← Chapters

အခန်း ၁၈

Vol. 1 Ch. 18

အခန်း ၁၈

Vol. 1 Ch. 18

အပိုင်း (၁၈) သူက ကလေးတစ်ယောက်ပဲလေ

"ဖြန်း"

ထိုပါးရိုက်ချက်က အတော်လေး ပြင်းထန်သွား၏။

ထိုဆိုးသွမ်းသောကလေးမှာ ဂျင်တစ်ခုလို လည်ထွက်သွားကာ မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် လဲကျသွားသည်။

ချက်ချင်းပင် အသံကျယ်ကြီးဖြင့် အော်ငိုတော့၏။

အဒေါ်ကြီး၏ မျက်လုံးထဲတွင် သူမ၏မြေးလေးက လိမ္မာရေးခြားရှိပြီး ချစ်စရာကောင်းသူဖြစ်သည်။ ထမင်းစားချင်ရုံလေး၊ လက်ပါပြီး လုယူမိရုံလေးသာ ဖြစ်သည်။

တစ်ဖက်လူကလည်း မပေးခဲ့သည့်အတွက် ဒါက ကြီးမားသောကိစ္စတစ်ခု မဟုတ်ပေ။

ဒါက အမှန်တကယ်ပင် အရေးကြီးသောကိစ္စ မဟုတ်ပေ။

ဒါ့အပြင် သူ့ရှေ့က လူငယ်က ဒီလောက်အရွယ်ရောက်နေတဲ့ လူကြီးတစ်ယောက်ဖြစ်ပါလျက် ကလေးတစ်ယောက်နဲ့များ ပြဿနာရှာနေသေးသလား။

သို့သော် သူ့ရှေ့မှ လူငယ်က သူမ၏မြေးဖြစ်သူကို ပြဿနာရှာရုံသာမက လက်ပါးပါ ရိုက်လိုက်သေး၏။

အတော်လေးလည်း ပြင်းထန်လှသည်။

နီရဲယောင်ယမ်းနေသော လက်ဝါးရာကြီးကို ကြည့်ရင်း အဒေါ်ကြီးမှာ ရင်ကွဲမတတ် နာကျင်ခံစားလိုက်ရသည်။

ပတ်ဝန်းကျင်ရှိ လူအများအပြားကလည်း ဤဘက်သို့ လှမ်းကြည့်နေကြ၏။

ကျိုးရှောင်ရှောင်က ပွဲကြည့်နေသည့် အမူအရာဖြင့် ချန်းရီကို ကြည့်နေရင်း ပါးစပ်မှလည်း သူမ၏အစ်မဖြစ်သူအား ပြောလိုက်သည်။ "အစ်မ... ကြည့်ပါဦး... ဒီချန်းရီကတော့ တကယ့်ကို လွန်လွန်းတယ်"

"ကျွန်တော်တို့ သူ့ကို ဓာတ်ဆီတစ်ပုံး ပေးခဲ့ရတာ တကယ့်ကို နှမြောစရာပဲ"

"ကျွန်တော် ပြန်ယူလာခဲ့လို့ တော်သေးတာပေါ့"

ကျိုးရှောင်ရှောင်၏ စိတ်ထဲတွင်တော့ ချန်းရီက အနည်းငယ် လွန်ကျူးနေသည်ဟု ထင်မြင်မိသည်။

ကလေးတစ်ယောက်သာ ဖြစ်သည် မဟုတ်ပါလော။

မပေးချင်ရင်လည်း မပေးနဲ့ပေါ့... ဘာလို့များ ပါးချည်ရိုက်ရတာလဲ။

ကျိုးရှောင်ရှောင်၏ စိတ်ထဲ၌ ချန်းရီအပေါ် ထားရှိသော အကဲဖြတ်မှုက အဆင့်အနည်းငယ် ထပ်မံ ကျဆင်းသွားပြန်သည်။

ကျိုးလန်က ဘယ်ညာသို့ စိုးရိမ်တကြီး ကြည့်လိုက်ပြီး သူတို့မောင်နှမကို မည်သူမျှ သတိမထားမိကြောင်း သိလိုက်ရမှသာ အပြစ်တင်သည့် လေသံဖြင့် ပြောလိုက်၏။ "ရှောင်ရှောင်... နင် ဘာတွေ လျှောက်ပြောနေတာလဲ"

"အဲဒီကလေးက နားမလည်လို့ လုပ်တာ သိသာနေတာပဲ"

"ဒီလောက်ငယ်တဲ့ ကလေးကို ချန်းရီလို ယောက်ျားကြီးတစ်ယောက်က ဘာသွားလုပ်ရမှာလဲ"

"ဘယ်လိုပဲဖြစ်ဖြစ် ချန်းရီက လမ်းစဉ် အစွမ်းပိုင်ရှင်လေ... သူ့ကို သွားမရန်စတာ အကောင်းဆုံးပဲ"

"ဟမ့်... ကလေးဆိုတာလည်း လူပဲလေ... တိရစ္ဆာန်မှ မဟုတ်တာ"

ကျိုးလန်က ကမ္ဘာပျက်ကပ် မတိုင်မီက နာမည်ကြီး အမျိုးသမီးသရုပ်ဆောင် တစ်ဦး ဖြစ်ခဲ့ဖူးသဖြင့် လူမှုကိစ္စရပ်များကို သူမ၏မောင်ဖြစ်သူထက် ပို၍ တွေ့ကြုံဖူးသူ ဖြစ်သည်။

ဤကဲ့သို့သော ကိစ္စမျိုးကို သူမကိုယ်တိုင် ကြုံရလျှင် ပေးလိုက်ရန်သာ ရွေးချယ်မိပေလိမ့်မည်။

နာမည်ကြီးစကားပုံတစ်ခုလိုပင် "သူက ကလေးဆိုတော့ ဘာသိမှာလဲ" ဟု ဆိုသကဲ့သို့ပင် ဖြစ်သည်။

သို့သော် ကျိုးလန်၏ ရင်ထဲနက်နက်တွင်မူ ချန်းရီကို ပို၍ပင် ကြောက်ရွံ့သွားမိသည်။

ယခင်က ရှောင်ရှောင် ဓာတ်ဆီသွားယူစဉ်က မတားဆီးခဲ့မိသည်မှာ မှားယွင်းသွားပြီလားဟုပင် စိုးရိမ်မိသွား၏။

သူက လမ်းစဉ် အစွမ်းပိုင်ရှင် တစ်ယောက်လေ။

ကျိုးရှောင်ရှောင်က သူ၏ အစ်မဖြစ်သူကို မျက်စောင်းတစ်ချက် ထိုးလိုက်သည်။

"မင်းတို့အထင် ချန်းရီက ဒီကိစ္စကို ဘယ်လို ကိုင်တွယ်မယ်လို့ ထင်လဲ"

ချူချယ်က ဤဘက်သို့ ရယ်စရာတစ်ခုလို ကြည့်နေပြီး သူ၏ မျက်ဝန်းများထဲတွင် စိတ်ဝင်စားမှုများ အပြည့် ရှိနေသည်။

ထယ်ရှီးက သူ၏ နောက်စေ့ကို တစ်ပွတ်သပ်လိုက်ပြီး အသံဩဩကြီးဖြင့် ပြောလိုက်သည်။ "ငါတော့ မသိဘူး... ဒါပေမဲ့ သူက ကလေးတစ်ယောက်ပဲ ရှိသေးတာလေ... ဘာမှ နားလည်ဦးမှာ မဟုတ်ပါဘူး"

နာနာက အေးစက်စွာ နှာခေါင်းရှုံ့လိုက်၏။ "ကလေးဖြစ်တော့ရော ဘာဖြစ်လဲ... ကလေးဆိုတာလည်း လူပဲလေ... ကလေးဆိုတိုင်း ထင်ရာစိုင်းလို့ ရတယ်တဲ့လား"

"ကမ္ဘာပျက်ကပ် မတိုင်ခင်တုန်းက တချို့ကလေးတွေဆိုရင် တိရိစ္ဆာန်တွေထက်တောင် ပိုဆိုးသေးတယ်"

ထယ်ရှီးမှာ ဘာပြောရမှန်း မသိတော့ဘဲ ဆွံ့အသွားသည်။

တိုက်တန် လမ်းစဉ် အစွမ်းပိုင်ရှင်များသည် အမြဲတမ်း စကားပြောဆိုရာတွင် အားနည်းလေ့ ရှိကြသည်။

ချန်းရီက ထိုအဘွားနှင့်မြေးကို အေးတိအေးစက် ကြည့်နေ၏။

"အဘွား... ဝါး... ဝါး... ဝါး..."

ကလေးက ငိုရင်း လက်လှမ်းကာ အဘွားဖြစ်သူကို ချီခိုင်းရန် ပြင်လိုက်သည်။

"အဘွားရဲ့ မြေးလေး... သနားစရာ မြေးလေးရယ်"

အဒေါ်ကြီး၏ မျက်လုံးများ နီရဲနေပြီး မြေးဖြစ်သူကို ပွေ့ချီရန် ကြိုးစားလိုက်သည်။

သို့သော် ဤဝဝဖိုင့်ဖိုင့် ကလေးက လေးလံလွန်းလှသဖြင့် အဒေါ်ကြီးမှာ မချီနိုင်တော့ဘဲ မြေးလေးကို ဆွဲထူလိုက်ရ၏။

ကလေးက မတ်တတ်ရပ်လိုက်ပြီးနောက် အဒေါ်ကြီး၏ ကျောအနောက်တွင် ပုန်းကွယ်ကာ အသံကျယ်ကြီးဖြင့် အော်ငိုနေသည်။

အဘွားဖြစ်သူ၏ အနောက်တွင် ပုန်းကွယ်နေရသဖြင့် အားတက်သွားဟန်ဖြင့် ချန်းရီကို အမုန်းတရားများဖြင့် စိုက်ကြည့်လိုက်ပြန်သည်။

"နင့်လို လူငယ်တစ်ယောက်က ဘယ်လိုလုပ်ပြီး ဒီလိုလုပ်ရက်တာလဲ... ကြီးသူကို ရိုသေရမယ်... ရွယ်တူကို လေးစားရမယ်... ငယ်သူကို သနားညှာတာရမယ်ဆိုတာ မသိဘူးလား... နင့်မိဘတွေက ဘယ်လို သွန်သင်လိုက်တာလဲ"

"နင့် ကျောင်းကရော ဘယ်လို သင်ပေးလိုက်တာလဲ"

"ငါ့မြေးလေးကိုများ လက်ပါရဲတယ်ပေါ့... နင်... နင့်ကို အလွတ်မပေးဘူး မှတ်"

"နင် စောင့်ကြည့်နေလိုက်..."

ချန်းရီက ဘာမျှ ထပ်မစဉ်းစားတော့ဘဲ မတ်တတ်ရပ်ကာ ခေါင်းပြူထွက်လာပြီး သူ့ကို ရန်သူလို စိုက်ကြည့်နေသော ကလေးကို ခြေထောက်ဖြင့် လှမ်းကန်လိုက်သည်။

ကလေးငယ်မှာ မျက်တောင်တစ်ခတ်အတွင်းမှာပင် ဆာလာအိတ်စုတ်ကြီး တစ်လုံးကဲ့သို့ လွင့်စင်ထွက်သွား၏။

"ကျွမ်ကျွမ်"

အဒေါ်ကြီးက လန့်ဖျပ်အော်ဟစ်လိုက်ပြီး ငိုယိုကာ ပြေးသွားသည်။

ကလေးငယ်မှာ မြေပြင်ပေါ်တွင် ခြောက်ပေမှ ဆယ်ပေခန့်အထိ တရွတ်တိုက် ပါသွားပြီးမှသာ ရပ်တန့်သွားသည်။

"ဝါး... ဝါး... ဝါး..."

အသံကျယ်ကြီးဖြင့် အော်ငိုသံက စခန်းတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားသည်။

လူအားလုံးမှာ ပါးစပ်အဟောင်းသားဖြင့် မှင်သက်သွားကြ၏။

"ကျွမ်ကျွမ်... မြေးလေး ဘယ်လိုနေသေးလဲ"

"ကျွမ်ကျွမ်... အဘွားရဲ့ မြေးလေး"

"အဘွား... သား နာတယ်... ဝါး... ဝါး... ဝါး..."

ချန်းရီ၏ ဤကန်ချက်က အားနည်းနည်းမျှ လျှော့ထားခဲ့ခြင်း မရှိပေ။ ထိုကလေးဆိုး၏ မျက်နှာတွင် ချန်းရီ၏ ကန်ချက်ကြောင့် သွေးများ ထွက်လာပြီး ရှေ့သွားများပင် အတော်များများ ကျွတ်ထွက်သွားခဲ့သည်။

ပါးစပ်ဟကာ ငိုနေချိန်တွင် ရှေ့သွားများ အားလုံး ပြုတ်ထွက်နေသည်ကို မြင်ရ၏။

အဒေါ်ကြီးမှာ သူမ၏ မြေးလေး ဤကဲ့သို့ ဖြစ်နေသည်ကို မြင်သောအခါ ရင်ကွဲမတတ် ခံစားလိုက်ရသည်။

မြေးအဘွားနှစ်ယောက် ဖက်ငိုနေကြသော မြင်ကွင်းက ချက်ချင်းပင် ပေါ်ထွက်လာတော့သည်။

အဒေါ်ကြီးက ချန်းရီကို ဒေါသတကြီး စိုက်ကြည့်လိုက်၏။

"ဟဲ့အကောင်... သူက ကလေးတစ်ယောက်ပဲ ရှိသေးတာလေ"

ချန်းရီက အေးစက်စွာ နှာခေါင်းရှုံ့လိုက်သည်။ "တချို့ကလေးတွေက တိရစ္ဆာန်ထက်တောင် ရိုင်းစိုင်းသေးတယ်"

အဒေါ်ကြီးက ချန်းရီ ဤသို့ ပြန်ဖြေလိမ့်မည်ဟု မထင်ထားခဲ့သဖြင့် တစ်ခဏမျှ မျက်နှာကြီး နီရဲသွား၏။

ကမ္ဘာပျက်ကပ် မတိုင်မီက သူမတို့အိမ်မှ ဤကလေးဆိုး ပြဿနာရှာပြီးတိုင်း သူမက ဤစကားကို ထုတ်သုံးကာ အနိုင်ယူလေ့ ရှိသည်။

အချို့လူများက သူမ ဤသို့ ပြောလိုက်ပြီးနောက် မျက်နှာနီရဲကာ သည်းခံလိုက်ရလေ့ ရှိ၏။

အချို့လူများကမူ ပြန်လည်ချေပချင်သော်လည်း မည်သို့ ချေပရမည်ကို မသိဖြစ်သွားတတ်ကြသည်။

သို့သော် ကမ္ဘာပျက်ကပ် ရောက်လာပြီးနောက်တွင် ဤစကားက လုံးဝ အသုံးမဝင်တော့မည်ဟု ထင်မထားခဲ့ပေ။

သို့မဟုတ် သူမရှေ့မှ ဤလူငယ်အတွက် အသုံးမဝင်ခြင်းလည်း ဖြစ်နိုင်၏။

စောစောက သူမ၏မြေး ထမင်းသွားတောင်းစဉ်က သူမ မြင်တွေ့ခဲ့ရသည်။

မြေးဖြစ်သူက လက်ပါပြီး လုယူချိန်တွင်ပင် သူမက ဝင်ရောက် တားဆီးခဲ့ခြင်း မရှိခဲ့ပေ။

လူငယ်၏ စေတနာကို အသုံးချကာ ညစာတစ်နပ် ရနိုင်လိမ့်မည်ဟု သူမ ထင်မှတ်ထားခဲ့သည်။

ဤသို့သော ရလဒ်မျိုး ထွက်ပေါ်လာမည်ဟု သူမ လုံးဝ ထင်မထားခဲ့ချေ။

လူအတော်များများက ချန်းရီ၏ စကားကို ကြားသောအခါ စိတ်ထဲတွင် ကျေနပ်သွားကြ၏။

ဤလူများသည် ထိုမြေးအဘွားနှင့်အတူ လုချန်မြို့မှ ထွက်ပြေးလာကြသူများ ဖြစ်သည်။

ထိုမြေးအဘွား၏ ထူးဆန်းသော အပြုအမူများကြောင့် ဒေါသထွက်ခဲ့ရသည်မှာလည်း အကြိမ်ကြိမ်ပင် ရှိနေပြီဖြစ်သည်။

ဤမြေးအဘွား ယခုအချိန်ထိ အသက်ရှင်နေနိုင်ခြင်းမှာ လမ်းတစ်လျှောက်လုံး အခြားလူများ၏ စောင့်ရှောက်မှုကြောင့်သာ ဖြစ်၏။

နောက်ပိုင်းတွင် လူတိုင်းက ဤမြေးအဘွား၏ အကျင့်စရိုက်ကို ရှင်းရှင်းလင်းလင်း သိသွားကြသဖြင့် မည်သူမျှ သူတို့ကို ဆက်လက် မစောင့်ရှောက်ကြတော့ပေ။

အကယ်၍ ယာဉ်တန်းကြီးသာ ပေါ်မလာခဲ့လျှင် မကြာမီမှာပင် ဤမြေးအဘွား အသက်ဆက်ရှင်နိုင်တော့မည် မဟုတ်ချေ။

"နင်... နင် ငါနဲ့ တွေ့ပြီ"

အဒေါ်ကြီးက သူမ အသာမစီးရတော့ကြောင်း သိသွားပုံရပြီး မတ်တတ်ရပ်ကာ ချန်းရီကို လက်ပါရန် ပြင်လိုက်သည်။

ချန်းရီက လုံးဝ အားနာခြင်း မရှိပေ။

"ဘုန်း"

ထိုအဒေါ်ကြီးကို ခြေထောက်ဖြင့် ထပ်မံ ကန်ထုတ်လိုက်ပြန်သည်။

အဒေါ်ကြီးမှာ ချန်းရီ၏ ကန်ချက်ကြောင့် လဲကျသွားကာ ဆယ်ပေမှ ဆယ့်ငါးပေခန့် နောက်ဆုတ်သွားပြီး မြေပြင်ပေါ်သို့ ဖင်ထိုင်လျက် ကျသွား၏။

အချိန်အတန်ကြာသည်အထိ ထမလာနိုင်တော့ပေ။

"အဘွား..."

"အီး... ဟီး... ဟီး..."

နေရာရှိ လူအားလုံးမှာ ချန်းရီ၏ အပြုအမူကြောင့် မေးရိုးပြုတ်ကျမတတ် အံ့သြသွားကြသည်။

အချို့လူများကမူ ချန်းရီ၏ အပြုအမူကို အထင်သေးသည့် မျက်လုံးများဖြင့် ကြည့်နေကြ၏။

"အမ... တွေ့လား... အဲဒီ ချန်းရီက တကယ့် လူယုတ်မာပဲ... လူကြီးနဲ့ ကလေးကိုတောင် သူက အလွတ်မပေးဘူး"

ကျိုးရှောင်ရှောင်က အစ်မဖြစ်သူ၏ အင်္ကျီစကို အလျင်အမြန် ဆွဲကာ လေသံတိုးတိုးဖြင့် ပြောလိုက်သည်။

ဘာကြောင့်မှန်းတော့ မသိပေ။

အရင်က ချန်းရီကို သူရဲဘောကြောင်သူဟု ထင်မြင်ခဲ့သော ကျိုးရှောင်ရှောင်မှာ ဤကိစ္စများအပြီးတွင်တော့ ချန်းရီကို အနည်းငယ် ကြောက်ရွံ့လာခဲ့သည်။

ချန်းရီ၏ အကြည့်များ ဤဘက်သို့ ရောက်လာသည်ကို မြင်သောအခါ ကျိုးရှောင်ရှောင်မှာ အလျင်အမြန် မျက်နှာလွှဲလိုက်ပြီး သူ၏ နှလုံးသားလေးမှာ ဒိတ်ဒိတ်ကြဲအောင် ခုန်နေတော့သည်။

သို့သော် အချို့လူများကမူ ချန်းရီ၏ အပြုအမူကို အလွန်အမင်း ချီးကျူးနေကြ၏။

"ချန်းရီက ဒီလို လုပ်ရဲမယ်လို့ မထင်ထားဘူး... ငါ့အကြိုက်နဲ့ တိုက်ဆိုင်တယ်... တကယ့် ယောက်ျားကောင်းပဲ"

ဓားနတ်ဘုရား မိန်းကလေးက ခါးနောက်ရှိ ဓားရှည်ကြီးကို ကိုင်တွယ်ရင်း ပြုံးရွှင်စွာ ပြောလိုက်သည်။

ထယ်ရှီးက သူ၏ ခေါင်းကို ကုတ်လိုက်ပြီး တစ်စုံတစ်ရာ ပြောချင်သော်လည်း နှုတ်မှ ထွက်မလာခဲ့ပေ။

နာနာက ထယ်ရှီးကို မျက်စောင်းတစ်ချက်ထိုးလိုက်ပြီး အေးစက်စွာ နှာခေါင်းရှုံ့၍ ပြောလိုက်သည်။ "လူငယ်တွေက လူကြီးကို ရိုသေရမယ်... ကလေးတွေကို ချစ်ခင်ရမယ်လို့ နင်က ပြောချင်နေတာ မဟုတ်လား"

"ထယ်ရှီး... နင့်ရဲ့ ဦးနှောက်ထဲမှာ ကြွက်သားတွေချည်းပဲ ပြည့်နေတာလား"

"တိုက်တန် လမ်းစဉ်ရဲ့ အားနည်းချက်က ဉာဏ်ရည်နိမ့်ကျတာလို့ လူတွေပြောကြတာ... ဒီကောလာဟလက တကယ်ဖြစ်နေတာပဲ"

"အရင်တုန်းက မနက်ဘက် အလုပ်သွားတဲ့အခါ ရထားတွဲတစ်ခုလုံးရဲ့ တစ်ဝက်လောက်က ကြက်ဥလုဝယ်တဲ့ အဘိုးအဘွားတွေချည်းပဲ"

"ကားပေါ်တက်တုန်းကတော့ မသန်မစွမ်းလိုလိုနဲ့... ကားပေါ်ကဆင်းတော့မှ တကယ့်ကို သန်မာတဲ့သူကြီးတွေ ကျနေတာပဲ"

"လစဉ် ပင်စင်လစာကလည်း ငါ့လစာထက် အဆပေါင်းများစွာ များသေးတယ်"

"တစ်ညလုံးလည်း ပန်းခြံတို့ရင်ပြင်တို့မှာ အက ကနေကြတာ မရပ်ဘူး"

"ပြီးတော့ ဒီလို ကလေးဆိုးတွေကလည်း ရှိသေးတယ်..."

နာနာမှာ ဤပြဿနာများကို အကြီးအကျယ် ခံစားခဲ့ရဖူးပုံပေါ်ကာ စကားပြောလိုက်သည်နှင့် သူမ၏ ပါးစပ်လေးမှာ လုံးဝ မရပ်တန့်တော့ပေ။

ထယ်ရှီးက ပါးစပ်ဟလိုက်သော်လည်း သူ့ရှေ့ရှိ ဤမိန်းကလေး၏ စကားလုံးများကြောင့် မည်သို့ ပြန်ပြောရမည်ကို မသိဖြစ်သွားပုံရသည်။

ချူချယ်က လက်ခုပ်တီးကာ သူတို့နှစ်ဦး၏ စကားဝိုင်းကို ဖြတ်ပြောလိုက်သည်။ "ကဲ... တော်ကြတော့... ခရီးဆက်ကြမယ်"

ချန်းရီဘက်တွင်မူ...

ကလေးက ချန်းရီကို အမုန်းတရား အပြည့်ရှိသော မျက်လုံးများဖြင့် ကြည့်နေဆဲပင်။

ချန်းရီက ဖြည်းညင်းစွာ လျှောက်သွားလိုက်သည်။

ကလေးမှာ ထိတ်လန့်သွားပြီး အဘွားဖြစ်သူ၏ နောက်သို့ ပုန်းကွယ်ရန် ကြိုးစားလိုက်၏။

အဒေါ်ကြီးက မြေးဖြစ်သူကို ကာကွယ်ပေးထားပြီး ဒေါသတကြီး စိုက်ကြည့်လိုက်သည်။ "နင် ဘာလုပ်ချင်လို့လဲ"

ချန်းရီက ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး ပြောလိုက်၏။ "ခင်ဗျားက သားဖြစ်သူ ဒါမှမဟုတ် ခင်ဗျားသိတဲ့ တခြားလူတွေ ပြန်လာတဲ့အထိ စောင့်ပြီးမှ ကျုပ်ကို ပြဿနာရှာမယ်လို့ တွေးနေတာ မဟုတ်လား"

အဒေါ်ကြီးနှင့် မြေးဖြစ်သူ၏ မျက်နှာပေါ်ရှိ အမူအရာများကို ကြည့်ရင်း သူ၏ ခန့်မှန်းချက် မှန်ကန်သွားကြောင်း ချန်းရီ သိလိုက်သည်။

ချန်းရီက ဆက်လက်၍ ဟက်ဟက်ပက်ပက် ရယ်မောကာ ပြောလိုက်သည်။ "အခုချိန်က ကမ္ဘာပျက်ကပ် ရောက်နေပြီလေ... အခု ဒီမှာ မရှိတဲ့လူတွေက နောက်ဆိုရင်လည်း ဘယ်တော့မှ ရှိလာတော့မှာ မဟုတ်ဘူး"

"ခင်ဗျား... ကျုပ်တဲ့ စကားကို နားလည်တယ်မလား"

အဒေါ်ကြီး၏ မျက်နှာကြီးမှာ ဖြူရော်သွားတော့သည်။

ကလေးက ပါးစပ်ကို တွန့်လိမ်ကာ အသံကျယ်ကြီးဖြင့် အော်ငိုလိုက်ပြန်၏။

အလွန်တရာ ဝမ်းနည်းပူဆွေးသွားပုံရသည်။

ယာဉ်တန်းကြီးက မကြာမီမှာပင် စတင် ရွေ့လျားလာတော့သည်။

ချန်းရီက ပစ္စည်းများကို ရိုးရှင်းစွာ သိမ်းဆည်းလိုက်ပြီး သုံးဘီးဆိုင်ကယ်ကို စတင် စက်နှိုးလိုက်သည်။

ဤရက်များအတွင်း ခရီးနှင်ခဲ့ရသဖြင့် သုံးဘီးဆိုင်ကယ်၏ ဓာတ်ဆီမှာလည်း များများစားစား မကျန်တော့ပေ။

မနက်ဖြန်တွင် ဓာတ်ဆီ ထပ်မရှာနိုင်သေးလျှင် သူကိုယ်တိုင် လူအင်အားဖြင့် နင်းရတော့မည် ဖြစ်သည်။

သုံးဘီးဆိုင်ကယ်က တစ်ချက် တုန်ခါသွားပြီးနောက် စတင် ရွေ့လျားသွား၏။

ထိုမြေးအဘွားမှာ ငိုယိုကာ ပြဿနာရှာနေဆဲပင် ဖြစ်သည်။

သို့သော် သူတို့ကို သွားရောက် တွဲထူပေးမည့်သူ သို့မဟုတ် သူတို့ဘက်မှ ရပ်တည်ပြောဆိုပေးမည့်သူ တစ်ယောက်မျှ မရှိခဲ့ချေ။

မနေ့က အခွင့်အရေးလိုချင်သော အမျိုးသမီးပင်လျှင် ခေါင်းငုံ့ကာ စကားတစ်ခွန်းမျှ မဟတော့ပေ။

ဤအတိုင်း ဆက်နေ၍လည်း ဘာအကျိုးကျေးဇူးမျှ ရှိလာမည်မဟုတ်ကြောင်း ခံစားလိုက်ရသဖြင့် မြေးအဘွားနှစ်ယောက်မှာ မြေပြင်ပေါ်မှ ဖြည်းညင်းစွာ ထလိုက်ကြတော့သည်။

ထိုအဒေါ်ကြီးက တစ်ခါတစ်ရံတွင် ချန်းရီကို အမုန်းတရားများ ပြည့်နှက်နေသော မျက်လုံးများဖြင့် လှမ်းကြည့်နေဆဲပင်။

ချန်းရီက သတိထားမိသွားပြီး လှည့်ကြည့်လိုက်သောအခါ အဒေါ်ကြီးက ဘာမျှမဖြစ်ခဲ့သလို ဟန်ဆောင်ကာ အခြားနေရာသို့ လှမ်းကြည့်နေလိုက်၏။

ဆန့်ကျင်ဘက်အနေဖြင့် ထိုကလေးက ချန်းရီ သူ့ကို ကြည့်နေသည်ကို မြင်သောအခါ ကြောက်လန့်တကြား တုန်ယင်သွားပြီး အကြောက်တရားများ ပြည့်နှက်နေသော မျက်လုံးများဖြင့် ချန်းရီ၏ အကြည့်ကို ရှောင်ဖယ်သွားတော့သည်။

ဆက်ရန်...

All Chapters