← Chapters

အခန်း ၁၉၉၄

Vol. 135 Ch. 1994

အခန်း ၁၉၉၄

Vol. 135 Ch. 1994

အပိုင်း ( 1994 ) မင်းလုပ်ချင်တာကို ဆက်လုပ်ပါ။

လုမင်က နှာခေါင်းတစ်ချက်ရှုံ့လိုက်သည်။

မကြောက်တတ်ဘူးလား။

သူသာ တကယ်မကြောက်ဘူးဆိုလျှင် ဤမျှ စကားကြောရှည်နေမည် မဟုတ်ပေ။ သူ့ကို ချက်ချင်း ရိုက်သတ်လိုက်မှာကိုတောင် ကြောက်ရသည်။

"သတ်"

လုမင်က မာန်သွင်းအော်ဟစ်ပြီး ရုတ်တရက် တိုက်ခိုက်လိုက်သည်။ သူက ဖုန်းဝူချန်ထံသို့ လျင်မြန်စွာ ပြေးသွား၏။

လူအတော်များများက သက်ပြင်းချလိုက်မိကြသည်။

လုမင်က လုမင်ဖြစ်နေဆဲပင်။ ယခင်က ရှေးဟောင်းလ မြင့်မြတ်နယ်မြေတွင် မုန်တိုင်းထန်စေခဲ့သော လုမင် ဖြစ်ထိုက်သည်။

သူက ဖုန်းမျိုးနွယ်၏ သိုင်းဧကရာဇ်ရှေ့မှာ ဖုန်းမျိုးနွယ်စု၏ ဘုရင်ခန္ဓာပိုင်ရှင် ဖုန်းဝူချန်ကို သတ်ရန် ကြိုးစားဝံ့သည်။

"မင်း ရဲတင်းလိုက်တာ"

ဖုန်းမျိုးနွယ်စု၏ သိုင်းဧကရာဇ်က အော်ဟစ်ပြီး လက်တစ်ဖက်ဖြင့် ဖိချလိုက်သည်။ အားကောင်းသော အရှိန်အဝါဖိအားတစ်ခုက လုမင်၏ ခန္ဓာကိုယ်ပေါ်သို့ သက်ရောက်သွား၏။

ခဏအတွင်းမှာပင်၊ ပတ်ဝန်းကျင် လေဟာနယ်က အေးခဲသွားပုံရသည်။ လုမင်သည် ရာနှင့်ချီသော တောင်များက သူ့အပေါ် ဖိထားသလို ခံစားလိုက်ရ၏။ သူ့ခန္ဓာကိုယ်က ရုတ်တရက် ရပ်တန့်သွားတော့သည်။

'ပေါင်ပေါင်၊ အတူတူ တိုက်ခိုက်ကြစို့'

လုမင်က ပေါင်ပေါင်ကို အသံပို့လွှတ်ပြီး ပြောလိုက်သည်။

ပေါင်ပေါင်က လုမင်၏ ပခုံးပေါ်တွင် ထိုင်နေခြင်း ဖြစ်သည်။ ဤအခိုက်တွင် သူ့မျက်နှာက နီမြန်းနေ၏။ အချိန်ဟင်းလင်းပြင်၏အလင်းက ဖြန့်ကျက်လာပြီးနောက် သူမ၏ လက်သေးသေးလေးကို ဓားသဖွယ် အသုံးပြုကာ ခုတ်ထစ်လိုက်တော့သည်။

"ခလွပ်..."

လေဟာနယ်က ကွဲထွက်တော့မည့်အလား ပြင်းထန်စွာ တုန်ခါသွားသည်။ လုမင်အပေါ် သက်ရောက်နေသော ဖုန်းမျိုးနွယ်စုမှ ဧကရာဇ်၏ အရှိန်အဝါဖိအားလည်း ပြိုကွဲသွား၏။

"ချိုးဖောက်"

လုမင် အော်ဟစ်လိုက်သည်။ သူက လက်ညှိုးထိပ်တွင် ကစဉ့်ကလျား၏အလင်းက စုစည်းလာတော့သည်။

ကစဉ့်ကလျား၏စွမ်းအင်က တဟုန်ထိုး မြင့်တက်လာခဲ့သည်။ ကစဉ့်ကလျား ကပ်ဘေးလက်ချောင်း၏ စွမ်းအားက တစ်နေရာတည်းတွင် စုစည်းပြီး ပေါင်ပေါင်၏ စွမ်းအားနှင့် ပေါင်းစည်းသွား၏။

"ဝုန်း..."

ထိုနေရာရှိ လေဟာနယ်က ဆူပွက်လာပြီး သိုင်းဧကရာဇ်၏ စွမ်းအင်အတားအဆီးတွင် အက်ကြောင်းတစ်ခု ပေါ်လာတော့သည်။

"မကောင်းတော့ဘူး"

ဖုန်းမျိုးနွယ်စုဝင် သိုင်းဧကရာဇ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။

သို့သော်လည်း ထိုအခိုက်တွင် လုမင်၏ ပုံရိပ်က ပျောက်ကွယ်သွားပြီ။ သူက သိုင်းဧကရာဇ်၏ စွမ်းအင်ကို ဖောက်ထွက်ပြီး ဖုန်းဝူချန်၏ရှေ့တွင် ရုတ်တရက် ပေါ်လာသည်။ သူက ဖုန်းဝူချန်ကို ဖမ်းဆုပ်လိုက်၏။

ဖုန်းဝူချန်သည် မူလက သိုင်းဧကရာဇ်ရှိနေလျှင် သူလုံခြုံလိမ့်မည်ဟု ထင်ခဲ့သည်။ လုမင်က သိုင်းဧကရာဇ်၏ စွမ်းအားကို ဖောက်ထွက်ပြီး ရုတ်တရက် သူ့ရှေ့တွင် ပေါ်လာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပါ။

သူ နောက်ဆုတ်ချင်သော်လည်း နောက်ကျသွားပြီ ဖြစ်သည်။

လုမင်က ဖုန်းဝူချန်၏ လည်ပင်းကို ဆုပ်ကိုင်လိုက်သည်။ ရုန့်ရင်းကြမ်းတမ်းသော စွမ်းအင်များက တိုးဝင်လာပြီး ဖုန်းဝူချန်၏ ကျင့်ကြံမှုကို ပိတ်ဆို့လိုက်တော့သည်။

"ဝုန်း"

လုမင်က ဖုန်းဝူချန်ကို ဆုပ်ကိုင်ပြီး မြေပြင်ပေါ် ပစ်ချလိုက်သည်။

မြေပြင်က ပြင်းထန်စွာ တုန်ခါသွား၏။ ဖုန်းမျိုးနွယ်၏ နန်းတော်မြေပြင်ကို မာကျောသော ရွှေမည်းကျောက်ဖြင့် ပြုလုပ်ထားသော်လည်း အက်ကွဲသွားခဲ့ပြီ ဖြစ်သည်။ ဖုန်းဝူချန်၏ ခန္ဓာကိုယ်တစ်ခုလုံးက ရွှေ‌မည်း‌ကျောက်ထဲတွင် နစ်မြုပ်သွားတော့သည်။

သူ့ပါးစပ်ထဲမှ သွေးများ တပွက်ပွက် ပန်ထွက်လာသည်။ သူ့ခန္ဓာကိုယ်က အကြောဆွဲနေပြီး ‌မျက်လုံးများမှာလည်း သွေးကြောများဖြင့် နီရဲနေတော့သည်။

အခြား အင်အားစုများမှ လူများအားလုံး အံ့အားသင့်ပြီး မှင်တက်သွားကြသည်။

ပထမအနေဖြင့် လုမင်က သိုင်းဧကရာဇ်၏ အတားအဆီးကို ချိုးဖောက်နိုင်ခဲ့သည်။

သိုင်းဧကရာဇ်အောက်ရှိ သာမန်ကျင့်ကြံသူများက သိုင်းဧကရာဇ်၏ ဖိနှိပ်မှုအောက်တွင် လှုပ်ရှားရန်ပင် ခက်ခဲလိမ့်မည်။

ဒုတိယအချက်ကတော့ လုမင်က သူ့စကားကို အမှန်တကယ် တည်ခဲ့သည်။ သူက ဖုန်းမျိုးနွယ်၏ နန်းတော်တွင် ဖုန်းမျိုးနွယ်စုဝင် သိုင်းဧကရာဇ်၏ရှေ့မှောက်မှာ ဖုန်းဝူချန်ကို ဒဏ်ရာရစေခဲ့၏။ သူက ဖုန်းဝူချန်ကို အမှန်တကယ် သတ်ချင်နေပုံရသည်။

နတ်ဆိုး၊ သူက တကယ်ကို နတ်ဆိုးတစ်ကောင်ပင်။

လုရှန်းရှန်းနှင့် အခြားသူများက သွေးများဆူပွက်လာသည်ကို ခံစားလိုက်ရသည်။

"ဖုန်းဝူချန်ကို လွှတ်ပေးလိုက်ဖို့ ငါ အကြံပေးချင်တယ်"

ဖုန်းမျိုးနွယ်စုဝင် သိုင်းဧကရာဇ်၏ မျက်နှာက မည်းမှောင်နေသည်။ သူ့နှလုံးသားထဲမှာလည်း ကြောက်မက်ဖွယ်ကောင်းသော သတ်ဖြတ်လိုစိတ်တစ်ခု ဖြစ်ပေါ်နေ၏။

လုမင်က သူ၏ အတားအဆီးကို‌‌ ဖောက်ဖျက်ပြီး ဖုန်းဝူချန်ကို အမှန်တကယ် တိုက်ခိုက်ခဲ့သည်။ ၎င်းက သူ့အား မျက်နှာပျက်စေခဲ့သည်။

ထို့ပြင်၊ ဖုန်းဝူချန်ကို သေခွင့်မပြုနိုင်ပါ။ သူ့တွင် ပြိုင်ဘက်ကင်းသော ဘုရင်ခန္ဓာရှိပြီး သူ၏အနာဂတ်ကို မခန့်မှန်းနိုင်ပေ။ သူက မဟာဧကရာဇ်တစ်ပါးဖြစ်လာနိုင်သည့် အလားအလာ ရှိသည်။

ဖုန်းမျိုးနွယ်စုက ခိုင်မာသော အခြေခံအုတ်မြစ်နှင့် အင်အားကြီးမားသော ရှေးဟောင်းမျိုးနွယ်စုတစ်ခုဖြစ်သော်လည်း သူတို့မှာ မဟာဧကရာဇ်မရှိပေ။

မဟာဧကရာဇ်တစ်ပါးက အင်အားစုတစ်ခုအတွက် အလွန်အရေးပါသည်။

"သူ့ကိုလွှတ်ပေးပြီး ကျုပ်ကိုလက်စားချေခွင့်ပေးရမှာလား။ ကျုပ်သူ့ကို ဒုတိယအခွင့်အရေး မပေးဘူး"

လုမင်၏ မျက်လုံးများက အေးစက်နေသည်။ သူက ဖုန်းဝူချန်၏ မျက်နှာကို ပြင်းထန်စွာ ဆောင့်နင်းလိုက်၏။ ဖုန်းဝူချန်၏ ခန္ဓာကိုယ်က တစ်ဖန် တွန့်လိမ်ကောက်ကွေးသွားပြန်တော့သည်။

"မင်းသူ့ကိုသတ်ရင် မင်းသူငယ်ချင်းတွေလည်း သေရလိမ့်မယ်"

ဖုန်းမျိုးနွယ်စု၏ နန်းတော်အတွင်း နောက်ထပ် အသံများစွာ ထွက်ပေါ်လာခဲ့သည်။ သူတို့တစ်ဦးစီက ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ထုတ်လွှတ်နေကြ၏။

သိုင်းဧကရာဇ်၊ သူတို့အားလုံးက သိုင်းဧကရာဇ်များ ဖြစ်ကြသည်။

သူတို့ထဲမှ တစ်ယောက်ဆိုလျှင် ကြီးစိုးပြီး နားမလည်နိုင်အောင် နက်ရှိုင်းသော အရှိန်အဝါများ ထွက်ပေါ်နေသည်။ ကမ္ဘာ့နတ်အလင်းကလည်း သူ့ကို ဝန်းရံထား၏။ သူက အစစ်အမှန်ဧကရာဇ်တစ်ပါးပင်။

ဖုန်းမျိုးနွယ်က တည်ငြိမ်စွာ မနေနိုင်တော့ကြောင်း ထင်ရှားသည်။ ဧကရာဇ်များ တစ်ပါးပြီးတစ်ပါး ပေါ်လာခဲ့ကြပြီ။

အစောပိုင်းက စကားပြောခဲ့သူမှာ အစစ်အမှန်ဧကရာဇ်ကြီး ဖြစ်သည်။ သူက စူးရှသော မျက်လုံးများဖြင့် လုရှန်းရှန်းနှင့် အခြားသူများကို ကြည့်လိုက်သည်။

"ကြီးကျယ်ခမ်းနားတဲ့ အစစ်အမှန်ဧကရာဇ်တစ်ပါးက ကျုပ်ကိုခြိမ်းခြောက်ဖို့ လူငယ်လေးတွေကို အသုံးပြုချင်နေတာလား။ ဘယ်လောက်တောင် ရယ်စရာကောင်းလိုက်သလဲ"

လုမင်၏ မျက်နှာက မှုန်ကုပ်သွားသည်။

"ဖုန်းဝူချန်ကို လွှတ်လိုက်ပါ၊ မဟုတ်ရင် မင်းတို့ထဲက ဘယ်သူမှ ထွက်သွားလို့ မရဘူး။ မင်းတို့နောက်မှာ ရှေးဟောင်းမျိုးနွယ်စုတစ်ခု ရှိနေတယ်ဆိုတာ ငါသိတယ်၊ ဒါပေမဲ့ အဲဒါက ငါ့ရဲ့ ဖုန်းမျိုးနွယ်ကို ကြောက်ရွံ့စေနိုင်မှာ မဟုတ်ဘူး"

အစစ်အမှန်ဧကရာဇ်က အေးစက်စွာ ပြောလိုက်သည်။ သူ၏ အစွမ်းထက်သော အရှိန်အဝါက လူအုပ်ကို ဖုံးလွှမ်းသွား၏။ လုရှန်းရှန်းနှင့် ကျန်သူများအားလုံးကို သတ်ရန် အတွေးတစ်ခုသာ လိုသည်။

"ဆရာ၊ ကျွန်မတို့ကို စိတ်မပူပါနဲ့၊ အဲဒီလူကို သတ်ပစ်လိုက်"

ရှန်းရှန်းက အော်လိုက်သည်။

"ပါးစပ်ပိတ်ထားစမ်း"

အစစ်အမှန်ဧကရာဇ်က ငေါက်ငမ်းလိုက်သည်။ သူ့လက်ကိုမြှောက်လိုက်ပြီး ဖမ်းဆုပ်ဟန်ပြုလိုက်သောအခါ ကြီးမားသောလက်တစ်ဖက်က ရှန်းရှန်းကို ဖမ်းဆုပ်လိုက်၏။

ထိုစဉ်...

လုရှန်းရှန်း၏အရှေ့မှ လေဟာနယ်က အက်ကွဲသွားသည်။ လမ်းလျှောက်တုတ်တစ်ချောင်းက ထွက်ပေါ်လာပြီး ဧရာမလက်ကြီးကို ဖျက်ဆီးပစ်လိုက်၏။

ထို့နောက်‌ လမ်းလျှောက်တုတ်က မိုးထိအောင် မြင့်မားသော သစ်ပင်ကြီးတစ်ပင်ကဲ့သို့ ကြီးမားလာပြီး အစစ်အမှန်ဧကရာဇ်ကို ရိုက်ချလိုက်တော့သည်။

"ဦးလေးခုန်း"

လုမင်၏ နှလုံးသားက လှုပ်ရှားသွားသည်။ ဤလမ်းလျှောက်တုတ်က ဦးလေးခုန်း၏ လမ်းလျှောက်တုတ်ဖြစ်ကြောင်း သူ သဘာဝအတိုင်း သိပေသည်။

"ဘိုးဘိုးခုန်း"

လုရှန်းရှန်းက အော်လိုက်သည်။

အစစ်အမှန်ဧကရာဇ်၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည်။ သူက လမ်းလျှောက်တုတ်မှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားတစ်ခု ထွက်လာသည်ကို ခံစားရ၏။

သူက သံရှည်ဆွဲပြီး ဟိန်းဟောက်ပြီး ကမ္ဘာ့စွမ်းအားကို ပေါက်ကွဲစေလိုက်သည်။ အဆုံးမဲ့လေပြင်းများက လမ်းလျှောက်တုတ်ထံ ‌တိုးဝှေ့တိုက်ခတ်လာတော့သည်။

သို့သော်လည်း လေပြင်းက ခဏချင်း ပျောက်ကွယ်သွားရသည်။ တုတ်ရိုက်ချက်က အစစ်အမှန်ဧကရာဇ်ကို ထိမှန်ပြီး မိုင်တစ်ရာအကွာသို့ လွင့်စင်သွားစေခဲ့၏။ သူ့မျက်နှာက ဖြူဖျော့သွားပြီး သွေးများအန်ထွက်လာတော့သည်။

လူတိုင်း အံ့အားသင့်သွားကြသည်။ တိုက်ခိုက်မှုတစ်ခုက အစစ်အမှန်ဧကရာဇ်တစ်ပါးကို ထိခိုက်ဒဏ်ရာရစေရန် လုံလောက်နေသည် မဟုတ်လော။

"တာ့ယန်ဆေးခန်းမက အကြီးအကဲပဲ"

"သူ့ရဲ့ စွမ်းအားက မယုံနိုင်စရာပဲ"

ရှေးဟောင်းလမြင့်မြတ်နယ်မြေရှိ အခြား အင်အားစုများမှ ကျွမ်းကျင်သူများက အံ့အားသင့်စွာ ဆွေးနွေးလိုက်ကြသည်။

ဝမ်မျိုးနွယ်စုနှင့် ကောင်းကင်ဝံပုလွေမျှော်စင်တို့မှ လူများမှာတော့ မျက်နှာများ ရှုံ့မဲ့သွား၏။

နောက်ဆုံးတွင်၊ ထိုစဉ်အခါက ဦးလေးခုန်းသည် သူတို့၏ အစစ်အမှန်ဧကရာဇ်နှစ်ပါးကို သတ်ခဲ့ဖူးသည်။

"လွန်ခဲ့တဲ့နှစ်အနည်းငယ်က ငါဟာ အကြီးအကဲတွေကို လူငယ်မျိုးဆက်တွေရဲ့ ကိစ္စတွေမှာ ဝင်မစွက်ဖက်ဖို့ ပြောခဲ့တယ်။ အထူးသဖြင့်၊ အခုချိန်မှာ သူတို့က သူတော်စင်နယ်ပယ်က လူငယ်လေးတွေပဲ ဖြစ်ကြသေးတယ်။ ဒါတောင် မင်းတို့ ဗလာနယ်ဧကရာဇ်တွေနဲ့ အစစ်အမှန်ဧကရာဇ်တွေက တိုက်ခိုက်ချင်ကြတယ်။ ဒီလိုဆိုမှတော့ အားနည်းသူတွေကို အနိုင်ကျင့်တယ်လို့ ငါ့ကို အပြစ်မတင်ကြနဲ့"

ဦးလေးခုန်း၏အသံက လမ်းလျှောက်တုတ်အတွင်းမှ ထွက်ပေါ်လာသည်။

"အကြီးအကဲ၊ ရန်စမီးတွေကို ကြီးစေမဲ့အစား တစ်ခါတည်း ငြိမ်းသတ်လိုက်တာက ပိုမကောင်းဘူးလား။ ဖုန်းဝူချန်လည်း အများကြီး ခံစားခဲ့ရပြီးပါပြီ။ ဒါကြောင့် လုမင်သာ လွှတ်ပေးမယ်ဆိုရင် ဖုန်းမျိုးနွယ်က နောက်ထပ် ဝင်မစွတ်ဖက်တော့ဘူး။ ဘယ်လိုလဲ"

အစစ်အမှန်ဧကရာဇ်က လက်ယှက်ပြပြီး ပြောလိုက်သည်။

"ငါက လူငယ်မျိုးဆက်တွေရဲ့ ကိစ္စတွေကို ဝင်မစွက်ဖက်ဘူး။ သူတို့တွေ သတ်မလား၊ မသတ်ဘူးလား ဆိုတာက သူတို့ကိုယ်တိုင် ဆုံးဖြတ်ပါစေ။ မင်းတို့ သိုင်းကရာဇ်တွေလည်း ဝင်မစွက်ဖက်သင့်ဘူး"

ဦးလေးခုန်းက ပြောသည်။

"အကြီးအကဲ၊ ခင်ဗျားက လုံးဝ နောက်မဆုတ်နိုင်ဘူးလို့ ပြောနေတာလူး။ ဖုန်းမျိုးနွယ်နဲ့ ရန်ဘက်ပြုတာက ခင်ဗျားအတွက် ကောင်းကျိုးမရှိဘူးနော်"

ဖုန်းမျိုးနွယ်၏ အစစ်အမှန်ဧကရာဇ်က အေးစက်စွာ ပြောသည်။

"မင်း ငါ့ကို ဘယ်လိုခက်ခဲအောင်လုပ်မလဲဆိုတာ ငါသိချင်တယ်"

ဦးလေးခုန်းက ပြောလိုက်၏။

ဖုန်းမျိုးနွယ်စုဝင် သိုင်းဧကရာဇ်များ၏ မျက်နှာများက မည်းမှောင်သွားသည်။ ဦးလေးခုန်းက ဝင်ရောက်စွတ်ဖက်ရန် စိတ်ပိုင်းဖြတ်ထားကြောင်း ထင်ရှားပေသည်။

'မျိုးနွယ်စုခေါင်းဆောင်ကို သတင်းပို့လိုက်တော့'

ဖုန်းမျိုးနွယ်၏ အစစ်အမှန်ဧကရာဇ်က ဗလာနယ်ဧကရာဇ်ထံသို့ အသံပို့လွှတ်ပြီး ပြောလိုက်သည်။

ဗလာနယ်ဧကရာဇ်က ခေါင်းညိတ်ပြီး တိတ်တဆိတ် သတင်းစကားတစ်ခု ပို့လိုက်သည်။

"လုမင်၊ မင်းလုပ်ချင်တာကို ဆက်လုပ်ပါ... နောက်ပိုင်းကို စိတ်ပူစရာမလိုဘူး"

ဦးလေးခုန်း၏ အသံက လမ်းလျှောက်တုတ်အတွင်းမှ ထွက်လာသည်။

ဖုန်းမျိုးနွယ်စုဝင် ကျွမ်းကျင်သူများမှာ မျက်နှာပျက်သွားကြ၏။

"ရပ်လိုက်"

ဖုန်းမျိုးနွယ်စုမှ လူတိုင်းက အော်ဟစ်လိုက်ကြသည်။

"မဟုတ်ဘူး"

ဖုန်းဝူချန်မှာလည်း သေငယ်ဇောဖြင့် ပျာယာခတ်သွားတော့သည်။

All Chapters