အခန်း ၁၄၇
Vol. 14 Ch. 147
အခန်း ၁၄၇ - ရိတ်သိမ်းခြင်း
ဝမ်ထောင်သည် ပထမဦးစွာ ဇွန်ဘီဖြစ်သွားသော ဝူဖေး ချပေးခဲ့သော ပစ္စည်းများကို ကြည့်လိုက်၏။
ဝူဖေး၏ ဦးခေါင်းအတွင်းရှိ အမြုတေမှာ အဆင့်တက်အမြုတေ ဖြစ်နေသည်။
သို့သော် ဝူဖေးသည် ဇွန်ဘီအဖြစ်သို့ ပြောင်းလဲသွားသည်မှာ မကြာသေးသဖြင့် ထိုအမြုတေမှာ အစိမ်းရင့်ရောင် ဖြစ်နေ၏။
[ဒုတိယအဆင့်အမြုတေ - အဆင့်တက်ခြင်း]
[အရည်အသွေး - ရှားပါး (၅၅%)]
[သန့်စင်မှု - ၄၅% (ဘေးထွက်ဆိုးကျိုး - မရှိ)]
ဝမ်ထောင်သည် ယခုအခါ ပုံစံတစ်ခုကို သတိပြုမိသွားခဲ့သည်။ စွမ်းရည်အများအပြားရှိသော ဒုတိယအဆင့်ဇွန်ဘီများ၏ ဦးခေါင်းတွင်းရှိ အမြုတေမှာ ၎င်းတို့၏ စွမ်းရည်များထဲမှ တစ်ခု၊ အဆင့်တက်အမြုတေ သို့မဟုတ် ဘက်စုံသုံးအမြုတေ ဖြစ်နိုင်ခြေ ရှိ၏။
တစ်နည်းအားဖြင့်ဆိုသော် ဒုတိယအဆင့်ဇွန်ဘီတစ်ခုတွင် စွမ်းရည်လေးခုရှိလျှင် ၎င်းချပေးနိုင်သော အမြုတေမှာ ထိုစွမ်းရည်လေးခုထဲမှ တစ်ခု ဖြစ်နိုင်သလို အဆင့်တက်အမြုတေ သို့မဟုတ် ဘက်စုံသုံးအမြုတေလည်း ဖြစ်နိုင်သည်။
သတ်ဖြတ်ခြင်းတစ်ကြိမ်လျှင် အမြုတေတစ်ခုသာ ကျဆင်းမည်ဖြစ်ပြီး အမြုတေအမျိုးအစားတစ်ခုချင်းစီ၏ ဖြစ်နိုင်ခြေမှာ ခြောက်ပုံတစ်ပုံစီ ရှိလောက်သည်။
၄င်းက ဝမ်ထောင်၏ ထင်မြင်ချက်မျှသာ ဖြစ်၏။ အမှန်တော့ သူသည် အဆင့်တက်အမြုတေနှင့် ဘက်စုံသုံးအမြုတေတို့အပြင် အခြားအထူးအမြုတေများ ရှိ၊ မရှိ မသိသေးချေ။
ထို့ပြင် ဝမ်ထောင်က အခြားလူများနှင့် မတူပေ။ ဒုတိယအဆင့်ဇွန်ဘီတစ်ကောင်ကို သူ သတ်ပြီးနောက် ဇွန်ဘီကိုယ်တိုင် ချပေးသည့် အမြုတေအပြင် ပစ္စည်းထုပ်များလည်း ကျလာတတ်ပြီး ထိုအထုပ်များထဲတွင်လည်း အမြုတေများ ပါဝင်နေတတ်သည်။
ထို့ကြောင့် သူ၏ အဆင့်တက်အမြုတေ သို့မဟုတ် ဘက်စုံသုံးအမြုတေ ရရှိနိုင်ခြေမှာ သာမန်လူများထက် အဆများစွာ ပိုမြင့်လေ၏။ ယခုလည်း ဇွန်ဘီဝူဖေးသည် အထုပ်သုံးထုပ် ချပေးခဲ့သည်။
ပထမဆုံးအထုပ်မှာ အမြုတေများဖြစ်ပြီး စုစုပေါင်း အမြုတေလေးခု ပါဝင်နေ၏။
[ဒုတိယအဆင့်အမြုတေ - ခွန်အားကြီးမားခြင်း]
[အရည်အသွေး - ကောင်းမွန် (၄၀%)]
[သန့်စင်မှု - ၄၅% (ဘေးထွက်ဆိုးကျိုး - ခွန်အားသည် ခန္ဓာကိုယ်အရွယ်အစားနှင့် တိုက်ရိုက်အချိုးကျသည်။ ခန္ဓာကိုယ်အရွယ်အစား မလုံလောက်ပါက ခွန်အား လျော့နည်းသွားလိမ့်မည်)]
ဝူဖေးသည် အလွန်သန်မာသဖြင့် "ခွန်အားကြီးမားခြင်း" စွမ်းရည် ပါလာသည်မှာ သဘာဝကျပါသည်။
[ဒုတိယအဆင့်အမြုတေ - ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲခြင်း]
[အရည်အသွေး - သာမန် (၂၀%)]
[သန့်စင်မှု - ၄၅% (ဘေးထွက်ဆိုးကျိုး - မရှိ)]
ဝမ်ထောင်သည် ဝူဖေးက ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲစွမ်းရည်ကို ပေါင်းစပ်ခဲ့သည်ကို သိထားပြီး ဖြစ်သဖြင့် မအံ့သြတော့ပေ။
ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲစွမ်းရည်ကို နောက်မှလေ့လာခဲ့သော စွမ်းရည်ရှင်များ သို့မဟုတ် ဇွန်ဘီများသည် မွေးရာပါ ဖောက်ခွဲဇွန်ဘီများဖြစ်သည့် ဖောက်ခွဲဇွန်ဘီများနှင့် ကွာခြား၏။
ဖောက်ခွဲဇွန်ဘီတစ်ကောင်ကို သတ်သည့်အခါ ၎င်းကို တိုက်ရိုက်မှုန့်မှုန့်ညက်ညက်မဖြစ်အောင် မချေမှုန်းနိုင်လျှင် ဆယ်စက္ကန့် ခန့်အကြာတွင် ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲဦးမည်ဖြစ်သည်။
သို့သော် ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲစွမ်းရည်ကို လေ့လာထားသော စွမ်းရည်ရှင်များ သို့မဟုတ် ဇွန်ဘီများသည် သေဆုံးချိန်တွင် ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲခြင်း မရှိကြချေ။ ပြောရလျှင် ကိုယ့်ကိုယ်ကိုယ်ဖောက်ခွဲအမြုတေတွင် ဘေးထွက်ဆိုးကျိုးမရှိသလို ၎င်းတို့တွင် အချိန်မရွေး ပေါက်ကွဲလွယ်သော ဖောက်ခွဲဇွန်ဘီများကဲ့သို့ ခန္ဓာကိုယ်မျိုးလည်း မရှိကြပါ။
တတိယမြောက် အမြုတေမှာ ဘက်စုံသုံးအမြုတေဖြစ်၏။
[ဒုတိယအဆင့်အမြုတေ - ဘက်စုံသုံး]
[အရည်အသွေး - ထူးကဲ (၆၀%)]
[သန့်စင်မှု - ၄၅% (ဘေးထွက်ဆိုးကျိုး - မရှိ)]
၄င်းက ကောင်းမွန်သော ပစ္စည်းတစ်ခုပင်။ ဝမ်ထောင်တွင်လည်း သာမန်ဒုတိယအဆင့်ဘက်စုံသုံးအမြုတေတစ်ခု ရှိနေသဖြင့် ထိုအရာနှင့် ပေါက်စပ်လိုက်လျှင် မော်ကွန်းဝင်အဆင့်အမြုတေတစ်ခု ရရှိနိုင်၏။ နှမြောစရာကောင်းသည်မှာ ဒုတိယအဆင့်အမြုတေနှစ်ခုကို ပေါင်းစပ်ပြီးနောက် သန့်စင်မှုမှာ ၉၀% သာရှိမည်ဖြစ်ပြီး ၁၀၀% သို့ ရောက်ရှိမည်မဟုတ်ခြင်းပင် ဖြစ်သည်။ သို့သော် စတုတ္ထမြောက်အမြုတေကတော့ ဝမ်ထောင်ကို မျက်ခုံးပင့်သွားစေ၏။
[ဒုတိယအဆင့်အမြုတေ - နံရိုးဆူးချွန်]
[အရည်အသွေး - ထူးကဲ (၆၀%)]
[သန့်စင်မှု - ၄၅% (ဘေးထွက်ဆိုးကျိုး - စွမ်းရည်ကို အသုံးပြုချိန်တွင် ခန္ဓာကိုယ်ကာကွယ်ရေး လျော့နည်းသွားမည်)]
[နံရိုးဆူးချွန် - နံရိုးများသည် လက်နက်များအဖြစ် ခန္ဓာကိုယ်အပြင်ဘက်သို့ ထိုးထွက်လာမည်။ တိုက်ခိုက်မှု အောင်မြင်ပါက ရန်သူ၏ သွေးပမာဏအပေါ် ပုံသေသတ်မှတ်ထားသော ထိခိုက်မှု ပေးစွမ်းနိုင်ပြီး (အနည်းဆုံး ၁၀၀၊ အမြင့်ဆုံးမှာ မိမိ၏ သွေးပမာဏထက်မကျော်လွန်စေရ) ပြိုင်ဘက်ကို အချိန်အတိုင်းအတာတစ်ခုအထိ လေဖြတ်သွားစေလိမ့်မည်။ သို့သော် အသုံးပြုသူသည်လည်း (ပေးစွမ်းခဲ့သော ထိခိုက်မှု အတိုင်း - ၁) သွေးပမာဏ ဆုံးရှုံးရမည်။ တိုက်ခိုက်မှု ကျရှုံးပါက မည်သည့်ဘက်ကမျှ သွေးပမာဏ ဆုံးရှုံးမည်မဟုတ်ပါ]
ဤအမြုတေ၏ အရည်အသွေးများကို မြင်သောအခါ ဝမ်ထောင်သည် ဇွန်ဘီဝူဖေး၏ အခြေအနေကို သတိရသွားသည်။ ၎င်းသည် ဇွန်ဘီဖြစ်သွားချိန်တွင် သွေးပမာဏ ၅၀၀၀ အပြည့်ရှိသဖြင့် အမြင့်ဆုံး ထိခိုက်မှု ၅၀၀၀ ပေးစွမ်းနိုင်ခဲ့ခြင်း ဖြစ်၏။
၎င်း၏ တိုက်ခိုက်မှု အောင်မြင်ပြီးနောက် သွေးပမာဏ ၄၉၉၉ ဆုံးရှုံးခဲ့သည်။ ထို့ကြောင့် ဂေါ်ရီလာဇွန်ဘီကို တိုက်ခိုက်ပြီးနောက် ၎င်းတွင် သွေးတစ်မှတ်သာ ကျန်ရှိတော့သဖြင့် ဝမ်ထောင်က လွယ်ကူစွာ သတ်ဖြတ်နိုင်ခဲ့ခြင်း ဖြစ်သည်။ ဤစွမ်းရည်တွင် ကန့်သတ်ချက်များစွာ ရှိနေပြီး သွေးတစ်မှတ်သာ ကျန်ရှိခြင်းက အလွန်အမင်း အန္တရာယ်များလှ၏။
ထို့ပြင် ဤကန့်သတ်ချက်မှာ စွမ်းရည်ကိုယ်တိုင်၏ ပင်ကိုယ်လုပ်ဆောင်ချက်စနစ် ဖြစ်ပြီး ဘေးထွက်ဆိုးကျိုးမဟုတ်ချေ။ ထို့ကြောင့် ဝမ်ထောင်တွင် တူညီသောအမြုတေများစွာ ရှိနေပါစေဦးတော့ ပေါင်းစပ်ခြင်းဖြင့် ဤမိမိကိုယ်ကိုယ် ထိခိုက်စေသောအစွမ်းကို ဖယ်ရှားနိုင်မည်မဟုတ်ပါ။
သို့သော် ဤစွမ်းရည်က အလွန်မိုက်သည်ကိုတော့ ငြင်းပယ်၍မရချေ။ ဝူဖေးတွင် သွေးပမာဏ ၁၀၀၀၀ ကျော်ရှိခဲ့လျှင် ဂေါ်ရီလာဇွန်ဘီကို ချက်ချင်း သတ်ပစ်နိုင်မည်မဟုတ်ပါလား။
သို့သော် စွမ်းရည်ဖော်ပြချက်တွင် တိုက်ခိုက်မှု အောင်မြင်ရန် အာမမခံနိုင်ဘဲ ကျရှုံးနိုင်သည်ဟု ပါရှိ၏။ ဤကျရှုံးမှုသည် ကံတရား သို့မဟုတ် ပြိုင်ဘက်၏ ကာကွယ်ရေးစသည့် အချက်များနှင့် သက်ဆိုင်နိုင်သည်။ ထို့ကြောင့် ဤစွမ်းရည်က ပြိုင်ဘက်ကင်းသော အရာတော့ မဟုတ်ပေ။
မည်သို့ပင်ဖြစ်စေ ဤစွမ်းရည်က တော်တော်လေး အစွမ်းထက်လှသည်။ အထူးသဖြင့် ဝူဖေးနှင့် ဝမ်ထောင်ကဲ့သို့ အသင်းဖော်များ ရှိနေချိန်တွင် ဖြစ်၏။ ဝူဖေးက ဂေါ်ရီလာဇွန်ဘီကို တိုက်ရိုက် မသတ်နိုင်ခဲ့သော်လည်း ၎င်းကို ခေတ္တမျှ လေဖြတ်သွားစေနိုင်သဖြင့် ဝမ်ထောင်က အဆုံးသတ်ထိုးနှက်ချက်ကို ပေးနိုင်ခဲ့သည်။
ဝူဖေး ချပေးခဲ့သော ဒုတိယအထုပ်တွင် ခွန်အားဆေးရည်များ ပါဝင်နေ၏။
[ခွန်အားဆေးရည် (အသေး) * ၅]
ခွန်အားဆေးရည် ငါးပုလင်းဆိုသည်မှာ မဆိုးလှပေ။
တတိယအထုပ်၏ ပါဝင်သည့်အရာများက ဝမ်ထောင်ကို အံ့အားသင့်သွားစေသည်။
[အသက်ဝင်မှုရပ်တန့်ဆေးရည် (စမ်းသပ်ဆဲ) * ၅]
[အသက်ဝင်မှုရပ်တန့်ဆေးရည် (စမ်းသပ်ဆဲ) - ကူးစက်ခံရသူ၏ ခန္ဓာကိုယ်အတွင်းရှိ ဇွန်ဘီဗိုင်းရပ်စ် အသက်ဝင်မှုကို ၃ ရက်မှ ၁၀ ရက်အထိ လျှော့ချပေးနိုင်သည်။ ဇွန်ဘီဗိုင်းရပ်စ်၏ အသက်ဝင်မှု လျော့ကျသွားပါက ၎င်းတို့သည် ဇွန်ဘီအဖြစ်သို့ မျိုးဗီဇပြောင်းလဲသွားမည်မဟုတ်ပါ]
ဝူဖေးသည် ဗိုင်းရပ်တားဆီးဆေးများကို အလွန်အမင်း အသုံးပြုခဲ့သောကြောင့် ဤ "အသက်ဝင်မှုရပ်တန့်ဆေးရည် (စမ်းသပ်ဆဲ)" ကျလာခြင်း ဖြစ်နိုင်ပါသလား။
ဤပစ္စည်းသည် ဗိုင်းရပ်တားဆီးဆေးနှင့် အနည်းငယ် ဆင်တူသည်။ အကြောင်းမှာ နှစ်ခုစလုံးသည် ဇွန်ဘီဗိုင်းရပ်စ် စတင်ခြင်းကို ဖိနှိပ်ရန် အသုံးပြုသောကြောင့် ဖြစ်သော်လည်း သိသာထင်ရှားသော ကွာခြားချက်များလည်း ရှိနေ၏။
မျှော်လင့်ချက်သုတေသနဌာနမှ ထုတ်လုပ်သော တားဆီးဆေးများသည် အာနိသင် မည်မျှကြာရှည်ခံမည်ကို အတိအကျ ဖော်ပြထားခြင်း မရှိချေ။ ၎င်းသည် တစ်ရက် သို့်မဟုတ် တစ်လလည်း ဖြစ်နိုင်သည်။ ဇွန်ဘီအဖြစ်သို့ လုံးဝ မပြောင်းလဲမီတွင် တားဆီးဆေးကို အသုံးပြုနိုင်သည်။ ထို့ပြင် ဇွန်ဘီအမြုတေတစ်ခုကို ပေါင်းစပ်ချိန်တွင်လည်း ကိုယ်တွင်းအညစ်အကြေးများကို အနည်းငယ် လျှော့ချရန် တားဆီးဆေးကို အသုံးပြုနိုင်သည်။
သို့သော် ဤတားဆီးဆေးများတွင် ကြီးမားသော ဘေးထွက်ဆိုးကျိုးများ ရှိနေ၏။ ၎င်းတို့ကို အသုံးပြုခြင်းက နာကျင်ရုံသာမက အလွန်အများ အသုံးပြုပါက သေဆုံးခြင်းသို့ပင် ဦးတည်နိုင်သည်။
အသက်ဝင်မှုလျှော့ချဆေးရည်ကမူ အတော်လေး ရိုးရှင်းလှသည်။ ဖော်ပြချက်အရ ၎င်းသည် ဇွန်ဘီဗိုင်းရပ်စ်၏ သက်ဝင်မှုကို ၃ ရက်မှ ၁၀ ရက်အထိ လျှော့ချပေးနိုင်သည်ဟု ဆို၏။ ဗိုင်းရပ်စ်၏ သက်ဝင်မှု လျော့နည်းနေစဉ်အတွင်း ဇွန်ဘီအဖြစ်သို့ ပြောင်းလဲခြင်း ဖြစ်ပေါ်မည်မဟုတ်ပေ။
ထိုလျှော့ချမှု ကြာချိန်ကို မည်သည့်အချက်များက လွှမ်းမိုးနေသည်ကိုတော့ သူ မသိပါ။ ၎င်းသည် ထိုသူ ကူးစက်ခံရသည့် ကြာချိန် သို့မဟုတ် ကူးစက်မှု၏ ပြင်းထန်မှုတို့နှင့် သက်ဆိုင်နိုင်၏။
သို့သော် မည်သို့ပင်ဖြစ်စေ ၃ ရက်မျှသာ ဖြစ်နေပါစေဦးတော့ အနည်းဆုံးတော့ ထို ၃ ရက်အတွင်း ဇွန်ဘီဖြစ်သွားမည်ကို စိုးရိမ်စရာမလိုတော့ချေ။
ထို့ပြင် အသက်ဝင်မှုလျှော့ချဆေးရည်တွင် ဘေးထွက်ဆိုးကျိုးမရှိသလို သေဆုံးခြင်းသို့လည်း ဦးတည်မည်မဟုတ်ပါ။
ဝမ်ထောင်သည် ပုံမှန်အခြေအနေများတွင် သာမန်တားဆီးဆေးများက ပိုမိုလက်တွေ့ကျနိုင်သော်လည်း ပြင်းထန်စွာ ကူးစက်ခံထားရသူအချို့အတွက်မူ အသက်ဝင်မှုရပ်တန့်ဆေးရည် (စမ်းသပ်ဆဲ)" က ပိုမိုကောင်းမွန်နိုင်သည်ဟု ခံစားမိသည်။
သို့သော် ၃ ရက်မှ ၁၀ ရက်ဆိုသည်မှာ အလွန်တိုတောင်းလွန်းသေး၏။ ကူးစက်ခံရပြီးနောက် အသက်ဆက်ရန် ဤဆေးရည်အပေါ် လုံးလုံးလျားလျား အမှီပြု၍ မရနိုင်ချေ။ ၎င်းကို အရေးပေါ်ထုတ်ကုန်အဖြစ်သာ အသုံးပြုနိုင်ဖွယ် ရှိသည်။ ဝမ်ထောင်သည် ထို့နောက် ဂေါ်ရီလာဇွန်ဘီကို သတ်ဖြတ်ခြင်းမှ ရရှိသော ပစ္စည်းများကို ကြည့်လိုက်၏။
၎င်းတွင်လည်း အမြုတေတစ်ခုနှင့် အထုပ်သုံးထုပ် ပါဝင်နေသည်။
ဂေါ်ရီလာဇွန်ဘီရော ဇွန်ဘီဝူဖေးတွင်ပါ မျက်လုံးစိမ်းဇွန်ဘီ၏ မျက်လုံးများကဲ့သို့ အရာမျိုး မပါရှိချေ။
ဂေါ်ရီလာဇွန်ဘီ၏ ဦးခေါင်းတွင်းရှိ အမြုတေမှာ ခရမ်းရောင်အရည်အသွေး ဖြစ်နေသည်။
[ဒုတိယအဆင့်အမြုတေ - စစ်ကြွေးကြော်သံ]
[အရည်အသွေး - ထူးကဲ (၆၀%)]
[သန့်စင်မှု - ၄၅% (ဘေးထွက်ဆိုးကျိုး - ဒေါသထွက်လွယ်ခြင်း)]
[စစ်ကြွေးကြော်သံ - ရန်သူများကို သတိလစ်သွားစေနိုင်ပြီး သွေးပမာဏ ဆုံးရှုံးစေနိုင်သော ဝိညာဉ်တုန်ခါအော်သံကို ထုတ်လွှတ်ရန် စွမ်းအင်ကို ကုန်ဆုံးစေသည်]
၄င်းက ဂေါ်ရီလာဇွန်ဘီ အစောပိုင်းက အသုံးပြုခဲ့သော စွမ်းရည်ဖြစ်၏။ ၎င်းသည် တုန်ခါမှုလှိုင်းထက်ပင် ပိုမိုကျယ်ပြန့်သော ဧရိယာသက်ရောက်စွမ်းရည်တစ်ခု ဖြစ်ပြီး ဝမ်ထောင်နှင့် အခြားသူများကို ကြီးမားသော ဒုက္ခပေးခဲ့သည်။
ဖော်ပြချက်ကို ဖတ်ရုံမျှဖြင့် ၎င်းသည် မည်မျှအစွမ်းထက်သည်ကို သိနိုင်မည်မဟုတ်သော်လည်း ဝမ်ထောင်ကမူ ဂေါ်ရီလာဇွန်ဘီ၏ စွမ်းရည်ပြောင်မြောက်မှုကို မြင်တွေ့ခဲ့ပြီး ဖြစ်သည်။
အသံကို ကြားနိုင်သမျှသော အတိုင်းအတာတစ်ခုအထိ သက်ရောက်မှု ရှိနိုင်မည်ဖြစ်သည်။ ထို့ပြင် ဤစစ်ကြွေးကြော်သံသည် လူများကို သတိလစ်သွားစေရုံသာမက သွေးပမာဏကိုပါ ဆုံးရှုံးစေနိုင်၏။ ၎င်းက အသက်ရှင်ကျန်ရစ်သူများနှင့် ဇွန်ဘီအများအပြားကို ချက်ချင်း တုန်ခါကာ သေဆုံးသွားစေခဲ့ခြင်းမှာ မျက်မြင်ပင်မဟုတ်ပါလား။
အော်ဟစ်သံဟုခေါ်သော အခြားအသံဆိုင်ရာ စွမ်းရည်တစ်ခု ရှိသေးသော်လည်း ထိုစွမ်းရည်က အသုံးမဝင်သလောက်ဖြစ်ပြီး အလွန်ဆုံးမှ ဇွန်ဘီများကို ဆွဲဆောင်နိုင်ရုံသာ ရှိသည်။
သို့သော် စစ်ကြွေးကြော်သံကမူ အစွမ်းထက်လှပြီး ဇွန်ဘီများကို တိုက်ရိုက် အော်ဟစ်သတ်ဖြတ်နိုင်၏။
ထို့နောက် ဝမ်ထောင်သည် ဂေါ်ရီလာဇွန်ဘီ ချပေးခဲ့သော ပထမဆုံးအထုပ်ကို ကြည့်လိုက်သည်။ ၎င်းတွင် အမြုတေငါးခု ပါဝင်နေ၏။
[ဒုတိယအဆင့်အမြုတေ - အဆင့်တက်ခြင်း]
[အရည်အသွေး - ထူးချွန် (၈၀%)]
[သန့်စင်မှု - ၄၅% (ဘေးထွက်ဆိုးကျိုး - မရှိ)]
အဆင့်တက်အမြုတေတစ်ခု ထပ်ရပြန်ပြီ ဖြစ်သည်။ ထို့ပြင် ၎င်းက ထူးချွန်အရည်အသွေးပင် ဖြစ်နေ၏။
ဝမ်ထောင်သည် ဇွန်ဘီဝူဖေး ချပေးခဲ့သော အဆင့်တက်အမြုတေကို ပေါင်းစပ်ရန် အစောပိုင်းက ဝေခွဲမရဖြစ်နေခဲ့သည်။ အကြောင်းမှာ ထိုအမြုတေ၏ အောင်မြင်မှုနှုန်းမှာ ၅၅% သာ ရှိသောကြောင့် ဖြစ်၏။ ယခု ဤအမြုတေကို မြင်လိုက်ရသောအခါ ဝမ်ထောင်သည် ဤထူးချွန်အရည်အသွေးရှိသော အရာကို ပေါင်းစပ်ရန် ပြတ်ပြတ်သားသား ဆုံးဖြတ်လိုက်သည်။
ဝမ်ထောင်သည် အမြုတေကို သူ၏ပါးစပ်ထဲသို့ တိုက်ရိုက် ပစ်ထည့်လိုက်၏။
ချက်ချင်းပင် နွေးထွေးသော စွမ်းအင်များက သူ၏ ခန္ဓာကိုယ်တစ်ခုလုံးသို့ စီးဆင်းသွားသည်။
အောင်မြင်သွားလေပြီ။
ဝမ်ထောင်သည် သူ၏ အရည်အသွေးများကို လျင်မြန်စွာ စစ်ဆေးလိုက်သည်။ သူ၏ သွေးပမာဏမှာ ပြောင်းလဲခြင်းမရှိသော်လည်း သူ၏ အမြင့်ဆုံးစွမ်းအင်ပမာဏမှာ ၄၈၀၀ ဖြစ်လာ၏။
သူ၏ ကိုယ်တွင်းအညစ်အကြေးများသည်လည်း သဘာဝကျစွာ ပြောင်းလဲသွားပြီး ယခုအခါ ၂% တွင် ရှိနေသည်။ သူ၏ တွက်ချက်နည်းအရ အတိအကျ ကိန်းဂဏန်းမှာ ၂.၂% ဖြစ်၏။ ထို့နောက် သူ၏ တိကျစွာပစ်ခတ်ခြင်း ပုံရိပ် ရှိနေသည်။ ယခင်က အပေါ်ညာဘက်ထောင့်တွင် "+၁၀" ရှိခဲ့သော်လည်း ယခုအခါ "+၁၀" မှာ ပျောက်ကွယ်သွားပြီး ပုံရိပ်၏ အောက်ဘယ်ဘက်ထောင့်တွင် "II" ပေါ်လာသည်။ သူ၏ တိကျစွာပစ်ခတ်ခြင်းသည်လည်း ဒုတိယအဆင့်စွမ်းရည်တစ်ခု ဖြစ်လာခဲ့ပြီ ဖြစ်၏။
ယခုအခါ ဝမ်ထောင်၏ စွမ်းရည်လေးခုဖြစ်သော တုန်ခါမှုလှိုင်း၊ ကြေးအရေပြားသံအရိုး၊ တိကျစွာပစ်ခတ်ခြင်းနှင့် ကိုယ်တိုင်ကုသခြင်းတို့သည် အားလုံး ဒုတိယအဆင့်စွမ်းရည်များ ဖြစ်သွားကြပြီ ဖြစ်သည်။
ဝမ်ထောင်သည် ယခင်ကထက် ပိုမိုသန်မာလာသည်ဟု ခံစားရ၏။
သို့သော် သူသည် ယခုအချိန် ဂေါ်ရီလာဇွန်ဘီနှင့် တိုက်ခိုက်ရလျှင်လည်း အနိုင်ရဦးမည်တော့ မဟုတ်ပေ။ အမှန်တော့ သူကိုယ်တိုင်က ဒုတိယအဆင့်သို့ မရောက်သေးချေ။
စိတ်လှုပ်ရှားမှုများကို တည်ငြိမ်အောင်ထားရင်း ဝမ်ထောင်သည် အမြုတေများကို ဆက်လက်စစ်ဆေးလိုက်သည်။
အိတ်ထဲမှ ဒုတိယမြောက် အမြုတေမှာ အနီရောင် ကိုယ်တိုင်ကုသခြင်း အမြုတေတစ်ခု ဖြစ်၏။
[ဒုတိယအဆင့်အမြုတေ - ကိုယ်တိုင်ကုသခြင်း]
[အရည်အသွေး - ထူးချွန် (၈၀%)]
[သန့်စင်မှု - ၄၅% (ဘေးထွက်ဆိုးကျိုး - အထိအတွေ့အာရုံများ အားနည်းသွားမည်)]
[ကိုယ်တိုင်ကုသခြင်း - ကြာချိန်အတွင်း ဒဏ်ရာများကို အတိုင်းအတာတစ်ခုအထိ ဖြည်းညှင်းစွာ ပြန်လည်ကုသပေးနိုင်သည်]
ကိုယ်တိုင်ကုသခြင်း အမြုတေကို မြင်သောအခါ ဝမ်ထောင်သည် ၎င်းနှင့် ပေါင်းစပ်ချင်စိတ်များ ရုတ်တရက် ဖြစ်ပေါ်လာသည်။
သို့သော် သူသည် လျင်မြန်စွာပင် ပြန်လည်တည်ငြိမ်သွား၏။ သူ၏ လက်ထဲတွင် အညစ်အကြေး ၅% ကို သန့်စင်ပေးနိုင်သော သန့်စင်ဆေးရည် ငါးပုလင်း ရှိနေသော်လည်း ဤအမြုတေတွင် ဘေးထွက်ဆိုးကျိုး ရှိနေသည်။ ဝမ်ထောင်သည် သူ၏ ခန္ဓာကိုယ်တွင် မည်သည့်ဘေးထွက်ဆိုးကျိုးမျှ ရှိမနေချင်ပါ။
ထို့ပြင် အခြားအချက်တစ်ခုလည်း ရှိသေး၏၊ သူသည် ပထမအဆင့်တွင်သာ ရှိနေသေးသည်။ အဆင့်တက်အမြုတေများမှလွဲ၍ သူသည် မည်သည့်ဒုတိယအဆင့်အမြုတေနှင့်မျှ ပေါင်းစပ်၍ မရနိုင်သေးချေ။
[ဒုတိယအဆင့်အမြုတေ - ခွန်အားကြီးမားခြင်း]
[အရည်အသွေး - ထူးကဲ (၄၀%)]
[သန့်စင်မှု - ၄၅% (ဘေးထွက်ဆိုးကျိုး - ခွန်အားသည် ခန္ဓာကိုယ်အရွယ်အစားနှင့် တိုက်ရိုက်အချိုးကျသည်။ ခန္ဓာကိုယ်အရွယ်အစား မလုံလောက်ပါက ခွန်အားသည် အနုတ်လက္ခဏာပြတိုးတက်မှုကို ပြသလိမ့်မည်)]
[ခွန်အားကြီးမားခြင်း - ပင်ကိုစွမ်းရည်ဖြစ်ပြီး ခွန်အားကို သိသာထင်ရှားစွာ မြှင့်တင်ပေးသည်]
တတိယမြောက် အမြုတေမှာ ခွန်အားကြီးမားခြင်း ဖြစ်ပြီး ဝမ်ထောင်က ထိုအမျိုးအစားရမည်ဟု မျှော်လင့်ချက်ထားပြီးသားဖြစ်သည်။ ထိုဂေါ်ရီလာဇွန်ဘီသည် အလွန်သန်မာပြီး ကားများနှင့် ကျောက်ခဲများကို အချိန်မရွေး လွှင့်ထူပစ်ပေါက်နေခဲ့သောကြောင့် ခွန်အားကြီးမားခြင်း စွမ်းရည် ရှိနေခြင်းက အလွန်ပင် ကျိုးကြောင်းဆီလျော်လှသည်။
ဝမ်ထောင်သည်လည်း ခွန်အားကြီးမားခြင်း စွမ်းရည်ကို အတော်လေး သဘောကျသော်လည်း နှမြောစရာကောင်းသည်မှာ သူသည် အခြားအမြုတေအမျိုးအစားများနှင့် ပေါင်းစပ်ရန် အခွင့်အရေး မရှိတော့ခြင်းပင် ။ သူသည် ဒုတိယအဆင့်သို့ ရောက်ချိန်အထိ စောင့်ဆိုင်းပြီးမှ အခြားအမြုတေအမျိုးအစားများနှင့် ဆက်လက်ပေါင်းစပ်နိုင်မည့် နည်းလမ်း ရှိ၊ မရှိ ကြည့်ရမည် ဖြစ်၏။ အိတ်ထဲမှ စတုတ္ထမြောက် အမြုတေမှာ နောက်ထပ် ဒုတိယအဆင့် ဘက်စုံသုံးအမြုတေတစ်ခု ဖြစ်သည်။
[ဒုတိယအဆင့်အမြုတေ - ဘက်စုံသုံး]
[အရည်အသွေး - ထူးကဲ (၄၀%)]
[သန့်စင်မှု - ၄၅% (ဘေးထွက်ဆိုးကျိုး - မရှိ)]
၄င်းက ထူးကဲအရည်အသွေးရှိသော အမြုတေတစ်ခု ဖြစ်သော်လည်း ဇွန်ဘီဝူဖေးက ထူးချွန်အရည်အသွေးရှိသော ဘက်စုံသုံးအမြုတေတစ်ခု ချပေးခဲ့သဖြင့် မော်ကွန်းဝင်အဆင့်အမြုတေတစ်ခုအဖြစ် ပေါင်းစပ်ရန် လုံလောက်သွားပြီ ဖြစ်၏။
တူညီသော စည်းမျဉ်းအတိုင်းပင် ဒုတိယအဆင့်အမြုတေနှစ်ခုမှ ပေါင်းစပ်ခဲ့သော မော်ကွန်းဝင်အဆင့်အမြုတေတစ်ခုတွင်လည်း အညစ်အကြေး ၁၀% နှင့် ဘေးထွက်ဆိုးကျိုးများ ရှိနေမည် ဖြစ်သည်။ ဘက်စုံသုံးအမြုတေတွင် ဘေးထွက်ဆိုးကျိုးမရှိသဖြင့် ဝမ်ထောင် အသုံးပြုနိုင်သော်လည်း အခြားအမြုတေများမှာမူ အဆင်ပြေမည်မဟုတ်ဘဲ ဘေးထွက်ဆိုးကျိုးများ ရှိနေဦးမည် ဖြစ်၏။
ဝမ်ထောင်သည် နောက်ဆုံးအမြုတေကို ကြည့်လိုက်ရာ သူ၏ မျက်လုံးများ ချက်ချင်း ပြူးကျယ်သွားသည်။
[ဒုတိယအဆင့်အမြုတေ - သောင်းကျန်းခြင်း]
[အရည်အသွေး - မော်ကွန်းဝင် (၁၀၀%)]
[သန့်စင်မှု - ၄၅% (ဘေးထွက်ဆိုးကျိုး - ပေါင်းစပ်ပြီးနောက် သွေးပမာဏ ၁၀၀၀၀ လျော့နည်းသွားမည်)]
[သောင်းကျန်းခြင်း - သွေးပမာဏ ၃၀% အောက်ရောက်ရှိချိန်တွင် အလိုအလျောက် ပွင့်သွားမည်ဖြစ်ပြီး တစ်ရက်လျှင် တစ်ကြိမ်သာ ပွင့်နိုင်သည်။ ပွင့်သွားပြီးနောက် သွေးပမာဏ၊ စွမ်းအင်၊ ကြံ့ခိုင်မှုနှင့် စိတ်ဝိညာဉ်တို့ အပြည့်အဝ ပြန်လည်ပြည့်ဝသွားမည်ဖြစ်ပြီး ခန္ဓာကိုယ်အရွယ်အစား ကြီးထွားလာကာ အနုတ်လက္ခဏာပြအခြေအနေများအားလုံး ဖယ်ရှားခံရမည်။ တိုက်ခိုက်ရေးစွမ်းအား သိသာထင်ရှားစွာ မြင့်တက်လာပြီး အရှိန်နှုန်း အတိုင်းအတာတစ်ခုအထိ မြင့်တက်ကာ ကာကွယ်ရေး အတိုင်းအတာတစ်ခုအထိ လျော့နည်းသွားမည်။ သောင်းကျန်းခြင်းသည် ၁ နာရီ ကြာမြင့်မည်ဖြစ်ပြီး ထို့နောက် အသုံးပြုသူသည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိမည် ဖြစ်ပါသည်]
၄င်းက ဂေါ်ရီလာဇွန်ဘီ အစောပိုင်းက အသုံးပြုခဲ့သော စွမ်းရည် မဟုတ်ပါလား။
ဝမ်ထောင်သည် ၎င်းက ဇွန်ဘီဘုရင်များအတွက်သာ သီးသန့်ဖြစ်သော အစွမ်းတစ်ခု ဖြစ်နိုင်သည်ဟု ထင်မှတ်ခဲ့သော်လည်း ၎င်းက စွမ်းရည်တစ်ခု ဖြစ်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။
ဤစွမ်းရည်က အလွန်အစွမ်းထက်လှသည်။ ကာကွယ်ရေး လျော့နည်းသွားမည် ဖြစ်သော်လည်း အခြားကဏ္ဍအားလုံးက ဘက်စုံမြှင့်တင်ခံရမည်ဖြစ်ပြီး သွေးနှင့် စွမ်းအင်ကိုပင် အပြည့်အဝ ပြန်လည်ဖြည့်တင်းပေး၏။
ဝမ်ထောင်သည် ဂေါ်ရီလာဇွန်ဘီ၏ သွေးပမာဏ ရုတ်တရက် အပြည့်ပြန်ဖြစ်သွားသည်ကို မြင်လိုက်ရစဉ်က ခံစားခဲ့ရသော စိတ်ပျက်အားငယ်မှု ခံစားချက်ကို မမေ့သေးချေ။ အကယ်၍ သူသာ ဤစွမ်းရည်ကို လေ့လာခွင့်ရလျှင် သူသည်လည်း ဂေါ်ရီလာဇွန်ဘီကဲ့သို့ အသက်နှစ်ချောင်း ရှိနေသလိုမျိုး ဖြစ်သွားပေလိမ့်မည်။
သို့သော် ယခုစွမ်းရည်က သန်မာသော်လည်း ၎င်း၏ ဘေးထွက်ဆိုးကျိုးက ရယ်စရာကောင်းလှသည်။
ကာကွယ်ရေး လျော့နည်းသွားခြင်းက သိပ်ပြဿနာမဟုတ်ပေ။ အသက်ပိုတစ်ချောင်း ရရှိမည်ဖြစ်သဖြင့် ကာကွယ်ရေးအချို့ ဆုံးရှုံးရခြင်းက သဘာဝကျစွာ လက်ခံနိုင်ဖွယ် ရှိသည်။
သို့သော် ဤအမြုတေကို ပေါင်းစပ်ရန် သွေးပမာဏ ၁၀၀၀၀ နုတ်ယူရန် လိုအပ်၏။ သူသည် ကုသခြင်းအလင်းတန်း၏ ဘေးထွက်ဆိုးကျိုးဖြစ်သော ပထမဆုံး ပေါင်းစပ်မှုအတွက် သွေးပမာဏ ၅၀၀၀ နှင့် နောက်ဆက်တွဲတစ်ခုချင်းစီအတွက် ၁၀၀၀ လျော့နည်းခြင်းကိုပင် ရူးသွပ်လောက်သည်ဟု ထင်ခဲ့၏။အကယ်၍ ဆယ်ခု ပေါင်းစပ်လျှင် သွေးပမာဏ ၁၄၀၀ံ လျော့နည်းသွားမည် မဟုတ်ပါလား။
သို့သော် သောင်းကျန်းခြင်းနှင့် နှိုင်းယှဉ်လျှင် ကုသခြင်းအလင်းတန်းက စာဖွဲ့လောက်စရာ မရှိတော့ချေ။ ဤဘေးထွက်ဆိုးကျိုးမှာ ပေါင်းစပ်မှုတစ်ခုချင်းစီအတွက် သွေးပမာဏ ၁၀၀၀၀ နုတ်ယူခြင်း ဖြစ်သည်။ အခြားထူးခြားသော မှတ်ချက် မပါရှိသဖြင့် ပေါင်းစပ်မှုတိုင်းအတွက် သွေး ၁၀၀၀၀ နုတ်ယူမည်ဟု ဆိုလိုခြင်း ဖြစ်၏။ အမြုတေဆယ်ခုဆိုလျှင် သွေးပမာဏ ၁၀၀၀၀၀ ဖြစ်လိမ့်မည်။
မည်သူကများ နုတ်ယူခံရရန် ထိုမျှလောက်သော သွေးပမာဏ ရှိနေပါမည်နည်း။
ထို့အပြင် ဝမ်ထောင်အနေဖြင့် ပေါင်းစပ်ချင်လျှင်ပင် သူ ဒုတိယအဆင့်သို့ရောက်ရုံဖြင့်ပေါင်းစပ်နိုင်မည်မဟုတ်ချေ။ အမှန်တော့ သူ၌ သွေးပမာဏ ထောင်ဂဏန်းမျှသာ ရှိသဖြင့် ထိုနုတ်ယူမှုကိုပင် ခုနှိမ်ရန် မလုံလောက်ပါချေ။ သို့သော် အမြုတေက တော့ အမှန်တကယ်ပင် သွားရည်ကျစရာ ကောင်းလှသည်။
အကယ်၍ ဝမ်ထောင်တွင် ယခုအချိန်၌ သွေးပမာဏ ၁၂၀၀၀ ခန့်ရှိပြီး ပေါင်းစပ်ရန် အခွင့်အရေးရှိခဲ့လျှင် သူသည် ဝေခွဲမနေဘဲ ချက်ချင်း ပေါင်းစပ်မိနိုင်၏။
၄င်းက ဒုတိယအသက်တစ်ခုဖြစ်ပြီး အရည်အသွေးအများစုကို မြှင့်တင်ပေးမည့် အရာ ဖြစ်သည်။
"ဟူး၊ နှမြောစရာပဲ၊ အခြေအနေတွေက မကိုက်ညီသေးဘူး..."
ဝမ်ထောင် သက်ပြင်းချလိုက်၏။ သူသည် နှမြောတသစွာဖြင့် အကြည့်လွှဲလိုက်ပြီး အခြား ပစ္စည်းများကို စစ်ဆေးလိုက်သည်။
ဂေါ်ရီလာဇွန်ဘီ ချပေးခဲ့သော ဒုတိယအထုပ်မှာ ဇွန်ဘီဝူဖေး၏ အထုပ်ကဲ့သို့ပင် ခွန်အားဆေးရည်များ ဖြစ်နေ၏။
[ခွန်အားဆေးရည် (အသေး) * ၅]
တတိယအထုပ်ဖြစ်သော နောက်ဆုံးပစ္စည်းကို မြင်သောအခါ ဝမ်ထောင်၏ မျက်လုံးများ လင်းလက်သွားသည်။
[ခွန်အားတိုးတက်ဆေးရည် * ၅]
[ခွန်အားတိုးတက်ဆေးရည် - ဆေးထိုးခြင်းပြုလုပ်ပြီးနောက် ခွန်အားသည် အတိုင်းအတာတစ်ခုအထိ အမြဲတမ်းမြှင့်တင်မှုကို ရရှိမည် ဖြစ်ပါသည်]
“ခွန်အားတိုးတက်ဆေးရည်” နှင့် “ခွန်အားဆေးရည် (အသေး)” တို့သည် စကားလုံးအနည်းငယ်သာ ကွာခြားပုံရသော်လည်း ၎င်းတို့၏ အာနိသင်များမှာ လုံးလုံးလျားလျား ကွဲပြားခြားနားလှ၏။
ခွန်အားဆေးရည် (အသေး) ၏ အာနိသင်မှာ ဆေးထိုးပြီးနောက် စုစုပေါင်းခွန်အားသည် ၁၀% မှ ၁၀၀% အထိ တိုးတက်လာပြီး (ခန္ဓာကိုယ်ဖွဲ့စည်းပုံ ပိုမိုသန်မာလေ၊ တိုးတက်မှု ပိုမိုများပြားလေ ဖြစ်သည်) ပြန်လည်အသုံးပြုရန်ကြာချိန် ၁၂ နာရီဖြင့် ၁ မိနစ်သာ ကြာမြင့်မည် ဖြစ်သည်။
ခွန်အားဆေးရည်မှ ရရှိသော ခွန်အားမြှင့်တင်မှုက အမှန်တကယ်ပင် အတော်လေး ကြီးမားလှသည်။ ဝမ်ထောင်၏ ခန္ဓာကိုယ်အခြေအနေဖြင့်ဆိုပါက တိုးတက်မှုမှာ လေးဆယ်မှ ငါးဆယ်ရာခိုင်နှုန်းခန့် ရှိ၏။ သို့သော် ၎င်းက ယာယီစွမ်းရည်တစ်ခုသာဖြစ်ပြီး ပြန်လည်အသုံးပြုရန်ကြာချိန် ၁၂ နာရီဖြင့် တစ်မိနစ်သာ ကြာမြင့်သည်။
သို့သော် ဤခွန်အားတိုးတက်ဆေးရည်ကမူ မိမိ၏ ခွန်အားကို အမြဲတမ်း တိုးတက်စေခြင်း ဖြစ်သည်။
၎င်းက မည်မျှအထိ တိုးတက်စေသည်ကို အတိအကျ ဖော်ပြမထားသော်လည်း ခွန်အားဆေးရည် (အသေး) မှ ပေးစွမ်းသော မြှင့်တင်မှုထက် နည်းပါးနိုင်သော်လည်း ၎င်းက အမြဲတမ်း ဖြစ်၏။
မည်သည့်စကားမျှ မဆိုဘဲ ဝမ်ထောင်သည် သူ့ကိုယ်သူ တစ်ပုလင်း ထိုးထည့်လိုက်သည်။
ရှူး -
ဆေးရည်ကို သူ၏ ခန္ဓာကိုယ်အတွင်းသို့ ထိုးသွင်းပြီးနောက် သူသည် ခွန်အားဆေးရည်ကဲ့သို့ ချက်ချင်း အရှိန်အဟုန်ပြင်းသော စွမ်းအားမျိုးကို မခံစားရချေ။ ထို့ပြင် ၎င်းက ဇွန်ဘီများကို သတ်ဖြတ်ခြင်းမှ ရရှိသော ခန္ဓာကိုယ်အရည်အသွေး မြှင့်တင်မှုများနှင့် အနည်းငယ် ဆင်တူပြီး ဝမ်ထောင်သည် သူ၏ ခွန်အားများ ဖြည်းညှင်းစွာ တိုးတက်လာသည်ကို ခံစားလိုက်ရသည်။
တိုးတက်မှုက အလွန် မကြီးမားသော်လည်း ၎င်းက သိသာထင်ရှားသော ရလဒ်တစ်ခု ဖြစ်သည်မှာ သေချာလှ၏။
ဝမ်ထောင်သည် မိမိ၏ ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများကို ခံစားရင်း လက်သီးများကို ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ပြီး အခြား ခွန်အားတိုးတက်ဆေးရည် လေးပုလင်းကိုလည်း ဆက်လက်အသုံးပြုလိုက်သည်။
ရှူး -
ခေတ္တမျှကြာပြီးနောက် ဝမ်ထောင်သည် စိတ်ထဲမှ ရေရွတ်လိုက်၏။ 'တကယ် နေလို့ကောင်းတာပဲ'
ဆေးရည်ငါးပုလင်းကို တစ်ပြိုင်နက်တည်း အသုံးပြုခြင်းက ခွန်အားတိုးတက်မှု ခံစားချက်ကို ပိုမိုသိသာစေပြီး သူ၏ သွေးပမာဏ ၁၀၀ ခန့်သာရှိစဉ်က ခန္ဓာကိုယ်တိုးတက်မှု ခံစားချက်နှင့် ဆင်တူလှသည်။
.........
တဖြည်းဖြည်းနှင့် ညဉ့်အခါသို့ ရောက်ရှိလာ၏။
ဟန်ရွှေသည် အိပ်ပျော်နေသည်မှာ ကြာပြီဖြစ်ပြီး တင်ယွီချင်နှင့် လီချို့ယွီတို့သည်လည်း တဖြည်းဖြည်း အိပ်ပျော်သွားကြသည်။ မီးများ ပိတ်ထားပြီး မှေးမှိန်သော လရောင်အချို့သာ ၎င်းတို့အပေါ်သို့ ကျရောက်နေ၏။
လီချို့ယွီ ဤနေရာတွင် ရှိနေရခြင်းအကြောင်းမှာ သူမသည် ယခုတစ်ကြိမ်တွင် အတော်လေး ထိတ်လန့်သွားခဲ့သောကြောင့် ဖြစ်သည်။ အမှန်တော့ သူမတွင် သွေးပမာဏ ၁၀ မှတ်သာ ကျန်ရှိတော့သဖြင့် သေလုမြောပါးအခြေအနေသို့ ရောက်ရှိခဲ့၏။ တင်ယွီချင်သည် သဘာဝအတိုင်း ကြင်နာတတ်သူဖြစ်ပြီး ဟန်ရွှေကပါ စကားအနည်းငယ် ဝင်ပြောပေးသဖြင့် တင်ယွီချင်က လီချို့ယွီကို သူမနှင့်အတူ လာအိပ်ရန် ဖိတ်ခေါ်ခဲ့သည်။
မည်သို့ပင်ဖြစ်စေ လူတိုင်းသည် ယခုအခါ ပင်ပန်းစွာ အိပ်စက်နေကြပြီး ကြောက်လန့်စိတ်များကြောင့် မိမိတို့၏ လက်နက်များကိုပင် ဆုပ်ကိုင်ထားကြသဖြင့် အမှန်တကယ် ရှက်ရွံ့စရာ အခြေအနေမျိုး မရှိချေ။
ဝမ်ထောင်သည် အမျိုးသမီးများအားလုံး အိပ်ပျော်နေကြသည်ကို မြင်သောအခါ သူကိုယ်တိုင်လည်း လှဲလျောင်းကာ အိပ်စက်ရန် ရည်ရွယ်လိုက်သည်။
သို့သော် သူ၏ သွေးဘားတန်းက အပြည့်ပြန်မဖြစ်သေးသည်ကို မြင်သောအခါ ဝမ်ထောင်၏ စိတ်ပိုင်းဆိုင်ရာ စိုးရိမ်စိတ်များ ပေါ်ပေါက်လာ၏။ ဆေးသေတ္တာများနှင့် ကိုယ်တိုင်ကုသခြင်း စွမ်းရည်များသည် ဘက်စုံသုံးမဟုတ်ချေ၊ ထို့ကြောင့် ပိုမိုပြင်းထန်သော ဒဏ်ရာအချို့မှာ လျင်မြန်စွာ ပြန်လည်သက်သာခြင်း မရှိသေးပါ။ အမှန်တော့ ဝမ်ထောင်သည်လည်း အသက်ရှင်နေသော လူသားတစ်ဦး ဖြစ်ပြီး ရေပုလင်းတစ်လုံးမဟုတ်ချေ။ရေဖြည့်သလို ချက်ချင်းမဖြစ်နိုင်ပါ။
ခေတ္တမျှ စဉ်းစားပြီးနောက် ဝမ်ထောင်သည် အရှေ့သို့ တိတ်တိတ်လေးတိုးသွားကာ တင်ယွီချင်ကို သူ၏ ဘေးနားသို့ ဆွဲခေါ်ပြီး သူမ၏ ပါးစပ်ကို လက်ဝါးကြီးဖြင့်ပိတ်လိုက်သည်။
"အု-"
အိပ်ပျော်ခါစသာ ရှိသေးသော တင်ယွီချင် လန့်ဖျတ်သွား၏။အလန့်တကြားရုန်းကန်လိုက်ပြီးမှ လရောင်အောက်တွင် ဝမ်ထောင် ဖြစ်နေသည်ကို မြင်မှသာ သူမသည် သက်ပြင်းချနိုင်တော့သည်။
"နင်... နင် ဘာလုပ်မလို့လဲ..."
သူမက တိုးတိုးလေး မေးလိုက်၏။
"မရီးကို....ဟီးဟီး"
ဝမ်ထောင်သည် သူ၏ သွေးပမာဏကို ဖြည့်တင်းချင်ခြင်း ဖြစ်သည်။
ထို့ပြင် ယနေ့တွင် အသက်နှင့်ရင်းရသော အကျပ်အတည်းများစွာကို ကြုံတွေ့ခဲ့ရသဖြင့် သူသည် အမှန်တကယ်ပင် ဖွင့်ထုတ်ကာ အနားယူရန် လိုအပ်နေ၏။
"..."
တင်ယွီချင်သည် နီမြန်းသောမျက်နှာဖြင့် ဝမ်ထောင်ကို တစ်ချက်ကြည့်လိုက်သည်။ အမှန်တော့ သူမသည်လည်း ထိုအကြောင်းကို စဉ်းစားနေခဲ့ခြင်း ဖြစ်၏။ သူမသည် ယနေ့တွင် အတော်လေးကြောက်ရွံ့နေပြီး ဝမ်းထောင်နှင့်ပြန်ဆုံခွင့်ပင်ရပါ့မလားဟုပင် တွေး ကာ အလွန်ဝန်းနည်းထိတ်လန့်ခဲ့ရသည်။ သို့သော်လည်း ယခုလိုအခြေအနေတွင် သူမ၏ခံစားချက်များကို ထုတ်ပြောရန် အလွန်ရှက်ရွံ့နေခဲ့၏။
"အစ်မချို့ယွီက ဒီမှာ ရှိနေသေးတာကို..."
တင်ယွီချင်က ဘေးသို့တစ်ချက်လှည့်ကြည့်ကာ ရှက်ရွံ့စွာ ပြောလိုက်၏။
"အဲဒါက မရီး အသံ ထွက်၊ မထွက်ပေါ်မှာပဲ မူတည်တာကို"
ဝမ်ထောင်က ဆိုးသွမ်းသောအပြုံးတစ်ခု ပြုံးလိုက်ပြီးနောက် သူမ၏ နှုတ်ခမ်းလေးကို ငုံနမ်းလိုက်သည်။
"အု-"
(ဆင်ဆာဖြတ်သည်)
...နောက်နေ့မနက်တွင်။
အသက်ရှင်ကျန်ရစ်သူများ နိုးလာကြသောအခါ အပြင်ဘက်ရှိ ရူးသွပ်ဇွန်ဘီများအားလုံး ထွက်ခွာသွားကြပြီ ဖြစ်ကြောင်း ဝမ်းသာဖွယ် သိလိုက်ရသည်။
"ချို့ယွီ၊ ရှင် မပျော်ဘူးလား"
ဟန်ရွှေက မျက်နှာအမူအယာ အနည်းငယ် မသဘာဝကျနေသော လီချို့ယွီကို ကြည့်ကာ မေးလိုက်၏။
"အဟွတ်..ပျော်ပါတယ်၊ မိုးလင်းထိ တရေးပဲ..."
လီချို့ယွီသည် ဝမ်ထောင်ကို တစ်ချက် ခိုးကြည့်လိုက်ပြီးနောက် သူမ၏ ခေါင်းကို လျင်မြန်စွာ ပြန်လည်နှိမ့်ချလိုက်သည်။
----