← Chapters

အခန်း ၁၉၈၃

Vol. 134 Ch. 1983

အခန်း ၁၉၈၃

Vol. 134 Ch. 1983

အပိုင်း ( 1983 ) မဟာဧကရာဇ် ကျဆုံးခြင်း။

ကောင်းကင်ဧကရာဇ်၏ခန္ဓာက အိမ်မြှောင်သားရဲကြီး၏ မီးတောက်များကို ဖြတ်ကျော်ကာ ဆက်လက်တိုက်ခိုက်ခဲ့သည်။

သို့ရာတွင်၊ အခြားသော မဟာဧကရာဇ်များကလည်း တစ်ချိန်တည်းတွင် တိုက်ခိုက်ခဲ့၏။ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုအမျိုးမျိုးတို့က ကောင်းကင်ဧကရာဇ်၏ခန္ဓာဆီသို့ ပေါက်ကွဲထွက်လာ‌ကြတော့သည်။

"ဟန်ယု၊ အရင်တုန်းက မင်းငါ့ကို မသတ်ဘဲ ချန်ထားခဲ့တာဟာ အကြီးမားဆုံးအမှားပဲ"

"ဒီနေ့ မင်းရဲ့ခန္ဓာကိုယ်ကို ငါဖျက်ဆီးပစ်မယ်"

စွမ်းအားကြီးမားသော ထိုတည်ရှိမှုများမှာ နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ကြရသည်။ ထို့ကြောင့် ယခုအချိန်တွင် ကောင်းကင်ဧကရာဇ်၏ခန္ဓာကို မြင်သောအခါ ပြင်းထန်သော သတ်ဖြတ်လိုစိတ်တို့ဖြင့် ပြည့်နှက်နေကြတော့သည်။ သူတို့၏ မျက်လုံးများက နီရဲနေပြီး ကြောက်စရာကောင်းသော တိုက်ခိုက်မှုများကို ထုတ်ဖော်လိုက်ကြသည်။

ဤသတ္တဝါများမှာ မရေမတွက်နိုင်သော နှစ်ပေါင်းများစွာ ဖိနှိပ်ခံခဲ့ရသောကြောင့် ၎င်းတို့၏ မူလရင်းမြစ်က လွန်စွာ ပျက်စီးသွားခဲ့ရသည်။ ၎င်းတို့၏ တိုက်ခိုက်ရေး စွမ်းအားမှာလည်း သိသိသာသာ ကျဆင်းသွား၏။ သို့ပေသော်ငြား၊ ၎င်းတို့က မဟာဧကရာဇ်ကြီးများ ဖြစ်နေဆဲဖြစ်ပြီး ၎င်းတို့၏ ခွန်အားကို လျှော့တွက်မရပေ။

စင်စစ်တွင်၊‌ ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်ကလည်း ခန္ဓာကိုယ်တစ်ခုမျှသာ ဖြစ်သည်။

ကျွမ်းကျင်သူများစွာ၏ တိုက်ခိုက်မှုအမျိုးမျိုးက ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာသောအခါ အဆက်မပြတ် ဆုတ်ခွာသွားခဲ့ရပေသည်။

သို့ရာတွင်၊ ကောင်းကင်ဧကရာဇ်၏ခန္ဓာက ဆုတ်ခွာသွားရသည့်တိုင် ကျောက်သားခန္ဓာမှာတော့ ခြစ်ရာတစ်ခုမျှပင် မရှိပေ။

"ဝမ်"

ကျောက်ဓားက တုန်ခါသွားပြီး ကျောက်သားခန္ဓာမှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာသည်။ ဤအခိုက်အတန့်တွင်၊ ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်က ပြန်လည်ရှင်သန်လာပုံရ၏။

ကျောက်ဓားက ကောင်းကင်ကို ထိုးဖောက်သွားကာ တောက်ပသော ဓားအလင်းများ ထွက်ပေါ်လာတော့သည်။ ဤဓားအလင်းများက တန်ခိုးကြီးသော တည်ရှိမှုများစွာ၏ မျက်နှာအမူအရာများကို သိသိသာသာ ပြောင်းလဲသွားစေခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ ကျွမ်းကျင်သူများစွာတို့ ရောက်လာကြပြီး ကောင်းကင်ဧကရာဇ်၏ခန္ဓာကို ဝန်းရံထားသောကြောင့် ရေဝဲကြီးက တစ်ဖန် လှုပ်ရှားလာသည်။

"မြင်သမျှကို အကုန်သတ်"

"ရှေးဦးလောက ယွမ်လု တစ်ခုလုံးကို သုတ်သင်ကြ"

ရေဝဲ၏နောက်မှ အသံဩဩကြီးများဖြင့် အော်ဟစ်သံများက ဆက်လက် ထွက်ပေါ်လာသည်။ ပြင်းထန်သော သတ်ဖြတ်လိုစိတ်များလည်း ထွက်ပေါ်လျက်ရှိ၏။

ဧရာမ မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်က ရေဝဲကို ဆွဲဖြဲပြီး ပို၍ ကြီးမားလာစေရန် အစွမ်းကုန် ကြိုးစားနေသည်။

မဟာဧကရာဇ်ကြီး ဆယ်ဦးကလည်း ကောင်းကင်ဧကရာဇ်၏ခန္ဓာကို ဝိုင်းရံထားပေရာ လူတိုင်းမှာ မျက်စိမျက်နှာပျက်သွားကြတော့သည်။

မဟာဧကရာဇ် ဆယ်ပါးက အံ့ဩစရာ အရေအတွက်တစ်ခု ဖြစ်သည်။ ယွမ်တောင် မြင့်မြတ်သောနယ်မြေ တစ်ခုလုံးမှာပင် မဟာဧကရာဇ် ဆယ်ဦး မရှိပေ။

လူများစွာ၏ မျက်နှာများက လေးနက်နေခဲ့သည်။ အကယ်၍ ကောင်းကင်ဧကရာဇ်က မခုခံနိုင်ဘဲ တိုင်းတစ်ပါးမျိုးနွယ်များ အရှိန်အဟုန်ဖြင့် ဝင်ရောက်လာပါက အကျိုးဆက်များသည် တွေးကြည့်ရန်ပင် မလွယ်ပေ။

ကောင်းကင်ဧကရာဇ်၏ခန္ဓာက ပို၍ တောက်ပလာသည်။ ဤအခိုက်တွင် ကျောက်သားခန္ဓာက အသွေးအသားဖြင့် ဖွဲ့စည်းထားသော ခန္ဓာကိုယ်အဖြစ် ခန္ဓာကိုယ်အဖြစ် ပြောင်းလဲသွားပုံရ၏။ သူ၏ တိုက်ခိုက်ရေး စွမ်းအားမှာလည်း ပို၍ ကြောက်စရာကောင်းပြီး သန်မာလာတော့သည်။

သူက ကျောက်သားဓားဖြင့် ခုတ်ပိုင်းလိုက်ပြီး မဟာဧကရာဇ်ကြီးဆယ်ပါး၏ တိုက်ခိုက်ခြင်းကို ခဏတာ တားဆီးလိုက်သည်။

"ဝှစ်...ဝှစ်..."

ဤအခိုက်အတန့်တွင် ဟင်းလင်းပြင်က အက်ကွဲသွားပြီး မဟာဧကရာဇ်ဝူရှန်း၊ မဟာဧကရာဇ်ဟန်၊ မဟာဧကရာဇ်ဟဲနှင့် တာ့လော့ကောင်းကင်ဂိုဏ်းမှ မဟာဧကရာဇ်ကြီးများ ပေါ်လာခဲ့ကြသည်။ သူတို့၏ မျက်နှာများက လေးနက်နေပြီး ကောင်းကင်ဧကရာဇ်၏ ခန္ဓာကို ကူညီရန် တိုက်ပွဲတွင် ပါဝင်ခဲ့၏။

"သတ်"

မဟာဧကရာဇ်ကြီးများ၏ အကူအညီဖြင့် ကောင်းကင်ဧကရာဇ်၏ခန္ဓာအပေါ် ဖိအားများက သိသိသာသာ လျော့ကျသွားခဲ့သည်။ သူက ဟိန်းဟောက်ပြီး ကျောက်သားဓားဖြင့် ဓားချက်အချို့ကို ထုတ်ဖော်လိုက်၏။ သူ့ပုံရိပ်က အိမ်မြှောင်သားရဲကြီး၏ရှေ့သို့ ခဏချင်း ရောက်ရှိလာကာ ဓားဖြင့် ခုတ်ချလိုက်တော့သည်။

ဤအခိုက်အတန့်တွင် ကျောက်ဓားက ဖျက်ဆီး၍မရသော နတ်ဘုရားဓားအဖြစ်သို့ ပြောင်းလဲသွားပုံရသည်။ ဤက အနှိုင်းမဲ့ထက်မြက်ပြီး အိမ်မြှောင်သားရဲ၏ အမြီးကို ဖြတ်ပစ်လိုက်တော့သည်။

"ဂါး..."

အိမ်မြှောင်သားရဲကြီးက ဟိန်းဟောက်ပြီး အသည်းအသန် ဆုတ်သွားသည်။

တစ်ချိန်တည်းမှာပင် အခြားသော ကျွမ်းကျင်သူများ၏ တိုက်ခိုက်မှုများက ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာ၏။ သို့သော်လည်း ကောင်းကင်ဧကရာဇ်၏ခန္ဓာက ၎င်းတို့အား ဂရုမစိုက်ပေ။ သူ့မျက်လုံးထဲတွင် အိမ်မြှောင်သားရဲကြီး တစ်ကောင်တည်းသာ ရှိပုံရသည်။

တိုက်ခိုက်မှုများ တစ်ခုပြီးတစ်ခုက ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာခဲ့သည်။ ကောင်းကင်ဧကရာဇ်၏ ခန္ဓာကိုယ်က တစ်ခဏမျှသာ တုန်လှုပ်သွားပြီး အိမ်မြှောင်သားရဲကြီးကို ဆက်လက်တိုက်ခိုက်ခဲ့၏။

"ရွှပ်"

ဓားအလင်းက လေဟာနယ်ကို ဖြတ်သန်းကာ သားရဲကြီး၏ ဦးခေါင်းကို ထိုးဖောက်ဝင်ရောက်သွားတော့သည်။

"ဟန်...ယု..."

အိမ်မြှောင်သားရဲကြီးက သွေးပျက်စွာ အော်ဟစ်လိုက်သည်။ သို့သော်၊ နောက်အခိုက်အတန့်တွင် ကောင်းကင်ဧကရာဇ်၏ခန္ဓာက သူ၏ဓားဖြင့် ခုတ်လိုက်ရာ အိမ်မြှောင်သားရဲကြီး၏ ခန္ဓာကိုယ်က နှစ်ခြမ်းကွဲသွား၏။ ၎င်း၏ အဆုံးမရှိသော သွေးနှင့် အသားတို့ကို ကမ္ဘာနှစ်ခုက စုပ်ယူသွားကာ သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားတော့သည်။

မဟာဧကရာဇ်အဆင့် သတ္တဝါတစ်ကောင်က ကောင်းကင်ဧကရာဇ်၏ခန္ဓာဖြင့် အသတ်ခံခဲ့ရသည်။

ဟုတ်ပေသည်၊ ဒါဟာ အိမ်မြှောင်သားရဲကြီးက နှစ်ပေါင်းများစွာ နှိမ်နင်းခံခဲ့ရပြီး သူ့ခွန်အား အပြည့်အဝ ပြန်လည်မကောင်းမွန်လာသေးခြင်းနှင့်လည်း ဆက်စပ်နေသည်။

"သတ်"

ကောင်းကင်ဧကရာဇ်၏ခန္ဓာက ရပ်တန့်မနေဘဲ အခြားသူများကို ဆက်လက်တိုက်ခိုက်ခဲ့သည်။ အနည်းငယ် လှုပ်ရှားပြီးနောက် သူက နောက်ထပ် တန်ခိုးကြီးသော တည်ရှိမှုတစ်ခုကို သတ်ပစ်လိုက်၏။

ကောင်းကင်ဧကရာဇ်၏ခန္ဓာက မဟာဧကရာဇ်အဆင့် တည်ရှိမှုနှစ်ခုကို ဆက်တိုက်သတ်ပစ်ခဲ့သည်။ ဒါက အလွန်တုန်လှုပ်စရာကောင်းပေသည်။

သူတို့အားလုံးက လွန်စွာ စွမ်းအားကြီးမားသော မဟာဧကရာဇ်များ ဖြစ်ကြသည်။ ယခုအချိန်တော့ တစ်ယောက်ပြီး တစ်ယောက် ကျဆုံးခဲ့ကြပြီ။

"သူ့ခန္ဓာကိုယ်ထဲမှာ သိုလှောင်ထားတဲ့ စွမ်းအင်တွေက အများကြီး မရှိနိုင်ဘူး။ သူက အမှတ်အသားတစ်ခုပဲဖြစ်လို့ ကောင်းကင်လမ်းစဥ်ရဲ့ စွမ်းအင်ကို စုစည်းဖို့ ခက်တယ်။ အတူတူ တိုက်ခိုက်ကြစို့၊ သူ ကြာရှည်မခံနိုင်တော့ဘူး"

နတ်ဆိုးဝိညာဉ်ဂိုဏ်းခေါင်းဆောင်က အော်ပြောလိုက်သည်။ သူတို့၏ တိုက်ခိုက်မှုများက ကောင်းကင်ဧကရာဇ်၏ခန္ဓာထံ အဆက်မပြတ် တိုးဝင်သွား၏။

မဟာဧကရာဇ်ဝူရှန်းနှင့် အခြားသူများကြား တိုက်ပွဲကလည်း အလွန်ပြင်းထန်သည်။

စွမ်းအင် အမျိုးမျိုး ပေါက်ကွဲသွားပြီး မဟာလမ်းစဉ်စွမ်းအားက ဖြာထွက်နေ၏။ ၎င်းက အလွန်ကြောက်စရာကောင်းသည်။

ကံကောင်းထောက်မစွာဖြင့် ကြာပန်းကမ္ဘာနှင့် အနီးပတ်ဝန်းကျင်နေရာက ထူးခြားသည်။ လုမင်နှင့် အခြားသူများက ကြာပန်းကမ္ဘာနှင့် အနီးအနားတွင် ရှိနေသည်ဟု ထင်ရသော်လည်း တကယ်တမ်းမှာတော့ ‌အဝေးကြီးပင်။ မဟုတ်လျှင်၊ မဟာဧကရာဇ်များ၏ တိုက်ပွဲမှ စွမ်းအင်လှိုင်းတစ်ခုသည်ပင် သူတို့ကို ကောင်းကောင်း သေစေနိုင်လောက်သည်။

သို့တိုင်၊ အဝေးမှ ကြည့်ရတာတောင် ကြောက်စရာကောင်းနေသေးသည်။

"ဝုန်း..."

မဟာဧကရာဇ်များကြားမှ တိုက်ပွဲမှ တုန်လှုပ်ချောက်ချားဖွယ်ကောင်းလွန်းသည်။ ကမ္ဘာကိုးပါးဖြစ်သည့် ကြာပန်းကိုးပွင့်တို့က ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အောက်တွင် ပေါက်ကွဲလုနီးပါးဖြစ်သကဲ့သို့ ပြင်းထန်စွာ တုန်လှုပ်သွားကြ၏။

ထိုအချိန်တွင်၊ တိုက်ခိုက်မှုမှ အလင်းတန်းတစ်ခုက ကြာပန်းကမ္ဘာတစ်ခွင်ကို ဖြတ်ကျော်သွားသည်။ ထိုကမ္ဘာမှ လေဟာနယ်က တိုက်ရိုက် ကွဲအက်သွား၏။ လုမင်နှင့် အခြားသူများက ဝေးကွာနေသေး‌သော်လည်း ထိုကမ္ဘာရှိ မရေမတွက်နိုင်သောလူများက ပျက်စီးခြင်းစွမ်းအားကြောင့် သေဆုံးကာ ပြာအဖြစ် ပြောင်းလဲသွားသည်ကို တွေ့လိုက်ရသေးသည်။

“အဆုံးမဲ့ပင်လယ်ကမ္ဘာ..."

လုမင်က အဆုံးမဲ့ပင်လယ်ကမ္ဘာကို လှမ်းကြည့်လိုက်သည်။ ယခုအချိန်တွင်၊ အဆုံးမဲ့ပင်လယ်ကမ္ဘာသည်လည်း ပြင်းထန်စွာ တုန်ခါနေ၏။ ၎င်းကို ထိမှန်ခဲ့မည်ဆိုလျှင် အတွင်းမှလူများလည်း အန္တရာယ်ရှိလိမ့်မည်။

လုမင်က စိုးရိမ်ပူပန်စွာဖြင့် လှမ်းကြည့်လိုက်သည်။

ကောင်းကင်ဧကရာဇ်၏ခန္ဓာက ရုတ်တရက် ပို၍ ပြင်းထန်စွာ တိုက်ခိုက်လာသည်။ သူက မုန်တိုင်းတိုက်ခတ်သကဲ့သို့ တိုက်ခိုက်ပြီး နောက်ထပ် အကျော်အမော်တစ်ဦးကို ပြင်းထန်စွာ ဒဏ်ရာရရှိစေခဲ့၏။

သို့သော်လည်း ဤအချိန်တွင်၊ ကောင်းကင်ဧကရာဇ်ခန္ဓာ၏ အရှိန်အဝါများက အားနည်းလာသည်။

"နောက်ဆုံးမှာတော့ နောက်ပြန်လှည့်ဖို့ ခက်ခဲနေတုန်းပဲ"

ကောင်းကင်ဧကရာဇ်၏ခန္ဓာက ခေါင်းယမ်းလိုက်သည်။ သူက ကျောက်ဓားဖြင့် ခုတ်လိုက်သောအခါ မရေမတွက်နိုင်သော ဓားအလင်းများအဖြစ် ပြောင်းလဲသွားပြီး ထိုတည်ရှိမှုများကို တိုက်ခိုက်ခဲ့၏။ သူ့ပုံရိပ်က ရှစ်ခုဖြစ်သွားကာ ပို၍ ကြီးမားလာတော့သည်။

ပုံရိပ်တစ်ခုစီက ကြာပန်းပွင့်ချပ်တစ်ခုစီကို သယ်ဆောင်ရင်း အဆုံးမဲ့ လေဟာနယ်ထဲသို့ ဖြတ်သန်းသွားခဲ့သည်။

နဝမမြောက်ကမ္ဘာကတော့ ဗလာဖြစ်သောကြောင့် ဂရုမစိုက်တော့ပေ။

နောက်ဆုံးတွင် မဟာဧကရာဇ်၏ခန္ဓာက ကမ္ဘာရှစ်ခုကို သယ်ဆောင်ကာ အဆုံးမဲ့ လေဟာနယ်အတွင်း ပျောက်ကွယ်သွားခဲ့သည်။

"ထျန်းကျောင်း၊ ဂရုစိုက်ပါ"

လုမင်က ခပ်တိုးတိုးလေးပြောပြီး သူ့စိတ်ထဲမှ သက်ပြင်းချလိုက်လေသည်။

အဆုံးမဲ့ပင်လယ်ကမ္ဘာနှင့် အခြားကမ္ဘာများက ရှေးဦးလောကနှင့် ဘယ်သောအခါမှ မဆုံစည်းနိုင်သော်လည်း အဆုံးမဲ့လေဟာနယ်အတွင်းသို့ ဝင်ရောက်သွားပြီးနောက် အနည်းဆုံးတော့ ၎င်းတို့ ရှင်သန်နိုင်သေးသည်။

"သတ်"

ထိုအချိန်တွင် ရေဝဲက ဖြည်းဖြည်းချင်း ကျယ်လာပြီး ပုံရိပ်များစွာတို့ ထွက်ပေါ်လာကြသည်။

ဤပုံရိပ်များက အလွန်ထွားကြိုင်းသန်မာကြ၏။ သူတို့တစ်ဦးစီက အနက်ရောင်အကြေးခွံများဖြင့် ဖုံးအုပ်ထားကာ ၎င်းတို့၏ မျက်ခုံးနှစ်ခုကြားတွင် တတိယမျက်လုံး ရှိသည်။

"မျက်လုံးသုံးလုံး နတ်မျိုးနွယ်၊ သူတို့က တကယ်ကို မျက်လုံးသုံးလုံးရှိတဲ့ နတ်မျိုးနွယ်ကပဲ"

လုမင်၏ မျက်လုံးအိမ်များက ကျဉ်းမြောင်းလာသည်။

ဤရုပ်ပုံများက လုမင် ယခင်ကမြင်ဖူးသော မျက်လုံးသုံးလုံးနတ်မျိုးနွယ်နှင့် အပြည့်အဝနီးပါး ဆင်တူပေသည်။

မျက်လုံးသုံးလုံးရှိသော နတ်မျိုးနွယ်ဝင်အချို့က ထူးဆန်းသော သားရဲများကို စီးနင်းထားကာ အချို့က လေထဲသို့ ပျံတက်လာကြသည်။ သူတို့တစ်ဦးတွင် အားကောင်းသော အရှိန်အဝါများ ရှိ၏။ သို့သော်လည်း အပြင်သို့ ပြေးထွက်လာသည်နှင့် တပြိုင်နက်၊ မဟာဧကရာဇ်များကြားမှ တိုက်ပွဲစွမ်းအင်လှိုင်းများကြောင့် ချက်ချင်း‌ သေဆုံးသွားတော့သည်။

"သူတို့ကိုသတ်ပြီး စစ်တပ်ကို လွှတ်လိုက်"

နတ်ဆိုးဝိညာဉ်ဂိုဏ်းခေါင်းဆောင်က အော်ဟစ်လိုက်သည်။ ကျန်သော ဧကရာဇ်ကြီးရှစ်ဦးက ဟိန်းဟောက်ပြီး မဟာဧကရာဇ်ဝူရှန်းနှင့် အခြားသူများကို ပြင်းထန်စွာ တိုက်ခိုက်လိုက်၏။

"ဒီကနေ ထွက်သွားကြစို့"

တစ်စုံတစ်ယောက်က ကြောက်လန့်တကြားဖြင့် ဂူအထက် ကောင်းကင်သို့ ပျံတက်သွားသည်။

ထိုအခိုက်တွင်၊ အလင်းတန်းနှစ်ခု တောက်ပလာပြီး လုမင်နှင့် အခြားသူများ အနီးတွင် လူရိပ်နှစ်ခု ပေါ်လာသည်။ သူတို့တစ်ဦးစီက ကြီးစိုးသော အရှိန်အဝါများကို ထုတ်လွှတ်လျက်ရှိ၏။

၎င်းက မဟာဧကရာဇ်၏ အရှိန်အဝါပင်။

"ဒါက မင်းတို့နေလို့ရတဲ့ နေရာမဟုတ်ဘူး။ မြန်မြန်ထွက်သွားကြ။ ပြီးရင် ယွမ်တောင်မြင့်မြတ်သောကျောင်းတော်ကို ပြန်ပြီး ကောင်းကင်ဧကရာဇ်မြို့တော်ကနေ ထွက်သွားကြတော့"

ကြောက်မက်ဖွယ်ကောင်းသော မီးလျှံများ ဖြာထွက်နေသော အကြီးအကဲတစ်ဦးက ပြောလိုက်သည်။ ထို့နောက် သူ့လက်ကိုဝှေ့ယမ်းလိုက်သောအခါ ကြီးမားသော အင်အားတစ်ခုက လုမင်နှင့် အခြားသူများကို ဖုံးလွှမ်းသွား၏။ နောက်အခိုက်မှာတော့ သူတို့အားလုံးက မြေအောက်ဂူ အပြင်ဘက်ကို ရောက်သွားကြတော့သည်။

All Chapters