ယမ်းလိုက်သည်။ အဆုံးမဲ့ဟင်းလင်းပြင်လှိုင်းများက ထိုလူထံသို့ တိုးဝင်သွား၏။

သို့သော်လည်း ဤလူ၏ တိုက်ခိုက်နိုင်စွမ်းက အမှန်တကယ် တုန်လှုပ်စရာပင်။ သူက လက်သီးချက်များ အဆက်မပြတ် ထုတ်ဖော်လိုက်သည်။ သူ၏ လက်သီးအင်အားက တောင်တစ်လုံးကဲ့သို့ အားပါပြီး ဟင်းလင်းပြင်လှိုင်းများကို အဆက်မပြတ် ချိုးဖျက်ပစ်လိုက်သည်။

'ပေါင်ပေါင်... အဲဒီလူကို ထိပ်တိုက်ရင်မဆိုင်နဲ့။ အခြားတစ်ဖက်ကနေ ထွက်ကြမယ်'

လုမင်က ပေါင်ပေါင်ကို အသံပို့လွှတ်ပြီး ပြောလိုက်သည်။

နှစ်ယောက်သား အခြားတစ်ဖက်ကို ပြေးသွားကြ၏။

ထိုအချိန်တွင် အခြားသော ဧကရာဇ်တစ်ပိုင်းများကလည်း လုမင်နှင့် အခြားသူများကို တိုက်ခိုက်ခဲ့သည်။ ကြောက်စရာကောင်းသော နတ်ဘုရားစွမ်းရည် တစ်ဒါဇင်ကျော်က ဟင်းလင်းပြင်လှိုင်းများကို လှုပ်ရှားစေပြီး လုမင်တို့ကို လွှမ်းမိုးသွား၏။

ပေါင်ပေါင်ထံမှ အချိန်ဟင်းလင်းပြင်အလင်းက ထွက်ပေါ်လာသည်။ သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ အချိန်ဟင်းလင်းပြင် လှိုင်းလုံးကြီးက တစ်ဖက်လူများထံ ပေါက်ကွဲသွားတော့သည်။

ထိုအချိန်တွင်၊ လုမင်၏ ရုပ်သွင်က လှုပ်ရှားလာပြီး ထိုသူများထံသို့ ပြေးသွားသည်။ သူက လက်ဖြင့် ဖိချဟန်ပြုလိုက်သောအခါ ငရဲဖိနှိပ်ကျောက်စာတိုင်ကိုးခု ပေါ်လာပြီး ထိုလူများကို ဖိနှိပ်လိုက်၏။

သူတို့က ဟိန်းဟောက်ပြီး အစွမ်းကုန် ခုခံရန် ကြိုးစားသော်လည်း နောက်ကို ဆုတ်နေရသေးသည်။

ထို့နောက်၊ လုမင်၏ ဘယ်ဘက်လက်ပေါ်တွင် အဆုံးမဲ့ရွန်းများပေါ်လာပြီး လူတစ်ဦးကို တံဆိပ်ခတ်ရန် တံဆိပ်ခတ်ခြင်းစွမ်းအားကို အသုံးပြုခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ သူက ညာလက်ဘက်ဖြင့် အစွမ်းကုန်သုံး၍ ညွှန်ပြလိုက်၏။

ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းက ထိုလူဆီသို့ ပေါက်ကွဲသွားတော့သည်။

"သတ်"

ထိုအချိန်တွင်၊ အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာရှိသော ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူအပါအဝင် အခြားသူများက လုမင်တို့ကို တိုက်ခိုက်ခဲ့ကြသည်။

"အစ်ကိုကြီးလုမင် ဆက်လုပ်ပါ၊ သူတို့ကို ကျွန်အတွက် ထားလိုက်။ တွိ... တွိ..."

ပူဖောင်းလေးက ပြောလိုက်သည်။ ဖောက်ထွင်းမြင်ရသော ပူဖောင်းဆယ်ခုကျော် ပေါ်လာပြီး ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများကို ဖုံးအုပ်လိုက်၏။

ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများက တစ်ချိန်တည်းတွင် အေးခဲသွားသည်။ ထို့နောက် ဖောက်ထွင်းမြင်နိုင်သော ပူဖောင်းများကို တိုက်ခိုက်ရန် စွမ်းအားဖြင့် ပေါက်ကွဲလိုက်ကြသည်။

သူတို့ထဲတွင် လူလတ်ပိုင်း အမျိုးသား၏ တိုက်ခိုက်နိုင်စွမ်းက တကယ်ကို ကြောက်စရာကောင်းသည်။ သူရ လက်သီးချက်အချို့ကို အဆက်မပြတ် ထုတ်ဖော်ပြီး ဖောက်ထွင်းမြင်ရသော ပူဖောင်းများကို ခွဲပစ်လိုက်၏။

သို့သော်လည်း ဤနှောင့်နှေးမှုက လုမင်အတွက် လုံလောက်သောအချိန်ကို ပေးခဲ့သည်။

ထိုဧကရာဇ်တစ်ပိုင်းကို လုမင်က တံဆိပ်ခတ်ခြင်းစွမ်းအားဖြင့် တံဆိပ်ခတ်လိုက်သည်။ ထို့နောက်တွင်၊ တုန်လှုပ်ချောက်ချားဖွယ် စွမ်းအားမျိုးဖြင့် လက်ချောင်းကြီးက ဆင်းသက်လာ၏။ ထိုဧကရာဇ်တစ်ပိုင်းက နာကျင်စွာ အော်ဟစ်လိုက်ရပြီး သူ့ခန္ဓာကိုယ် တစ်ဝက်ခန့် ပေါက်ကွဲသွားတော့သည်။ သူက အသက်မသေသော်လည်း မရုန်းကန်နိုင်တော့ပေ။

"ဝှစ်..."

လုမင်က သူ့ကို လွတ်မြောက်ရန် အခွင့်မပေးပါ။ ထိုက်ကျိအစီရင်ဓာတ်ပြားက သူ၏ မျက်ခုံးနှစ်ခုကြားမှ ထွက်ပေါ်လာသည်။ ယင်ယန်ငါး ဓားနှစ်လက်က ထိုလူကို ခုတ်ချလိုက်၏။ သူက ချက်ချင်း သေဆုံးသွားတော့သည်။

"ချီးတဲ့မှပဲ၊ အသုံးမကျတဲ့ကောင်တွေ"

လော့ဖိုခုန်းက အဝေးမှ အော်ဟစ်လိုက်သည်။

ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူ ဆယ်ဦးကျော်၏ ဝန်းရံမှုအောက်မှာပင် လုမင်က သူတို့၏ လူတစ်‌ယောက်ကို သတ်လိုက်သေးသည်။ ဒါက ရှက်စရာကောင်းလှသည်။

"ဧကရာဇ်လက်နက်ကို အသုံးပြုပြီး အဲဒီကောင်မလေးကို တားဆီးထားကြ၊ လုမင်ကို ကျုပ်ကိုင်တွယ်လိုက်မယ်"

သက်လတ်ပိုင်း အမျိုးသားက အော်ပြောလိုက်သည်။

"ကျုပ်လုပ်မယ်"

ဖုန်းမျိုးနွယ်၏ ဧကရာဇ်တစ်ပိုင်းက သူ့လက်ကို ဝှေ့ယမ်းလိုက်ရာ မျှော်စင်ငယ်တစ်ခု ပေါ်လာသည်။ ထို့နောက် တောင်တစ်လုံးကဲ့သို့ လျင်မြန်စွာ ကြီးမားလာ၏။ လေပြင်းများလည်း တိုက်ခတ်လာပြီး လှောင်အိမ်တစ်ခုကဲ့သို့ ပေါင်ပေါင်ကို ဖုံးအုပ်လိုက်တော့သည်။

တစ်ချိန်တည်းမှာပင် သက်လတ်ပိုင်းအရွယ် အမျိုးသားက လုမင်အား အင်အားအပြည့်ဖြင့် တိုက်ခိုက်လိုက်သည်။ သူ့လက်သီးချက်များက အလွန်ကြောက်စရာကောင်း၏။ လက်သီးချက်တိုင်းက ဟင်းလင်းပြင်ကို ပြင်းထန်စွာ တုန်လှုပ်စေခဲ့သည်။

လုမင်က အကြိမ်အနည်းငယ်ခန့် လက်ညှိုးဖြင့်ညွှန်ပြလိုက်သည်။ သို့သော်လည်း ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းများက တစ်ဖက်လူနှင့် ထိပ်တိုက်ရင်ဆိုင်ပြီးနောက် ပြိုကျသွား၏။ လုမင်က အရေးနိမ့်နေသည်။

တစ်ဖက်တွင်၊ ပေါင်ပေါင်က ဧရာမျှော်စင်ကြီးကို ရှောင်လွှဲရန် ကြိုးစားလိုက်သည်။

သို့သော်လည်း တစ်ဖက်လူများတွင် ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများ အများအပြား ရှိ၏။ ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူ ဆယ်ဦးကျော်က ‌အရပ်ဆယ်မျက်နှာမှ ပိတ်ဆို့ထားပြီး အဆက်မပြတ် တိုက်ခိုက်ကြသည်။ သူတို့က ပေါင်ပေါင်၏ ဆုတ်လမ်းမှန်သမျှကို အင်အားသုံးကာ ပိတ်ဆို့ခဲ့သည်။

ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူနှစ်ဦးက ဧကရာဇ်လက်နက်များကိုပင် ထုတ်ယူပြီး ပေါင်ပေါင်ကို ဟန့်တားနှောင့်ယှက်ကြ၏။

ခဏချင်းမှာတော့ ပေါင်ပေါင်သည် ပိတ်မိနေကာ လုမင်ကို မကူညီနိုင်တော့ပေ။

"ဝမ်"

လုမင်က ထိုက်ကျိအစီရင်ဓာတ်ပြားကို ထိန်းချုပ်ပြီး သက်လတ်ပိုင်း အမျိုးသားကို ဖိနှိပ်လိုက်သည်။ တစ်ချိန်တည်းမှာပင်၊ တာ့ယန်ဆေးမီးဖိုက ပေါ်လာပြီး လျင်မြန်စွာ ကြီးမားလာ၍ တစ်ဖက်လူကို ထုနှက်လိုက်၏။

"ဧကရာဇ်လက်နက်လား၊ ငါ့မှာလည်း ရှိတယ်"

သက်လတ်ပိုင်း အမျိုးသားက အေးစက်စွာ ပြောလိုက်သည်။ ထို့နောက် သူ့လက်ထဲတွင် တူကြီးတစ်လက်ပေါ်လာပြီး ထိုက်ကျိအစီရင်ဓာတ်ပြားနှင့် တာ့ယန်ဆေးမီးဖိုကို ထုရိုက်လိုက်တော့သည်။

All Chapters