← Chapters

အခန်း ၁၉၉၀

Vol. 134 Ch. 1990

အခန်း ၁၉၉၀

Vol. 134 Ch. 1990

အပိုင်း ( 1990 ) လူစုခွဲပြီး လေ့ကျင့်ကြခြင်း။

"ကောင်းပြီလေ၊ ဒါပေမဲ့ မင်းတို့ တစ်ယောက်နဲ့တစ်ယောက် အရမ်းကြီးမဝေးနေတာ ပိုကောင်းတယ်။ ဒါမှ မထင်မှတ်တာတွေဖြစ်လာရင် တစ်ယောက်ကိုတစ်ယောက် ဂရုစိုက်လို့ရမယ်"

လုမင်က ပြောလိုက်သည်။

လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။ ထို့နောက် လော့ထျန်းယီနှင့် ဟွမ်လီတို့ကက အခြားသော ပါရမီရှင်များကို ဦးဆောင်ကာ အဝေးသို့ ထွက်သွားကြလေသည်။

လုံချန်၊ ဟွမ်လင်နှင့် လော့ရှန်းဝို့က တစ်ဖွဲ့ဖွဲ့ပြီး အဝေးသို့ ပြေးသွားကြ၏။

"ပေါင်ပေါင်၊ မင်းက သူတို့နဲ့ မနီးမဝေးမှာ အထောက်အပံ့ပြုပေးပါ။ သူတို့ထဲက တစ်ယောက်ယောက် အန္တရာယ်ကြုံရင် ချက်ချင်း ကူညီရမယ်"

လုမင်က ပေါင်ပေါင်ကို ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ အစ်ကိုလုမင်၊ တွိ...တွိ..."

ပေါင်ပေါင်က ခေါင်းညိတ်လိုက်သည်။ သူ၏ သေးငယ်သော ခန္ဓာကိုယ်လေးကလည်း သဲလွန်စမရှိဘဲ ပျောက်ကွယ်သွားလေသည်။

လုမင်ကိုယ်တိုင်ကမူ လုရှန်းရှန်းကို ခေါ်ဆောင်ကာ လမ်းကြောင်းတစ်ခုသို့ ဦးတည်ခဲ့သည်။

မကြာမီ၊ လုမင်က မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင် ဧကရာဇ်တစ်ပိုင်းကို လက်သီးတစ်ချက်နှင့် ထိုးသတ်လိုက်သည်။ ၎င်း၏ တတိယမျက်လုံးနှင့် အနက်ရောင်လက်ကောက်ကိုလည်း ယူဆောင်သွား၏။

ဤလက်ကောက်ကို မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင် ဧကရာဇ်တစ်ပိုင်းက ပစ္စည်းများသိမ်းဆည်းရန် အသုံးပြုခဲ့သည်။ ၎င်းက သိုလှောင်လက်စွပ်နှင့် ဆင်တူသည်။

"ရှန်းရှန်း၊ ဒီနှစ်ယောက်ကို မင်းအတွက် ထားခဲ့မယ်"

လုမင်က အန္တိမသူ‌ေတာ်စင်နယ်ပယ် အဆင့်နိမ့်အဆင့်မှ မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင် နှစ်ဦးကို လုရှန်းရှန်းအတွက် လွှတ်ပေးထားလိုက်သည်။ ကျန်သော ရန်သူများကိုသာ သူက ရင်ဆိုင်ပေသည်။

စစ်မြေပြင်က လေ့ကျင့်ရန် အကောင်းဆုံးနေရာဖြစ်သည်။ အိုးရန်မော့လီ၏ ကျင့်ကြံမှုအဆင့်က ပိုမိုမြင့်မားလာသောအခါ သူ့ကိုလည်း အပြင်ထွက်ပြီး လေ့ကျင့်စေရန် သူ စိတ်ကူးထားခဲ့လေသည်။

ရှန်းရှန်းက အန္တိမသူတော်စင်နယ်ပယ် အဆင့်နိမ့်အဆင့်မှ မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်နှစ်ဦးကို တစ်ယောက်တည်း တိုက်ခိုက်ခဲ့ပြီး တိုက်ပွဲက အလွန်ပြင်းထန်သည်။

မကြာမီ၊ လုရှန်းရှန်းက မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်နှစ်ဦးကို အောင်မြင်စွာသတ်ပစ်ခဲ့သည်။

လုမင်က ကျေနပ်စွာ ခေါင်းညိတ်လိုက်လေသည်။ ထို့နောက် လုရှန်းရှန်းအတွက် အန္တိမသူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့်မှ မျက်လုံးသုံးလုံး နတ်မျိုးနွယ်တစ်ဦးကို လွှတ်ပေးလိုက်သည်။

ဤတစ်ကြိမ်တွင်၊ အန္တိမသူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့်မှ မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်က လုရှန်းရှန်းကို ချက်ချင်း ဖိအားပေးလိုက်၏။ လုရှန်းရှန်းက အန္တရာယ်ကို ရင်ဆိုင်လာရတော့သည်။

"ဝုန်း"

လုရှန်းရှန်း၏ ပခုံးတွင် ဖျက်ဆီးခြင်းအလင်းကြောင့် တိုးလျှိုပေါက် အပေါက်တစ်ခု ပေါ်လာသည်။

သို့သော်လည်း လုမင်က ကူညီရန် ရည်ရွယ်ချက်မရှိပေ။

သူ့ဘဝတွင် သေခြင်းရှင်ခြင်း တိုက်ပွဲများစွာကို တွေ့ကြုံခဲ့ဖူးသည်။ အကယ်၍ လူတစ်ဦးက သေခြင်းရှင်ခြင်းတိုက်ပွဲများကို မတွေ့ကြုံဖူးလျှင်၊ မည်မျှပင် အရည်အချင်းရှိပါစေ အသုံးမဝင်ကြောင်း သူကောင်းကောင်းသိသည်။

"ဆရာ..."

ရှန်းရှန်းက အော်လိုက်သည်။ သူ့မျက်နှာက ဖြူဖျော့ပြီး ငိုမဲ့မဲ့လေး ဖြစ်သွား၏။

"ကိုယ်တိုင်ပဲ ဖြေရှင်းပါ၊ ရှင်သန်ခြင်းရဲ့သမီးတော်အနေနဲ့ မင်းက အခြားသူတွေကို အမြဲတမ်း အားကိုးချင်လို့လား"

လုမင်က အေးစက်စက်ဖြင့် ပြောလိုက်သည်။ သူက လက်သီးတစ်ချက်ဖြင့် သူ့ကိုတိုက်ခိုက်လာသော ပြီးပြည့်စုံခြင်းအဆင့် အန္တိမသူတော်စင်တစ်ပါးကို သတ်ပစ်လိုက်၏။

လုရှန်းရှန်းက အံကို တင်းတင်းကြိတ်လိုက်သည်။ သူ့ခန္ဓာကိုယ်မှ အစိမ်းရောင်အလင်းများ ဖြာထွက်လာ၏။ ရှင်သန်ခြင်းနိယာမကို အသက်သွင်းလိုက်ပြီးနောက် သူမ၏ ဒဏ်ရာများက ချက်ချင်း သက်သာသွားတော့သည်။

ရှင်သန်ခြင်းခန္ဓာနှင့် ရှင်သန်ခြင်းနိယာမက အကန့်အသတ်မရှိသော အသက်စွမ်းအင်ကို ပိုင်ဆိုင်နိုင်သည်။ ၎င်းက ဟွမ်လင်၏ အင်မော်တယ်မီးလျှံ နိယာမထက် အဆများစွာ အားကောင်းပေသည်။

တစ်ချိန်တည်းမှာပင် မရေမတွက်နိုင်သော နွယ်ပင်များ ပေါ်လာပြီး ကြာပွတ်များကဲ့သို့ တစ်ဖက်လူထံ လွင့်ပျံသွားသည်။

သို့သော်လည်း လုရှန်းရှန်းက အရေးနိမ့်နေသေးသည်။

သူမ၏ စွမ်းရည်က မြင့်မားသော်လည်း တိုက်ပွဲအတွေ့အကြုံ သိပ်မရှိသောကြောင့် သူမ၏ခွန်အားကို အပြည့်အဝ မထုတ်ဖော်နိုင်ပေ။

သို့ရာတွင်၊ တိုက်ပွဲအချိန်ကြာလာသည်နှင့်အမျှ လုရှန်းရှန်းက သူ့ကိုယ်သူ ကာကွယ်နိုင်စွမ်း ပိုတိုးတက်လာသည်။

"အင်း"

လုမင်က ခေါင်းညိတ်လိုက်သည်။ သူက အနီးပတ်ဝန်းကျင် ဧရိယာကို ရှင်းလင်းထားလိုက်၏။

လုရှန်းရှန်းက သူ၏ပြိုင်ဘက်နှင့် အကြိမ်ပေါင်း ရာနှင့်ချီ၍ တိုက်ခိုက်နေခဲ့သည်။ သူသည် အကြိမ်ပေါင်းများစွာ ဒဏ်ရာရခဲ့သော်လည်း ရှင်သန်ခြင်းနိယာမ၏ အကူအညီဖြင့် လျင်မြန်စွာ ပြန်လည်ကောင်းမွန်ခဲ့ပေသည်။

"မင်းက ဘယ်လိုမကောင်းဆိုးရွားမျိုးလဲ"

မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်က ပိုပိုပြီး တုန်လှုပ်လာသည်။

သူက တစ်ဖက်လူကို မသတ်နိုင်ဘဲ သူ့ဒဏ်ရာများသာ တဖြည်းဖြည်း ပိုဆိုးလာပေသည်။

နောက်ထပ် တိုက်ခိုက်မှုရာဂဏန်းခန့် ရင်ဆိုင်ပြီးနောက်၊ နောက်ဆုံးတွင် ရှန်းရှန်းက ပြိုင်ဘက်ကို သတ်ပစ်နိုင်ခဲ့သည်။

ဤအတွက် ရှန်းရှန်းသည်လည်း ဒဏ်ရာအပြင်းအထန် ရရှိခဲ့၏။ သို့ရာတွင်၊ ရှင်သန်ခြင်းနိယာမ၏ အကူအညီဖြင့် သူက လျင်မြန်စွာ ပြန်လည်ကောင်းမွန်လာခဲ့ပေသည်။

"ဆရာ၊ ကျွန်မ လုပ်နိုင်ခဲ့ပြီ"

ရှန်းရှန်းက ပျော်ရွှင်စွာဖြင့် လုမင်အနားသို့ ပြေးလာသည်။ သူမ၏ မျက်လုံးများမှာတော့ ယခင်ကထက် ပိုမိုတောက်ပလာတော့သည်။

"အင်း... မဆိုးဘူး၊ ဒီအတိုင်း ဆက်သွားပါ"

လုမင်က ခေါင်းညိတ်လိုက်သည်။ သူက အန္တိမသူတော်စင်နယ်ပယ် အဆင့်မြင့်အဆင့်မှ မျက်လုံးသုံးလုံး နတ်မျိုးနွယ်တစ်ဦးကို လုရှန်းရှန်းထံ ဆက်လက်လွှဲအပ်ခဲ့ပေသည်။

ရှန်းရှန်းက တကယ်ကို ပါရမီရှင် ဖြစ်သည်။ သူက သေခြင်းရှင်ခြင်း တိုက်ပွဲများတွင် အရှိန်အဟုန်ဖြင့် တိုးတက်ခဲ့၏။ သူ၏ တိုက်ခိုက်နိုင်စွမ်း၊ နိယာမကို အသုံးပြုခြင်းနှင့် တိုက်ပွဲအသိတို့က ကြီးမားသော အပြောင်းအလဲတို့ ဖြစ်ပေါ်လာတော့သည်။

ဤတစ်ကြိမ်တွင်၊ ရှန်းရှန်းက သူ၏ပြိုင်ဘက်ကို တိုက်ခိုက်မှုတစ်ရာအတွင်း သတ်ပစ်လိုက်သည်။ သူကိုယ်တိုင်က ဒဏ်ရာပြင်းထန်သော်လည်း ဒဏ်ရာရမှာကို မကြောက်ပေ။

လုမင်က ခေါင်းညိတ်လိုက်သည်။ သူက ရှန်းရှန်းနှင့်အတူ မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များကို ဆက်လက်သတ်ပစ်ခဲ့ပေသည်။

ဟွမ်လင်၊ လုံချန်နှင့် ဟွမ်လီတို့ အားလုံးမှာလည်း ခက်ခဲသောတိုက်ပွဲများကို ဖြတ်သန်းခဲ့ကြသည်။

သူတို့၏ ပြိုင်ဘက်များက သဘာဝအတိုင်း ဧကရာဇ်တစ်ပိုင်းအဆင့်တွင် ရှိကြပေသည်။

ဟွမ်လင်၊ လုံချန်နှင့် ဟွမ်လီတို့ အားလုံးက အန္တိမသူတော်စင်နယ်ပယ် အထွတ်အထိပ် ကျင့်ကြံမှုအခြေခံ ရှိကြသည်။ သူတို့က ဧကရာဇ်တစ်ပိုင်းများကို တိုက်ခိုက်နိုင်သော်လည်း အလွန်ခက်ခဲပေလိမ့်မည်။

လော့ထျန်းယီကတော့ ကျင့်ကြံမှုအဆင့် ပိုမြင့်မားသောကြောင့် အခြေအနေ ပိုကောင်းသည်။ သို့တိုင်၊ သူသည်လည်း ခက်ခဲသော တိုက်ပွဲတစ်ခုတွင် ရှိနေခဲ့သေးသည်။

လူတိုင်းက သူတို့၏ ကန့်သတ်ချက်များကို ဖြတ်ကျော်ကာ အောင်မြင်မှုများရရှိရန် မျှော်လင့်လျက် သေခြင်းရှင်ခြင်း တိုက်ပွဲများကို ရင်ဆိုင်ခဲ့ကြသည်။

"ရွှီး..."

ရုတ်တရက်၊ ဖျက်ဆီးခြင်းအလင်းတန်းတစ်ခုက လုမင်ဆီသို့ ထိုးဖောက်လာသည်။

ဤဖျက်ဆီးခြင်းအလင်းက လေဟာနယ်ကို တိတ်ဆိတ်စွာ ဖြတ်သန်းသွား၏။ လုမင်လည်း ပြင်းထန်သော ဖိအားနှင့် ခြိမ်းခြောက်မှုကို ခံစားလိုက်ရတော့သည်။

မဆိုင်းမတွဘဲ လုမင်က ထိုလမ်းကြောင်းကို လက်ညှိုးညွှန်ပြလိုက်သည်။ ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း၏ စွမ်းအားက သူ့လက်ချောင်းတွင် စုစည်းကာ ဖျက်ဆီးခြင်းအလင်းနှင့် ထိပ်တိုက်တွေ့သွား၏။

"ဝုန်း..."

လုမင်က သူ့ထံသို့ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ တက်လာသည်ကို ခံစားလိုက်ရသည်။ သူက မထိန်းနိုင်ဘဲ ခြေလှမ်းအနည်းငယ် နောက်ပြန်ဆုတ်သွားရတော့သည်။ သူ့လက်ချောင်းများပင် ထုံကျင်သွားသည်။

'သန်မာတယ်'

လုမင်က မျက်မှောင်ကြုတ်ပြီး ရှေ့သို့ လှမ်းကြည့်လိုက်သည်။

သူ့ရှေ့တွင် ထူးဆန်းသော သားရဲတစ်ကောင်ကို စီးနင်းထားသည့် ငါးမီတာအမြင့်ရှိသော မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်တစ်ဦး ရှိသည်။ သူက လေထဲမှ လှမ်းလာနေပြီး ကြောက်စရာကောင်းသော အတက်အကျများကို ထုတ်လွှတ်လိုက်၏။

ဤမျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်က သိုင်းဧကရာဇ်နယ်ပယ် ကျွမ်းကျင်သူ မဟုတ်သော်လည်း သာမန်ဧကရာဇ်တစ်ပိုင်း မဟုတ်သည်မှာ သေချာသည်။

"ကောင်လေး၊ ငါမင်းကို စောင့်ကြည့်နေတာ ရက်အတော်ကြာပြီ။ ဒီအချိန်အတွင်းမှာ မင်းက ငါတို့လူတွေ အများကြီးကို သတ်ပစ်လိုက်တယ်။ ဒီနေ့တော့ မင်းသေနေ့စေ့ပြီပဲ။ သတ်"

မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်က အော်ဟစ်ကြိမ်းမောင်းလိုက်သည်။ သူက သူ့လက်ထဲမှ ပုဆိန်ကြီးကို ဝှေ့ယမ်းလိုက်၏။ ထူးဆန်းသောသားရဲက ဟိန်းဟောက်ပြီး လုမင်ထံ ပြေးဝင်လာတော့သည်။

"ဂါး..."

ထူးဆန်းသောသားရဲက ဟိန်းဟောက်လိုက်သည်။ သူ့ပါးစပ်ထဲမှ အနက်ရောင်အလင်းတန်းတစ်ခုက ထွက်ပေါ်လာပြီး လုမင်ဆီသို့ ဖြတ်သန်းသွား၏။

တစ်ချိန်တည်းမှာပင် မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်၏ ပုဆိန်က လုမင်ဆီသို့ ခုတ်ချလာတော့သည်။ ဧရာမပုဆိန်ကြီးက ကောင်းကင်ကို ခွဲထုတ်နိုင်ပုံရသည်။ ၎င်း၏ စွမ်းအားကလည်း ကြောက်မက်ဖွယ်ကောင်းပေသည်။

လုမင်၏ ခန္ဓာကိုယ်မှ အလင်းစက်များက တောက်ပပြီး သူတော်စင်လက်နက်များ ပေါ်လာကြသည်။

သိပ်မများဘဲ သုံးဆယ့်ခုနစ်သာ ရှိပေသည်။

ထိုအချိန်က ကြာပန်းကမ္ဘာတွင် ဧကရာဇ်တစ်ပိုင်းများကို တိုက်ခိုက်သောအခါ၊ သူ၏ အပ်စိုက်မှတ်များတွင် တံဆိပ်ခတ်ထားသော သူတော်စင်လက်နက် အများစုက ပျက်စီးသွားခဲ့သည်။ အန္တိမသူတော်စင်လက်နက် ဆယ်ခုသာ ကျန်ရှိတော့သည်။

နောက်ပိုင်းမှာတော့ သူက လက်နက်တစ်သောင်းတာအိုကျမ်းကို ထပ်မံလေ့ကျင့်ခဲ့သည်။

ဤတစ်ကြိမ်တွင် သူက တောက်ပသော သူတော်စင်လက်နက် သို့မဟုတ် မဟာသူတော်စင်လက်နက်ကိုပင် တံဆိပ်ခတ်မထားပေ။ ထိုအစား၊ သူသည် အန္တိမသူတော်စင်လက်နက်များကိုသာ တံဆိပ်ခတ်ခဲ့သည်။

သူက စုစုပေါင်း အန္တိမသူတော်စင်လက်နက် သုံးဆယ့်ခြောက်ခုကို တံဆိပ်ခတ်ခဲ့၏။ နောက်ဆုံးတစ်ခုက ဧကရာဇ်လက်နက် ဖြစ်သည်။

လော့ဖိုခုန်းထံမှ ရရှိခဲ့သော ဧကရာဇ်လက်နက် လှံရှည်ပင်။

လက်နက်အရေအတွက်မှာ ယခင်ကထက် များစွာ နည်းပါးသွားသော်လည်း ၎င်းတို့၏ စွမ်းအားက အဆများစွာ ပိုမိုအားကောင်းလာခဲ့သည်။

လုမင်က လှံရှည်ကို ဆုပ်ကိုင်လိုက်သည်။ အခြားသော အန္တိမသူတော်စင်လက်နက် သုံးဆယ့်ခြောက်ခုက သူ့ပတ်ဝန်းကျင်တွင် ပျံဝဲနေ၏။ လက်နက်များ၏ စွမ်းအင်က ပေါင်းစပ်ကာ ထူးဆန်းသောသားရဲ၏ တိုက်ခိုက်မှုကို တားဆီးခဲ့ပေသည်။

တစ်ချိန်တည်းမှာပင်၊ သူက လှံရှည်ဖြင့် ပင့်ရိုက်ပြီး ပုဆိန်နှင့် ထိပ်တိုက်တွေ့ခဲ့သည်။

"ဝုန်း"

ကြောက်မက်ဖွယ်ရာ တုန်ခါမှုလှိုင်းများ ထွက်ပေါ်လာသည်။ မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်က ဟိန်းဟောက်ပြီး သူ့အောက်က ထူးဆန်းသော သားရဲနှင့်အတူ ခြေလှမ်းဆယ်လှမ်း ဆုတ်သွားရ၏။

လုမင်လည်း နောက်ကိုဆုတ်သွားရတော့သည်။

'သန်မာလိုက်တဲ့ တိုက်ခိုက်ရေးအင်အား၊ ဒါက ဘုရင်ခန္ဓာပိုင်ရှင် ဧကရာဇ်တစ်ပိုင်းနဲ့ ညီမျှတယ်'

လုမင်၏ စိတ်ထဲတွင် အတွေးတစ်ခု ပေါ်လာခဲ့သည်။ ပြင်းထန်သော တိုက်ခိုက်လိုစိတ်က သူ့မျက်လုံးများတွင် လင်းလက်သွား၏။

ဒါက လုမင် တွေ့ဖူးသမျှတွင် အသန်မာဆုံး ဧကရာဇ်တစ်ပိုင်း ဖြစ်သည်။ ယခင်က လုမင် ကြုံတွေ့ခဲ့ရသော ဧကရာဇ်တစ်ပိုင်းတို့က သူ့ကို ဖိအားတစ်စုံတစ်ရာ မပေးနိုင်ခဲ့ပေ။

သို့သော်လည်း ဤဧကရာဇ်တစ်ပိုင်းက ကွဲပြားသည်။ သူက လုမင်၏ အသက်ကိုပင် ခြိမ်းခြောက်နိုင်သေးသည်။

သို့ရာတွင်၊ ဒါက လုမင်လိုချင်သော လေ့ကျင့်မှုမျိုး ဖြစ်သည်။ မဟုတ်လျှင်၊ သူက တိုက်ခိုက်နေလျှင်ပင် အကျိုးအမြတ် တစ်စုံတစ်ရာ ရရှိနိုင်မည် မဟုတ်ပါ။

All Chapters