← Chapters

အခန်း ၁၉၇၄

Vol. 133 Ch. 1974

အခန်း ၁၉၇၄

Vol. 133 Ch. 1974

အပိုင်း ( 1794 ) လုမင်နှင့် ဟန်ရှင်းဟဲ။

လုမင်က တတိယသွေးမျိုးဆက်ကို ထုတ်လွှတ်ခဲ့သည်။

တတိယ သွေးမျိုးဆက်ကို အသက်မသွင်းဘဲ ဟန်ရှင်းဟဲကို ယှဉ်နိုင်မည်မဟုတ်ကြောင်း သူနားလည်ပေသည်။

ဟန်ရှင်းဟဲက ထာဝရ၏သားတော် ဖြစ်ပြီး မည်သည့်ကဏ္ဍတွင်မဆို သူ့ထက်နိမ့်ကျသူ မဟုတ်ပါ။

သူက ထာဝရနိယာမကို ကျွမ်းကျင်ပြီး ထာဝရအလင်းကို လေ့ကျင့်ထားကာ ဧကရာဇ်တစ်ပိုင်းဖြစ်လာတော့မည်ဖြစ်သည်။ သူသည် လုမင်ထက် အဆင့်နှစ်ဆင့် မြင့်၏။ သူ၏ နတ်ဘုရားစွမ်းရည် နားလည်မှုသည်ပင် လုမင်ထက် သာလွန်ပြီး ကိုးဆယ့်ကိုးရာခိုင်နှုန်းသို့ ရောက်ရှိနေပြီ ဖြစ်သည်။

ဝိညာဉ်ခန္ဓာပိုင်းမှာလည်း လုမင်က ကစဉ့်ကလျားစွမ်းအင်သုံးခုကို သန့်စင်ထားသည့်တိုင် ဟန်ရှင်းဟဲကို မမီနိုင်သေးပါ။

ဟန်ရှင်းဟဲက ထာဝရခန္ဓာဖြင့် မွေးဖွားလာခဲ့ပြီး ကောင်းကင်မှ အကာအကွယ်ပေးခြင်းခံရသူ ဖြစ်သည်။ သိုင်းဧကရာဇ်နယ်ပယ်သို့ ချိုးဖြတ်ပြီးသည်နှင့် သူ၏ ခန္ဓာကိုယ်မှာ အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာ ဖြစ်လာလိမ့်မည်။

စင်စစ်တွင်၊ ကောင်းကင်၏သားတော် အားလုံးက ထိုကဲ့သို့ပင် ဖြစ်သည်။ ဥပမာအားဖြင့် လုရှန်းရှန်း၏ ရှင်သန်ခြင်းခန္ဓာ၊ အိုးရန်မော့လီ၏ ပြန်လည်ဝင်စားခြင်းခန္ဓာနှင့် မရဏဓားတို့၏ မရဏခန္ဓာ... သူတို့အားလုံးက ထိုခန္ဓာများနှင့်အတူ မွေးဖွားလာခဲ့ကြသည်။ သူတို့က သိုင်းဧကရာဇ်နယ်ပယ်သို့ ရောက်ရှိသည်နှင့် အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာများ ဖြစ်လာကြလိမ့်မည်။

ထို့ပြင်၊ ၎င်းတို့က အထူးဝိညာဉ်ခန္ဓာများဖြင့် မွေးဖွားလာသကဲ့သို့ ‌ထူးခြားသော စွမ်းရည်များလည်း ရှိကြသည်။

ဥပမာအားဖြင့်၊ ရှင်သန်ခြင်းခန္ဓာတွင် အသက်စွမ်းအင် ပါရှိသည်။ ကစဉ့်ကလျားခန္ဓာတွင် ကစဉ့်ကလျားစွမ်းအင် ရှိ၏။ ထို့ကြောင့်၊ သူတို့၏ ဝိညာဉ်ခန္ဓာများက ပုံမှန်အားဖြင့် အဆင့်မြင့် ကောင်းကင်ဝိညာဉ်ခန္ဓာများထက် ပိုအားကောင်းကြသည်။

တစ်ဖက်မှာတော့ လုမင်ကို ကောင်းကင်သားတော်ဟု မဆိုနိုင်ပေ။

အကြောင်းမှာ၊ သူပိုင်ဆိုင်သမျှ အရာအားလုံးက လေ့ကျင့်မှုမှတစ်ဆင့် ရရှိခဲ့ခြင်းဖြစ်ပြီး သူနှင့်အတူ မွေးဖွားလာခဲ့ခြင်း မဟုတ်သောကြောင့်ပင်။

သူ၏ ဝိညာဉ်ခန္ဓာနှင့် ကစဉ့်ကလျားနိယာမ နှစ်ခုစလုံးက အဆင့်ဆင့် လေ့ကျင့်ခဲ့ရခြင်း ဖြစ်သည်။ သူက ကစဉ့်ကလျားခန္ဓာဖြင့် မွေးဖွားလာသူ မဟုတ်ပေ။

သို့သော်လည်း အခြားသူများက ဒါကို မသိခဲ့ကြပါ။ လုမင်က ကစဉ့်ကလျားနိယာမကို ကျွမ်းကျင်မှုရှိကြောင်း သိမြင်သည်နှင့် ကစဉ့်ကလျား၏သားတော်ဟု ခေါ်ခဲ့ကြသည်။

ယခုအခါ လုမင်၏ ဝိညာဉ်ခန္ဓာတွင် ကစဉ့်ကလျားစွမ်းအင်သုံးခုကို သန့်စင်ပြီးဖြစ်သောကြောင့် ဟန်ရှင်းဟဲနှင့် နှိုင်းယှဉ်ပါက အားနည်းချက်အနည်းငယ်သာ ရှိနိုင်သည်။

အခြား အာသာချက်တစ်ခုမှာတော့ သူ့တွင် သူတော်စင်နှလုံးသားနှစ်ခုနှင့် နိယာမနှစ်မျိုး ရှိနေခြင်းပင်။

သို့သော်လည်း ဤအရာက သူနှင့် ဟန်ရှင်းဟဲအကြားမှ ကွာဟချက်ကို ဖြည့်ဆည်းရန် မလုံလောက်ပါ။ ထို့ကြောင့် တတိယမြောက်သွေးမျိုးဆက်ကို လိုအပ်သည်။

တတိယသွေးမျိုးဆက်တွင် အဆုံးမဲ့စွမ်းအင်များ ပါရှိပုံရသည်။ လုမင်က လက်ရှိအဆင့်သို့ ရောက်ရှိလာပြီဖြစ်သော်လည်း ၎င်းတွင်ပါဝင်သော စွမ်းအင်က အဆုံးမရှိဟု ခံစားနေရသေးသည်။ သူက သမုဒ္ဒရာထဲမှ ရေတစ်စက်မျှသာ ချေးငှားနိုင်သည်။

ထိုအခိုက်တွင် လုမင်၏ ခန္ဓာကိုယ်မှ အဆုံးမဲ့သတ်ဖြတ်လိုစိတ်တို့ ထွက်ပေါ်လာသည်။

သူ့မျက်လုံးများက သွေးချင်းချင်း နီရဲလာသည်။ သူ၏ ရှည်လျားသော အနက်ရောင်ဆံပင်များက သွေးနီရောင်ပြောင်းသွား၏။

သူ၏အရှိန်အဝါက အဆက်မပြတ် တိုးလာနေပြီး ဟန်ရှင်းဟဲထက် မနိမ့်ကျတော့ပေ။

ဟန်ရှင်းဟဲ၏ မျက်လုံးများက အနည်းငယ် ကျဉ်းမြောင်းသွားပြီး အေးစက်စွာ ပြောလိုက်သည်။

"ပြင်ပအင်အားကို အသုံးပြုတာက နောက်ဆုံးမှာတော့ မင်းကိုယ်မင်းပဲ ဒုက္ခရောက်စေလိမ့်မယ်။ သတ်"

သူ့ပုံရိပ်က တည်နေရာရွှေ့ပြောင်းသကဲ့သို့ လုမင်ထံသို့ ပြေးဝင်သွားသည်။ တစ်ချိန်တည်းမှာပင် သူ့လက်ထဲမှာ ဓားတစ်ချောင်း ပေါ်လာခဲ့၏။ သံသယဖြစ်ဖွယ်မရှိဘဲ၊ ၎င်းက ဧကရာဇ်အဆင့်လက်နက်တစ်ခု ဖြစ်သည်။ အနားသို့ မရောက်သေးမီကပင် ဓားအလင်းက လုမင်ထံသို့ ဖြတ်သန်းလာတော့သည်။

"ဝုန်း"

လုမင်က ပို၍ ရိုးရှင်းသည်။ သူက လော့စန်းချုံးဖြင့် ဟန်ရှင်းဟဲထံ ရိုက်ထုတ်လိုက်၏။

ချပ်ဝတ်တန်ဆာအတွင်း၌ လော့စန်းချုံးက ဒေါသတကြီး အော်ဟစ်လိုက်သည်။

သူက လုမင်၏ လက်နက်တစ်ခု ဖြစ်နေပြီ။

ဟန်ရှင်းဟဲ၏ အမူအရာလည်း ပြောင်းလဲသွားသည်။ သူ့လက်ကောက်ဝတ်ကို လှန်လိုက်သည်နှင့် ဓားအလင်းက ဦးတည်ချက်ပြောင်းသွားပြီး လုမင်၏ဘေးဘက်သို့ ဖြတ်သန်းလာ၏။

သို့သော်လည်း လုမင်က လော့စန်းချုံးဖြင့် ဓားအလင်းကို တားဆီးထားလိုက်ဆဲ ဖြစ်သည်။

ဟန်ရှင်းဟဲက ဓားအလင်း၏ ဦးတည်ရာကို တစ်ဖန် ပြောင်းလဲလိုက်သည့်တိုင် အသုံးမဝင်ပေ။ လုမင်က လော့စန်းချုံးဖြင့် ဓားအလင်းကို အမြဲပိတ်ဆို့နိုင်ခဲ့သည်။

"လုမင်၊ မင်း သတ္တိရှိရင် လော့စန်းချုံးကို လွှတ်လိုက်ပြီး ငါနဲ့ တိုက်ခိုက်စမ်း"

တစ်လျှောက်လုံး ငြိမ်သက်နေခဲ့သော ဟန်ရှင်းဟဲ၏ မျက်နှာပေါ်တွင် ဒေါသခိုးများ ပေါ်လာသည်။

လုမင်က လော့စန်းချုံးကို ကိုင်ဆောင်ကာ သူနှ‌င့် တိုက်ခိုက်၏။ လော့စန်းချုံး၏ အထောက်အထားက သာမန်မဟုတ်ပေ။ သူက မဟာဧကရာဇ်၏ မြေး ဖြစ်သည်။ အဆင့်အတန်းအရ လော့စန်းချုံး၏ အဆင့်အတန်းသည် သူ့ထက် မနိမ့်ကျပေ။

လော့စန်းချုံးကို အပြင်းအထန် ဒဏ်ရာရစေလျှင် သို့မဟုတ် သေဆုံးစေပါက တာ့လော့ကောင်းကင်ဂိုဏ်း၏ မဟာဧကရာဇ်ကြီးကို စော်ကားမည်အား သူကြောက်သည်။

"တော်စမ်း၊ မင်းမှာ ဧကရာဇ်အဆင့် ဓားကောင်းတစ်လက်ရှိပေမဲ့ ငါ့မှာတော့ ဧကရာဇ်အဆင့်လက်နက် မရှိဘူး။ ဒါကြောင့် ဒါက ငါ့ရဲ့ ဧကရာဇ်အဆင့်လက်နက်ပဲ"

လုမင်က လော့စန်းချုံးဖြင့် ရိုက်ထုတ်ရင်းမှ အော်ပြောလိုက်သည်။

လော့စန်းချုံးမှာ အဆက်မပြတ် ဝှေ့ယမ်းလှည့်ပတ်ခံရခြင်းကြောင့် ခေါင်းထဲတွင် မူးဝေနေသည်။ ထိုအချိန်တွင် လုမင်၏စကားကို ကြားရသောအခါ သူ ဒေါသထွက်လွန်းသဖြင့် သွေးအန်လုနီး ဖြစ်သွား၏။

သူက ဘယ်အချိန်ကစပြီး လုမင်ရဲ့ ဧကရာဇ်အဆင့်လက်နက် ဖြစ်လာတာလဲ။

"ဒါဆိုရင် ဧကရာဇ်အဆင့်လက်နက်ကို ငါမသုံးတော့ဘူး။ ငါ မင်းနဲ့ ရိုးရိုးသားသား တိုက်ခိုက်မယ်"

ဟန်ရှင်းဟဲက အော်လိုက်သည်။

"ဧကရာဇ်လက်နက် ရှိနေတာတောင် မသုံးရအောင် မင်းက အရူးလား။ ဘာပဲဖြစ်ဖြစ် ငါကတော့ သုံးမှာပဲ"

လုမင်က လှောင်ပြောင်လိုက်သည်။ သူက ‌လော့စန်းချုံးကို ကိုင်မြှောက်ပြီး အံ့မခန်း အင်အားမျိုးဖြင့် ဟန်ရှင်းဟဲကို ရိုက်ချလိုက်၏။

လော့စန်းချုံး၏ ခန္ဓာကိုယ်ပေါ်ရှိ ချပ်ဝတ်တန်ဆာက အလွန်ထူးခြားသည်။ ၎င်းက အလွန်ခိုင်ခံ့ပြီး ဖျက်ဆီး၍ မရပေ။ လုမင်က ၎င်းကို ဗလာနယ်ဧကရာဇ်ပင်လျှင် အလွယ်တကူ ချိုးဖျက်နိုင်မည် မဟုတ်ဟု ခန့်မှန်းခဲ့မိသည်။ ဒါက သူ့အတွက် အသင့်တော်ဆုံး ဧကရာဇ်လက်နက်ပင်။

နှစ်ယောက်သား တိုက်ခိုက်မှု အနည်းငယ် ဖလှယ်ခဲ့ကြသည်။ သို့ရာတွင်၊ ဟန်ရှင်းဟဲက သူ့ခွန်အားကို အပြည့်အဝ အသုံးမချနိုင်ခဲ့ပေ။

လူများစွာက တစ်ယောက်ကိုတစ်ယောက် မျက်လုံးပြူးကာ ကြည့်လိုက်ကြသည်။

"လုမင်က တကယ်ကို အရှက်မဲ့တာပဲ"

တချို့လူများက မကျေမနပ်ဖြင့် ပြောလိုက်သည်။

"ဟားဟားဟား၊ ဟန်ရှင်းဟဲရဲ့ ကျင့်ကြံမှုက လုမင်ထက် အဆင့်နှစ်ဆင့် ပိုမြင့်မားတယ်။ အဲဒီအတွက် ဟန်ရှင်းဟဲကို အရှက်မဲ့တယ်လို့ ဘာဖြစ်လို့ မပြောတာလဲ။ လုမင်က လှည့်ကွက်တွေကို ဘာဖြစ်လို့ မသုံးနိုင်ရမှာလဲ"

လူတစ်ချို့ကတော့ လုမင်၏ အပြုအမူက ပုံမှန်ဟု ထင်ကြပေသည်။

"ကြည့်စမ်း၊ စင်မြင့်က တုံ့ပြန်နေပြီ"

ထိုအချိန်တွင် တစ်စုံတစ်ယောက်က အော်ဟစ်ပြီး ကျောက်စင်မြင့်ကို ညွှန်ပြလိုက်သည်။

ယခုအခါ တိုက်ပွဲမှာ လူတော်တော်များများ သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ တိုက်ပွဲမှာ သေဆုံးသွားသူများ၏ သွေးများကို လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုက ဆွဲဆောင်သွား၏။ သွေးများက ကျောက်စင်မြင့်ဆီသို့ ပျံသန်းသွားပြီး ရှေးဟောင်း ယဇ်ပလ္လင်ထဲကို စိမ့်ဝင်သွားတော့သည်။

ရှေးခေတ် ယဇ်ပလ္လင်က တုန်ခါလာခဲ့သည်။ ထို့နောက် ကြီးမားသော သွေးနီရောင် တံတားကြီးက ကျောက်တုံးကြီးမှ ချောက်၏ တစ်ဖက်ကမ်းသို့ ထိုးထွက်သွား၏။

သို့သော်လည်း ဧရာမ သွေးနီရောင်တံတားကြီးက အကွာအဝေးတစ်ခုအထိ ရောက်သွားပြီးနောက် ရပ်တန့်သွားခဲ့သည်။

"တံတားအတွက် သွေးစတေးတာ။ တံတားအတွက် တကယ်ကို သွေးစတေးရတာပဲ။ ဒါပေမဲ့ သွေးက မလုံလောက်သေးဘူး"

တစ်ယောက်ယောက်က အော်လိုက်သည်။

"သတ်"

နေရာတွင်၊ ကျယ်လောင်သော တိုက်ပွဲအော်သံများက ကောင်းကင်ကို တုန်လှုပ်စေခဲ့သည်။ အင်အားကြီး အင်အားစုအချို့က အားနည်းသော အင်အားစုအချို့ကို စတင်သတ်ဖြတ်ခဲ့၏။ တိုက်ပွဲတွင် ပါဝင်သူများက ပိုများလာသည်။ အခြေအနေက ဖရိုဖရဲဖြစ်၏။ လူများက အဆက်မပြတ် တိုက်ခိုက်နေကြပြီး သေဆုံးကြသူများလည်း ပိုများလာတော့သည်။

ဟန်ရှင်းဟဲ၏ မျက်လုံးများက တောက်ပသော အလင်းရောင်များ ပေါ်လာခဲ့သည်။ သူက အေးစက်စက် ကြိမ်းမောင်းလိုက်၏။

"လုမင်၊ မင်းရဲ့သွေးကို တံတားအတွက် စတေးလိုက်တော့"

ထိုသို့ပြောပြီးနောက် ဟန်ရှင်းဟဲ၏ ဓားအလင်းက ရုတ်တရက် ပိုအားကောင်းလာခဲ့သည်။ သူက လော့စန်းချုံး ထိခိုက်မည်ကို မစိုးရိမ်တော့ပေ။ သူ့ဓားက လေထုကို ဖြတ်သန်းပြီး လုမင်ဆီသို့ အဆက်မပြတ် ခုတ်ချလိုက်သည်။

လုမင်က လော့စန်းချုံးကို အသုံးပြုပြီး ရင်ဆိုင်တိုက်ခိုက်ခဲ့၏။

"ထန်..."

ဟန်ရှင်းဟဲ၏ဓားက လော့စန်းချုံးကို တိကျစွာ ခုတ်ထစ်မိကာ ကျယ်လောင်သော အသံနှင့်အတူ မီးပွားများ ဖြာထွက်လာတော့သည်။

လော့စန်းချုံး၏ ခန္ဓာကိုယ်က ပြင်းထန်စွာ တုန်ခါသွားသည်။ ကြီးမားသော အင်အားကြောင့် သူ တုန်လှုပ်သွား၏။

လုမင်၏ ခန္ဓာကိုယ်မှာလည်း ယိမ်းယိုင်သွားပြီး ခြေလှမ်းနှစ်လှမ်း နောက်ပြန်ဆုတ်သွားခဲ့ရသည်။

"ဝှစ်... ရွှစ်..."

ဟန်ရှင်းဟဲက လုံးဝ မတုံ့ဆိုင်းတော့ပါ။ သူ၏ ဓားချက်များက အင်မော်တယ်ဓားပျံကဲ့သို့ လုမင်ထံ အဆက်မပြတ် တိုးဝင်လာသည်။

လုမင်လည်း ခွန်အားအပြည့်ဖြင့် ခုခံရင်ဆိုင်ခဲ့ပေသည်။ သူက လော့စန်းချုံးကို တူတစ်လက်မဖြစ် အသုံးပြုပြီး အဆက်မပြတ် ထုနှက်ခဲ့သည်။

"ဒုန်း... ဒုန်း"

သူတို့နှစ်ဦးက ဆယ်ကြိမ်ထက်မနည်း ဆက်တိုက် ရင်ဆိုင်ခဲ့ကြသည်။ လေဟာနယ်က အဆက်မပြတ် တုန်ခါနေ၏။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်လှိုင်းများက စက်ဝိုင်းသဏ္ဍာန်ဖြင့် အရပ်ရပ်ကို ပျံ့နှံ့သွားတော့သည်။

သူတို့နှင့် နီးစပ်သူအချို့ကို လှိုင်းလုံးကြီးများက ရိုက်ခတ်သွားကြသည်။ ထိုအခါ သူတို့အားလုံး၏ မျက်နှာများက ဖြူဖျော့ပြီး နောက်ကိုဆုတ်သွားရပေသည်။

လူများစွာတို့ တုန်လှုပ်သွားကြသည်။ ဤတိုက်ခိုက်ရေးစွမ်းရည်မျိုးသည် အလွန် ကြောက်စရာကောင်း၏။ သာမာန်ဧကရာဇ်တစ်ပိုင်းတို့က သူတို့ထံမှ တိုက်ခိုက်မှုလှိုင်းကိုပင် မခံနိုင်ကြပေ။

သို့ရာတွင်၊ လုမင်က ဟန်ရှင်းဟဲကို အမှန်တကယ် တိုက်ခိုက်နိုင်ခဲ့ခြင်းက သူတို့ကို ပို၍ အံ့သြသွားစေသည်။

ဒါက လူတော်တော်များများအတွက် စိတ်တည်ငြိမ်မှုရှိစေရန် ခက်ခဲပေသည်။

ဟဲမိသားစု၊ တာ့လော့ကောင်းကင်ဂိုဏ်းနှင့် တစ်ခုတည်းသောနတ်နန်းတော်ကဲ့သို့ အင်အားစုကြီးများ...

ရှေးဟောင်းလမြင့်မြတ်နယ်မြေမှ ဝမ်မျိုးနွယ်၊ ရွှေကျီးကန်းမျိုးနွယ်နှင့် ကောင်းကင်ဝံပုလွေမျှော်စင်တို့လည်း တုန်လှုပ်သွားကြ၏။

လုမင်က ယခုအခါ ဟန်ရှင်းဟဲကို ယှဥ်နိုင်နေပြီ။ ဤတိုးတက်မှု အမြန်နှုန်းက အံ့မခန်းဖြစ်ပြီး ကြောက်စရာကောင်းလွန်းသည်။

All Chapters