← Chapters

အခန်း ၁၉၇၉

Vol. 133 Ch. 1979

အခန်း ၁၉၇၉

Vol. 133 Ch. 1979

အပိုင်း ( 1979 ) မတူညီသော ရွေးချယ်မှုများ။

ကောင်းကင်ဧကရာဇ် ကျဆုံးသွားပြီး အမှတ်အသားတစ်ခုမျှသာ ကျန်တော့သည်။ သို့ဆိုလျှင် သူက ဘယ်လိုသေဆုံးသွားသနည်း။

ဤသည်မှာ ပြိုင်ဘက်ကင်းပြီး ထာဝရရှင်သန်နိုင်သော ကောင်းကင်ဧကရာဇ် ဖြစ်သည်။ သူ့ကို မည်သူက သတ်နိုင်မည်နည်း။

၎င်းကလည်း ကောင်းကင်ဧကရာဇ်တစ်ပါး ဖြစ်‌မည်လော။

လူတိုင်း၏ နှလုံးသားထဲမှာ သံသယများ ပေါ်လာခဲ့သည်။

"မင်းတို့ ဒီကိုရောက်လာတာက ငါ့ခန္ဓာကိုယ်အတွက်ပဲ ဟုတ်တယ်မလား"

ထိုအချိန်တွင် ကောင်းကင်ဧကရာဇ်က ထပ်မံ ပြောလိုက်သည်။

အားလုံး၏မျက်နှာက ရုတ်တရက် ဖြူဖျော့သွား၏။ ယခုအခါ ကောင်းကင်ဧကရာဇ်၏ အမှတ်အသားက ပေါ်လာပြီမို့ အမှန်တရားကို သူတို့ မည်သို့ပြောရဲကြမည်နည်း။ ကောင်းကင်ဧကရာဇ်က အမှတ်အသားတစ်ခုမျှသာ ကျန်ရှိတော့သည်ဆိုလျှင်ပင် ၎င်းတို့ကို သတ်ပစ်ခြင်းက အတွေးတစ်ခုမျှသာ ဖြစ်နိုင်သည်။

လုမင်က စကားမပြောသလို ဟန်ရှင်းဟဲလည်း မတုံ့ပြန်ခဲ့ပေ။

နောက်ဆုံးတွင် ကောင်းကင်ဧကရာဇ်၏ အကြည့်များက လုမင်နှင့် ဟန်ရှင်းဟဲတို့အပေါ်သို့ ကျရောက်လာခဲ့သည်။

"မင်းတို့နှစ်ယောက်စလုံးက ငါနဲ့ နည်းနည်းတော့ ပတ်သက်ဆက်နွှယ်နေကြမယ်။ ဒါကြောင့် မင်းတို့က ရှေ့ဆက်သွားချင်ရင် ငါမင်းတို့ကို မတားပါဘူး"

ဟန်ရှင်းဟဲ၏ မျက်လုံးများ တောက်ပလာသည်။ သူက လုမင်ကို တစ်ချက်ကြည့်လိုက်၏။

လုမင်က ကောင်းကင်ဧကရာဇ်နှင့် အနည်းငယ် ပတ်သက်မှုရှိသည်ဟု ကောင်းကင်ဧကရာဇ်၏အမှတ်အသားက ပြောခဲ့သည်။ ဒါက ကောင်းကင်ဧကရာဇ်၏ဓားအကြောင်းကို တွေးတောမိစေခဲ့ပေသည်။

'ဒါပေမဲ့ ငါက ကောင်းကင်ဧကရာဇ်ရဲ့ မျိုးဆက်တစ်ဦးပဲ။ ဒီကောင်းကင်ဧကရာဇ်ရဲ့ ရုပ်ခန္ဓာက ငါ့အပိုင်ပဲ ဖြစ်ရမယ်'

ဟန်ရှင်းဟဲက သူ့ရင်ထဲမှ ဟိန်းဟောက်လိုက်သည်။

"ဒါပေမဲ့ ငါ မင်းတို့ကို သတိပေးရမယ်"

ဤအခိုက်တွင် ကောင်းကင်ဧကရာဇ်က ဆက်လက်ပြောလိုက်။

"မင်းတို့က ဒီအထိ ရောက်လာနိုင်တာကြောင့် မင်းတို့ကို ငါတားဆီးမှာ မဟုတ်ဘူး။ မင်းတို့ ရှေ့ဆက်သွားရင် ကောင်းကင်ဧကရာဇ်ရဲ့ရုပ်ခန္ဓာကို ရနိုင်တယ်။ ဒါပေမဲ့ ဒါက ကြီးမားတဲ့ပြောင်းလဲမှုတစ်ခု ဖြစ်လာစေလိမ့်မယ်။ ယွမ်တောင်က ဆင်းရဲဒုက္ခတွေထဲ ကျရောက်သွားပြီး မင်းတို့ရဲ့ သူငယ်ချင်းတွေအပါအဝင် မရေမတွက်နိုင်တဲ့ အသက်တွေ သေကြေပျက်စီးရပြီး သွေးချောင်းစီးလိမ့်မယ်"

"မင်းတို့ရဲ့ ဆုံးဖြတ်ချက်တစ်ခုက မရေမတွက်နိုင်တဲ့ လူတွေရဲ့ ရှင်သန်ခြင်းနဲ့ သေဆုံးမှုကို ဖြစ်စေနိုင်တာကြောင့် သေချာစဉ်းစားဖို့ လိုတယ်"

လုမင်၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။

ရှေ့ကိုဆက်သွားပါက ကြီးမားသော အပြောင်းအလဲကို ဖြစ်ပေါ်စေမည်။ လူတိုင်းက ဒုက္ခဆင်းရဲတွင်းသို့ ကျရောက်သွားမည်ဖြစ်ပြီး သွေးချောင်းစီးရမည် ဖြစ်သည်။ ဒါက သူ၏ မိသားစုနှင့် သူငယ်ချင်းများကိုပင် ထိခိုက်နစ်နာစေလိမ့်မည်။

ဒါက မည်သို့ဖြစ်နိုင်မည်နည်း။

သူသာမကဘဲ အခြားသူများ၏ မျက်နှာများမှာလည်း သိသိသာသာ ပြောင်းလဲသွားသည်။ သို့သော်လည်း ကောင်းကင်ဧကရာဇ်က အကြောင်းမရှိဘဲ ထိုသို့မပြောနိုင်ပါ။ အမျိုးမျိုးသော အတွေးများက လူတိုင်း၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။

"မင်းတို့ကို စဉ်းစားဖို့ အချိန် အသက်ဆယ်ရှိုက်စာ ငါပေးမယ်။ ရှေ့မတိုးဘူးဆိုရင် နောက်ဆုတ်လိုက်ပါ"

ကောင်းကင်ဧကရာဇ်၏အမှတ်အသားက ပြောလိုက်သည်။

လုမင်က အများကြီးမစဉ်းစားဘဲ ​ခေါင်းကို အနည်းငယ်​ယမ်းကာ နောက်ပြန်ဆုတ်သွား၏။

သူသည် သူ့ဘဝတစ်လျှောက်လုံး ကြိုးစားလေ့ကျင့်ခဲ့ပြီး သိုင်းပညာကမ္ဘာ၏ အထွတ်အထိပ်သို့ တက်လှမ်းရန် စိတ်ကူးရှိခဲ့သော်လည်း... အဓိကအားဖြင့် သူ့ကံကြမ္မာကို ကိုယ်တိုင် ဆုံးဖြတ်နိုင်ရန်နှင့် မိသားစုနှင့် သူငယ်ချင်းများကို ကာကွယ်စောင့်ရှောက်လိုခြင်းကြောင့် ဖြစ်သည်။

ကောင်းကင်ဧကရာဇ်၏ရုပ်ခန္ဓာကြောင့် သူ့မိသားစုနှင့် သူငယ်ချင်းများ အန္တရာယ်ကြုံရမည်ဆိုလျှင် လုမင်က ၎င်းကို မလိုချင်ပေ။

ဒါက သူ၏ သိုင်းပညာလမ်းစဥ် မဟုတ်ပါ။

"ဝှစ်..."

လုမင်က ဆုတ်သွားသော်လည်း ဟန်ရှင်းဟဲက ရှေ့ကို တိုးလာခဲ့သည်။

"မင်း သေချာစဉ်းစားပြီးပြီလား"

ကောင်းကင်ဧကရာဇ်၏ အမှတ်အသားက မေးသည်။

"တစ်ပါးသူတွေရဲ့ သေခြင်းရှင်ခြင်းက ကျုပ်နဲ့ဘာဆိုင်လဲ။ လောကရဲ့ အထွတ်အထိပ်ရောက်ပြီး ထာဝရရပ်တည်နိုင်သရွေ့ အရာအားလုံးက ထိုက်တန်တယ်"

ဟန်ရှင်းဟဲက လျစ်လျူရှုစွာ ပြောလိုက်၏။

သူ့နှလုံးသားထဲတွင် သူ့ကိုယ်တိုင်သာ ရှိသည်။ သူ့ဆန္ဒကို ဖြည့်ဆည်းပေးနိုင်သရွေ့ တခြားသူများ၏ ဘဝများကို မဆိုထားဘိ၊ သူ့မိသားစုကို စွန့်ပစ်ရလျှင်ပင် ထိုက်တန်သည်။

"ဒီလို အစွန်းရောက်ပြီး တစ်ကိုယ်ကောင်းဆန်သူတွေက ဘယ်တော့မှ အောင်မြင်နိုင်မှာမဟုတ်ဘူး"

လူအုပ်ထဲတွင် ဟွမ်လင်က မကျေမနပ်ဖြင့် ပြောလိုက်သည်။

"ဒါပေမဲ့ ဒီလိုလူက ကြောက်စရာအကောင်းဆုံးပဲ"

လော့ထျန်းယီက ပြောလိုက်၏။

ထိုလူမျိုးက ကိုယ့်ကိုကိုယ် ဂရုစိုက်ပြီး တခြားဘာကိုမှ မစဉ်းစားပေ။ တရားမျှတသည်ဖြစ်စေ၊ တရားမျှတမှုမရှိသည်ဖြစ်စေ... အနိုင်ရရှိရန် မည်သည့်နည်းလမ်းကိုမဆို အသုံးပြုကြမည် ဖြစ်သည်။ ဒါက တကယ်ကို ကြောက်စရာကောင်းပေသည်။

"ဝှစ်..."

ဟန်ရှင်းဟဲက ရှေ့ကို လျင်မြန်စွာ ပျံသန်းသွားသည်။ ကျောက်သားရုပ်သွင်ဆီသို့ ပျံသန်းလာစဉ် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုက သူ့ကို ဆွဲဆောင်ထားသလို ခံစားရ၏။

နောက်အခိုက်အတန့်တွင် ဟန်ရှင်းဟဲ၏ ခန္ဓာကိုယ်က ကျောက်သားရုပ်သွင်၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားပြီး ပျောက်ကွယ်သွားတော့သည်။

ဟင်း....

ကောင်းကင်ဧကရာဇ်၏အမှတ်အသားက အနည်းငယ် စိတ်ပျက်သွားသလို သက်ပြင်းချလိုက်သည်။ ထို့နောက်တွင် သူ့ပုံရိပ်က ပြိုကျကာ ပျောက်ကွယ်သွား၏။

"ဝုန်း"

ထိုအချိန်တွင် ကြီးမားသော ကျောက်သားခန္ဓာကိုယ်ကြီးမှ ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါတစ်ခုက လှိုင်းထလာသည်။ ကျောက်သားခန္ဓာကိုယ်မှ အလင်းရောင်ဖျော့ဖျော့လည်း ထွက်ပေါ်လာတော့သည်။

"ခွပ်..."

နောက်အခိုက်အတန့်တွင် ကျောက်သားခန္ဓာကိုယ်ကြီးက လှုပ်ရှားသွားပုံရပြီး အသံတစ်ခုထွက်ပေါ်လာခဲ့သည်။

"ဘာတွေဖြစ်နေတာလဲ။ ကောင်းကင်ဧကရာဇ်ရဲ့ ခန္ဓာကိုယ်က လှုပ်ရှားသွားတယ်။ ငါ အမြင်မှားနေတာများလား"

"လှုပ်နေတယ်ဟ၊ ​​သူ့လက်တွေက တကယ် လှုပ်ရှားနေတယ်။ ကောင်းကင်ဧကရာဇ်ရဲ့ ခန္ဓာကိုယ်က ဘယ်လိုလုပ်ပြီး လှုပ်ရှားနိုင်တာလဲ"

"ဟန်ရှင်းဟဲက ကောင်းကင်ဧကရာဇ်ရဲ့ ကိုယ်ခန္ဓာနဲ့ ပေါင်းစပ်ပြီး ထိန်းချုပ်လိုက်တာကြောင့် ဖြစ်နိုင်မလား"

တစ်စုံတစ်ယောက်က တုန်လှုပ်စွာ အော်လိုက်သည်။

လုမင်၏ အမူအရာမှာလည်း ရုတ်တရက် ပြောင်းလဲသွားသည်။ သူက လျင်မြန်စွာ ဆုတ်သွားပြီး အော်ဟစ်လိုက်၏။

"ဆုတ်ကြ၊ မြန်မြန် ပြန်ဆုတ်ကြ"

"ဝုန်း..."

ထိုအချိန်တွင် ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်များ ထွက်ပေါ်လာသည်။

ဤအငွေ့အသက်က ကောင်းကင်ကြီးကဲ့သို့ ကျယ်ပြောပြီး နားမလည်နိုင်လောက်အောင်ပေ။ ၎င်းက ကောင်းကင်လမ်းစဉ်နှင့် တူသည်။

ဒါက ကောင်းကင်ယံဧကရာဇ်၏ ဖိအားပင်။

ထိုအခိုက်တွင် ကောင်းကင်ဧကရာဇ်၏ မျက်လုံးများက အေးစက်သော အလင်းရောင်များဖြင့် ပြည့်နှက်နေပြီး လုမင်ဆီသို့ လှမ်းကြည့်လိုက်သည်။

"လုမင်၊ ဒီနေ့ကတော့ ‌မင်းရဲ့သေနေ့ပဲ"

အေးစက်စက် သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေသော အသံတစ်ခုက ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်မှ အသံတစ်ခု ထွက်ပေါ်လာသည်။

ဒါက ဟန်ရှင်းဟဲ၏ အသံပင်။

လုမင်၏ မျက်နှာက ရှုံ့မဲ့သွားသည်။ ရှေ့ဆက်သွားပြီးနောက် ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်ကို ပေါင်းစပ်ပြီး ထိန်းချုပ်နိုင်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

စောစောက ကြိုသိခဲ့လျှင် ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်ကို သူ မလိုချင်လျှင်ပင်၊ ဟန်ရှင်းဟဲကိုလည်း မအောင်မြင်စေရန် တားဆီးခဲ့မည် ဖြစ်သည်။

ယခုတော့ သူ နောက်ဆုတ်ရန်သာ ရှိတော့သည်။

လုမင်က လျင်မြန်စွာ ပြန်ဆုတ်သွားသည်။ ဟွမ်လင်၊ လုံချန်၊ အိူရန်ဝူရွှမ့်နှင့် အခြားသူများလည်း အမြန်ဆုံး ဆုတ်ခွာသွားကြ၏။

"လုမင်၊ မင်း မလွတ်နိုင်ဘူး"

ဟန်ရှင်းဟဲ၏ အသံက ထပ်မံ ထွက်ပေါ်လာသည်။

"ဝုန်း..."

ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်က ရုတ်တရက် မတ်တတ်ထရပ်လာသည်။ မယုံနိုင်စရာကောင်းအောင် ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါတစ်ခုက ထွက်ပေါ်လာပြီး နဝမ မြောက်ကမ္ဘာတစ်ခုလုံးကို လွှမ်းခြုံလိုက်၏။

လုမင် အပါအဝင် လူတိုင်းက ဤအရှိန်အဝါအောက်တွင် မလှုပ်ရှားနိုင်ကြတော့ပေ။

'ယား....'

လုမင်က သူ၏ တတိယသွေးမျိုးဆက်မှ ကြောက်မက်ဖွယ်ကောင်းသော ဟိန်းဟောက်သံကို ကြားနေပုံရသည်။ ၎င်းက အလွန်စိတ်မချမ်းသာဖြစ်ပြီး ရုန်းကန်လိုသော်လည်း ကြီးမားသော အင်အားတစ်ခုဖြင့် ဖိနှိပ်ခံထားရပုံရှိ၏။ သူက ဤဟိန်းဟောက်သံကို ကြားနိုင်ပေသည်။

"လုမင်၊ မင်းက ငါနဲ့ယှဉ်ချင်ရင် ဝေးနေသေးတယ်"

ဟန်ရှင်းဟဲ၏ အသံက ထပ်မံထွက်ပေါ်လာသည်။ ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်က မိုးထိအောင် မြင့်မားသည်။ ၎င်းထံမှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါဖိအားက လုမင်ကို နှိပ်ထား၏။

ထို့နောက် ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်က သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး လုမင်ဆီသို့ လက်လှမ်းလိုက်တော့သည်။

ဧရာမ လက်ကြီးက ကောင်းကင်ကို ဖုံးလွှမ်းထားကာ အကန့်အသတ်မဲ့ စွမ်းအားကြီးသည်။ ဤလက်ဝါးကြီး၏ရှေ့တွင် လွတ်မြောက်ရန် သို့မဟုတ် တွန်းလှန်ရန် နည်းလမ်းမရှိခဲ့ပေ။

"လုမင်"

ဟွမ်လင်၊ လုံချန်နှင့် အခြားသူများ မျက်နှာပျက်သွားပြီး တုန်လှုပ်သွားကြသည်။

သို့သော်၊ ထိုအချိန်တွင် လုမင်က တိတ်တဆိတ် အံ့သြသွားသည်။

အကြောင်းမူ၊ သူ၏ ဝိညာဉ်ပင်လယ်ရှိ ကောင်းကင်ဧကရာဇ်၏ဓားက ပြင်းပြင်းထန်ထန် တုန်ခါနေပြီး လျှို့ဝှက်ဆန်းကြယ်သောအလင်းရောင်ကို ထုတ်လွှတ်လာသောကြောင့်ပင်။

"ဝမ်"

နောက်အခိုက်အတန့်တွင်၊ ကောင်းကင်ဧကရာဇ်၏ဓားက ဝိညာဉ်ပင်လယ်မှ ပြေးထွက်လာခဲ့သည်။ ၎င်းက လုမင်၏ ဦးခေါင်းထက်တွင် ဆိုင်းငံ့ထားပြီး လျင်မြန်စွာ ကြီးမားလာ၏။

မကြာမီ၊ တုနှိုင်းမရအောင် ကြီးမားသော ဓားကြီးတစ်လက်က ပေါ်လာတော့သည်။ ၎င်းထံမှ ထုတ်လွှတ်လိုက်သော ရောင်ဝါက ကမ္ဘာမြေကြီးကို ကွဲအက်စေကာ ကြောက်စရာကောင်းလွန်းသည်။

"အဲဒါ...အဲဒါက ကောင်းဧကရာဇ်ရဲ့ဓားပဲ"

လူအများက တုန်လှုပ်စွာ အော်ဟစ်လိုက်ကြသည်။

ကောင်းကင်ဧကရာဇ်၏ဓားက ပေါ်လာပြီ။ ၎င်းက ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်နှင့် ယှဉ်ပြိုင်တော့မည်လော။

"ခုတ်လိုက်စမ်း"

အတွေးတစ်ခုဖြင့်၊ လုမင်က ကောင်းကင်ဧကရာဇ်၏ဓားကို ထိန်းချုပ်ပြီး ကောင်းကင်ဧကရာဇ်ရဲ့ခန္ဓာ၏ လက်ဝါးကို ခုတ်ထစ်လိုက်သည်။

"ဝုန်း"

ကြောက်စရာကောင်းသော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာပြီး ကမ္ဘာကြီး တုန်လှုပ်သွားခဲ့သည်။

လူတော်တော်များများ၏ အမူအရာများက သိသိသာသာ ပြောင်းလဲသွား၏။ သူတို့၏ ခန္ဓာကိုယ်များက ပြင်းထန်စွာ တုန်ခါသွားကာ နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာတော့သည်။

ထိပ်တိုက်တွေ့ဆုံမိပြီးနောက် ကောင်းကင်ဧကရာဇ်၏ဓားက နောက်ပြန်ဆုတ်သွားကာ လုမင်၏ ဦးခေါင်းထက်တွင် ရပ်တန့်သွားသည်။

ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်သည်လည်း ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားရပေသည်။

"ကောင်းကင်ဧကရာဇ်ရဲ့ဓားက ငါ့ရဲ့ဓားပဲ။ ငါကိုယ်တိုင်ကလည်း ကောင်းကင်ဧကရာဇ်ကနေ ဆင်းသက်လာသူ ဖြစ်တယ်။ မင်း လုမင်က ကောင်းကင်ဧကရာဇ်ဓားကို ကိုင်စွဲဖို့ ဘာအခွင့်အရေးရှိလို့လဲ။ ငါ့ကို အခုပေးစမ်း"

ဟန်ရှင်းဟဲက ဟိန်းဟောက်လိုက်သည်။ သူက ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ပြီး လုမင်ထံ ခြေလှမ်းလိုက်ပြန်တော့သည်။

All Chapters