← Chapters

အခန်း ၁၉၇၂

Vol. 133 Ch. 1972

အခန်း ၁၉၇၂

Vol. 133 Ch. 1972

အပိုင်း ( 1972 ) လူသား တူ။

လော့စန်းချုံးက ရှေ့မှပြေးနေပြီး လုမင်က နောက်မှ လိုက်သွားခဲ့သည်။ သူက ညာဘက်လက်ဖြင့် ထိုးနှက်လိုက်သောအခါ ငရဲဖိနှိပ်ကျောက်စာတိုင်ပုံရိပ်တစ်ခု ပေါ်လာပြီး လော့စန်းချုံးကို ဖိချလိုက်၏။

"သိမ်းယူ... ပယ်ဖျက်..."

လော့စန်းချုံးက ဟိန်းဟောက်လိုက်သည်။ သူက ပုဆိန်ကိုပို၍အားကောင်းလာစေရန် သိမ်းယူပယ်ဖျက်ခြင်းနိယာမဖြင့် စွမ်းအင်များကို စုစည်းလိုက်၏။ ထို့နောက် လုမင်ကို ခုတ်ချလိုက်တော့သည်။

"ဝုန်း"

ပုဆိန်ခုတ်ချက်က ငရဲဖိနှိပ်ကျောက်စာတိုင်ပုံရိပ်ကို ခုတ်မိပြီး ပြင်းထန်သော တုန်ခါမှုလှိုင်းများ ဖြစ်ပေါ်လာခဲ့သည်။ လော့စန်းချုံးက ငရဲဖိနှိပ်ကျောက်စာတိုင်ပုံရိပ်ကို တားဆီးနိုင်လိုက်သော်လည်း သူ့ခန္ဓာကိုယ်မှာ ပြင်းထန်စွာ တုန်ခါသွား၏။ သူ့မျက်နှာက နီမြန်းလာပြီး သူ့နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာတော့သည်။

သို့သော်လည်း လုမင်က တိုက်ခိုက်ခြင်းကို မရပ်တန့်ခဲ့ပေ။ ငရဲဖိနှိပ်ကျောက်စာတိုင် ပုံရိပ်များက အဆက်မပြတ်ပေါ်လာပြီး လော့စန်းချုံးကို ဖိနှိပ်လိုက်၏။

လော့စန်းချုံးက အစွမ်းကုန်ခုခံရင်းမှ အော်ဟစ်လိုက်သည်။

"မင်းတို့အမှိုက်တွေ ငါ့ကို မြန်မြန်လာကယ်ကြစမ်း။ မင်းတို့အားလုံး သေချင်နေကြပြီလား"

မမှားပေ၊ သူက တာ့လော့ကောင်းကင်ဂိုဏ်းမှ ဧကရာဇ်တစ်ပိုင်းများကို အော်ပြောလိုက်ခြင်း ဖြစ်သည်။

ထိုဧကရာဇ်တစ်ပိုင်းများ၏ မျက်နှာများက မည်းမှောင်သွားကာ အင်အားအပြည့်ဖြင့် ပြေးလာကြတော့သည်။

တာ့လော့ကောင်းကင်ဂိုဏ်းရှိ လော့စန်းချုံး၏ အဆင့်အတန်းက ထူးခြားပြီး မြင့်မြတ်လွန်းသည်။ မဟာဧကရာဇ်၏ မြေးအနေဖြင့် စစ်မှန်သောဧကရာဇ်များနှင့် မဟာဧကရာဇ်များပင်လျှင် သူ့အား မျက်နှာပေးရလိမ့်မည်။

ထို့ထက်‌အရေးကြီးတာက၊ မဟာဧကရာဇ်သည် သူတို့၏ သေဆုံးခြင်းနှင့် ရှင်သန်ခြင်းကို စကားလုံးတစ်ခွန်းဖြင့် ဆုံးဖြတ်နိုင်သည်။

"ဒီနေ့ မင်းကို ဘယ်သူမှ မကယ်နိုင်ဘူး"

လုမင်က အေးစက်စွာ ပြောလိုက်သည်။ အဆုံးမဲ့ရွန်းများက သူ့ဘယ်ဘက်လက်မှ ပေါ်လာပြီး အစစ်အမှန်နဂါးကြီးတစ်ကောင်အဖြစ် ပြောင်းလဲသွား၏။ တချိန်တည်းမှာပင် ညာဘက်လက်ဖြင့် ထိုးနှက်လိုက်တော့သည်။

သူက နိယာမနှစ်မျိုးကို တပြိုင်နက်တည်း အသက်သွင်းခဲ့ရာ လော့စန်းချုံးက ပို၍ အခြေအနေပျက်လာသည်။ သူက ချက်ချင်း လွင့်ထွက်သွားပြီး သွေးများ အန်ထွက်လာတော့သည်။

"ဝှစ်"

လုမင်က လော့စန်းချုံး၏ အထက်တွင် ခဏချင်း ပေါ်လာခဲ့သည်။ သူက ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းဖြင့် လော့စန်းချုံးကို ညွှန်ပြလိုက်၏။

"ဝုန်း"

လော့စန်းချုံး၏ ခန္ဓာကိုယ်ကလည်း လော့ဖိုခန်းကဲ့သို့ ပြုတ်ကျသွားတော့သည်။

ထို့နောက်တွင် လုမင်က အောက်သို့ ခုန်ဆင်းသွားကာ လော့စန်းချုံးကို ဖမ်းဆီးလိုက်သည်။ သူက လော့ဖိုခုန်းထံမှ ရရှိခဲ့သော လှံရှည်ကို ထုတ်ယူပြီး သူတော်စင်စွမ်းအင် သွန်းလောင်းလိုက်သည်။ လှံရှည်ကို တစ်ချက်လှုပ်ပြီး လော့စန်းချုံး၏ မျက်ခုံးနှစ်ခုကြားသို့ ထိုးသွင်းလိုက်၏။

"မဟုတ်ဘူး"

"မင်းရပ်လိုက်စမ်း"

တာ့လော့ကောင်းကင်ဂိုဏ်း၏ ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်များက ထိတ်လန့်တကြား အော်ဟစ်လိုက်ကြသည်။

လုမင်က သတ္တိကောင်းလွန်းသည်။ သူက လော့စန်းချုံး၏ အထောက်အထားကို ဂရုမစိုက်ပေ။ ပထမဆုံး သူက လော့ဖိုခုန်းကို သတ်ခဲ့သည်။ ယခုဆိုလျှင် သူက လော့ဖိုခုန်းကို သတ်ချင်နေပြီ။

"အား..."

လော့စန်းချုံးက သွေးပျက်ချောက်ချားစွာ အော်ဟစ်လိုက်သည်။

ဒါကို သူ လက်မခံချင်ပေ။ မုန်းတီးမှုတို့ဖြင့် သူ ရူးသွပ်လုနီး ဖြစ်ခဲ့သည်။

သို့ရာတွင်၊ သူက ချမ်းသာပေးရန် တောင်းဆိုမည် မဟုတ်ပေ။ သူမသေလျှင် လုမင်ကို အနာဂတ်မှာ သေချာပေါက်သတ်ပစ်မည် ဖြစ်သည်။

"ဝှစ်..."

ဧကရာဇ်လက်နက် လှံရှည်က လော့စန်းချုံး၏ မျက်ခုံးနှစ်ခုကြားသို့ ထိုးဖောက်သွားသည်။

သို့သော်...

လော့စန်းချုံးကို လှံရှည်က ထိုးဖောက်ခါနီးတွင် အနက်ရောင် သတ္တုပြားတစ်ခုက ရုတ်တရက် ပေါ်လာသည်။ ၎င်းက မျက်စိတစ်မှိတ်အတွင်း ကျယ်ပြန့်လာပြီး လော့စန်းချုံးကို လွှမ်းခြုံလိုက်၏။

၎င်းက အနက်ရောင် ချပ်ဝတ်တန်ဆာကဲ့သို့ လော့ဖိုခုန်းကို ဖုံးအုပ်လိုက်ခြင်း ဖြစ်သည်။

"ထန်"

လှံရှည်က သံပြားကို ထိုးမိပြီး မီးပွားများ နေရာအနှံ့ ပျံ့လွင့်သွားသည်။

သို့သော်လည်း ဤသံပြားက အနှိုင်းမဲ့မာကျောပြီး လှံရှည်က ၎င်းကို ဖောက်မဝင်နိုင်ခဲ့ပါ။

လှံရှည်က ပြင်းထန်စွာ တုန်ခါသွားပြီး ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခုက လော့စန်းချုံးကို ပို၍မြန်သော အရှိန်ဖြင့် မြေပြင်သို့ ပြုတ်ကျသွားစေခဲ့သည်။

"ဝုန်း"

လော့စန်းချုံးက မြေပြင်ပေါ်သို့ ပြုတ်ကျသွားပြီး ကြီးမားသော တွင်းနက်တစ်ခု ဖြစ်ပေါ်လာစေခဲ့ပေသည်။

သို့သော်လည်း နောက်အခိုက်အတန့်မှာတော့ လော့စန်းချုံးက ဘာမှမဖြစ်ခဲ့သလို မတ်တပ်ထရပ်လိုက်သည်။

"အဘိုးကွ၊ ဟားဟားဟားဟား...."

လော့စန်းချုံးက စိတ်လှုပ်ရှားစွာ ရယ်မောလိုက်သည်။

ဤသည်မှာ အရေးကြီးသော အခိုက်အတန့်တွင် သူ့အသက်ကို ကယ်တင်ရန် သူ့အဘိုးမှ သူ့ခန္ဓာကိုယ်ထဲတွင် လျှို့ဝှက်ထားခဲ့သော ဧကရာဇ်လက်နက်ဖြစ်ကြောင်း သူသိသည်။

သို့သော်လည်း သူ့အဘိုးက ဤအကြောင်းကို ကြိုပြီး မပြောခဲ့ပါ။ ဖြစ်ကောင်းဖြစ်နိုင်တာက၊ သူ့ကို လေ့ကျင့်ပေးချင်တာကြောင့် ဖြစ်မည်။

ယခုအချိန်မှာတော့ ဤဧကရာဇ်လက်နက်၏ အကာအကွယ်ဖြင့် သူဘာမှမဖြစ်နိုင်တော့မှန်း သိလိုက်ပြီ။ သူ့ကို လုမင် မသတ်နိုင်တော့ပါ။

"မဟာဧကရာဇ်ရဲ့ အကာအကွယ်"

တာ့လော့ကောင်းကင်ဂိုဏ်း၏ ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်တို့လည်း ဝမ်းသာသွားကြသည်။

"ချပ်ဝတ်တန်ဆာထဲမှာ ပုန်းနေတာနဲ့ ဘာမှမဖြစ်တော့ဘူးလို့ မင်းထင်တာလား။ သေလိုက်စမ်း"

လုမင်၏ မျက်လုံးများ အေးစက်သွားသည်။ သူက အလင်းတန်းကဲ့သို့ ပျံသန်းသွားပြီး လော့စန်းချုံး၏ ဦးခေါင်းကို လှံရှည်ဖြင့် ထိုးဖောက်လိုက်၏။

သို့သော်လည်း မီးပွားများသာ ထွက်ပေါ်လာပြီး လှံရှည်က လော့စန်းချုံး၏ ချပ်ဝတ်တန်ဆာကို မထိုးဖောက်နိုင်သေးပါ။

ဤချပ်ဝတ်တန်ဆာက တကယ်ကို ခိုင်ခံ့သည်။

"လုမင်၊ မင်းငါ့ကိုမသတ်နိုင်ဘူး။ ငါ ဒီနေ့မှာမသေရင် အနာဂတ်မှာ မင်းသေရလိမ့်မယ်"

လော့စန်းချုံးက ဟိန်းဟောက်လိုက်သည်။ သူ့မျက်လုံးများက သတ်ဖြတ်ချင်စိတ်တို့ဖြင့် အလွန်းအေးစက်၏။

ယနေ့တွင်၊ လုမင်က သူ့ကိုသတ်လုနီးပါးဖြစ်ခဲ့သည်။ ထို့ကြောင့် လုမင်ကို သတ်ဖြတ်လိုသော ရည်ရွယ်ချက်မှာ ပိုမိုပြင်းထန်လာတော့သည်။

"ဝုန်း"

လုမင်က သူနှင့် အပိုစကားများပြောရန် စိတ်မဝင်စားဘဲ တိုက်ရိုက်တိုက်ခိုက်ခဲ့သည်။ သူက လှံရှည်ဖြင့် ရိုက်ချလိုက်ရာ လော့စန်းချုံးက မြေကြီးထဲ နစ်ဝင်သွား၏။ သူ့ခန္ဓာကိုယ်က မြေကြီးထဲတွင် နစ်မြုပ်သွားတော့သည်။

သို့သော်လည်း နောက်အခိုက်အတန့်တွင်၊ လော့စန်းချုံးက မဝေးသောအရပ်ရှိ မြေပြင်မှ ပြေးထွက်သွားသည်။

"ဝှစ်"

လုမင်က လော့စန်းချုံးဆီသို့ ပြေးလိုက်သွားသည်။

"သိမ်းယူပယ်ဖျက်ခြင်း နတ်ဘုရားတံဆိပ်တော်"

လော့စန်းချုံးက သိမ်းယူပယ်ဖျက်ခြင်း နတ်ဘုရားတံဆိပ်တော်ဖြင့် ပြန်လည်တိုက်ခိုက်ရန် ကြိုးစားသော်လည်း လုမင်၏ လက်တစ်ချောင်းဖြင့် ဖျက်ဆီးခံလိုက်ရသည်။

တစ်ချိန်တည်းမှာပင်၊ လုမင်က အစီရင်နိယာမ၏ ကျမ်းစာလိပ်ကိုးခုမှ တံဆိပ်ခတ်ခြင်းကျမ်းကို အသုံးပြုခဲ့၏။ ထူထပ်သော ရွန်းများက လော့စန်းချုံးကို ဖုံးအုပ်ထားပြီး သူ့ကို တံဆိပ်ခတ်လိုက်တော့သည်။

ထို့နောက်တွင် လုမင်က လော့စန်းချုံး၏ လည်ပင်းကို ဆုပ်ကိုင်လိုက်ပြီး မြေပြင်ပေါ်သို့ ဖိချလိုက်သည်။

"ဝုန်း"

လော့စန်းချုံးက မြေပြင်ပေါ်သို့ ပြင်းထန်စွာ လဲကျသွားသည်။ နောက်ထပ် တွင်းနက်ကြီးတစ်ခုက မြေပြင်ပေါ်တွင် ပေါ်လာပြန်၏။

"ဒုန်း"

ထို့နောက်၊ လုမင်က လော့စန်းချုံး၏ ဦးခေါင်းကို ဆောင့်နင်းလိုက်သည်။ လော့စန်းချုံး၏ ဦးခေါင်းက ကျောက်ဆောင်ထဲသို့ နစ်မြုပ်သွားတော့သည်။

"အား... လုမင်၊ မင်းကိုငါသတ်မယ်"

လော့စန်းချုံးက ဟိန်းဟောက်လိုက်သည်။

"ဒါက တကယ်ကို လိပ်ခွံပဲ။ တန်တန်ရဲ့ လိပ်ခွံနဲ့တောင် ယှဉ်လို့ရတယ်"

လုမင်က ရေရွတ်လိုက်သည်။

ထိုအချိန်တွင် ဝေးကွာသော အရပ်ဒေသတစ်ခု၌ လိပ်ကလေးတစ်ကောင်က နှာချေပြီး ကျိန်ဆဲလိုက်သည်။

"ဖွီ၊ ဘယ်ခွေးကောင်က ငါ့အတင်းကိုပြောနေတာပါလိမ့်။ သွားမှ"

ထို့နောက် လိပ်ကလေးက တိမ်တိမ်နှင့်မြူများ ဖုံးလွှမ်းနေသော သင်္ချိုင်းဂူကြီးဆီသို့ ပြေးသွားကာ ပျောက်ကွယ်သွားတော့သည်။

လုမင်က လော့စန်းချုံးကို ဆက်လက်နှိပ်စက်ခဲ့သည်။ သူက လော့စန်းချုံး ပေါင်ခွကြားကို ကန်ထုတ်လိုက်ရာ သူ့ခန္ဓာကိုယ်က ကွေးခနဲ ဖြစ်သွား၏။

"ချပ်ဝတ်တန်ဆာက ခိုင်မာပေမဲ့ နာကျင်နေတုန်းပဲကိုး...၊ ဆက်လိုက်ရအောင်"

လုမင်က လော့စန်းချုံး၏ ပေါင်ခွကြားကို ထပ်မံကန်ထုတ်လိုက်တော့သည်။

လော့စန်းချုံးက သားရဲရိုင်းတစ်ကောင်ကဲ့သို့ ဟိန်းဟောက်လိုက်သည်။ ချပ်ဝတ်တန်ဆာအတွင်းမှ သူ့မျက်နှာက နီမြန်းနေပြီး မျက်ရည်များနှင့် နှာရည်များ စီးကျလာတော့သည်။

"လော့သခင်လေးကို လွှတ်လိုက်စမ်း"

"မင်း သေချင်နေပြီ"

ထိုအချိန်တွင်၊ တာ့လော့ကောင်းကင်ဂိုဏ်းမှ ဧကရာဇ်တစ်ပိုင်းတို့က ပြေးချလာပြီး လက်နက်မျိုးစုံဖြင့် လုမင်ကို တိုက်ခိုက်လိုက်ကြသည်။

အချို့က ဧကရာဇ်လက်နက်များကိုင်ဆောင်ထားသည်။

လုမင်က လော့စန်းချုံး၏ ခြေထောက်တစ်ဖက်ကို ဖမ်းကိုင်လိုက်၏။ သူက လော့စန်းချုံးကို တူတစ်လက်အဖြစ် အသုံးပြုပြီး ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်များကို တိုက်ခိုက်လိုက်တော့သည်။

ဧကရာဇ်တစ်ပိုင်းများထဲမှ တစ်ယောက်က ဧကရာဇ်လက်နက်ဖြင့် လုမင်ကို တိုက်ခိုက်နေသည်။ သို့သော်လည်း လော့စန်းချုံးက သူ့ထံသို့ ရောက်ရှိလာတာကို မြင်ရသောအခါ ကမန်းကတန်းဖြင့် တိုက်ခိုက်မှုကို ပြန်လည်ရုတ်သိမ်းလိုက်၏။

ထို့ကြောင့် သူသည် ဆိုးရွားသောရလဒ်ကို ရင်ဆိုင်ခဲ့ရသည်။ လော့စန်းချုံး၏ ခန္ဓာကိုယ်က သူ့ကို ပြင်းပြင်းထန်ထန် ထိမှန်သွား၏။ ထိုသူမှာ နာကျင်စွာ အော်ဟစ်ရင်း မိုင်ရာချီအဝေးသို့ လွင့်စဉ်သွားတော့သည်။

"ဒုန်း... ဒုန်း..."

ထို့နောက်တွင် လုမင်က ကောင်းကင်သို့ ပြေးတက်သွားကာ လော့စန်းချုံးကို ဆုပ်ကိုင်ပြီး တာ့လော့ကောင်းကင်ဂိုဏ်း၏ ဧကရာဇ်တစ်ပိုင်းများဆီသို့ ဆက်တိုက်ထုနှက်လိုက်သည်။

လော့စန်းချုံး၏ ချပ်ဝတ်တန်ဆာက အမှန်တကယ်ပင် ခိုင်ခံ့ပြီး ဖျက်ဆီးမရပေ။ ၎င်းက သာမန်ဧကရာဇ်လက်နက်များထက်ပင် ပိုမာကျောသည်။

တိုက်ခိုက်နိုင်စွမ်း အားနည်းသော ဧကရာဇ်တစ်ပိုင်း အများအပြားက ချက်ချင်း သတ်ဖြတ်ခံခဲ့ရသည်။ သူတို့ခန္ဓာကိုယ်များက ချက်ချင်း ပေါက်ကွဲသွား၏။

တာ့လော့ကောင်းကင်ဂိုဏ်းမှ ဧကရာဇ်တစ်ပိုင်းအဆင့် အကျော်အမော်များ၏ မျက်နှာများ မည်းမှောင်လာကြသည်။ တချို့သူများတွင် ဧကရာဇ်လက်နက်များရှိသော်လည်း လော့စန်းချုံးကို ထိခိုက်စေမည် စိုးရိမ်သောကြောင့် အင်အားအပြည့်ဖြင့် တိုက်ခိုက်ရန် မဝံ့ရဲကြပေ။

ထိုအခါ သူတို့က ပို၍ပင် ဘဝပျက်လာခဲ့ကြသည်။

All Chapters