အခန်း ၁၉၈၉
Vol. 134 Ch. 1989
အပိုင်း ( 1989 ) တမင်တကာ ခက်ခဲစေခြင်း။
ပြိုင်ဘက်ကို သတ်လိုက်ပြီးနောက် လုမင်က ပြေးတက်လာပြီး ၎င်း၏ တတိယမျက်လုံးကို သိမ်းယူလိုက်သည်။ ထို့နောက် အခြား ဧကရာဇ်တစ်ပိုင်းများကို သတ်ရန် ပေါင်ပေါင်ကို ကူညီလိုက်၏။
ဤနည်းအားဖြင့် ဧကရာဇ်တစ်ပိုင်းအဆင့်အောက်ရှိသူများက သူတို့အဖွဲ့ကို မယှဉ်နိုင်ဘဲ အများအပြား သတ်ဖြတ်ခြင်း ခံကြတော့သည်။
များမကြာမီ၊ ဤနေရာရှိ မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များအားလုံး သေဆုံးသွားကြသည်။
ထို့နောက် အခြားလမ်းကြောင်းများကို ထိုးဖောက်သွား၏။
ဤစစ်မြေပြင်က အလွန်ကျယ်ပြောသည်။ ယွမ်လုမှ ကျင့်ကြံသူများနှင့် မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များက နေရာတိုင်းတွင် ရှိနေကြ၏။ တစ်ချက်ကြည့်လိုက်ပါက အဆုံးမရှိသလိုပင်။
လုမင်တို့၏အဖွဲ့က ထက်သော ဓားတစ်လက်ကဲ့သို့ စစ်မြေပြင်ကို ထိုးဖောက်ဝင်ရောက်ကာ မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များကို သတ်ပစ်လိုက်ကြသည်။
လုမင်နှင့် ပေါင်ပေါင်တို့၏ တိုက်ခိုက်နိုင်စွမ်းဖြင့် သိုင်းဧကရာဇ်အဆင့်အောက်တွင် ပြိုင်ဘက်ကင်းလုနီး ဖြစ်ခဲ့ပေသည်။ သူတို့၏ လမ်းတစ်လျှောက်ရှိ မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များကို သတ်ဖြတ်ခဲ့ကြသည်။
နာရီအနည်းငယ်ကြာအောင် သတ်ဖြတ်ပြီးနောက် အဝေးမှ ကောင်းကင်ယံတွင် ကျယ်လောင်သော စစ်ဗုံသံများ ထွက်ပေါ်လာသည်။ ထို့နောက် မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များက ဆုတ်ခွာသွား၏။
ရှေးဟောင်းလ မြင့်မြတ်နယ်မြေမှ ကျင့်ကြံသူများသည်လည်း ပြန်လည်ဆုတ်ခွာသွားကြသည်။
လုမင်နှင့် အခြားသူများက ကုသိုလ်အမှတ်များကို လဲလှယ်ရန် ဘုံအခြေစိုက်စခန်းသို့ ချက်ခြင်း မသွားကြပေ။ သူတို့က ကုသိုလ်ရမှတ်များ လုံလောက်စွာ ရရှိသည်အထိ စောင့်ချင်သည်။
မျှော်လင့်ထားသည့်အတိုင်း၊ ဒုတိယနေ့တွင် မျက်လုံးသုံးလုံး နတ်မျိုးနွယ်၏ စစ်တပ်က ထပ်မံတိုက်ခိုက်လာပြန်သည်။ ရှေးဟောင်းလ မြင့်မြတ်နယ်မြေမှ ကျင့်ကြံသူများလည်း တိုက်ခိုက်ရန် ထွက်ခဲ့ကြပေသည်။
လွင်တီးခေါင်နယ်မြေတွင် တိုက်ပွဲများက ဆက်လက်ဖြစ်ပွားခဲ့သည်။
ဒါဟာ မတူညီသော မျိုးနွယ်ကြီးနှစ်ခုကြားက စစ်ပွဲတစ်ခု ဖြစ်သည်။ နှစ်ဖက် တွေ့ဆုံသည်နှင့် သေခြင်းရှင်ခြင်း တိုက်ပွဲဖြစ်ပြီး သက်ညှာခြင်းမရှိပေ။
မြေပြင်ပေါ်တွင် အလောင်းများနှင့် သွေးများက ပင်လယ်ဝေနေပြီ ဖြစ်သည်။ လူသား ကျင့်ကြံသူ၊ သားရဲများနှင့် မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များ အားလုံး ပါဝင်သည်။
အချိန်အတော်ကြာ တိုက်ပွဲဝင်ပြီးနောက် မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များက တစ်ဖန် ဆုတ်ခွာသွားကြသည်။
သို့သော်လည်း နောက်နေ့တွင် ထပ်မံတိုက်ခိုက်ကြပြန်သည်။
ဆယ်ရက်ကျော်ကြာ တိုက်ပွဲအပြီးတွင် လုမင်နှင့် အခြားသူများက အများအပြား ရရှိခဲ့ကြသည်။ မျက်လုံးသုံးလုံး နတ်မျိုးနွယ်များ နောက်တစ်ကြိမ် ဆုတ်သွားသောအခါ လုမင်နှင့် အခြားသူများက စခန်းသို့ ပြန်သွားကြလေသည်။ သူတို့က တောင်ထိပ်သို့ သွားရောက်ပြီး ရတနာအချို့ကို လဲလှယ်ရန် ပြင်ဆင်ကြသည်။
လုမင်က သူတော်စင်ဆေးပင်များနှင့် ကျောက်ကြမ်းများကို လဲလှယ်ရန် စိတ်ကူးထားပေသည်။
"အားလုံးပဲ... မျက်လုံးသုံးလုံး နတ်မျိုးနွယ်ရဲ့ တတိယမျက်လုံးကို ထုတ်ယူလိုက်ကြပါ"
ကြီးမားသော ကောင်တာတစ်ခုပေါ်တွင် အဘိုးအိုတစ်စု ရပ်နေသည်။
သူတို့အားလုံးက အဓိကအင်အားစုများမှ ကျွမ်းကျင်သူများ ဖြစ်ကြ၏။
အရင်းအမြစ်များကိုလည်း အဓိကအင်အားစုများမှ ပူးပေါင်းပံ့ပိုးပေးထားခြင်း ဖြစ်သည်။ သို့ဖြစ်ပေရာ၊ အင်အားစုတိုင်းက ဤနေရာကို ကြီးကြပ်ကွပ်ကဲရန် ကျွမ်းကျင်သူများအား သဘာဝအတိုင်း စေလွှတ်ထားကြပေသည်။
လုမင်တို့အဖွဲ့က သူတို့၏ သိုလှောင်လက်စွပ်များကို ထုတ်ယူပြီးနောက် မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များ၏ တတိယမျက်လုံး အများအပြား ပေါ်လာသည်။
၎င်းက တောင်ကုန်းငယ်တစ်ခုကဲ့သို့ စုပုံထားသဖြင့် လူအများမှာ အံ့အားသင့်သွားကြတော့သည်။
မျက်လုံးသုံးလုံး နတ်မျိုးနွယ်၏ တတိယမျက်လုံးက ပတ္တမြားကဲ့သို့ တောက်ပမှုရှိသည်။ ၎င်းက အလွန်လှပသည့်အပြင် အံ့ဖွယ်စွမ်းအင်များ ပါဝင်ပေသည်။ ၎င်းက လက်နက်များကို သန့်စင်ရန်အတွက် အလွန်ကောင်းမွန်သော သန့်စင်ခြင်းပစ္စည်းတစ်မျိုး ဖြစ်သည်။
"များလှချေလားဟ၊ ဒီအထဲမှာ အများစုက အန္တိမသူတော်စင်နယ်ပယ်နဲ့ ဧကရာဇ်တစ်ပိုင်းနယ်ပယ်မှာ ရှိတယ်"
"ကြောက်စရာကောင်းလိုက်တာ၊ လုမင်က ကစဉ့်ကလျားရဲ့သားတော်ဖြစ်ပေမဲ့ ဒီလူတွေရဲ့ တိုက်ခိုက်နိုင်စွမ်းကလည်း ကြောက်စရာကောင်းလွန်းတယ်"
"အမှန်ပဲ၊ သူတို့ တိုက်ခိုက်တာကို ကျုပ်မြင်ဖူးတယ်။ သူတို့က ဧကရာဇ်တစ်ပိုင်းအဆင့်တွေကို ခဏချင်း သတ်နိုင်တယ်လေ။ သိုင်းဧကရာဇ်နယ်ပယ်အောက်မှာ ဘယ်သူမှ သူတို့ကို မတားဆီးနိုင်ဘူး"
သူတို့ပတ်ဝန်းကျင်မှ လူများစွာက မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် မျက်လုံးသုံးလုံး နတ်မျိုးနွယ်များ၏ တတိယမျက်လုံးများကို ကြည့်လိုက်ကြသည်။
ထိုအချိန်တွင် ဆံဖြူအဘိုးအိုတစ်ယောက်က မျက်လုံးများကို ရေတွက်ပြီးသွားသည်။ ဤမျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များ၏ တတိယမျက်လုံးများကို ကုသိုလ်ရမှတ်တစ်သန်းနှင့် လဲလှယ်နိုင်၏။ ၎င်းက အံ့ဖွယ်ကောင်းသနည်း။
"ဘယ်ရတနာကို လဲလှယ်ချင်လဲ"
ဆံပင်ဖြူ အဘိုးအိုက မေးလိုက်သည်။
"ခဏနေဦး"
ထိုအချိန်တွင် အေးစက်သော အသံတစ်ခုကို ကြားလိုက်ရသည်။ ထို့နောက် ခန်းမထဲမှ လူတစ်ချို့ ထွက်လာကြ၏။
ခေါင်းဆောင်လာသူက ပြေပြစ်သော ရုပ်ရည်သွင်ပြင်ဖြင့် လူငယ်တစ်ဦး ဖြစ်သည်။
"ဖုန်းဝူချန်"
လုမင်၏ မျက်လုံးများတွင် အေးစက်သော သတ်ဖြတ်လိုစိတ်တို့ ပေါ်လာခဲ့သည်။
ဖုန်းဝူချန်ကလည်း လုမင်နှင့် အခြားသူများကို အေးစက်စွာ စိုက်ကြည့်နေသည်။ နောက်ဆုံးတွင်၊ သူ၏အကြည့်က မျက်လုံးသုံးလုံး နတ်မျိုးနွယ်၏ တတိယမျက်လုံးများပေါ်သို့ ကျရောက်သွား၏။ သူ့မျက်လုံးများက လောဘအရိပ်အယောင်တို့ ပေါ်လာတော့သည်။
"မင်းတို့က ရတနာတွေ လဲလှယ်ချင်လို့လား"
ဖုန်းဝူချန်က မေးလိုက်သည်။
"အင်း"
လုမင်က ခေါင်းညိတ်သည်။
"ဒါက မဖြစ်နိုင်မှာ ငါကြောက်တယ်။ မင်းတို့ အများကြီး နောက်ကျသွားတာ၊ ဒီလာအတွင်း ရတနာအများကြီးကို လဲလှယ်သွားကြတယ်လေ။ ဘဏ္ဍာတိုက်ထဲမှာ ရှိတဲ့ ရတနာတွေက သိသိသာသာ လျော့ကျသွားတဲ့အတွက် လောလောဆယ် လဲလှယ်လို့ မရသေးဘူး"
ဖုန်းဝူချန်က ခပ်ပြုံးပြုံးဖြင့် ပြောလိုက်သည်။
"ရတနာတွေ မလုံလောက်ဘူးလား"
လုမင်၏ မျက်လုံးများက အရောင်လက်သွားသည်။
"ရယ်စရာပဲ၊ ငါတို့ရောက်လာမှ ရတနာတွေက မလုံလောက်တော့တာလား။ ဒါဆိုရင် အခြားသူတွေကို ဘယ်လိုလုပ်မှာလဲ"
ဟွမ်လင်က အေးစက်စက် ပြောလိုက်သည်။
"အခြားသူတွေမှာက နည်းတယ်လေ၊ မင်းတို့ကတော့ များလွန်းတာကြောင့် မလုံလောက်တာ သဘာဝပါပဲ။ ဒါပေမဲ့ မင်းတို့က လျှော့ဈေးနဲ့ လဲလှယ်ချင်ရင်တော့ အဆင်ပြေတယ်"
ဖုန်းဝူချန်က လှောင်ပြောင်လိုက်၏။
"နင်က မလုံလောက်ဘူးလို့ ပြောတာနဲ့ မလုံလောက်တော့ဘူးလား။ ဒီနေရာက နင့်အိမ်မဟုတ်ဘူး၊ အခြားအကြီးအကဲတွေကတောင် မလုံလောက်ဘူးလို့ မပြောသေးဘူး"
လုရှန်းရှန်းက မကျေမနပ်ဖြင့် ဖုန်းဝူချန်ကိုကြည့်လိုက်သည်။
"ဒီကာလအတွင်းမှာ ရတနာတွေ အများကြီးကို လဲလှယ်ထားရင်တောင် ကျန်တဲ့ရတနာတွေက လုံလောက်သင့်တယ် မဟုတ်လား"
ဖီးနစ်နန်းတော်မှ ကျွမ်းကျင်သူတစ်ဦးက ပြောသည်။
"ဒါက အတိအကျတော့ ဆိုလို့မရဘူး။ လက်ကျန်ရတနာတွေကို အကုန်လဲလှယ်လိုက်လို့ အခြားသူတွေ လဲလှယ်စရာမကျန်တော့ရင် ဘယ်လိုလုပ်မလဲ။ ဒါက လူတိုင်းကို စိတ်ပျက်စေမယ် မဟုတ်လား"
ဖုန်းမျိုးနွယ်မှ လူတစ်ယောက်က ဝင်ပြောလိုက်၏။ ဖီးနစ်နန်းတော်မှ ကျွမ်းကျင်သူ၏ အမူအရာက မှုန်ကုပ်သွားသော်လည်း သူ ဘာမှမပြောတော့ပေ။
ဤတစ်ကြိမ်တွင်၊ ရှေးဟောင်းလမြင့်မြတ်နယ်မြေကို ဖုန်းမျိုးနွယ်စုမှ ဦးဆောင်ခဲ့သည်။ ဖုန်းမျိုးနွယ်၏ အင်အားကလည်း အသန်မာဆုံးပင်။
"ဒီကာလအတောအတွင်းမှာ တခြားအင်အားစူတွေက သူတို့ရဲ့ ရတနာတွေကို ပြန်ပြီးဖြည့်ဆည်းပေးလိမ့်မယ်။ ပြီးသွားရင်တော့ မင်းတို့ ပြန်လာနိုင်တယ်"
ဖုန်းဝူချန်က နှုတ်ခမ်းတွန့်ရုံ ပြုံးလိုက်သည်။
"နောက်တစ်ကြိမ် ထပ်ဖြည့်ဖို့က ဘယ်လောက်ကြာဦးမလဲ"
ဟွမ်လင်က မေးသည်။
"လအနည်းငယ်ပေါ့"
ဖုန်းဝူချန်က ပြောလိုက်၏။
"ဒါဆိုရင် ငါတို့ နောက်တစ်ခေါက်မှ လာခဲ့မယ်"
လုမင်က ပြောလိုက်သည်။ သူက ဖုန်းဝူချန်နှင့် စကားနိုင်လုနေရန် စိတ်မဝင်စားပေ။ သူ့လက်ကိုဝှေ့ယမ်းကာ မျက်လုံးသုံးလုံး နတ်မျိုးနွယ်၏ မျက်လုံးများကို ပြန်သိမ်းဆည်းလိုက်သည်။
"မျက်လုံးသုံးလုံး နတ်မျိုးနွယ်ရဲ့ မျက်လုံးတွေကို ဘာဖြစ်လို့ ဒီမှာမထားခဲ့ရတာလဲ။ ငါတို့က အဲဒါကို မှတ်တမ်းတင်ပြီး သိမ်းထာပေးနိုင်ပါတယ်"
ဖုန်းဝူချန်က ပြောသည်။
"မလိုပါဘူး၊ မင်းလို စက်ဆုပ်စရာကောင်းတဲ့လူကို ငါမယုံဘူး"
လုမင်က ပြောဆိုပြီး လှည့်ထွက်သွား၏။
အခြားသူများကလည်း ရယ်မောကာ လှည့်ထွက်သွားကြတော့သည်။
"တောက်စ်"
ဖုန်းဝူချန်၏ မျက်နှာက မည်းမှောင်သွားသည်။ ထို့နောက် အစီအစဥ်တစ်ခုကို တွေးနေသကဲ့သို့ သူ့မျက်လုံးများက အရောင်လက်လာတော့သည်။
...........
"ဟမ့်၊ ကျုပ်အမြင်အရတော့ ဖုန်းမျိုးရိုးနဲ့ကောင်က ကျုပ်တို့ကို တမင်တကာ ပစ်မှတ်ထားပြီး လဲလှယ်မရအောင် လုပ်နေတာပဲ။ တကယ်ကို လက်ယားမိတယ်"
ဟွမ်လီက မကျေမနပ်ဖြင့် ပြောသည်။
"ဒါပေမဲ့ အင်အားစုအများကြီးက ပူးပေါင်းထားတာကြောင့် သူ လုံးဝတော့ ငြင်းဆန်လို့မရပါဘူး။ အလွန်ဆုံး နောက်တစ်ကြိမ်ကျမှ လဲလှယ်လိုက်ရုံပေါ့"
လုမင်က ပြောလိုက်သည်။
ထိုအရင်းအမြစ်များနှင့် ရတနာများကို အမျိုးမျိုးသောအုပ်စုများက စုဆောင်းခဲ့ကြခြင်း ဖြစ်သည်။ ထို့ကြောင့် သူတို့က အမြဲမငြင်းဆန်နိုင်ပေ။
ခဏလောက် ပိုစောင့်ဆိုင်းရရုံ ဖြစ်သည်။
နောက်ရက်အနည်းငယ်အတွင်းမှာ သူတို့က သူတို့ကိုယ်ကို လေ့ကျင့်ရန်အတွက် မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များနှင့် နေ့စဉ်နှင့်အမျှ ဆက်လက်တိုက်ပွဲဝင်ခဲ့ကြသည်။
လုရှန်းရှန်းကလည်း ရန်သူများနှင့် ပုံမှန် တိုက်ခိုက်ခဲ့ပေသည်။ ဒါက သူ့အတွက် အလွန်ကောင်းမွန်သော လေ့ကျင့်ခန်းတစ်မျိုး ဖြစ်သည်။
ဤကာလအတွင်း၌ လုရှန်းရှန်း၏ တိုက်ပွဲအတွေ့အကြုံက လျင်မြန်စွာ တိုးတက်လာခဲ့သည်။ သူ၏ ကျင့်ကြံမှုပင်လျှင် မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံမှုအဆင့်သို့ ချဉ်းကပ်လာခဲ့ပြီ။ ဒါက တခြားသူများကို သက်ပြင်းချစေသည်။ ကောင်းကင်သားတော်များ၏ ကျင့်ကြံမှုအရှိန်က တကယ်ကို အံ့ဩစရာပင်။
ယနေ့မှာလည်း သူတို့က စစ်မြေပြင်ကို တစ်ဖန် ခြေချခဲ့ကြသည်။
"လုမင်၊ ကျွန်မ ရှင်တို့နဲ့ခွဲပြီး တစ်ယောက်တည်း လေ့ကျင့်ချင်တယ်"
ဟွမ်လင်က ပြောလိုက်သည်။
"ကျုပ်လည်း ဒီလိုပဲတွေးထားတာ"
လုံချန်က ပြောသည်။
ထို့နောက် လော့ထျန်းယီနှင့် ဟွမ်လီတို့ကလည်း သူတို့၏ ရည်ရွယ်ချက်များကို ဖော်ပြခဲ့၏။
အားလုံး စုဝေးနေခြင်းက ပိုလုံခြုံသော်လည်း ကျင့်ကြံခြင်းအတွက်တော့ ကောင်းမွန်သော အကျိုးသက်ရောက်မှုရှိမည် မဟုတ်ပေ။ သေခြင်းရှင်ခြင်းဆိုင်ရာ အကျပ်အတည်း၏ ခံစားချက်မျိုး ရရှိနိုင်မည် မဟုတ်ပါချေ။
အန္တရာယ်ကို တစ်ယောက်တည်း ရင်ဆိုင်ခြင်းဖြင့်သာ မိမိ၏ အလားအလာကို လှုံ့ဆော်ပြီး ပိုမိုမြင့်မားသော အဆင့်သို့ ရောက်ရှိနိုင်မည် ဖြစ်သည်။
"နိယာမအလင်းကို လေ့ကျင့်ချင်ရင် သေခြင်းရှင်ခြင်း အခက်အခဲတွေကြားမှာ လေ့ကျင့်ရမယ်။ မဟုတ်ရင် အောင်မြင်နိုင်ဖို့ ခက်ခဲလွန်းတယ်"
လော့ထျန်းယီက ပြောလိုက်၏။
အခြားသူများ၏ မျက်လုံးများသည်လည်း တောက်လောင်နေသော အလင်းရောင်များဖြင့် လင်းလက်နေသည်။
သူတို့အားလုံးက ပါရမီရှင်များဖြစ်ပြီး အားလုံးမှာ ရည်မှန်းချက်ကိုယ်စီ ရှိပေသည်။ သူတို့အားလုံးက ပိုသန်မာလာရန် ဆန္ဒရှိကြသည်။
နိယာမ၏အလင်းကို လေ့ကျင့်ခြင်းဖြင့်သာ အခြား ဘုရင်ခန္ဓာများကို ဖိနှိပ်နိုင်လိမ့်မည်။
ဒါက သူတို့အားလုံး၏ ရည်မှန်းချက် ဖြစ်သည်။