← Chapters

အခန်း ၁၉၆၅

Vol. 132 Ch. 1965

အခန်း ၁၉၆၅

Vol. 132 Ch. 1965

အပိုင်း ( 1965 ) ဟန်မိသားစု၏ ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်ကို သတ်ခြင်း။

ငရဲဖိနှိပ်ကျောက်စာတိုင်ပုံရိပ်က ကောင်းကင်မှ ဆင်းသက်လာပြီး ဟန်မျိုးနွယ်၏ ဧကရာဇ်တစ်ပိုင်းကို အမှုန့်ကြိတ်ပစ်လိုက်သည်။

ထို့နောက် လူငယ်တစ်ဦးက ဟွမ်လင်နှင့် လုံချန်တို့၏ ရှေ့သို့ ဆင်းသက်လိုက်၏။

ထိုလူက သဘာဝအတိုင်း လုမင်သည်ပင်။

လုမင်က ဟွမ်လင်နှင့် လုံချန်တို့ကို ဟန်မိသားစု၏ ဧကရာဇ်တစ်ပိုင်းများက ဝန်းရံလျက်ရှိသည်ကို မြင်သောအခါ ကျောက်တံတားကို အပြေးအလွှား ဖြတ်ကျော်လာခဲ့ခြင်း ဖြစ်သည်။

"လုမင်..."

ဟွမ်လင်နှင့် လုံချန်တို့ကလည်း လုမင်ကို တွေ့သောအခါ ဝမ်းသာသွားကြသည်။

"လုမင်ပဲ"

ဟန်မိသားစု၏ ဧကရာဇ်တစ်ပိုင်းများက အမူအရာ ပြောင်းသွားသည်။

"ဟန်မိသားစုကကောင်တွေ သေရမယ်"

လုမင်က အော်ဟစ်လိုက်သည်။ သူ၏ သတ်ဖြတ်လိုစိတ်က အလွန်ပြင်းထန်ပြီး ငွေ့ရည်ဖွဲ့လုနီး ဖြစ်၏။

"ဟားဟားဟား။ မင်းက ငါတို့ကို သတ်ချင်နေတာလား။ လုမင်၊ မင်းရောက်လာတာက အချိန်ကောင်းပဲ။ ငါတို့တွေ မင်းကိုပဲ တိုက်ရိုက်ဖိနှိပ်ပြီး ကောင်းကင်ဧကရာဇ်ရဲ့ဓားကို ပြန်ယူလို့ရတယ်"

"အမှန်ပဲ၊ ဒီကြွက်ကလေးက တကယ်ကို ရှာရခက်တာ။ အခုတော့ မရှာမှပဲတွေ့တော့တယ်"

ဟန်မိသားစု၏ ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်များက အေးစက်သော အပြုံးများကို လှစ်ဟလာခဲ့ကြသည်။

ဤတစ်ကြိမ်တွင်၊ ဟန်မိသားစုက ကြာပန်းကမ္ဘာသို့ ဝင်ရောက်ရာမှာ တာဝန်နှစ်ခု ရှိသည်။

ပထမအချက်က ကောင်းကင်ဧကရာဇ်၏ ကျန်ရစ်ခဲ့သော အကြွင်းအကျန်များကို စူးစမ်းလေ့လာရန် ဖြစ်သည်။

ဒုတိယမှာတော့ လုမင်ကိုသတ်ပြီး ကောင်းကင်ဧကရာဇ်၏ဓားကို ပြန်ရယူရန်ပင်။

မူလက သူတို့ဟာ လုမင်ကို ရှာချင်ခဲ့သည်။ မထင်မှတ်ပဲ၊ လုမင်က သူတို့၏အိမ်တံခါးကို ရောက်လာခဲ့ပေသည်။

'လုမင်၊ သတိထားပါ။ သူတို့ထဲမှာ တစ်ယောက်က‌ တော်တော်စွမ်းအားကြီးတယ်။ အတူတူ လှုပ်ရှားကြရအောင်'

ဟွမ်လင်က လုမင်ကို အသံပို့လွှတ်ပြီး ပြောလိုက်သည်။

'တကယ်သန်မာတာလား၊ ငါစမ်းကြည့်ချင်စမ်းပါရဲ့"

လုမင်၏ မျက်လုံးများမှ အလင်းရောင်များက ပြင်းထန်လာသည်။

သူက ကစဉ့်ကလျားချီနှစ်ခုကို သန့်စင်ခဲ့ပြီး ကစဉ့်ကလျား၏အလင်းကို လေ့ကျင့်နိုင်ခဲ့သည်။ ယခုအခါ သူ့ခွန်အားက ဘယ်လောက်ထိ တိုးတက်လာသလဲဆိုတာ သိလိုပေသည်။

"မင်းတို့ အချိန်ဟင်းလင်းပြင်နိယာမကို ထိန်းချုပ်နိုင်တဲ့ ကောင်မလေးကို စောင့်ကြည့်ထားပါ။ လုမင်ကို ငါ့အတွက်ထားလိုက်"

ဟန်မျိုးစု၏ ထွားကျိုင်းသော ဧကရာဇ်တစ်ပိုင်းအဆင့် လူတစ်ဦးက လုမင်ဆီသို့ လှမ်းလာသည်။

ဟန်မိသားစု၏ အခြားဧကရာဇ်တစ်ပိုင်းက ပေါင်ပေါင်ကို သူ့အရှိန်အဝါဖြင့် လွှမ်းခြုံလိုက်၏။

"ဝုန်း"

ဟန်မိသားစု၏ ဧကရာဇ်တစ်ပိုင်းအဆင့် လူထွားကြီးက လုမင်ကို လက်သီးဖြင့် ထိုးလိုက်သည်။ သူ ထိုးလိုက်သည့်အခိုက်တွင်၊ နိယာမစွမ်းအားက သူ့လက်သီးကို ရစ်ပတ်သွား၏။ ဒါက လက်သီး၏အင်အားကို ပို၍ ကြီးမားလာစေသည်။

ဤလက်သီးချက်က ဧကရာဇ်တစ်ပိုင်းအဆင့်မှ ကျင့်ကြံသူများကို ချေမှုန်းပစ်ရန် လုံလောက်ပေသည်။

သို့သော်၊ လုမင်က သာမန် ကျင့်ကြံသူတစ်ဦး မဟုတ်ပေ။

"ဝုန်း"

လုမင်က ငရဲဖိနှိပ်ကောင်းကင်သိုင်းဖြင့် လက်သီးချက် ထုတ်ဖော်လိုက်သည်။ ဤလက်သီးချက်မှာတော့ ငရဲဖိနှိပ်ကျောက်စာတိုင်ပုံရိပ်က မပေါ်လာခဲ့ပါ။ ထိုအစား သူ့လက်သီးတွင် ငရဲဖိနှိပ်ကျောက်စာတိုင်၏ အင်အားက ပါဝင်သွားခဲ့သည်။

"ဝုန်း"

လက်သီးနှစ်လုံးက ထိပ်တိုက် တွေ့ဆုံသွားကြသည်။

"ဂျွတ်"

ထို့နောက် အရိုးကျိုးသံကို ကြားလိုက်ရ၏။

ဟန်မိသားစု၏ ဧကရာဇ်တစ်ပိုင်းအဆင့် လူထွားကြီး၏ လက်သီးအင်အားမှာ တိုက်ရိုက်ပေါက်ကွဲသွားသည်။ သူကိုယ်တိုင်လည်း ကြောက်မက်ဖွယ်ရာ အင်အားဖြင့် တန်ပြန်တွန်းထုတ်ခြင်းကို ခံလိုက်ရတော့သည်။

"သူက ဘယ်လိုလုပ် ဒီလောက်တောင် သန်မာနိုင်မှာလဲ"

ဟန်မိသားစု၏ ဧကရာဇ်တစ်ပိုင်းအဆင့် လူထွားကြီးက မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။

ဤထိပ်တိုက်တွေ့ဆုံမှုတွင် လုမင်၏ လက်သီးက ကြောက်စရာကောင်းသော စွမ်းအားများကို သယ်ဆောင်ထားကြောင်း သူခံစားလိုက်ရသည်။ ဒါက မယုံကြည်နိုင်စရာပင်။

"ဟိတ်"

လုမင်က မာန်သွင်းပြီး ထိုလူနောက်ကို ခုန်လိုက်သွားခဲ့သည်။ သူက နောက်ထပ် လက်သီးတစ်ချက်ကို ထုတ်ဖော်လိုက်၏။ ဤလက်သီးချက်ကြောင့် ဟင်းလင်းပြင်ကို တုန်လှုပ်စေခဲ့သည်။

ဟန်မိသားစု၏ ဧကရာဇ်တစ်ပိုင်းအဆင့် လူထွားကြီး၏ အမူအရာက ပြောင်းလဲသွားပြီး အသည်းအသန် ဆုတ်သွားတော့သည်။

"ငါလုပ်လိုက်မယ်"

ဟန်မိသားစု၏ ဧကရာဇ်တစ်ပိုင်းအဆင့် လူလတ်ပိုင်းအရွယ် ပိန်ပိန်ပါးပါး အမျိုးသားတစ်ဦးက လုမင်ရှေ့မှာ ရုတ်တရက်ပေါ်လာပြီး လက်သီးဖြင့် အပြန်အလှန် ထိုးနှက်လိုက်ကြသည်။

"ဝုန်း..."

ကြောက်မက်ဖွယ်ရာ တုန်ခါမှုတစ်ခု ဖြစ်ပေါ်လာသည်။ လုမင်နှင့် တစ်ဖက်လူတွင် နှစ်ဦးစလုံးက ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားရ၏။ သူတို့နှစ်ဦးစလုံး၏ ခန္ဓာကိုယ်များကလည်း တုန်ခါသွားကြသည်။

"အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာရှိတဲ့ ဧကရာဇ်တစ်ပိုင်းလား"

လုမင်၏ မျက်လုံးများဪ အနည်းငယ် ကျဉ်းမြောင်းသွားသည်။ ထို့နောက် ပြင်းထန်သော တိုက်ခိုက်ချင်စိတ်ကို ထုတ်ဖော်လိုက်၏။

ယခင်က တာ့လော့ကောင်းကင်ဂိုဏ်းနှင့် ဖုန်းမျိုးနွယ်တို့၏ ဧကရာဇ်တစ်ပိုင်းများကို ရင်ဆိုင်ခဲ့ချိန်တွင် သူတို့နှစ်ဦးအနက် တစ်ဦးမှာ အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာဖြင့် ဧကရာဇ်တစ်ပိုင်း ဖြစ်ခဲ့သည်။ သူက အလွန်အားကောင်းပြီး လုမင်ကို လုံးလုံးလျားလျား ဖိနှိပ်ခဲ့ပေသည်။

ဤပိန်ပိန်ပါးပါး လူလတ်ပိုင်းအမျိုးသားကလည်း ထိုကဲ့သို့သော လူ ဖြစ်သည်။ သူ၏ တိုက်ခိုက်ရေးစွမ်းအားက သာမန်ဧကရာဇ်တစ်ပိုင်းထက် အဆပေါင်းများစွာ သာလွန်ပေသည်။

"မင်းမှာ ခွန်အားရှိတာပဲ။ ထပ်လာမယ်"

သူ့နာမည်က ဟန်ရှစ် ဖြစ်သည်။ သူ ငယ်ရွယ်စဉ်က ဟန်မိသားစု၏ ပါရမီရှင်တစ်ဦး ဖြစ်ခဲ့၏။ ဤအခိုက်အတန့်တွင် သူက ရှေ့သို့ တိုးလာပြီး သူ့လက်ထဲမှာလည်း ဓားတစ်ချောင်း ပေါ်လာတော့သည်။ သူက လုမင်ကို သက်တန့်အလင်းကဲ့သို့ ဓားအလင်းများဖြင့် ခုတ်ချလိုက်သည်။

ဒါက ဧကရာဇ်လက်နက်တစ်ခုပင်။

လုမင်၏ မျက်ခုံးနှစ်ခုကြားမှ အလင်းရောင်တောက်ပပြီး တာ့ယန်ဆေးမီးဖိုက ထွက်ပေါ်လာသည်။ လုမင်က တာ့ယန်ဆေးမီးဖို၏ ခြေထောက်တစ်ဖက်ကို ဖမ်းကိုင်လိုက်ပြီး ဟန်ရှစ်ကို ထုနှက်တိုက်ခိုက်လိုက်၏

"ဝုန်း... ဝုန်း"

သူတို့နှစ်ဦး တိုက်မိရာမှ ဆက်တိုက် ပေါက်ကွဲသံများ ဖြစ်ပေါ်လာခဲ့သည်။ သို့သော်၊ အနိုင်ရသူကို ဆုံးဖြတ်ရန် မလွယ်သေးပေ။

ဒါက လူတိုင်းကို တုန်လှုပ်သွားစေသည်။ လုမင်၏ ကျင့်ကြံမှုက အန္တိမသူတော်စင်နယ်ပယ်၌သာ ရှိသေးသော်လည်း သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ အံ့မခန်းပင်။သူက အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာဖြင့် ဧကရာဇ်တစ်ပိုင်းကိုပင် အမှန်တကယ် တိုက်ခိုက်နိုင်သည်။

ဟန်ရှစ်လည်း သူ့စိတ်ထဲတွင် တုန်လှုပ်လာတော့သည်။

"သတ်"

သူက ဟိန်းဟောက်ပြီး သူ့ခွန်အားကို အစွန်းဆုံးအထိ ဖြန့်ကျက်လိုက်သည်။ သူက ဓားအလင်းများကို ရာထောင်ချီပြီး ခုတ်ထစ်လိုက်၏။

"ဝှစ်"

ထိုအချိန်တွင်၊ လုမင်၏ ခန္ဓာကိုယ်မှ အလင်းတန်းများ ထွက်ပေါ်လာသည်။

အလင်းတန်းများ ပေါ်လာသည်နှင့် တပြိုင်နက် လုမင်၏ ခွန်အားများ တိုးလာခဲ့၏။ သူက တာ့ယန်ဆေးမီးဖိုကို တူကြီးတစ်လက်အဖြစ် အသုံးပြုကာ တစ်ဖက်လူထံသို့ အဆက်မပြတ် ထုချလိုက်တော့သည်။

"ဝုန်း... ဝုန်း..."

နှစ်ကြိမ်ဆက်တိုက် ထုနှက်လိုက်ပြီးနောက်၊ ဟန်ရှစ်၏ ခန္ဓာကိုယ်က တုန်ခါသွားပြီး ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားခဲ့ရသည်။

"ကစဉ့်ကလျားရဲ့အလင်း"

ဟန်ရှစ်က အော်ဟစ်လိုက်သည်။

ကစဉ့်ကလျား၏သားတော်က ကစဉ့်ကလျား၏အလင်းကို သန့်စင်ပြီးသည်နှင့် သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ အဆများစွာ တိုးတက်လာလိမ့်မည်။

ယခင်က ယွမ်တောင်မြင့်မြတ်သောကျောင်းတော်ရှိ ကောင်းကင်သားတော်များကြားတွင် ဟန်ရှင်းဟဲသာလျှင် နိယာမအလင်းကို သန့်စင်စေခဲ့သည်။ ယခုတော့ လုမင်ကလည်း အောင်မြင်နေခဲ့ပြီ။

လုမင်က တာ့ယန်ဆေးမီးဖိုဖြင့် အဆက်မပြတ် ထုနှက်လိုက်သည်။ သူ၏ တိုက်ခိုက်မှုများက အလွန်ပြင်းထန်မှုရှိ၏။

ဤသို့တိုက်ခိုက်နေစဉ်အတွင်း လုမင်က ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းဖြင့် ရုတ်တရက် ညွှန်ပြခဲ့သည်။

"ဝုန်း"

ဟန်ရှစ်က ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းဖြင့် နောက်ပြန်ဆုတ်သွားရပြီး သွေးများ အန်ထွက်လာတော့သည်။

"နောက်ဆုတ်ကြ"

ဟန်ရှစ်က ရုတ်တရက် ကျယ်လောင်စွာ အော်ဟစ်ပြီး နောက်သို့ ဆုတ်သွားခဲ့သည်။

သူက လုမင်ကို မယှဉ်နိုင်ကြောင်း သိလိုက်ပြီ။ ရှေ့ကိုဆက်တိုးခြင်းက အန္တရာယ်ရှိသည်။

"ပေါင်ပေါင်၊ တိုက်ခိုက်... အားလုံးတူတူ တိုက်ခိုက်ကြ"

လုမင်ကလည်း အော်လိုက်သည်။

"တွိ..."

ပေါင်ပေါင်က ဟန်မိသားစု၏ ဧကရာဇ်တစ်ပိုင်းငါးပါးကို ဖုံးအုပ်ထားသည့် ပွင့်လင်းမြင်သာသော ပူဖောင်းများကို ထွေးထုတ်လိုက်သည်။

"ဒုန်း"

လုမင်က တာ့ယန်ဆေးမီးဖိုကိုမြှောက်ပြီး ဧကရာဇ်တစ်ပိုင်း ကျင့်ကြံသူတစ်ဦးဆီသို့ ရိုက်ချလိုက်၏။

ပေါင်ပေါင်၏အကူအညီ မရှိလျှင်ပင် လုမင်၏အင်အားက သာမန် ဧကရာဇ်တစ်ပိုင်းများထက် များစွာ သာလွန်သည်။

စဉ်းစားစရာမရှိဘဲ၊ ထိုဧကရာဇ်တစ်ပိုင်းက လုမင်၏ ဆေးမီးဖိုအောက်တွင် တစ်ချက်တည်းဖြင့် အသတ်ခံလိုက်ရတော့သည်။

တစ်ချိန်တည်းမှာပင်၊ ဟွမ်လင်၊ လုံချန်နှင့် အခြား ဧကရာဇ်နှစ်ပါးတစ်ပိုင်းတို့က ဟန်မိသားစု၏ ဧကရာဇ်တစ်ပိုင်းနှစ်ပါးကို တိုက်ခိုက်ပြီး ဒဏ်ရာရစေခဲ့သည်။

"ဒုန်း"

လုမင်က တာ့ယန်ဆေးမီးဖိုဖြင့် ထပ်မံထုနှက်ပြီး ထိုဧကရယဇ်တစ်ပိုင်းအဆင့် ကျင့်ကြံသူတစ်ဦးကို ရိုက်သတ်လိုက်တော့သည်။

လုမင် ရောက်ရှိလာပြီး မကြာမီပင် ဟန်မိသားစု၏ ဧကရာဇ်တစ်ပိုင်း ခြောက်ပါးအနက် သုံးဦး အသတ်ခံခဲ့ရသည်။ ယခု သုံးယောက်သာ ကျန်တော့သည်။

တစ်ယောက်က ဟန်ရှစ်ဖြစ်ပြီး ကျန်နှစ်ယောက်မှာလည်း ဟွမ်လင်တို့ ဒဏ်ရာရသွားပြီ ဖြစ်သည်။

"ဒုန်း"

ဤအခိုက်အတန့်တွင် ဟန်ရှစ်က သူ၏ ခွန်အားကို အပြည့်အဝ ထုတ်လွှတ်ပြီး ပွင့်လင်းမြင်သာသော ပူဖောင်းကို ထိုးဖောက်လိုက်သည်။ သူက ဤနေရာတွင် ဆက်မနေရဲတော့ပါ။ သူက ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်ပြီးနောက် ကောင်းကင်သို့ ခုန်တက်ကာ အပေါ်မှ ကျောက်တံတားတစ်ခုဆီသို့ ပြေးသွားခဲ့သည်။

"ပြေးချင်တာလား"

လုမင်၏ မျက်လုံးများက အေးစက်သွားကာ သူလိုက်ဖမ်းတော့မည်။

"ဂါး..."

ရုတ်တရက်၊ လှိုဏ်ဂူအောက်ကနေ နောက်ထပ် ကြောက်စရာကောင်းသော ဟိန်းဟောက်သံတစ်ခု ထွက်လာသည်။ အောက်ဘက်မှ ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူအား ထွက်ပေါ်လာ၏။ ထို့ကြောင့် လုမင်၏ အမူအရာ ပြောင်းလဲသွားကာ ဆက်မလိုက်နိုင်တော့ဘဲ ရပ်လိုက်ရသည်။

တစ်ဖက်မှာတော့ ဟန်ရှစ်က ဝမ်းသာသွားသည်။ ကောင်းကင်က သူ့ကို ကူညီပေးနေပြီ။

ဟိန်းဟောက်သံ ရပ်သွားသောအခါ ဟန်ရှစ်က အံ့အားသင့်ဖွယ်အရှိန်ဖြင့် ဆက်လက်ပြေးသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင်၊ သူက ကျောက်တံတားများစွာကို ဖြတ်ကျော်ပြီး ဂူထဲမှ အလင်းတန်းတစ်ခုအဖြစ်သို့ ပြေးထွက်သွားတော့သည်။

"လုမင်၊ ငါတို့ကို လွှတ်ပေးစမ်း"

ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။

နေရာတွင်၊ ဟန်မိသားစု၏ ဧကရာဇ်တစ်ပိုင်း နှစ်ပါး ကျန်နေသေးသည်။ ယခုအချိန်တွင် ၎င်းတို့ကို ပေါင်ပေါင်က အချိန်ဟင်းလင်းပြင်နိယာမဖြင့် ထိန်းချုပ်ထား၏။ သူတို့ထဲမှ တစ်ယောက်က အော်ဟစ်လိုက်ခြင်း ဖြစ်သည်။

"လွှတ်​ရမယ်၊ မင်းက အရူးလား"

လုမင်သည်ပင် အနည်းငယ် အံ့ဩသွားမိသည်။

ဤအခြေအနေမျိုးတွင် တစ်ဖက်လူများက သူတို့ကို လွှတ်ပေးရန် အမှန်တကယ် ပြောဆိုလာခဲ့သည်။ သူ‌ ခေါင်းချောင်သွားတာလား။

All Chapters