အခန်း ၁၉၈၆
Vol. 134 Ch. 1986
အပိုင်း ( 1986 ) ကောင်းကင်ဧကရာဇ်၏ခန္ဓာ ပြန်ပေါ်လာခြင်း။
နောက်ရက်များတွင် လူတိုင်းက တာ့ယန်ဆေးခန်းမတွင် လေ့ကျင့်နေခဲ့သည်။ လုမင်ကတော့ အခြေအနေကို သိရှိထားစေရန်အတွက် လုံချန်နှင့် ဟွမ်လင်တို့ကို ရှာဖွေရန် ဖီးနစ်နန်းတော်နှင့် နတ်ဆင်ဂိုဏ်းသို့ မကြာခဏ သွားလေ့ရှိပေသည်။
တိုင်းတစ်ပါးမှ မျိုးနွယ်စုများ၏ ကျူးကျော်မှုက ယွမ်တောင်တစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။ ရှေးဟောင်းလ မြင့်မြတ်နယ်မြေရှိ အင်အားကြီး အင်အားစုများလည်း ထိတ်လန့်တုန်လှုပ်သွားကာ နယ်မြေတစ်ခုလုံးတွင် ပြန့်ကျဲနေသော ကျွမ်းကျင်သူများကို စတင်စုဆောင်းခဲ့ပေသည်။
အချိန်ကြာလာသည်နှင့်အမျှ တိုင်းတစ်ပါး မျိုးနွယ်များ၏ ကျူးကျော်မှုသတင်းများ ပျံ့နှံ့လာခဲ့သည်။
ကောင်းကင်ဧကရာဇ်မြို့တော်က လုံးလုံးလျားလျား သိမ်းပိုက်ခံခဲ့ရသည်။
ကောင်းကင်ဧကရာဇ်မြို့တော်၏ အုပ်ထိန်းသူများ၊ ဟန်မိသားစုနှင့် ဟဲမိသားစုတို့က ကောင်းကင်ဧကရာဇ်မြို့တော်မှ ထွက်ပြေးသွားခဲ့ကြပြီး ၎င်းတို့၏ တည်နေရာကို မသိရပေ။
တိုက်ပွဲတွင် မရေမတွက်နိုင်သော ကျင့်ကြံသူများ ကျဆုံးခဲ့ရသည်။ ကောင်းကင်ဧကရာဇ်မြို့တော်က ကြီးမားသော ဆုံးရှုံးမှုကို ခံစားခဲ့ရပေသည်။
တိုင်းတပါး မျိုးနွယ်စုများက ကောင်းကင်ဧကရာဇ်မြို့တော်ကို သိမ်းပိုက်ပြီးနောက် ရက်အနည်းငယ်အကြာတွင် ကောင်းကင်ဧကရာဇ်မြို့တော်၏ အရပ်ရပ်သို့ စစ်အင်အားများ စေလွှတ်လာကြသည်။ သူတို့ဖြတ်သွားတိုင်းမှာ ခွေးနှင့် ကြောင်များပင် မရှင်သန်နိုင်ခဲ့ကြပေ။
တိုင်းတပါးမျိုးနွယ်များက ဧကရာဇ်အဆင့် အင်အားစုများကို တစ်ခုပြီးတစ်ခု တိုက်ခိုက်လာကြသည်။ သိုင်းဧကရာဇ်များမှစ၍ ကျင့်ကြံသူမဟုတ်သော အမျိုးသမီးများနှင့် ကလေးငယ်များအထိ လူတိုင်း အသတ်ခံခဲ့ရသည်။
သူတို့ဖြတ်သန်းရာ နေရာတိုင်းတွင် သွေးများက မြစ်ကဲ့သို့ စီးကျလာပြီး သန်းနှင့်ချီသော အလောင်းများက မြေပြင်ပေါ်တွင် လဲလျောင်းနေခဲ့ရပေသည်။
တိုင်းတစ်ပါးမျိုးနွယ်များ၏ နည်းလမ်းများက ရက်စက်လွန်းသည်။ ဒါက ရိုးရိုးရှင်းရှင်း လူသတ်ပွဲကြီးတစ်ခုပင်။
ဧကရာဇ်အဆင့် အင်အားစုများက ကောင်းကင်ဧကရာဇ်မြို့တော်တဝိုက်မှ မြင့်မြတ်နယ်နယ်မြေရှစ်ခုသို့ ဆုတ်ခွာသွားကြသည်။
ယွမ်တောင်၏ မြင့်မြတ်နယ်မြေကြီး ကိုးခုတွင် ကောင်းကင်ဧကရာဇ်မြို့တော်က ဗဟိုတွင် တည်ရှိသည်။ အခြားသော မြင့်မြတ်နယ်မြေများက ကောင်းကင်ဧကရာဇ်မြို့တော်ကို ဝန်းရံထား၏။
ဤကာလအတွင်းတွင်၊ ဧကရာဇ်အဆင့် အင်အားစုများစွာက ရှေးဟောင်းလ မြင့်မြတ်နယ်မြေသို့ ရောက်ရှိလာကြသည်။
တိုင်းတပါးမျိုးနွယ်များကလည်း အရပ်ရပ်သို့ တိုက်ခိုက်ရန် စစ်အင်အားများ စေလွှတ်ခဲ့၏။ ၎င်းတို့က အခြားသော မြင့်မြတ်နယ်မြေများသို့ ချဉ်းကပ်လာကြသည်။
ကောင်းကင်ဧကရာဇ်မြို့တော်မှ တိုက်ပွဲအပြီး နှစ်လအကြာတွင် ပထမဆုံး တိုင်းတပါးမျိုးနွယ်၏ စစ်တပ်က ရှေးဟောင်းလမြင့်မြတ်နယ်မြေ အပြင်ဘက်တွင် ပေါ်လာခဲ့ကြသည်။ ၎င်းတို့က ရှေးဟောင်းလမြင့်မြတ်နယ်မြေကို တိုက်ခိုက်လာကြ၏။
ဤမကြုံစဖူးသော ဖိအားကြီးကို ရင်ဆိုင်ရသောအခါ ရှေးဟောင်းလမြင့်မြတ်နယ်မြေ၏ အင်အားကြီး အင်အားစုများအားလုံးက ၎င်းတို့၏ရန်ငြိုးထားမှုများကို ယာယီဖယ်ထားကာ မဟာမိတ်ဖွဲ့ခဲ့ကြသည်။
ဖုန်းမျိုးနွယ်က ရှေ့ထွက်လာပြီး ကြီးမားသော အခြေစိုက်စခန်းတစ်ခုကို တည်ဆောက်ရန် အင်အားစုအားလုံးကို စုစည်းလိုက်သည်။ သူတို့က တိုင်းတစ်ပါးမျိုးနွယ်များကို တွန်းလှန်ရန် အင်အားများစွာ စုရုံးခဲ့၏။
ရှေးဟောင်းလ မြင့်မြတ်နယ်မြေနှင့် တိုင်းတပါးမျိုးနွယ်စုများ အကြား တိုက်ပွဲများက မြင့်တက်လာတော့သည်။
"ကသောင်းကနင်းဖြစ်ရပ်တွေ စပြီ"
လုမင်က တာ့ယန်ဆေးခန်းမ၏ အထွတ်အထိပ်တွင် ရပ်ကာ အဝေးကို လှမ်းကြည့်ရင်း ရေရွတ်လိုက်သည်။
ဤအခိုက်အတန့်တွင် အဝေးမှ အလင်းတန်းတစ်ခုက ရုတ်တရက် ဖြတ်သန်းလာ၏။ ၎င်း၏အရှိန်က အံ့မခန်း ဖြစ်သည်။ လုမင်က တုံ့ပြန်မိသောအခါ အလင်းတန်းက လုမင်၏ရှေ့ကို ရောက်နေပြီ။
"ဒါက..."
လုမင်က အလင်းတန်း၏ အသွင်အပြင်ကို မြင်လိုက်ရသောအခါ အံ့ဩတုန်လှုပ်သွားခဲ့သည်။
၎င်းက တစ်မီတာ အမြင့်ရှိသော ကျောက်လူသားတစ်ဦးနှင့် ကျောက်ဓားတစ်လက် ဖြစ်၏။
ဒါက ကောင်းကင်ဧကရာဇ်၏ဓားပင် မဟုတ်လော။
ထို့ပြင် ဒါက ကောင်းကင်ဧကရာဇ်၏ခန္ဓာ ဖြစ်သည်။
ပထမဆုံး တွေ့ချိန်ကထက် အဆပေါင်းများစွာ သေးငယ်သော်လည်း ၎င်းမှာ ကောင်းကင်ဧကရာဇ်၏ခန္ဓာဖြစ်သည်ကို မှတ်မိသေးသည်။
ယခင်တိုက်ပွဲတွင်၊ ကောင်းကင်ဧကရာဇ်၏ခန္ဓာက ကျောက်ဓားကို ကိုင်ဆောင်ကာ မဟာဧကရာဇ်ကြီးနှစ်ပါးကို ဆက်တိုက်သတ်ပစ်ခဲ့သည်။
နောက်ပိုင်းတွင်၊ လုမင်နှင့် အခြားသူများက ရှေးဟောင်းလ မြင့်မြတ်နယ်မြေသို့ ပြန်လာခဲ့ကြပြီး ကောင်းကင်ဧကရာဇ်၏ခန္ဓာနှင့် အခြားသော မဟာဧကရာဇ်များအကြောင်း သတင်းမကြားရတော့ပေ။
ယခုအချိန်တွင် ကောင်းကင်ဧကရာဇ်၏ခန္ဓာနှင့် ကောင်းကင်ဧကရာဇ်၏ဓားက အမှန်တကယ်ပင် ဤနေရာသို့ ရောက်လာသည်။ ကြည့်ရသည်မှာ ဒါက သူ့အတွက် ရောက်ရှိလာပုံပင်။
"ဝှစ်... ဝှစ်..."
ကောင်းကင်ဧကရာဇ်၏ခန္ဓာနှင့် ကောင်းကင်ဧကရာဇ်၏ဓားက လှုပ်ရှားလာပြီး လုမင်၏ မျက်ခုံးနှစ်ခုကြားသို့ ပျံသန်းဝင်ရောက်သွားသည်။ ထို့နောက် သူ၏ အသိစိတ်ပင်လယ်အတွင်း၌ တည်နေလေသည်။
"ဒါ..."
လုမင်က အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။
ထိုအချိန်တွင်၊ လုမင်၏ရှေ့မှာ အဖြူရောင်အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး လူရိပ်တစ်ခု ပေါ်လာသည်။ ၎င်းက ကောင်းကင်ဧကရာဇ်၏ပုံရိပ်သွင်ပင်။
လုမင်က အံ့သြသွားပြီး အလျင်အမြန် ဦးညွှတ်လိုက်သည်။
"မျိုးဆက်သစ် အငယ်လေး လုမင်က အကြီးအကဲကို နှုတ်ခွန်းဆက်ပါတယ်"
"ထုံးတမ်းစဉ်လာတွေ မလိုပါဘူး။ ငါက အမှတ်အသားတစ်ခုပဲ"
ကောင်းကင်ဧကရာဇ်၏ရုပ်သွင်က ပြုံးလိုက်၏။
"အကြီးအကဲ ကောင်းကင်ဧကရာဇ်၊ ခင်ဗျား... ဘာဖြစ်လို့ ဒီကိုရောက်လာတာလဲ"
လုမင်က သူ့စိတ်ထဲမှ ပဟေဠိကို ထုတ်မေးလိုက်သည်။
ထိုစဉ်က ကောင်းကင်ဧကရာဇ်၏ခန္ဓာကို ဟန်ရှင်းဟဲက ထိန်းချုပ်ခဲ့သည် မဟုတ်လော။ ယခု ကောင်းကင်ဧကရာဇ်၏ဓားနှင့်အတူ သူ၏ အသိစိတ်ပင်လယ်သို့ အဘယ်ကြောင့် ပျံသန်းလာသနည်း။
"ဟန်ရှင်းဟဲက တစ်ကိုယ်ကောင်းဆန်လွန်းတယ်။ သူကိုယ်တိုင်က တခြားသူတွေကို ဂရုစိုက်တာ မဟုတ်ဘူးလေ။ သူက ကောင်းကင်ဧကရာဇ်ရဲ့ခန္ဓာကိုယ်ကို ထိန်းချုပ်ဖို့ အရည်အချင်း မပြည့်မီဘူး။ အခြားတစ်ဖက်မှာတော့ မင်းက ကိုယ်ကျင့်တရားကောင်းမွန်တယ်၊ ပြတ်သားပြီး ထက်မြက်တယ်။ အရေးကြီးဆုံးကတော့ မင်းမှာ ကာကွယ်လိုစိတ်ရှိတာပဲ"
"နောက်ပြီးတော့ မင်းက ငါချန်ခဲ့တဲ့ ဓားကို ဆွဲထုတ်နိုင်တယ်။ ဒါက မင်းဟာ ကောင်းကင်ဧကရာဇ်ရဲ့ခန္ဓာကို ထိန်းချုပ်ဖို့ အရည်အချင်းပြည့်မီတယ်ဆိုတာ သက်သေပြဖို့ လုံလောက်ပါတယ်"
ကောင်းကင်ဧကရာဇ်၏ရုပ်သွင်က ပြောလိုက်သည်။
လုမင်လည်း သူ့နှာခေါင်းကို ပွတ်လိုက်မိလေသည်။ သူက ကောင်းကင်ဧကရာဇ်ပြောသလောက် ကောင်းမွန်သူ မဟုတ်ပါ။ သူက ဤမျှ ကိုယ်ကျိုးမဖက်သော သူရဲကောင်းမဟုတ်ပေ။
"အကြီးအကဲ ကောင်းကင်ဧကရာဇ်၊ ဟန်မိသားစုက တကယ်ပဲ ခင်ဗျားရဲ့ မျိုးဆက်တွေလား"
လုမင်က မေးလိုက်သည်။
ကောင်းကင်ဧကရာဇ်က အတိတ်ကို ပြန်လည်အောက်မေ့ဟန်ဖြင့် ခဏမျှ တိတ်ဆိတ်သွားလေသည်။ သူက ပြောလိုက်သည်။
"တကယ်တော့ ငါက လူသားမဟုတ်ပါဘူး။ ငါက တာအိုကို ရရှိခဲ့တဲ့ ကျောက်တုံးရုပ်သေးတစ်ခုပဲ။ ငါ တာအိုကိုရရှိတဲ့အခါ လူသား မိန်းမပျိုတစ်ယောက်နဲ့ ကလေးတစ်ယောက် ထွန်းကားခဲ့တယ်။ ဒါက နောက်ပိုင်းမှာ ဟန်မိသားစုရယ်လို့ ဖြစ်လာခဲ့တာပဲ။ ဒါကြောင့် ဟန်မိသားစုကို ငါ့ရဲ့ မျိုးဆက်တွေလို့ ပြောလို့ရပါတယ်"
"ဒါပေမဲ့ မရေမတွက်နိုင်တဲ့ နှစ်တွေ ကုန်လွန်သွားခဲ့ပြီ။ ဒီမျိုးဆက်တွေကလည်း ပိုပိုပြီး အသုံးမကျလာပုံရတယ်။ မင်းအနေနဲ့ ဟန်မိသားစုကို ရန်ငြိုးဖွဲ့ထားတယ်ဆိုရင် ငါ့ကို မျက်နှာပူစရာမလိုဘူး"
'အကြီးအကဲ ကောင်းကင်ဧကရာဇ်က တကယ်တော့ တာအိုကို သက်သေပြနိုင်ခဲ့တဲ့ ကျောက်တုံးရုပ်သေးတစ်ခုပဲ'
လုမင်က အံ့ဩသွားသည်။ ကောင်းကင်ဧကရာဇ်၏ခန္ဓာက ကျောက်သားပကတိဖြစ်ခြင်းမှာ အံ့ဩစရာမရှိတော့ပါ။ သူ အသုံးပြုသော ဓားကိုလည်း ကျောက်တုံးဖြင့် ပြုလုပ်ထားသည်။
"အကြီးအကဲ၊ ခင်ဗျားရဲ့ ကျင့်ကြံမှုက ဒီလောက်သန်မာတာ ဘယ်လိုဖြစ်ပြီး..."
လုမင်က အလွန်သိချင်နေခဲ့သည်။ ထိုစဉ်အခါက ကောင်းကင်ဧကရာဇ် ကြုံတွေ့ခဲ့ရသောအရာကို သူ အလွန်သိချင်မိ၏။ ကောင်းကင်ဧကရာဇ် ဟန်ယု၏ ကျင့်ကြံမှုဖြင့် မည်ကဲ့သို့ ကျဆုံးခဲ့ရသနည်း။
"ငါ ဘယ်လို ကျဆုံးခဲ့တာလဲလို့ မေးချင်တာ မဟုတ်လား"
ကောင်းကင်ဧကရာဇ်၏ရုပ်သွင်က ပြုံးပြီး ပြောလိုက်သည်။
"ဒီအကြောင်းကို ပြောရရင် ငါက တကယ်မကျဆုံးပါဘူး"
"မကျဆုံးခဲ့ဘူးလား"
လုမင် ဝမ်းသာသွားသည်။ သို့သော်လည်း ချက်ချင်းပင် သံသယများဖြင့် ပြည့်နှက်သွား၏။ အကယ်၍ ကောင်းကင်ဧကရာဇ်က ကျဆုံးခဲ့ခြင်းမရှိလျှင် ဤရုပ်ခန္ဓာနှင့် အမှတ်အသားကို အဘယ်ကြောင့်ချန်ထားခဲ့သနည်း။
"ဒီအကြောင်းကိုပြောရရင် မိစ္ဆာနတ်ဘုရားမျိုးနွယ်ကနေ စတင်ရဦးမှာပဲ"
ကောင်းကင်ဧကရာဇ်၏ရုပ်သွင်က လုမင်အား အသေးစိတ် ပြောပြလေသည်။
ရှေးခေတ်အခါက တိုင်းတစ်ပါးမျိုးနွယ်များသည် ကောင်းကင်ကမ္ဘာကို ကျူးကျော်ဝင်ရောက်ကာ ကောင်းကင်ကမ္ဘာ၏ တန်ခိုးကြီးသော အကျော်အမော်များနှင့် တိုက်ခိုက်ခဲ့ကြသည်။
ထိုအချိန်တွင်၊ ကောင်းကင်နှင့်မြေပြင်က ထိုးဖောက်နိုင်ပြီး ယွမ်လုနှင့် ဆက်စပ်နေသေးသည်။
ကောင်းကင်ကမ္ဘာ၏ အမွေအနှစ်များစွာက ယွမ်လုသို့ ကျဆင်းသွားခဲ့သည်။ ကောင်းကင်ကမ္ဘာမှ အကျော်အမော်တချို့ကလည်း ယွမ်လုသို့ ဝင်ရောက်ခဲ့၏။
ဟုတ်သည်၊ တိုင်းတပါးမျိုးနွယ်တချို့ကလည်း ယွမ်လုသို့ ဝင်ရောက်ခဲ့ပေသည်။
သို့သော်လည်း ယွမ်လုသို့ ဝင်ရောက်လာသော တိုင်းတစ်ပါးမျိုးနွယ်များက အနည်းစုသာ ဖြစ်သည်။
နောက်ပိုင်းတွင် ဤတိုင်းတပါး မျိုးနွယ်စုဝင်များက ယွမ်လုမှာ ပုန်းအောင်းနေခဲ့ကြပေသည်။ လူသားများ၏ ခန္ဓာကိုယ်များကို သိမ်းပိုက်ပြီး ကိုယ်ပိုင်အင်အားစုများကို ထူထောင်ခဲ့သော ထူးဆန်းပြီး ကြောက်စရာကောင်းသည့် မျိုးနွယ်ဝင်များလည်း ရှိခဲ့သည်။
ဥပမာအားဖြင့် နတ်ဆိုးဝိညာဉ်ဂိုဏ်း၊ မိစ္ဆာဝိညာဉ်ဂိုဏ်းနှင့် အခြားအရာများ...
ဤအုပ်စုများက လူသား ပါရမီရှင်များနှင့် လူသားကျင့်ကြံသူများကို အမဲလိုက်သတ်ဖြတ်ရာတွင် အထူးပြုသည့်အင်အားစုများ ဖြစ်သည်။
လုမင်လည်း နောက်ဆုံးတွင် မိစ္ဆာဝိညာဉ်ဂိုဏ်း၏ မူလအစကို သိလိုက်ရပေသည်။ အမှန်တကယ်ပင်၊ ၎င်းကို တိုင်းတပါးမျိုးနွယ်က တည်ထောင်ခဲ့ကြခြင်း ဖြစ်သည်။ မျက်လုံးသုံးလုံး နတ်မျိုးနွယ်ကဲ့သို့ မိစ္ဆာဝိညာဉ်ဂိုဏ်းမှ ကျင့်ကြံသူ အများစုက သူ၏ ငရဲဖိနှိပ်ကျောက်စာတိုင်ကို ကြောက်ကြသည်မှာ အံ့သြစရာ မဟုတ်ပေ။
ရှေးခေတ်က တိုင်းတပါးမျိုးနွယ်များသည် လေဟာနယ်ထဲတွင် အားနည်းချက်တစ်ခုကို ရှာတွေ့ခဲ့ပြီး မိစ္ဆာနတ်ဘုရားမျိုးနွယ်၏ စစ်အင်အားများကို ပို့လွှတ်ရန် လမ်းကြောင်းဖောက်လုပ်ချင်ခဲ့ကြသည်။ သို့သော်လည်း ကောင်းကင်ဧကရာဇ်ဟန်ယုက ရှာဖွေတွေ့ရှိခဲ့၏။ ဤမျိုးနွယ်ခြားများကို တားဆီးရန်အတွက် န
ဟိုးရှေးရှေးတုန်းက တိုင်းတစ်ပါးက နှစ်ဘက်ကြားတွင် တိုက်ပွဲကြီးတစ်ခု ဖြစ်ပွားခဲ့ရသည်။
သို့သော်လည်း တိုင်းတစ်ပါး ကျင့်ကြံသူများတွင် စိတ်ဝိညာဉ်ကို တိုက်ခိုက်ရာတွင် အထူးပြုသော ကြောက်မက်ဖွယ်ကောင်းသည့် ကျင့်ကြံသူတစ်ဦး ရှိသည်။ သူကလည်း ကောင်းကင်ဧကရာဇ်ဖြစ်ပြီး ကောင်းကင်ဧကရာဇ်ဟန်ယု၏ ဝိညာဉ်ကို ဖြိုခွဲခဲ့ပေသည်။
နောက်ဆုံးတွင်၊ ကောင်းကင်ဧကရာဇ်ဟန်ယုက တစ်ဖက်လူကို သတ်နိုင်လိုက်သော်လည်း သူ၏ဝိညာဉ်မှာ ပြိုလဲလုနီးပါးဖြစ်နေပြီ ဖြစ်သည်။
နောက်ဆုံးတွင်၊ ကောင်းကင်ဧကရာဇ်ဟန်ယုက ရန်သူ မဟာဧကရာဇ်ရှစ်ဦးကို ကမ္ဘာငယ်လေးတစ်ခုထဲသို့ တံဆိပ်ခတ်ရန် ကျန်ရှိသော စွမ်းအင်အားလုံးကို အသုံးပြုခဲ့သည်။ ထိုကမ္ဘာ၏အင်အားနှင့် သူ၏ စွမ်းအားတို့ကို အသုံးပြုကာ ဟင်းလင်းပြင်လမ်းကြောင်းကိုလည်း ပိတ်ပစ်ခဲ့ပေသည်။
လုမင်က ကြာပန်းကမ္ဘာ၏ မူလအစကို နားလည်သွားခဲ့သည်။
"ဒါပေမဲ့ ငါ့ဝိညာဉ်ဟာ အဲဒီအချိန်က ပြန့်ကျဲသွားပြီး အသိစိတ်ကြိုးမျှင်တစ်ခုသာ ကျန်ရစ်ခဲ့တဲ့ အဆိုးဆုံးအခြေအနေမှာ အကြီးမားဆုံး ဉာဏ်အလင်းရခဲ့တယ်။ ငါက အဆင့်သစ်တစ်ခုကို ချိုးဖြတ်ခဲ့ပြီး ငါ့ရဲ့ ရုပ်ခန္ဓာကိုစုစည်းပြီး အသက်ပြန်ရှင်လာခဲ့တယ်"
"ဒါကြောင့် ငါက တစ်ကြိမ်သေဖူးတယ်လို့ ယူဆလို့ရပါတယ်"
ကောင်းကင်ဧကရာဇ်၏ရုပ်သွင်က ရှည်လျားစွာ ရှင်းပြလိုက်သည်။