← Chapters

အခန်း ၉

Vol. 1 Ch. 9

အခန်း ၉

Vol. 1 Ch. 9

အပိုင်း (၉) အစွမ်းလမ်းစဉ် နိုးကြားနိုင်မည့် နည်းလမ်း

ချန်းရီက ကုန်တိုက်ထဲမှ သူ ယူဆောင်လာခဲ့သော အိတ်နှစ်လုံးကို အရင်ဆုံး ဖွင့်လိုက်သည်။

ပါးစပ်ထဲမှ ဆေးလိပ်မှာ ငြိမ်းသွားခဲ့ပြီဖြစ်ရာ ချန်းရီက အသာအယာပင် လက်ဖြင့် တောက်ထုတ်၍ လွှင့်ပစ်လိုက်သည်။ ယခုအချိန်သည် ကမ္ဘာပျက်ကပ်ကြီး ရောက်နေပြီဖြစ်၍ ချန်းရီ ဆေးလိပ်တိုကို ဟိုဒီ လွှင့်ပစ်ခြင်းအတွက် မည်သူကမျှ လာရောက် အပြစ်တင်နေမည် မဟုတ်ပေ။

ဆေးလိပ် နောက်တစ်လိပ်ကို ထပ်မံ မီးညှိလိုက်ပြီး နီကိုတင်း၏ မွှေးပျံ့သော အရသာကို ခံစားလိုက်၏။

သူ၏ ကျောပိုးအိတ်ထဲတွင် တစ်ဝက်ကျော်မှာ ဆေးလိပ်များသာ ဖြစ်နေသဖြင့် အချိန်တိုအတွင်း ဆေးလိပ်ပြတ်သွားမည့် ပြဿနာ လုံးဝ မရှိတော့ချေ။

ထို့ကြောင့် ချန်းရီက သူဌေးတစ်ဦးပမာ ဇိမ်ကျကျ နေထိုင်လိုက်ခြင်းပင် ဖြစ်သည်။

ထိုအချိန်မှာပင် အမှောင်ထုထဲမှ ထူးဆန်းသော လှုပ်ရှားမှုအချို့ ထွက်ပေါ်လာသည်ကို ချန်းရီ မြင်လိုက်ရသည်။

ချန်းရီသည် မှောင်မည်းနေသော ထိုနေရာဆီသို့ သတိဝီရိယဖြင့် လှမ်းကြည့်လိုက်၏။

လူတစ်စုက မောကြီးပန်းကြီးဖြင့် အနီးသို့ ရောက်ရှိလာသည်ကို တွေ့လိုက်ရသည်။

"နောက်ဆုံးတော့... နောက်ဆုံးတော့ ရောက်ပြီကွ"

"အမလေး... သေတော့မလို့ပဲ"

"အီးဟီးဟီး"

"ဟို ဘီလူးကောင်တွေ... ထပ်မလိုက်လာတော့ဘူး... ငါတို့ အသက်ရှင်ပြီဟေ့"

"အီးဟီးဟီး"

သူတို့တွေ အမီ လိုက်လာနိုင်ခဲ့ကြပြီ။

ထိုလူများ၏ လေသံကို နားထောင်ကြည့်ရသလောက် သူတို့သည် သတ္တဝါဆိုးများ၏ လိုက်လံ သတ်ဖြတ်ခြင်းကို ခံခဲ့ရပုံပေါ်သည်။

စခန်းချရာ နေရာလေးသည် ခဏတွင်းချင်းမှာပင် ဆူညံပွက်လောရိုက်သွားတော့သည်။

ခေါင်းကို ပိုက်ကာ အော်ဟစ် ငိုကြွေးနေသူများလည်း ရှိ၏။

မြေပြင်ပေါ်တွင် လဲကျကာ မောဟိုက်နေသူများလည်း ရှိသည်။

စကားတစ်ခွန်းမျှ မဟဘဲ တိတ်ဆိတ်နေသူများလည်း ရှိနေသည်။

အချို့ကမူ အရှေ့ဘက်တွင် ကားမောင်းလာခဲ့ကြသော လူစုကို အငြိုးတကြီးဖြင့် စိုက်ကြည့်နေကြ၏။

သုံးဘီးယာဉ် စီးလာသော ချန်းရီပင်လျှင် ထိုလူများ၏ အမုန်းကို ခံလိုက်ရပြီး သူတို့၏ အငြိုးတကြီး အကြည့်များက ချန်းရီ၏ အပေါ်သို့ အဆက်မပြတ် ကျရောက်လာသည်။

ချန်းရီက ဒူးလေးကို လက်နှင့် အလှမ်းမီရာတွင် တင်ထားလိုက်ပြီး ထိုလူများကို သတိပေးသည့် အကြည့်ဖြင့် ပြန်ကြည့်လိုက်သည်။

ထိုလူများ၏ အခြေအနေမှာ အလွန် သနားစရာ ကောင်းနေပြီး အချို့၏ ခန္ဓာကိုယ်ပေါ်တွင် သွေးကွက်များပင် ရှိနေသေး၏။

သို့သော် သူတို့၏ ဤကဲ့သို့သော အခြေအနေမျိုးသည် မိမိကြောင့် ဖြစ်ရခြင်း မဟုတ်သလို မိမိအနေဖြင့်လည်း စေတနာရှင်ကြီး လုပ်ပြလိုစိတ် မရှိပေ။

ယခင်က ယာဉ်တန်းတွင် လူနှစ်ရာခန့် ရှိခဲ့သည်။

ယခုတော့...

ယခု အမီ လိုက်လာနိုင်သော လူများကိုပါ ပေါင်းထည့်လိုက်လျှင်ပင် ယာဉ်တန်းတစ်ခုလုံး၌ လူတစ်ရာပင် ပြည့်တော့မည် မထင်ပေ။

ဤသည်ကပင် ကမ္ဘာပျက်ကပ်ကြီးပင်တည်း။

ချန်းရီသည် သူ၏ သုံးဘီးယာဉ်ကို ကားမောင်းလာသည့် လူအုပ်စုရှိရာဘက်သို့ အနည်းငယ် ကပ်လိုက်ပြီး အမုန်းတရားများဖြင့် ပြည့်နှက်နေသော ထိုလူစုနှင့် အနည်းငယ် ဝေးရာသို့ ခွာလိုက်သည်။ ထို့နောက်မှသာ သူရရှိလာသော ပစ္စည်းများကို အေးဆေး စတင် ရှင်းလင်းနိုင်တော့သည်။

အိတ်တစ်လုံးကို ဖွင့်ကြည့်လိုက်ရာ အထဲတွင် ဆန်များ အပြည့် ပါရှိနေသည်။

ထိုဆန်အိတ်ကို မြင်လိုက်ရသောအခါ ချန်းရီမှာ မနေနိုင်ဘဲ တံတွေး တစ်ချက် မျိုချလိုက်မိ၏။

ထမင်း မစားရသည်မှာ ရက်အတော်ကြာနေခဲ့ပြီ မဟုတ်ပါလော။

နောက်ထပ် အိတ်တစ်လုံးကို ဖွင့်လိုက်သောအခါတွင်မူ အထဲ၌ သရေစာမုန့် မျိုးစုံ အပြည့်အသိပ် ပါဝင်နေသည်။

အာလူးကြော်၊ ခေါက်ဆွဲခြောက်၊ အစပ်ချောင်းများနှင့် ချောကလက်များပင် ပါသေး၏။

၎င်းတို့ထဲတွင် အချိုရည်ပုလင်းများနှင့် ရေသန့်ဘူးများပင် ပါဝင်နေသေးသည်။

ကြည့်ရသည်မှာ သရေစာမုန့် လက်ဆောင်ထုတ်ကြီး တစ်ခုနှင့်ပင် တူနေတော့သည်။

ဤအရာက ချန်းရီ၏ မျက်နှာပေါ်တွင် ဝမ်းသာမှု အရေးအကြောင်းများကို အနည်းငယ် ပေါ်လာစေခဲ့သည်။

ထိုအချိုရည်များသည် ခန္ဓာကိုယ်အတွက် လိုအပ်သော သကြားဓာတ်ကို လျင်မြန်စွာ ဖြည့်တင်းပေးနိုင်ပြီး အချိုရည်ဘူး အလွတ်များသည်လည်း ရေသယ်ရန်အတွက် အလွန် အသုံးဝင်လှသည်။

ထိုပစ္စည်းများကို သေချာစွာ ပြန်လည် သိမ်းဆည်းလိုက်ပြီး အိတ်ထဲသို့ ထည့်ကာ ဖွက်ထားလိုက်သည်။

ထို့နောက်မှသာ ချန်းရီသည် ယောဂဘောင်းဘီနှင့် အမျိုးသမီး နှင့် ချန်ဇီ တို့ နှစ်ဦးဆီမှ ရရှိလာသော ပစ္စည်းများကို စတင် ဖွင့်ဖောက်ကြည့်ရှုတော့သည်။

ယောဂဘောင်းဘီနှင့် အမျိုးသမီး၏ အိတ်ကို ဖွင့်လိုက်သောအခါတွင်မူ ချန်းရီမှာ မနေနိုင်ဘဲ ကျိန်ဆဲလိုက်မိသည်။

ထိုအရူးမ၏ အိတ်ထဲတွင် စားစရာဆို၍ များများစားစား မပါချေ။

ထိုအစား အဝတ်အစားများနှင့် ဖိနပ်များကသာ အများအပြား ပါဝင်နေသည်။

၎င်းက ပြဿနာ မဟုတ်သေး။ ယခုလို အချိန်မျိုးတွင် အသုံးအဆောင် ပစ္စည်းမှန်သမျှ အသုံးဝင်သည်ချည်းသာ ဖြစ်သည်။

သို့သော် ထိုအဝတ်အစားများနှင့် ဖိနပ်များ အားလုံးက အမျိုးသမီး အသုံးအဆောင်များ ဖြစ်နေခြင်းပင်။

အိတ်ထဲတွင် အမျိုးသမီး လစဉ်သုံး ပစ္စည်းများပင် အများအပြား ပါသေး၏။

ကြည့်ရသည်မှာ ဤပစ္စည်းများကို အခြားသူများနှင့် ရိက္ခာ လဲလှယ်ရာတွင်သာ အသုံးပြုနိုင်တော့မည် ထင်သည်။

ထို့နောက်တွင်မူ ချန်ဇီ၏ အိတ်အလှည့်သို့ ရောက်လာသည်။

ချန်ဇီ၏ အိတ်သည် ချန်းရီ၏ ကျောပိုးအိတ်ထက်ပင် ပိုကြီးနေပြီး အထဲတွင် ပစ္စည်းများ အများအပြား ပါဝင်နေပုံရသည်။

ချန်းရီသည် ချန်ဇီ၏ အိတ်ထဲမှ ဝက်သားခြောက်များကိုပင် ရှာတွေ့သွားခဲ့သေး၏။

ဤအရာက အလွန် ရှားပါးသော ရိက္ခာပင် ဖြစ်သည်။

သရေစာမုန့် မျိုးစုံလည်း အပြည့်အစုံ ပါဝင်သည်။

ခေါက်ဆွဲခြောက် အထုပ်ကြီး နှစ်ထုပ်လည်း ပါသေးရာ ဤခေါက်ဆွဲခြောက် နှစ်ထုပ်တည်းနှင့်ပင် ချန်းရီအတွက် အချိန်အတော်ကြာ စားသုံးရန် လုံလောက်နေပြီ ဖြစ်သည်။

ထိုမျှသာမကဘဲ ချန်းရီသည် ချန်ဇီ၏ ကျောပိုးအိတ်ထဲမှ အဝတ်အစား အနည်းငယ်နှင့် ဖိနပ်တစ်ရံကိုပါ တွေ့ရှိခဲ့သေးသည်။

ထိုအရာက ချန်းရီ၏ မျက်နှာပေါ်တွင် ဝမ်းသာအံ့သြမှုများကို ဖြတ်ပြေးသွားစေခဲ့၏။

ယခုအချိန်သည် အောက်တိုဘာလ ဖြစ်သည်ကို သိထားရမည်။

ရာသီဥတုက အပြည့်အဝ အေးချမ်းသွားခြင်း မရှိသေးပေ။

ထို့ကြောင့် ချန်းရီမှာ နေ့စဉ် ချွေးထွက်များနေပြီး ခန္ဓာကိုယ်တစ်ခုလုံး စေးကပ်နေသည်မှာ ကြာပြီ ဖြစ်သည်။

ဝတ်ဆင်ထားသော အဝတ်အစားများမှာလည်း ညစ်ပတ်နေပြီး ကြည့်ရသည်မှာ သူတောင်းစား တစ်ယောက်နှင့်ပင် သိပ်မကွာတော့ချေ။

ရေချိုးရန် မဖြစ်နိုင်လျှင်တောင်မှ သန့်ရှင်းသော အဝတ်အစားတစ်ထည် လဲလှယ်ဝတ်ဆင်လိုက်ရခြင်းက များစွာ သက်တောင့်သက်သာ ရှိစေမည် ဖြစ်သည်။

ချန်းရီက ချွေးခြောက်မြန်သော အင်္ကျီတစ်ထည်ကို အလောတကြီး လဲလှယ်ဝတ်ဆင်လိုက်ပြီး သူ၏ ညစ်ပတ်နေသော အင်္ကျီကို အိတ်တစ်လုံးထဲသို့ ထည့်သိမ်းလိုက်သည်။ နောင်တစ်ချိန် မြစ်ကမ်းဘေးတွင် စခန်းချရမည့်အချိန် ရောက်မှသာ လျှော်ဖွတ်ရတော့မည်။

ယခုလို ခေတ်ကာလမျိုးတွင် မည်သည့် ပစ္စည်းလေးကိုမျှ အလဟဿ ဖြုန်းတီးပစ်၍ မရပေ။

ချန်းရီ ခြေထောက်ရှိ ဖိနပ်မှာ အနံ့အသက်များ ထွက်နေပြီ ဖြစ်သော်လည်း လွှင့်ပစ်ရန် လုံးဝ မရည်ရွယ်ထားချေ။

ဂတ်စ်မီးဖို အသေးစားလေးနှင့် အိုးကို ထုတ်ယူလိုက်ပြီး ယနေ့အတွက် ကောင်းကောင်းမွန်မွန် ချက်ပြုတ်စားသောက်ရန် ပြင်ဆင်လိုက်သည်။

ဓား မရှိသဖြင့် ချန်းရီက ဒူးလေးမြှား၏ ထိပ်ဖျားကို အသုံးပြုကာ ဝက်သားခြောက် အနည်းငယ်ကို အားစိုက်လှီးဖြတ်ပြီး အိုးထဲသို့ ထည့်လိုက်ရသည်။

ဆန်ဆေးရန် ဆိုသည်ကိုမူ ချန်းရီ လုံးဝ စိတ်ကူးမယဉ်ခဲ့ပေ။

ဆန်ဆေးခြင်းက ရေဖြုန်းတီးရာ ရောက်သည် မဟုတ်ပါလော။

ရေအနည်းငယ် တိုက်ရိုက်လောင်းထည့်ကာ ဝက်သားခြောက်များနှင့်အတူ ဂတ်စ်မီးဖိုလေးပေါ်တွင် တင်၍ ပြုတ်လိုက်သည်။

ချန်ဇီ၏ အိတ်ထဲတွင် လောင်ကန်းမား (ငရုတ်ဆီ) နှစ်ပုလင်းပင် ပါသေး၏။

လောင်ကန်းမား ငရုတ်ဆီ နှစ်ပုလင်း ရရှိခြင်းက လူ့ဘဝ၏ အကြီးမားဆုံးသော ကံကောင်းမှု တစ်ခုပင် ဖြစ်သည်။

မလှမ်းမကမ်းသို့ ရောက်ရှိလာသော အသက်ရှင်ကျန်ရစ်သူများမှာ ငိုကြွေးနေကြဆဲ ဖြစ်သော်လည်း ချန်းရီက ထိုလူများကို အဖက်လုပ်ရန် ပျင်းရိနေမိသည်။

ဤကဲ့သို့သော ကမ္ဘာပျက်ကပ်ကြီးထဲတွင် မျက်ရည်ကျနိုင်စွမ်း ရှိနေသေးသူများသာ ဆက်လက် အသက်ရှင်သန်နိုင်မည် ဖြစ်သည်။

ဆေးလိပ်ငွေ့များကို ကွင်းလိုက်မှုတ်ထုတ်ရင်း ချန်းရီက သုံးဘီးယာဉ်ဘေးတွင် မှီကာ ထမင်းကျက်မည့်အချိန်ကို စောင့်ဆိုင်းနေလိုက်သည်။

တစ်ချိန်တည်းမှာပင် ထိုလူများကို သတိထားသော အကြည့်ဖြင့် စောင့်ကြည့်နေ၏။

ထိုလူများထံမှ မည်သည့် အလွန်အကျွံ တုံ့ပြန်မှုမျှ မရှိသည်ကို တွေ့ရပြီးနောက် ချန်းရီသည် စနစ်အကြောင်းကို ပြန်လည် စဉ်းစားခန်း ဝင်လိုက်သည်။

သုံးဘီးယာဉ်ကို အဆင့်မြှင့်တင်ခြင်း ပြီးဆုံးရန် ငါးနာရီကျော်မျှ လိုသေးသည်။

သတ်ဖြတ်မှတ် သုံးရာ ကျန်ရှိနေသေးသည်ကို မြင်လိုက်ရ၏။

ချန်းရီက ထိုသဘာဝလွန် လမ်းစဉ် အစွမ်းပိုင်ရှင်များကို ပြန်လည် သတိရသွားသည်။

"စနစ်... သဘာဝလွန်အစွမ်းလမ်းစဉ်ကို နိုးထအောင် ဘယ်လိုလုပ်ရမလဲ"

ချန်းရီက စမ်းသပ်သည့် အနေဖြင့်သာ မေးကြည့်လိုက်ခြင်း ဖြစ်သော်လည်း စနစ်က လျင်မြန်စွာပင် အဖြေပြန်ပေးလာလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

[လက်ရှိတွင် သဘာဝလွန်အစွမ်း လမ်းစဉ်ကို နိုးကြားစေရန် နည်းလမ်းနှစ်သွယ် ရှိပါသည်။ တစ်နည်းမှာ လမ်းစဉ်ဆေးထိုးအပ်ကို ရယူပြီး ထိုဆေးထိုးအပ်မှတစ်ဆင့် လမ်းစဉ်အစွမ်းကို နိုးကြားစေခြင်း ဖြစ်ပါသည်]

[နောက်တစ်နည်းမှာမူ မိမိကိုယ်တိုင် သူ့အလိုလိုနိုးကြားစေခြင်း ဖြစ်ပါသည်]

ချန်းရီက မျက်လုံးများကို အနည်းငယ် မှေးကျဉ်းလိုက်သည်။

လမ်းစဉ်ဆေးထိုးအပ် ဆိုသည့်အရာကိုတော့ မစဉ်းစားတော့ပေ။ နာမည်ကြားရုံနှင့်ပင် အလွန်တန်ဖိုးကြီးမည်ကို သိနိုင်ပြီး သူကိုယ်တိုင် လုံးဝ ဝယ်နိုင်မည် မဟုတ်ချေ။

ထို့အပြင် ယခုအချိန်သည် ကမ္ဘာပျက်ကပ် ရောက်နေပြီဖြစ်ကာ လူသားများမှာ မြို့ကြီးများထဲမှ မောင်းထုတ်ခံခဲ့ရပြီး ဖြစ်ရာ လမ်းစဉ်ဆေးထိုးအပ်ကို ရရှိရန် ပို၍ပင် ခက်ခဲပေလိမ့်မည်။

နောက်တစ်နည်းကတော့ မိမိကိုယ်တိုင် နိုးကြားစေတာပဲ...

"စနစ်... ကိုယ်တိုင် နိုးကြားစေနိုင်မယ့် နည်းလမ်း ရှိလား"

[ရှိပါသည်။ သတ်ဖြတ်မှတ် သုံးထောင်ဖြင့် လဲလှယ်ရန် လိုအပ်ပါသည်။ လဲလှယ်လိုပါသလား]

ချန်းရီ "..."

သတ်ဖြတ်မှတ် သုံးထောင် ဟုတ်လား။

သတ်ဖြတ်မှတ် တစ်ထောင် ရဖို့အတွက်တောင် အသက်ထွက်မတတ် ဖြစ်ခဲ့ရတာ။ သုံးထောင်ကို ဘယ်မှာသွားရှာရမလဲ။

အကောင့်ထဲတွင် ကျန်ရှိနေသေးသော သတ်ဖြတ်မှတ် သုံးရာကို ကြည့်လိုက်သည်။

အကယ်၍ စနစ်၏ အကြွေးကို ပြန်ဆပ်လိုက်မည် ဆိုပါက သူ့မှာ ဘာမှ ကျန်တော့မည် မဟုတ်ပေ။

မည်သို့ပင်ဖြစ်စေ စနစ်ကလည်း အကြွေးလာတောင်းမည် မဟုတ်ရာ ဤသတ်ဖြတ်မှတ် သုံးရာကို အကျိုးအမြတ် အများဆုံးရအောင် မည်သို့ အသုံးချရမည်နည်း။

ဆေးလိပ်ကို တစ်ဝကြီး ဖွာရှိုက်လိုက်ပြီး ချန်းရီ၏ ဦးနှောက်က ရူးသွပ်မတတ် အလုပ်လုပ်နေတော့သည်။

ယခင်က ရှင်းဟွာမြို့တွင် အဖြူရောင်ဝတ်စုံနှင့် ကတ်ကြေးမိန်းမ ကို ရင်ဆိုင်ခဲ့ရစဉ်ကဖြစ်စေ၊ စက္ကူငိုကြွေးကလေး ကို ရင်ဆိုင်ခဲ့ရစဉ်ကဖြစ်စေ ပြန်လည် သတိရသွားသည်။

သာမန်လူများအနေဖြင့် ထူးဆန်းသောအရာများနှင့် ရင်ဆိုင်ရပါက မည်သို့မျှ မတတ်နိုင်ဘဲ အဆက်မပြတ် ထွက်ပြေးနေရန်သာ တတ်နိုင်ပေသည်။

"စနစ်... သတ်ဖြတ်မှတ် သုံးရာနဲ့ ထူးဆန်းသောအရာတွေကို ရင်ဆိုင်ဖြေရှင်းနိုင်မယ့် နည်းလမ်းတစ်ခုခုကို လဲလှယ်ပေး"

ချန်းရီက ဤညွှန်ကြားချက်ကို ထုတ်ပြန်လိုက်ပြီးနောက်...

စနစ်တွင် လည်ပတ်နေသော ပုံသင်္ကေတငယ်လေး တစ်ခု ပေါ်လာသည်။

ဖုန်းထဲတွင် ဆော့ဖ်ဝဲလ်တစ်ခုကို ဖွင့်လိုက်စဉ် စောင့်ဆိုင်းရသည့် ပုံသင်္ကေတလေးနှင့်ပင် တူနေသည်။

ဆယ်မိနစ်တိတိ စောင့်ဆိုင်းလိုက်ရ၏။

စနစ်မှာလည်း နည်းလမ်းမရှိတော့ဘူးဟု ချန်းရီ ထင်မှတ်နေစဉ်မှာပင်...

စနစ်ဆီမှ သတင်းအချက်အလက် တစ်ခု ရောက်ရှိလာသည်။

[သတ်ဖြတ်မှတ် သုံးရာ အသုံးပြု၍ ထူးဆန်းသောအရာများကို ရင်ဆိုင်နိုင်မည့် နည်းလမ်းတစ်ခုအား လဲလှယ်နိုင်ပါသည်။ လဲလှယ်လိုပါသလား]

တကယ်ကြီး နည်းလမ်း ရှိနေတာလား။

ချန်းရီက ကိုယ်ကို ချက်ချင်း မတ်မတ် ထိုင်လိုက်သည်။

"သေချာတယ်... လဲလှယ်မယ်"

ထူးဆန်းသောအရာများကို ရင်ဆိုင်ရာတွင် လုံးဝ ပြန်လည် မခုခံနိုင်သော ခံစားချက်ကြီးက တကယ်ကို ခံရခက်လွန်းလှသည်။

သတ်ဖြတ်မှတ် သုံးရာဖြင့် လဲလှယ်ရသော နည်းလမ်းသည် အရာအားလုံးကို အဆုံးအဖြတ် ပေးနိုင်မည့် နည်းလမ်းမျိုး မဟုတ်သည်ကတော့ သေချာပါသည်။

သို့သော် အနည်းဆုံးတော့ နောင်တစ်ချိန်တွင် ပြန်လည် ခုခံနိုင်စွမ်းတော့ ရရှိလာမည် ဖြစ်သည်။

အကောင့်ထဲရှိ သတ်ဖြတ်မှတ် သုံးရာက ချက်ချင်း ပျောက်ကွယ်သွားသည်။

သတင်းအချက်အလက် တစ်ကြောင်းက ချန်းရီ၏ အရှေ့တွင် ပေါ်လာ၏။

[ခွေးနက်သွေးက ထူးဆန်းသောအရာများကို အတိုင်းအတာ တစ်ခုအထိ ထိရောက်မှု ရှိစေနိုင်ပါသည်]

ခွေးနက်သွေး ဟုတ်လား။

ဤနည်းလမ်း ဖြစ်နေလိမ့်မည်ဟု မထင်မှတ်ထားခဲ့သဖြင့် ချန်းရီ၏ ရင်ထဲတွင် အနည်းငယ် ဝမ်းသာသွားသည်။

ယခင်က သုံးဘီးယာဉ် အဆင့်မြှင့်တင်ပြီးနောက် ဓာတ်ဆီမရှိလျှင် မည်သို့ လုပ်ရမည်နည်းဟု စိုးရိမ်နေခဲ့သေးသည်။

ဤနည်းလမ်းကို အသုံးပြုပြီး အရှေ့ဘက်ရှိ ထိုသဘာဝလွန် လမ်းစဉ် အစွမ်းပိုင်ရှင်များနှင့် သွားရောက် လဲလှယ်ပါက ဓာတ်ဆီ ရ၊ မရ မသိနိုင်ပေ။

"ဓာတ်ဆီ"

စနစ်ဆီမှ လမ်းစဉ်ဆေးထိုးအပ်ကို လဲလှယ်နိုင်မှတော့ ဓာတ်ဆီ သို့မဟုတ် အခြားသော ရိက္ခာပစ္စည်းများကိုရော လဲလှယ်လို့ ရနိုင်မည် မဟုတ်ပါလော။

ချန်းရီက စနစ်ကို တိုက်ရိုက် ခေါ်ယူကာ မေးမြန်းလိုက်သည်။

စနစ်က သေချာသော အဖြေတစ်ခုကို ပြန်လည် ပေးအပ်လာ၏။

ရလဒ်အနေဖြင့် လဲလှယ်ရမည့် ဈေးနှုန်းကို ချန်းရီ တစ်ချက် ကြည့်လိုက်ပြီးနောက် ဆွံ့အ တိတ်ဆိတ်သွားတော့သည်။

ဤလဲလှယ်ရမည့် ဈေးနှုန်းကို မြင်လိုက်ရချိန်တွင် မိမိ၏ အသက်အန္တရာယ် ခြိမ်းခြောက်ခံရခြင်းမျိုး မဟုတ်ပါက လုံးဝ လဲလှယ်မည် မဟုတ်ကြောင်း ချန်းရီ တွေးလိုက်မိတော့သည်။

ဆက်ရန်...

All Chapters