အခန်း ၁၉၆၉
Vol. 132 Ch. 1969
အပိုင်း ( 1969 ) တံတားအတွက် သွေးဖြင့်စတေးရန်။
ဟန်မိသားစုနှင့် တာ့လော့ကောင်းကင်ဂိုဏ်း နှစ်ခုစလုံးက ဧကရာဇ်အဆင့် အင်အားစုများ ဖြစ်ကြသည်။ သူတို့တွင် သူတို့ချည်းသက်သက်ဆိုလျှင်ပင် လုမင်တို့ထက် ကျွမ်းကျင်သူ အသာစီးရှိ၏။
ထို့ပြင် ဖုန်းမျိုးနွယ်၊ ရွှေကျီးကန်းမျိုးနွယ်၊ ဝမ်မျိုးနွယ်နှင့် အခြားပင်အားစုများက စုရုံးခဲ့ကြသည်။ နိယာမမြစ်ကြီးများ၏ ဝန်းရံမှုဖြင့် ဧကရာဇ်တစ်ပိုင်းများက နတ်ဘုရားများကဲ့သို့ပင်။ သူတို့၏ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များက လုမင်နှင့် ကျန်သူများဆီသို့ လွှမ်းခြုံသွားကြသည်။
လုမင်၏နောက်တွင် လူတိုင်း၏ အမူအရာများက လေးနက်သွားကြသည်။ သူတို့က ခံစစ်ကဲ့သို့ ဝိုင်းလိုက်ကြ၏။
သူတို့၏ ပတ်ဝန်းကျင်မှာတော့ လူတော်တော်များများက မတူညီသော အမူအရာများဖြင့် ကြည့်နေကြသည်။
တချို့ကတော့ တိတ်တဆိတ် ဝမ်းသာကြ၏။ လုမင် သို့မဟုတ် ဟန်မိသားစုပင်ဖြစ်စေ သူတို့၏ ဟဲမိသားစုနှင့် ရန်သူများ ဖြစ်သည်။ သူတို့အချင်းချင်း သတ်ကြပါက အကောင်းဆုံးဖြစ်လိမ့်မည်။
တစ်ခုတည်းသော နတ်နန်းတော်မှ လူများကလည်း အဝေးတွင်ရပ်နေကာ ဝင်မစွတ်ဖက်ကြပါ။
ချင်ယွဲ့က လုမင်နှင့် ရင်းနှီးသော်လည်း သူသည် တစ်ခုတည်းသောနတ်နန်းတော်ကို ကိုယ်စားမပြုပေ။ ထို့ပြင်၊ သူတို့က ချင်ယွဲ့ကိုတောင် မတွေ့ရသေးပါ။
"လုမင်ကတော့ ဒီနေ့သေမှာ သေချာတယ်။ ဒါပေမဲ့လည်း သူဒီလိုအဆုံးသတ်လိမ့်မယ်လို့ ငါမျှော်လင့်ထားတာကြာပါပြီ။ ဟန်မိသားစုနဲ့ တာ့လော့ကောင်းကင်ဂိုဏ်းကို သူက ဘယ်လိုတောင် ရန်စဝံ့တာလဲ"
ယုကျစ်က လူအုပ်ထဲတွင် လှောင်ပြောင်လိုက်သည်။
ခရမ်းရောင်မီးလျှံအိမ်တော်မှ လူငယ် ပါရမီရှင်အချို့ကမူ ရှုပ်ထွေးသော အမူအရာများ ရှိခဲ့သည်။
ခရမ်းရောင်မီးလျှံအိမ်တော်မှ လူငယ်တချို့က လုမင်အား အလောင်းအစား ရှုံးခဲ့ပြီး သူ၏အမိန့်ကို နာခံရ၏။ သို့သော်လည်း ဟန်မိသားစုနှင့် တာ့လော့ကောင်းကင်ဂိုဏ်းမှ ကျွမ်းကျင်သူများကို မြင်သောအခါ လျစ်လျူရှုပြီး မမြင်ဟန်ဆောင်ရန်မှတပါး ရွေးချယ်စရာမရှိတော့ပေ။
သူတို့သွားလျှင်ပင် သေလမ်းသာ ရှိသည်။ ထို့ပြင် ခရမ်းရောင်မီးလျှံအိမ်တော်မှ ဧကရာဇ်တစ်ပိုင်းများက ၎င်းတို့၏အမိန့်ကို နားမထောင်ကြပါ။
"ချီးပဲ၊ သူတို့က လူအင်အားတော်တော်များတာပဲ။ ငါ့ဟွမ်မျိုးနွယ်က မမွေးဖွားလာသေးတာဆိုးတယ်၊ မဟုတ်ရင် ငါ့ဟွမ်မျိုးနွယ်က ဧကရာဇ်တစ်ပိုင်းတွေကို ခေါ်လာခဲ့တယ်"
ဟွမ်လီက မကျေမနပ်ဖြင့် အော်လိုက်သည်။
"တိုက်ခိုက်ရင်လည်း တိုက်ခိုက်ရုံပဲပေါ့"
လုံချန်က ပြောလိုက်၏။ သူ့ကိုကြည့်ရသည်မှာ ရိုးရှင်းသော်လည်း တိုက်ခိုက်ချင်စိတ်အပြည့်ရှိသည်။
ယောက်ျားတစ်ယောက်အတွက် တိုက်ခိုက်ရမည်ကို ကြောက်စရာမလိုပေ။
"ဒီချောက်နက်ကိုဖြတ်ပြီး နဝမမြောက်ကမ္ဘာကို ဘယ်လိုသွားရမယ်ဆိုတာ မသိချင်ကြဘူးလား"
ထိုအချိန်တွင် ဟန်ရှင်းဟဲ၏ လျစ်လျူရှုထားသော အသံ ထွက်ပေါ်လာသည်။
လူများစွာက လှုပ်လှုပ်ရှားရှား ဖြစ်သွားကြ၏။ ဟန်ရှင်းဟဲက နောက်ဆုံးမှာ ပြောပြတော့မှာလား။
"ချောက်ရဲ့တစ်ဖက်ကမ်းကို ဖြတ်ချင်ရင်တော့ ချောက်နက်တံတားကို ဖော်ရမယ်။ ချောက်နက်တံတားကိုဖော်ဖို့ နည်းလမ်းကတော့ ရှင်းပါတယ်။ ကျွမ်းကျင်သူတွေရဲ့ သွေးကို စတေးရမယ်"
ဟန်ရှင်းဟဲ၏အသံက ကျယ်လောင်စွာ ပျံ့နှံ့သွားသည်။
လူများစွာ၏ နှလုံးသားများ တုန်လှုပ်သွားပြန်သည်။ နဝမမြောက်ကမ္ဘာသို့ရောက်ရှိရန် အစွမ်းထက်သော ကျင့်ကြံသူများ၏ သွေးကို အမှန်တကယ် စတေးရမည်လော။
"သွေးက ဘယ်လောက်လိုတာလဲ"
တစ်ယောက်ယောက်က မေးလိုက်သည်။
"မသိဘူး၊ ဖြစ်နိုင်တာကတော့ များလေကောင်းလေပဲ"
ထို့နောက်တွင်၊ သူက လုမင်နှင့် အခြားလူများကို ကြည့်ကာ အေးစက်သော လူသတ်ချင်စိတ်တို့ကို ထုတ်လွှတ်လိုက်၏။
"ဒီနေ့ မင်းရဲ့သွေးကို တံတားအတွက် ယဇ်ပူဇော်လိုက်မယ်"
"ဝုန်း... ဝုန်း... ဝုန်း"
ဟန်ရှင်းဟဲ၏စကားကို ကြားရပြီးနောက် ဟန်မိသားစု၊ တာ့လော့ကောင်းကင်ဂိုဏ်းမှ ကျွမ်းကျင်သူများနှင့် အခြားသူများက သူတို့၏ အရှိန်အဝါများကို ထုတ်ဖော်လိုက်ကြသည်။ နိယာမမြစ်ကြီးများက ပေါက်ကွဲထွက်လာ၏။
ယနေ့တွင် လုမင်နှင့် အခြားသူများကို ဤနေရာမှာ ထာဝရနေစေချင်သည်။
'မင်းတို့အားလုံး ကာကွယ်ရေးကို အာရုံစိုက်ကြပါ၊ ဟန်ရှင်းဟဲကို ငါ့ဆီ ထားခဲ့လိုက်'
လုမင်၏အသံက ဟွမ်လင်နှင့် အခြားသူများ၏ နားထဲတွင် ထွက်ပေါ်လာသည်။ ထို့နောက်တွင်၊ လုမင်၏ မျက်ခုံးနှစ်ခုကြားမှ အလင်းရောင်တောက်ပလာပြီး တာ့ယန်ဆေးမီးဖိုက ထွက်ပေါ်လာ၏။ တာ့ယန်ဆေးမီးဖိုက ထွက်လာပြီးနောက် တောင်တစ်လုံးကဲ့သို့ ကြီးမားလာတော့သည်။
သို့သော်... တာ့ယန်ဆေးမီးဖိုက လုမင်၏ ဦးခေါင်းထက်တွင် မနေပါ။ ထိုအစား၊ ဟွမ်လင်နှင့် အခြားသူများဆီသို့ ပျံသန်းသွားပြီး အရှိန်ဖြင့် မြေပြင်ပေါ်သို့ ဆင်းသက်ခဲ့သည်။
တာ့ယန်ဆေးမီးဖိုတွင် ခြေထောက်လေးခုရှိပြီး မြင့်မားစွာ ရပ်တည်နေ၏။ ဟွမ်လင်နှင့် အခြားသူများက တာ့ယန်ဆေးမီးဖို၏ အောက်ဘက်တွင် ရှိသည်။
တာ့ယန်ဆေးမီးဖိုက တာ့ယန်ဆေးခန်းမ၏ ရတနာတစ်ပါး ဖြစ်သည်။ ၎င်း၏အဆင့်က သာမန် ဧကရာဇ်လက်နက်များထက် များစွာ ပိုမြင့်မား၏။ ဤနည်းဖြင့်၊ ဟွမ်လင်၊ လုံချန်နှင့် အခြားသူများက ကာကွယ်ရန်သာ လိုအပ်ပြီး ထိပ်တိုက်ရင်ဆိုင်ခြင်းအတွက် စိတ်ပူစရာ မလိုတော့ပေ။
ဤနည်းအားဖြင့် သူတို့၏ ခံစစ်အင်အားက တိုးမြင့်လာမည် ဖြစ်သည်။
'ပေါင်ပေါင်၊ ဟွမ်လင်နဲ့ တခြားသူတွေကို သွားကူညီလိုက်ပါ'
လုမင်က ပေါင်ပေါင်ထံသို့ အသံပို့လွှတ်ပြီး ပြောလိုက်သည်။
'အစ်ကိုကြီးလုမင်လည်း သတိထားပါ'
ပေါင်ပေါင်က ပြောဆိုပြီး ဟွမ်လင်၊ လုံချန်နှင့် အခြားသူများဆီသို့ ပျံသန်းသွား၏။
"မင်းတို့ တခြားသူတွေကို သွားပြီး ဖြေရှင်းလိုက်ကြပါ။ လုမင်ကို ငါ့ဆီ ထားခဲ့"
ဟန်ရှင်းဟဲက အေးစက်စွာ ပြောလိုက်သည်။ အားကောင်းသော အငွေ့အသက်များက သူ့ထံမှ ထွက်ပေါ်လာ၏။
"သတ်"
"ဆေးမီးဖိုအောက်မှာ ပုန်းနေရင်တောင် သေရလိမ့်မယ်"
ဟန်မိသားစု၊ တာ့လော့ကောင်းကင်ဂိုဏ်း၊ ရွှေကျီးကန်းမျိုးနွယ်နှင့် အခြားအင်အားစုများမှ ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများက လေထဲသို့ ပျံတက်လာပြီး ဟွမ်လင်၊ လုံချန်နှင့် အခြားသူများကို အရပ်ရပ်မှ တိုက်ခိုက်ကြတော့သည်။
ဟွမ်လင်တို့၏ဘက်တွင် ဧကရာဇ်တစ်ပိုင်းများက ဒါဇင်အနည်းငယ်သာ ရှိသည်။ သူတို့က လူအင်အား နည်းပါးလွန်းသဖြင့် ခုခံရန်သာ အာရုံစိုက်နိုင်ခဲ့ပေသည်။
ခုခံကာကွယ်ခြင်း သူတော်စင်လက်နက်များနှင့် ဧကရာဇ်လက်နက်မျိုးစုံတို့က ပတ်ဝန်းကျင်ကို လွှမ်းခြုံလိုက်ကြသည်။
တစ်ချိန်တည်းမှာပဲ ပေါင်ပေါင်က လှုပ်ရှားခဲ့၏။ ပတ်ဝန်းကျင် ဟင်းလင်းပြင်က တွန့်လိပ်လာပြီး တိုက်ခိုက်မှုများကို ဟန့်တားထားသည့် ကြေးမုံပြင်ကဲ့သို့ ဟင်းလင်းပြင်ဒိုင်းတစ်ခု ဖွဲ့စည်းလိုက်တော့သည်။
"ဝှစ်... ဝှစ်... ဝှစ်..."
ရာနှင့်ချီသော တိုက်ခိုက်မှုများက ဟွမ်လင်နှင့် အခြားသူများဆီသို့ ကျရောက်သွားသည်။ သူတို့ထဲမှ အများစုကို တာ့ယန်ဆေးမီးဖိုမှ ပိတ်ဆို့ထား၏။
ထိုအချိန်တွင်၊ လုမင်က တာ့ယန်ဆေးမီးဖိုနှင့် အဆက်အသွယ်ဖြတ်ထားပြီး ဖြစ်သည်။ မဟုတ်လျှင်၊ ကြောက်စရာကောင်းသော စွမ်းအားက တာ့ယန်ဆေးမီးဖိုမှတဆင့် လုမင်ကို သက်ရောက်ပြီး ပြင်းထန်စွာ ဒဏ်ရာရလိမ့်မည်။
ယခုအချိန်တွင် တာ့ယန်ဆေးမီးဖိုက တိုက်ခိုက်မှုများကို တားဆီးရန် ၎င်း၏ မပျက်စီးနိုင်သော ဂုဏ်သတ္တိများပေါ်တွင်သာ အားကိုးနေခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်း၊ တိုက်ခိုက်မှုများက တာ့ယန်ဆေးမီးဖိုအပေါ်သို့ ကျရောက်သောအခါ အများစုကို ပိတ်ဆို့ထားခဲ့သည်။
ကျန်တိုက်ခိုက်မှုများကိုသာ ဟွမ်လင်နှင့် အခြားသူများက ရင်ဆိုင်ရပေသည်။
နောက်ဆုံးတွင်၊ ပြိုင်ဘက်များက ၎င်းတို့ထက် အရေအတွက် သာလွန်ခဲ့သော်လည်း တာ့ယန်ဆေးမီးဖိုကြောင့် တိုက်ခိုက်မှုနေရာမှာ ကျဉ်းမြောင်းသွားခဲ့သည်။
"ဆက်လုပ်ကြ"
ဟန်မိသားစုမှ ကျွမ်းကျင်သူများက ဟွမ်လင်နှင့် အခြားသူများကို အမျိုးမျိုးသော တိုက်ခိုက်မှုများဖြင့် တိုက်ခိုက်ခဲ့ကြသည်။
"အား..."
ထိုအခိုက်အတန့်တွင် အဝေးကလူအုပ်ထံမှ ကျယ်လောင်စွာအော်ဟစ်လိုက်သံ ထွက်ပေါ်လာသည်။
ကျွမ်းကျင်သူတစ်ဦးကို ရုတ်တရက် တိုက်ခိုက်သတ်ဖြတ်ခဲ့သည်။
"မင်းဘာလုပ်တာလဲ။ မင်း သေချင်နေတာလား"
တစ်ယောက်ယောက်က အော်လိုက်သည်။
"မင်းတို့ရဲ့သွေးကို တံတားပေါ်မှာ ယဇ်ပူဇော်ဖို့ သုံးရမယ်"
အခြားတစ်ယောက်က အေးစက်စက် ပြော၏။
"ဒါဆိုရင် မင်းရဲ့သွေးကို တံတားပေါ်မှာ ယဇ်ပူဇော်ဖို့ အရင်သုံးလိုက်"
ပထမလူက အော်ငေါက်ပြီး စတင်တိုက်ခိုက်တော့သည်။
ဤနေရာတွင် အင်အားများစွာမှ လူအများအပြားရှိသည်။ အများစုမှာ အချင်းချင်း ရန်ငြိုးထားကြ၏။ နယ်မြေက ကမောက်ကမ ဖြစ်သွားသောအခါ အခြေအနေ တစ်ခုလုံးကို သက်ရောက်သွားပုံရသည်။ အချင်းချင်း ရန်ငြိုးဖွဲ့ကြသော အင်အားစုများကလည်း စတင်တိုက်ခိုက်လာကြတော့သည်။
တံတားအတွက် ကျွမ်းကျင်သူများ၏သွေးကို စတေးရန် လိုအပ်သောကြောင့် မိမိရန်သူများ၏သွေးကို သဘာဝအတိုင်း အသုံးချနိုင်သည်။
ထိုသို့ဖြင့် တိုက်ပွဲကြီးက ဖြစ်ပွားခဲ့သည်။ ထို့နောက် တိုက်ပွဲဧရိယာက ပိုကျယ်လာ၏။ များမကြာမီတွင် နယ်မြေတစ်ခုလုံး မငြိမ်မသက်ဖြစ်ပြီး နေရာတိုင်း၌ တိုက်ပွဲများ ဖြစ်ပွားတော့သည်။
လုမင်နှင့် ဟန်ရှင်းဟဲတို့က လေထဲတွင်ရပ်ကာ တစ်ယောက်ကိုတစ်ယောက် ကြည့်နေသည်။
"လုမင်၊ ဒီနေ့ မင်းကို ဘယ်သူမှ မကူညီနိုင်တော့ဘူး။ မင်းသေမှာ သေချာတယ်။ ဒါပေမဲ့ ကောင်းကင်ဧကရာဇ်ဓားကို လွှဲအပ်မယ်ဆိုရင် မင်းရဲ့အလောင်းကို အကောင်းအတိုင်း ထားခဲ့လိုက်မယ်"
ဟန်ရှင်းဟဲက အေးစက်စွာ ပြောလိုက်သည်။
"ငါတို့ နောက်ဆုံးတွေ့ခဲ့ရတာ ကြာပြီ။ မင်းရဲ့ကျင့်ကြံမှုက အန္တိမသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်မှာ ရှိနေတုန်းပဲ။ ဒီပုံနဲ့ မင်းငါ့ကိုသတ်နိုင်မယ်လို့ ထင်တာလား"
လုမင်က လှောင်ပြောင်လိုက်သည်။
"အန္တိမသူတော်စင်တွေထဲမှာ သန်မာသူနဲ့ အားနည်းသူ ရှိတယ်"
ဟန်ရှင်းဟဲက တည်ငြိမ်စွာ ပြောသည်။
လုမင်တို့နှင့် တိုက်ခိုက်ခဲ့ချိန်က သူ၏ ကျင့်ကြံမှုဟာ အန္တိမသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့် ဖြစ်သည်။ ယခုလည်း မပြောင်းလဲသေးပေ။
အဓိကအကြောင်းရင်းမှာ အန္တိမသူတော်စင်နယ်ပယ်မှ ဧကရာဇ်တစ်ပိုင်းနယ်ပယ်သို့ ဖြတ်ကျော်ရန် ပြီးပြည့်စုံသော နိယာမတစ်ခုကို လေ့ကျင့်ရန် လိုအပ်သောကြောင့်ဖြစ်သည်။ သို့သော်လည်း နိယာမ၏ အဆင့်အတန်းမြင့်လေ၊ လေ့ကျင့်ရန် ပိုခက်ခဲလေပင်။
အထူးသဖြင့် သူသည် ထာဝရနိယာကို လေ့ကျင့်ထားခဲ့သည်။
သို့ရာတွင်၊ အန္တိမသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်မှာပင် နိယာမကို နားလည်သဘောပေါက်မှုက ကွဲပြားမှုများ ရှိခဲ့သည်။
ဟန်ရှင်းဟဲ၏ နိယာမကို ကျွမ်းကျင်မှုသည် ကိုးဆယ့်ကိုးရာခိုင်နှုန်းအထိ ရှိလာခဲ့ပြီ။ လုမင်တို့နှင့် တိုက်ခိုက်စဥ်ကထက် သူဟာ ပိုသန်မာခဲ့ပြီ ဖြစ်သည်။
"ဝုန်း"
ဟန်ရှင်းဟဲက အားကောင်းသော အရှိန်အဝါတို့ကို ထုတ်လွှတ်လိုက်သည်။
တစ်ချိန်တည်းမှာပင် အလင်းစက်ဝိုင်းတစ်ခုက ဟန်ရှင်းဟဲကို ဝန်းရံထားသောကြောင့် နတ်ဘုရားတစ်ပါးကဲ့သို့ ဖြစ်နေ၏။
ဤသည်မှာ ထာဝရ၏အလင်း ဖြစ်သည်။
"ဝှစ်"
ထို့နောက်မှာတော့ ဟန်ရှင်းဟဲ၏လက်မှ တောက်ပသော ဓားအလင်းတစ်ခု ထွက်ပေါ်လာတော့သည်။