← Chapters

အခန်း ၁၄၈

Vol. 14 Ch. 148

အခန်း ၁၄၈

Vol. 14 Ch. 148

အခန်း ၁၄၈ - အဆင့်တက်ခြင်း

ဝမ်ထောင်သည် သူ၏ သွေးဘားတန်းအောက်ရှိ အားနည်းနေသေးသောအခြေအနေဟူသည့် စာသားကို ကြည့်ကာ သက်ပြင်းချလိုက်မိသည်။ မနေ့က သူ လန်းဆန်းဆေးရည်ကို အသုံးပြုခဲ့သဖြင့် ယနေ့ တစ်နေကုန် အားနည်းနေသောအခြေအနေသို့ ရောက်ရှိနေမည်ကို ယခုမှ သတိရ၏။

"ဒီနေ့ရော အထူးဇွန်ဘီတွေကို ဆက်ပြီး အမဲလိုက်ဦးမလို့လား"

တင်ယွီချင်က ဝမ်ထောင်ကို ကြည့်ကာ မေးလိုက်သည်။

"ဟုတ်တယ်"

ဝမ်ထောင်က ခေါင်းညိတ်ပြလိုက်၏။

ယခုအခါ သူ၏ ခွန်အားက တိုးတက်လာပြီဖြစ်ရာ အားနည်းနေသောအခြေအနေတွင် ရှိနေပါစေဦးတော့ ပထမအဆင့်အထူးဇွန်ဘီတကို အမဲလိုက်ရန်မှာ ပြဿနာမရှိချေ။

၄င်းက ဂေါ်ရီလာဇွန်ဘီ သေဆုံးသွားခြင်းနှင့်လည်း သက်ဆိုင်နေသည်။ ယခုအခါ ခရိုင်အတွင်း၌ ဒုတိယအဆင့်ဇွန်ဘီများ မရှိတော့ချေ။ မဟုတ်ပါက ဝမ်ထောင်သည် သေချာပေါက် ပိုသတိထားမိမည်ဖြစ်ကာ အားနည်းနေချိန်၌ အပြင်ထွက်မည် မဟုတ်ပေ။

"ဒါဆိုရင်တော့ ဂရုစိုက်ရမယ်နော်။ ဒဏ်ရာက ရော တကယ်ပဲ အဆင်ပြေရဲ့လား..."

တင်ယွီချင်သည် ဝမ်ထောင်၏ လက်မောင်းကို ဆုပ်ကိုင်ကာ စိုးရိမ်တကြီး မေးရှာ၏။

" မနေ့ညက မရီးဆီကနေ သွေးတွေ အပြည့်ပြန်ဖြည့်ထားတာပဲ။ အခု ငါ့ခန္ဓာကိုယ်က အကောင်းဆုံးအခြေအနေမှာ ရှိနေပါပြီ"

ဝမ်ထောင်က ရယ်မောရင်း ပြောလိုက်သည်။

"မုန်းဖို့ကောင်းလိုက်တာ တကယ်ပဲ။ လျှောက်မပြောနဲ့တော့"

တင်ယွီချင်သည် ဝမ်ထောင်၏ ရင်ဘတ်ကို လက်သီးဖြင့် ခပ်ဖွဖွ ထုလိုက်၏။

ဝမ်ထောင်က ပခုံးတွန့်ပြလိုက်သည်။ ယခုခေတ်တွင် အမှန်တရားကို မည်သူမျှ မယုံကြည်ကြချေ။

"ကျွန်မပါ လိုက်ခဲ့ဖို့ လိုမလား"

ဟန်ရွှေက သူတို့ဆီလာနေရင်းမှ မေးလေသည်။

သူမသည်လည်း ယနေ့တွင် အားနည်းနေသောအခြေအနေ၌ ရှိနေသော်လည်း မနေ့ညက ကောင်းမွန်စွာ အိပ်စက်ခဲ့ရသဖြင့် စိတ်ဓာတ်များ အတော်လေး တက်ကြွနေ၏။

"အင်း၊ အတူတူသွားကြတာပေါ့။ တကယ်လို့ အိပ်စက်ရမဲ့အခြေအနေမျိုးကြုံလာရင်တောင် အဖော်ရှိတော့ အဆင်ပြေတာပေါ့"

ဝမ်ထောင်က ပြုံးလျက် ပြောလိုက်သည်။

ယခုအခါ သူသည် အဆင့်တက်ရန် သွေးတစ်မှတ်သာ လိုအပ်တော့၏။ မည်သည့်ပထမအဆင့်အထူးဇွန်ဘီကိုမဆို အမဲလိုက်ရုံဖြင့် လုံလောက်ပြီ ဖြစ်သည်။ သီအိုရီအရ သူတစ်ဦးတည်း ကိုင်တွယ်နိုင်သော်လည်း ယခင်ကကဲ့သို့ သွေးပမာဏ ၁၀၀၀ မှတ် တိုးလာတိုင်း အိပ်စက်ခြင်းအခြေအနေသို့ ရောက်ရှိသွားမည်ဆိုပါက သူ့ကို ကူညီပေးမည့်သူတစ်ဦး လိုအပ်နေသေးသည်။

"ကျွန်မ သွားပြင်ဆင်လိုက်ဦးမယ်..."

ဟန်ရွှေသည် ချက်ချင်းပင် သူမ၏ အသုံးအဆောင်များကို စတင်ဝတ်ဆင်တော့သည်။ သို့သော် အသုံးအဆောင်ပစ္စည်းများကို ဝတ်ဆင်နေစဉ်အတွင်း သူမက ရုတ်တရက် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်၏။

"ဒီနေ့ လီချို့ယွီ ဘာဖြစ်နေတာလဲ။ မနက်က အိပ်ရာထကတည်းက ကြည့်ရတာ တစ်မျိုးပဲ..."

"အဲ"

ထိုစကားကို ကြားသောအခါ တင်ယွီချင်၏ မျက်နှာက ရုတ်တရက် နီမြန်းသွားပြီး တစ်ခုခုကို တွေးမိသွားဟန်ဖြင့် ခေါင်းငုံ့ကာ တိုးတိုးလေး ရေရွတ်လိုက်သည်။

"အင်း..သူ မနေ့ညက အကြောက်လွန်ပြီး အိပ်ရဘူး ထင်တယ်..."

ဝမ်ထောင်ကတော့မှတ်ချင်မပေးဘဲ ဟိုကြည့် ဒီကြည့်လုပ်နေ၏။

အကယ်၍ ထိုသို့ဖြစ်သွားရသည်ဆိုလျှင် အနည်းငယ် အနေရခက်စရာ ကောင်းလှ၏။ သို့သော် ကိစ္စမရှိပါ၊ မည်သို့ပင်ဖြစ်စေ သူက နစ်နာသူ မဟုတ်ချေ။

"ကဲ၊ မရီးပဲ အိမ်မှာ ကောင်းကောင်း အနားယူနေခဲ့တော့။ ငါတို့ သွားတော့မယ်"

"အင်းပါ"

တင်ယွီချင်က ခေါင်းညိတ်ပြလိုက်၏။

သို့သော် ဝမ်ထောင် လှေကားအောက်သို့ ဆင်းလာချိန်တွင် လှေကားထောင့်၌ လီချို့ယွီနှင့် ရုတ်တရက် တိုးမိသွားသည်။

"အောင်မလေး"

လီချို့ယွီသည် လန့်သွားကာ လဲကျလုနီးပါးဖြစ်သွားသော်လည်း ကံကောင်းထောက်မစွာဖြင့် ဝမ်ထောင်က သူမကို အချိန်မီ လှမ်းဖမ်းလိုက်မိ၏။

"ဘာဖြစ်လို့လဲ။ စိတ်နဲ့လူနဲ့ မကပ်သလိုပဲ..."

"အဟွတ်...အဟွတ် ဘာမှမဖြစ်ပါဘူး။ ကျေးဇူးပါပဲ..."

လီချို့ယွီသည် ဝမ်ထောင်၏ ရင်ခွင်ထဲမှ လျင်မြန်စွာ ရုန်းထွက်လိုက်သည်။ သူမသည် ဝမ်ထောင်ကို ကြည့်ကာ၊ ထို့နောက် ဟန်ရွှေကို ကြည့်ရင်း မျက်နှာအမူအယာက မသဘာဝကျ ဖြစ်နေ၏။

"အဆင်ပြေရင်လည်း ပြီးတာပါပဲ"

ဝမ်ထောင်ကလည်း ခေါင်းညိတ်ကာ အောက်သို့ ဆင်းသွားသည်။

ဟန်ရွှေသည် နောက်ကနေ ခြေတစ်လှမ်း နောက်ကျကာ လိုက်သွားပြီးမှ လှည့်ကြည့်ကာ လီချို့ယွီကို နောက်ပြောင်သည့် သဘောဖြင့် မျက်စိတစ်မှိတ် ပြလိုက်၏။ သူမသည် လီချို့ယွီက တမင်သက်သက် အခွင့်အရေး ဖန်တီးနေသည်ဟု ထင်မှတ်နေခြင်း ဖြစ်သည်။

လီချို့ယွီကမူ ဟန်ရွှေသည်လည်း မနေ့ညက မအိပ်ခဲ့ရသဖြင့် မိမိမအိပ်ရသည်ကို သိနေသည်ဟု ထင်မှတ်ကာ မျက်နှာတစ်ခုလုံး ချက်ချင်းပင် ရဲရဲနီသွားတော့သည်။

ဝမ်ထောင်နှင့် အခြားသူများ၏ ပုံရိပ်များ ပျောက်ကွယ်သွားပြီးနောက် လီချို့ယွီသည် အားနည်းစွာဖြင့် သက်ပြင်းချလိုက်မိ၏။

"ငါ တကယ်ပဲ မှီခိုအားထားရမယ့်

ယောက်ျားတစ်ယောက် ရှာဖို့ လိုနေပြီလား... မနေ့ကတော့ ကယ်ပဲ ထိတ်လန့်စရာ ကောင်းလွန်းတယ်..."

အောက်ထပ်တွင် ဝေကျန့်ကော်နှင့် အခြားသူများ ရှိနေကြပြီး သူတို့သည်လည်း ယနေ့တွင် အားနည်းနေသောအခြေအနေ၌ ရှိနေကြသည်။

"ဝမ်ထောင်၊ စခန်းတည်ဆောက်ရေးကို ငါတို့ဆီပဲ လွှဲထားလိုက်ပါ။ မင်းကတော့ ဒုတိယအဆင့်ကို အေးအေးဆေးဆေး စိတ်အေးလက်အေးနဲ့ အဆင့်တက်ဖို့ပဲ အာရုံစိုက်ပါ"

ဝမ်ထောင်ကို မြင်သောအခါ ဝေကျန့်ကော်သည် တည်ကြည်သော မျက်နှာအမူအယာဖြင့် သူ၏ ပခုံးကို ပုတ်ပေးလိုက်၏။

"ကောင်းပါပြီ၊ ဒါဆိုရင်တော့ ပင်ပန်းမယ့် အလုပ်တွေကို မင်းတို့ဆီပဲ အပ်ခဲ့ပါရစေ"

ဘက်စုံသုံးအဆောက်အအုံမှာ အတော်လေး အကောင်းပကတိ ရှိနေသေးသည်မှအပ ရွှေကျဲစခန်း၏ အခြားသော အစိတ်အပိုင်းများမှာမူ ကြီးမားသော ထိခိုက်မှုများကို ခံစားခဲ့ရသည်။

အထူးသဖြင့် စခန်းပတ်ပတ်လည်ရှိ တံတိုင်းများနှင့် တံခါးမကြီးအချို့မှာ ဂေါ်ရီလာဇွန်ဘီ၏ ဖျက်ဆီးခြင်းကို ခံခဲ့ရသည်။ ယခုအချိန်တွင် ပင်မအလုပ်မှာ ထိုနေရာများကို ပြုပြင်ရန် ဖြစ်ပြီး သို့မဟုတ်ပါက ဇွန်ဘီများကို တားဆီးနိုင်မည်မဟုတ်ပေ။

စခန်းအတွင်းရှိ ဇွန်ဘီအလောင်းများကိုလည်း ဦးစွာ ရှင်းလင်းရမည် ဖြစ်သည်။ မနေ့က ဂေါ်ရီလာဇွန်ဘီ၏ အော်ဟစ်သံသည် သာမန်ဇွန်ဘီများနှင့် ရူးသွပ်ဇွန်ဘီအများအပြားကို တိုက်ရိုက် တုန်ခါကာ သေဆုံးသွားစေခဲ့သည်။ သေဆုံးသွားသော အရေအတွက်မှာ အသက်ရှင်ကျန်ရစ်သူများထက် များစွာ ပိုမိုများပြားသဖြင့် အောက်ထပ်တွင် ပုပ်ပွနေသောအလောင်းများက နေရာအနှံ့ ရှိနေ၏။

ဝမ်ထောင်နှင့် ဟန်ရွှေတို့သည် စခန်းအပြင်ဘက်သို့ ထွက်လာကာ သူတို့၏ တောင်တက်ကားကို ရှာဖွေလိုက်ကြသည်။ ကားမှာ အလွန်ညစ်ပတ်နေပြီး တိုက်မိထားသည့် အရာများစွာ ရှိနေသော်လည်း ခြုံငုံကြည့်ရလျှင် ကြီးမားသော ပြဿနာမရှိဘဲ စက်နှိုး၍ ရနေသေးသည်။

ဝူး -

ကားစက်နှိုးသံ ထွက်ပေါ်လာပြီးနောက် ဝမ်ထောင်သည် ကားကို မောင်းနှင်ကာ ရွှေကျဲစခန်းမှ ထွက်ခွာခဲ့၏။

ကားကို အတော်ကြာ မောင်းနှင်ခဲ့သော်လည်း ဇွန်ဘီများနှင့် သိပ်မတိုးချေ။

"အပြင်ဘက်မှာလည်း အခြေအနေတွေက နည်းနည်း ပြောင်းလဲသွားသလိုပဲ..."

ဟန်ရွှေက အနည်းငယ် ထူးဆန်းသလို ခံစားရသဖြင့် ပြောလိုက်သည်။

"အနီးနားက ဇွန်ဘီတွေအားလုံး ငါတို့စခန်းဆီ ရောက်လာကြပြီး ဂေါ်ရီလာဇွန်ဘီရဲ့ လက်ချက်နဲ့ အစုလိုက်အပြုံလိုက် အသတ်ခံလိုက်ရလို့ ဖြစ်မယ်... ငါတို့ နောက်ထပ် နည်းနည်းဝေးဝေးအထိ သွားကြည့်ရအောင်"

"ကောင်းပြီလေ"

လိုချင်သောအရာက ပို၍ ရှာရခက်တတ်သည်။

ယခင်က မကြာခဏ မြင်တွေ့ရတတ်သော အထူးဇွန်ဘီများကို ယခုအခါ မတွေ့ရတော့ချေ။ လမ်းမများပေါ်တွင် သာမန်ဇွန်ဘီများနှင့် ရူးသွပ်ဇွန်ဘီအချို့သာ ရှိနေ၏။ ဝမ်ထောင်သည် မနက်ကတည်းက ထွက်လာကာ ညနေခင်းအထိ ရှာဖွေခဲ့ပြီးနောက် နောက်ဆုံးတွင် ဆေးရုံအနီး၌ တူကြီးတစ်ချောင်း ကိုင်ဆောင်ထားသော သွေးဆာဇွန်ဘီတစ်

ကောင်ကို ဝမ်းမြောက်ဖွယ် တွေ့ရှိခဲ့သည်။

" တကယ်ကို မလွယ်ကူလှဘူးပဲ"

ဝမ်ထောင်သည် သက်ပြင်းချလိုက်ပြီးနောက် ကားပေါ်မှ ချက်ချင်း ဆင်းလိုက်၏။ သူသည် ဇွန်ဘီနှင့် ဆယ်မီတာခန့် အကွာအဝေးသို့ ရောက်ရှိချိန်တွင် သူ၏ ပုဆိန်ကို ဝှစ်ခနဲ ပစ်ပေါက်လိုက်သည်။

ဒုတ်...

[-၃၂၀၀]

[၀/၃၃၀၀]

သွေးဆာဇွန်ဘီမှာ တစ်ချက်တည်းဖြင့် သေဆုံးသွား၏။

ဝမ်ထောင်သည် သူ၏ သွေးဘားတန်းကို လျင်မြန်စွာ ကြည့်လိုက်သည်။

[၅၀၀၀/၅၀၀၀]

ဤဇွန်ဘီကို သတ်ဖြတ်ခြင်းက သွေးတစ်မှတ်သာ တိုးစေသော်လည်း ၅၀၀၀ သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

ဝမ်ထောင်သည် သူ၏ စိတ်အာရုံထဲတွင် တစ်ခုခု ပေါ်ပေါက်လာသည်ကို ခံစားလိုက်ရသဖြင့် မျက်လုံးများကို မှိတ်ကာ စဉ်းစားလိုက်၏။

"ဝမ်ထောင်၊ အဆင်ပြေရဲ့လား"

ဟန်ရွှေက စိုးရိမ်တကြီး မေးလိုက်သည်။

ဝမ်ထောင်သည် မျက်လုံးများကို ဖွင့်လိုက်ရာ သူ၏ မျက်နှာအမူအယာက အနည်းငယ် ထူးဆန်းနေ၏။

"ငါ အဆင်ပြေပါတယ်။ အရင် ပြန်ကြရအောင်"

ဝမ်ထောင်သည် ပထမဦးစွာ သွေးဆာဇွန်ဘီ ချပေးခဲ့သော ပစ္စည်းများကို သိမ်းဆည်းလိုက်ပြီးနောက် ဟန်ရွှေကို ခေါ်ကာ ကားကို လျင်မြန်စွာ ပြန်မောင်းခဲ့သည်။

"ဝမ်ထောင်၊ ရှင် အိပ်မငိုက်ဘူးလား"

ဟန်ရွှေက ဝမ်ထောင်ကို ထူးဆန်းသလို ကြည့်ကာ မေးလိုက်၏။

ယခင်ကမူ သူသည် ဇွန်ဘီအချို့ကို သတ်ဖြတ်ပြီး သွေးပမာဏ ထောင်ဂဏန်းအပြည့်သို့ ရောက်ရှိတိုင်း အိပ်ငိုက်တတ်သည်။ သူ၏ ခန္ဓာကိုယ်မှာ "အလိုအလျောက်အဆင့်မြှင့်တင်ခြင်း" ပြုလုပ်နေသကဲ့သို့ဖြစ်ပြီး အိပ်စက်ပြီးနောက် ခွန်အားများ တိုးတက်လာတတ်သည်။

သို့သော် ယခုအခါ ဝမ်ထောင်သည် အထူးဇွန်ဘီတစ်ခုကို သတ်ဖြတ်ခဲ့ပြီး ဖြစ်သဖြင့် အခြေအနေအရ ဒုတိယအဆင့်သို့ အဆင့်မြှင့်တင်နေရမည် ဖြစ်သော်လည်း သူက အင်အားပြည့်ဝနေဆဲပင်။

ဟန်ရွှေ၏ မျက်ဝန်းထဲမှ ဇဝေဇဝါဖြစ်နေသည်ကို မြင်သောအခါ ဝမ်ထောင်က ရယ်မောလိုက်သည်။

"ငါ စိတ်ဝင်စားဖို့ကောင်းတဲ့ အချက်တစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ် - ဒီဒုတိယအဆင့် အဆင့်တက်ခြင်းအတွက် အချိန်ကိုက်မှုကို ကိုယ့်သဘောနဲ့ ရွေးချယ်လို့ရတယ်။ အရင်တုန်းကလို အချိန်မရွေး ချက်ချင်း အိပ်ပျော်သွားတာမျိုး မဟုတ်တော့ဘူး"

"အင် ဒါဆိုရင်တော့ အတော်လေး ကောင်းတာပေါ့"

ဤစကားကို ကြားသောအခါ ဟန်ရွှေသည် ချက်ချင်းပင် အလွန်ဝမ်းသာသွား၏။

ယခင်က သူမ ဇွန်ဘီများကို သတ်ဖြတ်ရန် သွားသည့်အခါ အရေးကြီးသော အချိန်တိုင်းတွင် အိပ်စက်ခြင်းကို မထိန်းချုပ်နိုင်ဘဲ ဖြစ်တတ်သဖြင့် အတော်လေး စိတ်အနှောင့်အယှက် ဖြစ်ရသည်။ နေရာက အပြင်ဘက်ဖြစ်ပြီး အန္တရာယ်များက နေရာအနှံ့ ရှိနေ၏။ အကယ်၍ အိပ်ပျော်သွားပါက ပြန်လည်နိုးထလာနိုင်ခြေ မရှိသလောက်ပင် ဖြစ်သည်။

သို့သော် ၎င်းကို ထိန်းချုပ်ရန် နည်းလမ်းမရှိသဖြင့် ဇွန်ဘီများကို အမဲလိုက်ရန် အနည်းဆုံး လူနှစ်ဦးဖြင့် အသင်းဖွဲ့ခြင်းက အကောင်းဆုံး ဖြစ်သည်။ ထိုသို့ဆိုလျှင် လူတစ်ဦး အိပ်ပျော်သွားပါက အခြားတစ်ဦးက စခန်းသို့ လျင်မြန်စွာ ပြန်လည်ခေါ်ဆောင်လာနိုင်၏။

ဝမ်ထောင်သည် ယခင်က ဟန်ရွှေနှင့်အတူ အမြဲတမ်း အပြင်ထွက်လေ့ရှိသဖြင့် တစ်ဦးကိုတစ်ဦး စောင့်ရှောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် ဤအရာတွင် ကြီးမားသော ကန့်သတ်ချက်များ ရှိနေဆဲဖြစ်ပြီး မတော်တဆမှုများ ဖြစ်ပွားနိုင်၏။

အကယ်၍ ဤအချိန်ကိုက်မှုကို ကိုယ့်သဘောအလျောက် ထိန်းချုပ်နိုင်မည်ဆိုပါက စခန်းသို့ ပြန်ရောက်ချိန် သို့မဟုတ် ပိုမိုဘေးကင်းသော နေရာတစ်ခုသို့ ရောက်ရှိချိန်အထိ စောင့်ဆိုင်းပြီးမှ အိပ်စက်ခြင်းက များစွာ ပိုမိုကောင်းမွန်ပေလိမ့်မည်။

"ဒါဆိုရင် ဘယ်လို ခံစားရလဲ"

ဟန်ရွှေက ထပ်မံမေးမြန်းလိုက်သည်။

သူမသည်လည်း ပထမအဆင့်၏ အမြင့်ဆုံးသို့ ရောက်ရှိနေပြီဖြစ်ရာ ဒုတိယအဆင့်သို့ ရောက်ရှိရန် မျှော်လင့်နေမိ၏။

"ဘယ်လိုပြောရမလဲ... အမြုတေအမျိုးအစား အများကြီးကို ပေါင်းစပ်နိုင်မှန်း သိလိုက်ရတဲ့ ခံစားချက်မျိုးပဲ။ အခု ငါ ခံစားနေရတာက သုံးရက်အတွင်းမှာ ငါ ကြိုက်တဲ့အချိန်ကို ရွေးချယ်ပြီး အိပ်စက်ခြင်းကနေတစ်ဆင့် ဒုတိယအဆင့်စွမ်းရည်ရှင်တစ်ဦး ဖြစ်လာနိုင်တယ်ဆိုတာပဲ။ တကယ်လို့ ငါက မရွေးချယ်ခဲ့ရင်လည်း သုံးရက်ပြည့်တဲ့အခါ အလိုအလျောက် အိပ်ပျော်သွားမှာဖြစ်ပြီး နိုးလာတဲ့အခါ ဒုတိယအဆင့်စွမ်းရည်ရှင်တစ်ဦး ဖြစ်နေလိမ့်မယ်... အိပ်စက်မယ့် ကြာချိန်ကတော့ ၂၄ နာရီ ဖြစ်လိမ့်မယ်လို့ ခံစားရတယ်..."

ဝမ်ထောင်က သူ ခံစားရသည်ကို ပြောပြလိုက်၏။

"ဒါဆိုရင်တော့ တကယ်ပဲ အတော်လေး ကောင်းတာပေါ့"

ဟန်ရွှေ၏ မျက်နှာတွင်လည်း အပြုံးတစ်ခု ပေါ်ပေါက်လာသည်။

သုံးရက်အတွင်း အချိန်တစ်ခုကို ရွေးချယ်ရမည်ဖြစ်ပြီး ၂၄ နာရီကြာ အိပ်စက်ရန် လိုအပ်သည်ဟူသော ကန့်သတ်ချက်များ ရှိနေသေးသော်လည်း သုံးရက်ဆိုသည်မှာ မနည်းလှပေ။ အကယ်၍ သုံးရက်အတွင်း ဘေးကင်းသော နေရာတစ်ခု မရှာဖွေနိုင်ပါက ကံဆိုးခြင်းဟုသာ ဆိုရမည်။

"ဂုဏ်ယူပါတယ်"

ဟန်ရွှေသည် ဝမ်ထောင်အတွက် အလွန်ဝမ်းသာနေရှာသည်။

"ဟဟ၊ ဒါပေမဲ့ ဒီအဆင့်တက်ခြင်းမှာ သေးငယ်တဲ့ အခြေအနေတစ်ခု ရှိနေသေးတယ်၊ ငါ ပြန်ရောက်မှ လေ့လာရဦးမယ်..."

မကြာမီတွင် သူတို့နှစ်ဦး စခန်းသို့ ပြန်လည်ရောက်ရှိလာခဲ့သည်။ ဤအချိန်တွင် နေမင်းကလည်း လုံးဝ နစ်မြုပ်သွားခဲ့ပြီ ဖြစ်၏။

ဂေါ်ရီလာကြောင့် စခန်းအတွင်း သေဆုံးမှုများစွာ ရှိခဲ့သော်လည်း အသက်ရှင်ကျန်ရစ်သူ သုံးရာခန့် ရှိနေသေးပြီး ၎င်းတို့အားလုံးမှာ သန်မာသူများ ဖြစ်ကြသည်။ ထို့ကြောင့် စခန်းတည်ဆောက်ရေးပိုင်းတွင် အလုပ်က အတော်လေး မြန်ဆန်လှ၏။

တစ်ရက်အတွင်းမှာပင် စခန်းအတွင်းရှိ ဇွန်ဘီအလောင်းများကို အပြင်သို့ လွှင့်ပစ်ခဲ့ပြီး ထိခိုက်ပျက်စီးနေသော တံတိုင်းများနှင့် သံဇကာများကို ပြုပြင်ခဲ့ကြသည်။

ပင်မတံခါးမကြီးမှလွဲ၍ စခန်း၏ အခြားသော အစိတ်အပိုင်းများမှာ ဘေးအန္တရာယ်မတိုင်ခင်ကကာကွယ်ရေးအဆင့်များသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

ပင်မတံခါးမကြီးမှာ ဂေါ်ရီလာဇွန်

ဘီ၏ အဓိကတိုက်ခိုက်မှု ပစ်မှတ်ဖြစ်ခဲ့သဖြင့် အစိတ်စိတ်အမွှာမွှာ ပျက်စီးသွားခဲ့၏။ အချို့သော ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် ဝေကျန့်ကော်နှင့် အခြားသူများသည် ခိုင်ခံ့သော သတ္တုတံခါးမကြီးများ ပြုလုပ်ရန် ဆုံးဖြတ်လိုက်ကြသည်။

တံခါးအဟောင်းကို သံတံခါးမကြီးဟု ခေါ်ဆိုကြသော်လည်း အမှန်စင်စစ်တွင် အပြင်ဘက်က သံပြားကာထားပြီး အတွင်းထဲတွင် သစ်သားဖြင့် ပြုလုပ်ထားခြင်း ဖြစ်၏။ ဤကဲ့သို့သော တံခါးမျိုးက သာမန်ဇွန်ဘီများကို တားဆီးရန် အဆင်ပြေသော်လည်း ဂေါ်ရီလာဇွန်ဘီကဲ့သို့သော သားရဲကြီးများကိုမူ တားဆီးနိုင်မည်မဟုတ်ပေ။

အကယ်၍ ၎င်းက သတ္တုစစ်စစ်တံခါးမကြီး ဖြစ်ခဲ့လျှင် ဂေါ်ရီလာဇွန်ဘီသည်လည်း အလွယ်တကူ ရိုက်ခွဲနိုင်ခဲ့မည် မဟုတ်ချေ။

တံခါးမကြီးသာမက ပတ်ပတ်လည်ရှိ တံတိုင်းများကိုလည်း အားဖြည့်ခြင်း ပြုလုပ်ရန် လိုအပ်ပြီး အကောင်းဆုံးမှာ သတ္တုဖြင့် ပြုလုပ်ရန် ဖြစ်သည်။ မည်သို့ပင်ဖြစ်စေ အပြင်ဘက်တွင် စွန့်ပစ်ထားသော ယာဉ်များစွာ ရှိနေသဖြင့် သတ္တုပစ္စည်းများ ပြတ်လပ်မှု မရှိချေ။

သို့သော် ဤအရာကို တစ်ညတည်းဖြင့် မပြီးမြောက်နိုင်ပါချေ။ လောလောဆယ်တွင် ၎င်းတို့သည် သံတံခါးမကြီးကိုသာ သုံးဖြစ်အောင် ယာယီ ပြင်ဆင်နိုင်ကြသည်။

သူတို့သည် ပျက်စီးသွားသော အဟောင်းကိုသာ ပြန်လည်ဖာထေးပြီး လောလောဆယ် အသုံးပြုလိုက်၏။ ၎င်းက သာမန်ဇွန်ဘီအချို့ကို တားဆီးရန် လုံလောက်နေသေးသည်။

"ဝမ်ထောင်၊ ပြန်ရောက်ပြီလား။ ရလဒ်က ဘယ်လိုလဲ"

ဝမ်ထောင် ပြန်လာသည်ကို မြင်သောအခါ ဝေကျန့်ကော်နှင့် အခြားသူများက လျင်မြန်စွာ ပြေးလာကြသည်။

"အခြေခံအားဖြင့်တော့ အဆင်ပြေသွားပါပြီ။ နောက်အကျဆုံး သုံးရက်အတွင်း - ဒါမှမဟုတ် အစောဆုံး တစ်ရက်အတွင်းမှာ ငါ ဒုတိယအဆင့်စွမ်းရည်ရှင်တစ်ဦးအဖြစ် အဆင့်တက်နိုင်ပြီ"

ဝမ်ထောင်က ပြုံးလျက် ပြောလိုက်၏။

"ကောင်းတယ် တကယ်ကောင်းတယ်"

ထိုစကားကို ကြားသောအခါ လူစုမှာ အလွန်ပင် စိတ်လှုပ်ရှားသွားကြသည်။

ရွှေကျဲခရိုင်အတွင်းရှိ ဒုတိယအဆင့်ဇွန်ဘီများအားလုံး သေဆုံးသွားပြီဟု ယူဆရ၏၊ သို့မဟုတ်ပါကလည်း အချိန်တိုအတွင်း ပြန်လည်ပေါ်ပေါက်လာဦးမည်မဟုတ်ပေ။ ဝမ်ထောင်သည် ဒုတိယအဆင့်စွမ်းရည်ရှင်တစ်ဦး ဖြစ်လာတော့မည်ဖြစ်ရာ သူသည် ရွှေကျဲခရိုင်ကို လွှမ်းမိုးချုပ်ကိုင်နိုင်ခြင်း မရှိသေးပါစေဦးတော့ အနည်းဆုံးတော့ သူတို့သည် ယခင်ကကဲ့သို့ ကြောက်ရွံ့မှုများဖြင့် နေထိုင်ရတော့မည် မဟုတ်တော့ပါ။

နောင်တွင် ဒုတိယအဆင့်ဇွန်ဘီများ ထပ်မံပေါ်ပေါက်လာပါစေဦးတော့ ဝမ်ထောင်၏ ခွန်အားက သေချာပေါက် ပိုမိုကြီးမားလာမည်ဖြစ်ရာ ဒုတိယအဆင့်ဇွန်ဘီများကို သတ်ဖြတ်ရန်မှာ ပြဿနာရှိမည်မဟုတ်ပေ။ ထိုအချိန်တွင် သူတို့သည်လည်း အဆင့်တက်အမြုတေကို ရရှိနိုင်မည်ဖြစ်ပြီး ၎င်းတို့ကိုယ်တိုင် ဒုတိယအဆင့်သို့ အဆင့်တက်နိုင်လိမ့်မည်။

ရှေးလူကြီးများ ပြောစကားအတိုင်းပင်

အဆိုးတွေ ကုန်ဆုံးသွားရင် အကောင်းတွေ ရောက်လာတတ်စမြဲပါ'။ ရှေးလူကြီးများက ငလှည့်စားခဲ့ခြင်း မဟုတ်ပေ၊ စခန်း၏ ကောင်းသောနေ့ရက်များက နောက်ဆုံးတွင် ရောက်ရှိလာပေတော့မည်။

ဝမ်ထောင်က သူတို့အား ဒုတိယအဆင့် အဆင့်တက်ခြင်းနှင့်ပတ်သက်သည့် အခြေအနေကို ရှင်းပြလိုက်သည်။ ဟန်ရွှေကဲ့သို့ပင် ၎င်းတို့အားလုံး အလွန်ဝမ်းသာသွားကြ၏။ အကယ်၍ သူတို့သည် အဆင့်တက်ခြင်းအချိန်ကို လွတ်လပ်စွာ ရွေးချယ်နိုင်မည်ဆိုပါက အလွန်အဆင်ပြေသည် မဟုတ်ပါလား။

"ဒါဆိုရင် မင်း ဘယ်အချိန်မှာ အဆင့်တက်ဖို့ စိတ်ကူးထားလဲ"

ဝေကျန့်ကော်က မေးမြန်းလိုက်သည်။

ဝမ်ထောင်က ခေတ္တမျှ စဉ်းစားပြီးနောက် ပြောလိုက်၏။

"ဒီညပဲ။ ငါ အိမ်ပြန်ပြီး ပြင်ဆင်လိုက်မယ်၊ ပြီးရင် အဆင့်တက်လို့ရပြီ။ ဒါက ၂၄ နာရီ ကြာနိုင်တယ်။ သန်ဘက်ခါ ဒီအချိန်ဆိုရင် ငါ ဒုတိယအဆင့်စွမ်းရည်ရှင်တစ်ဦး ဖြစ်နေပါပြီ"

"ကောင်းပြီလေ"

လူတိုင်းက ခေါင်းညိတ်ပြလိုက်ကြသည်။

"ဒါနဲ့ မင်းတို့အတွက် အမြုတေတချို့ ရှိသေးတယ်"

ဝမ်ထောင်သည် သူ ပေါင်းစပ်ထားသော ပထမအဆင့်အမြုတေအချို့နှင့် ဇွန်ဘီဝူဖေး ချပေးခဲ့သော အဆင့်တက်အမြုတေကို ထုတ်လိုက်၏။

"အဆင့်တက်အမြုတေလား"

လူတိုင်းသည် ထိုအစိမ်းရောင်အမြုတေကို မြင်သောအခါ အနည်းငယ် ထိတ်လန့်သွားကြသည်။

"ဟုတ်တယ်၊ ငါ့အတွက်တော့ ဒီအဆင့်တက်အမြုတေက အသုံးမဝင်တော့ဘူး၊ ဒါကြောင့် ဘယ်သူသုံးချင်လဲဆိုတာ ကြည့်လိုက်ကြပါ။ ဒီအမြုတေက အောင်မြင်မှုနှုန်း ၅၅% သာရှိလို့ ကံကောင်းတဲ့လူတစ်ယောက်ကို ရွေးချယ်ဖို့ ငါ အကြံပြုချင်တယ်"

"ကောင်းပါပြီ။ ကျေးဇူးတင်တယ်ဟေ့ ၊ ငါတို့ နည်းနည်း ဆွေးနွေးလိုက်ဦးမယ်"

ဝေကျန့်ကော်နှင့် အခြားသူများ၏ မျက်လုံးများ လင်းလက်သွားကြသည်။ ၄င်းက အဆင့်တက်အမြုတေတစ်ခု ဖြစ်ပြီး အောင်မြင်ခဲ့လျှင် ၎င်းတို့၏ စွမ်းရည်များထဲမှ တစ်ခုကို ဒုတိယအဆင့်သို့ မြှင့်တင်နိုင်မည် မဟုတ်ပါလား။

သီအိုရီအရ ပထမအဆင့်သည် ဒုတိယအဆင့်ကို အနိုင်ရရန် အခွင့်အရေး မရှိသလောက်ပင် ဖြစ်သည်။ သို့သော် သူတို့တွင် ဒုတိယအဆင့်စွမ်းရည် ရှိနေပါက အခွင့်အရေးက များစွာ ပိုမိုမြင့်မားလာမည် ဖြစ်၏။ ထို့ပြင် ပထမအဆင့်ဇွန်ဘီအပေါ် ဒုတိယအဆင့်စွမ်းရည် အသုံးပြုခြင်းက တစ်ချက်တည်းသတ်ဖြတ်နိင်သလောက် အစွမ်းထက်၏။

ရန်ကျဲက ရုတ်တရက် ပြောလိုက်သည်။

"ဒါဆိုရင် ငါတို့ရဲ့ အောင်ပွဲခံအခမ်းအနားကို ဆက်ပြီး ကျင်းပဦးမှာလား"

ဝမ်ထောင်သည် ရွှေကျဲစခန်း တည်ထောင်ခြင်း သုံးလပြည့်အထိမ်းအမှတ်အဖြစ် အောင်ပွဲခံအခမ်းအနား ကျင်းပရန် ပြောဆိုခဲ့ကြသည်ကို ထိုမှသာ သတိရတော့သည်။

ပွဲတော်၏ ရည်ရွယ်ချက်မှာ အသက်ရှင်ကျန်ရစ်သူများကို အနားယူခွင့်ပေးရန် ဖြစ်သည်။ ၎င်းတို့သည် နေ့စဉ်ရက်ဆက် အလွန်အမင်း တင်းကြပ်စွာ နေထိုင်နေကြရသဖြင့် ထိုကဲ့သို့သောအခြေအနေတွင် ကြာရှည်စွာ ရှိနေပါက စိတ်ဒုက္ခရောက်နိုင်၏။

ပွဲတော်ကျင်းပမည့် သတင်းကို ကြေညာလိုက်သည်နှင့် အသက်ရှင်ကျန်ရစ်သူအားလုံး၏ တညီတညွတ်တည်း ထောက်ခံမှုကို ရရှိခဲ့သည်။ ထိုစဥ်က အချိန်ကို ယခုရက်ပိုင်းအတွင်း သတ်မှတ်ထားသော်လည်း အတိအကျ ရက်စွဲကိုမူ မဆုံးဖြတ်ရသေးချေ။ ဂေါ်ရီလာဇွန်ဘီက ရုတ်တရက် ရောက်ရှိလာလိမ့်မည်ဟု မည်သူမျှ မမျှော်လင့်ထားခဲ့ကြပါ... ။

ဝေကျန့်ကော်နှင့် အခြားသူများ အ

နည်းငယ် ဆွေးနွေးပြီးနောက် ပြောလိုက်၏။

"ကျင်းပကြတာပေါ့။ အသက်ရှင်ကျန်ရစ်သူတွေက ညဘက်ဆိုရင် အလုပ်မရှိကြတော့

အဲဒီလောက် တစ်နာရီ သို့မဟုတ် နှစ်နာရီက အချိန်ဖြုန်းတာမျိုး ဖြစ်မှာမဟုတ်ပါဘူး။ ဒါပေမဲ့ ငါတို့ အစီအစဥ်ကိုတော့ နည်းနည်းပြောင်းရမယ် ။ စွန့်လွှတ်အနစ်နာခံသွားသူတွေအတွက် အောက်မေ့ဖွယ်အခမ်းအနားနဲ့ ပံ့ပိုးကူညီသူတွေအတွက် ဆုချီးမြှင့်ပွဲအခမ်းအနားအဖြစ် ပြုလုပ်ကြတာပေါ့..."

"ငါတို့စခန်းကို သွယ်ဝိုက်တဲ့နည်းနဲ့ ကယ်တင်ခဲ့တဲ့ ဝူဖေးနဲ့ စခန်းတစ်ခုလုံးကို တိုက်ရိုက် ကယ်တင်ခဲ့တဲ့ ဝမ်ထောင်တို့လို လူတွေရဲ့ အောင်မြင်မှုတွေကို အသက်ရှင်ကျန်ရစ်သူတွေ သိအောင် လုပ်ရမယ်။ ပံ့ပိုးကူညီခဲ့သူတွေကိုလည်း နှုတ်ဖြင့်ဖြစ်စေ ဆုချီးမြှင့်ရမယ်..."

"ပြီးတော့ အစားအစာတွေ ပိုထုတ်ပြီး လူတိုင်း ဗိုက်ပြည့်အောင် ကျွေးရမယ်။ ဒီတစ်ကြိမ်မှာ လူအများကြီး ဆုံးရှုံးခဲ့ရပေမဲ့ အစားအစာတွေ ဆုံးရှုံးခဲ့တာမဟုတ်လို့ ငါတို့မှာ အများကြီး ရှိနေသေးတယ်..."

ဝေကျန့်ကော်၏ စကားကို အားလုံးသဘောတူ၏။

"ကောင်းတယ်။ ဒါဆိုရင် ငါ သွားပြီး ပြင်ဆင်လိုက်ဦးမယ်။ အချိန်ကိုတော့... သန်ဘက်ခါလား။ ဝမ်ထောင်က မနက်ဖြန် ဒုတိယအဆင့်ကို အဆင့်တက်မှာဆိုတော့ သန်ဘက်ခါကျရင် လူတိုင်းရဲ့ရှေ့မှာ ပေါ်ထွက်လာပြီး စိတ်ဓာတ်ခွန်အားကို တည်ငြိမ်အောင် လုပ်ပေးနိုင်တာပေါ့။ ဝမ်ထောင်၊ မင်း ဘယ်လိုထင်လဲ"

"ပြဿနာမရှိပါဘူး"

ဝမ်ထောင်အနေဖြင့် ကန့်ကွက်ရန် မရှိချေ။

"ကောင်းပြီ၊ ဒါဆိုရင်တော့ ဆုံးဖြတ်လိုက်ပြီ"

မကြာမီမှာပင် ပွဲတော်ကို သတ်မှတ်ထားသည့်အတိုင်း ကျင်းပမည့်သတင်းမှာ ပျံ့နှံ့သွားခဲ့သည်။

အသက်ရှင်ကျန်ရစ်သူများ၏ မျက်နှာတွင် ရှားပါးလှသော အပြုံးများ ပေါ်လာကြ၏။ ၎င်းက ပွဲတော်၏ ဖျော်ဖြေမှုများကို ကြည့်ရှုလိုသောကြောင့် မဟုတ်ဘဲ ကော်မတီဝင်ရန်က ဤပွဲတော်တွင် လူအများအပြားကို ဆုချီးမြှင့်မည်ဟု ပြောကြားခဲ့သောကြောင့် ဖြစ်သည်။ အသက်ဘေးကြီး ရောက်ရှိလာချိန်တွင် ကောင်းကောင်းစွမ်းဆောင်နိုင်ခဲ့သူများ သို့မဟုတ် မိမိ၏ အဖော်များကို ကူညီပေးခဲ့သူများအား ဆုချီးမြှင့်မည် ဖြစ်သည်။ သူတို့၏ နာမည်များကိုလည်း နောက်ပိုင်းတွင် ထုတ်လုပ်မည့် သံတံခါးမကြီးပေါ်တွင် ထုဆစ်ပေးမည့်အပြင် သူတို့၏ အနာဂတ် ခံစားခွင့်များကိုလည်း မြှင့်တင်ပေးမည် ဖြစ်၏။

ဟော့ကျိယီသည် ဤသတင်းကို ကြားရပြီးနောက် အလွန်ဝမ်းသာသွားပြီး ယခုတစ်ကြိမ်တွင် သူမက တက်ကြွစွာဖြင့် စတင်ရန် ဆုံးဖြတ်လိုက်သည်။

သူမသည် ဤကဲ့သို့ ကြောက်ရွံ့မှုများဖြင့် ဆက်လက်မနေထိုင်လိုတော့ပါချေ။ ဝမ်ထောင်နှင့် ကောင်းမွန်သော ဆက်ဆံရေးရှိသည့် အမျိုးသမီးများအားလုံး စွမ်းရည်ရှင်များ ဖြစ်လာကြသည်ကို သူမ သတိထားမ်၏။ သူမသည် ဝမ်ထောင်၏ လက်အောက်ငယ်သား ဖြစ်လာရပါစေဦးတော့ မည်သည့်ကျောထောက်နောက်ခံမျှ မရှိခြင်းထက်တော့ များစွာ ပိုကောင်းပေလိမ့်မည်...။

ထို့နောက် ဝမ်ထောင်သည် ဟန်ရွှေနှင့်အတူ သူ၏ ဗီလာအိမ်လေးသို့ ပြန်လည်ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ဇွန်ဘီများ စတင်ရောက်ရှိလာချိန်တွင် တင်ယွီချင်သည် ဘက်စုံသုံးအဆောက်အအုံသို့ ချက်ချင်း ပြေးသွားခဲ့သဖြင့် အိမ်တွင် ဇွန်

ဘီများကို ဆွဲဆောင်မည့်လူသား ကျန်မနေခဲ့ပေ။ ထို့ကြောင့် ဇွန်ဘီများ မလာသဖြင့် အိမ်မှာ မပြောင်းလဲဘဲ ရှိနေပြီး ဝရန်တာရှိ ဧရာမငွေလာဂမုန်းပင်မှာပင် အရွက်တစ်ရွက်မျှ ဆုံးရှုံးခြင်း မရှိခဲ့ချေ။

ဝမ်ထောင်သည် အာဟာရဖျော်ရည်ကို ရိုးရိုးရှင်းရှင်း သောက်သုံးပြီးနောက် ကုတင်ပေါ်တွင် လှဲလျောင်းလိုက်၏။ ဟန်ရွှေနှင့် တင်ယွီချင်တို့က အလိုက်သိစွာဖြင့် သူ့ကို လာရောက်မနှောင့်ယှက်ကြပါချေ။

ယနေ့တွင် သွေးပမာဏ ၅၀၀၀ မှတ်သို့ ရောက်ရှိပြီးနောက် ဝမ်ထောင်သည် အတော်လေး ထူးဆန်းသော အခြေအနေသုံးခုကို တွေ့ခဲ့သည်။အစောပိုင်းက သူသည်

ထိုအချက်အလက်များကို လေ့လာနေခဲ့ခြင်းဖြစ်ပြီး ၎င်းတို့၏ အဓိပ္ပာယ်ကို ခြုံငုံနားလည်ခဲ့လေပြီ ။

ပထမအချက်မှာ သူ၏ အိပ်စက်ခြင်း သို့မဟုတ် သူ၏ အဆင့်တက်ခြင်းအချိန်ကို လွတ်လပ်စွာ ထိန်းချုပ်နိုင်ခြင်း ဖြစ်သည်။ သုံးရက်အတွင်း သူ အလိုရှိလျှင် အချိန်မရွေး အဆင့်တက်နိုင်၏။

ဒုတိယအချက်မှာ သူ ဒုတိယအဆင့်သို့ အဆင့်တက်ပါက သူ၏ ဒုတိယအဆင့်စွမ်းရည်များကို ဖျက်ပစ်နိုင်သည်ဟု သိရှိလိုက်ရခြင်း ဖြစ်သည်။ထိုစွမ်းရည်ကို ဖျက်ပစ်ပြီးနောက် နေရာလွတ်တစ်ခု ထွက်ပေါ်လာမည်ဖြစ်ရာ စွမ်းရည်အသစ်တစ်ခုကို ထိုနေရာတွင် ပေါင်းစပ်ခွင့် ရရှိမည် ဖြစ်၏။

တစ်နည်းအားဖြင့်ဆိုသော် သူသည် ယခုအခါ အမြုတေအမျိုးအစားအသစ်များကို ပေါင်းစပ်နိုင်ခြင်း မရှိသေးသော်လည်း အခြား စွမ်းရည်တစ်ခုဖြင့် အစားထိုးနိုင်သည် ။ လေးခုစလုံးကိုပင် အစားထိုးနိုင်၏။

ထို့ပြင် ဖျက်ပစ်ခြင်းမှာ စာသား၏အဓိပ္ပာယ်အတိုင်း လုံးဝဖျက်ပစ်ခြင်းမဟုတ်ဘဲ ဆက်ခံနိုင်ခြင်း ဖြစ်သည် ။ သူ ဖျက်ပစ်လိုက်သော စွမ်းရည်ကို အခြားသူများထံသို့ လွှဲပြောင်းပေးနိုင်၏။ သို့သော် ၎င်းက အဆင့်တစ်ခုတော့ လျော့ကျသွားမည် ဖြစ်သည်။

ဥပမာအားဖြင့် ဝမ်ထောင်သည် တုန်ခါမှုလှိုင်းကို မလိုချင်တော့ပါက သူ၏ 'ဒုတိယအဆင့် +၁' တုန်ခါမှုလှိုင်းကို တင်ယွီချင်ထံသို့ လွှဲပြောင်းပေးနိုင်သည်။ တင်ယွီချင်ထံသို့ ရောက်ရှိသွားပါက ဤတုန်ခါမှုလှိုင်းသည် 'ပထမအဆင့် +၁၀' ဖြစ်လာမည် ဖြစ်၏။

သို့သော် တွေးကြည့်လျှင် ၎င်းက အဆင့်တက်အမြုတေတစ်ခုကို ဖြုန်းတီးပစ်သကဲ့သို့ ဖြစ်နေသည်။ အကျိုးအမြတ်ရှိပုံ မရချေ။

သို့သော် အမှန်စင်စစ်တွင် ထိုသို့မဟုတ်ပါ။

ပထမဦးစွာ ဝမ်ထောင်မှလွဲ၍ အခြားသူများသည် အမြုတေများကို ပေါင်းစပ်ချိန်တွင် အောင်မြင်ရန် အာမမခံနိုင်ချေ။ အကယ်၍ ကျရှုံးမှုများကို တွက်ချက်မည်ဆိုပါက အသုံးပြုရမည့် အမြုတေအရေအတွက်မှာ များစွာ ပိုမိုမြင့်မားနေမည် ဖြစ်သည်။

ထို့နောက်နှင့် အရေးကြီးဆုံးအချက်မှာ - ဆက်ခံခဲ့သော စွမ်းရည်များသည် မူလလက်ခံသူ၏ စွမ်းရည်အတွင်းရှိ အညစ်အကြေးများ၏ ထက်ဝက်ကို ဆက်ခံမည်ဖြစ်သော်လည်း ဘေးထွက်ဆိုးကျိုးများ ရှိမည်မဟုတ်ပါ။

ရိုးရိုးရှင်းရှင်းပြောရပါက ဝမ်ထောင်က တုန်ခါမှုလှိုင်းကို တင်ယွီချင်ထံသို့ လွှဲပြောင်းပေးလျှင် သူမအတွက်မူ ၎င်းက +၁၀ ပထမအဆင့်စွမ်းရည်တစ်ခု ဖြစ်ရုံသာမက အညစ်အကြေးများနှင့် ဘေးထွက်ဆိုးကျိုးများမရှိသော စွမ်းရည်တစ်ခု ဖြစ်လာမည် ဖြစ်၏။

ဝမ်ထောင်၏ စွမ်းရည်တွင် မူလကတည်းက ဘေးထွက်ဆိုးကျိုး မရှိသောကြောင့် မထူးခြားဟုထင်ရသော်လည်း

အကယ်၍ အခြားလူတစ်ဦးဆိုပါက - ဥပမာ စွမ်းရည်တစ်ခု ဒုတိယအဆင့်သို့ ရောက်ရှိရန် အမြုတေ ၂၀ အသုံးပြုခဲ့ရသော စွမ်းရည်ရှင်တစ်ဦးဆိုလျှင် ထိုစွမ်းရည်၏ အညစ်အကြေးမှာ ၁၀% ခန့် ရှိနေမည် ဖြစ်သည်။ ၎င်းကို အခြားသူတစ်ဦးထံသို့ လွှဲပြောင်းပေးပြီးနောက် မူလလက်ခံသူတွင် အညစ်အကြေး ၅% ကျန်ရှိမည်ဖြစ်ပြီး လက်ခံရရှိသူသည် အညစ်အကြေး ၅% ရှိသော်လည်း ဘေးထွက်ဆိုးကျိုးမရှိသော +၁၀ စွမ်းရည်တစ်ခုကို ရရှိမည် ဖြစ်၏။

စွမ်းရည်တစ်ခုကို အခြားသူတစ်ဦးထံ လွှဲပြောင်းပေးရန်အတွက် သူ အဆင့်တက်ပြီး သုံးရက်အတွင်း ပြီးမြောက်အောင် ပြုလုပ်ရမည် ဖြစ်သည်။ အကယ်၍ ထိုအချိန်အတွင်း မည်သူ့ကိုမျှ ရှာမတွေ့ပါက ၎င်းက လုံးဝ ဖျက်ပစ်ခြင်း ခံရမည် ဖြစ်၏။

ဤလုပ်ဆောင်ချက်စနစ်က အတော်လေး အစွမ်းထက်လှသည်။ ဝမ်ထောင်သည် လူသားမျိုးနွယ်သာ ဆက်လက်ရှင်သန်နိုင်မည်ဆိုပါက လူအများအပြားသည် အမွေဆက်ခံမှုများကို ရရှိကြလိမ့်မည်ဟု တွေးမ်၏။

သို့သော်... ဝမ်ထောင်ကိုယ်တိုင်ကမူ ဤအမွေဆက်ခံမှုစွမ်းရည်အတွက် အသုံးဝင်ပုံ မရှိချေ။

ထိုအကြောင်းကို တတိယမြောက် တွေ့ရှိ

ချက်တွင် သိနိုင်လေသည် ။

ဝမ်ထောင်သည် သူ၏ သွေးဘားတန်းတွင် အပြောင်းအလဲအချို့ကို သတိပြုမိလိုက်သည် -။သွေး ၅၀၀၀ မှတ် အမြင့်ဆုံးသွေးပမာဏမှာ အတူတူပင်ဖြစ်သော်လည်း သူ၏ သွေးဘားတန်းနှင့် စွမ်းအင်ဘားတန်းအကြားတွင် မီးခိုးရောင်ဘားတန်းကဲ့သို့သော အရာတစ်ခု ပေါ်ပေါက်လာပြီး ၅၁၆၀ ဟု ပြသနေ၏။

ထို့ပြင် ဤမီးခိုးရောင်ဘားတန်းသည် သူ

၏စွမ်းရည်များကို ထုတ်ယူပြီး ပေါင်းစပ်နိုင်သော လုပ်ဆောင်ချက်အသစ်တစ်ခု ဖြစ်သည်။

-----

All Chapters