အခန်း ၁၉၆၇
Vol. 132 Ch. 1967
အပိုင်း ( 1967 ) နဝမမြောက်ကမ္ဘာ။
လုမင်က ချက်ချင်း မျက်လုံးမှိတ်ပြီး ကျမ်းစာလိပ်များကို နားလည်ဆင်ခြင်လိုက်သည်။
အချိန်များက လျင်စွာ ကုန်လွန်ခဲ့၏။ လုမင်၏ နားလည်ဆင်ခြင်မှုက တစ်လခန့်ကြာသွားပြီ။
လုမင်သည် ကျမ်းစာလိပ်ကိုးတွဲမှ တစ်ခု၏ အခြေခံ အုတ်မြစ်ရှိပြီး ဖြစ်သည်။ ထို့ကြောင့် အခြားသော ကျမ်းစာလိပ်နှစ်ခုကို လျင်မြန်စွာ နားလည်နိုင်ခဲ့ပေသည်။
အစီရင်နိယာမ၏ ကျမ်းစာလိပ်များထဲမှ သုံးခုဖြစ်သော တံဆိပ်ခတ်ခြင်းကျမ်း၊ ဖျက်ဆီးခြင်းကျမ်းနှင့် ဝိညာဉ်ပုံရိပ်ယောင်ကျမ်းတို့က တစ်ခုနှင့်တစ်ခု ပေါင်းစပ်နိုင်ပြီး အစီရင်နိယာမကိုလည်း လျင်မြန်စွာ နားလည်နိုင်စေကြောင်း လုမင် သဘောပေါက်ခဲ့သည်။
အစောပိုင်းတွင် လုမင်၏ နိယာမများကို နားလည်မှုက ရှစ်ဆယ်ရာခိုင်နှုန်းအထိ ရောက်သေးသည်။
ဤတစ်လအတွင်းတွင်၊ သူက ကျမ်းလိပ်သုံးစောင်ကို နားလည်ဆင်ခြင်ရင်း နိယာမကို နားလည်သဘောပေါက်မှုက တိုးတက်ခဲ့သည်။ တစ်လအတွင်း နိယာမကို နားလည်မှုက ရှစ်ဆယ်ရာခိုင်နှုန်းမှ ကိုးဆယ်ရာခိုင်နှုန်းအထိ တိုးတက်ခဲ့၏။
၎င်းက ဘုရင်နိယာမတစ်ခု ဖြစ်သည်။
'ဆန်းကြယ်လိုက်တာ၊ တကယ်လို့ ကျမ်းစာလိပ်ကိုးခုစလုံးကို လေ့ကျင့်ပြီး ပေါင်းစပ်နိုင်ရင် ပိုပြီး ထိတ်လန့်တုန်လှုပ်စရာကောင်းတဲ့ စွမ်းအားမျိုးကို ထုတ်ဖော်နိုင်မှာ သေချာတယ်။ အစီရင်လမ်းစဉ်ရဲ့ အမြင့်ဆုံးကျမ်းကိုးခုက မျှော်လင့်ထားတဲ့အတိုင်းပါပဲ'
လုမင်က သက်ပြင်းချလိုက်သည်။
'အပြင်ထွက်ဖို့ အချိန်တစ်လရှိပြီ။ ငါလည်း အဲဒါတွေကို အလွတ်ကျက်ပြီးပြီမို့ အနာဂတ်မှာ ဖြည်းဖြည်းချင်း နားလည်နိုင်လိမ့်မယ်'
လုမင်က ထရပ်လိုက်ပြီး တံခါးဆီသို့ ဦးတည်သွားခဲ့သည်။
ထူးဆန်းသည်မှာ၊ လုမင်က တံခါးဝကို ရောက်လာသောအခါ တံခါးက သူ့ဘာသာသူ ပွင့်သွားသည်။ လုမင်က ထွက်သွားသောအခါ တံခါးပြန်ပိတ်သွား၏။
"အာ၊ တံခါးပိတ်သွားပြီလား။ တံခါးတစ်ပေါက်ကို လူတစ်ဦးတည်းသာ ဝင်နိုင်ပြီး နောက်လူတွေ မဝင်နိုင်တာများလား"
လုမင် အံ့သြသွားသည်။
"လုမင်"
"အစ်ကိုလုမင်"
ထိုအချိန်တွင် အသံများ ထွက်ပေါ်လာသည်။ ဟွမ်လင်၊ လုံချန်နှင့် ဟွမ်လင်အားလုံး လျှောက်လာကြ၏။
"မင်းတို့လည်း ထွက်လာကြပြီလား"
လုမင်က ပြောလိုက်သည်။ ဟွမ်လင်နှင့် လုံချန်ကို စိုက်ကြည့်ရင်း သူ့မျက်လုံးများက တောက်ပလာ၏။
"မင်းတို့ရဲ့ ကျင့်ကြံမှုအဆင့်က တိုးတက်ပြီလား"
ဟွမ်လင်နှင့် လုံချန်တို့၏ ကျင့်ကြံမှုအဆင့်က အန္တိမသူတော်စင်နယ်ပယ် အထွတ်အထိပ်သို့ တိုးတက်တက်လာကြောင်း သူတွေ့ရှိခဲ့သည်။
သို့သော်၊ ပေါင်ပေါင်၏ ကျင့်ကြံမှုအဆင့်ကတော့ မပြောင်းလဲသေးပေ။ သူက မည်သို့သော အခွင့်အလမ်းမျိုးကို ရရှိခဲ့သလဲ သူ သိချင်မိသည်။
"လျှို့ဝှက်ခန်းထဲမှာ ကျွန်မတို့ရဲ့ ကျင့်ကြံမှုကို တိုးတက်စေနိုင်တဲ့ အခွင့်အလမ်းကို တွေ့ခဲ့ရတယ်။ ဒါပေမဲ့ ဒီလျှို့ဝှက်ခန်းတွေက တစ်ကြိမ်ပဲ သုံးလို့ရတယ်။ ကျွန်မတို့ထွက်လာတာနဲ့ ပိတ်သွားတာပဲ"
ဟွမ်လင်က ပြောလိုက်သည်။
လုမင်လည်း အခြေအနေကို ကြည့်လိုက်၏။ မျှော်လင့်ထားသည့်အတိုင်း တံခါးကိုးပေါက်စလုံးက ပိတ်နေပြီ ဖြစ်သည်။ အခန်းစေ့ လူဝင်ပြီးပြီဖြစ်ကြောင်း ထင်ရှားပေသည်။
"လုမင်၊ ရှင် ဘာရခဲ့တာလဲ"
ဟွမ်လင်က စိတ်ဝင်တစား မေးသည်။
"လျှို့ဝှက်ကျမ်း"
လုမင်က ပြောလိုက်သည်။ ထို့နောက် သူက ပေါင်ပေါင်ကိုကြည့်ပြီး မေးလိုက်၏။
"ပေါင်ပေါင်၊ မင်း ဘာရခဲ့သလဲ"
"ဒါက ရတနာတစ်ခုပဲ။ ဒါပေမဲ့ အဲဒါက ဘာလဲဆိုတာတော့ မပြောပြပါဘူး"
ပေါင်ပေါင်က ထူးခြားစွာ ပြောလိုက်သည်။
"မင်းက ကောင်မစုတ်လေး"
လုမင်က ခေါင်းယမ်းပြီး ပြုံးလိုက်လေသည်။
"အခုဒီနေရာက ထွက်သွားကြရအောင်"
လုမင်က ပြောလိုက်သည်။
ဂူအောက်မှ ဟိန်းဟောက်သံများကို ရံဖန်ရံခါ ကြားနေရဆဲ ဖြစ်သည်။ ထိုအသံသည် အလွန်ကြောက်စရာကောင်း၏။ ထိုအောက်ဘက်တွင် မည်မျှ ကြောက်စရကောင်းသော တည်ရှိမှုမျိုး ရှိနေသလဲဆိုတာကို သူမသိပါ။ ထို့ကြောင့် ဤနေရာမှ ဦးစွာထွက်သွားတာက ပိုကောင်းသည်။
ဟွမ်လင်နှင့် တခြားသူများကလည်း ခေါင်းညိတ်လိုက်ကြသည်။ ဟိန်းဟောက်သံများ ရပ်သွားသည်နှင့် လေထဲကို ပျံတက်ပြီး အပေါ်က ကျောက်တံတားပေါ်ကို တက်သွားကြ၏။ ထို့နောက် သူတို့က ရှေ့ကို ဆက်သွားကြကာ မကြာမီ ဂူအပြင်ကို ရောက်သွားကြတော့သည်။
ဤနေရာတွင်၊ လုမင်နှင့် အခြားသူများက ကျောက်ခန်းထဲမှ ထွက်လာသည်ကို မြင်တွေ့ခဲ့သူများ ရှိသည်။ သူတို့၏ မျက်လုံးများက လောဘဇောနှင့် တောက်လောင်သော်လည်း မည်သူမျှ မလှုပ်ရှားဝံ့ကြပေ။
လုမင်နှင့် အခြားသူများက အစွမ်းထက်လွန်းသည်။
"ဒါနဲ့ မင်းတို့က အရင်ဝင်လာတုန်းက ဒီကမ္ဘာကို ရောက်လာကြတာပေါ့"
လုမင်က ဂူထဲမှ ထွက်လာပြီးနောက် မေးလိုက်သည်။
"ဟုတ်တယ်၊ ကျုပ်တို့က အဆုံးမဲ့သားရဲကမ္ဘာရဲ့ နေရာအများစုကို စူးစမ်းခဲ့ကြတယ်။ ဒါပေမဲ့ ကံမကောင်းချင်တော့ အများကြီး မရရှိခဲ့ပါဘူး"
လုံချန်က ခေါင်းညိတ်လိုက်သည်။
"ဒါဆိုရင် နောက်ကမ္ဘာရဲ့ ဝင်ပေါက်က ဘယ်မှာလဲဆိုတာ သိကြလား"
လုမင်က မေးသည်။
"သိပါတယ်၊ ကျုပ်တို့ စုံစမ်းထားပြီးပြီ။ မူလက ဒီနေရာကို စူးစမ်းပြီးတာနဲ့ တခြားကမ္ဘာတွေကို စူးစမ်းဖို့ စီစဉ်ထားတာ"
ဟွမ်လင်က ပြောလိုက်သည်။
"ကောင်းပြီ၊ ဒါဆိုရင် နောက်ကမ္ဘာကို သွားရအောင်"
လုမင်က ပြောလိုက်သည်။
ချက်ခြင်းပင်၊ သူတို့အဖွဲ့က ဦးတည်ရာတစ်ခုသို့ ပျံသန်းသွားကြလေသည်။
အဆုံးမဲ့သားရဲကမ္ဘာက အဆုံးမဲ့ပင်လယ်ကမ္ဘာနှင့် လုံးဝ ကွဲပြားသည်။
အဆုံးမဲ့ပင်လယ်ကမ္ဘာက အဆုံးမဲ့ ပင်လယ်ပြင်ကြီးဖြစ်ပြီး အဆုံးမဲ့သားရဲကမ္ဘာကတော့ မြေရိုင်းဒေသများပင်။
လုမင်၊ ပေါင်ပေါင်၊ ဟွမ်လင်၊ လုံချန်နှင့် ဖီးနစ်နန်းတော်မှ ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်နှစ်ဦးတို့က တစ်လျှောက်လုံး ပျံသန်းခဲ့ကြသည်။ ရက်အနည်းငယ်ကြာပြီးနောက်၊ သူတို့က အဆုံးမဲ့သားရဲကမ္ဘာ၏ အစွန်းသို့ ရောက်ရှိလာကြ၏။
ဤနေရာမှာလည်း ဟင်းလင်းပြင်တုန်ခါခြင်းနယ်မြေ ရှိခဲ့သည်။
ဟွမ်လင်နှင့် လုံချန်တို့က ဟင်းလင်းပြင်တုန်ခါခြင်းကို တွန်းလှန်ရန် သူတို့၏ ဧကရာဇ်လက်နက်များကို ထုတ်ယူခဲ့ကြသည်။ သူတို့အဖွဲ့က ရှေ့ကိုဆက်ခဲ့ကြလေသည်။
လမ်းတစ်လျှောက်တွင် သူတို့က အဆုံးမဲ့သားရဲကမ္ဘာသို့ သွားနေကြသူများနှင့် တွေ့ဆုံခဲ့ရသည်။
အချိန်အတော်ကြာပြီးနောက် သူတို့က ဟင်းလင်းပြင်တုန်ခါခြင်းနယ်မြေကို ဖြတ်ကျော်ပြီး အခြားကမ္ဘာတစ်ခုသို့ ရောက်လာကြ၏။
ဤကမ္ဘာပေါ်မှာလည်း လူသားကျင့်ကြံသူများ ရှိခဲ့သည်။ သူတို့က ဤကမ္ဘာတွင် ရှေးဟောင်းအပျက်အယွင်းများ ရှိ၊မရှိ မေးမြန်းပြီးနောက် ထိုနေရာသို့ ဦးတည်သွားကြလေသည်။
သို့သော် လမ်းတစ်ဝက်တွင် အသိမိတ်ဆွေအချို့နှင့် တွေ့ခဲ့ကြသည်။
အိုးရန်ဝူရွှမ့်၊ ဟွမ်လီနှင့် ရှန်းယွမ်အင်ပါယာမှ ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူတချို့ ဖြစ်သည်။
လုမင်တို့ကို တွေ့ရသောအခါ အိုးရန်ဝူရွှမ့်နှင့် အခြားသူများက အံ့ဩဝမ်းသာ ဖြစ်ခဲ့ကြလေသည်။
"လုမင်၊ ခင်ဗျားတို့ ရှေးဟောင်းအပျက်အယွင်းကို သွားကြမလို့လား"
အိုးရန်ဝူရွှမ့်က မေးသည်။
"ဟုတ်တယ်"
လုမင်က ခေါင်းညိတ်လိုက်၏။
"ဒါဆိုရင် အဲဒီအပျက်အယွင်းကို သွားစရာ မလိုတော့ဘူး။ ကျုပ်တို့ စူးစမ်းပြီးပြီ။ အခုပဲ အဲဒီအပျက်အယွင်းကနေ ကျုပ်တို့ထွက်လာကြတာလေ။ ဒါနဲ့ ခင်ဗျားတို့က ဘယ်ကမ္ဘာကနေ လာခဲ့တာလဲ"
အိုးရန်ဝူရွှမ့်က မေးသည်။
"ကျုပ်တို့က အဆုံးမဲ့သားရဲကမ္ဘာက လာခဲ့တာ"
လုမင်က ပြောလိုက်သည်။
"အဆုံးမဲ့သားရဲကမ္ဘာလား၊ ကြည့်ရတာ ကမ္ဘာရှစ်ခုစလုံးကို စူးစမ်းပြီးပြီနဲ့တူတယ်"
အိုးရန်ဝူရွှမ့်၏ အမူအရာက ပြောင်းလဲသွားသည်။ ထို့နောက်တွင် သူတို့ကြုံတွေ့ခဲ့ရသည့် အကြောင်းများနှင့် ကြားသိမှုများကို ပြောပြလိုက်၏။
အိုးရန်ဝူရွှမ့်နှင့် အခြားသူများက ကမ္ဘာတချို့ကို စူးစမ်းလေ့လာခဲ့ပြီးပြီ ဖြစ်သည်။ အခြားကမ္ဘာများမှ အပျက်အယွင်းများကိုလည်း စူးစမ်းလေ့လာခဲ့ပြီးပြီဖြစ်ကြောင်း သူတို့ သတင်းကြားခဲ့ရပေသည်။
"အခု အားလုံးက နဝမမြောက်ကမ္ဘာကို သွားနေကြပြီ"
အိုးရန်ဝူရွှမ့်က ပြောလိုက်သည်။
"နဝမမြောက်ကမ္ဘာ"
လုမင် ရေရွတ်လိုက်၏။
ကြာပန်းကမ္ဘာတွင် ပန်းကိုးပွင့်ပါရှိပြီး ကမ္ဘာကိုးခုကို ကိုယ်စားပြုသည်။
သူတို့ စတင်ဝင်ရောက်စဉ်က လူတိုင်းဟာ မတူညီသော ပန်းပွင့်များဆီသို့ ပျံသန်းသွားကြောင်း လုမင် သတိပြုမိခဲ့ပေသည်။ သို့ရာတွင်၊ မည်သူ့ကိုမျှ မခေါ်ဆောင်ခဲ့သော ပန်းပွင့်ချပ်တစ်ခု ရှိခဲ့သည်။ ထို့ကြောင့် လုမင်ဟု ထူးခြားမှုတစ်ခုခု ရှိရမည်ဟု သူ ခံစားမိခဲ့လေသည်။
"တစ်ယောက်ယောက်က ကမ္ဘာတစ်ခုမှာ ဒဏ္ဍာရီပုံပြင်တစ်ခုကို ကြားဖူးတယ်လို့ သတင်းကြားတယ်။ နဝမမြောက်ကမ္ဘာမှာ လျှို့ဝှက်ချက်ကြီးတစ်ခုရှိပြီး နဝမမြောက်ကမ္ဘာကို ဦးတည်တဲ့လမ်းက တစ်ခုပဲရှိတယ်တဲ့။ အဲဒါက ထျန်းယွမ်ကမ္ဘာမ ထျန်းယွမ်ချောက်မှာပဲ"
"ဒါကြောင့် အခုဆိုရင် ထျန်းယွမ်ကမ္ဘာကို ကျွမ်းကျင်သူတွေ အများကြီးက သွားနေတယ်လို့ သတင်းကြားရတယ်။ ဟန်ရှင်းဟဲနဲ့ ဟန်မိသားစုရဲ့ လူတွေ၊ ဟဲမိသားစု၊ တာ့လော့ကောင်းကင်ဂိုဏ်းနဲ့ အခြားသူတွေလည်း သွားနေကြပြီ"
အိုးရန်ဝူရွှမ့်က ပြောလိုက်သည်။
"ဒါဆိုရင် ကျုပ်တို့လည်း သွားကြတာပေါ့"
လုမင်က ပြောလိုက်၏။
နဝမမြောက်ကမ္ဘာမှာ ထူးထူးခြားခြား လျှို့ဝှက်ချက်တစ်ခု ရှိသင့်သည်။ ၎င်းကို လက်မလွတ်သင့်ပေ။
ထို့ပြင်၊ ဖြေရှင်းရန် လိုအပ်သော အကြွေးအချို့လည်း ရှိခဲ့သည်။
လုမင်၏ မျက်လုံးများတွင် အေးစက်သော အလင်းရောင်တစ်ခု လင်းလက်လာသည်။
အိုးရန်ဝူရွှမ့်က ခေါင်းညိတ်လိုက်သည်။ ချက်ချင်းပင်၊ သူတို့လူစုက ထျန်းယွမ်ကမ္ဘာကို ဦးတည်သွားတော့သည်။
သို့ရာတွင်၊ သူတို့က ဤကမ္ဘာမှ ထျန်းယွမ်ကမ္ဘာသို့ တိုက်ရိုက်မရောက်ရှိနိုင်ပါ။ အခြားကမ္ဘာနှစ်ခုကို ဖြတ်သန်းခဲ့ရသည်။
ကမ္ဘာများစွာကို ဆက်တိုက်ဖြတ်ကျော်ခဲ့ပြီး မသိနိုင်သော အကွာအဝေးကို ပျံသန်းခဲ့ကြရ၏။ ဆယ်ရက်ကျော်ကြာပြီးနောက်၊ နောက်ဆုံးတွင် သူတို့က ထျန်းယွမ်ကမ္ဘာကို ရောက်ရှိခဲ့ကြသည်။
ထျန်းယွမ်ကမ္ဘာတွင် ထျန်းယွမ်ချောက်က အကျော်ကြားဆုံး ရှေးဟောင်းအပျက်အယွင်းတစ်ခု ဖြစ်သည်။ မည်သူကိုမဆို မေးမြန်းနိုင်ပေသည်။
ထျန်းယွမ်ချောက်က ထျန်းယွမ်ကမ္ဘာ၏ မြောက်ဘက်တွင် ရှိသည်။ သူတို့အဖွဲ့က ထျန်းယွမ်ချောက်သို့ ဦးတည်သွားကြ၏။
ထျန်းယွမ်ချောက်က အလွန်ကြီးမားသော ချောက်ကြီးတစ်ခု ဖြစ်သည်။ ၎င်းက မည်မျှကျယ်ပြောပြီး နက်ရှိုင်းမှန်း မည်သူမျှ မသိကြပေ။
အဝေးမှကြည့်လျှင်၊ ဧရာမ ဓားကြီးတစ်လက်ဖြင့် ခုတ်ပိုင်းထားသလိုပင် ဖြစ်သည်။