← Chapters

အခန်း ၁၉၇၆

Vol. 133 Ch. 1976

အခန်း ၁၉၇၆

Vol. 133 Ch. 1976

အပိုင်း ( 1976 ) ဟန်ရှင်းဟဲ ရှုံးနိမ့်ပြီ။

ဟန်ရှင်းဟဲ၏ တိုက်ခိုက်နိုင်စွမ်းကြောင့် လူတိုင်း တုန်လှုပ်သွားကြသည်။

အစောပိုင်းက သူ့စွမ်းအားကို အပြည့်အဝ အသုံးမချခဲ့မှန်း လူတိုင်း သိလိုက်ရ၏။ ယခုမူ သူက သူ့စွမ်းအားကို အပြည့်အ၀ ထုတ်လွှတ်လိုက်သောအခါ လုမင်က တစ်ချက်တည်းဖြင့် မိုင်တစ်ရာခန့်အထိ တွန်းထုတ်ခြင်း ခံလိုက်ရတော့သည်။

ထိုအချိန်တွင် ဟွမ်လင်၊ လုံချန်နှင့် အခြားသူများက စိုးရိမ်ပူပန်လာကြသည်။

သူတို့ဘက်မှ အခြေအနေများကတော့ အများကြီး တိုးတက်နေပြီ။ မရဏဓား‌ ရောက်လာပြီးနောက် သူတို့အပေါ် ဖိအားများ အလွန်‌လျော့ကျသွားသည်။

သာမန်ဧကရာဇ်တစ်ပိုင်းများကို မရဏဓားက ချက်ချင်း သတ်ပစ်ခဲ့၏။ ယခုအချိန်အထိဆိုလျှင် ဧကရာဇ်တစ်ပိုင်းများစွာက မရဏဓား၏လက်တွင် သေဆုံးသွားခဲ့ပြီ ဖြစ်သည်။ သွေးများကိုတော့ စင်မြင့်မှ စုပ်ယူသွားပြီး သွေးနီရောင်တံတားကလည်း ပို၍ ရှည်လျားလာတော့သည်။ ၎င်းက အရှေ့ဘက်သို့ ထိုးထွက်သွားပြီး အဆုံးကိုပင် မမြင်နိုင်ဘဲ ပျောက်ကွယ်သွားခဲ့သည်။ ထိုအချိန်တွင် တစ်ဖက်ကမ်းကို ရောက်နိုင်မလားဆိုတာကိုတော့ ဘယ်သူမှ မသိကြသေးပေ။

ဟန်ရှင်းဟဲက လုမင်ဆီသို့ တစ်လှမ်းချင်း လျှောက်သွားသည်။

သူ့ခန္ဓာကိုယ်ကို ဖောက်ထွင်းမြင်နိုင်သော ခေါင်းလောင်းကြီးဖြင့် ဖုံးအုပ်ထား၏။ ၎င်းက ကြည်လင်လွန်းသဖြင့် ဟန်ရှင်းဟဲ၏ ရုပ်သွင်ကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

"လုမင်၊ မင်းက ငါ့ရဲ့ပြိုင်ဘက် မဟုတ်ဘူး။ ထာဝရရဲ့အရှေ့မှာ အရာအားလုံးက အသုံးမဝင်ဘူး။ သတ်"

ဟန်ရှင်းဟဲက လျစ်လျူရှုစွာ ပြောလိုက်သည်။ သူက သေမျိုးများကို နှိမ့်ချရှုမြင်သော နတ်ဘုရားတစ်ပါးအဖြစ် ပြောင်းလဲသွားပုံရ၏။

"ဒေါင်..."

ထာဝရနတ်ဘုရားခေါင်းလောင်းက ဒုတိယအကြိမ် တုန်ခါသွားကာ ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းများက လွင့်ပျံလာသည်။ ဟင်းလင်းပြင်က ရေမျက်နှာပြင်ကဲ့သို့ လှိုင်းထလာပြီး ထောင်နှင့်ချီသော စစ်သည်များနှင့် မြင်းများကဲ့သို့ လုမင်ထံ ဖြတ်သန်းလာတော့သည်။

"နောက်ဆုတ်"

လုမင်၏ အနောက်ဘက်ရှိ လူတချို့က လန့်ဖျပ်သွားကြသည်။ သူတို့က ငြိစွန်းမည်ကို စိုးရိမ်စွာဖြင့် အသည်းအသန် ဆုတ်သွားကြ၏။

သူတို့၏အင်အားဖြင့် ဤတိုက်ခိုက်မှုကို ရင်ဆိုင်မိလျှင် ချက်ချင်း သေဆုံးသွားမည်မှာ သေချာသည်။

လုမင်၏ မျက်နှာက လေးနက်လာခဲ့သည်။ သူက သူ့ခွန်အားကို အဆုံးစွန်ထိ ထုတ်ဖော်ပြီး ခုခံလိုက်၏။

ထိုက်ကျိအစီရင်ဓာတ်ပြားက ပျံထွက်သွားပြီး ရှေ့ကို ဖိနှိပ်လိုက်သည်။

တစ်ချိန်တည်းမှာပင် ငရဲဖိနှိပ်ကောင်းကင်သိုင်းနှင့် ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းတို့ကို အစွမ်းကုန် ထုတ်ဖော်လိုက်၏။

သို့သော်လည်း အသုံးမဝင်ပေ။

ထိုက်ကျိအစီရင်ဓာတ်ပြားက ပြန်လည်လွင့်စဉ်သွားခဲ့သည်။

ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းနှင့် ငရဲဖိနှိပ်ကျောက်စာတိုင်ပုံရိပ်တို့မှာလည်း ၎င်းကို မတားဆီးနိုင်ဘဲ တိုက်ရိုက် ကွဲအက်သွား၏။

ဒါဟာ ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း သို့မဟုတ် ငရဲဖိနှိပ်ကောင်းကင်သိုင်းတို့က အစွမ်းမထက်ခြင်းကြောင့် မဟုတ်ပေ။ လုမင်၏ ကျင့်ကြံမှုက မလုံလောက်သဖြင့် ၎င်းတို့ကြားတွင် ကွာဟချက်တစ်ခု ရှိနေခဲ့သည်။ ဤစွမ်းရည်နှစ်ခုကို အပြည့်အဝ အသက်ဝင်စေရန်အတွက် ခက်ခဲခဲ့ပေသည်။

"ဝုန်း..."

လုမင်က နောက်သို့ ဆုတ်သွားခဲ့ရသည်။ ဤတစ်ကြိမ်တွင်၊ သူ့နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာတော့သည်။

"လုမင်၊ မင်းက ငါ့ရဲ့တိုက်ခိုက်မှုနှစ်ခုကို တားဆီးနိုင်တာ မဆိုးဘူးလို့ ဆိုရမယ်။ ဒါပေမဲ့ ဒီနေ့မှာ မင်းရဲ့ကံကြမ္မာက သတ်မှတ်ထားပြီးပြီ"

"သတ်၊ အရာအားလုံး ဆိတ်ငြိမ်ခြင်း"

ဟန်ရှင်းဟဲက အော်လိုက်သည်။

"ဒေါင်..."

ထာဝရ နတ်ဘုရားခေါင်းလောင်းက တတိယအကြိမ် တုန်ခါသွားသည်။

ဤတစ်ကြိမ်တွင် စွမ်းအားက ပို၍ ကြောက်စရာကောင်းသည်။ ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းများက တပ်မဟာတစ်ခုအဖြစ်သို့ ပြောင်းလဲသွား၏။ ၎င်းတို့က ဒဏ္ဍာရီထဲမှ ကောင်းကင်စစ်သည်များကဲ့သို့ လက်နက်မျိုးစုံကို ကိုင်ဆောင်ထားပြီး ထူးဆန်းသော သားရဲများကိုလည်း စီးနင်းထားကြသည်။ သူတို့ထံမှ အဆုံးမဲ့သတ်ဖြတ်ချင်စိတ်များက ကောင်းကင်ထိတိုင် ဖြာတက်နေတော့သည်။

ယခုအကြိမ် တိုက်ခိုက်မှုက ပို၍ပင် ကြောက်စရာကောင်းသည်မှာ သေချာသည်။ လုမင်က နောက်သို့ ထပ်မံပြန်ဆုတ်သွားခဲ့ရသည်။ သူက သွေးတစ်ပွက်ကို အန်ထုတ်လိုက်ရပြီး သူ့မျက်နှာမှာ ဖြူဖျော့သွား၏။

"ငါနဲ့ မျိုးဆက်တူသူတွေထဲမှာ မင်းက ငါ့ရဲ့ ထာဝရ နတ်ဘုရားခေါင်းလောင်းမြည်သံ သုံးချက်ကို ခံနိုင်ရည်ရှိတဲ့ ပထမဆုံးသူပဲ။ ကောင်းကင်ဧကရာဇ်ရဲ့ဓားကို လွှဲပြောင်းပေးပါ၊ ဒါဆိုရင် မင်းရဲ့ အလောင်းကို အကောင်းအတိုင်း ချန်ထားပေးမယ်"

ဟန်ရှင်းဟဲက တည်ငြိမ်စွာ ပြောလိုက်သည်။ သူ၏ အဖြူရောင်ဝတ်စုံက လေထဲတွင် တဖျတ်ဖျတ်လှုပ်ရှားနေပြီး အလွန်အရှိန်အဝါကြီးမား၏။

သူက အနိုင်ရရှိရန် သေချာနေသကဲ့သို့ လုမင်ထံ တည်ငြိမ်စွာ လျှောက်သွားသည်။

"ဟားဟားဟား၊ ဒီစွမ်းအားက တကယ်ကို မဆိုးပါဘူး၊ ဒါပေမဲ့... မလုံလောက်သေးဘူး"

လုမင်က ရယ်မောလိုက်သည်။ ဤအခိုက်တွင် သူ့မျက်လုံးများက အေးစက်နေ၏။

သူက ဒါကို စမ်းကြည့်ရန်မှတပါး ရွေးချယ်စရာမရှိတော့ပုံပင်။

ယခုအချိန်တွင် သူက တတိယသွေးမျိုးဆက်မှ စွမ်းအားကိုသာ ချေးယူနိုင်သည်။

တတိယသွေးမျိုးဆက်က ထူးဆန်းလွန်းသည်။ ထို့ကြောင့် လုမင်သည် တတိယသွေးမျိုးဆက်၏ စွမ်းအားကို ချေးငှားရန် အမြဲရှောင်နေခဲ့သော်လည်း ယခုတော့ သူ့တွင် ရွေးချယ်စရာမရှိတော့ပေ။

"စမ်းအား... လာစမ်း"

လုမင်၏ မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်တို့ ပေါ်လာခဲ့သည်။

"ဝုန်း"

သွေးရောင်စွမ်အားများက မြင့်တက်လာပြီး အကန့်အသတ်မဲ့ စွမ်းအင်များက လုမင်၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာ၏။

"ယား...."

လုမင်က အော်ဟစ်လိုက်သည်။ သူ့အသံက သားရဲတစ်ကောင်ကဲ့သို့ဖြစ်ပြီး ကြောက်မက်ဖွယ်ရာ သတ်ဖြတ်ချင်စိတ်တို့မှာလည်း ပတ်ဝန်းကျင်ကို ဖုံးလွှမ်းသွားတော့သည်။

ဤသတ်ဖြတ်ချင်စိတ်ကို ခံစားမိသောအခါ ဟန်ရှင်းဟဲ၏ အမူအရာက ပြောင်းလဲသွားသည်။

ဤသတ်ဖြတ်ချင်စိတ်က သူ့အား အနှိုင်းမဲ့ စွမ်းအားကြီးပြီး ဘာကိုမျှဂရုမစိုက်သည့် တည်ရှိမှုတစ်ခုကို ရင်ဆိုင်နေရသည်ဟု ခံစားရစေသည်။ ၎င်းက သက်ရှိအားလုံးကို သတ်ဖြတ်ပြီး အရာအားလုံးကို ဖျက်ဆီးပစ်တော့မည်ကဲ့သို့ပင်။

"ဂျွတ်..."

ထိုအချိန်တွင်၊ လုမင်၏ ခန္ဓာကိုယ်က ဖောင်းကြွလာသည်။ သူ့ခန္ဓာကိုယ်မှ အရိုးချွန်များ ထွက်ပေါ်လာ၏။ ၎င်းက ငရဲပြည်မှ တက်သွားသော နတ်ဆိုးတစ်ကောင်ကဲ့သို့ လုမင်ကို အနည်းငယ် ရိုင်းစိုင်းလာစေသည်။

ဟွမ်လင်၊ လုံချန်၊ အိုးရန်ဝူရွှမ့်နှင့် ကျန်သူများပင် အနည်းငယ် တုန်လှုပ်သွားကြသည်။

လုမင်ကို ဤအခြေအနေမျိုးဖြင့် တစ်ခါမှ မမြင်ဖူးကြပေ။

"ဟန်ရှင်းဟဲ၊ မင်းရဲ့ခေါင်းလောင်းကို ငါဘယ်လိုဖျက်ဆီးမလဲဆိုတာ ကြည့်ထား"

လုမင်က ကြုံးဝါးလိုက်သည်။ သူ့မျက်လုံးများက ရက်စက်ကြမ်းကြုတ်ပြီး အဆုံးမဲ့သတ်ဖြတ်ရန် ရည်ရွယ်ချက်များဖြင့် ပြည့်နှက်နေ၏။

သို့သော်လည်း လုမင်၏ လက်ရှိ ကျင့်ကြံမှုက ယခင်ကဲ့သို့ မဟုတ်တော့ပေ။ သူ၏ သတ်ဖြတ်ရန် ရည်ရွယ်ချက်မှာ အဆုံးမရှိသော်လည်း အသိစိတ်မပျောက်ခဲ့ပါ။

"ဝှစ်..."

လုမင်၏ရုပ်သွင်က ရုတ်တရက် လှုပ်ရှားလိုက်သည်။ နောက်အခိုက်တွင်၊ သူက ဟန်ရှင်းဟဲ၏ရှေ့မှာ ချက်ချင်း ပြန်ပေါ်လာ၏။

လုမင်က မြန်ဆန်လွန်းသဖြင့် သူ မည်ကဲ့သို့ လှုပ်ရှားခဲ့သည်ကို မည်သူမျှ မမြင်လိုက်ကြပေ။

"ဝှစ်..."

လုမင်က လက်သည်းများဖြင့် ကုတ်လိုက်သည်။

ယခုအချိန်တွင်၊ လုမင်၏ လက်သည်းများကလည်း ပိုရှည်လာခဲ့သည်။ ၎င်းတို့က ချွန်ထက်သော ဓားများကဲ့သို့ဖြစ်ပြီး ဟန်ရှင်းဟဲကို ကုပ်ခြစ်လိုက်၏။

ဟန်ရှင်းဟဲ၏ မျက်နှာအမူအရာက ပြောင်းလဲသွားပြီး လျင်မြန်စွာ တိုက်ခိုက်လိုက်သည်။

"ဒေါင်..."

ထာဝရ နတ်ဘုရားခေါင်းလောင်းက တုန်ခါသွားသည်။ ယခင်ကထက် ပိုကြောက်စရာကောင်းသော အသံလှိုင်းများ ထွက်လာ၏။

အသံလှိုင်းက လုမင်၏ လက်သည်းများနှင့် တိုက်မိပြီး ပြင်းထန်သော ဆူညံသံများ ထွက်ပေါ်လာတော့သည်။

သို့သော်လည်း အဆုံးတွင် လုမင်က ဟိန်းဟောက်ပြီး အသံလှိုင်းကို သူ့လက်ဖြင့် ဖျက်ဆီးပစ်ခဲ့သည်။

နောက်အခိုက်အတန့်တွင်၊ လုမင်က ဟန်ရှင်းဟဲထံသို့ လျင်မြန်စွာ ချဉ်းကပ်သွားပြီး လက်သီးဖြင့် ထိုးနှက်လိုက်၏။

"ဒုန်း"

ဤလက်သီးချက်က ထာဝရ နတ်ဘုရားခေါင်းလောင်းပေါ်သို့ ကျရောက်သွားပြီး ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ထွက်ပေါ်လာသည်။ ထာဝရနတ်ဘုရားခေါင်းလောင်းက ပြင်းထန်စွာ တုန်ခါသွားသည်။ ဟန်ရှင်းဟဲ၏ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး သူ့ခန္ဓာကိုယ်မှာလည်း အမြောက်ဆံတစ်ခုပမာ လွင့်စဉ်သွားတော့သည်။

"ဝှစ်..."

လုမင်က လေထဲသို့ ခြေတစ်ချက်လှမ်းလိုက်သည်။ သူက နေရာရွှေ့ပြောင်းသကဲ့သို့ ဟန်ရှင်းဟဲ၏အနားတွင် ချက်ချင်း ပြန်ပေါ်လာ၏။ သူက လက်နှစ်ဖက်စလုံးဖြင့် သားရဲရိုင်းတစ်ကောင်ပမာ တိုက်ခိုက်တော့သည်။

"တုန်ခါစေ"

ဟန်ရှင်းဟဲက အော်ဟစ်လိုက်သည်။ ထာဝရ နတ်ဘုရားခေါင်းလောင်းက တစ်ဖန် တုန်ခါသွား၏။ ကြောက်မက်ဖွယ်ကောင်းသော အသံလှိုင်းတစ်ခုကလည်း ထွက်ပေါ်လာပြန်သည်။

ဤတစ်ကြိမ်တွင် အသံလှိုင်းက ပိုကြောက်စရာကောင်းသည်။ ၎င်းက တော်ရုံဧကရာဇ်တစ်ပိုင်းများ ခုခံရန် မဖြစ်နိုင်သလောက် စွမ်းအားကြီး၏။

"ဒုန်း... ဒုန်း... ဒုန်း"

လုမင်၏ လက်သီးများက သွေးနီရောင် စွမ်းအင်ဖြင့် ဖုံးလွှမ်းထားသည်။ ၎င်းက ဖျက်ဆီးမရနိုင်အောင် မာကျောပြီး ၎င်းချိုးဖျက်မရနိုင်သောအရာလည်း မရှိပေ။ ထိပ်တိုက် တွေ့ဆုံပြီးနောက် နောက်ဆုံးတွင် အသံလှိုင်းများ ပျက်စီးသွားသည်။

ထို့နောက်တွင် သူက ထာဝရ နတ်ဘုရားခေါင်းလောင်းကို လက်သီးဖြင့် ထိုးနှက်လိုက်၏။

ထာဝရနတ်ဘုရားခေါင်းလောင်းက ဟန်ရှင်းဟဲ၏ ထာဝရနိယာမဖြင့် ဖွဲ့စည်းထားသော နတ်ဘုရားစွမ်းရည်တစ်မျိုး ဖြစ်သည်။ သို့သော်လည်း ယခုအချိန်တွင် အက်ကြောင်းများ အမှန်တကယ် ပေါ်လာခဲ့ချေပြီ။

ထို့ပြင်၊ လုမင်က ထာဝရနတ်ဘုရားခေါင်းလောင်းကို အဆက်မပြတ် ထိုးနှက်တိုက်ခိုက်ခဲ့သည်။ ထာဝရနတ်ဘုရားခေါင်းလောင်းတွင် အက်ကြောင်းများ ပိုများလာ၏။ အဆုံးတွင် ပေါက်ကွဲသံတစ်ချက်နှင့်အတူ လုံးဝ ကွဲကြေသွားတော့သည်။

ဟန်ရှင်းဟဲ၏ မျက်နှာက ဖြူဖျော့သွားသည်။ သူက သွေးတစ်ပွက်အန်ပြီး ပြန်ဆုတ်သွား၏။

သို့သော်လည်း လုမင်၏ အရှိန်က အံ့အားသင့်စရာပင်။ သူက ဟန်ရှင်းဟဲကို ချက်ချင်း ဖမ်းမိပြီး ပြင်းထန်စွာ ဆက်လက် တိုက်ခိုက်ခဲ့သည်။

ဟန်ရှင်းဟဲလည်း သူ၏ ဧကရာဇ်အဆင့်ဓားကို ထပ်မံထုတ်ယူပြီး အစွမ်းကုန်သုံးကာ ဓားချက်များ ထုတ်ဖော်လိုက်သည်။

သို့သော်၊ လုမင်ကို လုံးဝ မတားဆိးနိုင်တော့ပါ။

ဤအခိုက်အတန့်တွင်၊ လုမင်က တတိယသွေးမျိုးဆက်၏ စွမ်းအားကို သူ့အကန့်အသတ်ထိ ဆွဲယူထားခဲ့သည်။ ယခုအခါ လုမင်က သူ၏ အသိစိတ် အရိပ်အယောင်ကိုသာ ထိန်းထားနိုင်တော့သည်။ အကယ်၍၊ တတိယသွေးမျိုးဆက်၏ စွမ်းအားကို ဆက်လက် ချေးယူပါက လုမင်သည် အဆုံးမရှိ သတ်ဖြတ်ချင်စိတ်တို့တွင် နစ်မြှုပ်သွားကာ သတ်ဖြတ်ရန်ကိုသာသိသော ရုပ်သေးရုပ်ဖြစ်လာမည် ဖြစ်သည်။

ဤအခိုက်တွင်၊ လုမင်၏ စွမ်းအားက မည်မျှကြမ်းတမ်းမည်ကို နားလည်နိုင်ပေသည်။

အနည်းငယ် လှုပ်ရှားရုံဖြင့် ဟန်ရှင်းဟဲက သွေးအန်ပြီး လွင့်စဉ်သွားခဲ့သည်။

အဝေးတွင်၊ လော့စန်းချုံးက လိပ်ပြာလွင့်မတတ် ကြောက်ရွံ့နေသည်။

လုမင်က မည်သို့သော မကောင်းဆိုးရွား ဖြစ်သနည်း။ သူက ဟန်ရှင်းဟဲကိုပင် အနိုင်ယူနိုင်ခဲ့သည်။ သူက ပြိုင်ဘက်ကင်းနေပြီ။

'မဖြစ်ဘူး၊ ငါတို့ ဒီကနေ ထွက်သွားတဲ့အခါ သူ့ကိုသတ်ဖို့ အဖိုးကို ကျွမ်းကျင်သူတွေ စေလွှတ်ခိုင်းရမယ်။ သူ့ကို အသေသတ်ရမယ်'

လော့စန်းချုံးက သူ့စိတ်ထဲမှ ဟိန်းဟောက်လိုက်သည်။ လုမင် မသေလျှင် အနာဂတ်မှာ သူသေရလိမ့်မည်ဟု ခံစားချက်မျိုးကို ရရှိနေခဲ့ပေသည်။

All Chapters