← Chapters

အခန်း ၁၉၇၇

Vol. 133 Ch. 1977

အခန်း ၁၉၇၇

Vol. 133 Ch. 1977

အပိုင်း ( 1977 ) ကောင်းကင်ဧကရာဇ်၏ ခန္ဓာ။

လော့စန်းချုံးက တုန်လှုပ်သွားသည်။ အခြားသူများမှာလည်း အလွန်တုန်လှုပ်သွား၏။

ဟန်ရှင်းဟဲက ရှုံးသွားပြီ။

သူသည် မျိုးဆက်ဟောင်း ကျွမ်းကျင်သူတစ်ဦးထံ ရှုံးနိမ့်ခြင်းမဟုတ်သလို လူအများ၏ ဝန်းရံတိုက်ခိုက်မှုဖြင့် ရှုံးနိမ့်ခြင်းလည်း မဟုတ်ခဲ့ပါ။ ထိပ်တိုက်ရင်ဆိုင်မှုတွင် အခြားလူငယ်တစ်ဦးကို ရှုံးနိမ့်ခဲ့ခြင်း ဖြစ်သည်။

ယွမ်တောင်၏ နံပါတ်တစ် ပါရမီရှင် ဟန်ရှင်းဟဲက ပြိုင်ဘက်ကင်းခြင်း၏ ဒဏ္ဍာရီ ဖြစ်သည်။ ဒီနေ့မှာတော့ သူ့ရဲ့ဒဏ္ဍာရီက ပြိုပျက်သွားခဲ့ပြီ။

ဟုတ်သည်၊ ဒါက အခြားဒဏ္ဍာရီတစ်ခု မွေးဖွားလာခဲ့ခြင်းကို သက်သေပြခဲ့သည်။

‌‌ယနေ့ အဖြစ်အပျက်များသာ ပြန့်နှံ့သွားလျှင် ယွမ်တောင်တစ်ခုလုံး တုန်လှုပ်သွားလိမ့်မည်။

အထူးသဖြင့်၊ ဟန်မိသားစုမှလူများက ၎င်းတို့၏ ယုံကြည်ခြင်းကို ဆုံးရှုံးခဲ့ရပြီး လွန်စွာ ထိတ်လန့်သွားပုံရသည်။

ဟန်ရှင်းဟဲက ဟန်မိသားစု၏ ဂုဏ်ယူရသော ပါရမီရှင် ဖြစ်သည်။ သူသည် စတင်လေ့ကျင့်ချိန်မှစ၍ မျိုးဆက်တူများကြားတွင် တစ်ခါမျှ ရှုံးပွဲမရှိခဲ့ပေ။

သို့သော်လည်း ယနေ့မှာတော့ သူရှူံနိမ့်သွားပြီ ဖြစ်သည်။

ဟွမ်လင်၊ လုံချန်နှင့် သူတို့ဘက်မှ ကျင့်ကြံသူများမှာတော့ ဝမ်းသာအားရ ဖြစ်သွားကြတော့သည်။

လုမင်က ဟန်ရှင်းဟဲကို အနိုင်ယူခဲ့ပြီး အခြေအနေ လုံး ပြောင်းလဲသွားနိုင်သည်။

"ဟမ့်၊ သူက လျှို့ဝှက်ကျင့်စဉ်တစ်ခုကို အသုံးပြုခဲ့ရုံပါပဲ။ ဒီလျှို့ဝှက်ကျင့်စဉ်ကို အသုံးပြုခဲ့တာကြောင့် အချိန်တန်ရင် သူက လုံးဝ ပျက်စီးသွားမလား ဒါမှမဟုတ် သူ့ခွန်အားက သိသိသာသာ အးနည်းသွားမလားဆိုတာ ဘယ်သူသိမှာလဲ။ ခဏတာ အရေးသာတာက ဘာမှအထင်ကြီးစရာမရှိဘူး"

လော့စန်းချုံးက လွန်စွာ မပျော်မရွှင်ဖြစ်နေသည်။ သူ့အသံက နေရာအနှံ့သို့ ပျံ့နှံ့သွား၏။

ဟုတ်သည်၊ သူက လုမင်နှင့် ပိုမိုဝေးကွာသွားပြီး အချိန်‌မရွေး ပြေးရန် အသင့်ပြင်ထးပေသည်။

လော့စန်းချုံး၏ စကားကြောင့် လူအများ၏ မျက်လုံးများက အရောင်ပြောင်းသွားသည်။

မမှားပေ၊ လုမင်၏ အခြေအနေက အလွန်ကြောက်စရာကောင်းသော လျှို့ဝှက်ကျင့်စဥ်ကို အသုံးပြုထားခြင်းဖြစ်ကြောင်း ထင်ရှားသည်။

ထိုသို့သော လျှို့ဝှက်ကျင့်စဉ်က လူတစ်ယောက်၏ ခွန်အားကို အမှန်တကယ် တိုးမြင့်လာစေသော်လည်း အကျိုးဆက်များက ကြောက်စရာကောင်းပေသည်။ သူက တိုက်ရိုက် ပျက်စီးသွားမည်ဟု မဆိုနိုင်သော်လည်း ၎င်း၏အနာဂတ် ကျင့်ကြံမှုအပေါ် သက်ရောက်မှုရှိမည် ဖြစ်သည်။ ထိုအခြေအနေတွင်၊ လုမင်က ဟန်ရှင်းဟဲကို ယှဉ်နိုင်မည် မဟုတ်ပေ။

လုမင်အပေါ် ရန်ငြိုးထားရှိသူအားလုံးက ဤသို့ဖြစ်မည်ဟု မျှော်လင့်ကာ နှလုံးသားထဲမှ ဆုတောင်းခဲ့ကြသည်။

တစ်ဖက်တွင်၊ လုမင်ကတော့ အပြင်လူများ၏ အသံများကို အာရုံစိုက်ရန် အလွန်ပျင်းရိသည်။ သူက ဟန်ရှင်းဟဲဆီသို့ ဆက်လက် ပြေးသွားခဲ့၏။

ထိုအချိန်တွင် လုမင်၏ သတ်ဖြတ်လိုစိတ်က ပို၍ ပြင်းထန်လာသည်။ ဟန်ရှင်းဟဲက ထာဝရ၏သားတော် ဟုတ်ခြင်း၊မဟုတ်ခြင်းကို သူ ဂရုမစိုက်တော့ပါ။ သူ့ကိုသတ်ရမည် ဖြစ်သည်။

ဟန်ရှင်းဟဲ၏ မျက်နှာက မည်းမှောင်သွားသော်လည်း လုမင်ကို လုံးဝ ရင်ဆိုင်ဝံ့ခြင်းမရှိတော့ပေ။ သူက သက်တန့်အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး သွေးနီရောင်တံတားဆီသို့ ပြေးသွားခဲ့သည်။

"ဝှစ်..."

လုမင်က နောက်မှ အနီးကပ်လိုက်သွားခဲ့ပြီး သွေးနီရောင်တံတားဆီသို့ ပြေးသွား၏။

“တံတားက ချောက်ရဲ့တစ်ဖက်ကမ်းကို ရောက်နေပြီထင်တယ်"

"ဟန်ရှင်းဟဲက တစ်ခုခုတော့ သိထားရမယ်။ အခု သူက တံတားဆီကို အပြေးအလွှား သွားနေတာဆိုတော့ တံတားက တစ်ဖက်ကမ်းကိုရောက်ပြီး နဝမမြောက်ကမ္ဘာနဲ့ ဆက်သွယ်ပြီးလောက်ပြီ"

"သွားကြစို့"

ဟန်မိသားစု၏ ဧကရာဇ်တစ်ပိုင်းများ၊ တာ့လော့ကောင်းကင်ဂိုဏ်းနှင့် ရွှေကျီးကန်းမျိုးနွယ်တို့ အပါအဝင် အခြားသူများလည်း တံတားကြီးဆီသို့ ပြေးသွားကြသည်။

မူလက ပြင်းထန်သော ဖရိုဖရဲ တိုက်ပွဲသည်လည်း ယခုအချိန်တွင် ရပ်တန့်သွား၏။

လူများအားလုံးက ဧရာမတံတားကြီးပေါ်သို့ ပြေးတက်ကာ ရှေ့သို့ ပြေးသွားကြတော့သည်။

"ကျုပ်တို့လည်းသွားကြစို့"

အိုးရန်ဝူရွှမ့်၊ ဟွမ်လင်၊ လုံချန်နှင့် ကျန်သူများလည်း အဖွဲ့ကို ဦးဆောင်ကာ ဧရာမတံတားဆီသို့ ပြေးသွားကြသည်။

သူတို့ တံတားပေါ်သို့ တက်သွားပြီးနောက် တာ့ယန်ဆေးမီးဖိုက လျင်မြန်စွာ ကျုံ့သွားပြီး လုမင်ဆီသို့ ပျံသန်းသွားခဲ့သည်။ ၎င်းက လုမင်၏ မျက်ခုံးနှစ်ခုကြားသို့ ပျံသွားပြီး ပျောက်ကွယ်သွား၏။

ဟန်ရှင်းဟဲက အံ့မခန်း အရှိန်အဟုန်ဖြင့် ရှေ့ဆုံးသို့ ရောက်နေသော်လည်း လုမင်က ၎င်းတို့ကြားရှိ အကွာအဝေးကို ထိန်းထားနိုင်ဆဲ ဖြစ်သည်။

မကြာမီ၊ တံတားက ထူထပ်သော မြူပင်လယ်ကို ဖြတ်သန်းသွားကြောင်း တွေ့လိုက်ရသည်။

လူများစွာ တုန်လှုပ်သွားကြ၏။ မြူခိုးများ၏ နောက်ကွယ်မှာက နဝမ‌မြောက်ကမ္ဘာ ဖြစ်မည်လော။

နဝမမြောက်ကမ္ဘာကို ပြင်ပမှ တိုက်ရိုက်ဝင်ရောက်၍ မရပေ။ ထို့ပြင် ၎င်းက အင်မော်တယ်ကမ္ဘာဟု ဆိုကြသည်။ ထိုနေရာတွင် ဘယ်လိုအရာမျိုး ရှိမည်နည်း။

ဟန်ရှင်းဟဲက မြူခိုးထဲသို့ ပထမဆုံး ပြေးဝင်ခဲ့သော်လည်း လုမင်က နောက်မှ အနီးကပ် လိုက်သွားခဲ့သည်။

လုမင်သည် မြူခိုးထဲသို့ ပြေးသွားပြီးနောက် ဗလာနယ်ကြီး ဖြစ်သွားသည်ကို တွေ့လိုက်ရသည်။

ဟုတ်သည်၊ အဆုံးမဲ့ဟာဟင်းလင်း ဖြစ်၏။

ပြင်ပကမ္ဘာ၏ ကြယ်ရောင်စုံကောင်းကင်ကဲ့သို့ နေရာမျိုးက ဤနေရာတွင် မရှိပေ။ အားလုံးက လဟာပြင်ကြီး ဖြစ်သည်။

ဟန်ရှင်းဟဲက ရှေ့ကို လှမ်းကြည့်လိုက်ပြီးနောက် အံ့အားသင့်သွားသည်။

လုမင်လည်း လှည့်ကြည့်လိုက်၏။ ၎င်းကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ့နှလုံးသားက ပြင်းထန်စွာ တုန်လှုပ်သွားမိသည်။

သူ့ရှေ့မှ လေဟာနယ်ထဲတွင် တင်ပျဉ်ခွေထိုင်နေသော ပုံရိပ်တစ်ခုရှိသည်။

သို့သော်လည်း ပုံရိပ်သွင်က အလွန်ကြီးမားပြီး ကြီးကျယ်ခမ်းနားလွန်း၏။

ထိုလူက မည်သည့်တောင်များထက်မဆို ပိုမြင့်မားသည်။ ထိုနေရာတွင် ထိုင်နေရုံဖြင့် သူသည် ကျယ်ပြောလှသော စကြဝဠာထဲရှိ ဂြိုဟ်တစ်လုံးနှင့် တူပေသည်။

သူ့ရှေ့မှာ လူများက ဖုန်မှုန့်ကဲ့သို့ သေးငယ်လွန်းသည်။

ထို့ထက်၊ အရေးကြီးဆုံးအချက်က သူ့ခန္ဓာဟာ ကျောက်သားအသွင်ဖြစ်နေခြင်းပင်။

၎င်းသည် တုနှိုင်းမရလောက်အောင် ကြီးမားသော ကျောက်ရုပ်တုတစ်ခုနှင့် ဆင်တူသော်လည်း လူအစစ်ကဲ့သို့ အသက်ဝင်လွန်းသည်။

ဒါက အသက်သုံးဆယ်အရွယ်ဟု ခန့်မှန်းရသော လူငယ်တစ်ဦး ဖြစ်သည်။ သူ မျက်စိမှိတ်ပြီး တင်ပျဉ်ခွေထိုင်နေသော်လည်း အနှိုင်းမဲ့သော ခံစားချက်ကို ပေးစွမ်းပေသည်။

သို့ရာတွင်၊ လုမင်ကို ပို၍ အံ့အားသင့်စေသောအရာမှာ ဤကျောက်တုံးလူသား၏ အသွင်အပြင်ကို သူ မြင်ဖူးခြင်းပင် ဖြစ်သည်။

ထိုအချိန်က မဟာဧကရာဇ်ကြီးနှစ်ပါးသည်ကောင်းကင်ဧကရာဇ်တောင်၌ တိုက်ပွဲဝင်ခဲ့ကြသည်။ အဆုံးတွင် မဟာဧကရာဇ်၏သွေးက ကျဆင်းလာသောအခါ ကောင်းကင်ဧကရာဇ်တောင်က ပြောင်းလဲသွား၏။

ထိုအချိန်တွင် ကောင်းကင်ဧကရာဇ်တောင်မှ ထွက်ပေါ်လာသော ပုံရိပ်တစ်ခု ရှိခဲ့သည်။ သူက အသက်သုံးဆယ်ကျော်အရွယ်ခန့်ရှိသော ကောင်းကင်ဧကရာဇ်၏ ရုပ်သွင်ပင်။

ထိုပုံရိပ်က သူ့ရှေ့မှ ကျောက်လူသားနှင့် အတိအကျ တူညီသည်။

ဒါက ကောင်းကင်ဧကရာဇ်ရဲ့ ရုပ်တုလား။

လုမင်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။

"ဝှစ်... ဝှစ်... ဝှစ်..."

ဤအခိုက်အတန့်တွင် လူများစွာက မြူခိုးများ ဖြတ်သန်းကာ ဤလဟာပြင် ပေါ်လာခဲ့ကြသည်။

သို့သော်လည်း ကြီးမားသော ကျောက်သားရုပ်သွင်ကြီးကို မြင်လိုက်ရသောအခါ အံ့ဩတုန်လှုပ်သွား၏။

"ကောင်းကင်ဧကရာဇ်၊ ဒါက ကောင်းကင်ဧကရာဇ်ပဲ"

"ဒါက ကောင်းကင်ဧကရာဇ်ရဲ့ ရုပ်တုလား"

"မဟုတ်ဘူး၊ အဲဒါ ခန္ဓာကိုယ်... ကောင်းကင်ဧကရာဇ်ရဲ့ ခန္ဓာကိုယ်ပဲ"

အဆုံးတွင်၊ ဟန်မိသားစု၏ ဧကရာဇ်တစ်ပိုင်း ကျွမ်းကျင်သူတစ်ဦးက သူ့နှလုံးသားထဲမှ တုန်လှုပ်ချောက်ချားမှုကို မထိန်းချုပ်နိုင်ဘဲ ပြောလိုက်သည်။ လူတိုင်း၏ နှလုံးသားက ပြင်းထန်စွာ တုန်လှုပ်သွားကာ ပြင်းထန်သော လှိုင်းလုံးကြီးများ ရိုက်ခတ်သွားပေသည်။

ကောင်းကင်ဧကရာဇ်ရဲ့ ခန္ဓာလား။

ဒဏ္ဍာရီများအရ၊ ဝေးကွာသောအတိတ်တွင် ကောင်းကင်ဧကရာဇ်က ကျဆုံးခဲ့ပြီ ဖြစ်သည်။ ဤအရာက အမှန်တကယ်ပင် ကောင်းကင်ဧကရာဇ် ကျဆုံးပြီးနောက် ကျန်ရစ်ခဲ့သော ခန္ဓာကိုယ်တစ်ခု ဖြစ်မည်လော။

ဒါက အလွန်ဖြစ်နိုင်ချေများသည်။

ကြာပန်းကမ္ဘာတွင် ရှေးဟောင်းအပျက်အယွင်းများ အများကြီး ရှိသည်။ အချို့နေရာများတွင် ကြောက်စရာကောင်းသော သတ္တဝါများကို ဖိနှိပ်ထားပုံရ၏။ ဒါမျိုးကို ကောင်းကင်ဧကရာဇ်မှတပါး မည်သူက စွမ်းဆောင်နိုင်မည်နည်း။

ဝေးကွာသောအတိတ်တွင်၊ မသိနိုင်သော အကြောင်းတစ်ခုခုကြောင့် ကောင်းကင်ဧကရာဇ်က ဤနေရာ၌ တန်ခိုးကြီးသောသတ္တဝါအချို့ကို ဖိနှိပ်ခဲ့ကာ သေဆုံးသွားခဲ့သည်။ သူ၏ ခန္ဓာကိုယ်ကတော့ ဤနေရာ၌ ကျန်ရစ်ခဲ့ပြီး နဝမမြောက်ကမ္ဘာတွင် အမြဲရှိနေခဲ့ပေသည်။

နဝမမြောက်ကမ္ဘာကို မည်သူမျှ တိုက်ရိုက်မဝင်နိုင်တာ အံ့ဩစရာမရှိတော့ပါ။

နဝမမြောက်ကမ္ဘာက အင်မော်တယ်များနေထိုင်ရာဟု အခြားကမ္ဘာများတွင် ဒဏ္ဍာရီများရှိခဲ့သည်မှာ အံ့သြစရာ မဟုတ်ချေ။

အင်မော်တယ်က ကောင်းကင်ဧကရာဇ်ကိုယ်တိုင် ဖြစ်သည်။

လုမင်၏ စိတ်ထဲတွင် အတွေးများစွာ ပေါ်လာသည်။ ကျောက်သားဓားတစ်လက်ဖြစ်သော ကောင်းကင်ဧကရာဇ်၏ဓားကို သူ စဉ်းစားမိ၏။

ထိုဓားကို ကျောက်တုံးဖြင့် ပြုလုပ်ထားကာ ယခု ကြီးမားသော ခန္ဓာကိုယ်ကိုလည်း ကျောက်တုံးနှင့် ပြုလုပ်ထားသည်။ သူတို့ကြားတွင် မည်သို့သော ပတ်သက်မှုမျိုး ရှိသနည်း။ ဒါက အမှန်တကယ်ပင် ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်ဖြစ်နိုင်မည်လော။

ကောင်းကင်ဧကရာဇ်က လူသားမဟုတ်ဘဲ ထူးဆန်းသော အသက်ပုံစံတစ်မျိုး ဖြစ်မည်လော။

ထိုအချိန်တွင် မရေမတွက်နိုင်သော လူများ၏ မျက်လုံးများက တောက်လောင်နေသော မီးတောက်များ ထွက်ပေါ်လာသည်။

ဒါက လောဘမီးတောက်ပင်။

အကယ်၍ ဤကျောက်သားရုပ်တုကြီးက ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ် အစစ်အမှန်ဖြစ်ခဲ့လျှင် ၎င်း၏တန်ဖိုးက စိတ်ကူးမယဉ်နိုင်ပေ။

၎င်းက ကောင်းကင်ဧကရာဇ် ဖြစ်သည်။

ယခုအချိန်တွင် ကောင်းကင်ဧကရာဇ်က ဒဏ္ဍာရီတစ်ခုဖြစ်ပြီး မဟာဧကရာဇ်ကြီးများက လောက၏ အထွတ်အထိပ် တန်ခိုးရှင်များ ဖြစ်နေပြီ။

မဟာဧကရာဇ်တစ်ပါးက ဒေသတစ်ခုအား စိုးမိုးနိုင်လုနီးပါး ဖြစ်သည်။ သူတို့က မဟာလမ်းစဉ်ကို ထိန်းချုပ်ထားပြီး ပြိုင်ဘက်ကင်းသလောက်ပင်။

ထို့ကြောင့် ကောင်းကင်ဧကရာဇ်က မည်မျှ အံ့ဖွယ်ဖြစ်ကြောင်း သိနိုင်သည်။

ဒဏ္ဍာရီများအရ ကောင်းကင်ဧကရာဇ်သည် ကောင်းကင်လမ်းစဉ်ကဲ့သို့ ဖြစ်သည်ဟု ဆိုသည်။ ထို့ပြင်၊ ကောင်းကင်ကပ်ဘေးများက ကောင်းကင်ဧကရာဇ်များကို မထိခိုက်စေဘဲ သူတို့က အမှန်တကယ် မသေနိုင်ကြတော့ပေ။

လူတစ်ဦးက ကောင်းကင်ဧကရာဇ်ဖြစ်လာသောအခါ မိုးနှင့်မြေ၏ ကပ်ဘေးကြီးများကို ရင်ဆိုင်ရခြင်း မရှိတော့ပါ။ ကောင်းကင်နှင့်မြေပြင်က တည်ရှိနေသရွေ့ သူတို့သည် အမှန်တကယ် အရှင်သန်နေကြမည် ဖြစ်သည်။

ထိုသို့သောလူမျိုးက မယုံနိုင်စရာကောင်းအောင် စွမ်းအားကြီးပေသည်။

ဤကဲ့သို့ ပုဂ္ဂိုလ်ကြီးတစ်ဦးမှ ကျန်ရစ်ခဲ့သော ခန္ဓာကိုယ်၏တန်ဖိုးကို တွေးကြည့်လို့ရသည်။

ဒါက မှန်သည်ဖြစ်စေ မမှန်သည်ဖြစ်စေ လက်လွတ်မခံသင့်ပေ။ ၎င်းက လူများစွာကို ရူးသွပ်သွားစေရန် လုံလောက်သည်။

"ဝှစ်... ဝှစ်... ဝှစ်..."

နောက်အခိုက်တွင်၊ လူများစွာက လောဘကို မထိန်းချုပ်နိုင်တော့ဘဲ ဧရာမ ကျောက်တုံးရုပ်တုကြီးဆီသို့ ပျံသန်းသွားတော့သည်။

All Chapters