← Chapters

အခန်း ၁၉၆၄

Vol. 132 Ch. 1964

အခန်း ၁၉၆၄

Vol. 132 Ch. 1964

အပိုင်း ( 1964 ) ကစဉ့်ကလျား၏အလင်း။

လုမင် အလွန်ဝမ်းသာသွားခဲ့သည်။ ကစဉ့်ကလျားကျောက်ကို ဖွင့်လိုက်ပြီးနောက် ကစဉ့်ကလျားသလင်းကျောက်နှစ်ခုကို တွေ့လိုက်ရ၏။

ကစဉ့်ကလျားသလင်းကျောက်က ကစဉ့်ကလျားစွမ်းအင်၏ ငွေ့ရည်ဖွဲ့ခြင်းတစ်မျိုး ဖြစ်သည်။

ဤကစဉ့်ကလျားကျောက်ကို လေလံတင်စဉ်အခါက အထဲတွင် ကစဉ့်ကလျားစွမ်းအင် မရှိဘူးဟု သတ်မှတ်ခဲ့သောကြောင့် ဈေးနှုန်းမှာ အလွန်နည်းခဲ့သည်။

သို့သော်လည်း ကစဉ့်ကလျားစွမ်းအင်များက ကစဉ့်ကလျားသလင်းကျောက်အဖြစ် ငွေ့ရည်ဖွဲ့သွားခြင်းဖြစ်မည်ဟု မည်သူမျှ မျှော်လင့်ထားမည် မဟုတ်ပေ။

ကစဉ့်ကလျားသလင်းကျောက်များက ကစဉ့်ကလျားကျောက်နှင့် ပေါင်းစပ်လုနီးပါး ဖြစ်ခဲ့သည်။ ထို့ကြောင့် ကစဉ့်ကလျားကျောက်ကို မချိုးဖောက်ဘဲ မည်သူမှ ၎င်းတို့ကို ရှာဖွေတွေ့ရှိရန် မဖြစ်နိုင်ပါ။

သူက ကံကောင်းခဲ့သည်။ တကယ်ကို ကံကောင်းခြင်းကြီး ဖြစ်ပေသည်။

လုမင်က စိတ်လှုပ်ရှားစွာဖြင့် သေချာ‌စစ်ဆေးကြည့်လိုက်သော်လည်း ကစဉ့်ကလျားသလင်းကျောက်က နှစ်ခုသာရှိကြောင်း သိလိုက်ရသည်။

လုမင်လည်း ကစဉ့်ကလျားနိယာမဖြင့် ကစဉ့်ကလျားသလင်းကျောက်နှစ်ခုကို ချက်ချင်း ထုပ်ပိုးလိုက်သည်။

"ဝမ်... ဝမ်"

ကစဉ့်ကလျားနိယာမဖြင့် ဖုံးအုပ်လိုက်သောအခါ ကစဉ့်ကလျားသလင်းကျောက်နှစ်ခုက အနည်းငယ် တုန်ခါသွားသည်။

ထို့နောက် ကစဉ့်ကလျားသလင်းကျောက်နှစ်ခုက အရည်ပျော်လာပြီး အရည်အဖြစ် ပြောင်းလဲသွား၏။ နောက်ဆုံးတွင် ၎င်းတို့က စွမ်းအင်စီးကြောင်းနှစ်ခုအဖြစ်သို့ ပြောင်းလဲသွားတော့သည်။

ကစဉ့်ကလျားစွမ်းအင်။

လုမင်၏ မျက်လုံးများက တောက်ပလာသည်။ ယခင်က လုမင်သည် ကစဉ့်ကလျားစွမ်းအင်တစ်ခုကို သန့်စင်ခဲ့ဖူးသည်။ ဤစွမ်းအင်စီးကြောင်းနှစ်ခုက ကစဉ့်ကလျားစွမ်းအင်များဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သူ သဘောပေါက်ပေသည်။

"ဒီလိုဆိုမှတော့ ငါက နောက်ထပ် နှစ်ခုကို ထပ်ပြီးသန့်စင်လိုက်မယ်"

လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။ အတွေးတစ်ခုဖြင့်၊ လုမင်က ကစဉ့်ကလျားနိယာမကို ထိန်းချုပ်ပြီး ကစဉ့်ကလျားစွမ်းအင်ကို သူ့ခန္ဓာကိုယ်ထဲသို့ လမ်းညွှန်ခဲ့လေသည်။

ထို့နောက် ကစဉ့်ကလျားစွမ်းအင်နှစ်ခုကို စတင်သန့်စင်လိုက်သည်။ သူ့ခန္ဓာကိုယ်က ကစဉ့်ကလျားစွမ်းအင်နှင့် အလွန်လိုက်ဖက်သောကြောင့် ၎င်းကို သန့်စင်ရာတွင် အခက်အခဲမရှိပေ။

မျက်စိတစ်မှိတ်အတွင်း သုံးရက်ကြာသွားသည်။

ပေါင်ပေါင်ကတော့ ပြန်လည်ကောင်းမွန်လာသည်မှာ ကြာခဲ့ပြီ။ သူက လုမင်ကို ကာကွယ်ရန်အတွက် ဂူဝင်ပေါက်တွင် ထိုင်နေခဲ့သည်။

လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ဂူ၏ နက်ရှိုင်းရာဆီမှ ကြောက်မက်ဖွယ်ရာ ဟိန်းဟောက်သံများကို ရံဖန်ရံခါ ကြားရသည်။ ဧရာသံကြိုးများ အချင်းချင်း တိုက်မိသံကိုလည်း ကြားကြရ၏။ ကြောက်စရာကောင်းသော မိစ္ဆာကြီးတစ်ကောင်ကို သံကြိုးဖြင့် ချည်နှောင်ထားသောကြောင့် လွတ်မြောက်ရန် ရုန်းကန်နေသကဲ့သို့ပင်။

သို့ရာတွင်၊ လုမင်က ဤအရာအားလုံးကို လျစ်လျူရှုခဲ့သည်။ ကစဉ့်ကလျားစွမ်းအင်ကို သန့်စင်ရန်သာ သူက အာရုံစိုက်ခဲ့ပေသည်။

သုံးရက်အကြာတွင်၊ လုမင်က ကစဉ့်ကလျားစွမ်းအင်စီးကြောင်းနှစ်ခုကို သူ့ခန္ဓာကိုယ်ထဲသို့ လုံးဝ သန့်စင်ပြီးသွားခဲ့သည်။ ကစဉ့်ကလျားစွမ်းအင်များက သူ၏ ကြွက်သားများ၊ အရိုးများ၊ သွေးများထဲသို့ စိမ့်ဝင်သွားပြီး သူ့ခန္ဓာကိုယ် တစ်ခုလုံးတွင် စီးဆင်းသွား၏။

လုမင်၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက အလွန်တရာ တိုးတက်လာသည်။ သူ့အင်အားက ယခင်ကထက် သိသိသာသာ ပိုအားကောင်းလာတော့သည်။

သူ့ခန္ဓာကိုယ်တွင် မှုန်ဝါးသော အလင်းရောင်အလွှာတစ်ခု ရှိနေပုံရသည်။ အတွေးတစ်ခုဖြင့်၊ သူ့ခန္ဓာကိုယ်က တောင်တစ်လုံးကဲ့သို့ လေးလံလာပြီး ဖျက်ဆီး၍မရနိုင်ပေ။

"ဝမ်"

ထိုအချိန်တွင်၊ သူ့ခန္ဓာကိုယ်က ကစဉ့်ကလျားနိယာမနှင့် ထပ်တူကျနေပုံရသည်။

ကျင့်ကြံသူတစ်ဦးက သူတော်စင်တစ်ပိုင်းအဆင့်သို့ ရောက်ရှိသောအခါ နိယာမဖြင့် မိမိ၏ခန္ဓာကိုယ်ကို ပေါင်းစပ်နိုင်မည် ဖြစ်သည်။ နိယာမက ကျင့်ကြံသူ၏ သူ့ခန္ဓာကိုယ်နှင့် အလွန်သဟဇာတဖြစ်ပြီးနောက် ခန္ဓာကိုယ်ထဲတွင် နိယာမစွမ်းအားများ ပါ၀င်မည်ဖြစ်ကာ ကျင့်ကြံသူ၏ ခန္ဓာကိုယ်ကြံ့ခိုင်မှုက သိသိသာသာ တိုးတက်လာလိမ့်မည်။

ယခုအချိန်တွင် နိယာမစွမ်းအားက လုမင်၏ ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် စိမ့်ဝင်လာနေသည်။ လုမင်၏ ခန္ဓာကိုယ်က ကြောက်မက်ဖွယ် စွမ်းအားတစ်ခု မွေးဖွားတော့မည်ကဲ့သို့ ထုံကျဉ်လာ၏။

"ဝမ်"

သိပ်မကြာခင်မှာပင်၊ လုမင်၏ ခန္ဓာကိုယ်မှ အလင်းရောင်တစ်ခု ထွက်ပေါ်လာတော့သည်။

"ကစဉ့်ကလျားရဲ့ အလင်း၊ တွိ...တွိ..."

ဘေးနားတွင်၊ ပေါင်ပေါင်၏ မျက်လုံးများက တောက်ပနေပြီး ပျော်ရွှင်မှု အရိပ်အယောင်တို့ ပေါ်လာခဲ့သည်။

လုမင်သည် ယခင်က ကစဉ့်ကလျားစွမ်းအင်တစ်ခုကို သန့်စင်ခဲ့ဖူးသည်။ ယခု ကစဉ့်ကလျားစွမ်းအင်နှစ်ခုနှင့်အတူ သူ့ခန္ဓာကိုယ်တွင် ကစဉ့်ကလျားစွမ်းအင်က သုံးခု ဖြစ်သွား၏။ သူ၏ ဝိညာဉ်ခန္ဓာက အလွန်အားကောင်းလာပြီး ကစဉ့်ကလျားနိယာမနှင့် ပဲ့တင်ထပ်ခြင်းကို အခွင့်အရေးယူကာ ကစဉ့်ကလျား၏အလင်းရောင်ကို သန့်စင်ခဲ့ခြင်းပင်။

ကစဉ့်ကလျား၏ အလင်းရောင်က အစပိုင်းတွင် မှိန်ဖျော့သော်လည်း အချိန်ကြာလာသည်နှင့်အမျှ ပို၍ တောက်ပလာသည်။ အဆုံးမှာ၊ လုမင်၏ ခန္ဓာကိုယ်ကို ဝန်းရံထားသော အလင်းတန်းတစ်ခု ဖြစ်သွား၏။

ခဏအကြာတွင် လုမင်က မျက်လုံးများကိုဖွင့်ကာ ကစဉ့်ကလျား၏အလင်းကို သူ့ခန္ဓာကိုယ်ထဲသို့ ပြန်ရုတ်သိမ်းလိုက်လေသည်။

"ငါ့ရဲ့ ခန္ဓာကိုယ်ကြံ့ခိုင်မှုနဲ့ ခွန်အားက နောက်တစ်ဆင့် တိုးလာပြီ"

သူ့ခန္ဓာကိုယ်မှ အပြောင်းအလဲများကို ခံစားကြည့်ရင်း လုမင်၏မျက်လုံးများက အရောင်လက်သွားသည်။

သူ မရည်ရွယ်ဘဲ ဝယ်ယူခဲ့သော ကစဉ့်ကလျားကျောက်မှ ကစဉ့်ကလျားသလင်းကျောက်နှစ်ခုကို ရရှိနိုင်မည်ဟု မမျှော်လင့်ခဲ့ပေ။ တကယ်ကို အခွင့်ကောင်းတစ်ခု ဖြစ်သည်။

ဤကစဉ့်ကလျားစွမ်းအင်နှစ်ခုကြောင့် မဟုတ်ပါက ကစဉ့်ကလျား၏ အလင်းရောင်ကို ဘယ်အချိန်ကျမှ သန့်စင်နိုင်မလဲဆိုတာ သူ မသိနိုင်ပေ။

ယခုတစ်ကြိမ်တွင် သူ၏ ကျင့်ကြံမှုအဆင့်က မတိုးတက်ခဲ့သော်လည်း သူ၏ တိုက်ခိုက်နိုင်စွမ်းမှာ သိသိသာသာ တိုးတက်လာခဲ့သည်။

"ဂါး..."

ထိုအချိန်တွင် ဂူအပြင်ဘက်မှ ကြောက်မက်ဖွယ်ရာ ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။ ဂူ၏ နက်နဲရာမှ လေပြင်းများ တိုက်ခတ်လာ၏။

"ချွမ်... ချွမ်..."

တစ်ချိန်တည်းမှာပင် သံကြိုးများ တိုက်မိသည့် အသံကိုလည်း ကြားနေရသည်။

လုမင်၏မျက်နှာမှာ အေးခဲသွားသည်။

အချိန်နတ်ဘုရားကျွန်းမှ အဖြစ်အပျက်များကို သူ ပြန်လည်အမှတ်ရမိ၏။

အချိန်နတ်ဘုရားကျွန်းမှာလည်း ဧရာမ သက်ရှိသတ္တဝါကြီးတစ်ကောင်ကို ချိတ်ပိတ်ကာ သံကြိုးများဖြင့် ချည်နှောင်ထားသည်။ ၎င်းက အလွန်အစွမ်းထက်ပြီး နားမလည်နိုင်လောက်အောင် ဖြစ်ခဲ့ပေသည်။

ယခု ဤနေရာမှာလည်း သံကြိုးကြီးများ ပွတ်တိုက်သံကို ကြားရပြန်သည်။ ဒါက အချိန်နတ်ဘုရားကျွန်းကဲ့သို့ ဂူအောက်မှာ ချုပ်နှောင်ခံထားရသော ထိပ်တန်းကျွမ်းကျင်သူတစ်ဦး ရှိနေခြင်းကြောင့် ဖြစ်မည်လော။

ဟိန်းဟောက်သံက အချိန်တစ်ခုကြာပြီးမှ ရပ်တန့်သွားသည်။

လုမင်နှင့် ပေါင်ပေါင်တို့လည်း ဂူပေါက်ဝသို့ လျှောက်သွားပြီး အပြင်ကို လှမ်းကြည့်လိုက်ကြသည်။ ဂူတွင်းမှထွက်ခွာပြီး ကျောက်တံတားများပေါ်သို့ ဆင်းသက်သွားသော လူရိပ်များကို တွေ့နေရ၏။

"ဝုန်း..."

ရုတ်တရက်၊ ဂူအောက်မှ ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ တစ်ချိန်တည်းမှာပင် စူးရှသော အလင်းတန်းတစ်ခုက ထွက်ပေါ်လာပြီး ကောင်းကင်ယံသို့ လွင့်ပျံသွား၏။

ဂူအောက်မှာ လူများ တိုက်ခိုက်နေကြပြီ။

လုမင်က သူတော်စင်စွမ်းအင်ကို သူ့မျက်လုံးများဆီသို့ ပို့လွှတ်လိုက်သည်။ ရုတ်တရက်၊ သူ၏ မြင်နိုင်စွမ်းက အလွန်တိုးတက်လာပြီး ဂူအောက်ကို ငုံ့ကြည့်လိုက်၏။

ထိုအခါ ဂူအောက်မှ မြင်ကွင်းများက ကြည်လင်လာတော့သည်။

လှိုဏ်ဂူအောက်တွင် ကြီးမားသော စင်မြင့်တစ်ခု ရှိသည်။ စင်မြင့်အလယ်မှာတော့ နန်းတော်တစ်ခု ရှိ၏။

စင်မြင့်၏ပတ်လည်တွင် ဂူနံရံနှင့် ဆက်သွယ်ထားသည့် ကျောက်တံတားလေးစင်း ရှိသည်။

ယခုအချိန်တွင် စင်မြင့်ပေါ်၌ လူတစ်စုက တိုက်ခိုက်နေကြသည်။

"ဟွမ်လင်၊ လုံချန်"

လုမင်၏ မျက်လုံးက အရောင်လက်သွားသည်။ ထို့နောက် သူ့မျက်လုံးထဲတွင် လူသတ်ချင်စိတ်တစ်ခု ပေါ်လာ၏။

ယခုအချိန်တွင် ဟွမ်လင်၊ လုံချန်နှင့် ဖီးနစ်နန်းတော်မှ ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်တချို့ကို လူတစ်စုက ဝိုင်းရံတိုက်ခိုက်နေကြသည်။

လုမင်သည် ဤလူအုပ်စုက ဟန်မိသားစုမှဖြစ်ကြောင်း တစ်ချက်ကြည့်ရုံဖြင့် သိလိုက်သည်။ အကြောင်းမူ၊ သူတို့အားလုံးက ထာဝရနွေဦးနိယာမကို အသုံးပြုကြသောကြောင့်ပင်။

ထိုအချိန်တွင် ဟွမ်လင်၊ လုံချန်နှင့် အခြားသူများမှာ အန္တရာယ်ကျရောက်နေပြီ ဖြစ်သည်။ တစ်ဖက်လူများက သူတို့ကို ဝိုင်းထားကြ၏။

ရန်သူများက လူအင်အားများပိုများပြီး ၎င်းတို့အားလုံးက ဧကရာဇ်တစ်ပိုင်းများ ဖြစ်ကြသည်။ သူတို့က ခြောက်ယောက်ခန့် ရှ်ိသည်။

တစ်ဖက်တွင်၊ ဟွမ်လင်တို့ဘက်မှာ ဧကရာဇ်တစ်ပိုင်းအဆင့် သုံးဦးသာ ရှိသည်။ ဟွမ်လင်နှင့် လုံချန်တို့က အားမနည်းသော်လည်း ဧကရာဇ်တစ်ပိုင်းများထက် နိမ့်ကျနေသေးသည်။

"ဒီလူသုံးယောက်ကို အရင်သတ်ပြီး လူငယ်နှစ်ယောက်ကို ချန်ထားလိုက်ရအောင်။ ဒီလူနှစ်ယောက်က လုမင်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေး ရှိတယ်။ သူတို့ကို ထားခဲ့လိုက်ပြီး လုမင်နဲ့ ကောင်းကင်ဧကရာဇ်ဓားကို လဲလှယ်ရမယ်"

ဟန်မိသားစုမှ တစ်ယောက်က အေးစက်စက် ပြောလိုက်သည်။

သူတို့၏ တိုက်ခိုက်မှုများက ပို၍ ပြင်းထန်လာသည်ယ သူတို့က ဖီးနစ်နန်းတော်နှင့် နတ်ဆင်ဂိုဏ်းတို့၏ ဧကရာဇ်တစ်ပိုင်းသုံးဦးကို အဓိကထား တိုက်ခိုက်၏။ ဟွမ်လင်နှင့် လုံချန်တို့ကိုတော့ ထိန်းထားနိုင်ရန်သာ လိုသည်။

"ဝုန်း"

နတ်ဆင်ဂိုဏ်းမှ အဘိုးအိုတစ်ဦး၏ ဒန်တျန်ကို ဟန်မိသားစုမှ ဧကရာဇ်တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးက ဓားဖြင့်ထိုးသွင်းလိုက်သည်။ အဘိုးအိုက ဒေါသတကြီး ဟိန်းဟောက်ပြီး လက်ဝါးဖြင့် ပြန်ရိုက်လိုက်၏။ သို့သော်လည်း တစ်ဖက်လူက ဓားဖြင့်ထိုးပြီး ချက်ချင်း ပြန်ဆုတ်သွားခဲ့သည်။ နတ်ဆင်ဂိုဏ်းမှ အဘိုးအိုမှာ အနည်းငယ်သာ တုံ့ပြန်နိုင်တော့သည်။

"လုံချန်၊ လက်စားပြန်ချေပေးပါ"

နတ်ဆင်ဂိုဏ်းမှ အဘိုးအိုက ဒေါသတကြီး အော်ဟစ်လိုက်သည်။ သူ့ခန္ဓာကိုယ်က မြေပြင်ပေါ်သို့ လဲကျကာ အသက်ရှုရပ်သွားတော့သည်။

"တောက်စ်"

လုံချန်က ဒေါသတကြီးဖြင့် တက်ခေါက်လိုက်သည်။ သူ့မျက်လုံးများနီရဲနေပြီ။

"ဟားဟားဟား၊ ငါတို့ကို လက်စားချေချင်တာလား။ အိပ်မက်မက်နေတာပဲ"

ဟန်မိသားစုမှ ဧကရာဇ်တစ်ပိုင်းအဆင့် လူတစ်ဦးက အေးစက်စွာ ရယ်မောလိုက်သည်။ သူက ရှေ့သို့ လျှောက်သွားပြီး ကြောက်စရာကောင်းသော တိုက်ခိုက်မှုတစ်ခုဖြင့် ဟွမ်လင်ကို လွှမ်းခြုံလိုက်၏။ သူက ဟွမ်လင်ကို ထိန်းချုပ်လိုက်ချင်သည်။

ထိုအချိန်တွင်၊ ပွင့်လင်းမြင်သာသော ပူဖောင်းတစ်ခုက ရုတ်တရက် ပေါ်လာပြီး သူ့ကို ဖုံးအုပ်လိုက်သည်။ သူ့ခန္ဓာကိုယ်က ရုတ်တရက် တောင့်တင်းသွား၏။

ထို့နောက် ငရဲဖိနှိပ်ကျောက်စာတိုင်က ကောင်းကင်မှ ပြုတ်ကျလာကာ သူ့ခန္ဓာကိုယ်ကို ဖိချလိုက်သည်။

"ဝုန်း"

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ထိုလူ၏ ခန္ဓာကိုယ်က ငါးပိငါးချဉ်အဖြစ် ဖိသိပ်ခံလိုက်ရတော့သည်။

All Chapters