အခန်း ၂၁၀
Vol. 21 Ch. 210
အခန်း(၂၁၀)
ချင်ချန်းသည် ထိုစကားကို ကြားလိုက်သည်နှင့် စိတ်ထဲတွင် တုန်လှုပ်သွားပြီး ၊ စစ်သည်တစ်ယောက်၏ အလိုအလျောက် တုံ့ပြန်မှုဖြင့် ဓားကို တင်းကျပ်စွာ ဆုပ်ကိုင်လိုက်သည်။
တည်းခိုဆောင်တစ်ခုလုံးရှိ လူတိုင်း၏ အကြည့်များသည် အံ့ဖွယ်များကို ဖန်တီးလေ့ရှိသော အိမ်ရှေ့စံမင်းသား ရှောင်ရှန်းထံသို့ ရောက်ရှိသွားသည်။
ထိုမျှအရေးကြီးသော အချိန်တွင် ရှောင်ရှန်းသည် ဘဲသားကို အားရပါးရ မြည်စမ်းစားနေ၏။ သူသည် ဘဲကောင်လုံးကင်ကို အဆိပ်တစ်ရာဂိုဏ်း၏ အကြံအစည်ထက် ပိုအရေးကြီးသကဲ့သို့ ဂရုတစိုက် ကြည့်နေသည်။
ခဏကြာမှပင် သူသည် အေးခဲနေသည့် လေထုကို သတိပြုမိသွားသကဲ့သို့ လေးနက်သော အမူအယာဖြင့် ရှိနေသည့် စူးဝမ်ချင်းနှင့် ချင်ချန်းကို ကြည့်လိုက်သည်။
“အော်၊ အဆိပ်တစ်ရာဂိုဏ်းလား"
သူသည် ပါးစပ်ထဲမှ အစားအစာကို မျိုချလိုက်ပြီး တဘက်ဖြင့် ပါးစပ်ကို သုတ်လိုက်သည်။
“ကြားရတာတင်ကို အလုပ်ရှုပ်မယ့်ပုံပဲ”
သူသည် ခဏရပ်ပြီး လက်ဖက်ရည်ကို တစ်ငုံသောက်လိုက်ကာ စူးဝမ်ချင်းကို အလွန်ရိုးသားစွာဖြင့် ဆိုလိုက်သည်။
“ မိန်းကလေးစူး၊ ဒါက မင်းရဲ့ ကိုယ်ရေးကိုယ်တာ ကိစ္စမလား.. ကြည့်လေ၊ ကိစ္စတစ်ခုမှာ အကြောင်းရင်း ရှိသလို တရားခံလည်း ရှိတာပဲ "
" ကျွန်တော်က ခေါင်းဆောင်တစ်ယောက်အနေနဲ့ စိတ်ဓာတ်ပိုင်းဆိုင်ရာအရ မင်းကို အပြည့်အဝ ထောက်ခံတယ် ၊ ဒါပေမဲ့ လုပ်ဆောင်ချက်ပိုင်းမှာတော့… အလုပ်ကို ခွဲဝေဖို့ လိုတယ်မလား..အဲ့တော့ ကျွန်တော်တော့ ဝင်မပါတော့ဘူးနော်၊ မင်းဟာမင်း ကြိုးစားလိုက်တော့”
သူသည် စူးဝမ်ချင်း၏ ပခုံးကို ပုတ်ကာ ဂရုတစိုက်ဖြင့် ဆက်ပြောသည် ။
“မြန်မြန်စား၊ ဒီဘဲသားက အေးသွားရင် အရသာမရှိတော့ဘူး”
စူးဝမ်ချင်း - “…”
ချင်ချန်း - “…”
သူတို့ ပြင်ဆင်ထားသည့် လေးနက်မှုနှင့် စိတ်ဓာတ်များမှာ ဤဘဲသား နှင့် စကားအနည်းငယ်အောက်တွင် ရိုက်ချိုးခံလိုက်ရသည်။
........
ထိုအချိန်တွင် ရုတ်တရက် အပြောင်းအလဲ တစ်ခု ဖြစ်လာခဲ့သည်။
“အား"
“ငါ့လက်...အရမ်းနာတယ်"
“ရေ… ရေထဲမှာ တစ်ခုခုဖြစ်နေပြီ"
အော်ဟစ်သံများမှာ စားသောက်ဆိုင်၏ အပြင်ဘက်နှင့် အတွင်းဘက်မှ တစ်ပြိုင်နက်တည်း ထွက်ပေါ်လာသည်။
အစောင့်တစ်ယောက်သည် ရေတစ်ငုံ သောက်လိုက်ပြီးနောက် ၊ သူ့လည်ချောင်းသူ လက်နှင့် ဖိထားပြီး မျက်နှာမှာလည်း အနက်ရောင်သန်းကာ လဲကျသွားသည်။
ထို့နောက် စားသောက်ဆိုင်မှ စစ်သည်များ၊ ပြည်သူများပါမကျန် ရေကို ထိတွေ့မိသူတိုင်း လဲကျကုန်သည်။
သူတို့၏ ကိုယ်ခန္ဓာမှာ အားမရှိတော့ဘဲ အရေပြားပေါ်တွင် ထူးဆန်းသော အနက်ရောင်နှင့် အစိမ်းရောင် အစင်းများ ဖြစ်ပေါ်လာကာ ဝေဒနာကို မခံမရပ်နိုင်စွာ ညည်းညူနေကြသည်။
ချင်ချန်း၏ မျက်နှာမှာ ပြောင်းလဲသွားပြီး ရေအိုးဆီသို့ အပြေးသွားကြည့်လိုက်ရာ ကြည်လင်နေသော ရေများမှာ အနံ့ဆိုးနှင့် စိမ်းဖန့်ဖန့်ဖြစ်နေသည်ကို တွေ့လိုက်ရသည်။
“အဆိပ်ပဲ"
စူးဝမ်ချင်းက ချက်ချင်း သတိပြုမိသွားသည်။ သူမသည် အဆိပ်တစ်ရာဂိုဏ်း၏ တံဆိပ်ကိုပင် မေ့လျော့သွားပြီး ၊ သူမရင်ဘတ်ထဲမှ ဆေးပုလင်းကို ထုတ်ကာ အဆိပ်ဖြေဆေးများကို ခွဲဝေပေးလိုက်သည်။
“မြန်မြန်...ဘယ်သူမှ ရေကို ထပ်မထိနဲ့"
သူမသည် အဆိပ်သင့်နေသော စစ်သည်တစ်ယောက်ကို စမ်းသပ်ကြည့်လိုက်ရာ မျက်မှောင်ကြုတ်သွားလေ၏။
ဤအဆိပ်မှာ အလွန်ပင် ပြင်းထန်ပြီး အသက်ရှိနေသကဲ့သို့ပင်။ သူမ၏ ဖြေဆေးကို ပေးလိုက်သော်လည်း အဆိပ်မှာ ပျောက်မသွားဘဲ ပို၍ ပြင်းထန်လာပြီး အသက်ကိုသာ ခေတ္တ ထိန်းထားနိုင်သည်။
“မဖြစ်ဘူး”
စူးဝမ်ချင်းသည် မတ်တပ်ရပ်လိုက်ပြီး ၊ သူမ၏မျက်နှာမှာ ဖြူဖျော့နေခဲ့သည်။
“ဒါက အလွန်ရှားပါးတဲ့ အဆိပ်နှစ်မျိုး ရောနှောထားတာပဲ၊ အေးတဲ့အဆိပ်နဲ့ ပူတဲ့အဆိပ် ပေါင်းစပ်ပြီး အပြန်အလှန် ဓာတ်ပြုနေတာ"
" ကျွန်မယူလာတဲ့ အဆိပ်ဖြေဆေးက အဆိပ်ပြန့်တာကိုပဲ ထိန်းထားနိုင်ပြီး မပျောက်ကင်းနိုင်ဘူး ၊ အဆိပ်ဖြေဆေး ဖော်စပ်ဖို့ဆိုရင် ‘ဖုန်ရှီးသစ်သား အနှစ်’ နဲ့ ‘မီးတောက်ကျောက် အနှစ်’ ဆိုတဲ့ ယင်စွမ်းအင် ပါတဲ့ ပစ္စည်းနှစ်မျိုး လိုအပ်တယ်… ဒါပေမဲ့ ဒီဆေးဖက်ဝင်ပစ္စည်းတွေက လောကမှာ အလွန်ရှားပါးတယ်”
အဓိပ္ပာယ်မှာ ထိုနေရာရှိ လူရာပေါင်းများစွာ၏ အသက်မှာ အန္တရာယ်ရှိနေပြီ ဖြစ်သည်။
မျှော်လင့်ချက်မဲ့သည့် လေထုမှာ လျင်မြန်စွာဖြင့် ပြန့်နှံ့သွားသည်။
ထိုသို့သော ရှုပ်ထွေးပြီး မျှော်လင့်ချက်မဲ့နေသည့် အချိန်တွင် အတော်လေး မသင့်လျော်သည့် အသံတစ်သံ ထွက်ပေါ်လာသည်။
“ဘာတွေ ဖြစ်နေတာလဲ"
စစ်သည်တစ်ယောက်က ရှောင်ရှန်းအတွက် ခြေဆေးဖို့ ရေတစ်ခွက် လာပေးသည်။
ထိုရေကလည်း အံ့သြစရာကောင်းလောက်အောင် အစိမ်းရင့်ရင့် ဖြစ်နေသည်။ ရှောင်ရှန်းသည် ခြေဆေးဖို့ ရေကို ကြည့်ပြီး ဒေါသထွက်သွားသည်။
'တစ်ညလုံး ပြဇာတ်နားထောင်၊ မိစ္ဆာနှိမ်နင်း လုပ်လိုက်ရတာ အခုမှ ဗိုက်ဝအောင် စားပြီး ခြေဆေးပြီး အနားယူမလို့ကို ...ရေပါ ပျက်စီးအောင် လုပ်ရသလား'
သူသည် ခြေဖျားကို အဆိပ်ရည်ထဲသို့ နှစ်လိုက်ပြီး ရွံရှာစွာဖြင့် ပြောလိုက်သည်။
“ငါ့ရဲ့ ခြေဆေးရေကိုတောင် ဖျက်ဆီးရဲတယ်၊ ဒီအဆိပ်ခတ်တဲ့ကောင်တွေက တကယ်ကိုပဲ... ဒီအဆိပ်က အရောင်မလှတဲ့အပြင် အနံ့က... အိုး၊ တကယ်ကို မွှေးကြိုင်နေတာလား"
သူသည် ပွစိပွစိပြောရင်း ခြေထောက်ဖြင့် ရေကို မွှေကြည့်လိုက်သည်။ သူ့ခြေဖဝါးများသည် ပျစ်ချွဲသောအရည်နှင့် ထိမိသွားချိန်တွင် နွေးနွေးထွေးထွေးနှင့် ကြည်နူးစရာ ခံစားချက်ကို ရလိုက်သည်။
သူသည် လုံးဝ စိတ်လျှော့လိုက်ပြီး ကုလားထိုင်ပေါ်တွင် မှီထိုင်ကာ ခြေထောက်ကို ရေထဲတွင် ပေါ့ပေါ့ပါးပါး ထည့်ထားလိုက်ရာ ၊ အာရုံလွင့်နေသော အခြေအနေသို့ ရောက်ရှိသွားသည်။
ဤကဲ့သို့ လုံးဝ စိတ်လျှော့ထားသည့် အခြေအနေတွင် ၊ သူ၏ ကိုယ်ခန္ဓာထဲရှိ သူကိုယ်တိုင်ပင် သတိမပြုမိသော မွေးရာပါ တာအိုသန္ဓေသားလောင်း၏ ထူးခြားပြီး အစွမ်းထက်သော စွမ်းအင်ဖွဲ့စည်းပုံကို နှိုးဆွမိခဲ့သည်။
မွေးရာပါ တာအိုသန္ဓေသားလောင်းသည် ဖြည်းဖြည်းချင်း စတင် လည်ပတ်လာသည်။
ဤမြင်ကွင်းကို စိုးရိမ်တကြီး ဖြစ်နေသော စူးဝမ်ချင်းနှင့် ချင်ချန်းတို့ နှစ်ဦးစလုံး မြင်လိုက်ရပြီး သူတို့ နှစ်ယောက်လုံး ကြက်သေ သေသွားကြသည်။
( နောက်တစ်အုပ်ကို ၁၁ ပိုင်းထည့်ပေးမယ်နော် )