← Chapters

အခန်း ၂၀၀၀

Vol. 135 Ch. 2000

အခန်း ၂၀၀၀

Vol. 135 Ch. 2000

အပိုင်း ( 2000 ) အလုံးစုံတိုက်ခိုက်မှု စတင်ပြီ။

မဟာဧကရာဇ်ကြီး ခြောက်ပါးက ခဏမျှ ဆွေးနွေးပြီးနောက် မနက်ဖြန်တွင် တိုက်ခိုက်မှုစတင်ရန် ဆုံးဖြတ်လိုက်ကြသည်။

နောက်တစ်နေ့တွင်၊ ကျွမ်းကျင်သူအားလုံးက စုဝေးပြီး ကောင်းကင်ဧကရာဇ်မြို့တော်သို့ ချီတက်သွားကြ၏။

"သတ်"

အဆုံးမဲ့ သတ်ဖြတ်လိုစိတ်များနှင့် နားကွဲမတတ် အော်ဟစ်ဟိန်းဟောက်သံများက ကောင်းကင်ကို တုန်ခါစေသည်။ မရေမတွက်နိုင်သော ကျွန်းကျင်သူများက‌ ကောင်းကင်ဧကရာဇ်မြို့တော်သို့ ပြေးတက်သွားတော့သည်။

သဘာဝအတိုင်း၊ သိုင်းဧကရာဇ်အဆင့်အောက်ရှိသူများက မြေပြင်တွင် တိုက်ခိုက်ကြသည်။ သိုင်းဧကရာဇ်အဆင့်အထက်ရှိသူများက ကောင်းကင်ယံ၌ တိုက်ခိုက်ကြ၏။

"ဝုန်း... ဝုန်း..."

ကောင်းကင်မြို့တော်၏ အရပ်မျက်နှာအနှံ့မှ ကြောက်မက်ဖွယ်ကောင်းသော ပေါက်ကွဲသံများ ထွက်ပေါ်လာခဲ့သည်။

တိုက်ပွဲက အလွန်ပြင်းထန်သည်။ ထိုနေရာဒေသကြီး တစ်ခုလုံးက ပျက်စီးသွားတော့မည်ကဲ့သို့ပင်။ ကောင်းကင်ယံမှာလည်း ပြင်းထန်စွာ တုန်ခါနေပြီး ကမ္ဘာပျက်သကဲ့သို့ ကြောက်စရာကောင်းလွန်းသည်။

ကံကောင်းထောက်မစွာဖြင့်၊ ကောင်းကင်ဧကရာဇ်မြို့တော်ကို ကောင်းကင်ဧကရာဇ်က တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ ၎င်းက အလွန်ခိုင်မာပြီး မပျက်စီးနိုင်ပေ။ ဤမျှပြင်းထန်သော တိုက်ပွဲကြီးမျိုးသည်ပင် ကောင်းကင်ဧကရာဇ်မြို့တော်ကို မဖျက်ဆီးနိုင်ပါ။

လုမင်၊ ဦးလေးခုန်းနှင့် အခြားသူများက ကောင်းကင်တွင် ရပ်ကာ အဝေးမှ ကြည့်နေကြသည်။

"အရင်ဆုံး တိုက်ခိုက်ကြရအောင်"

မဟာဧကရာဇ် ဝူရှန်းက ပြောလိုက်သည်။ ထို့နောက် မဟာဧကရာဇ်ငါးပါးက အလင်းတန်းငါးခုအဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်ဧကရာဇ်မြို့တော်သို့ ပျံသန်းသွား၏။

"သတ်"

ကောင်းကင်ဧကရာဇ်မြို့တော်မှ ခက်ထန်ကြမ်းတမ်းသော ဟိန်းဟောက်သံများနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော အလင်းတန်းများက မဟာဧကရာဇ် ဝူရှန်နှင့် အခြားသူများထံ ဖြတ်သန်းလာကြတော့သည်။

မဟာဧကရာဇ်များကြား တိုက်ပွဲက စတင်ခဲ့သည်။ သူတို့က ကောင်းကင်ဧကရာဇ်မြို့တော်၏ နက်နဲရာတွင် တိုက်ခိုက်ကြ၏။

မဟာဧကရာဇ်များကြားမှ တိုက်ပွဲက ကြောက်စရာကောင်းလွန်းသည်။ အောက်ဘက်မှာ တိုက်ခိုက်မည်ဆိုလျှင် မဟာဧကရာဇ်များ၏ တိုက်ခိုက်မှုလှိုင်းများက အခြားသူများကိုပါ ထိုခိုက်သေဆုံးစေလိမ့်မည်။

တိုက်ပွဲက ပိုပိုပြီးပြင်းထန်လာသည်။ သူတို့က ဝေးနေသေးသော်လည်း ဖိအားများကို ခံစားရသေးသည်။

"ခန်းမသခင်၊ သွားကြရအောင်"

ဦးလေးခုန်းက သူ့လက်ကို ဝှေ့ယမ်းလိုက်သောအခါ စွမ်းအားတစ်ခုက လုမင်ကို လွှမ်းခြုံသွားသည်။ ထို့နောက် သူသည် လေဟာနယ်ကိုဖြတ်သန်းပြီး ကောင်းကင်ဧကရာဇ်မြို့တော်အတွင်းသို့ ခဏချင်း ဝင်ရောက်သွား၏။

ဒါက ကောင်းကင်ဧကရာဇ်တောင်၏ မူလနေရာပင်။

အောက်ဘက်မှာတော့ ကြီးမားသော ဂူကြီးတစ်ခု ရှိသည်။ အဝေးမှကြည့်လျှင် ကြီးမားသော အနက်ရောင်ရေဝဲကြီးတစ်ခုကို မြင်ရလိမ့်မည်။

ဦးလေးခုန်း၏ ပုံရိပ်က လှုပ်ရှားလာပြီး ဂူထဲသို့ ပြေးဝင်သွားသည်။

အနက်ရောင်ရေဝဲအတွင်း၌ မိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင်တစ်ဦး ရှိသည်။ သူ့ခန္ဓာကိုယ်က မှန်းဆမရနိုင်အောင် ကြီးမားလွန်း၏။ သူနှင့်ယှဉ်လျှင် သာမန်လူများက ပုရွက်ဆိတ်များနှင့်မခြားပေ။

ဤမိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင်က လက်နှစ်ဖက်ဖြင့် ရေဝဲ၏ ထောင့်စွန်းနှစ်ဖက်ကိုတွန်းကာ ထောက်ပံ့ပေးထားသည်။

ရံဖန်ရံခါ မိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင်များက ရေဝဲအတွင်းမှ ပြေးထွက်လာလေ့ရှိပေသည်။

ရေဝဲ၏ အစွန်းမှာတော့ တင်ပျဉ်ခွေထိုင်နေသော ပုံရိပ်တစ်ခု ရှိနေသည်။

ဤအခိုက်တွင်၊ ထိုပုံရိပ်က နတ်ဘုရားဓားသွားကဲ့သို့ စူးရှသော အကြည့်မျိုးဖြင့် ဦးလေးခုန်းနှင့် လုမင်ကို ကြည့်လိုက်သည်။

"ဟင်းလင်းပြင်လမ်းကြောင်းကို တိုက်ခိုက်ချင်တာလား၊ သတ်"

ထိုပုံရိပ်က ငေါက်ငမ်းပြီး ကြောက်စရာကောင်းသော အရှိန်အဝါများကို ထုတ်လွှတ်လိုက်၏။ လုမင်ဟာ ဦးလေးခုန်း၏ စွမ်းအားဖြင့် ကာကွယ်ထားခြင်းမခံရလျှင် ဤအရှိန်အဝါဖိအားအောက်တွင် သေဆုံးသွားနိုင်သည်။

ထိုသူက ဟင်းလင်းပြင်လမ်းကြောင်းကို စောင့်ကြပ်နေသော မဟာဧကရာဇ်နယ်ပယ် အကျော်အမော်တစ်ဦးပင်။

"ခုတ်စေ"

ဦးလေးခုန်းက ခပ်တိုးတိုးလေး ပြောလိုက်သည်။ ဤအခိုက်တွင် ဦးလေးခုန်း၏ ကိုင်းညွတ်နေသောခါးက လှံတစ်ချောင်းကဲ့သို့ ဖြောင့်မတ်လာသည်။ သူ၏ မှိုင်းညို့နေသော မျက်လုံးများမှာလည်း ကြယ်နှစ်ပွင့်ကဲ့သို့ တောက်ပနေ၏။ ကြောက်စရာကောင်းသော ဓားအလင်းတစ်ခု ထွက်ပေါ်လာပြီး မိုးနှင့်မြေမှာ တုန်လှုပ်သွားတော့သည်။

"ရွှမ်"

တောက်ပသော ဓားအလင်းတစ်ခုက ကောင်းကင်ကိုဖြတ်သန်းကာ မိစ္ဆာနတ်ဘုရားမျိုးနွယ်၏ မဟာဧကရာဇ်ထံသို့ ခုတ်ချလိုက်သည်။

"ဝုန်း..."

သူတို့၏ တိုက်ခိုက်မှုများက ထိပ်တိုက်တွေ့သွားပြီး မြေအောက်ဂူမှာ ပြင်းထန်စွာ တုန်ခါသွားခဲ့သည်။ ဟင်းလင်းပြင်မှာမှာလည်း အက်ကွဲကြောင်းများ စတင်ပေါ်လာခဲ့၏။

ရေဝဲအတွင်းမှ ပြေးထွက်လာသော မိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင်အချို့မှာ တုန်ခါမှုလှိုင်းများကြောင့် ပြာကျသွားတော့သည်။

"ရွှစ်... ရွှစ်..."

ဦးလေးခုန်း၏ လက်ထဲမှ ဓားရှည်က အဆက်မပြတ် တုန်ခါသွားသည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူက ဓားချက်ပေါင်း ရာနှင့်ချီပြီး ခုတ်ထစ်ခဲ့၏။

ဓားချက်တစ်ချက်စီက အထွတ်အထိပ် အစစ်အမှန်ဧကရာဇ်တစ်ဦးကို သတ်နိုင်သည်။

မိစ္ဆာနတ်ဘုရားမျိုးနွယ်၏ မဟာဧကရာဇ်က ဒေါသတကြီး အော်ဟစ်ပြီး ဦးလေးခုန်းကို တိုက်ခိုက်ရန် အစွမ်းကုန် ပေါက်ကွဲလိုက်သည်။ သို့သော်၊ ဤအခိုက်တွင် သူက ဦးလေးခုန်းကို မယှဉ်နိုင်ဘဲ ဖိနှိပ်ခံနေရတော့သည်။

'ခန်းမသခင်၊ အခုပဲ'

ဦးလေးခုန်းက လုမင်ကို အသံပို့လွှတ်ပြီး ပြောလိုက်သည်။

'ကစဉ့်ကလျားချပ်ပြား'

လုမင်၏ အတွေးတစ်ခုဖြင့် ကစဉ့်ကလျားကျောက်ချပ်ပြားက ထွက်ပေါ်လာသည်။ ၎င်းက ဂြိုဟ်တစ်လုံးအရွယ်အစားအထိ လျင်မြန်စွာ ကြီးမားလာ၏။

"ဖိနှိပ်လိုက်စမ်း"

လုမင်က ဟိန်းဟောက်လိုက်သည်။ သူက ကစဉ့်ကလျားကျောက်ချပ်ပြားကို ထိန်းချုပ်ပြီး ဟင်းလင်းပြင်လမ်းကြောင်းကို ဖိနှိပ်လိုက်တော့သည်။

ကစဉ့်ကလျားကျောက်က ဟင်းလင်းပြင်လမ်းကြောင်းကို တံဆိပ်ခတ်ရန် တောက်ပသော အလင်းများ ဖြာထွက်လာခဲ့သည်။

"ဟင်းလင်းပြင်လမ်းကြောင်းကို ပိတ်ပစ်ချင်တာလား။ စဉ်းတောင်မစဉ်းစားနဲ့"

မိစ္ဆာနတ်ဘုရားမျိုးနွယ်၏ မဟာဧကရာဇ်က ဟိန်းဟောက်လိုက်သည်။ သူက အစွမ်းကုန်သုံးကာ ဦးလေးခုန်းကို ကျော်ဖြတ်ပြီး လုမင်ကို တားဆီးရန် ကြိုးစားလိုက်၏။

"ဝှစ်... ဝှစ်..."

ဦးလေးခုန်းက လျှို့ဝှက်ဆန်းကြယ်သော ခြေလှမ်းများဖြင့် လှုပ်ရှားလိုက်သည်။ ခြေလှမ်းတိုင်းတွင် သူ့ခန္ဓာကိုယ်မှ တောက်ပသော အလင်းများ ထွက်ပေါ်လာ၏။ ခြေတစ်ချက်လှမ်းလိုက်တိုင်း သူ့ခန္ဓာကိုယ်ရှိ အလင်းများက ပိုမိုတောက်ပလာပြီး ဓားစွမ်းအင်များမှာလည်း ပိုမို အားကောင်းလာတော့သည်။

သူက မိစ္ဆာနတ်ဘုရားမျိုးနွယ်၏ မဟာဧကရာဇ်ကို အပြတ်အသတ် ဖိနှိပ်ထားလိုက်သည်။

"ရွှမ်း..."

မိစ္ဆာနတ်ဘုရားမျိုးနွယ်၏ ‌မဟာဧကရာဇ်က ရူးသွပ်စွာ အော်ဟစ်လိုက်၏။ သူ့ခန္ဓာကိုယ်တွင် နက်ရှိုင်းသော ဒဏ်ရာကြီးတစ်ခု ပေါ်လာပြီး သွေးများက နေရာအနှံ့ ပက်ဖြန်းသွားခဲ့သည်။

ဤအချိန်တွင် မဟာဧကရာဇ်များ၏ တိုက်ပွဲနေရာမှ မိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင် မဟာဧကရာဇ်များမှာ ဟင်းလင်းပြင်လမ်းကြောင်းမှ အခြေအနေကို သဘာဝအတိုင်း မြင်တွေ့သွားကြသည်။

"သေစမ်း၊ သူတို့က ဟင်းလင်းပြင်လမ်းကြောင်းကို ပိတ်ချင်နေကြတာ။ သူတို့ကို တားဆီးကြ"

နတ်ဆိုးဝိညာဉ်ဂိုဏ်းခေါင်းဆောင်က ဟိန်းဟောက်လိုက်သည်။ ယခုအချိန်တွင် သူက မဟာဧကရာဇ် ဝူရှန်းနှင့် တိုက်ခိုက်နေခြင်းပင်။

မဟာဧကရာဇ်ဝူရှန်းက ပုံသဏ္ဍာန်မရှိ၊ အရိပ်မရှိသူလိုပင်။ သူက ထောင်နှင့်ချီသော အရိပ်များအဖြစ် ပြောင်းလဲသွားပြီး နတ်ဆိုးဝိညာဉ်ဂိုဏ်းခေါင်းဆောင်ကို ချုပ်နှောင်ထားသည်။

အခြားသော မဟာဧကရာဇ်များကလည်း ၎င်းတို့၏ ပြိုင်ဘက်များကို အသီးသီး တားဆီးထားကြ၏။

သူတို့ထဲတွင် ကြောက်စရာအကောင်းဆုံးက ဟွင်းထျန်းမဟာဧကရာဇ်ပင်။ သူ၏ တိုက်ခိုက်နိုင်စွမ်းက ကြောက်စရာကောင်းလွန်းပြီး မိုးနှင့်မြေကို ကိုင်လှုပ်နိုင်သည်။ သူ တစ်ယောက်တည်းက မဟာဧကရာဇ်ကြီးနှစ်ပါးကို တားဆီးထားနိုင်ခဲ့ပေသည်။

"ဖိနှိပ်"

လုမင်က ဟိန်းဟောက်လိုက်သည်။ ကစဉ့်ကလျားကျောက်ချပ်ပြားက ဟင်းလင်းပြင်လမ်းကြောင်းကို ဆက်လက်ဖိနှိပ်လိုက်၏။

"ဂါး..."

ရေဝဲအတွင်းမှ ဧရာမ မိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင် အစစ်အမှန်ဧကရာဇ်က ဟိန်းဟောက်လိုက်သည်။ ၎င်းက လက်တစ်ဖက်ဖြင့် ရေဝဲအစွန်းကိုကိုင်ထားပြီး ကျန်လက်တစ်ဖက်ဖြင့် ကစဉ့်ကလျားကျောက်ချပ်ပြားကို တွန်းထုတ်လိုက်၏။

"ဝမ်..."

ကစဉ့်ကလျားကျောက်ပြားက အမှန်တကယ် ပိတ်ဆို့ခံထားရပြီး ရှေ့ဆက်မတိုးနိုင်တော့ပေ။

နောက်ဆုံးတွင်၊ လုမင်၏ ကျင့်ကြံမှုက အားနည်းလွန်းလှသည်။ ထိုမိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင်၏ ကျင့်ကြံမှုအဆင့်က အစစ်အမှန်ဧကရာဇ်နယ်ပယ်တွင် ရှိနေသောကြောင့် သူ့ကို ဟန့်တားနိုင်သည်မှာ သဘာဝပင်။

"ခုတ်စေ"

ထိုအချိန်တွင် ဦးလေးခုန်းက အေးစက်စွာ အော်ဟစ်လိုက်သည်။ ဧရာမ မိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင်၏ ဦးခေါင်းထက်ကို ဓားအလင်းတစ်ခု ကျရောက်သွား၏။ ၎င်း၏ ကြီးမားသော ဦးခေါင်းမှာ ထက်ခြမ်းကွဲကျသွားတော့သည်။

ဧရာမ မိစ္ဆာနတ်ဘုရားမျိုးနွယ်ဝင် အစစ်အမှန်ဧကရာဇ်က တစ်ချက်အော်ဟစ်လိုက်ရင်း အင်အားမဲ့စွာ လဲကျသွားသည်။ သူ့ခန္ဓာကိုယ်ကြီးမှာလည်း ရေဝဲအတွင်းသို့ မျောပါပျောက်ကွယ်သွားတော့သည်။

"ဝုန်း"

တားဆီးမည့်သူ မရှိသောအခါ ကစဉ့်ကလျားကျောက်ပြားက ဖိချလိုက်ပြီး ဟင်းလင်းပြင်လမ်းကြောင်းကို ပိတ်ဆို့လိုက်သည်။

"ဝုန်း"

ကစဉ့်ကလျားကျောက်ပြားက တုန်ခါသွားသည်။ ၎င်းက ဟင်းလင်းပြင်လမ်းကြောင်းထဲသို့ အပြည့်အဝ နစ်မြုပ်သွား၏။ ကစဉ့်ကလျားကျောက်ပြားက ဟင်းလင်းပြင်လမ်းကြောင်းကို ပိတ်ဆို့ပြီး ပတ်ဝန်းကျင်နှင့် တစ်သားတည်းဖြစ်လာတော့မည်။

"ဝမ်... ဝမ်..."

ကစဥ့်ကလျားကျောက်ပြားက အဆက်မပြတ် တုန်ခါနေသည်။ ကစဥ့်ကလျားကျောက်ပြား၏ တစ်ဖက်ခြမ်းမှ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်မှုတို့ ရှိနေသကဲ့သို့ပင်။

"ဝှစ်..."

နောက်အခိုက်တွင်၊ ဦးလေးခုန်းက လုမင်နှင့်အတူ ကစဉ့်ကလျားကျောက်ပြားအပေါ်သို့ ဆင်းသက်လိုက်သည်။ ထို့နောက် ဦးလေးခုန်း၏ ခန္ဓာကိုယ်မှ အဆုံးမဲ့စွမ်းအင်များ စီးဆင်းလာပြီး လုမင်ကို ကူညီကာ ကစဉ့်ကလျားကျောက်ကို ဖိနှိပ်လိုက်၏။

"မစဉ်းစားလိုက်နဲ့၊ သတ်...သတ်..."

မိစ္ဆာနတ်ဘုရားမျိုးနွယ်၏ မဟာဧကရာဇ်က ဦးလေးခုန်းကို ရူးသွပ်စွာ တိုက်ခိုက်ခဲ့သည်။

ကောင်းကင်အမြင့်တွင် တိုက်ခိုက်နေသော မိစ္ဆာနတ်ဘုရားမျိုးနွယ်၏ မဟာဧကရာဇ်များမှာလည်း ရူးသွပ်သွားပုံရသည်။ သူတို့က ခုခံကာကွယ်ခြင်းကို ဂရုမစိုက်ဘဲ ရူးသွပ်စွာ တိုက်ခိုက်ကြ၏။ ဤနည်းဖြင့် မဟာဧကရာဇ်ဝူရှန်းနှင့် အခြားသူများက သူ့ကို မတားဆီးနိုင်တော့ပေ။

"ဝှစ်... ဝှစ်..."

ပုံရိပ်များစွာက ဂူထဲသို့ ဆက်တိုက် ပြေးဝင်လာကြသည်။

"သတ်...သတ်"

မိစ္ဆာနတ်ဘုရားမျိုးနွယ်၏ မဟာဧကရာဇ်များက ဦးလေးခုန်းနှင့် လုမင်တို့ကို မုန်တိုင်းတိုက်ခတ်သကဲ့သို့ ပြင်းထန်စွာ တိုက်ခိုက်ကြတော့သည်။

ဦးလေးခုန်းက ကစဉ့်ကလျားကျောက်ပြားကို ဖိနှိပ်ရန် သူ၏ စွမ်းအား တစ်စိတ်တစ်ပိုင်းကို လွှဲပြောင်းထားရသည်။ သူ၏ တိုက်ခိုက်ရေးအင်အားက သဘာဝအတိုင်း မပြည့်ဝနိုင်တော့ပေ။

သူ့လက်ထဲမှ ဓားရှည်က အဆုံးမဲ့ ဓားအလင်းများ ဖြာထွက်လာသည်။ နောက်ဆုံးတွင်၊ မဟာဧကရာဇ်များ၏ တိုက်ခိုက်မှုကို တားဆီးနိုင်ခဲ့သော်လည်း သူ့ခန္ဓာကိုယ်က တုန်ခါသွားပြီး နှုတ်ခမ်းထောင့်မှ သွေးများ စီးကျလာတော့သည်။

"ဦးလေးခုန်း"

လုမင်က အလွန်စိုးရိမ်သွားသည်။

ကံကောင်းထောက်မစွာဖြင့်၊ မဟာဧကရာဇ် ဝူရှန်းနှင့် အခြားသူများက နောက်တစ်ခဏတွင် ရောက်ရှိလာကြပေသည်။

ထို့နောက်တွင် အခြား မဟာဧကရာဇ်များလည်း ချက်ချင်း ရောက်ရှိလာကြသည်။ ဤနေရာတွင် ရှုပ်ထွေးသောတိုက်ပွဲတစ်ခု ဖြစ်ပွားပြန်တော့သည်။

သို့သော်လည်း ဤနေရာက အလွန်လျှို့ဝှက်ဆန်းကြယ်ပြီး လုံလောက်အောင် ကျယ်ဝန်းသည်။ ယခင်က ကြာပန်းကမ္ဘာသည် ဤနေရာတွင် ရှိနေခဲ့ပေသည်။ ၎င်းက ကမ္ဘာကိုးခု ဖြစ်သည်။ ထိုမှ ဤနေရာဟာ မည်မျှကြီးမားကျယ်ပြန့်ကြောင်း တွေ့မြင်နိုင်ပေသည်။

မဟာဧကရာဇ်များစွာက ဖရိုဖရဲ တိုက်ပွဲတစ်ခုတွင် ပါဝင်နေကြသည်။ ဦးလေးခုန်းက ကစဉ့်ကလျားကျောက်အတွင်းသို့ စွမ်းအင်များကို အဆက်မပြတ် ပို့လွှတ်လိုက်၏။

လုမင်သည်လည်း ကစဉ့်ကလျားကျောက်ပြားကို ထိန်းချုပ်ရန် သူ၏စွမ်းအင်ကို အစွမ်းကုန် ထုတ်ဖော်လိုက်တော့သည်။

All Chapters