← Chapters

အခန်း ၁၅၀

Vol. 14 Ch. 150

အခန်း ၁၅၀

Vol. 14 Ch. 150

အခန်း ၁၅၀ - အဆိပ်မြူဇွန်ဘီ

အောက်တွင် ဇွန်ဘီများ ပိုမိုများပြားလာပြီး အစိမ်းရောင်အဆိပ်မြူခိုးများ ထူထပ်လာသည်ကို မြင်ရသောအခါ ရှန့်ဟုန်ပင်းနှင့် အခြားသူများသည် အရှိန်ပြင်းဝင်တိုက်

ထွက်ရန် ဆုံးဖြတ်လိုက်ကြတော့သည်။

လက်ရှိ၌ ကော်မတီဝင်အနည်းငယ်တွင် အဆိပ်ငွေ့ကာမျက်နှာဖုံးများ ရှိကြသော်လည်း အခြားသူများတွင်မူ မရှိချေ။ အကယ်၍ အခြားသူများအားလုံး အဆိပ်မိပြသေဆုံးသွားပြီး သူတို့အနည်းငယ်သာ အသက်ရှင်ကျန်ရစ်ခြင်းက ဘာထူးမည်နည်း။

ထို့ပြင် သူတို့ကိုယ်တိုင်လည်း အသက်ရှင်နိုင်မည် မဟုတ်ပေ... လူတိုင်း လုံးဝအင်အားချိ့နဲ့မသွားမီနှင့် လူအင်အားအပြည့် ရှိနေဆဲအချိန်တွင် အပြင်သို့ အရှိန်ပြင်းဝင်တိုက်မသွားပါက လူအများစု အင်အားချိ့နဲ့သွားသည့်အခါ သေဆုံးရန်သာ စောင့်ဆိုင်းရတော့မည် ဖြစ်သည်။

"ဝမ်ထောင်နဲ့ အဘိုးကြီးရှန့်တို့ အဆင်ပြေရဲ့လား"

ရှန့်ဟုန်ပင်းက သူ၏ကိုယ်ပေါ်တွင် မီးသတ်ပုဆိန်များစွာ ချိတ်ဆွဲရင်း မေးလိုက်သည်။

"သူတို့က အိပ်စက်ခြင်းအခြေအနေမှာ ရှိနေကြလို့ ဒီအဆိပ်မြူတွေအပေါ် အတိုင်းအတာတစ်ခုအထိ ခုခံနိုင်စွမ်း ရှိပုံရတယ်... ဒါပေမဲ့ ဘေးကင်းဖို့အတွက် ငါ သူတို့ကို အဆိပ်ငွေ့ကာမျက်နှာဖုံးတွေ တပ်ပေးထားတယ်..."

ရန်ကျဲကပြန်ဖြေ၏။

"ကောင်းပြီ၊ ဒါဆို ငါ စိတ်အေးသွားပြီ"

ရှန့်ဟုန်ပင်းက ခေါင်းညိတ်လိုက်ပြီးနောက် အောက်ထပ်သို့ ဆင်းလာခဲ့သည်။ အဝတ်စများဖြင့် ပါးစပ်နှင့် နှာခေါင်းကို အုပ်ထားကြသော လူအုပ်ကြီးကို ကြည့်ကာ သူ စိတ်မကောင်းဖြစ်မိသော်လည်း ပြတ်သားသောလေသံဖြင့် ပြောလိုက်၏။

"အားလုံးပဲ၊ ငါ အများကြီး မပြောတော့ဘူး။ ငါအခု မင်းတို့ကို ပြောချင်တာက ဒါဟာ ကမ္ဘာပျက်ကပ်ပဲ။ မင်းတို့ ဘေးကင်းချင်ရင် ကိုယ့်အသက်နဲ့လဲပြီး တိုက်ခိုက်ရမယ်။ အပြင်က အဆိပ်လွှတ်နေတဲ့ ဇွန်ဘီတွေကို မသတ်နိုင်ရင် ငါတို့အားလုံး သေရလိမ့်မယ်။ ဒါပေမဲ့ အခု အပြင်ကို အရှိန်ပြင်းဝင်တိုက်ပြီး အဲဒါတွေကို ရှင်းပစ်နိုင်ရင် အသက်ရှင်ဖို့ အခွင့်အရေး ရှိသေးတယ်။ ဒါကြောင့် ငါနဲ့အတူ အရှိန်ပြင်းဝင်တိုက်ကြပါ.."

"အသေခံမလား တိုက်ခိုက်မလား ရွေး.."

"တိုက်မယ်.."

"တိုက်မယ်"

........

ဝမ်ထောင်ရော ဝေကျန့်ကော်ပါ နိုးလာခြင်းမရှိသေးသဖြင့် ရှန့်ဟုန်ပင်းသည် စန်းတွင် အသန်မာဆုံး တိုက်ခိုက်ရေးသမား ဖြစ်

နေသည်။ ထို့ကြောင့် သူက စံပြအနေဖြင့် ဦးဆောင်ရမည် ။

"ဒုန်း..."

အောက်ထပ်ရှိ သံတံခါးမကြီး ပွင့်သွားကာ စူးရှသော အသံတစ်ခု ထွက်ပေါ်လာခဲ့၏။

"ဂါး....ဂါး..."

အသံကို အလွန် အာရုံခံနိုင်စွမ်းရှိသော ဇွန်ဘီများသည် လှုပ်ရှားမှုကို သတိပြုမိသွားကြပြီး တံခါးဆီသို့ ရူးသွပ်စွာ ချက်ချင်း ပြေးလာကြတော့သည်။

ထို့နောက်။

"ယား....."

ဖျော့တော့သောအဖြူရောင်အလင်းတစ်ချက် လင်းလက်သွားပြီး ရှန့်ဟုန်ပင်းသည် အဆောက်အအုံအတွင်းမှနေ၍ အပြင်ဘက်သို့ အရှိန်ပြင်းဝင်တိုက်ခြင်းစွမ်းရည်ကို တိုက်ရိုက်အသုံးပြုကာ ပြေးထွက်လာသည်။

ဇွန်ဘီ တစ်ဒါဇင်ကျော်မှာ သူ၏ တိုက်ခိုက်မှုကြောင့် လွင့်ထွက်သွားခဲ့သော်လည်း သေဆုံးခြင်းမရှိပါချေ။

"သူတို့ မသေဘူးလား"

ရှန့်ဟုန်ပင်း အနည်းငယ် ကြောင်အသွားခဲ့သည်။ ပုံမှန်အားဖြင့် အရှိန်ပြင်းဝင်တိုက်မှုဖြင့် သူသည် ရူးသွပ်ဇွန်ဘီများနှင့် သွေးနည်းသော အထူးဇွန်ဘီအချို့ကို တစ်ချက်တည်းသတ်ဖြတ်ခြင်း ပြုလုပ်နိုင်၏။ သို့သော် ဤအဆိပ်မြူဇွန်ဘီများမှာမူ မသေခဲ့ကြပါ။

ဒုန်း -

မကြာမီမှာပင် နောက်ထပ် အရှိန်ပြင်းဝင်တိုက်မှုများစွာ ပေါ်ထွက်လာခဲ့သည် -။

စခန်းတွင် အရှိန်ပြင်းဝင်တိုက်ခြင်းစွမ်းရည်ကို တတ်မြောက်ထားသော အခြားစွမ်းရည်ရှင်များလှုပ်ရှားခဲ့ခြင်းဖြစ်၏။

သို့သော် သူတို့အားလုံးမှာလည်း ရှန့်ဟုန်ပင်းကဲ့သို့ပင် အဆိပ်မြူဇွန်ဘီများကို တစ်ချက်တည်းနှင့် မသတ်နိုင်ကြပါ။

တစ်ချက်တည်းသတ်ဖြတ်နိုင်သည့် ဖြစ်ရပ်အချို့ ရှိသော်လည်း ၎င်းက လူအများအပြား ဇွန်ဘီတစ်ကောင်တည်းကို တစ်ပြိုင်နက်တည်း အရှိန်ပြင်းဝင်တိုက်မိခြင်းကြောင့် ဖြစ်၏... ။

ရှန့်ဟုန်ပင်း၏ မျက်နှာအမူအရာမှာ ခက်ထန်သွား၏။ အဆိပ်မြူခိုးများ မရှိလျှင်ပင် ဤဇွန်ဘီများ၏ ကိုယ်ပိုင်ခွန်အားသည် ရူးသွပ်ဇွန်ဘီများထက် သာလွန်နေသည်။ ၎င်းတို့သည် အထူးဇွန်ဘီများထက် မညံ့နိုင်ကြောင်း သူ ခန့်မှန်းမိသော်လည်း ၎င်းတို့ကအထူးဇွန်ဘီများ ဟုတ်မဟုတ်ကိုလည်း သူ မသိပါ။ သို့သော် သူတို့သည် အပြင်သို့ ရောက်ရှိနေပြီဖြစ်ရာ အခြားအရာများကို ပြော

နေလျှင် အပိုသာဖြစ်သဖြင့် တိုက်ခိုက်ရန်သာ ရှိတော့သည်။

ဒုန်း—

ရှန့်ဟုန်ပင်းသည် သူလဲကျအောင် လုပ်ထားသော အဆိပ်မြူဇွန်ဘီအုပ်စုကို တုန်ခါမှုလှိုင်းဖြင့် တိုက်ခိုက်လိုက်၏။ ဇွန်ဘီများသည် တုန်ခါမှုလှိုင်းကြောင့် ဘေးဘီဝဲယာသို့ ချက်ချင်း လွင့်စင်သွားကြသော်လည်း မည်သူမျှ သေဆုံးခြင်းမရှိပါ။

ရှန့်ဟုန်ပင်းက ဒုတိယမြောက် တုန်ခါမှုလှိုင်းကို ထုတ်လွှတ်လိုက်ပြီးနောက်မှသာ အဆိပ်မြူဇွန်ဘီတစ်ကောင်သည် သူ၏လက်ချက်ဖြင့် သေဆုံးသွားခဲ့သည်။

"ဒီဇွန်ဘီတွေကို သတ်ဖို့ အနည်းဆုံး နှစ်ချက် ဒါမှမဟုတ် သုံးချက် ထိုးနှက်ရမယ်"

သူ၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် အထူးဇွန်ဘီတစ်ကောင်ကို ချုံခိုတိုက်ခိုက်မည်ဆိုပါက နှစ်ချက် သုံးချက်မျှသာ လိုအပ်သည်။ တစ်နည်းအားဖြင့် ကာကွယ်ရေးအပိုင်းတစ်ခုတည်း၌ပင် ဤဇွန်ဘီများသည် အခြေခံအားဖြင့် အထူးဇွန်ဘီများနှင့် ညီမျှနေ၏။

ရှန့်ဟုန်ပင်းသည် ဇွန်ဘီများကို ရိုက်ချက်အနည်းငယ်ဖြင့် သတ်နိုင်သော်လည်း အရေအတွက်မှာ သောင်းချီ၍ များပြားလှသည်။ ၎င်းတို့အားလုံး သူ၏ရှေ့တည့်တည့်တွင် ရှိနေလျှင်ပင် သူ၏ ပုဆိန်သွား ပဲ့သွားသည်အထိ သတ်လျှင်တောင် အကုန်သတ်နိုင်မည်မဟုတ်ချေ။

ရှန့်ဟုန်ပင်းကို ပို၍ စိတ်ပျက်စေသည်မှာ ဤဇွန်ဘီများကို သတ်ပြီးနောက်တွင်ပင် ၎င်းတို့၏ အလောင်းများက အစိမ်းရောင်အဆိပ်မြူခိုးများကို ဆက်လက်ထုတ်လွှတ်နေခြင်း ဖြစ်သည်။

"တောက်...အမြုတေတောင် မရှိဘူး။ သူတို့က အထူးဇွန်ဘီတွေ မဟုတ်တာ သေချာတယ်"

ရှန့်ဟုန်ပင်းသည် အချိန်ခဏယူကာ အဆိပ်မြူဇွန်ဘီတစ်ကောင်၏ ခေါင်းကို ခွဲကြည့်လိုက်သော်လည်း အတွင်း၌ မည်သည့်အမြုတေမျှ ရှာမတွေ့ခဲ့ပါ။

သို့သော် သတင်းကောင်းတစ်ခုတော့ ရှိ၏။

ဤဇွန်ဘီများတွင် အခြားတိုက်ခိုက်ရေးစွမ်းရည်များ မရှိဘဲ သွေးပမာဏ မြင့်မားခြင်း၊ ကာကွယ်ရေးကောင်းမွန်ခြင်းနှင့် အဆိပ်လွှတ်ခြင်းတို့သာ ရှိကြောင်း ရှန့်ဟုန်ပင်း သိရှိသွားခဲ့သည်။

အထူးဇွန်ဘီအများစုနှင့် နှိုင်းယှဉ်ပါက ထိပ်တိုက်တွေ့တိုက်ပွဲတွင် ဤအဆိပ်မြူဇွန်ဘီများသည် ရင်ဆိုင်ရ နည်းနည်း ပို၍လွယ်ကူလေသည်။

သို့သော် ထို "အနည်းငယ် ပို၍လွယ်ကူသည်" ဆိုသည်မှာ ရှန့်ဟုန်ပင်းတစ်ယောက်တည်းအတွက်သာ ဖြစ်၏။ အခြားသူများအတွက်မူ ဤအဆိပ်မြူဇွန်ဘီများသည် ကိုင်တွယ်ရန် မလွယ်ကူပါ။

အထူးသဖြင့် လူအများအပြားမှာ အဆိပ်မြူများကို ရှူရှိုက်မိထားကြသဖြင့် ခွန်အားများ သိသိသာသာ လျော့နည်းနေသည်။ သူတို့သည် ပုံမှန်ဆိုလျှင်ပင် တိုက်ခိုက်ရန် ခက်ခဲလှရာ ယခုကဲ့သို့ ခွန်အားများ လျော့ကျနေချိန်တွင် ပို၍ပင် ခက်ခဲသွားတော့သည်။

"အား—"

စွမ်းရည်ရှင်တစ်ဦးသည် သူ၏နောက်ရှိ ဇွန်ဘီတစ်ကောင်၏ လည်ပင်းကို အကိုက်ခံလိုက်ရသည်။ သူသည် နာကျင်စွာ အော်ဟစ်ရင်း လွတ်မြောက်ရန် ရုန်းကန်ခဲ့သော်လည်း ဇွန်ဘီများ ပို၍ပို၍ သူ၏အပေါ်သို့ အုပ်စုလိုက် ဝိုင်းအုံလာကြသည်။ သူသည် ဗိုင်းရပ်စ် တားဆီးဆေးကိုပင် အသုံးပြုရန် အချိန်မရလိုက်ဘဲ မကြာမီပင် ငြိမ်သက်သွားခဲ့တော့သည်။

"ချီးပဲ"

ရှန့်ဟုန်ပင်းသည် တိုးတိုးလေး ကျိန်ဆဲလိုက်ရင်း မိမိအား လာရောက်လုံးထွေးနေသော ဇွန်ဘီ၏ခေါင်းကို ပုဆိန်ဖြင့် ခုတ်ခွဲလိုက်၏။

သူသည် ထိုမြင်ကွင်းကို အဝေးမှ လှမ်းမြင်နေရသော်လည်း သူ၏ ပတ်ပတ်လည်တွင် ဇွန်ဘီများ ဝိုင်းနေသဖြင့် ပိတ်မိနေပြီး သွားရောက်ကူညီပေးနိုင်ခြင်း မရှိပါ။

"သေကြစမ်း.."

သူသည် ရင်ထဲမှ ဒေါသများကို ဇွန်ဘီများအပေါ်၌သာ ပုံချလိုက်နိုင်သည်။

ထို့ပြင် ဤထိခိုက်သေဆုံးမှုမှာ အစပြုခြင်းမျှသာ ဖြစ်၏။မကြာမီ ထိခိုက်သေဆုံးမှုများမှာ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

ကံကောင်းသူများကို အဖော်များက ကယ်တင်နိုင်ခဲ့သဖြင့် ဗိုင်းရပ်စ် တားဆီးဆေးတစ်ပုလင်းကို မြန်မြန်သောက်နိုင်ခဲ့ကြသည်။ ကံမကောင်းသူများမှာမူ ဇွန်ဘီများအကိုက်ခံရ၍ သေဆုံးခဲ့ကြရပြီး ဗိုင်းရပ်စ် တားဆီးဆေးကို အသုံးပြုရန် အချိန် လုံးဝမရရှိခဲ့ကြချေ။

ရှန့်ဟုန်ပင်းသည် အသက်ရှင်ကျန်ရစ်သူများ တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားသည်ကို ရင်နာစွာ မြင်တွေ့နေရသည်။

"ချီးကောင်တွေ..သေစမ်း...သေ..သေကြ.."

သူသည် ဒေါသတကြီးဖြင့် အန္တရာယ်ကိုပင် ဂရုမစိုက်တော့ဘဲ ဇွန်ဘီအုပ်ကြီးထဲသို့ တစ်ယောက်တည်း တိုးဝင်ကာ ရိုက်ချက်အနည်းငယ်ဖြင့် ဇွန်ဘီတစ်ဒါဇင်ကျော်ကို သတ်ဖြတ်လိုက်ရာ သူ၏ တိုက်ခိုက်ရေးစွမ်းအားမှာ ပို၍ပို၍ သန်မာလာပုံရ၏။

သို့သော် သူတစ်ယောက်တည်းနှင့် မလုံလောက်ပါ၊ ဇွန်ဘီအရေအတွက်က များလွန်းလှသည်။

အချိန်တစ်ခု၌ ရှန့်ဟုန်ပင်းသည် အဆိပ်မြူဇွန်ဘီတစ်ကောင်အား ပုဆိန်ဖြင့် ခုတ်လိုက်စဉ် တစ်ဖက်လူက ရုတ်တရက် ခေါင်းကို စောင်းကာ ရှန့်ဟုန်ပင်း၏ ရိုက်ချက်ကို ရှောင်တိမ်းလိုက်ပြီးနောက် ရှန့်ဟုန်ပင်း၏ ရင်ဘတ်ကို လက်ဖဝါးဖြင့် ရိုက်ထုတ်လိုက်၏။

ဒုန်း—

ရှန့်ဟုန်ပင်းသည် လွင့်ထွက်သွားပြီး ဇွန်ဘီအုပ်ကြီးထဲသို့ ကျသွားခဲ့သည်။

ရှူး—

အရှိန်ပြင်းဝင်တိုက်ခြင်းမှ ထွက်ပေါ်လာသော အလင်းတန်းတစ်ခု လင်းလက်သွားပြီး ဟန်ရွှေသည် ဇွန်ဘီများ၏ ပါးစပ်တွင်းမှ ရှန့်ဟုန်ပင်းကို အချိန်မီ ဆွဲထုတ်ရန် ရောက်ရှိလာခဲ့၏။

"ဒီကောင်က ဘာလို့ ဒီလောက်တောင် သန်မာနေရတာလဲ။ အဟွတ်၊ အဟွတ်—"

ဟန်ရွှေက သူ့ကို ဆွဲခေါ်သွားစဉ် ရှန့်ဟုန်ပင်း၏ နုတ်ခမ်းထောင့်မှ သွေးများ စီးကျလာခဲ့သည်။

ဟန်ရွှေသည် အခြားအဆိပ်မြူဇွန်ဘီများထက် သိသိသာသာ ပို၍ကြီးမားသော ဇွန်ဘီကို လှည့်ကြည့်လိုက်၏။ ၎င်း၏ ခန္ဓာကိုယ်အတွင်းမှ သိသိသာသာ ပိုမိုကြီးမားသော စွမ်းအားကို သူမခံစားမိသည်။

"ဒါက ဒုတိယအဆင့်ဇွန်ဘီပဲ"

"ဘာ။ ဒုတိယအဆင့်ဇွန်ဘီ ဟုတ်လား"

ရှန့်ဟုန်ပင်း၏ မျက်နှာသည် ချက်ချင်း ပျက်သွားခဲ့သည်။

အကယ်၍ ၎င်းသည် အထူးဇွန်ဘီသာဆိုလျှင် ပို၍ သန်မာခြင်း သို့မဟုတ် အခြားသော အရည်အသွေးများ ရှိခြင်းသာ ဖြစ်နိုင်သဖြင့် ကိုင်တွယ်ဖြေရှင်း၍ ရနိုင်သေးသည်။

သို့သော် ၎င်းသည် ဒုတိယအဆင့်ဇွန်ဘီဖြစ်ပါက ဘက်စုံမြှင့်တင်မှု ရှိနေခြင်းကို ဆိုလိုသည်။ အားအနည်းဆုံး ဒုတိယအဆင့်ဇွန်ဘီဖြစ်စေဦးတော့ သူတို့လို ပထမအဆင့်များအတွက် ကိုင်တွယ်ရန် ခက်ခဲလိမ့်မည် ဖြစ်၏။လက်ရှိတွင် သူတို့၏ အဓိက တိုက်ခိုက်ရေးသမားနှစ်ဦးဖြစ်သော ဝမ်ထောင်နှင့် ဝေကျန့်ကော်တို့ကလည်း မရှိသေးချေ။

"မဖြစ်နိုင်တာ—"

ရှန့်ဟုန်ပင်း စကားမဆုံးမီမှာပင် သူ့

ကို တိုက်ခိုက်ခဲ့သော ဇွန်ဘီကြီးသည် လူအုပ်ထဲသို့ အရှိန်အဟုန်ဖြင့် ပြေးဝင်လာခဲ့သည်။ ထို့နောက် အစိမ်းရောင်မီးခိုးများ ထွက်နေသော ၎င်း၏ လက်ဖဝါးဖြင့် ရိုက်ချလိုက်၏။

ဒုန်း—

ချက်ချင်းပင် အသက်ရှင်ကျန်ရစ်သူအချို့မှာ လွင့်ထွက်သွားပြီး လေထဲတွင် သွေးများ အန်ကုန်ကြသည်။ သို့သော် သူတို့က ကံကောင်းသူများ ဖြစ်ကြ၏။ ကံမကောင်းသူများမှာမူ ဦးခေါင်းကို တိုက်ရိုက်ရိုက်မိသဖြင့် ဦးခေါင်းခွံများမှာ ဖရဲသီးကဲ့သို့ ပေါက်ကွဲထွက်သွားခဲ့ရသည်။

" ဒါကြီးက တကယ်ပဲ ဒုတိယအဆင့်ဇွန်ဘီပဲ"

ပထမအဆင့်စွမ်းရည်ရှင်များကို

တစ်ချက်တည်း သတ်ဖြတ်နိုင်သော တိုက်ခိုက်ရေးစွမ်းအားသည် ဒုတိယအဆင့် သို့မဟုတ် ထို့ထက်မြင့်သော ဇွန်ဘီဖြစ်ကြောင်း သေချာလှပေသည်။

ဒါပေမဲ့ ဘာလို့ နောက်ထပ် ဒုတိယအဆင့်ဇွန်ဘီတစ်ကောင် ရှိနေရတာလဲ။

သူတို့သည် သာမန်အဆိပ်မြူဇွန်ဘီများကိုပင် မကိုင်တွယ်နိုင်သေးရာ ယခုအခါ ဒုတိယအဆင့်ဇွန်ဘီတစ်ကောင်ပါ ရှိနေပြီဖြစ်သည်။

အသက်ရှင်ဖို့ လမ်းစ ရှိပါဦးမလား။

သို့သော် ရှန့်ဟုန်ပင်း ရပ်တည်ရာမရ

လောက်အောင်တော့ မကြောက်ပါ၊ အဆိုးဆုံးဆိုလျှင် သေရုံသာ ရှိသည်။ သူသည် ကမ္ဘာပျက်ကပ်ထဲတွင် အသက်ရှင်နေထိုင်ခဲ့ရသည်မှာ ထိုက်တန်သလောက် ကြာမြင့်ခဲ့ပြီဟု ခံစားရ၏။သူတို့ကို ယုံကြည်အားကိုး၍ လာရောက်ခိုလှုံနေရှာသော အသက်ရှင်ကျန်ရစ်သူများ သေဆုံးနေရသည်ကို မြင်နေရ၍သာ စိတ်နာကျင်ရခြင်း ဖြစ်သည်၊

မြင်နေရသော်လည်း ဘာမှမတတ်နိုင်သည့်အတွက် ပို၍နာကျင်ရ၏။

"ငါတို့နှစ်ယောက် ဒီဒုတိယအဆင့်ဇွန်ဘီကို ကိုင်တွယ်ဖို့ ကြိုးစားကြည့်မလား"

အသက်ရှူအနည်းငယ် ပြန်မှန်လာပြီးနောက် ရှန့်ဟုန်ပင်းက ဟန်ရွှေကို ကြည့်ကာ ပြောလိုက်သည်။

"အင်း"

ဟန်ရွှေ၏ မျက်နှာအမူအရာကလည်း ပြတ်သားလှပေသည်။

အကယ်၍ သူတို့သည် ထိုဒုတိယအဆင့်ဇွန်ဘီကို လူအုပ်ထဲတွင် ဆက်လက်သောင်းကျန်းခွင့်ပြုထားပါက အသက်ရှင်ကျန်ရစ်သူများ ပို၍သေဆုံးရလိမ့်မည်။ ထို့ကြောင့် သူတို့ ရှေ့ထွက်ရပေမည်။

"ငါ့ကိုပါ ထည့်လိုက်"

ဖုန်းမင်အန်သည် ကိုယ်တိုင်လုပ်လှံကို ကိုင်ဆောင်ရင်း ပြေးလာခဲ့သည်။ သူ၌ အကျိအချွဲအန်ဖက်စွမ်းရည်သာ ရှိသော်လည်း ဤစွမ်းရည်သည် ကောင်းမွန်သော ထိန်းချုပ်မှုစွမ်းရည်တစ်ခု ဖြစ်၏။ အကယ်၍ တစ်စုံတစ်ဦးက သူနှင့် ပူးပေါင်းဆောင်ရွက်ပါက ကောင်းမွန်သော ရလဒ်များ ထွက်ပေါ်လာ

နိုင်သည်။

"ငါလည်း လာပြီ"

လူကန်း၏အသံသည် ဝေါကီတော်ကီမှတစ်ဆင့် ထွက်ပေါ်လာခဲ့သည်။

လူတိုင်း မော့ကြည့်လိုက်သောအခါ ဘက်စုံသုံးအဆောက်အအုံ၏ ပြတင်းပေါက်တစ်ခုမှ မြှားတစ်စင်း ထွက်ပြူနေသည်ကို မြင်လိုက်ရ၏။

"ကောင်းပြီ၊ ဒါဆို ငါတို့... အရှိန်ပြင်းဝင်တိုက်မယ်"

ရှန့်ဟုန်ပင်းသည် သူ၏အစီအစဉ်ကို အကျဉ်းချုပ် ရှင်းပြလိုက်ပြီးနောက် ဟန်ရွှေက ပထမဆုံး အရှိန်ပြင်းဝင်တိုက်လိုက်သည်။

ဝုန်း—

ဟန်ရွှေသည် အရှိန်ပြင်းဝင်တိုက်ခြင်းကို အသုံးပြုကာ သာမန်အဆိပ်မြူဇွန်ဘီအချို့ကို တိုက်သတ်လိုက်ပြီး ဒုတိယအဆင့် အဆိပ်မြူဇွန်ဘီနှင့် မလှမ်းမကမ်းသို့ ရောက်ရှိသွားခဲ့၏။

ဟန်ရွှေ ပေါ်လာခြင်းသည် ဇွန်ဘီ၏ အာရုံကို ချက်ချင်း ဆွဲဆောင်သွားခဲ့ပြီး ၎င်း

သည်ဟိန်းဟောက်ရင်း သူမထံသို့ လျင်မြန်စွာ ပြေးဝင်လာသည်။

သို့သော် ဟန်ရွှေ၏ ရှေ့တည့်တည့်သို့ ပြေးဝင်လာစဉ်မှာပင် အဖြူရောင်အလင်းတစ်ခု ရုတ်တရက် လင်းလက်သွားပြီး ရှန့်ဟုန်ပင်းသည် ဖုန်းမင်အန်ကို ဆွဲခေါ်ကာ ဒုတိယအဆင့် အဆိပ်မြူဇွန်ဘီ၏ နောက်

တွင်ပေါ်လာခဲ့၏။

ထို့နောက် ဖုန်းမင်အန်သည် ဇွန်ဘီကို ဦးတည်ကာ အန်ချလိုက်လေသည်။

ဝေါ့—

ကြီးမားသော အချွဲဖြူထုကြီးတစ်ခု ထွက်ပေါ်လာပြီး ဒုတိယအဆင့် အဆိပ်မြူဇွန်ဘီ၏အပေါ်သို့ အကုန်ကျရောက်သွားခဲ့၏။

ဇွန်ဘီ၏ အရှိန်သည် လျော့နည်းသွားပြီး ခန္ဓာကိုယ်မှာ တောင့်တင်းသွားခဲ့သည်။

"အောင်မြင်ပြီ"

ဖုန်းမင်အန်သည် ချက်ချင်းပင် အလွန်အမင်း ဝမ်းသာသွားခဲ့သည်။

သူသည် သူ၏ အကျိအချွဲအန်ဖက်စွမ်းရည်ကို ဒုတိယအဆင့်ဇွန်ဘီတစ်ကောင်အပေါ်၌ ယခင်က မသုံးဖူးပါ။ ဂေါ်ရီလာဇွန်ဘီအပေါ် သုံးစဉ်က မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိခဲ့ချေ။ ခေါင်းစွပ်ဇွန်ဘီကလည်း သူ လက်လှမ်းမမီနိုင်လောက်အောင် မြန်လွန်းလှသည်။ထို့အတွေ့အကြုံများက ဖုန်းမင်အန်ကို အနည်းငယ် စိတ်အားငယ်စေခဲ့သည်။

ယခုတော့ ကံကောင်းထောက်မစွာဖြင့် သူသည် ဒုတိယအဆင့်ဇွန်ဘီအပေါ် အသုံးပြုနိုင်ခဲ့ပြီး အကျိုးသက်ရောက်မှု ရှိသွားလေသည်။

ရှူး—

ထိုအချိန်တွင် ဘက်စုံသုံးအဆောက်အအုံမှ သံမဏိမြှားတစ်စင်း ရုတ်တရက် ပျံသန်းထွလာပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ဒုတိယအဆင့် အဆိပ်မြူဇွန်ဘီ၏ ရှေ့သို့ ရောက်ရှိလာခဲ့၏။

စွပ်—

မြှားသည် အဆိပ်မြူဇွန်ဘီ၏ နားရွက်မှတစ်ဆင့် ၎င်း၏ဦးခေါင်းထဲသို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။

အဆိပ်မြူဇွန်ဘီ၏ ခန္ဓာကိုယ် တောင့်တင်းသွား၏။

"ဟင်...သူ သေသွားပြီလား"

လူတိုင်း မအောင်ပွဲမခံရသေးမီမှာပင် ဒုတိယအဆင့် အဆိပ်မြူဇွန်ဘီသည် ခေါင်းကို ရုတ်တရက် နောက်သို့စောင်းကာ

ဟိန်းဟောက်လိုက်ရာ ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ ခဲနေသောအချွဲဖြူများမှာ ရုတ်တရက် ပေါက်ကွဲထွက်သွားခဲ့သည်။

ဝုန်း—

ဒုတိယအဆင့် အဆိပ်မြူဇွန်ဘီသည် ချက်ချင်းပင် ရုန်းထွက်လွတ်မြောက်သွားခဲ့၏။

၎င်း၏ဦးခေါင်းတွင် မြှားစိုက်နေဆဲ ဖြစ်သော်လည်း ပတ်ပတ်လည်ရှိ လူများကို ရူးသွပ်စွာ စတင်တိုက်ခိုက်တော့သည်။

ဒုန်း။

ကံမကောင်းသော ရှန့်ဟုန်ပင်းသည် ပထမဆုံး ပစ်မှတ်ဖြစ်လာခဲ့ပြီး ဒုတိယအဆင့် အဆိပ်မြူဇွန်ဘီ၏ ရိုက်ချက်ကြောင့် နောက်တစ်ကြိမ် လွင့်ထွက်သွားခဲ့ရပြန်သည်။

ဟန်ရွှေနှင့် ဖုန်းမင်အန်တို့သည် အခွင့်အရေးကို အသုံးချကာ ဒုတိယအဆင့် အဆိပ်မြူဇွန်ဘီကို အကြိမ်အနည်းငယ် တိုက်ခိုက်ခဲ့သော်လည်း မည်သည့်အကျိုးသက်ရောက်မှုမျှ မရှိသကဲ့သို့ ခံစားရ၏။

"ဂီးဂီး ဂရား..."

တိုက်ခိုက်ခံရပြီးနောက် ဒုတိယအဆင့် အဆိပ်မြူဇွန်ဘီသည် ပါးစပ်ကို ရုတ်တရက် ဖွင့်ကာ အစိမ်းရောင်အရည်များကို ထွေးထုတ်လိုက်ရာ ၎င်းမှာ ဖုန်းမင်အန်ထံသို့ တည့်တည့် ပျံသန်းလာခဲ့သည်။

မိမိ ရှောင်တိမ်း၍မရနိုင်သည်ကို မြင်သောအခါ ဖုန်းမင်အန်သည်လည်း ပါးစပ်ကိုဖွင့်၍ ထိုအစိမ်းရောင်အရည်ထံသို့ အန်ချလိုက်၏။

ဝေါ့—

အချွဲဖြူများသည် အစိမ်းရောင်အရည်နှင့် ချက်ချင်းပင် ပေါင်းစပ်သွားပြီး ၎င်းကို လွှမ်းခြုံသွားခဲ့သည်။

သို့သော် အစိမ်းရောင်အဆိပ်မြူသည် တိုက်စားတတ်သော သဘောရှိပုံရပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ဖုန်းမင်အန်၏ အချွဲဖြူများအားလုံး တိုက်စားခြင်းခံရလေသည်။

သို့သော် ထိုအချိန်တွင် ဟန်ရွှေသည် ဖုန်းမင်အန်ကို ဖမ်းဆွဲကာ သူမ၏ အရှိန်ပြင်းဝင်တိုက်ခြင်းစွမ်းရည်ကို အသုံးပြု၍ ထွက်ပြေးသွားခဲ့ပြီး ဖြစ်၏။

"တောက်...ဒုတိယအဆင့်ဇွန်ဘီပီပီ တိုက်ရတာ တကယ်ခက်တာပဲ"

ရှန့်ဟုန်ပင်းက ခက်ထန်သော မျက်နှာအမူအရာဖြင့် ပြောလိုက်သည်။

အကယ်၍ ဤဒုတိယအဆင့်ဇွန်ဘီကို မရှင်းနိုင်ပါက အခြားအသက်ရှင်ကျန်ရစ်သူများသည် ဇွန်ဘီများ၏လက်ချက်ဖြင့် အနှေးနှင့်အမြန် သတ်ဖြတ်ခြင်း ခံရပေလိမ့်မည်။

"ငါတို့ တင့်ကားဖျက်စနိုက်ပါရိုင်ဖယ်ကို သုံးသင့်လား"

လူကန်း၏အသံသည် ဝေါကီတော်ကီမှ ထွက်ပေါ်လာခဲ့သည်။

တင့်ကားဖျက်စနိုက်ပါရိုင်ဖယ်သည် အလွန် စွမ်းအားပြင်းလှသည်။ အကယ်၍ ၎င်းတို့ သင့်တော်သော အခွင့်အရေးကို ရှာဖွေနိုင်ပါက ဤဒုတိယအဆင့် အဆိပ်မြူဇွန်ဘီကို သတ်နိုင်ရန် အခွင့်အလမ်း အလွန်များပြားသည်။ သို့သော် ပြဿနာမှာ ၎င်းရိုင်ဖယ်သည် အသံအလွန်ကျယ်လောင်လွန်းခြင်း ဖြစ်ပြီး အကယ်၍ သူ သေနတ်ပစ်လိုက်ပါက ပတ်ပတ်လည်ရှိ ရူးသွပ်ဇွန်ဘီများကိုပါ ဆွဲဆောင်မိရန် အခွင့်အလမ်း အလွန်များပြားလှသည်။

ဤနေရာတွင် အဆိပ်မြူဇွန်ဘီများစွာ ရှိနေနှင့်ပြီးဖြစ်ရာ အကယ်၍ ရူးသွပ်ဇွန်ဘီများကိုပါ ထပ်မံဆွဲဆောင်မိပါက ပို၍ ဆိုးရွားသွားပေလိမ့်မည်။

ရှန့်ဟုန်ပင်းသည် ခဏမျှ ဝေခွဲမရဖြစ်သွားပြီးနောက် ပြတ်သားစွာ ခေါင်းငြိမ့်လိုက်၏။

"သုံးလိုက်။ ငါတို့မှာ အခြားရွေးချယ်စရာ မရှိတော့ဘူး။ ငါတို့ ဒီဒုတိယအဆင့်ဇွန်ဘီကို ကိုင်တွယ်နိုင်မယ်ဆိုရင် ရူးသွပ်ဇွန်ဘီတွေကို ဆွဲဆောင်မိရင်တောင် ထိုက်တန်ပါတယ်"

"ကောင်းပြီ"

လူကန်းက ပြန်လည်ဖြေကြားရင်း သူ၏ ထူထဲပြီးမည်းနက်သော စနိုက်ပါရိုင်ဖယ်ကို ထုတ်ယူလိုက်သည်။

"ဒါပေမဲ့ မင်းတို့ ငါ့အတွက် အခွင့်အရေးတစ်ခု ဖန်တီးပေးရမယ်..."

"ပြဿနာမရှိဘူး၊ စောင့်နေလိုက်"

အခြားသူများနှင့် တိုင်ပင်ပြီးနောက် ရှန့်ဟုန်ပင်းသည် ဒုတိယအဆင့် အဆိပ်မြူဇွန်ဘီအပေါ်သို့ နောက်ထပ် တိုက်ခိုက်မှုတစ်ခုကို စတင်ခဲ့သည်။

သူတို့သည် ပြီးခဲ့သည့်အကြိမ်ကကဲ့သို့ပင် ပြုလုပ်ရန် စီစဉ်ခဲ့ကြသည်၊၊ ဟန်ရွှေက ဇွန်ဘီ၏အာရုံကို လွှဲပြောင်းပေးမည်ဖြစ်ပြီး ရှန့်ဟုန်ပင်းနှင့် ဖုန်းမင်အန်တို့ကမူ ၎င်းကို ထိန်းချုပ်ထားရန် နောက်ကွယ်မှ ချုံခိုတိုက်ခိုက်ကြမည် ဖြစ်သည်။ ဇွန်ဘီကို တစ်စက္ကန့်မျှသာ ထိန်းထားနိုင်လျှင်ပင် လူကန်း သေနတ်ပစ်ရန် လုံလောက်ပေလိမ့်မည်။

သို့သော် ယခုအကြိမ်တွင်မူ မျှော်လင့်မထားသော အရာတစ်ခု ဖြစ်ပျက်ခဲ့သည်။ ဟန်ရွှေသည် ဒုတိယအဆင့် အဆိပ်မြူဇွန်ဘီ၏ အာရုံကို လွှဲရန် အရှိန်ပြင်းဝင်တိုက်သွားစဉ် ၎င်းဇွန်ဘီသည်လည်း အရှိန်ပြင်းဝင်တိုက်ခြင်းစွမ်းရည်ကိုပင် အသုံးပြုလိုက်ပုံရပြီး မျက်စိတစ်မှိတ်အတွင်း မီတာအနည်းငယ်ကို ဖြတ်ကျော်ကာ သူမ၏ ရှေ့တည့်တည့်တွင် ပေါ်လာခဲ့၏။

ဒုန်း—

ဟန်ရွှေသည် ရိုက်ထုတ်ခြင်းခံရကာ လွင့်ထွက်သွားခဲ့သည်။

"အဟွတ်—"

ကံကောင်းထောက်မစွာဖြင့် ဟန်ရွှေသည် အသက်ရှင်ကျန်ရစ်သူများကြားသို့ ကျရောက်သွားခဲ့သဖြင့် အခြားဇွန်ဘီများ၏ ဝိုင်းအုံခြင်းကို မခံခဲ့ရသော်လည်း သူမသည် သွေးအမြောက်အမြား အန်သွား၏။

ရှန့်ဟုန်ပင်းသည် ဟန်ရွှေအတွက် စဉ်းစားရန် အချိန်မရနိုင်ဘဲ သူသည် ဖုန်းမင်အန်ကို ချက်ချင်းခေါ်ကာ ဒုတိယအဆင့် အဆိပ်မြူဇွန်ဘီ၏ နောက်သို့ ပြေးသွားခဲ့ပြီး ဖုန်းမင်အန်က ဇွန်ဘီထံသို့ အမြောက်အမြား အန်ချလိုက်၏။

ဝေါ့—

အချွဲဖြူအမြောက်အမြားသည် ဒုတိယအဆင့်ဇွန်ဘီကို နေရာတွင် ထပ်မံကပ်ညှပ်သွားစေခဲ့သည်။

ဇွန်ဘီ၏ ခန္ဓာကိုယ်သည် တောင့်တင်းသွားပြီး တစ်ချိန်တည်းမှာပင် ကျယ်လောင်လှသော သေနတ်သံတစ်ခု မြည်ဟည်းသွားခဲ့၏။

ဒိန်း.....။

ဒုတိယအဆင့် အဆိပ်မြူဇွန်ဘီ၏ မျက်နှာတစ်ခြမ်းလုံး ပျောက်ကွယ်သွားခဲ့သည်။

သို့သော် ၎င်းသည် သေဆုံးမသွားခဲ့ပါ၊ ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ ခဲနေသောအချွဲများမှာ ချက်ချင်း ပေါက်ကွဲထွက်သွားပြီး ဟောက်သံနှင့်အတူ ဖုန်းမင်အန်ထံသို့ တည့်တည့် ပြေးဝင်လာခဲ့တော့သည်။

ဤဇွန်ဘီသည် ခေါင်းစွပ်ဇွန်ဘီ သို့မဟုတ်

ဂေါ်ရီလာဇွန်ဘီတို့ကဲ့သို့ အမြင်စူးရှခြင်းမရှိသည်မှာ ထင်ရှားလှသည်၊၊ ၎င်းသည် သူ့ကို မည်သူက တိုက်ခိုက်ခဲ့သည်ကို မသိရှိဘဲ ဗီဇအရ ဖုန်းမင်အန်ကိုသာ ရန်သူအဖြစ် သတ်မှတ်လိုက်ခြင်း ဖြစ်၏။

သို့သော် ဖုန်းမင်အန်သည်လည်း ပြင်ဆင်ထားပြီး ဖြစ်သည်။ သူသည် သူ၏ တိုက်ခိုက်ရေးစွမ်းအားက မမြင့်ကြောင်းသိထားသဖြင့် ကာကွယ်ရေးအပိုင်းတွင် ပိုမိုအားစိုက်ထားခဲ့သည်။ သူ၏နောက်ကျောမှ သံမဏိဒိုင်းကို ထုတ်ယူကာ မိမိ၏ ရှေ့တည့်တည့်တွင် တိုက်ရိုက် ကာကွယ်လိုက်၏။

ဒန်—

ဇွန်ဘီ၏ တိုက်ခိုက်မှုသည် သံမဏိဒိုင်းပေါ်သို့ ကျရောက်သွားခဲ့သည်။ ဖုန်းမင်အန်သည် လွင့်ထွက်သွားလုနီးပါး ဖြစ်ခဲ့ရသော်လည်း ကံကောင်းထောက်မစွာဖြင့် ရှန့်ဟုန်ပင်းက သူ့ကို နောက်မှ ပံ့ပိုးကူညီပေးခဲ့သည်။

"တကယ့်ကို မယုံနိုင်စရာ ခွန်အားပဲ"

ဖုန်းမင်အန်သည် သူ၏ ထုံကျင်နေသော လက်မောင်းများကို လှုပ်ခါလိုက်၏။

"ငါ့ကို ဒိုင်းပေး၊ ဒင်းကို ထပ်ပြီး အန်ချဖို့ အခွင့်အရေးရှာလိုက်"

ဒိုင်းကို ယူပြီးနောက် ရှန့်ဟုန်ပင်းသည် ဒုတိယအဆင့် အဆိပ်မြူဇွန်ဘီထံသို့ တိုက်ရိုက် ပြေးဝင်သွားခဲ့သည်။

ဒုန်း။

နှစ်ဦးသား ထိပ်တိုက်တွေ့ဆုံကြ၏။

အရှိန်ပြင်းဝင်တိုက်ခြင်းစွမ်းရည်သည် အမှန်တကယ်ပင် စွမ်းအားပြင်းလှသည်၊၊ ရှန့်ဟုန်ပင်းသည် ဒုတိယအဆင့် အဆိပ်မြူဇွန်ဘီကို ခဏမျှ ကြံ့ကြံ့ခံထားနိုင်ခဲ့ပြီး ဖုန်းမင်အန်ကမူ အခွင့်အရေးကို အသုံးချကာ ၎င်း၏နောက်သို့ ပြေးသွားခဲ့သည်။

ဝေါ့—

နောက်ထပ် အချွဲဖြူထုကြီးတစ်ခုသည် ဒုတိယအဆင့် အဆိပ်မြူဇွန်ဘီကို နေရာတွင် ကပ်ညှပ်သွားစေပြန်သည်။

ဖုန်းမင်အန် နေရာယူထားသည်ကို မြင်သောအခါ ရှန့်ဟုန်ပင်းသည် အကျိအချွဲအန်ဖက်အတွင်း ပိတ်မိခြင်းမှ ရှောင်ရှားရန် ချက်ချင်း နောက်ဆုတ်လိုက်၏။

ဒိန်း—

နောက်ထပ် ပြင်းထန်သော သေနတ်သံတစ်ခု မြည်ဟည်းသွားခဲ့ပြန်သည်။

ဗျစ်—

ယခုအကြိမ်တွင်မူ ဒုတိယအဆင့် အဆိပ်မြူဇွန်ဘီ၏ ဦးခေါင်းသည် ဖရဲသီးကဲ့သို့ ပေါက်ကွဲထွက်သွားခဲ့သည်။ တစ်ပြိုင်နက်တည်းမှာပင် အပြာရောင်အမြုတေတစ်ခု လွင့်ထွက်လာခဲ့၏။

"သူ သေသွားပြီ"

ရှန့်ဟုန်ပင်းသည် အမြုတေကို

အမြန်ကောက်ယူပြီးနောက် ဖုန်းမင်အန်နှင့်အတူ ဘက်စုံသုံးအဆောက်အအုံ၏ စခန်းဆီသို့ အပြေးအလွှား ပြန်လာခဲ့ကြသည်။

"ဒုတိယအဆင့်ဇွန်ဘီ သေသွားပြီ။ အားလုံးပဲ မကြောက်ကြနဲ့။ ငါတို့ ဒီသာမန်ဇွန်ဘီတွေကို သတ်နိုင်သရွေ့ ငါတို့ ဘေးကင်းလိမ့်မယ်"

ရှန့်ဟုန်ပင်းသည် အသက်ရှင်ကျန်ရစ်သူများကို အားပေးစကား အော်ဟစ်ပြောဆိုလိုက်၏။

ဒုတိယအဆင့်ဇွန်ဘီ အသတ်ခံလိုက်ရကြောင်း ကြားရသောအခါ လူအုပ်ကြီးသည် အဒရီနလင်း ထိုးသွင်းခံလိုက်ရသကဲ့သို့ ဖြစ်သွားခဲ့ပြီး ခဏမျှအတွင်း ၎င်းတို့၏ တိုက်ခိုက်မှုများသည် ပိုမိုပြင်းထန်လာခဲ့သည်။

ရှန့်ဟုန်ပင်းသည် ဖုန်းမင်အန်ကို ဟန်ရွှေ၏ အနားသို့ ခေါ်ဆောင်လာခဲ့၏။

သူတို့ သုံးဦးစလုံးသည် ဒဏ်ရာ အမျိုးမျိုး ရရှိထားကြပြီး ဟန်ရွှေ၏ ဒဏ်ရာမှာ အပြင်းထန်ဆုံး ဖြစ်သည်။ ဇွန်ဘီ၏ ရိုက်ချက်မှာ ပြင်းထန်လွန်းသဖြင့် သူမသည် မိမိ၏ အတွင်းကလီစာများ နေရာလွဲသွားသကဲ့သို့ ခံစားနေရ၏။

နောက်တစ်ဦးမှာ ရှန့်ဟုန်ပင်း ဖြစ်သည်၊၊ သူ၏ ပါးစပ်ထဲတွင် သွေးများ ရှိနေဆဲ ဖြစ်သဖြင့် အတွင်းဒဏ်ရာများ ရရှိထားကြောင်း သိသာသော်လည်း သူ၏ ကာကွယ်ရေးက ဟန်ရွှေထက် မြင့်မားသဖြင့် သူ၏ အခြေအနေမှာ အနည်းငယ် ပိုသက်သာသည်။

ဖုန်းမင်အန်မှာမူ အဆင်ပြေသည်၊၊ သူသည် အမှန်တကယ် ဒဏ်ရာရရှိခြင်းမရှိသော်လည်း အကျိအချွဲအန်ဖက်စွမ်းရည်ကို အမြင့်ဆုံးပမာဏဖြင့် ဆက်တိုက် အသုံးပြုခဲ့ရသဖြင့် မျက်နှာဖျော့တော့ကာ ဗိုက်ထဲတွင် အလွန်အမင်း နေရခက်ခဲလျက် ရှိနေ၏။

"ရူးသွပ်ဇွန်ဘီတွေ ဒီကို ဆွဲဆောင်ခံလိုက်ရပြီ..."

ဟန်ရွှေသည် သေနတ်သံများကြောင့် စခန်းဆီသို့ ပြေးဝင်လာကြသော ရူးသွပ်ဇွန်ဘီများကို ကြည့်ကာ သူမ၏ မျက်နှာအမူအရာမှာ အလွန် ခက်ထန်နေခဲ့သည်။

ဤသည်က ရှောင်လွှဲ၍မရနိုင်သော အရာဖြစ်ပြီး ရူးသွပ်ဇွန်ဘီများနှင့် ဒုတိယအဆင့်ဇွန်ဘီတို့အကြား ရွေးချယ်မှုတစ်ခု ပြုလုပ်ခဲ့ရခြင်း ဖြစ်သည်။ လူတိုင်း၏ စိတ်ထဲတွင်မူ ဒုတိယအဆင့်ဇွန်ဘီသည် အကြောက်စရာအကောင်းဆုံး ဖြစ်နေဆဲပင် ။

"သွားကြစို့၊ ငါတို့ ဆက်သတ်မယ်"

ဟန်ရွှေသည် လူးလဲထလိုက်သည်။

သူမရော ရှန့်ဟုန်ပင်းပါ ပြင်းထန်စွာ ဒဏ်ရာရရှိထားကြသော်လည်း အသက်ရှင်ကျန်ရစ်သူများသည် ဇွန်ဘီများ၏ အကိုက်ခံရမှုကြောင့် ရံဖန်ရံခါ သေဆုံးနေကြရဆဲ ဖြစ်သည်။ အကယ်၍ ၎င်းတို့ လှုပ်ရှားမှုမပြုပါက လူများ ပိုမိုသေဆုံးရပေလိမ့်မည်။

"သတ်မယ်"

ရှန့်ဟုန်ပင်းသည်လည်း အသက်ပြင်းပြင်းရှူကာ ဇွန်ဘီအုပ်စုထဲသို့ ပြန်လည်ဝင်ရောက် တိုက်ခိုက်တော့သည်။

ဆယ်မိနစ် ကြာပြီးနောက် ရှန့်ဟုန်ပင်းသည် အသက်ရှင်ကျန်ရစ်သူတစ်ဦးကို ကယ်တင်လိုက်ပြီး မောဟိုက်စွာ ပြောလိုက်၏။

"ဒီဇွန်ဘီတွေက ဘယ်တော့မှ ကုန်မှာ မဟုတ်သလိုပဲ..."

သူသည် အဆိပ်မြူဇွန်ဘီများစွာကို သတ်ခဲ့ပြီးပြီဟု ခံစားရသော်လည်း အရေအတွက်မှာ များပြားနေဆဲဖြစ်ပြီး အဆိပ်မြူခိုးများမှာ ပို၍ပို၍ ထူထပ်လာခဲ့သည်။

​အမှန်အတိုင်းပြောရလျှင် မဖြစ်နိုင်သောတိုက်ပွဲပင်။

သူ့အနားရှိ ဖုန်းမင်အန် စကားမပြောနိုင်သေးမီမှာပင် သူသည် နောက်ကျော၌ စူးရှသောနာကျင်မှုကို ရုတ်တရက် ခံစားလိုက်ရသည်။

ဒုန်း—

ဖုန်းမင်အန်သည် ချက်ချင်းပင် လွင့်ထွက်သွားခဲ့ရပြီး သူ၏ ပါးစပ်ထဲတွင် ချိုသောအရသာကို ခံစားလိုက်ရကာ သွေးများက သူ၏ မျက်နှာဖုံးကို စွန်းထင်းသွားစေခဲ့သည်။

"သွားပြီ.."

ရှန့်ဟုန်ပင်းနှင့် ဟန်ရွှေတို့ တုံ့ပြန်လိုက်သည့် အချိန်မှာတော့ ဖုန်းမင်အန်သည် ဇွန်ဘီအုပ်စုထဲသို့ တိုက်ရိုက် ကျရောက်သွားခဲ့လေပြီ။

"လော်ဖုန်း"

ရှန့်ဟုန်ပင်းသည် ဗီဇအရ အော်ဟစ်လိုက်သော်လည်း သူသည် ဟန်ရွှေ၏ ဆွဲခေါ်ခြင်းကို ချက်ချင်း ခံလိုက်ရသည်။

ထို့နောက် သူတို့ ခုနက ရပ်နေခဲ့သော နေရာတွင် သူတို့ ခုနက သတ်ခဲ့သော ဒုတိယအဆင့်ဇွန်ဘီထက်ပင် ပိုမိုကြီးမားသော အဆိပ်မြူဇွန်ဘီတစ်ကောင် ပေါ်လာသည်ကို သူ သတိပြုမိလိုက်၏။

"ဒီဇွန်ဘီက အပြင်ကနေ ရုတ်တရက် ခုန်ဝင်လာတာ။ ငါ သတိထားမိတဲ့ အချိန်မှာ နောက်ကျသွားပြီ"

ဟန်ရွှေက အမြန် ရှင်းပြလိုက်သည်။

"ဒုတိယအဆင့်ဇွန်ဘီ။ ဘာလို့ နောက်ထပ်တစ်ကောင် ရှိနေပြန်တာလဲ"

ရှန့်ဟုန်ပင်းသည် တုန်လှုပ်သွားခဲ့သည်။

"ဒုန်း ဒုန်း ဒုန်း—"

ထိုအချိန်တွင် အထက်ထပ်မှ ပြင်းထန်သော သေနတ်သံများ ထွက်ပေါ်လာခဲ့ပြီး ၎င်းတို့အားလုံးမှာ ဖုန်းမင်အန်၏ တည်နေရာကို ဦးတည်ထားခြင်း ဖြစ်သည်။ ရှန့်ဟုန်ပင်းသည် သူတို့ ဖုန်းမင်အန်ကို ကယ်တင်နိုင်မနိုင် မသိပါ၊ အဘယ်ကြောင့်ဆိုသော် သူ စဉ်းစားရန် အချိန်မရရှိခြင်းကြောင့် ဖြစ်၏။

ထိုအခိုက် ဒုတိယအဆင့် အဆိပ်မြူဇွန်ဘီသည် သူ့ထံသို့ အစိမ်းရောင်အရည်တစ်လုတ်ကို ချက်ချင်း ထွေးထုတ်လိုက်သည်။

ရှဲ—

ရှန့်ဟုန်ပင်းသည် အရည်အများစုကို ရှောင်တိမ်းနိုင်ခဲ့သော်လည်း အစိတ်အပိုင်း အနည်းငယ်မှာမူ သူ့အပေါ်သို့ ကျရောက်သွားခဲ့သည်။ သူသည် မိမိ၏ အဆိပ်ငွေ့ကာမျက်နှာဖုံး ရှဲရှဲမြည်နေသည်ကို ခံစားလိုက်ရသဖြင့် ၎င်းကို အမြန် ဆွဲခွာလိုက်ရာ မျက်နှာဖုံးမှာ တိုက်စားခြင်းခံလိုက်ရသည်ကို မြင်လိုက်ရ၏။

"အဟွတ်၊ အဟွတ်—"

မျက်နှာဖုံးမရှိ၍ ရှန့်ဟုန်ပင်းသည် အဆိပ်မြူများကို ရှူရှိုက်မိသဖြင့် အလွန်နေရခက်ခဲသွားခဲ့သည်။ အထူးသဖြင့် တိုက်စားခံရသော မျက်နှာဖုံးမှ ထွက်ပေါ်လာသော ထူထပ်သည့် အစိမ်းရောင်မြူခိုးများသည် သူ၏ နှာခေါင်းထဲသို့ ဝင်ရောက်သွားခဲ့သဖြင့် သူ၏ ခန္ဓာကိုယ်မှာ ချက်ချင်း လေးလံသွားခဲ့ရ၏။

မိမိထံသို့ ပြေးဝင်လာသော ဇွန်ဘီကို ကြည့်ရင်း ရှန့်ဟုန်ပင်းသည် ရှောင်တိမ်းလိုသော်လည်း သူ၏ ခြေထောက်များကိုပင် မလှုပ်ရှားနိုင်တော့ကြောင်း သိလိုက်ရသည်။

"ပြီးပြီ..."

ရှန့်ဟုန်ပင်း၏ မျက်လုံးများထဲတွင် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်သွားခဲ့သည်။

ဝှီး..

ဘုန်း...

ရုတ်တရက် လူရိပ်တစ်ခုသည် ရှန့်ဟုန်ပင်း၏ အနားတွင် ပေါ်လာခဲ့ပြီး ဒုတိယအဆင့်ဇွန်ဘီကို လွင့်ထွက်သွားအောင် ရိုက်ထုတ်လိုက်၏။

ဇွန်ဘီသည် မီတာဆယ်ကျော်မျှ လွင့်ထွက်သွားခဲ့ပြီး ဇွန်ဘီအုပ်စုထဲသို့ ပြင်းထန်စွာ ကျရောက်သွားခဲ့သည်။

"အဘိုးကြီးဝေ"

မိမိ၏ ရှေ့ရှိ ရင်းနှီးသော လူရိပ်ကို ကြည့်ရင်း ရှန့်ဟုန်ပင်း ခဏမျှ မှင်တက်သွားပြီးနောက် သိသိသာသာ စိတ်လှုပ်ရှားသွားခဲ့သည်။

"မင်း ဒုတိယအဆင့်ကို အောင်မြင်ခဲ့ပြီပေါ့"

"အင်း"

အဆိပ်ငွေ့ကာမျက်နှာဖုံးကိုပင် ဝတ်ဆင်မထားသော ဝေကျန့်ကော်သည် အားလုံးကို လှည့်ကြည့်ကာ ယုံကြည်မှုအပြည့်ဖြင့် အော်ဟစ်လိုက်သည်။

"အားလုံး၊ နောက်ဆုတ်ကြ။ ကျန်တာကို ငါ့ကိုပဲ လွှဲထားလိုက်"

ဒုတိယအဆင့်သို့ မြှင့်တင်ပြီးနောက်မှသာ ဤခွန်အားက မည်မျှအထိ စွမ်းအားပြင်းလှကြောင်း သူ သိရှိသွားခဲ့ရခြင်း ဖြစ်သည်။

သူသည် မိမိ၏ ရှေ့ရှိ ဇွန်ဘီမှာ ဒုတိယအဆင့်ဇွန်ဘီဖြစ်​သော်လည်း သန်မာသော ဇွန်ဘီတစ်ကောင် မဟုတ်မှန်းသိ၏၊၊ ၎င်းသည် မိမိကဲ့သို့ပင် ဒုတိယအဆင့်သို့ မကြာသေးမီကမှ ရောက်ရှိထားပုံရသည်။

သူသည် ထိုကဲ့သို့သော ဒုတိယအဆင့်ဇွန်ဘီကို ကိုင်တွယ်နိုင်သည်။

ဝေကျန့်ကော်သည် ဒုတိယအဆင့်ဇွန်ဘီထံသို့ လျင်မြန်စွာ ပြေးဝင်သွားခဲ့သည်။

သူသည် ဤဒုတိယအဆင့်ဇွန်ဘီကို ရှင်းလင်းနိုင်သရွေ့ အခြားပထမအဆင့် ဇွန်ဘီများသည် သူ့အတွက် ပြဿနာ မဟုတ်တော့ချေ။

သို့သော် ရုတ်တရက် သူ့ကိုယ်သူ ဘ

ရိတ်ပြင်းထန်စွာ အုပ်လိုက်ရ၏။

သူသည် အုပ်စုထဲမှ တဖြည်းဖြည်း ထွက်ပေါ်လာကြသော တူညီသည့် အရွယ်အစားရှိ အဆိပ်မြူဇွန်ဘီ တစ်ကောင်၊ နှစ်ကောင်၊ သုံးကောင်... ဆယ်ကောင်ထက်မကကို မြင်လိုက်ရသည်။ ၎င်းတို့၏ ဖျော့တော့သောအချက်မျက်လုံးများသည် ဝေကျန့်ကော်ထံသို့ စူးစိုက်ကြည့်နေကြ၏။

"ငါ့လခွမ်းပေါ့.."

---------

All Chapters