← Chapters

အခန်း ၁၉၆၃

Vol. 132 Ch. 1963

အခန်း ၁၉၆၃

Vol. 132 Ch. 1963

အပိုင်း ( 1963 ) အဆုံးမဲ့သားရဲကမ္ဘာ။

လုမင်က ပတ်ဝန်းကျင်ကို ကြည့်လိုက်ရာ သူ့အနောက်တွင် အနီရောင် မီးလျှံများဖြင့် ဧရာမ အိမ်မြှောင်ကြီးတစ်ကောင်ကို တွေ့လိုက်ရသည်။ သူက လုမင်ကို မျက်လုံးပြူးကြီးများဖြင့် ကြည့်နေသည်။

အရှေ့ဘက်မှာလည်း သူ့ကို အံ့အားသင့်စွာ ကြည့်နေသော သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ယောက် ရှိ၏။

လူလတ်ပိုင်း အမျိုးသားနှင့် ဧရာမအိမ်မြှောင်ကြီးတို့ထံမှ အားကောင်းသော အရှိန်အဝါများ ထွက်ပေါ်နေသည်။ သူတို့နှစ်ဦးစလုံးက ဧကရာဇ်တစ်ပိုင်းအဆင့် ကျင့်ကြံသူများပင်။

လုမင်လည်း အခြေအနေကို နားလည်သွားခဲ့သည်။

သက်လတ်ပိုင်း အမျိုးသားနှင့် အိမ်မြှောင်ကြီးတို့ကြားမှ တိုက်ပွဲက ဟင်းလင်းပြင်အတက်အကျများကို ဖြစ်စေပြီး ဟင်းလင်းပြင်အား အားနည်းသွားစေမည် ဖြစ်သည်။ သူတို့က ၎င်းကို သတိပြုမိပြီး အစွမ်းကုန် တိုက်ခိုက်ခဲ့၏။ သူတို့၏ ပူးပေါင်းဆောင်ရွက်မှုကြောင့် ဟင်းလင်းပြင်မုန်တိုင်းကို ဖြတ်ကျော်နိုင်ပြီး နောက်ဆုံးတွင် ဤနေရာမှာ ပေါ်လာခဲ့ပေသည်။

"ဂါး"

ဤအခိုက်တွင်၊ အိမ်မြှောင်ကြီးက ဟိန်းဟောက်လိုက်သည်။ သူက လုမင်ကို လူလတ်ပိုင်းလူရွယ် အမျိုးသား၏ မဟာမိတ်အဖြစ် သတ်မှတ်လိုက်၏။ ရှေ့ကို ခြေတစ်လှမ်းတိုးလိုက်ရင်း သူ့ခန္ဓာကိုယ်က မီးတောက်မီးလျှံများ ထွက်လာသည်။ ၎င်းက သူ့ပါးစပ်မှ မီးလုံးတစ်လုံးဖြင့် လုမင်ကို မှုတ်ထုတ်ကာ တိုက်ခိုက်လာတော့သည်။

လုမင်က လက်သီးဖြင့် ထိုးနှက်လိုက်သည်။ ငရဲဖိနှိပ်ကျောက်စာတိုင်ပုံရိပ်က ပေါ်လာပြီး မီးလုံးကို ဖျက်ဆီးပစ်လိုက်၏။

"ဝုန်း... ဝုန်း"

အိမ်မြှောင်ကြီးက မြေပြင်ကို ဆောင့်နင်းလိုက်တိုင်း လှိုဏ်ဂူက ပြင်းထန်စွာ တုန်ခါသွားသည်။

၎င်း၏ ချွန်ထက်သော ခြေသည်းများက နတ်ဓားများကဲ့သို့ လေထုကို ဖြတ်သန်းလာတော့သည်။

တစ်ချိန်တည်းမှာပင် ၎င်းက လုမင်အား ချွန်ထက်သော အစွယ်များဖြင့် ကိုက်လိုက်သည်။

"မင်း သေချင်နေတာပဲ"

လုမင်၏ မျက်လုံးများက အေးစက်သွားသည်။ မူလကပင် သူက ဒေါသထွက်နေခဲ့သည်။ ယခုတော့၊ သူ ပေါ်လာသည်နှင့် အိမ်မြှောင်ကြီးက တိုက်ခိုက်လာပေရာ သူ ဒေါသပေါက်ကွဲလာတော့သည်။

"ဝုန်း... ဝုန်း"

လုမင်က ကြိမ်ဖန်များစွာ ထိုးနှက်လိုက်သည်။ သူတော်စင်စွမ်းအင်က မြင့်တက်လာပြီး အိမ်မြှောင်ကြီးနှင့် အဆက်မပြတ် တိုက်မိသွား၏။

ဤအိမ်မြှောင်ကြီးက ဧကရာဇ်တစ်ပိုင်းအဆင့်၏ တိုက်ခိုက်ရေးစွမ်းအားရှိသော်လည်း လုမင်နှင့် ထိပ်တိုက်တွေ့ဆုံမိတိုင်း နောက်သို့ ဆုတ်သွားခဲ့ရသည်။

"ဝုန်း..."

လုမင်က လေထဲသို့ ခုန်တက်သွားပြီး အိမ်မြှောင်ကြီး၏ ဦးခေါင်းကို လက်သီးဖြင့် ထိုးချလိုက်သည်။ အိမ်မြှောင်ကြီးက ကျယ်လောင်စွာ အော်ဟစ်ရင်း မြေပေါ်ကို ဝပ်ဆင်းသွား၏။

"ဒုန်း"

အိမ်မြှောင်ကြီး၏ဦးခေါင်းက မြေပြင်ကို ပြင်းထန်စွာ ကျရောက်သွားသည်။ ၎င်းက အော်ဟစ်ရင်း နှင်တံကဲ့သို့ သူ့အမြီးမြင့် လုမင်ကို ပြန်ရိုက်လိုက်၏။

လုမင်လည်း အိမ်မြှောင်ကြီး၏ အမြီးကို ဖမ်းကိုင်လိုက်ပြီး လှိုဏ်ဂူထဲမှ လွှင့်ပစ်လိုက်တော့သည်။

"ဝှီး..."

အိမ်မြှောင်ကြီးက လှိုဏ်ဂူထဲမှ လွင့်စဉ်သွားခဲ့သည်။

"ဂါး...."

ထိုအချိန်တွင် ဂူအပြင်ဘက်မှ ကြောက်မက်ဖွယ်ရာ ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ ဤဟိန်းဟောက်သံက အိမ်မြှောင်ကြီးထံမှ မဟုတ်ဘဲ ဂူအောက်မှ ထွက်လာပုံရ၏။

ဟိန်းဟောက်သံက ပြင်းထန်လွန်းသဖြင့် လုမင်၏ နားစည်များပင် တုန်ခါသွားရသည်။ ထိုအထဲတွင် မိစ္ဆာကြီးတစ်ကောင် ရှိနေသကဲ့သို့ပင်။

ထို့နောက်တွင်၊ အိမ်မြှောင်ကြီးက ကြောက်လန့်တကြား အော်ဟစ်နေသည်ကို တွေ့လိုက်ရသည်။ သူ့ခန္ဓာကိုယ်က အရှိန်အဟုန်ပြင်းပြင်းဖြင့် အောက်ဘက်ကို ပြုတ်ကျသွား၏။

"ဂါး... ဂါး..."

ထို့နောက် ဟိန်းဟောက်သံများက ကောင်းကင်နှင့်မြေပြင်ကို ဆက်လက်လှုပ်ခတ်သွားတော့သည်။

ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းများက ဧရိယာတစ်ဝိုက်တွင် တုန်ခါသွားစေခဲ့သည်။

တစ်ဖက်တွင်၊ လူလတ်ပိုင်း အမျိုးသား၏ အမူအရာက လေးနက်သွားခဲ့သည်။ သူက လုမင်အနားကို မကပ်ဝံ့ဘဲ ခပ်လှမ်းလှမ်းသို့ ဆုတ်သွား၏။

"ဆရာကြီး၊ အပြင်မှာ ဘာရှိတာလဲ"

လုမင်က မေးလိုက်သည်။

"ကျုပ်လည်း မသိဘူး"

လူလတ်ပိုင်းအရွယ် အမျိုးသားက ခေါင်းယမ်းလိုက်သည်။

"ဒါဆို ဒါက ဘယ်နေရာမှာလဲ"

လုမင်က ထပ်မေးလိုက်၏။

"အဆုံးမဲ့သားရဲကမ္ဘာ"

လူလတ်ပိုင်းအရွယ် အမျိုးသားက ပြောသည်။ ထို့နောက် သူက လုမင်ကို အကဲခတ်ကြည့်ကာ ပြောလိုက်သည်။

"ခင်ဗျားက ယွမ်တောင် မြင့်မြတ်သောကျောင်းတော်က ကစဉ့်ကလျားရဲ့သားတော် ဖြစ်သင့်တယ်"

ဤစကားများက လုမင်၏ မျက်လုံးများကို အရောင်ပြောင်းသွားစေခဲ့သည်။ ဒါက ကြာပန်းကမ္ဘာ ကိုးခုအနက်မှ တစ်ခုဖြစ်ပြီး သူတို့ ဝေးဝေးကို မရောက်သေးပုံပင်။

ထိုအချိန်တွင် အပြင်ဘက်မှ ဟိန်းဟောက်သံများ ရပ်တန့်သွားသည်။ လုမင်က ထပ်မေးရန် ဟန်ပြင်လိုက်သော်လည်း လူလတ်ပိုင်းအရွယ် အမျိုးသားက ဂူထဲမှ ပြေးထွက်သွားပြီး ပျောက်ကွယ်သွားခဲ့ပြီ။

လုမင် ဆွံ့အသွားမိသည်။ သူက ဂူ‌ပေါက်ဝသို့ လျှောက်သွားပြီး အပြင်ကို လှမ်းကြည့်လိုက်၏။ သူ့မျက်လုံးများက ပြူးကျယ်သွားတော့သည်။

အပြင်ဘက်မြင်ကွင်းက အလွန်ခမ်းနားသည်။

သူရောက်နေသည့်နေရာက မီးတောင်ထိပ်ဝ သို့မဟုတ် မြေအောက်သို့သွားသော ဂူကြီးတစ်ခုလိုပင်။

သူက ဂူနံရံရှိ တစ်ဖက်ခြမ်းမှာ ရောက်နေခြင်းဖြစ်သည်။ ပတ်ဝန်းကျင်ကို ကြည့်လိုက်လျှင်တော့ နံရံများတွင် ဂူပေါက်များ ပြည့်နှက်နေကြောင်း မြင်ရလိမ့်မည်။

ဂူအလယ်မှာ အချင်းချင်း ဆက်သွယ်ထားသော ကျောက်တံတားများ ရှိသည်။

ဂူက အောက်ဘက်ကို ဆင်းသက်သွားခြင်း ဖြစ်သည်။ ၎င်းက မည်မျှ နက်ရှိုင်းမှန်း မသိရသော်လည်း တစ်ချက်ကြည့်လိုက်ပါက အဆုံးမဲ့ အမှောင်ထုကိုသာ မြင်ရလိမ့်မည်။

ယခင် ဟိန်းဟောက်သံက ထိုအောက်ဘက်မှ ထွက်လာခြင်း ဖြစ်သည်။

လုမင်သည် အစောပိုင်းမှ လူလတ်ပိုင်းအရွယ် အမျိုးသားက ကျောက်တံတားပေါ်သို့ ခုန်ဆင်းကာ သူနှင့် မျက်စောင်းထိုးရှိ ဂူတစ်လုံးထဲသို့ ပြေးဝင်သွားကြောင်း မြင်လိုက်ရသည်။

လုမင်က ကြည့်လိုက်သောအခါ ဂူအချို့တွင် လူရိပ်များ အမှန်တကယ် ရှိနေသည်ကို တွေ့လိုက်ရလေသည်။

'ဒီနေရာက အဆုံးမဲ့သားရဲကမ္ဘာရဲ့ အမွေအနှစ်နေရာတစ်ခု ဖြစ်နိုင်မလား။ ဒါကြောင့်ပဲ အပြင်လူတော်တော်များများက ဒီနေရာကို စူးစမ်းနေကြတာများလား'

လုမင်က သူ့စိတ်ထဲမှ တွေးလိုက်သည်။

ထိုဂူပေါက်များမှ လူများက ယခုအချိန်တွင် အလွန်သတိထားနေပုံရသည်။ သူတို့က ထိုကျောက်တံတားများပေါ်သို့ ဆင်းသက်ကြပြီး အချိန်အတော်ကြာအောင် ဂရုတစိုက် စောင့်နေကြ၏။ ထို့နောက် ကျောက်တံတားအောက်ဘက်သို့ ခုန်ဆင်းသွားကြလေသည်။ ထိုနည်းအတိုင်း သူတို့က ဆင်းသက်ကြပြီး အောက်ဘက်မှ ဂူပေါက်များကို ဆက်လက် စူးစမ်းသွားကြသည်။

"ဂါး..."

ဤအခိုက်အတန့်တွင် ဂူအောက်ဘက် နက်ရှိုင်းသောအရပ်မှ နောက်ထပ် ထိတ်လန့်တုန်လှုပ်ဖွယ် ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။

ဟိန်းဟောက်သံနှင့်အတူ ဂူအောက်ဘက် နက်နဲရာနေရာမှ ကြောက်မက်ဖွယ်ရာ စုပ်ယူမှုစွမ်းအားက အရာခပ်သိမ်းကို ဝါးမျိုသွားတော့မလို ထွက်ပေါ်လာခဲ့၏။

"အား"

ထိတ်လန့်တကြားအော်သံများ ထွက်ပေါ်လာသည်။

လုမင်က အန္တိမသူတော်စင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို သတိပြုမိသည်။ သူသည် လေထဲတွင် ရှိနေသေးပြီး ကျောက်တံတားပေါ်သို့ မရောက်သေးပေ။ ထို့နောက် ဝါးမျိုခြင်းအင်အားက သူ့အား အဆုံးမဲ့ ချောက်ထဲသို့ ဆွဲချသွားကာ ပျောက်ကွယ်သွားခဲ့သည်။

လုမင် တုန်လှုပ်သွားခဲ့သည်။ ထိုအောက်ဘက်တွင် ဘာများရှိနေပါသနည်း။ အန္တိမသူတော်စင်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးပင်လျှင် ၎င်းကို မခုခံနိုင်ပါ။

ယခင်က အိမ်မြှောင်ကြီးမှာလည်း ထို့အတူ ဖြစ်သည်။ ထိုအင်အားဖြင့် မျိုချခံခဲ့ရပေသည်။

သို့သော်လည်း လုမင်သည် ကျောက်တံတားပေါ်ကို ဆင်းသက်နိုင်သူများက အဆင်ပြေကြောင်း တွေ့ရှိခဲ့သည်။ ကျောက်တံတားက ထိုစွမ်းအားကို ခံနိုင်ရည်ရှိပုံပင်။

ကျောက်တံတားပေါ်မှ ခုန်ချသောအခါ ထိုလူများက အလွန်သတိထားကြသည်မှာ အံ့သြစရာ မဟုတ်တော့ပါ။

"ဒီနေရာက အန္တရာယ်တွေနဲ့ ပြည့်နေတာပဲ"

လုမင်က ရေရွတ်လိုက်သည်။ သူက ပတ်ပတ်လည်ကို ကြည့်လိုက်သောအခါ ဤဂူထဲတွင် တခြားထွက်ပေါက်မရှိကြောင်း တွေ့လိုက်ရသည်။ အပြင်ထွက်ချင်လျှင် သူ့ရှေ့မှဂူကို ဖြတ်သွားရလိမ့်မည်။

"ဒီမှာ ခဏအနားယူရအောင်။ ပေါင်ပေါင်၊ မင်းလည်း အရင်ဆုံး စွမ်းအင်ပြန်ဖြည့်သင့်တယ်"

လုမင်က ပေါင်ပေါင်ကို ပြောလိုက်သည်။

ပေါင်ပေါင်သည် ဟင်းလင်းပြင်မုန်တိုင်းကို တွန်းလှန်ရန် အချိန်ဟင်းလင်းပြင် နိယာမကို အသုံးပြုခဲ့ပြီး စွမ်းအင်များစွာ သုံးစွဲခဲ့ရသည်။ ဤနေရာက ပြန်လည်ကောင်းမွန်လာပြီး အနားယူရန် နေရာကောင်းတစ်ခုပင်။

"ဟုတ်ကဲ့"

ပေါင်ပေါင်က ခေါင်းညိတ်ပြပြီး ကျောက်ကြမ်းများနှင့် သူတော်စင်ဆေးပင် အများအပြားကို ထုတ်ယူကာ စွမ်းအင်ပြန်ဖြည့်လိုက်သည်။

လုမင်လည်း တင်ပျဉ်ခွေထိုင်ကာ ကျောက်ကြမ်းများကို သန့်စင်လိုက်လေသည်။

မကြာမီ၊ လုမင်၏ အခြေအနေက အထွတ်အထိပ်ကို ပြန်လည်ရောက်ရှိသွားသည်။

ထိုအချိန်တွင်၊ လုမင်၏ စိတ်ထဲမှာ တစ်ချက်တုန်လှုပ်သွားသည်။ ကစဉ့်ကလျားကျောက်က လုမင်၏လက်ထဲတွင် ပေါ်လာခဲ့၏။

ယခင်က လုမင်သည် လော့စန်းချုံး၏ ဧကရာဇ်လက်နက်ကို ခုခံရန် ကစဉ့်ကလျားကျောက်ကို အသုံးပြုခဲ့သည်။ ထိုအချိန်က လုမင်သည် အက်ကွဲသံ ခပ်တိုးတိုးကို ကြားလိုက်ရသေးသည်။

လုမင်က ၎င်းကို ထုတ်ယူပြီး ကြည့်လိုက်သောအခါ ကစဉ့်ကလျားကျောက်တွင် အက်ကြောင်းတစ်ခု အမှန်တကယ်ရှိနေကြောင်း တွေ့လိုက်ရသည်။

'ကစဉ့်ကလျားကျောက်က ဖျက်ဆီးလို့မရပေမဲ့ အက်ကြောင်းတစ်ခု တကယ်ပေါ်လာတယ်။ လော့စန်းချုံးရဲ့ ဧကရာဇ်လက်နက်က တကယ်ကို အစွမ်းထက်တာပဲ'

လုမင်က သူ့စိတ်ထဲမှ တွေးလိုက်သည်။ ထို့နောက် ကစဉ့်ကလျားကျောက်က အက်ကွဲသွားသဖြင့် ၎င်းကို ဖွင့်ကြည့်နိုင်မလားဟု သူတွေးမိလေသည်။

ချက်ချင်းပင်၊ လုမင်က ကစဉ့်ကလျားကျောက်ကို ဆုပ်ကိုင်ပြီး သူ့အစွမ်းကုန်သုံး၍ ဖျစ်ညှစ်လိုက်သည်။

"ခရတ်..."

ကစဉ့်ကလျားကျောက်မှ အက်ကွဲသံနှင့်အတူ အက်ကြောင်းက ပို၍ကြီးလာသည်။

"ချိုးလို့ရတယ်​"

လုမင်၏ မျက်လုံးများက တောက်ပလာသည်။ ယခင်အက်ကြောင်းကြောင့်မဟုတ်လျှင် ကစဉ့်ကလျားကျောက်ကို ချိုးဖောက်ရန် မဖြစ်နိုင်ပေ။

လုမင်က အင်အားသုံးပြီး ဆက်လက် ချေဖြတ်လိုက်သည်။ ခဏအကြာတွင်၊ ကစဉ့်ကလျားကျောက်က လုံးဝ ကွဲထွက်သွား၏။

"ခလွမ်..."

ပစဉ့်ကလျားကျောက် အပိုင်းအစများကြားသို့ သေးငယ်သောသလင်းကျောက်နှစ်လုံးက ပြုတ်ကျလာသည်။

"ဒါတွေက... ကစဉ့်ကလျားကျောက်တွေပဲ"

လုမင်၏ မျက်လုံးများက တောက်ပသွားတော့သည်။

All Chapters