အခန်း ၁၉၈၀
Vol. 133 Ch. 1980
အပိုင်း ( 1980 ) မဟာဧကရာဇ်ကြီးများ ဝင်ရောက်လာပြီ။
ဟန်ရှင်းဟဲက ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်ကို ထိန်းချုပ်ကာ လုမင်ကို ထိုးနှက်လိုက်သည်။
"ခုတ်"
လုမင်က ခပ်တိုးတိုးပြောပြီး ကောင်းကင်ဧကရာဇ်၏ဓားဖြင့် ခုတ်ပစ်လိုက်၏။
နောက်ထပ် ကြောက်စရာကောင်းသော ပေါက်ကွဲသံတစ်ခု ထွက်ပေါ်လာသည်။ ကောင်းကင်ဧကရာဇ်၏ဓားနှင့် ကောင်းကင်ဧကရာဇ်၏ခန္ဓာကိုယ် နှစ်ခုစလုံးက နောက်သို့ ဆုတ်သွားရပြန်တော့သည်။
ထိုအချိန်တွင်...
ကြာပန်းကမ္ဘာတွင် တုန်လှုပ်ချောက်ချားဖွယ်ရာ အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာသည်ကို သူတို့မသိကြသေးပေ။
ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်က မတ်တတ်ရပ်လိုက်သည့်အခိုက်တွင် မမြင်နိုင်သော စွမ်းအားတစ်ခုက လှိုင်းထလာပြီး အခြားကမ္ဘာရှစ်ခုသို့ ပျံ့နှံ့သွားပုံရသည်။
"ဂါး..."
ဤအခိုက်အတန့်တွင် ကမ္ဘာ ရှစ်ခုရှိ ရှေးအကျဆုံး အပျက်အယွင်းများက အချို့မှ ထိတ်လန့်တုန်လှုပ်ဖွယ် အော်သံကြီးများ ထွက်ပေါ်လာသည်။
ဥပမာအားဖြင့်၊ အဆုံးမဲ့ပင်လယ်ကမ္ဘာရှိ အချိန်နတ်ဘုရားကျွန်းတွင် ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ အချိန်၏စွမ်းအားက ကောင်းကင်ယံသို့ ပျံ့နှံ့သွားသည်။
အဆုံးမဲ့သားရဲကမ္ဘာရှိ လှိုဏ်ဂူအောက်ခြေမှ ဟိန်းဟောက်သံက ပို၍ပင် ကြောက်စရာကောင်း၏။
လူအချို့က အသက်အန္တရာယ်နှင့် ကြုံနေရဆဲဖြစ်ပြီး ထိုအော်သံကြောင့် တိုက်ရိုက်ဒဏ်ရာရကာ သေဆုံးသွားတော့သည်။
တခြားကမ္ဘာများမှာလည်း ထိုကဲ့သို့ပင် ဖြစ်သည်။ ဒါက ကြီးမြတ်သော နတ်ဆိုးတစ်ကောင် ပေါ်ပေါက်လာတော့မည်ကဲ့သို့ပင်။
ကမ္ဘာ့အပြင်ဘက်... ကောင်းကင်ဧကရာဇ်တောင်အောက်မှ ကြာပန်းကမ္ဘာအထက်တွင်...
လူအုပ်ကြီးက နေရာပေါင်းစုံမှ စုရုံးလာကြသည်။
ဟုတ်သည်၊ သူတို့ထဲတွင် အများစုက အန္တိမသူတော်စင်နယ်ပယ်အောက်မှာ ရှိနေကြ၏။ သို့သော်လည်း ဧကရာဇ်အဆင့်ထက် ကျွမ်းကျင်သူများ အများအပြားလည်း ရှိခဲ့သေးသည်။
အမြင့်ဆုံးမှာ ရပ်တည်နေပြီး နတ်အလင်းရောင်ဖြင့် ဝန်းရံထားသည့် ရုပ်ပုံအချို့ပင် ရှိသည်။ သူတို့၏ အရှိန်အဝါက အလွန် တုန်လှုပ်စရာကောင်း၏။
၎င်းတို့က မဟာဧကရာဇ်ကြီးများ ဖြစ်ကြသည်။
အားလုံးက စိတ်ရှည်ရှည်ဖြင့် စောင့်နေကြပေသည်။
ကြာပန်းကမ္ဘာသို့ လူများ ဝင်ရောက်သွားကတည်းက သူတို့သည် ထိုနေရာတွင် အမြဲရှိနေခဲ့သည်။ အထဲကို ဝင်သွားကြသူများက ဘာဖြစ်ကုန်သနည်း သို့မဟုတ် မည်သို့သော အခွင့်အလမ်းများကို ရရှိခဲ့ကြသလဲ သူတို့ မသိကြပေ။ လူအများက မနာခြင်း၊ အားကျခြင်းများဖြင့် စောင့်နေခဲ့ကြသည်။
"ဝုန်း"
ထိုအချိန်တွင် ကြာပန်းကမ္ဘာထဲမှ အားကောင်းသော အလင်းရောင်တစ်ခုက ရုတ်တရက် ထွက်ပေါ်လာပြီး ကောင်းကင်သို့ ပစ်လွှတ်လိုက်သည်။
သို့သော်လည်း နောက်အခိုက်တွင် အလင်းရောင်များ ပျောက်ကွယ်သွားပြီး ဂူကြီးတစ်ခုလုံး မှောင်မဲသွား၏။ ကောင်းကင်ယံမှ ကြာပန်းအမှတ်အသားပင် သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားတော့သည်။
"ကြာပန်းကမ္ဘာရဲ့ အမှတ်အသားစွမ်းအား ပျောက်ကွယ်သွားပြီ"
ဧကရာဇ်တစ်ပါးက တအံ့တဩဖြင့် အော်လိုက်သည်။
ဘာ။
အခြားသူများလည်း တုန်လှုပ်သွား၏။
ကြာပန်းကမ္ဘာ၏ စွမ်းအားက ပျောက်ကွယ်သွားပြီ။ ဒါက ဧကရာဇ်တစ်ပိုင်းအဆင့်၏အထက်မှလူများ ဝင်ရောက်နိုင်ပြီဟူသော အဓိပ္ပာယ်ပင် မဟုတ်လော။
သိုင်းဧကရာဇ် အများအပြား၏ မျက်လုံးများက အလင်းရောင်များ တောက်ပလာခဲ့သည်။
"ဂါး..."
သို့သော်လည်း ထိုအချိန်တွင် ဂူထဲမှ ကြောက်စရာကောင်းသော အသံတစ်ခု ထွက်ပေါ်လာသည်။ ဒါက မဟာနတ်ဆိုးတစ်ကောင် ဟိန်းဟောက်နေသကဲ့သို့ သို့မဟုတ် မဟာနတ်ဆိုးကြီးတစ်ကောင် ပေါ်ပေါက်လာတော့မည်ကဲ့သို့ပင်။ ၎င်းက ကြောက်စရာကောင်းလွန်းသည်။
"ဘာတွေဖြစ်နေတာလဲ။ အဲဒါက ဘာသံတွေလဲ"
“ကြာပန်းလောကမှာ ဘာတွေရှိနေတာလဲ။ ဒီလို ကြောက်စရာကောင်းတဲ့ အသံမျိုးက ဘယ်လိုလုပ်ပြီး ထွက်ပေါ်လာနိုင်တာလဲ။ အရင်က ဝင်သွားသူတွေက ဒီလိုတည်ရှိမှုတွေကို ရင်ဆိုင်ခဲ့ကြရပြီးပြီလား"
လူအများစုက မျက်နှာပျက်သွားကြသည်။
မဟာဧကရာဇ်ကြီးများ၏ မျက်နှာများမှာလည်း လေးနက်လာတော့သည်။
"အတားအဆီး အင်အားက တကယ်ပျောက်ကွယ်သွားပြီ။ ဝင်ကြည့်ရအောင်"
မဟာဧကရာဇ်ဝူရှန်း၏ အသံကို ကြားလိုက်ရသည်။ သူက ပြောလိုက်ပြီးသည်နှင့် တပြိုင်နက်၊ ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ဂူထဲသို့ ပြေးဝင်သွား၏။
ဟန်မိသားစု၊ ဟဲမိသားစုနှင့် တာ့လော့ကောင်းကင်ဂိုဏ်းမှ မဟာဧကရာဇ်ကြီးများလည်း ဂူထဲသို့ ပြေးဝင်လာကြတော့သည်။
မဟာဧကရာဇ်ဝူရှန်းနှင့် တခြားသူများ ဂူထဲကို ဝင်လိုက်သည်နှင့် ကြာပန်းကမ္ဘာ၏ အထက်ကောင်းကင်မှာ ပေါ်လာခဲ့သည်။
ကြာပန်းကမ္ဘာများတွင် လူများကို ဆွဲသွင်းရန် ကြိုးစားနေသည့် ဆွဲငင်အားရးများရှိသော်လည်း မဟာဧကရာဇ်ကြီးများက အလွယ်တကူ ဖြတ်ကျော်နိုင်ခဲ့ကြပေသည်။
မဟာဧကရာဇ်ဝူရှန်းက ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ပန်းပွင့်များထဲမှ တစ်ခုသို့ ဝင်ရောက်သွားသည်။
အခြားသော ဧကရာဇ်ကြီး သုံးဦးသည်လည်း မတူညီသော ပန်းပွင့်များဆီသို့ ပြေးသွားကြ၏။
အပြင်ဘက်တွင် အစစ်အမှန်ဧကရာဇ်များနှင့် ဗလာနယ်ဧကရာဇ်များက လောဘအရိပ်အယောင်ဖြင့် ကြည့်လိုက်ကြသည်။
ဤသည်မှာ ကောင်းကင်ဧကရာဇ်၏ အကြွင်းအကျန်များ ဖြစ်သည်။ သူတို့က မည်ကဲ့သို့ မလှုပ်ရှားဘဲ နေရမည်နည်း။ အောက်ဘက်မှ ဟိန်းဟောက်သံက ကြောက်စရာကောင်းလျှင်ပင် နောက်ကိုဆုတ်မည် မဟုတ်ပေ။
တစ်ယောက်ပြီး တစ်ယောက် ဂူထဲကို ပြေးဝင်သွားကြသည်။
ဤအခိုက်အတန့်တွင် လူရိပ်အချို့က ကောင်းကင်ယံ၌ လင်းလက်သွားကြသည်။ သူတို့က မယုံနိုင်စရာ အမြန်နှုန်းဖြင့် အခြား သိုင်းဧကရာဇ်များနှင့်အတူ လိုဏ်ဂူထဲသို့ ပြေးဝင်ခဲ့၏။ သူတို့၏ မျက်နှာကို မည်သူမျှ ရှင်းရှင်းလင်းလင်း မမြင်လိုက်ရပေ။
ဤဧကရာဇ်အဆင့် ကျွမ်းကျင်သူများက မတူညီသော ပန်းပွင့်ကမ္ဘာများထဲသို့ ဝင်ရောက်ခဲ့ကြသည်။
မဟာဧကရာဇ်ဝူရှန်း ဝင်ရောက်လာသောကမ္ဘာမှာ ပထမဆုံး လုမင် ဝင်ရောက်ခဲ့သော အဆုံးမဲ့ပင်လယ်ကမ္ဘာ ဖြစ်သည်။
သူသည် အဆုံးမဲ့ပင်လယ်ကမ္ဘာတွင် ပေါ်လာသည်နှင့် တပြိုင်နက်၊ အချိန်နတ်ဘုရားကျွန်း၏ ဦးတည်ရာသို့ လှမ်းကြည့်လိုက်၏။
ထို့နောက် ဟင်းလင်းပြင်က အက်ကွဲသွားပြီး ထိုနေရာသို့ သူ လှမ်းဝင်သွားသည်။ နောက်အခိုက်အတန့်တွင်၊ မဟာဧကရာဇ်ဝူရှန်းက အချိန်နတ်ဘုရားကျွန်း၏ အပြင်ဘက်တွင် ပြန်ပေါ်လာတော့သည်။
"ဂါး"
အချိန်နတ်ဘုရားကျွန်းမှ ကြောက်မက်ဖွယ်ရာ ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာသည်။
"ကြောက်စရာကောင်းလိုက်တဲ့ အချိန်စွမ်းအား...၊ ဒီနေရာမှာ ဒီလောက်ကြောက်စရာကောင်းတဲ့ တည်ရှိမှုတစ်ခုကို အမှန်တကယ်ချိပ်ပိတ်ထားတယ်။ ဒါက ကောင်းကင်ဧကရာဇ် ချန်ထားခဲ့တာ ဖြစ်နိုင်မလား"
မဟာဧကရာဇ်ဝူရှန်းက ရေရွတ်လိုက်သည်။ သူ့မျက်လုံးများက အရာအားလုံးကို ဖောက်ထွင်းမြင်နိုင်ပုံရပြီး အချိန်နတ်ဘုရားကျွန်း၏ နက်နဲရာသို့ လှမ်းကြည့်လိုက်၏။
သူ့မျက်လုံးရှေ့တွငိ ဘာကိုမှ ဖုံးကွယ်ထားလို့မရပေ။ သူက အချိန်နတ်ဘုရားတောင်အောက်မှ သတ္တဝါကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။
မဟာဧကရာဇ်ဝူရှန်း၏ မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားတော့သည်။
"တိုင်းတပါးမျိုးနွယ်၊ ဒါက မိစ္ဆာနတ်ဘုရားမျိုးနွယ်ပဲ"
မဟာဧကရာဇ်ဝူရှန်း၏ မျက်နှာက မှုန်ကုပ်သွားသည်။
"ငါ မင်းကို တွေ့နေမှတော့ မင်းကို အပြီးအပိုင် ဖျက်ဆီးပစ်လိုက်မယ်"
သူ လှုပ်ရှားရန် ဟန်ပြင်ပြီးနောက် အဝေးကို ရုတ်တရက် လှမ်းကြည့်လိုက်ပြီး အော်ဟစ်လိုက်၏။
"ဘယ်သူလဲ"
"ဝှစ်..."
ထိုနေရာက ရုတ်တရက် အက်ကွဲသွားပြီး လူရိပ်တချို့ ထွက်လာတော့သည်။
ထိုရုပ်သွင်များက မှောင်မိုက်သော နတ်ဆိုးအလင်းရောင်ထဲတွင် နစ်မြုပ်နေပြီး ကြောက်မက်ဖွယ်ကောင်းသော ရောင်ဝါတို့ကို ထုတ်လွှတ်နေသည်။
သူတို့ထဲမှ တစ်ဦးက မဟာဧကရာဇ် ဝူရှန်းထက် အားမနည်းသော အရှိန်အဝါများ ရှိသည်။ အမှန်တကယ်ပင်၊ သူက မဟာဧကရာဇ်ကြီး ဖြစ်၏။
"ဝူရှန်း၊ မတွေ့တာကြာပြီ။ ကျန်းခန့်သာလို့ မာပါစ"
မဟာဧကရာဇ်နယ်ပယ် အကျော်အမော်က ပြောလိုက်သည်။
"မော့လင်နဲ့ ရှဲ့လင်၊ မင်းတို့ပဲ"
မဟာဧကရာဇ် ဝူရှန်းထံမှ အေးစက်သောအသံ ထွက်ပေါ်လာသည်။
တခြားတစ်ယောက်ယောက်သာ ဤနေရာမှာရှိနေလျှင် အလွန်တုန်လှုပ်သွားလိမ့်မည်။
မော့လင်က နတ်ဆိုးဝိညာဉ်ဂိုဏ်း၏ ဒဏ္ဍာရီလာ ဂိုဏ်းခေါင်းဆောင်ကြီး ဖြစ်သည်။ လွန်ခဲ့သောနှစ်များစွာက သူသည် ကောင်းကင်ဧကရာဇ်မြို့တော် အနီးတစ်ဝိုက်တွင် လှုပ်ရှားနေခဲ့ပေသည်။ သူက သိုင်းဧကရာဇ် သို့မဟုတ် မဟာဧကရာဇ် ဖြစ်လာရန် အလားအလာရှိသော ပါရမီရှင်များကို သတ်ဖြတ်ရာတွင် အထူးပြုပြီး အလွန်ကြောက်စရာကောင်းသော အင်အားစုကြီးကို တည်ထောင်ခဲ့သည်။
ရှဲ့လင်ကတော့ မိစ္ဆာဝိညာဉ်ဂိုဏ်း၏ ခေါင်းဆောင်ပင်။
သူက မဟာဧကရာဇ်မဟုတ်သော်လည်း အစစ်အမှန်ဧကရာဇ်နယ်ပယ်၏ အထွတ်အထိပ်တွင် ရှိနေဆဲ ဖြစ်သည်။
အင်အားကြီးမားသော ဂိုဏ်းခေါင်းဆောင်များက ဤနေရာကို တစ်ချိန်တည်း ရောက်ရှိလာခဲ့ပြီ။
"ရှဲ့လင်၊ မင်း သွားပြီးတော့ တံဆိပ်ကို ဖျက်ဆီးလိုက်ပါ။ ဝူရှန်းကို ငါ့ဆီထားခဲ့"
နတ်ဆိုးဝိညာဉ်ဂိုဏ်း၏ ခေါင်းဆောင်ထံမှ အသံထွက်ပေါ်လာသည်။ သူ့ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးအလင်းတစ်ခုက မဟာဧကရာဇ်ဝူရှန်းထံ ဖြတ်သန်းသွား၏။
"မင်းတို့က တကယ်ကို မိစ္ဆာနတ်ဘုရားမျိုးနွယ်ကပဲ။ မိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင်ကို လွှတ်ပေးချင်ရင် အဲဒါကို စဉ်းတောင်မစဉ်းစားနဲ့"
မဟာဧကရာဇ်ဝူရှန်းက ဒေါသတကြီး အော်လိုက်သည်။ သူ့ထံမှ အားကောင်းသော အရှိန်အဝါများ ပေါက်ကွဲထွက်လာပြီး လက်ဝါးရိုက်ချက် ဖော်ထုတ်လိုက်၏။ ကြောက်မက်ဖွယ်ကောင်းသော လက်ဝါးပုံရိပ်က အချိန်နတ်ဘုရားကျွန်းဆီသို့ အပြေးအလွှားသွားနေသော မိစ္ဆာဝိညာဥ်ဂိုဏ်း ခေါင်းဆောင်နှင့် အခြားသူများထံသို့ ကျရောက်သွားတော့သည်။
"ဝူရှန်း၊ မင်းရဲ့ပြိုင်ဘက်က ငါပဲ"
နတ်ဆိုးဝိညာဉ်ဂိုဏ်းခေါင်းဆောင်ထံမှ နတ်ဆိုးရောင်ဝါက ကောင်းကင်သို့ ပျံတက်သွားသည်။ ကြောက်မက်ဖွယ်ကောင်းသော နတ်ဆိုးဓားအလင်းတစ်ခုက ကောင်းကင်ကို နှစ်ပိုင်းခွဲကာ မဟာဧကရာဇ်ဝူရှန်း၏ လက်ဝါးပုံရိပ်ကို ပိတ်ဆို့လိုက်၏။
"ထွက်သွားစမ်း"
မဟာဧကရာဇ် ဝူရှန်းက လက်ဝါးရိုက်ချက် အမြောက်အမြားကို ထုတ်ဖော်လိုက်သည်။ မဟာလမ်းစဉ်၏စွမ်းအားများ ပါဝင်နေသော လက်ဝါးပုံရိပ်တိုင်းက ကမ္ဘာကြီးကို ဖျက်ဆီးနိုင်သော စွမ်းအားများ ပါဝင်ပေသည်။
သို့ရာတွင် နတ်ဆိုးဝိညာဉ်ဂိုဏ်း၏ ခေါင်းဆောင်သည်လည်း မဟာဧကရာဇ် ဖြစ်သည်။ သူက မဟာဧကရာဇ်ဝူရှန်းနှင့် တူညီသော နယ်ပယ်တွင် ရှိနေပြီး သူ၏ တိုက်ခိုက်နိုင်စွမ်းမှာလည်း ကြောက်မက်ဖွယ်ကောင်း၏။ နတ်ဆိုးဓားအလင်းများ ဖြာထွက်လာပြီး မဟာဧကရာဇ်ဝူရှန်း၏ တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သည်။
"ဝုန်း... ဝုန်း..."
တစ်ဖက်တွင် မိစ္ဆာဝိညာဉ်ဂိုဏ်းခေါင်းဆောင်နှင့် အခြားသူများက အချိန်နတ်ဘုရားတောင်သို့ အောင်မြင်စွာ ပြေးဝင်ခဲ့ကြပြီး ကျန်သော ရှေးဟောင်းယဇ်ပလ္လင်နှစ်ခုကို ဖျက်ဆီးပစ်ခဲ့သည်။
"ဂါး..."
အချိန်နတ်ဘုရားတောင်၏ အောက်ခြေမှ ဧရာမရုပ်သွင်ကြီးက ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ ၎င်းထံမှ အားကောင်းသော အရှိန်အဝါက လှိုင်းလုံးကြီးကဲ့သို့ ဖြာထွက်သွား၏။
အချိန်နတ်ဘုရားတောင်ကြီးတစ်ခုလုံး ပေါက်ကွဲပြီး အပိုင်းအစများက နေရာအနှံ့ လွင့်စဉ်သွားတော့သည်။
"ဝုန်း..."
ဧရာမ ရုပ်သွင်ကြီးက သံကြိုးကြီးများ၏ ချည်နှောင်ခြင်းမှ လွတ်မြောက်ရန် ရုန်းကန်လိုက်သည်။ အချိန်နတ်ဘုရားကျွန်းတစ်ခုလုံးက ပြင်းထန်စွာ တုန်ခါသွားပြန်တော့သည်။