← Chapters

အခန်း ၁၉၉၈

Vol. 135 Ch. 1998

အခန်း ၁၉၉၈

Vol. 135 Ch. 1998

အပိုင်း ( 1998 ) ဟွင်းဧကရာဇ်၏ လက်နက်။

ဟုတ်သည်၊ ရန်သူများက အနာဂတ်တွင် ကြီးမားသော တိုက်ပွဲတစ်ခုကို စတင်ခဲ့လျှင် အဘယ်သို့လုပ်ရမည်နည်း။

လူအချို့က စိတ်ပျက်အားငယ်မှု အရိပ်အယောင်တို့ပင် ပေါ်လာခဲ့ကြသည်။

"ဒါကြောင့် ဒီတိုက်ပွဲကို ငါတို့ အနိုင်ရရမယ်။ ဒီတိုက်ပွဲငယ်လေးကိုတောင် မနိုင်ရင် အနာဂတ်မှာ ဘယ်လို ဆက်ပြီးတိုက်ခိုက်ရမလဲ။ ဘယ်လိုလုပ်ပြီး အနိုင်ရမှာလဲ။ မိစ္ဆာနတ်ဘုရားမျိုးနွယ်ကို ဘယ်လိုလုပ်ပြီး ဖျက်ဆီးနိုင်မှာလဲ"

မဟာဧကရာဇ်ဝူရှန်း၏ အသံက ပိုမို ကျယ်လောင်လာသည်။ သူ့အရှိန်အဝါများကလည်း ပိုပိုပြီး အားကောင်းလာ၏။ သူက ကမ္ဘာကို ဝါးမျိုနိုင်သည့် ကျားရဲကြီးတစ်ကောင်ကဲ့သို့ပင်။

လူအများက လက်သီးကို တင်းတင်းဆုပ်လိုက်ကြသည်။

"မင်းတို့ ငါတို့နောက်ကို လိုက်ပြီး ဒီတိုက်ပွဲကို အနိုင်ယူဖို့ ဆန္ဒရှိကြလား။ မိစ္ဆာနတ်ဘုရားမျိုးနွယ်ကို ဖျက်ဆီး၊ မိသားစုနဲ့ ချစ်ရသူတွေ၊ မိတ်ဆွေ အပေါင်းအသင်းတွေကို ကာကွယ်ကြမလား"

မဟာဧကရာဇ်ဝူရှန်း၏ အသံက ပိုမိုကျယ်လောင်လာသည်။ သူ့လေသံတွင် အနိုင်မခံ အရှုံးမပေးသည့် အရိပ်အယောင်တို့ဖြင့် ပြည့်နေ၏။

"ဆန္ဒရှိတယ်၊ ဆန္ဒရှိပါတယ်"

လူအများအပြားက အော်ဟစ်လိုက်ကြသည်။ သူတို့၏ အသံများက ကောင်းကင်ကို တုန်ခါသွားစေခဲ့ပေသည်။

အထူးသဖြင့် လူငယ်အချို့၏ သွေးများက ဆူပွက်လာကြသည်။

မိစ္ဆာနတ်ဘုရားမျိုးနွယ်ဆိုလျှင်ပင် ဘာဖြစ်သေးသနည်း။ တိုက်ပွဲတစ်ခုမျှသာ ဖြစ်သည်။ သူတို့ ကာကွယ်ချင်သူများအတွက် တိုက်ပွဲအတွင်းမှာ ကျဆုံးခဲ့ရလျှင်ပင် နောင်တရစရာ မရှိပေ။

"ကောင်းပြီ၊ နောက်ပိုင်းမှာ ငါတို့သုံးယောက်ဦးဆောင်တဲ့ တပ်မဟာသုံးခု ခွဲမယ်။ ငါတို့တွေ တြိဂံပုံစံနဲ့ မိစ္ဆာနတ်ဘုရားမျိုးနွယ်ကို ထိုးဖောက်ပြီး လုံးဝဖျက်ဆီးပစ်မယ်"

မဟာဧကရာဇ် ဝူရှန်းက ကြေညာလိုက်သည်။

ထို့နောက် အင်အားစုအသီးသီးမှ ကျွမ်းကျင်သူအားလုံးကို မဟာဧကရာဇ်သုံးပါး ဦးဆောင်သော တပ်မဟာသုံးခုအဖြစ် ခွဲခြားလိုက်၏။

ရှေးဟောင်းလမြင့်မြတ်နယ်မြေမှ အင်အားစု အားလုံးက မဟာဧကရာဇ်ဝူရှန်း၏ ဦးဆောင်မှုနောက်သို့ လိုက်ပါသည်။

တစ်ရက်အကြာတွင် တပ်မဟာများက မိစ္ဆာနတ်ဘုရားမျိုးနွယ်စုဆီသို့ ချီတက်တိုက်ခိုက်ခဲ့ပေသည်။

ဟုတ်သည်၊ သူတို့ဘက်မှ သိုင်းဧကရာဇ်များက ရန်သူ သိုင်းဧကရာဇ်များကို ရင်ဆိုင်ကြပြီး သိုင်းဧကရာဇ်အောက်မှ ကျင့်ကြံသူများမှာတော့ သိုင်းဧကရာဇ်နယ်ပယ်အောက် ရန်သူများကို ရင်ဆိုင်ကြရသည်။

ဤတိုက်ပွဲတွင် ယွမ်တောင်မြင့်မြတ်နယ်မြေ၏ မြောက်ဘက်ပိုင်းမှ မိစ္ဆာနတ်ဘုရားမျိုးနွယ်၏ တပ်မဟာကို အပြည့်အဝနီးပါး ဖျက်ဆီးနိုင်ခဲ့သည်။

နောက်ပိုင်းတွင် မိစ္ဆာနတ်ဘုရားမျိုးနွယ်က အခြား အရပ်ဒေသများမှ ၎င်းတို့၏ တပ်များကို စုစည်းခဲ့ပေသည်။ ကောင်းကင်ဧကရာဇ်မြို့တော်မှ တပ်များပင် ရောက်ရှိလာခဲ့သည်။ နှစ်ဖက်စလုံးက ယွမ်တောင်မြင့်မြတ်နယ်မြေကြီး၏ မြောက်ဘက်ပိုင်းတွင် ပြင်းထန်သော တိုက်ပွဲတစ်ခုကို ရင်ဆိုင်ခဲ့ကြပေသည်။

ဤတိုက်ပွဲက ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေဖြစ်လာပြီး ခြောက်လတိုင်တိုင် ကြာမြင့်ခဲ့သည်။

ခြောက်လပတ်လုံး၊ လုမင်နှင့် အခြားသူများက အဆက်မပြတ် တိုက်ခိုက်နေကြပြီး သေခြင်းရှင်ခြင်းအစွန်းတွင် လျှောက်လှမ်းကာ ကိုယ့်ကိုယ်ကို လေ့ကျင့်ခဲ့ကြသည်။

သူတို့၏ တိုးတက်မှုနှုန်းကလည်း အလွန်မြန်ဆန်ခဲ့ပေသည်။

လုမင်ရဲ့ ကျင့်ကြံမှုက အန္တိမသူတော်စင်နယ်မြေပယ်၏ အထွတ်အထိပ်ကို ရောက်ရှိခဲ့သည်။ သူက အန္တိမသူတော်စင်နယ်ပယ်၏ ပြီးပြည့်စုံခြင်းအဆင့်သို့ပင် တဖြည်းဖြည်း ချဉ်းကပ်လာနေပြီ။ သူ၏ တိုက်ခိုက်နိုင်စွမ်းက ပို၍ပင် ကြောက်စရာကောင်းသည်။ သာမန် ဧကရာဇ်တစ်ပိုင်းများက လက်သီးတစ်ချက်ဖြင့် အမှုန်ဖြစ်သွားလိမ့်မည်။

ဟွမ်လင်၊ လုံချန်၊ ဟွမ်လီနှင့် အခြားသူများသည်လည်း ကြီးမားသောတိုးတက်မှုများ ရရှိခဲ့ကြသည်။ သူတို့အားလုံးက အန္တိမသူတော်စင်နယ်ပယ်၏ ပြီးပြည့်စုံခြင်းအဆင့်သို့ ဝင်ရောက်ခဲ့ပေသည်။

လော့ထျန်းယီဆိုလျှင် နိယာမအလင်းကိုပင် အောင်မြင်စွာ လေ့ကျင့်နိုင်ခဲ့သည်။

ဟွမ်လင်၊ လုံချန်နှင့် အခြားသူများသည်လည်း နိယာမအလင်း၏ အရိပ်အယောင်ကို ထိတွေ့မိခဲ့ကြသည်။

သေဆုံးခြင်းနှင့် ရှင်သန်ခြင်းကြားတွင် လျှောက်လှမ်းရင်း ကိုယ့်ကိုယ်ကိုယ် လေ့ကျင့်ခြင်းက အန္တရာယ်များသည်။ သို့ရာတွင်၊ အသက်မသေသရွေ့ အံ့ဖွယ် အကျိုးကျေးဇူးများကို ရရှိလိမ့်မည်။

သူတို့က ပုံမှန်အတိုင်း လေ့ကျင့်နေမည်ဆိုလျှင် နှစ်အနည်းငယ်မကြာဘဲ အောင်မြင်နိုင်မည် မဟုတ်ပေ။

သူတို့ထဲတွင် တိုးတက်မှု အမြန်ဆုံးက လုရှန်းရှန်း ဖြစ်သည်။ သူသည် အစောပိုင်းကတည်းက မဟာသူတော်စင်နယ်ပယ် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိခဲ့သည့်အပြင် တိုက်ပွဲကြီးတစ်ခုအတွင်း၌ သူ၏အလားအလာကို လှုံ့ဆော်ကာ အန္တိမသူတော်စင်နယ်ပယ်သို့ ချိုးဖြတ်ခဲ့သေးသည်။

လုမင်သည်ပင် ဤအမြန်နှုန်းကို အလွန်အားကျခဲ့ရသည်။

သို့သော်လည်း အန္တိမသူတော်စင်နယ်ပယ်သို့ ဝင်ရောက်ပြီးနောက် လုရှန်းရှန်း၏ ကျင့်ကြံမှုအမြန်နှုန်းမှာ နှေးကွေးသွားခဲ့သည်။

လွန်ခဲ့သော ခြောက်လတာကာလအတွင်း‌၌ လုမင်သည် အိုးရန်မော့လီ၊ ရွယ်နင်ရှင်းနှင့် ထျန်းချွေးတို့ကို တိုက်ပွဲတွင်ပါဝင်ရန် ခေါ်ဆောင်လာခဲ့သည်။ သူတို့အားလုံးလည်း အလွန်တိုးတက်ခဲ့ကြပေသည်။

အိုးရန်မော့လီတွင် ပြန်လည်ဝင်စားခြင်းခန္ဓာရှိပြီး ပြန်လည်ဝင်စားခြင်းဧကရာဇ်၏ ကမ္ဘာ့နှလုံးသားလည်း ရှိသည်။ သူ၏ ကျင့်ကြံမှုအမြန်နှုန်းက ပို၍ပင် ကြောက်စရာကောင်းပြီး လုရှန်းရှန်းကို လိုက်မီရန် အချိန်အနည်းငယ်သာ လိုတော့သည်။

ဤခြောက်လတာကာလအတွင်း လုမင်သည် မျက်လုံးသုံးလုံးနတ်မျိုးနွယ်မှ ကျွမ်းကျင်သူများစွာကို သတ်ဖြတ်ခဲ့ပြီး မရေမတွက်နိုင်သော အရင်းအမြစ်များကို ရရှိခဲ့သည်။ ဤအရင်းအမြစ်များအားလုံးကို စွမ်းအင်အဖြစ်ပြောင်းလဲခဲ့ပြီး ကောင်းကင်ဧကရာဇ်၏ခန္ဓာကိုယ်မှ စုပ်ယူစေခဲ့ပေသည်။

ကောင်းကင်ဧကရာဇ်၏ခန္ဓာတွင် သိုလှောင်ထားသော စွမ်းအင်က နောက်ဆုံးတွင် ကိုးရာခိုင်နှုန်းသို့ ရောက်ရှိသွားပြီး တစ်ဆယ်ရာခိုင်နှုန်းမှ မဝေးတော့ပေ။

‌

ခြောက်လကြာ ပြင်းထန်သော တိုက်ပွဲများအပြီးတွင် လူမျိုးနွယ်တို့က အလုံးစုံအသာစီးရခဲ့သည်။ မိစ္ဆာနတ်ဘုရားမျိုးနွယ်တို့ သိမ်းပိုက်ထားသော နယ်မြေများကို ပြန်လည်သိမ်းပိုက်နိုင်ပြီး ကောင်းကင်ဧကရာဇ်မြို့တော်သို့ တိုက်ခိုက်မှု စတင်ခဲ့ပေသည်။

သို့သော်လည်း မိစ္ဆာနတ်ဘုရားမျိုးနွယ်စုက ကောင်းကင်ဧကရာဇ်မြို့တော်၏ မြို့ရိုးတွင် ခံတပ်များကို အခိုင်အမာ တည်ဆောက်ထားခဲ့သည်။

ထို့ပြင်၊ တိုက်ပွဲများစွာအပြီးတွင် သူတို့က မိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင် မရေမတွက်နိုင်အောင် သတ်ဖြတ်ခဲ့သော်လည်း မိစ္ဆာနတ်ဘုရားမျိုးနွယ်က ၎င်းတို့၏အရေအတွက်ကို အမြဲတမ်း ပြန်လည်ဖြည့်တင်းနိုင်ခဲ့စမြဲ ဖြစ်သည်။

ယနေ့တွင်၊ လုမင်က ခဏတာ တိုက်ခိုက်ပြီးနောက် တပ်စခန်းသို့ ပြန်ခဲ့သည်။ ထိုစဉ်၊ အဘိုးအိုတစ်ဦးက လုမင်ကိုရှာရန် ရောက်လာသည်။

ဤအဘိုးအိုကို လုမင် သိပေသည်။ သူက ယွမ်တောင်မြင့်မြတ်သောကျောင်းတော်၏ ဆရာတစ်ယောက် ဖြစ်သည်။

"မဟာဧကရာဇ်သုံးပါးက ကျုပ်ကို တွေ့ချင်တာလား"

ယွမ်တောင်မြင့်မြတ်သောကျောင်းတော်၏ဆရာ လာရောက်ရခြင်း အကြောင်းရင်းကို သိရသောအခါ လုမင် အနည်းငယ် အံ့ဖွယ်သွားသည်။

မဟာဧကရာဇ်သုံးပါးက အဘယ်ကြောင့် သူ့ကို တွေ့ချင်ရသနည်း။

သို့သော်လည်း လုမင်က အများကြီး မမေးခဲ့ပေ။ သူက ယွမ်တောင်မြင့်မြတ်သောကျောင်းတော်၏ ဆရာနောက်သို့ လိုက်ပါပြီး စစ်သုံးတဲတစ်လုံးဆီသို့ ရောက်ရှိလာခဲ့သည်။

စစ်သုံးတဲထဲတွင် မဟာဧကရာဇ်ကြီးသုံးပါးက တစ်စုံတစ်ခုကို ဆွေးနွေးနေကြဟန်ဖြင့် အတူထိုင်နေကြပေသည်။

"လုမင်၊ မင်းရောက်လာပြီ"

လုမင်ကိုမြင်သောအခါ မဟာဧကရာဇ်ကြီး ဝူရှန်းက ပြုံးပြလိုက်သည်။

"မဟာဧကရာဇ်ကြီးတို့ကို နှုတ်ခွန်းဆက်ပါတယ်"

လုမင်က ဦးညွှတ်ပြီး နှုတ်ဆက်လိုက်၏။ ကျောင်းတော်၏ ဆရာမှာတော့ လုမင်ကို လိုက်ပို့ပြီးနောက် ပြန်ထွက်သွားတော့သည်။

"လုမင်၊ ငါတို့ မင်းကို ရှာနေတာက အကူအညီတောင်းစရာရှိလို့ပဲ"

မဟာဧကရာဇ်ဝူရှန်းက ပြုံးလျက် ပြောလိုက်သည်။

"ကျွန်တော်ကို အကူအညီတောင်းဖို့လား"

လုမင်က ပို၍ စိတ်ရှုပ်ထွေးသွားသည်။ မဟာဧကရာဇ်ကြီးများက သူ့ကို အဘယ်‌အကြောင်းကြောင့် အကူအညီတောင်းရမည်နည်း။ မဟာဧကရာဇ်များပင် မကိုင်တွယ်နိုင်သောအရာကို သူက ဘာများစွမ်းဆောင်နိုင်မည်နည်း။

"လုမင်၊ ဒီကာလအတွင်း တိုက်ပွဲအခြေအနေကို မင်းလည်း မြင်ခဲ့ပြီးပြီ။ ငါတို့က အားသာချက်ရှိပြီး မိစ္ဆာနတ်ဘုရားမျိုးနွယ်ကို အဆက်မပြတ် သတ်ဖြတ်နေပေမဲ့ မိစ္ဆာနတ်ဘုရားမျိုးနွယ်ကတော့ သူတို့ရဲ့ အရေအတွက်ကို အမြဲတမ်း ပြန်လည်ဖြည့်တင်းနိုင်ခဲ့တယ်။ ဒီလိုဖြစ်ရတာက အဲဒီ ဟင်းလင်းပြင်လမ်းကြောင်းကြောင့်ပဲ"

"အဲဒီ ဟင်းလင်းပြင်လမ်းကြောင်း ရှိနေသရွေ့ ငါတို့ဟာ မိစ္ဆာနတ်ဘုရားမျိုးနွယ်ကို လုံးဝ ဖျက်ဆီးပစ်လို့ မရဘူး။ ငါတို့က အခြေအနေကို ပိုမဆိုးလာအောင် ထိန်းထားနိုင်ရုံပဲရှိမယ်။ ယွမ်တောင်ကိုတော့ တည်ငြိမ်အောင်လုပ်နိုင်မှာ မဟုတ်ဘူးလေ"

မဟာဧကရာဇ် ဝူရှန်းက ပြောလိုက်သည်။

မဟာဧကရာဇ်ကြီးသုံးပါးတွင် မဟာဧကရာဇ် ဝူရှန်းက စကားအပြောအဆို ညက်သည်။ ထို့ကြောင့် ပုံမှန်အားဖြင့် စကားပြောသူမှာ မဟာဧကရာဇ်ဝူရှန်း ဖြစ်ပေသည်။

လုမင်က ခေါင်းညိတ်လိုက်သည်။ စင်စစ်တွင်၊ ထိုဟင်းလင်းပြင်လမ်းကြောင်းက အခြေခံအုတ်မြစ် ဖြစ်သည်။ ထိုဟင်းလင်းပြင်လမ်းကြောင်းရှိနေသရွေ့ သူတို့က မိစ္ဆာနတ်ဘုရားမျိုးနွယ်ကို အပြီးသတ် ဖျက်ဆီးနိုင်မည်မဟုတ်ပေ။

သို့ရာတွင်၊ ဒါက သူနှင့် မည်ကဲ့သို့ ပတ်သက်မှုရှိသနည်း။ သူ၏ လက်ရှိကျင့်ကြံမှုအရ များစွာ အထောက်အကူ မဖြစ်စေနိုင်ပေ။

"မိစ္ဆာနတ်ဘုရားမျိုးနွယ်ကို အနိုင်ယူချင်ရင် အဲဒီဟင်းလင်းပြင်လမ်းကြောင်းကို ပိတ်ရမယ်။ ဒီအတွက် မင်းရဲ့ အကူအညီကို လိုအပ်တယ်"

မဟာဧကရာဇ်ဝူရှန်းက ပြောလိုက်သည်။

"မဟာဧကရာဇ်ကြီး ပြောစရာရှိတာကို ပြောပါ၊ လုမင် ကူညီနိုင်တာဆိုရင် လုံးဝ မငြင်းဆန်ပါဘူး"

လုမင်က ပြောသည်။

"ကောင်းပြီ၊ ငါတို့ မင်းကို နေရာတစ်ခုကို ခေါ်သွားပေးမယ်"

မဟာဧကရာဇ်ဝူရှန်းက ခေါင်းညိတ်လိုက်သည်။ သူက သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ အင်အားတစ်ခုက လုမင်ကို လွှမ်းခြုံသွားသည်။ ထို့နောက် ဟင်းလင်းပြင်က အက်ကွဲသွား၏။ မဟာဧကရာဇ်ကြီး သုံးပါးက လုမင်ကို ခေါ်ဆောင်ပြီး စစ်သုံးတဲအတွင်းမှ ပျောက်ကွယ်သွားတော့သည်။

နောက်အခိုက်တွင် သူတို့က ချိုင့်ဝှမ်းတစ်ခုထဲသို့ ရောက်လာကြသည်။

ဤချိုင့်ဝှမ်းက ဘယ်မှာရှိမှန်း သူမသိပေ။ ၎င်းက အလွန်လျှို့ဝှက်ပုံရပြီး လေထဲမှာလည်း အားကောင်းသော အင်အားတစ်မျိုး ရှိနေပုံရသည်။

ဤနေရာကို ရောက်လာပြီးနောက် လုမင်သည် ရှင်းပြရန်ခက်သော ခံစားချက်တစ်မျိုးကို ခံစားလိုက်ရသည်။ ၎င်းမှာ တစ်စုံတစ်ခုက သူ့ကို ဆွဲဆောင်နေသလိုပင်။

သူတို့က ရှေ့ကိုဆက်သွားကြပြီး မကြာမီ နေရာတစ်ခုသို့ ရောက်လာကြသည်။

"ဟင်..."

လုမင်က သူ့ရှေ့ရှိ မြေပြင်ပေါ်တွင် ဧရာမကျောက်ချပ်ကြီး တစ်ခုကို မြင်လိုက်ရသည်။ ၎င်းက စက်ဝိုင်းပုံသဏ္ဍာန်ရှိပြီး ထိုက်ကျိအစီရင်ဓာတ်ပြားနှင့် ဆင်တူသည်။ ၎င်းက အလွန်ရှေးကျပြီး အချိန်၏ အရိပ်အယောင်များဖြင့် ပြည့်နှက်နေပေသည်။

ကျောက်ချပ်က မြေကြီးထဲတွင် စိုက်ဝင်နေခြင်း ဖြစ်သည်။ မဟုတ်သေး၊ ကျောက်ချပ်က ကောင်းကင်မှ ပြုတ်ကျလာပြီး မြေပြင်တွင် စိုက်ဝင်နေခြင်းဟု ဆိုရမည်။

အစောပိုင်းက လုမင် ခံစားခဲ့ရခြင်းမှာ ဤကျောက်ချပ်ထံမှ ဖြစ်သည်။

"ဒီကျောက်ချပ်မှာ ကစဉ့်ကလျားနိယာမရဲ့ အငွေ့အသက်တွေ ရှိနေတယ်"

လုမင်က မနေနိုင်ဘဲ ရေရွတ်လိုက်မိသည်။

"မင်း ခံစားမိတာ မမှားပါဘူး၊ ဒီကျောက်ချပ်မှာ ကစဉ့်ကလျားနိယာမရဲ့ အငွေ့အသက်တွေ ရှိတယ်။ ဒါက ကောင်းကင်လောကရဲ့ အသန်မာဆုံး အကျော်အမော်တွေထဲက တစ်ယောက်ဖြစ်တဲ့ ဟွင်းဧကရာဇ်ရဲ့ လက်နက် ဖြစ်နိုင်ချေများတယ်လို့ ငါတို့ ခန့်မှန်းရတယ်"

ထျန်းဟော်ဧကရာဇ်က ရှားရှားပါးပါး စကားပြောလာသည်။

"ဟွင်းဧကရာဇ်ရဲ့ လက်နက်လား"

လုမင်၏ မျက်လုံးအိမ်များက တုန်ခါသွားပြီး အံ့အားသင့်မှု အရိပ်အယောင်တို့ ပေါ်လာတော့သည်။

All Chapters