← Chapters

အခန်း ၁၉၉၃

Vol. 135 Ch. 1993

အခန်း ၁၉၉၃

Vol. 135 Ch. 1993

အပိုင်း ( 1993 ) ငါ မင်းကို သတ်မယ်။

"ဖုန်းဝူချန်၊ အခု ထွက်လာပြီး မင်းရဲ့သေခြင်းတရားကို လက်ခံလိုက်စမ်း"

လုမင်က ထပ်မံအော်ပြောလိုက်ပြီး သူ့အသံက အခြေစိုက်စခန်းတစ်ခုလုံးကို တုန်ခါသွားစေသည်။

"လုမင်၊ ငါ့ ဖုန်းမျိုးနွယ်ရဲ့တံခါးကို အကြောင်းပြချက်မရှိဘဲ ဘယ်လိုချိုးဖောက်ရဲတာလဲ။ ဘာပဲဖြစ်ဖြစ်၊ ဒီနေ့မှာ မင်းငါတို့ကို ဖြေရှင်းချက်ပေးရမယ်"

ဖုန်းမျိုးနွယ်စုဝင် ဧကရာဇ်တစ်ပိုင်းက အေးစက်စွာ အော်ဟစ်လိုက်သည်။

"ဖြေရှင်းချက်လား၊ သောက်ပိုတွေ လာမလုပ်နဲ့။ ထွက်သွားစမ်း"

လုမင်က ပတ်ဝန်းကျင်ကို ဝေ့ကြည့်လိုက်သည်။ သူက တစ်ဖက်လူကို လုံးဝ မျက်နှာသာမပေးဘဲ ကြိမ်းမောင်းလိုက်၏။

အခြား အင်အားစုများမှ လူများလည်း တိတ်တဆိတ် တုန်လှုပ်သွားကြသည်။

ဖုန်းမျိုးနွယ်သည် ရှေးခေတ်ကတည်းက တည်ရှိခဲ့သော ရှေးဟောင်းမျိုးနွယ်စုတစ်ခု ဖြစ်သည်။ သူတို့တွင် ခိုင်မာသော အခြေခံအုတ်မြစ်ရှိပြီး စွမ်းအားကြီးမားသော ကျွမ်းကျင်သူများ ရှိ၏။ သို့သော်လည်း လုမင်က သူတို့ကို လုံးဝ မျက်နှာသာမပေးချေ။

"မောက်မာပြီး ရိုင်းစိုင်းလိုက်တာ၊ ငါ မင်းကို ဆုံးမပေးမယ်"

ဧကရာဇ်တစ်ပိုင်း တစ်ဦးက ကြိမ်းမောင်းလိုက်သည်။ သူ့ပုံရိပ်က လေပြင်းကဲ့သို့ လုမင်ထံ ပြေးဝင်လာ၏။ သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ မရေမတွက်နိုင်သော လေဓားသွားများ ထွက်ပေါ်လာပြီး လုမင်ထံ ဖြတ်သန်းသွားတော့သည်။

"ဝုန်း"

လုမင်က ထိုဧကရာဇ်တစ်ပိုင်းကို တစ်ချက်ပင်မကြည့်ပေ။ သူက လက်သီးဖြင့် ထိုးနှက်လိုက်ရာ လေဟာနယ်က တုန်ခါသွားသည်။ ပြင်းထန်သော လက်သီးအင်အားကြောင့် လေဓားသွားများက ပြန်လွင့်သွားပြီး တစ်ဖက်လူကို ပြန်လည်ထိမှန်သွား၏။

ဖုန်းမျိုးနွယ်၏ ဧကရာဇ်တစ်ပိုင်းက သွေးများအန်ထွက်လာပြီး နောက်သို့ လွင့်စင်သွားသည်။ သူက ဖုန်းမျိုးနွယ်၏ နန်းတော်နံရံကို ဝင်တိုက်မိပြီး အသေကောင်တစ်ကောင်ပမာ မြေပေါ်ကို ပြုတ်ကျသွားတော့သည်။

လူတိုင်းက တိတ်ဆိတ်စွာ အံ့အားသင့်သွားကြသည်။ လုမင်၏ တိုက်ခိုက်ရေးစွမ်းအားက ကြောက်စရာကောင်းလွန်း၏။ သူက ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူတစ်ဦးကို တစ်ချက်ပင်မကြည့်ဘဲ လက်သီးတစ်ချက်ဖြင့် ပြင်းထန်စွာ ဒဏ်ရာရရှိစေနိုင်သည်။

"ဖုန်းဝူချန် ဘယ်မှာလဲ။ လိပ်တစ်ကောင်လို အမြီးနဲ့ခေါင်းကို ဝှက်ထားတဲ့ကောင်ကို ခေါ်လာခဲ့ကြစမ်း"

လုမင်က ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်သည်။ ဖုန်းမျိုးနွယ်စုမှ ကျွမ်းကျင်သူများက မရည်ရွယ်ဘဲ ခြေလှမ်းအနည်းငယ် နောက်ဆုတ်သွားမိကြ‌ပေသည်။

"လုမင်၊ ငါ့ဖုန်းမျိုးနွယ်ကို လာပြီး ငါ့မျိုးနွယ်ရဲ့တံခါးကို ဘယ်လိုတောင် ဖျက်ဆီးဝံ့တာလဲ။ ငါ့လူတွေကိုတောင် ဒဏ်ရာရစေခဲ့သေးတယ်။ မင်း ဘာဖြစ်ချင်နေတာလဲ"

အေးစက်သော အသံတစ်ခုကို ကြားလိုက်ရသည်။ ဖုန်းဝူချန်က နန်းတော်အတွင်းမှ ထွက်လာပြီး မျက်စိမျက်နှာပျက်စွာဖြင့် လုမင်ကို ကြည့်လိုက်၏။

လုမင်ကို ဖုန်းမျိုးနွယ်၏ အခြေစိုက်စခန်းသို့ ဝင်ရောက်တိုက်ခိုက်သည်အထိ ရဲတင်းလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"ငါ မင်းကိုသတ်ဖို့ လာတာ"

လုမင်က ရှေ့သို့ ဆက်လျှောက်သွားသည်။ သူက တိုက်ရိုက်ဆန်ပြီး ဖုန်းဝူချန်နှင့် အပိုစကားများ ပြောဆိုရန် စိတ်မဝင်စားပေ။

ကြာပန်းကမ္ဘာတွင် ရှိစဉ်အခါက ချင်ယွဲ့ ဒဏ်ရာရခြင်းမှာလည်း ဖုန်းဝူချန်နှင့် ပတ်သက်မှုရှိသည်။

ထိုအချိန်က ဖုန်းဝူချန်နှင့် ဖုန်းမျိုးနွယ်၏ ကျွမ်းကျင်သူများသည် တာ့လော့ကောင်းကင်ဂိုဏ်းမှ လူများနှင့် ပူးပေါင်းခဲ့ပြီး ချင်ယွဲ့ကို ဒဏ်ရာရရှိစေခဲ့သည်။

ယခုဆိုလျှင် ဖုန်းဝူချန်က ပို၍ အတင့်ရဲလာခဲ့ပြီ။ သူက သူတို့ကို ခက်ခဲစေရန် တမင်လုပ်သည့်အပြင်၊ သူတို့ကိုသတ်ရန် မျက်လုံးသုံးလုံး နတ်မျိုးနွယ်ဝင်များကို ဆွဲဆောင်ခဲ့သည်။

လုမင်၏ ဖုန်းဝူချန်အပေါ် သတ်ဖြတ်ချင်စိတ်က အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်ပြီး မည်သို့မျှ သည်းမခံနိုင်တော့ပေ။

သူက ယနေ့တွင် ဖုန်းဝူချန်ကို သတ်ရမည်။

ဖုန်းဝူချန်၏ မျက်နှာအမူအရာက ပြောင်းလဲသွားသည်။ သူက ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်မိ၏။ သူက ဖုန်းမျိုးနွယ်၏ ကျွမ်းကျင်သူများနောက်သို့ ဆုတ်ခွာသွားပြီး အော်ဟစ်လိုက်သည်။

"လုမင်၊ မင်းက ဒီလောက်အမြင်ကျဉ်းသူဖြစ်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ မင်းက အရင်းအမြစ်တွေနဲ့ ရတနာတွေကို လဲလှယ်ချင်ပေမဲ့ အရင်းအမြစ်မလုံလောက်သေးတာကြောင့် နောက်မှပြန်လာဖို့ ငါပြောခဲ့တာပါ။ ဒါပေမဲ့ အခုတော့ မင်းက ဒီအတွက်ကြောင့် ငါ့ကိုမုန်းတီးပြီး သတ်ချင်နေပြီ"

"အခုက ရန်သူကို စည်းစည်းလုံးလုံးနဲ့ တိုက်ခိုက်ရမဲ့အချိန်ပဲ၊ ဒါပေမဲ့ မင်းက ငါ့ကို သတ်ချင်နေပြီး အတွင်းရေး ပဋိပက္ခတွေဖြစ်အောင် လုပ်ချင်တယ်။ မင်းက တိုင်းတပါးမျိုးနွယ်စုဆီ ကူးပြောင်းသွားပြီလို့တောင် ငါတကယ် သံသယဖြစ်မိတယ်"

ဖုန်းဝူချန်က လုမင်အပေါ် အထုပ်ကြီး ပစ်တင်ပေးလိုက်သည်။ သူဟာ လုမင်က အမြင်ကျဉ်းမြောင်းသူဖြစ်သည့်အပြင် တိုင်းတပါးမျိုးနွယ်ဘက်သို့ ကူးပြောင်းသွားပြီဟုပင် ပြောဆိုခဲ့သေးသည်။

ဟွမ်လင်၊ လုရှန်းရှန်းနှင့် အခြားသူများက ဒေါသထွက်လွန်းသဖြင့် မျက်နှာများပင် နီရဲသွားကြသည်။

သူတို့က အရှက်မရှိသူများကို မြင်ဖူးသော်လည်း ဤမျှအရှက်မရှိသူကို တစ်ခါမျှ မမြင်ဖူးပေ။

"မဟုတ်တာမပြောနဲ့၊ နင်က ငါ့ဆရာနဲ့ ငါတို့ကို မုန်းတီးနေတယ်ဆိုတာ သိသာတယ်။ စစ်မြေပြင်မှာ နင်က ငါတို့ကိုသတ်ဖို့ တိုင်းတပါးမျိုးနွယ်ကို ဆွဲဆောင်လာခဲ့တာလေ။ အငှားဓားနဲ့ လူသတ်ချင်တာလေ။ အခုကျမှ ငါတို့ကို မဟုတ်တမ်းတရမ်းတွေနဲ့ စွပ်စွဲနေတယ်"

လုရှန်းရှန်းက ဒေါသတကြီးဖြင့် အော်ပြောလိုက်သည်။

လူအတော်များများ၏ မျက်လုံးများက 'ငါနားလည်ပြီ'ဟူသော အရိပ်အယောင်မျိုးဖြင့် အရောင်လက်သွားကြသည်။

ဤအဆင့်အထိ ကျင့်ကြံနိုင်သူများ အားလုံးက ထက်မြက်သူများ ဖြစ်သည်။ ဖုန်းဝူချန်က လုမင်တို့ကို အပစ်ဖို့ခဲ့သော်လည်း မည်သူမျှ သူ့ကို မယုံကြည်ခဲ့ကြပေ။

ထိုအစား လုရှန်းရှန်း၏ စကားများက လူများကို ပိုမိုယုံကြည်စေခဲ့သည်။

လုမင်၏ သတ်ဖြတ်ချင်စိတ်က အလွန်ပြင်းထန်ပြီး ဖုန်းမျိုးနွယ်၏ အခြေစိုက်စခန်းထိ တိုက်ရိုက် ရောက်လာခြင်းမှာ အံ့ဩစရာမရှိတော့ပါ။ ဖုန်းဝူချန်က အငှားဓားနှင့် လူသတ်ရန် ကြိုးစားခဲ့ခြင်း ဖြစ်သည်။ သူက လုမင်နှင့် အခြားသူများကိုသတ်ရန် တိုင်းတပါးမျိုးနွယ်များကို တမင်တကာ ဆွဲဆောင်ခဲ့၏။

'ဘယ်လောက်တောင် ရွံ့စရာကောင်းလိုက်သလဲ'

လူအများက တွေးလိုက်ကြသော်လည်း မည်သူမျှ ထုတ်မပြောကြပေ။ ဖုန်းမျိုးနွယ်က ရှေးဟောင်းမျိုးနွယ်စုတစ်ခုဖြစ်ပြီး အလွန်အင်အားကြီးမားသည်။ မည်သူက သူတို့ကို စော်ကားဝံ့မည်နည်း။

ရွှေကျီးမျိုးနွယ်စုနှင့် ဝမ်မျိုးနွယ်ကဲ့သို့ အင်အားစုတချို့မှာတော့ စိတ်ထဲမှ ကြိတ်ပြီးဝမ်းသာနေကြသည်။

လုမင်နှင့် ဖုန်းမျိုးနွယ်စုကြား ပဋိပက္ခက ပိုမိုပြင်းထန်လာပြီး အချင်းချင်းသတ်ဖြတ်ကြသည့်အတွက် သူတို့ ပို၍ပျော်ရွှင်နေကြ၏။

သူတို့ဟာ ဖုန်းမျိုးနွယ်စုက လုမင်ကို သတ်လိမ့်မည်ဟုပင် မျှော်လင့်ခဲ့ကြသည်။

"ကောင်မစုတ်လေး၊ မင်း မဟုတ်တမ်းတရမ်းတွေ လာမပြောနဲ့။ မင်းဆရာကြောင့် ငါ့ကို စွပ်စွဲပြော‌ဆိုနေတာ မဟုတ်လား။ မင်းစကားက အဓိပ္ပာယ် လုံးဝ မရှိဘူး၊ တစ်ခုခုပြောချင်ရင် မင်းမှာ သက်သေရှိဖို့လိုအပ်တယ်"

ဖုန်းဝူချန်က လှောင်ပြောင်လိုက်သည်။

"ဒါက ရှင်းပါတယ်၊ ငါတို့အားလုံးက သက်သေခံနိုင်တယ်"

လုရှန်းရှန်းက ပြောလိုက်၏။

"သက်သေ၊ ဘာသက်သေလဲ။ 'ငါ့မယုံရင် ငါ့မိန်းမကိုမေးကြည့်'ဆိုတာလို ဖြစ်နေပြီ။ မင်းတိုအားလုံးက ငါ့ကို ရန်လိုနေတာ ဘယ်လို ယုံကြည်လက်ခံလို့ရမှာလဲ"

ဖုန်းဝူချန်က လှောင်ပြောင်လိုက်သည်။

"နင်..."

လုရှန်းရှန်းမှာ ဒေါသထွက်လွန်းသဖြင့် မျက်နှာပြင်တစ်ခုလုံး နီရဲသွားသည်။

ထိုအချိန်တွင်၊ လုမင်က ရုတ်တရက် နောက်ထပ် ခြေတစ်လှမ်း တိုးလိုက်သည်။

"ရှန်းရှန်း၊ မင်း ဘာဖြစ်လို့ ဒီလိုလူမျိုးနဲ့ စကားတွေ အများကြီးပြောနေတာလဲ။ သူ့ကို သတ်ပစ်လိုက်ရင် ပြီးတာပဲ"

"ဝှစ်..."

ထို့နောက် လုမင်က ရုတ်တရက် အရှိန်မြှင့်ပြီး ဖုန်းဝူချန်ဆီသို့ ပြေးသွား၏။

"မင်း အတင့်ရဲလှချေလား"

"သူ့ကို အတူတူ ဖမ်းဆီးကြ"

ဖုန်းမျိုးနွယ်စု၏ ဧကရာဇ်တစ်ပိုင်းများစွာက ဒေါသထွက်သွားကြသည်။ ချက်ချင်းပင်၊ အနည်းဆုံး ဧကရာဇ်တစ်ပိုင်းဆယ်ဦးက လုမင်ကို တိုက်ခိုက်လိုက်၏။

"ထွက်သွား"

လုမင်က ငေါက်ငမ်းလိုက်သည်။ သူ့ခန္ဓာကိုယ်ကို ကစဉ့်ကလျား၏အလင်းက လွှမ်းခြုံသွား၏။ သူက ကစဉ့်ကလျား ကပ်ဘေးလက်ချောင်းကို ဆယ်ကြိမ်ဆက်တိုက်ထုတ်ဖော်လိုက်တော့သည်။

"ဝုန်း.... ဝုန်း..."

ပေါက်ကွဲသံများ ဆက်တိုက် ထွက်ပေါ်လာခဲ့သည်။ ဧကရာဇ်တစ်ပိုင်း ဆယ်ဦး၏ တိုက်ခိုက်မှုများက ပျက်ပြယ်သွားခဲ့ကြ၏။ သူတို့၏ ခန္ဓာကိုယ်များက ပြင်းထန်စွာ တုန်ခါသွားပြီး နောက်ကိုဆုတ်သွားရတော့သည်။

သူတို့၏ ခန္ဓာကိုယ်များတွင် သွေးများယိုစီးကျနေသော အပေါက်တစ်ခုစီ ဖြစ်ပေါ်လာခဲ့သည်။

လူအများက အံ့အားသင့်စွာဖြင့် အသက်ပြင်းပြင်းရှူလိုက်မိကြသည်။

ဧကရာဇ်တစ်ပိုင်းဆယ်ဦးက အတူတကွ လှုပ်ရှားသည့်တိုင် လုမင်ကို မယှဉ်နိုင်သေးပါ။ သူတို့က လုမင်ကြောင့် ချက်ချင်း ဒဏ်ရာရသွားကြသည်။ ဤကဲ့သို့သော တိုက်ခိုက်နိုင်စွမ်းက အံ့ဖွယ်ကောင်းလွန်းပေသည်။

"ဖုန်းဝူချန်၊ ဒီနေ့ မင်းသေရမယ်"

လုမင်က နောက်ထပ် ခြေလှမ်းတစ်လှမ်း လှမ်းလိုက်သည်။ ဖုန်းဝူချန်၏ မျက်နှာက ဖြူဖျော့သွားပြီး နောက်ဆုတ်သွား၏။

"တော်လောက်ပြီ"

ထိုအချိန်တွင် အေးစက်သော အသံတစ်ခု ထွက်ပေါ်လာသည်။ ဖုန်းမျိုးနွယ်၏ နန်းတော်အတွင်းမှ လူတစ်ယောက်က လျှောက်လှမ်းလာ၏။ သူ့ထံမှ အကန့်အသတ်မဲ့ ကျယ်ပြောသော အငွေ့အသက်တစ်ခုလည်း ထွက်ပေါ်လာတော့သည်။

ဧကရာဇ် အရှိန်အဝါ...

ဒါက စစ်မှန်သော ဧကရာဇ်ကြီး ဖြစ်သည်။

ဖုန်းဝူချန် အလွန်ဝမ်းသာသွားသည်။ လုမင်က ဧကရာဇ်တစ်ပါး၏ရှေ့တွင် ဘာမှမလုပ်နိုင်ပေ။

"အကြီးအကဲ၊ လုမင်က ဥပဒေမဲ့တယ်။ သူက ဖုန်းမျိုးနွယ်ရဲ့ တံခါးကို ချိုးဖျက်ရုံတင်မကဘဲ ဖုန်းမျိုးနွယ်ရဲ့ ကျွမ်းကျင်သူတွေကိုပါ ဒဏ်ရာရစေခဲ့သေးတယ်။ သူ့ကို မြန်မြန်သတ်လိုက်ပါ"

ဖုန်းဝူချန်က အော်လိုက်သည်။

လုမင်က ဖုန်းမျိုးနွယ်၏ ဧကရာဇ်ကိုကြည့်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။

"စစ်မှန်တဲ့ ဧကရာဇ်တစ်ပါးက ကျုပ်ကို တိုက်ခိုက်ချင်တာလား"

သူ့စကားများက ဖုန်းမျိုးနွယ်စု၏ သိုင်းဧကရာဇအား မျက်မှောင်ကြုတ်သွားစေခဲ့သည်။

တခြားအင်အားစုများမှ လူများလည်း အံ့အားသင့်သွားကြ၏။ လွန်ခဲ့သော နှစ်အနည်းငယ်က ဦးလေးခုန်းအကြောင်းကို သူတို့ တွေးလိုက်မိကြသည်။

လုမင်၏နောက်ကွယ်တွင် အလွန်အစွမ်းထက်သော ပုဂ္ဂိုလ်တစ်ဦး ရှိသည်။

လုမင်၏ လက်ရှိကျင့်ကြံမှုအရ ဧကရာဇ်တစ်ပိုင်းအဆင့် ကျွမ်းကျင်သူတစ်ဦးက တိုက်ခိုက်လျှင်ပင် ဦးလေးခုန်းက ဘာမျှမပြောတော့ပါ။ သို့ရာတွင်၊ သိုင်းဧကရာဇ်တစ်ပါးမှ တိုက်ခိုက်ပါက ဦးလေးခုန်းသည် ဖန်မျိုးနွယ်ကို ခရီးထွက်မည်လော။

"လုမင်၊ သိပ်ပြီး ရောင့်တတ်မလာပါနဲ့၊ ကြိုးတစ်ချောင်းက တင်းလွန်းရင် ပြတ်တတ်တယ်။ ထွက်သွားလိုက်ပါ၊ ဒါဆိုရင် ဒီနေ့ ဘာမှမဖြစ်ခဲ့သလို သဘောထားပေးလိုက်မယ်"

ဖုန်းမျိုးနွယ်စု၏ ဧကရာဇ်က ပြောလိုက်သည်။

လူအများ၏ မျက်လုံးများက အရောင်လက်သွားကြသည်။ ဖုန်းမျိုးနွယ်စု သိုင်းဧကရာဇ်၏ စကားများက နောက်သို့ ခြေတစ်လှမ်း ဆုတ်ပေးလိုက်ကြောင်း ထင်ရှားပေသည်။

ဖုန်းဝူချန်၏ မျက်လုံးများတွင် လက်မခံချင်သော အရိပ်အယောင်တို့ ပေါ်လာသည်။ ယနေ့တွင် လုမင်ကို သတ်ရန် အကောင်းဆုံး အခွင့်အလမ်းတစ်ခု ရှိနေသည်မဟုတ်လော။

သို့သော်လည်း၊ လုမင်က ၎င်းကို သဘောမတူနိုင်ကြောင်း ထင်ရှားသည်။

"ဒီကိစ္စကို ထားခဲ့လိုက်ဆိုတာနဲ့ ထားခဲ့ရမှာတဲ့လား။ ဖုန်းဝူချန်က ကျုပ်ရဲ့အဖော်တွေကိုသတ်ဖို့ တိုင်းတပါးမျိုးနွယ်တွေကို ရည်ရွယ်ချက်ရှိရှိ ဆွဲဆောင်ခဲ့တယ်။ သူသေရမယ်"

လုမင်၏ အသံက အေးစက်နေသည်။ သူ့ထံမှ သတ်ဖြတ်ချင်စိတ်များက ပို၍ ပြင်းထန်လာသောကြောင့် ပတ်ဝန်းကျင် အပူချိန်သည်ပင် ကျဆင်းသွား၏။

"လုမင်၊ တရားလွန်မလာနဲ့။ မင်းရဲ့နောက်ကွယ်မှာ အဘိုးကြီးတစ်‌ယောက်ရှိနေတာကြောင့် ဥပဒေမဲ့ ရမ်းကားနိုင်ပြီလို့မထင်နဲ့။ ငါ့ဖုန်းမျိုးနွယ်က မကြောက်တတ်ဘူး"

ဖုန်းမျိုးနွယ်စု ဧကရာဇ်၏ မျက်နှာက မည်းမှောင်သွားပြီး အေးစက်စွာ ပြောလိုက်သည်။

All Chapters