← Chapters

အခန်း ၂၀၉

Vol. 21 Ch. 209

အခန်း ၂၀၉

Vol. 21 Ch. 209

အခန်း(၂၀၉)

အမှန်အားဖြင့် ၎င်းသည် မိုင်ထောင်ချီဝေးသော ယွင်ရှန်းတောင်ကြားတွင် အိပ်ပျော်နေခဲ့သော အကောင်ငယ်လေး တစ်ကောင်သာ ဖြစ်သည်။

လွန်ခဲ့သော နှစ်ဝက်က စွမ်းအားကြီးမားသော အငွေ့အသက် တစ်ခုကြောင့် နိုးထလာခဲ့ပြီး၊ လျှို့ဝှက်ဆန်းကြယ်သော လူတစ်ယောက်၏ ထိန်းချုပ်မှုကို ခံရကာ ဖင်အန်းခရိုင်ရှိ လူသားများ၏ ဝိညာဉ်များကို စုဆောင်းရန် အမိန့်ပေးခံထားရခြင်း ဖြစ်သည်။

သူ စုဆောင်းထားသော ဝိညာဉ်များကို ထူးဆန်းသော အခမ်းအနားတစ်ခုမှ တစ်ဆင့် တောင်ကြားဘက်သို့ ပြန်ပို့ပေးရပြီး ၊ ကြီးမားသော အစီအရင်တစ်ခု၏ "ဗဟိုချက်" ကို အာဟာရဖြည့်တင်းပေးရခြင်း ဖြစ်သည်။

“ယွင်ရှန်းတောင်ကြား… အစီအရင်…”

စူးဝမ်ချင်း၏ မျက်နှာမှာ လေးနက်သွားသည်။ ဤအရာမှာ သိုင်းလောကအသိုင်းအဝိုင်း၏ ပြဿနာထက် ကျော်လွန်နေပြီ ဖြစ်သည်။

ရှောင်ရှန်းကမူ ထိုအရာများကို စိတ်မဝင်စားပေ။ သူ ယခုတွေးနေသည်မှာ တစ်ခုတည်းသာ ရှိသည်။

“ကိစ္စပြီးပြီ၊ ငါ အိပ်ချင်ပြီ”

သူသည် သမ်းဝေလိုက်ပြီး လှည့်ထွက်သွားရန် ပြင်ဆင်လိုက်သည်။

“စစ်သူကြီး ချင်၊ ကျန်တာကို ခင်ဗျား ရှင်းလိုက်တော့”

“ အရှင့်သား"

တည်းခိုခန်းမှ ဝန်ထမ်းလေးနှင့် အရင်နိုးထလာသော ပြည်သူများက ဒူးထောက်လိုက်ကြသည်။

“ကျေးဇူးတင်ပါတယ် အရှင့်သား၊ ကျွန်တော်တို့ ဘယ်လိုပြန်ဆပ်ရမှန်း မသိတော့ပါဘူး…”

ထို့နောက်တွင် တဖြည်းဖြည်းနှင့် ပြန်လည် နိုးထလာသော ပြည်သူများကလည်း တစ်ယောက်ပြီး တစ်ယောက် ဒူးထောက်လိုက်ကြပြီး ကျေးဇူးတင်စကားများဖြင့် ‌ ဆူညံသွားသည်။

ရှောင်ရှန်းသည် ဤကဲ့သို့သော မြင်ကွင်းမျိုးကို အတော်လေး မနှစ်သက်ချေ။ သူ ထွက်ပြေးရန် ပြင်နေစဉ်မှာပင် ကျေးလက်ဒေသခံ တစ်ဦးက စိတ်လှုပ်ရှားစွာဖြင့် အော်ပြောလိုက်သည်ကို ကြားလိုက်ရသည်။

“ အရှင့်သား ကျွန်တော်တို့ ဖင်အန်းခရိုင်ရဲ့ အကြွပ်ကြော် ဘဲသားကို ကြိုက်တယ်မလား...မြန်မြန် ၊ မြို့ထဲက အတော်ဆုံး စားဖိုမှူးကို ခေါ်ပြီး ချက်ခိုင်းလိုက် ၊ အဝစားစေရမယ်"

ရှောင်ရှန်း၏ ခြေလှမ်းများမှာ ရုတ်တရက် ရပ်တန့်သွားသည်။

နာရီဝက်ခန့်အကြာ ယွင်လိုက်တည်းခိုခန်း ‌စားသောက်ဆိုင်တွင် မီးရောင်များဖြင့် ထိန်လင်းနေသည်။

ရှောင်ရှန်းသည် ရွှေရောင် တဝင်းဝင်းဖြင့် ကြွပ်ဆပ်နေသော ဘဲခြေထောက်ကို ကျေနပ်စွာဖြင့် ကိုက်စားနေသည်။ သူ၏ ဘေးပတ်လည်တွင် ပြည်သူများမှ လာရောက်ပေးအပ်သော ဒေသထွက် အစားအစာများနှင့် ပြည့်နှက်နေ၏။

ချင်ချန်းသည် ပြည်သူများကို နှစ်သိမ့်ပေးရင်း စီမံခန့်ခွဲနေသည်။

အသစ်ရလိုက်သော တပည့်လေး ၊ အိပ်မက်ဆိုး မိစ္ဆာမှာ စားသောက်ဆိုင်၏ ထောင့်တစ်နေရာတွင် ကွေးကွေးလေး ရှိနေပြီး ၊ သူ၏ ဖြစ်တည်မှုကို တတ်နိုင်သမျှ လျှော့ချနေသည်။

သူသည် မိစ္ဆာတစ်ကောင်အနေဖြင့် “စစ်နိုင်ပစ္စည်း” များစွာကို သိမ်းဆည်းထားခဲ့ရာ ၊ ယခုတွင် သခင်အသစ်ကို စိတ်ကျေနပ်စေရန် ပစ္စည်းအကုန်လုံးကို ထုတ်ပြနေလေ၏။

သံဟောင်းများ၊ ပုတီးစေ့များ၊ ဆံထိုးများနှင့် ဘာမှန်းမသိသော အရိုးပုလင်းများမှာ မြေပြင်ပေါ်တွင် စုပုံနေ၏။

စူးဝမ်ချင်းသည် ထိုအရာများကို သိပ်ဂရုမစိုက်သော်လည်း တစ်ချက်ကြည့်လိုက်မိရာ ၊ အနက်ရောင် တံဆိပ်ပြား တစ်ခုကို မြင်လိုက်ရပြီး သူမ၏ အာရုံမှာ ချက်ချင်း ပြောင်းလဲသွားသည်။

သူမသည် အမြန်သွား၍ ထိုတံဆိပ်ပြားကို ကောက်ကိုင်လိုက်သည်။

တံဆိပ်ပြားမှာ အေးစက်နေပြီး ရွှေလည်းမဟုတ်၊ သံလည်းမဟုတ်ပေ။ အရှေ့ဘက်တွင် အသက်ဝင်နေသကဲ့သို့သော အနက်ရောင် ကင်းမြီးကောက် တစ်ကောင်ကို ထွင်းထုထားသည်။

ဤအမှတ်အသားကို မြင်လိုက်ရသည့် အခိုက်အတန့်မှာပင် စူးဝမ်ချင်း၏ မျက်လုံးများမှာ ဓားတစ်လက်ကဲ့သို့ တောက်ပသွားသည်။ တံဆိပ်ပြားကို ခပ်တင်းတင်း ‌ဆုပ်ကိုင်ထားသဖြင့် သူမ၏ လက်ချောင်းများမှာ ဖြူဖျော့သွားသည်။

သူမ၏ ဂိုဏ်း ၊ ဆေးဘုရင်ချိုင့်ဝှမ်းသည် အဆိပ်တစ်ရာဂိုဏ်း ဟု ခေါ်သော မိစ္ဆာဂိုဏ်းနှင့် နှစ်ပေါင်းရာချီ ရန်ငြိုးဖွဲ့ထားသည်။

ဆေးဘုရင်ချိုင့်ဝှမ်းသည် လူသားများကို ကုသပေးသော ဂိုဏ်းဖြစ်ပြီး အဆိပ်တစ်ရာဂိုဏ်းမှာ အဆိပ်ဖြင့် လူသတ်ကာ ရက်စက်ကြမ်းကြုတ်သော ဂိုဏ်းဖြစ်သည်။

ဤအနက်ရောင် ကင်းမြီးကောက် တံဆိပ်ပြားမှာ အဆိပ်တစ်ရာဂိုဏ်းမှ အတွင်းတပည့်တစ်ဦး၏ အမှတ်အသားပင် ဖြစ်သည်။

....

ယွင်လိုင် စားသောက်ဆိုင်ထဲရှိ ပျော်ရွှင်နေသောလေထုမှာ ထိုအနက်ရောင် တံဆိပ်ပြားကြောင့် ချက်ချင်းပင် အေးခဲသွားသည်။

စူးဝမ်ချင်း၏ လက်ချောင်းများမှာ အမြဲတမ်း တည်ငြိမ်နေတတ်ပြီး ဆေးထိုးသည့်အခါဖြစ်စေ၊ အဆိပ်ဖြင့် လူသတ်သည့်အခါဖြစ်စေ တစ်ချက်မျှပင် တုန်ရီခြင်း မရှိခဲ့ပေ။

သို့သော် ယခုအချိန်တွင်မူ ထိုအနက်ရောင် ကင်းမြီးကောက် တံဆိပ်ပြားကို ကိုင်ထားသည့် သူမ၏ လက်ချောင်းများမှာ အားစိုက်ထားသဖြင့် ဖြူဖျော့နေပြီး သူမထံသို့ အေးစက်သော အငွေ့အသက်များ ထွက်ပေါ်နေသည်။

“ အဆိပ်တစ်ရာဂိုဏ်း"

သူမသည် စကားလုံး သုံးလုံးကို ထုတ်ပြောလိုက်သည်။ အသံမှာ မကျယ်လောင်သော်လည်း ပြတင်းပေါက်ပြင်ပမှ ညလေထက်ပင် ပို၍ အေးစက်နေသည်။

ချင်ချန်းသည် ထိုအသံကို ကြားပြီး လှည့်ကြည့်လိုက်ရာ မျက်ခုံးများ တွန့်ချိုးသွားသည်။ သူသည် နယ်စပ်တွင် နှစ်ရှည်လများ တာဝန်ထမ်းဆောင်ခဲ့သူဖြစ်သော်လည်း ၊ ဤမိစ္ဆာဂိုဏ်း၏ နာမည်ကို ကြားဖူးသည်။

“ အရှင့်သား ၊ အဆိပ်တစ်ရာဂိုဏ်းရဲ့ လုပ်ရပ်တွေက လျှို့ဝှက်ပြီး ရက်စက်လွန်းတယ်... အထူးသဖြင့် လူသားတွေရဲ့ ဝိညာဉ်နဲ့ အဆိပ်အတောက် မိစ္ဆာပစ္စည်းတွေကို အသုံးပြုပြီး လက်နက်တွေကို သန့်စင်တယ်"

" သူတို့က သာမန် ဂိုဏ်းတွေနဲ့ မတူဘူး၊ မကောင်းတဲ့ ရည်ရွယ်ချက်အတွက် လုပ်ဆောင်နေတဲ့ လက်ပါးစေတွေနဲ့ တူတယ်...အခု သူတို့ရဲ့ တံဆိပ်က ဒီနေရာမှာ ပေါ်လာတဲ့အပြင် အိပ်မက်ဆိုး မိစ္ဆာနဲ့ ပတ်သက်နေတာ ဒါ မတော်တဆ ဖြစ်နိုင်စရာ မရှိဘူး"

"ဖင်အန်းခရိုင်ရဲ့ ကိစ္စက ဘာမှမဟုတ်သေးဘူး ...နောက်ကွယ်မှာ ယွင်ရှန်းတောင်ကြားရဲ့ အစီအရင်နှင့် ပတ်သက်နေနိုင်သလို… လောကီကမ္ဘာကို စွက်ဖက်ချင်နေတဲ့ တချို့သော ကျင့်ကြံသူတွေနဲ့လည်း ပတ်သက်နေနိုင်တယ်”

စူးဝမ်ချင်းသည် ရှောင်ရှန်းကို ကြည့်ကာ လေးနက်စွာ ပြောလိုက်သည်။

သူမ၏ စကားလုံးတိုင်းက အချက်အလက် များပြားပြီး စကားလုံးတိုင်းက ကြီးမားသော အန္တရာယ်ကို သယ်ဆောင်ထားသည်။

All Chapters