← Chapters

အခန်း ၁၉၇၃

Vol. 133 Ch. 1973

အခန်း ၁၉၇၃

Vol. 133 Ch. 1973

အပိုင်း ( 1973 ) လော့စန်းချုံးကို လက်နက်အဖြစ် အသုံးပြုခြင်း။

"ဝုန်း... ဝုန်း"

လုမင်က လော့စန်းချုံး၏ ခြေထောက်တစ်ဖက်ကို ဆုပ်ကိုင်ပြီး လက်နက်တစ်ခုသဖွယ် အသုံးပြုခဲ့သည်။ သူက ‌လော့စန်းချုံးကိုကိုင်ပြီး တာ့လော့ကောင်းကင်ဂိုဏ်းမှ ဧကရာဇ်တစ်ပိုင်းများကို ရိုက်နှက်လိုက်၏။ တစ်ဦးဆိုလျှင် ချက်ချင်း သေဆုံးသွားတော့သည်။ အခြားသူများမှာလည်း သွေးအန်ပြီး လွင့်စဉ်သွားကြသည်။

"ဟားဟားဟား၊ မိုက်လှချေလား။ ဒီလက်နက်က တကယ်ကို ငါ့အတွက် သင့်လျော်တယ်"

လုမင်က အလွန်မိုက်သလို ခံစားနေရပြီး အားပါးတရ ရယ်မောလိုက်သည်။

အခြားတစ်ဖက်မှာတော့‌ လော့စန်းချုံးက ဒေါသထွက်နေသည်။ သူက ဟိန်းဟောက်ပြီး လုမင်နှင့် တိုက်ခိုက်ချင်သော်လည်း မတတ်နိုင်ပေ။

သူ အလွန်ဒေါသထွက်ခဲ့သည်။ ပထမဆုံး လုမင်က သူ့မျက်နှာကို ကျောက်တုံးထဲ နစ်ဝင်သည်အထိ ဆောင့်နင်းခဲ့သည်။ ထို့နောက် သူ့ပေါင်ခွကြားကို ကန်ကျောက်ခဲ့၏။ နာကျင်မှုက ပြင်းထန်လွန်းသဖြင့် သေချင်စိတ်ပင် ဖြစ်မိသည်။

ယခုအခါ လုမင်က သူ့ကို လက်နက်သဖွယ် အသုံးပြုပြီး ‌တာ့လော့ကောင်းကင်ဂိုဏ်းမှ လူများကို သတ်နေပြီ။

သူက အမုန်းတရားတို့ဖြင့် ရူးသွပ်လုနီး ဒေါသထွက်နေသော်လည်း သူ့ဒေါသကိုဖော်ထုတ်ရန်အတွက် အော်ဟစ်ဟိန်းဟောက်ရန်သာ တတ်နိုင်သည်။

သူ လုံးဝ အရှက်ကွဲခဲ့ပြီဖြစ်ကြောင်း သိလိုက်ရသည်။ သူက အနာဂတ်တွင် ကြီးကျယ်ခမ်းနားသော အရာများကို အောင်မြင်ခြင်း သို့မဟုတ် သူ့အဖိုးကဲ့သို့ မဟာဧကရာဇ်ကြီး ဖြစ်လာလျှင်ပင် ဤအရှက်ရခြင်းကို ပြန်အဖက်ဆည်နိုင်တော့မည် မဟုတ်ပေ။ လူများက သူ့နောက်ကွယ်မှာ လှောင်ရယ်နေကြတော့မည် ဖြစ်သည်။

"လုမင်၊ မင်းကို ငါ သေချာပေါက် လက်စားချေမယ်။ ငါကျိန်ဆိုတယ်...၊ မင်းရဲ့ မိသားစုနဲ့ မင်းရဲ့သူငယ်ချင်းတွေ အကုန်လုံးသေလိမ့်မယ်..."

လော့စန်းချုံးက ရူးသွပ်နေသူတစ်ဦးပမာ အ်ေဟစ်လိုက်သည်။

"ဘာတွေအော်နေတာလဲ၊ တာ့လော့ကောင်းကင်ဂိုဏ်းရဲ့ လူတွေကို မင်းဘာသာမင်း သတ်ခဲ့တာ။ ငါက မင်းကိုယ်စား လုပ်ပေးနေရုံပဲ"

လုမင်က ငေါက်ငမ်းလိုက်သည်။

လော့စန်းချုံး၏ ပါးစပ်ထဲမှ သွေးများ အန်ထွက်လာ၏။

လုမင်က တာ့လော့ကောင်းကင်ဂိုဏ်းမှ လူများကိုသတ်ပြီး သူ့ကိုယ်စား လုပ်နေသည်ဟု ဆိုနေသည်။ ဒါက ဘာကိုဆိုလိုသနည်း။

မင်း အရည်အချင်းရှိရင် ငါ့ကို လက်နက်အဖြစ် မသုံးနဲ့။

"ဒုန်း"

လုမင်က လော့စန်းချုံးနှင့် လွှဲရိုက်လိုက်ပြီး နောက်ထပ်ဧကရာဇ်တစ်ပိုင်း ကျွမ်းကျင်သူတစ်ဦးကို လွင့်စဉ်သွားစေခဲ့သည်။ ထိုဧကရာဇ်တစ်ပိုင်းက သွေးများ အန်ထွက်ခဲ့၏။

ထိုတိုက်မိခြင်းကြောင့် လော့စန်းချုံးလည်း ခေါင်းထဲတွင် မူးဝေသွားတော့သည်။

"သူနဲ့ ထိပ်တိုက်ရင်မဆိုင်ကြနဲ့"

တာ့လော့ကောင်းကင်ဂိုဏ်းမှ ဧကရာဇ်တစ်ပိုင်းက လုမင်ကို မချဉ်းကပ်ဝံ့တော့ဘဲ အော်ဟစ်ကာ နောက်ပြန်ဆုတ်သွားသည်။

အခြားဧကရာဇ်တစ်ပိုင်းများမှာလည်း ထိုနည်းလည်းကောင်းပင်။ လုမင် ​ရောက်​လာသည်​ကို မြင်​​ရသည်နှင့် အမြန်​ထွက်​​ပြေးသွားကြသည်​။

ထို့နောက် ရယ်စရာကောင်းသော မြင်ကွင်းတစ်ခု ဖြစ်လာခဲ့ပေသည်။

လုမင်က လော့စန်းချုံးကို ကိုင်ဆောင်ကာ နောက်မှလိုက်နေသည်။ တာ့လော့ကောင်းကင်ဂိုဏ်းမှ ဧကရာဇ်တစ်ပိုင်းများက ဖရိုဖရဲဖြင့် ထွက်ပြေးကြ၏။

လူတော်တော်များများက ဆွံ့အသွားကြသည်။

တာ့လော့ကောင်းကင်ဂိုဏ်း၏ သခင်လေး၊ မဟာဧကရာဇ်၏မြေး၊ ဘုရင်ခန္ဓာဖြင့် ပါရမီရှင် လော့စန်းချုံးနှင့် ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူ တစ်ရာနီးပါးခန့်မှာ လုမင်၏ လုမင်၏ ရိုက်နှက်ခြင်းကို ခံခဲ့ရသည်။

ထို့ထက်၊ လော့စန်းချုံးသည် လုမင်၏ လက်နက်အဖြစ် အသုံးပြုခြင်းခံခဲ့ရပြီး အရှက်ဗြန်းဗြန်းကွဲခဲ့ရပေသည်။

တစ်ချိန်တည်းမှာပင်၊ လူတိုင်း အံ့အားသင့်သွားကြသည်။ ဒါက လုမင်သည် မည်မျှ စွမ်းအားကြီးကြောင်း သက်သေပြခဲ့သည်။

"ဟေ့ကောင်တွေ၊ မပြေးနဲ့လေ။ ဒီမှာ ဧကရာဇ်တစ်ပိုင်းအဆင့်တွေ အများကြီးရှိနေတာတောင် ဘယ်သူမှ ငါ့ကို မတိုက်ခိုက်ဝံ့ဘူးလား။ တာ့လော့ကောင်းကင်ဂိုဏ်းက မဟာဧကရာဇ်အဆင့် အင်အားစုကြီးဖြစ်ပြီး ဒီလိုဖြစ်တာ စိတ်ပျက်စရာကောင်းလွန်းတယ်"

လုမင်က လော့စန်းချုံးကို ခြေထောက်မှကိုင်ပြီး တာ့လော့ကောင်းကင်ဂိုဏ်း၏ ဧကရာဇ်တစ်ပိုင်းများနောက်သို့ ပြေးလိုက်သွားခဲ့သည်။

တာ့လော့ကောင်းကင်ဂိုဏ်းမှ ဧကရာဇ်တစ်ပိုင်းများမှာ ဒေါသကြောင့် သွေးအန်လုနီး ဖြစ်ခဲ့ကြ၏။

မင်း အရည်အချင်းရှိရင် လော့စန်းချုံးကို လွှတ်လိုက်လေ။ လော့စန်းချုံးကို သယ်ဆောင်ပြီးတော့ လိုက်ရိုက်နေမှတော့ ဘယ်လိုလုပ်ပြီး ပြန်တိုက်ခိုက်ရမှာလဲ။

ထိုဧကရာဇ်တစ်ပိုင်းတို့က သူတို့၏ နှလုံးသားထဲမှ အော်ဟစ်လိုက်ကြသည်။

"လုမင်၊ မင်းမှာ အရည်အချင်းရှိရင် ငါနဲ့လာပြီး တိုက်ခိုက်စမ်း"

ထိုအချိန်တွင် ဟန်ရှင်းဟဲ၏အသံကို နေရာအနှံ့မှ ကြားလိုက်ရသည်။

သူသည်လည်း အလွန်မပျော်မရွှင်ဖြစ်နေမိ၏။ ယွမ်တောင်မြင့်မြတ်သောကျောင်းတော်တွင် လော့စန်းချုံးက သူ၏ ကောင်းကင်ဧကရာဇ်မဟာမိတ်သို့ ဝင်ရောက်ခဲ့သည်။ ယခုတော့ လုမင်၏ ရိုက်နှက်ခြင်းကို ခံခဲ့ရပြီး သူလည်း မျက်နှာပျက်ခဲ့ရပေသည်။

ယခုအချိန်တွင် ဟန်ရှင်းဟဲနှင့် မရဏဓားက တိုက်ခိုက်မှု ရာနှင့်ချီပြီး ရင်ဆိုင်ခဲ့ပြီးပြီ ဖြစ်သည်။

မရဏဓားက တိုက်ပွဲတွင် တဖြည်းဖြည်း အရေးနိမ့်ခဲ့၏။

နောက်ဆုံးတွင်၊ ဟန်ရှင်းဟဲက အန္တိမသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်သို့ ကြာမြင့်စွာကပင် ချိုးဖြတ်ခဲ့ပြီး ဧကရာဇ်တစ်ပိုင်းဖြစ်လာရန် အလွန်နီးစပ်ခဲ့သည်။ နိယာမအပေါ် ကျွမ်းကျင်ပိုင်နိုင်မှုက မရဏဓားထက် ပိုမြင့်မားပေသည်။ ထို့ကြောင့် တိုက်ပွဲကြာလာသည်နှင့်အမျှ သူသည် တဖြည်းဖြည်း အသာစီးရခဲ့သည်။

"ဟန်ရှင်းဟဲ၊ မင်းရဲ့ ကျင့်ကြံမှုဟာ ငါ့ထက် အဆင့်နှစ်ဆင့် ပိုမြင့်ပါတယ်။ ဒါပေမဲ့ ထာဝရရဲ့သားတော်တစ်ယောက်အနေနဲ့ မင်းထက် ကျင့်ကြံမှုအဆင့်နိမ့်ပါးတဲ့ လူတစ်ယောက်ကို တကယ်တိုက်ခိုက်ချင်တယ်။ ဒါက မင်းရဲ့ မာနပဲလား။ ဒါမှမဟုတ် ဟန်မိသားစုထဲက လူတိုင်းက မင်းလိုလူတွေချည်းပဲလား"

လုမင်က လှောင်ပြောင်လိုက်သည်။

"မင်း မတိုက်ခိုက်ဝံ့ရင်လည်း ပြောစမ်းပါ"

ဟန်ရှင်းဟဲက အော်ဟစ်ပြီး မရဏဓားကို ထပ်မံတိုက်ခိုက်ခိုက်လိုက်၏။ မရဏဓားက မီတာရာဂဏန်းခန့် ဆုတ်သွားရတော့သည်။

"ဟန်ရှင်းဟဲ၊ မင်း ငါ့ကို စိတ်ဆွနေစရာမလိုပါဘူး။ ဒါပေမဲ့ ဒီနေ့မှာတော့ ငါ မင်းနဲ့ တကယ်တိုက်ခိုက်ရလိမ့်မယ်"

ထိုသို့ပြောဆိုပြီးနောက် လုမင်က တာ့လော့ကောင်းကင်ဂိုဏ်းမှ လူများကို ဆက်မလိုက်တော့ပါ။ သူက လော့စန်းချုံးကို သယ်ဆောင်ပြီး ဟန်ရှင်းဟဲဆီသို့ လျှောက်သွားသည်။

ဟွမ်လင်၊ လုံချန်နှင့် အခြားသူများအပြင် လုမင်၏ ရန်သူများပင် တုန်လှုပ်သွားကြသည်။

လုမင်က ဟန်ရှင်းဟဲကို တကယ် တိုက်ခိုက်တော့မည်လော။

လုမင်၏ တိုက်ခိုက်ရေးအင်အားက အားကောင်းသော်လည်း ဟန်ရှင်းဟဲ၏ပြိုင်ဘက် မဖြစ်နိုင်သည်မှာ သေချာသည်။

သူက မရဏဓားနှင့် ပူးပေါင်းတိုက်ခိုက်ရန် ဖြစ်လိမ့်မည်။

လူတော်တော်များများက ထိုသို့သာထင်ကြသည်။

"ငါ့ကိုလွှတ်စမ်း"

လော့စန်းချုံးက အော်ဟစ်လိုက်သည်။

"ပါးစပ်ပိတ်ထားစမ်း"

လုမင်က ငေါက်ငမ်းပြီး လော့စန်းချုံး၏ ပေါင်ခွကြားကို ကန်ကျောက်လိုက်၏။ လော့စန်းချုံးထံမှ ဝက်တစ်ကောင်အသတ်ခံရသလို နာကျင်စွာ အော်ဟစ်လိုက်‌သံက ထွက်ပေါ်လာတော့သည်။

လုမင်၏ လက်ဖဝါးမှ ရွန်းများက အဆက်မပြတ်ပေါ်လာပြီး လော့စန်းချုံး၏ ချပ်ဝတ်တန်ဆာကို ဖုံးအုပ်လိုက်သည်။ ထိုအခါ လော့စန်းချုံးက ချုပ်နှောင်ခံလိုက်ရပြီး လုံးဝ မခုခံနိုင်တော့ပေ။ လုမင်က သူ့ကို လက်နက်တစ်ခုကဲ့သို့ သယ်ဆောင်သွားသည်။

လူတိုင်း အံ့ဩသွားကြသည်။ လုမင်က လော့စန်းချုံးကို လက်နက်အဖြစ် အသုံးပြုပြီး တိုက်ခိုက်တော့မည်လော။

"မရဏဓား၊ ဟန်ရှင်းဟဲကို ကျုပ်အတွက်ထားလိုက်ပါ"

လုမင်က ရှေ့သို့တိုးလာပြီး မရဏဓား၏အနီးသို့ ရောက်လာခဲ့သည်။

"ခင်ဗျား တစ်ယောက်တည်းလား"

မရဏဓားက အံ့ဩသွား၏။

"ဘာလဲ၊ ကျုပ်ကို မယုံဘူးလား။ စိတ်မပူပါနဲ့၊ ဟန်ရှင်းဟဲကို ကျုပ်အနိုင်ယူလိုက်မယ်။ ခင်ဗျားက ဟွမ်လင်နဲ့ အခြားသူတွေကို သွားပြီးကူညီလိုက်ပါ"

လုမင်က ပြောလိုက်သည်။

"လုမင်က တော်တော်မောက်မာတာပဲ၊ ဟန်ရှင်းဟဲကို တစ်ယောက်တည်းနဲ့ တိုက်ခိုက်ချင်နေတယ်"

"နောက်ပြီးတော့ သူ့လေသံကို သတိပြုမိလား။ သူက ဟွမ်လင်တို့ကို ကူညီဖို့ မရဏဓားကို အမိန့်ပေးလိုက်တာ။ ဒါက တော်တော်ရယ်စရာကောင်းတယ်။ မရဏဓားရဲ့ စရိုက်အရ ဓားနဲ့ ချက်ချင်း ထမခုတ်ရင် သူကံကောင်းတာပဲ"

လူတချို့က တီးတိုး ပြောဆိုလိုက်ကြသည်။

လူအများအပြားက တိုက်ခိုက်နေကြသော်လည်း မလှုပ်ရှားဘဲ စောင့်ကြည့်နေကြသူများ ရှိသေးသည်။ သူတို့က အဝေးမှာရပ်ပြီး တိုက်ပွဲကို စောင့်ကြည့်နေကြခြင်း ဖြစ်သည်။ ဤအခိုက်တွင်၊ လုမင်၏စကားကို ကြားရသောအခါ အားလုံးက ခေါင်းယမ်းလိုက်ကြလေသည်။

သို့သော်လည်း နောက်ပိုင်းမြင်ကွင်းက သူတို့မျှော်လင့်ထားသည်ထက် ကျော်လွန်သွားခဲ့သည်။

မရဏဓားက ခေါင်းညိတ်ပြလိုက်သည်။ သူက ဓားအလင်းအဖြစ် ပြောင်းလဲသွားပြီး ဟန်မိသားစု၏ ဧကရာဇ်တစ်ပိုင်းကို တိုက်ခိုက်ခဲ့၏။

မရဏဓားက အလွန်ကြောက်စရာကောင်းသည်။ ဓားတစ်ချက် ခုတ်ပိုင်းခြင်းဖြင့် ဟန်မိသားစု၏ ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူသုံးဦးမှာ သေဆုံးသွားတော့သည်။

"ပြဿနာကောင်ပဲ၊ သူ့ကို အတူတူသတ်ရအောင်"

ဟန်မိသားစု၏ ဧကရာဇ်တစ်ပိုင်းများက ဒေါသတကြီး ဖြစ်သွားကြသည်။ သူတို့ထဲမှ အများစုက ပူးပေါင်းပြီး မရဏဓားကို တိုက်ခိုက်လိုက်၏။ သို့သော်လည်း မရဏဓားကို သေခြင်း၏အလင်းရောင်က ဝန်းရံထားသည်။ သူ့ပတ်ဝန်းကျင် မီတာတစ်ရာအတွင်းက သေခြင်းတရား၏ နယ်မြေတစ်ခုကဲ့သို့ပင်။

သေခြင်း၏အလင်းက ဓားအလင်းနှင့် ပေါင်းစပ်သွားသည်။ ဓားတစ်ချက်တည်းဖြင့် ရန်သူများ၏ တိုက်ခိုက်မှုကို ချိုးဖျက်ပြီး ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူများကို သတ်ပစ်လိုက်၏။

သာမန် ဧကရာဇ်တစ်ပိုင်းများက ရင်ဆိုင်နိုင်စွမ်း မရှိသလောက်ဖြစ်ပြီး ဓားတစ်ချက်တည်းဖြင့် အသတ်ခံကြရတော့သည်။

"သေခြင်းတရားရဲ့နယ်မြေ"

ထိုအခိုက်တွင်၊ မရဏဓား၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်စွမ်းအင်များ ဖြာထွက်လာသည်။ ၎င်းက သေခြင်းချီစွမ်းအင်များပင်။ ၎င်းက တာ့ယန်ဆေးမီးဖို၏ ဧရိယာတစ်ဝက်ခန့်ကို ဖုံးအုပ်လိုက်သည်။

ဧကရာဇ်တစ်ပိုင်းများက ဤသေခြင်းစွမ်းအင်ကို မြင်သောအခါ ချက်ချင်း ဆုတ်သွားကြ၏။

ဤနည်းအားဖြင့် ဟွမ်လင်၊ လုံချန်နှင့် အိုးရန်ဝူရွှမ့်တို့၏ ဖိအားက အလွန်‌လျော့ကျသွားခဲ့သည်။ သူတို့က ရန်သူများ၏ တိုက်ခိုက်မှုကို လွယ်ကူစွာ တားဆီးနိုင်ခဲ့ကြပေသည်။

ဟန်ရှင်းဟဲ၏ မျက်နှာက ပိုပြီး အကြည့်ရဆိုးလာခဲ့သည်။

သူ့ခန္ဓာကိုယ်ကို ထာဝရအလင်းက ဖုံးလွှမ်းထား၏။ သူက ထာဝရနှင့် အင်မော်တယ်နတ်ဘုရားကဲ့သို့ပင်။

"ဒုန်း"

ဟန်ရှင်းဟဲက ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ ကြောက်စရာကောင်းသော အရှိန်အဝါဖိအားက လုမင်ကို မုန်တိုင်းတိုက်ခတ်သလို တွန်းအားပေးလိုက်၏။

သူက အပိုစကားများကို မ‌ပြောလိုတော့ပေ။ တိုက်ပွဲကို အမြန်အဆုံးသတ်ပြီး လုမင်ထံမှ ကောင်းကင်ဧကရာဇ်ဓားကို ပြန်ယူလိုသည်။

"တိုက်ခိုက်ကြစို့"

လုမင်က ရေရွတ်လိုက်သည်။ သူ့ကျောရိုးမှ သွေးရောင်တောက်နေပြီး သွေးတစ်စက် ပေါ်လာခဲ့၏။ အင်အားကြီးပြီး ကြောက်စရာကောင်းသော စွမ်းအင်လှိုင်းလုံးက လုမင်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာတော့သည်။

တတိယသွေးမျိုးဆက် ဖြစ်သည်။

All Chapters