အခန်း ၁၉၈၁
Vol. 134 Ch. 1981
အပိုင်း ( 1981 ) ကြောက်စရာကောင်းသော တည်ရှိမှုများ မွေးဖွားလာခြင်း။
ထိုပုံရိပ်ကြီးက ရုန်းကန်ပြီး သံကြိုးများကို ဆွဲထုတ်လိုက်သည်။ အချိန်နတ်ဘုရားကျွန်းက တုန်ခါသွားပြီး အချို့နေရာများတွင် အက်ကြောင်းကြီးများ ပေါ်လာကြ၏။ အချိန်နတ်ဘုရားကျွန်းတစ်ခုလုံး ပြိုကျလုနီးဖြစ်နေပြီ။
"လာကြစမ်း၊ ဒီသောက်နတ်ဆိုးဖိနှိပ်ခြင်းသံကြိုးတွေကို ချိုးဖျက်ဖို့ ကူညီကြပါ"
ဧရာမရုပ်သွင်ကြီးက ပြောလိုက်သည်။
"ကောင်းပါပြီ အရှင်"
မိစ္ဆာဝိညာဉ်ဂိုဏ်းခေါင်းဆောင်နှင့် အခြားသူများက ဦးညွှတ်လိုက်ကြသည်။ ထို့နောက် သံကြိုးကြီးများအပေါ် ကြောက်မက်ဖွယ်ရာ တိုက်ခိုက်မှုများကို ထုတ်ဖော်လိုက်၏။
"ဒုန်း... ဒုန်း..."
သူတို့၏ ကျင့်ကြံမှုအခြေခံများက အလွန်ကြောက်စရာကောင်းသည်။ သူတို့က မဟာဧကရာဇ်နယ်ပယ်ကို မရောက်သေးသော်လည်း များစွာ မဝေးတော့ပေ။ တိုက်ခိုက်မှု အမျိုးမျိုး ကျရောက်လာပြီးနောက် သံကြိုးကြီးများက တုန်ခါကာ မီးပွားများလည်း လွင့်စဥ်သွားခဲ့သည်။
ထို့နောက် ဧရာမရုပ်သွင်ကြီး၏ အကူအညီဖြင့် သံကြိုးများထဲမှ တစ်ခုက ကျယ်လောင်သော အသံနှင့်အတူ ပြတ်တောက်သွားတော့သည်။
"ဟားဟားဟား၊ နောက်ဆုံးတော့ ငါ ပြန်လည်မွေးဖွားတော့မယ်။ ဟဲယု၊ အရင်တုန်းက မင်း ငါ့ကို သတ်ရမဲ့အစား ဟင်းလင်းပြင်လမ်းကို ဖိနှိပ်ဖို့ သုံးခဲ့တာဟာ မင်းအမှားပဲ"
"ငါ မင်းကို သေချာပေါက် နောင်တရစေမယ်၊ ဟားဟားဟား"
ဧရာမရုပ်သွင်ကြီးက ရယ်မောလိုက်သည်။ သူ့အရှိန်အဝါက ပိုမိုအားကောင်းလာပြီး ပြင်းထန်စွာ ရုန်းကန်လိုက်၏။
မဟာဧကရာဇ်ဝူရှန်းက စိုးရိမ်နေသော်လည်း နတ်ဆိုးဝိညာဉ်ဂိုဏ်းခေါင်းဆောင်က သူ့ကို တားဆီးထားသောကြောင့် ဘာမျှ မတတ်နိုင်ပေ။
"ချွမ်း... ချွမ်း..."
သံကြိုးကြီးများ ပြတ်တောက်သံကို ဆက်လက် ကြားနေရသည်။ အသံများက ရှစ်ကြိမ်ဆက်တိုက် ထွက်ပေါ်ခဲ့၏။ နောက်ဆုံးတွင်၊ ကြောက်စရာကောင်းသော အလင်းရောင်တစ်ခုက ကောင်းကင်သို့ ထိုးတက်သွားပြီး ကောင်းကင်တစ်ခုလုံး တုန်ခါသွားတော့သည်။
"ဝုန်း..."
ဤအခိုက်အတန့်တွင်၊ ထိုနေရာမှ ဧရာမရုပ်သွင်ကြီးက ထွက်ပေါ်လာပြီး အချိန်နတ်ဘုရားကျွန်း တစ်ခုလုံး ပျက်စီးစပြုလာခဲ့သည်။
ဧရာမပုံရိပ်ကြီးက ထွက်ပေါ်လာပြီးနောက် သူ့အရွယ်အစားမှာ သေးငယ်လာသည်။ နောက်ဆုံးတွင် သူက သာမန်လူတစ်ယောက်၏ အသွင်မျိုးဖြင့် ပြန်ပေါ်လာပေသည်။
အသားမည်းမည်းဖြင့် လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦး ဖြစ်သည်။ သူ့ခန္ဓာကိုယ်မှာတော့ အဝတ်အစားများမရှိဘဲ ကြောက်စရာကောင်းသော အရှိန်အဝါများ ထွက်ပေါ်လျက်ရှိ၏။ သူက မဟာဧကရာဇ်ဝူရှန်းနှင့် နတ်ဆိုးဝိညာဉ်ဂိုဏ်းခေါင်းဆောင်ထက် အားမနည်းပေ။
သူကလည်း မဟာဧကရာဇ်နယ်ပယ် အကျော်အမော်တစ်ဦး ဖြစ်သည်။
"ဝုန်း..."
လူလတ်ပိုင်းအရွယ် အမျိုးသားက မဟာဧကရာဇ်ဝူရှန်းကို လက်သီးဖြင့် ထိုးလိုက်သည်။
မဟာဧကရာဇ်ဝူရှန်းက သူ၏ လက်ဝါးတစ်ဖက်ဖြင့် ပိတ်ဆို့လိုက်၏။ သူက နတ်ဆိုးဝိညာဉ်ဂိုဏ်းခေါင်းဆောင်နှင့် လူလတ်ပိုင်းအရွယ် အမျိုးသားတို့ကို ရင်ဆိုင်တိုက်ခိုက်ခဲ့သည်။
လူလတ်ပိုင်းအရွယ် အမျိုးသားသည် မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ တံဆိပ်ခတ်ခံထားရခြင်းကြောင့် အင်အားအပြည့် မထုတ်ဖော်နိုင်သေးသော်လည်း မဟာဧကရာဇ်ကြီးတစ်ပါး ဖြစ်နေဆဲ ဖြစ်သည်။ သူက နတ်ဆိုးဝိညာဉ်ဂိုဏ်းခေါင်းဆောင်နှင့် ပူးပေါင်းသောအခါ မဟာဧကရာဇ်မှာ အားနည်းချက်ရှိလာတော့သည်။
အခြား ကမ္ဘာတစ်ခု၊ အလုံးစုံသားရဲကမ္ဘာတွင်...
လုမင်က နိယာမလမ်းစဉ်၏ ကျမ်းကိုးအုပ်ထဲမှ နှစ်ခုကို ရရှိခဲ့သော လှိုဏ်ဂူထဲသို့ ပုံရိပ်သွင်တစ်ခု ဆင်းသက်လာသည်။
ထိုသူ၏ အရှိန်အဝါက အလွန် အားကောင်း၏။ သူကလည်း မဟာဧကရာဇ်ကြီးတစ်ပါးပင်။
ထို့ပြင် သူက ဟဲမိသားစု၏ မဟာဧကရာဇ်၊ ဟန်မိသားစု၏ မဟာဧကရာဇ်၊ သို့မဟုတ် တာ့လော့ကောင်းကင်ဂိုဏ်း၏ မဟာဧကရာဇ်ကြီးလည်း မဟုတ်ပါ။ ၎င်းက မရင်းနှီးသော မဟာဧကရာဇ်တစ်ပါး ဖြစ်သည်။
ဤအခိုက်တွင်၊ သူ့လက်ထဲမှာ ဓားတစ်လက်ပေါ်လာသည်။ သူက ဓားချက်ထုတ်ဖော်လိုက်သောအခါ ဂူတစ်ခုလုံး ထက်ခြမ်းကွဲသွား၏။
"ဂါး..."
လှိုဏ်ဂူအောက်ခြေမှ စိတ်လှုပ်ရှားစွာ ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီး သံကြိုးကြီးများ အချင်းချင်း တိုက်မိသံများပင် ထွက်ပေါ်လာတော့သည်။
"မြန်မြန်၊ ဒီကြိုးတွေကို မြန်မြန်ဖျက်ဆီးလိုက်စမ်း"
လှိုဏ်ဂူ၏ နက်နဲရာမှ အသံဩဩကြီးဖြင့် ပြောလိုက်သံ ထွက်ပေါ်လာခဲ့သည်။
လေထဲမှလူက သူ့ဓားကြီးဖြင့် နောက်တစ်ကြိမ် ခုတ်ချလိုက်၏။
ဓားအလင်းတချို့ ဖြတ်သန်းသွားပြီး သံကြိုးကြီးများ ပြတ်တောက်သံကို ကြားလိုက်ရသည်။
"ဂါး..."
ထို့နောက် ကျယ်လောင်သော ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပြီး မြေပြင်က ပေါက်ကွဲသွားသည်။ အနှိုင်းမဲ့ ကြီးမားသော အိမ်မြှောင်ကြီးတစ်ကောင်က မြေအောက်နက်နဲရာမှ တွားသွားပြီး ထွက်လာခဲ့၏။ ရှေးခေတ်မှ မွေးဖွားလာခဲ့သော ဧရာမသားရဲကြီးတစ်ကောင်ကဲ့သို့ အလွန်တရာ ကြောက်စရာကောင်းလွန်းသည်။
ဤသားရဲကြီးကလည်း အမှန်တကယ်ပင် မဟာဧကရာဇ်အဆင့် တည်ရှိမှုတစ်ခု ဖြစ်သည်။
"တခြားကမ္ဘာကိုသွားပြီးတော့ တခြားသူတွေကို ကယ်တင်ကြရအောင်"
လေဟာနယ်က အက်ကွဲသွားသည်။ ဧရာမသားရဲကြီးနှင့် အမျိုးသားက လေဟာနယ်အက်ကြောင်းထဲသို့ လှမ်းဝင်ကာ အခြားကမ္ဘာသို့ ထွက်သွားကြတော့သည်။
ဟန်မိသားစု၏ မဟာဧကရာဇ်ကြီးက ဤကမ္ဘာပေါ်ရှိ ရှေးအကျဆုံး အပျက်အယွင်းတစ်ခုကို ရောက်နေသည်။
"ကြောက်စရာကောင်းတဲ့ တည်ရှိမှုတစ်ခုကို ဒီမှာ ချိပ်ပိတ်ထားတာပဲ"
ဟန်မိသားစုမှ မဟာဧကရာဇ်၏ မျက်နှာက မှုန်ကုပ်သွားသည်။
ရုတ်တရက်၊ လေဟာနယ်က ကွဲအက်သွားပြီး သားရဲကြီးနှင့် မဟာဧကရာဇ်အဆင့် အကျော်အမော်တို့ ရောက်လာကြ၏။
ထို့နောက် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့သည်။ မဟာဧကရာဇ်အဆင့် အကျော်အမော်က ဟန်မိသားစု၏ မဟာဧကရာဇ်ကြီးကို တိုက်ခိုက်ဟန့်တားခဲ့သည်။ ဧရာမသားရဲကြီးကမူ ချိပ်ပိတ်ခံထားရသော သားရဲကြီးကို လွှတ်ပေးရန် အတားအဆီးများကို တိုက်ခိုက်ခဲ၏။
ရလဒ်အနေဖြင့် ဟန်မိသားစု၏ မဟာဧကရာဇ်က မတိုက်ခိုက်ဝံ့တော့ဘဲ ဆုတ်ခွာသွားတော့သည်။
ထို့နောက်တွင် ၎င်းတို့က အခြားကမ္ဘာများမှ ချိပ်ပိတ်ခံထားရသူများကို ကယ်တင်ရန် အခြားကမ္ဘာများသို့ ဆက်လက်သွားရောက်ခဲ့ကြသည်။
မကြာမီ၊ ၎င်းတို့၏ အင်အားက ပိုကြီးမားလာသည်။ ဟဲမိသားစု၏ မဟာဧကရာဇ်နှင့် တာ့လော့ကောင်းကင်ဂိုဏ်း၏ မဟာဧကရာဇ်ကြီးများက ထိတ်လန့်ကြောက်ရွံ့နေပြီး ၎င်းတို့ကို မတားဆီးဝံ့ကြပေ။
မကြာမီ၊ ကမ္ဘာရှစ်ခုစလုံးရှိ ရှေးဟောင်းအပျက်အယွင်းရှစ်ခုမှ ချိပ်ပိတ်ခံထားရသော တည်ရှိမှုများအားလုံးကို ကယ်တင်နိုင်ခဲ့သည်။
၎င်းတို့အားလုံးက မဟာဧကရာဇ်နယ်ပယ်မှ တည်ရှိမှုများပင်။ ဒါက အကန့်အသတ်မဲ့ ကြောက်မက်ဖွယ်ကောင်းသော အင်အားစုတစ်ခု ဖြစ်မည်မှာ သေချာသည်။
"ကမ္ဘာရှစ်ခုကို ပြန်သွားကြ၊ ကမ္ဘာတွေကို ဖယ်ခွာ... ဟင်းလင်းပြင် လမ်းကြောင်းတွေကို ဖွင့်ပြီး အမျိုးအနွယ်တွေကို ကြိုဆိုကြစို့"
အသံတစ်ခု ထွက်ပေါ်လာခဲ့သည်။ မူလက ချိပ်ပိတ်ခံထားရသော ကျွမ်းကျင်သူများ အားလုံးက ၎င်းတို့၏ မူလကမ္ဘာသို့ ပြန်သွားကြ၏။
အဆုံးမဲ့ပင်လယ်ကမ္ဘာတွင်၊ အချိန်နတ်ဘုရားကျွန်းမှာ မဟာဧကရာဇ်ဝူရှန်းက အရေးနိမ့်နေသည်။
ရုတ်တရက်၊ လူလတ်ပိုင်းအရွယ် အမျိုးသားက နောက်ပြန်ဆုတ်သွားပြီး အချိန်နတ်ဘုရားကျွန်းသို့ ပြန်သွားခဲ့၏။ သူ့ထံမှ ထိတ်လန့်တုန်လှုပ်ဖွယ် အတက်အကျများ ထွက်ပေါ်လာပြီးနောက် အလင်းတန်းတစ်ခုက ကောင်းကင်သို့ ထိုးတက်သွားတော့သည်။
ထိုအချိန်တွင်၊ အဆုံးမဲ့ပင်လယ်ကမ္ဘာတစ်ခုလုံး တုန်လှုပ်သွားသည်။
အဆုံးမဲ့ပင်လယ်ကမ္ဘာ၏ မင်ယန်တိုင်းပြည်တွင်... ရွမ်ထျန်းကျောင်းက နန်းတော်အထက်တွင် ရပ်နေသည်။ သူက လေးနက်သော အမူအရာဖြင့် ကောင်းကင်ကို မော့ကြည့်ပြီး လေသံခပ်တိုးတိုးဖြင့် ရေရွတ်လိုက်လေသည်။
"ကောင်းကင်နဲ့ မြေပြင်က တုန်ခါနေပြီး တော်လည်းသံတွေလည်း ထွက်ပေါ်နေပါလား။ ဒီကမ္ဘာမှာ ဘာတွေဖြစ်နေတာလဲ၊ အဲဒါက ပြင်ပလူတွေနဲ့ သက်ဆိုင်မှုရှိမလား"
"လုမင်၊ ရှင် အဆင်ပြေရဲ့လား"
ဒါက ရွမ်ထျန်းကျောင်းသာမကပါ။ အဆုံးမဲ့ပင်လယ်ကမ္ဘာနှင့် အခြားကမ္ဘာများရှိ အားလုံးက ကောင်းကင်ကို မော့ကြည့်ကာ ကြောက်ရွံ့မှုဖြင့် မျက်နှာများ ဖြူဖျော့သွားကြသည်။
သူတို့က ကြီးစွာသော ကပ်ဘေးတစ်ခု ကျရောက်တော့မည်ဟု ခံစားရပေသည်။
နဝမမြောက်ကမ္ဘာတွင်... လုမင်က ကောင်းကင်ဧကရာဇ်၏ဓားကို ထိန်းချုပ်ခဲ့ပြီး ဟန်ရှင်းဟဲမှ ထိန်းချုပ်ထားသည့် ကောင်းကင်ဧကရာဇ်၏ခန္ဓာကိုယ်နှင့် တိုက်ခိုက်ခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင်၊ သူတို့က ဒါဇင်နှင့်ချီသော တိုက်ခိုက်မှုများကို ဖလှယ်ခဲ့ကြ၏။
ရုတ်တရက်၊ ကောင်းကင်အထက်မှ ကြောက်စရာကောင်းသော ဟိန်းဟောက်သံတစ်ခုကို ကြားလိုက်ရသည်။ တုန်လှုပ်ချောက်ချားသော စွမ်းအားများဖြင့် ပေါက်ကွဲသံများ ထွက်ပေါ်လာ၏။
လူတော်တော်များများက အခြေအနေကို နားမလည်နိုင်ဘဲ မျက်နှာအမူအရာများ ပြောင်းသွားကြသည်။
"လုမင်၊ ကောင်းကင်ဧကရာဇ်ရဲ့ဓားက ငါ့ဟာပဲကွ။ လွှဲပေးစမ်း"
ဟန်ရှင်းဟဲက ဟိန်းဟောက်လိုက်သည်။ ကောင်းကင်ဧကရာဇ်၏ခန္ဓာကိုယ်က လုမင်ဆီသို့ တစ်ဖန် ပြေးသွား၏။
သူ့အမြင်တွင် ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်နှင့် ကောင်းကင်ဧကရာဇ်၏ဓားက သူ့အပိုင် ဖြစ်သည်။ လုမင်က ၎င်းတို့ကို ထိန်းချုပ်ရန် အရည်အချင်း မပြည့်မီပေ။
"ဝုန်း..."
လုမင်က ကောင်းကင်ဧကရာဇ်၏ဓားကို ထိန်းချုပ်ပြီး ရင်ဆိုင်တိုက်ခိုက်ခဲ့သည်။ သူတို့က ဆယ်ကြိမ်ထက်မနည်း ထိုးနှက်ခဲ့ကြသော်လည်း အနိုင်အရှုံး မကွဲပြားသေးပေ။
"ဝုန်း..."
ရုတ်တရက်၊ ကောင်းကင်နှင့် မြေပြင်မှ မြည်ဟီးသံများက ပိုမို ကျယ်လောင်လာပြီး ကောင်းကင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါသွားသည်။
"ဝမ်... ဝမ်..."
ထိုအချိန်တွင်၊ ကောင်းကင်ဧကရာဇ်ဓားနှင့် ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ် နှစ်ခုစလုံးက အလိုအလျောက် တုန်လှုပ်သွားပြီး တောက်ပသော အလင်းများကို ထုတ်လွှတ်လိုက်သည်။
နောက်အခိုက်အတန့်တွင်၊ ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်ထဲမှ လူရိပ်တစ်ခု ထွက်ပေါ်လာ၏။ ၎င်းက ဟန်ရှင်းဟဲပင်။
"ဘာတွေဖြစ်နေတာလဲ"
ဟန်ရှင်းဟဲက အော်ဟစ်လိုက်သည်။
လုမင်၏ ဦးခေါင်းထက်မှ ကောင်းကင်ဧကရာဇ်ဓားကလည်း တုန်ခါပြီး ပျံထွက်သွား၏။ ကောင်းကင်ဧကရာဇ်၏ခန္ဓာက ဓားကို ဖမ်းယူလိုက်သည်။
"နောက်ဆုံးတော့လည်း ဒါက ဖြစ်လာသေးတာပါပဲ၊ ဒါပေမဲ့ ငါ လျစ်လျူမရှုနိုင်ဘူး"
ကောင်းကင်ဧကရာဇ်၏ခန္ဓာက အမှန်တကယ် စကားပြောလိုက်သည်။ ထိုစကားကို ပြောပြီးနောက် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ရာ တုနှိုင်းမရအောင် ကြီးမားသော ရုပ်သွင်ကြီးက ရုတ်တရက် ပျောက်ကွယ်သွား၏။
"မဟုတ်ဘူး၊ ငါ့ရဲ့ ကောင်းကင်ဧကရာဇ်ရဲ့ ခန္ဓာ..."
ဟန်ရှင်းဟဲက ဒေါသတကြီး အော်ဟစ်လိုက်သည်။
ကောင်းကင်ဧကရာဇ်၏ခန္ဓာက ရုတ်တရက်ကြီး သူ့ကို စွန့်ခွာသွားခြင်းမှာ လက်ခံနိုင်ရန် ခက်ခဲပေသည်။
ကောင်းကင်ဧကရာဇ်၏ခန္ဓာ ရှိနေပါက သူသည် ဒေသတစ်ခု၏ အုပ်စိုးရှင်ဖြစ်ပြီး ကမ္ဘာလောက၏ ထိပ်တန်းကျွမ်းကျင်သူတစ်ဦးပင် ဖြစ်လာနိုင်သည်။
"ကျင့်ကြံသူတစ်ဦးဆိုတာ ကိုယ့်ကိုယ်ကိုယ်ပဲ အားကိုးရမယ်။ ကိုယ်ပိုင်အင်အားက သန်မာမှပဲ အမြင့်ဆုံးမှာ ရပ်တည်နိုင်မှာ၊ ပြင်ပအရာတွေကိုပဲ အားကိုးနေတာက ရယ်စရာကောင်းပါတယ်"
လုမင်၏ အမူအရာက တည်ငြိမ်သည်။
ကောင်းကင်ဧကရာဇ်၏ဓားက ထွက်ခွာသွားပြီမို့ သူ တွယ်ကပ်နေတော့မည် မဟုတ်ပေ။ ဓားတစ်လက်ကို အားကိုးရုံဖြင့် အထွတ်အထိပ်ကို တက်လှမ်းနိုင်မည် မဟုတ်ပါ။ မိမိကိုယ်မိမိ တိုးတက်စေမှသာလျှင် မိမိကိုယ်တိုင် ပိုင်ဆိုင်နိုင်သော ထာဝရစွမ်းအားတစ်ခု ရရှိလာနိုင်မည် ဖြစ်သည်။
"လုမင်၊ ခွေးကောင်... မင်းသေသင့်တယ်"
ဟန်ရှင်းဟဲက အေးစက်စွာ အော်လိုက်သည်။ အရာအားလုံးအတွက် လုမင်ကို အပြစ်ဖို့လိုက်၏။
လုမင်သာ သူ့ကို မတားဆီးခဲ့ဘဲ ကောင်းကင်ဧကရာဇ်၏ခန္ဓာဖြင့် အမြန်ဆုံး ထွက်သွားနိုင်လျှင် ဤအဖြစ်မျိုး ဖြစ်လာလိမ့်မည် မဟုတ်ပေ။