← Chapters

အခန်း ၂၃၆

Vol. 17 Ch. 236

အခန်း ၂၃၆

Vol. 17 Ch. 236

အပိုင်း(၂၃၆) အတ္တကင်းမဲ့ဗုဒ္ဓ၏ အမျက်ဒေါသ၊ ဗောဓိ၏အကျိုးရလာဒ်

"တကယ့်ကို ထက်မြက်တဲ့ အကြံအစည်ပဲ။ မင်းက ကျိဝူရွှမ်ထက်တောင် လူသားဧကရာဇ်ဖြစ်ဖို့ ပိုသင့်တော်တယ်။ ကောင်းကင်ကြည့်ဆောင် တစ်ဖွဲ့လုံးက မျက်ကန်းတွေပဲ။"

"ဒါပေမဲ့ မင်းက ငါ့ကို အခုလို ပေါ့ပေါ့တန်တန် ကစားလိုက်ရတဲ့အတွက် ဘယ်လောက်ပေးဆပ်ရမလဲ ဆိုတာကို တွေးဖူးရဲ့လား။"

"ကောင်းကင်ဘုံရဲ့ အမျက်ဒေါသကို မင်း ခံနိုင်ရည်ရှိမလားဆိုတာ သိချင်မိတယ်။"

ဘုန်းကြီးအို၏ မျက်လုံးများမှ ရွှေရောင်အလင်းတန်းများ တောက်ပလာပြီး ပြောလိုက်သည့်အတိုင်းပင် ကျယ်ပြောလှသော သဲကန္တာရကြီး အသက်ဝင်လာကာ ပင်လယ်ရေစီးကြောင်းများကဲ့သို့ လှိုင်းထန်လာလေသည်။

နေလုံးကြီးက အောက်သို့ ပြုတ်ကျလာပြီး ဗောဓိပင်တစ်ပင်အဖြစ် ပြောင်းလဲသွား၏။

ဗောဓိပင်က ဗောဓိအသီးများ သီးလာသည်။ အသီးများ ကြီးထွားလာသောအခါ တစ်ပင်လုံး ချက်ချင်း ညှိုးနွမ်းသွားပြီး တစ်ချိန်တည်းမှာပင် အမြင့်မြတ်ဆုံးစွမ်းအင်တစ်ခုက လေထဲတွင် ပျံ့နှံ့သွားသည်။

၎င်းမှာ နတ်ဘုရားများနှင့် လူသားများကြား ကွာခြားချက်ရှိသလို၊ ပုရွက်ဆိတ်များက ကောင်းကင်ဘုံကို မော့ကြည့်နေရသလိုပင်။ ၎င်း၏ အလွန်ကြီးမားသောစွမ်းအားက တောရိုင်းမြေကို တုန်လှုပ်သွားစေ၏။

ဗုဒ္ဓတိုင်းပြည်နှင့် နယ်နိမိတ်ချင်း ထိစပ်နေသော လန်ယမြို့တော်က ကပ်ဘေးတစ်ခု ဖြစ်နေသကဲ့သို့ တုန်ခါသွားခဲ့ပြီး မြေကြီးတစ်ခုလုံး ပြောင်းပြန်လှန်တော့မည့်အလား ဖြစ်နေသည်။

တောင်တန်းနှင့် မြစ်ချောင်းများမှာ အက်ကွဲသွားပြီး မြေပြင်မှ နက်ရှိုင်းသော ချောက်ကမ်းပါးကြီး တစ်ခုလို ဖြစ်သွားကာ မြို့တော်အချို့ကို ချက်ချင်းပင် ဝါးမြိုသွားလေသည်။ ထို့နောက် မြေပြင်မှာ ပြန်ပိတ်သွားပြီး အက်ကွဲကြောင်းများထဲမှ အသွေးအသားများ စင်ထွက်လာကာ တစ်ကိုယ်လုံးရှိ အမွှေးအမျှင်များပင် ထောင်မတ်သွားရသည်။ သာမန်မျှမဟုတ်ဘဲ တောင်တန်းကြီးများပင် ပြေးလွှားနေကြပြီး မြစ်ကြီးများသည်လည်း နောက်ပြန်စီးကာ ကောင်းကင်ယံဆီသို့ အလောတကြီး တက်သွားကြသည်။

လောကကြီး အဆုံးသတ်တော့မည့်အလား ခံစားလိုက်ရ၏။

မုန့်ချင်ကျိုးမှာ အလွန်တုန်လှုပ်သွားသည်။ မျက်မမြင်ဖြစ်သော်လည်း ထိုဖိနှိပ်မှုရှိသော အရှိန်အဝါကို သူ ခံစားနိုင်သည်။

၎င်းမှာ ကောင်းကင်ထောက်တိုင်နယ်ပယ်ပင်။

၎င်း၏နာမည်အတိုင်းပင် ဤနယ်ပယ်သည် လူတစ်ယောက်အား ကောင်းကင်နှင့် မြေကြီးကြားတွင် မတ်မတ်ရပ်တည်ကာ ကမ္ဘာတစ်ခုလုံးကို ထောက်ထားနိုင်သည့် အဆင့်အထိ ရောက်ရှိစေသည်။

"အစကတော့ မင်းကို နောက်ထပ် လအနည်းငယ်လောက် အသက်ရှင်ပြီး မင်းရဲ့ မိသားစု၊ မိတ်ဆွ ဇနီးသည်တို့နဲ့ ပျော်ပျော်ရွှင်ရွှင် နေနေခိုင်းဖို့ပဲ။ ဒါပေမဲ့ အခုတော့ မင်းက ငါ့ကို ကြောက်ရွံ့သွားစေပြီ။"

"မင်းရဲ့ခြိမ်းခြောက်မှုက ကောင်းကင်စောင့်ကြည့်သူထက် မလျော့ဘူး။ မင်း ပိုပြီး အင်အားကြီးလာရင် ဒုတိယမြောက် လူသားဧကရာဇ် ဖြစ်လာနိုင်တယ်..."

"မုန့်ချင်ကျိုး။"

"မဟာကျင်းဧကရာဇ်၊ အချိန်-နေရာလွတ် ဓားသူတော်စင်..."

"မင်းက ငါ့ရဲ့ သတ်ဖြတ်လိုစိတ်ကို အောင်အောင်မြင်မြင် နှိုးဆွလိုက်နိုင်ပြီ။"

ဘုန်းကြီးအို၏ မျက်လုံးများမှ ရွှေရောင်အလင်းတန်းများမှာ နေနှစ်လုံးကဲ့သို့ ပို၍ပင် ပြင်းထန်စွာ တောက်ပလာသည်။

အနောက်ဘက် ဗုဒ္ဓတိုင်းပြည်အပေါ်တွင် ဆွဲထားသော နေလုံးကြီး ပြုတ်ကျသွားပြီး ကန္တာရ မိုင်သန်းပေါင်းများစွာကို အမှောင်ထုထဲသို့ တွန်းပို့လိုက်ချိန်တွင် ဘုန်းကြီးအို၏ မျက်လုံးများက ကျယ်ပြောလှသော မြေပြင်တစ်ခုလုံးကို လင်းထိန်သွားစေသည်။

လောကကြီးတစ်ခုလုံး ထိတ်လန့်သွားကြ၏။

ဤအခိုက်အတန့်တွင် တောရိုင်းမြေက အချိန်-နေရာလွတ်အတွင်း အေးခဲသွားသကဲ့သို့ ဖြစ်သွားသည်။ လူများက အနောက်ဘက်ဆီသို့ ငေးမောကြည့်နေကြပြီး ကျင့်ကြံသူများမှာ ထိတ်လန့်သွားကြသည်။ သူတို့က နှလုံးသားထဲတွင် အမြင့်မြတ်ဆုံး ဖိအားကို ခံစားလိုက်ရပြီး မြေပြင်ပေါ်တွင် ဒူးထောက်ကာ အနောက်ဘက်ဆီသို့ ဦးညွှတ်လိုက်ကြရသည်။

"တော်တော်များများ သိထားတာပဲ။"

မုန့်ချင်ကျိုးက ရယ်ပြီး ပြောလိုက်သည်။ "ကတုံးအိုကြီး... ကျွန်တတော်တို့ အခုမှပဲ စကားအကြာကြီး ပြောဖြစ်ကြပြီးတော့ တစ်ယောက်နဲ့တစ်ယောက်ရဲ့ သရုပ်မှန်တွေကို သိသွားကြတာ။ ကျွန်တော့်ကို ခြိမ်းခြောက်ဖို့ မကြိုးစားပါနဲ့။ ခင်ဗျားဆီမှာ တကယ်ပဲ အဲဒီလောက်အထိ သတ္တိရှိမယ်ဆိုရင် ခင်ဗျား အဆင့်တက်ထားတာ မဟုတ်တဲ့ပုံစံမျိုးနဲ့ ဟန်ဆောင်နေမှာ မဟုတ်ဘူး။"

"သတ်ချင်တဲ့သူတွေကို မသတ်ရဲဘူး၊ လုပ်ချင်တဲ့အရာတွေကို လုပ်ဖို့မရဲဘူး။ တစ်ဖက်က ဧကရာဇ်ကို ချော့မော့ပြီး နောက်တစ်ဖက်က လျှို့ဝှက်ကြံစည်နေတယ်။"

သူ ပြောနေစဉ်မှာပင်။

မုန့်ချင်ကျိုးက ရှေ့သို့ ခြေတစ်လှမ်းချင်းလှမ်းလိုက်ပြီး ပခုံးကို ပုတ်ကာ လေးနက်စွာ ပြောလိုက်သည်။

"ကျွန်တော့်စကားကို နားထောင်ပါ အစ်ကိုကြီး။ ကျွန်တော်တို့ သဘာထား မကိုက်ညီဘူးဆိုရင် ဝိညာဉ်စွမ်းအင် ကျင့်ကြံခြင်းကို မေ့လိုက်ကြရအောင်။ သက်သတ်လွတ်စားပြီးတော့ ဗုဒ္ဓသုတ်တော်တွေ ရွတ်ဆိုနေတဲ့ ရိုးရှင်းတဲ့ ဘဝကိုပဲ နေကြရအောင်။ နှစ်ပေါင်း တစ်သောင်းလောက်အထိ အဲဒီလိုနေတာ ပိုမကောင်းဘူးလား။"

ဘုန်းကြီးအိုက ပုံမှန်လို လမ်းလျှောက်နေသော မုန့်ချင်ကျိုးကို ငေးကြည့်နေပြီး အကြပ်ရိုက်သွား၏။

ဒါ ဘာဖြစ်နေတာလဲ။

ငါ့ရဲ့ အင်အားကြီးမားတဲ့ စွမ်းအားတွေကို ထုတ်လွှတ်လိုက်တဲ့အချိန်မှာ ဒီကောင်လေးက ဘာမှမဖြစ်ဘဲ ဘယ်လိုလုပ် လမ်းလျှောက်နိုင်တာလဲ။

"ကျွန်တော် ဘာလို့ ဘာမှ မဖြစ်တာလဲဆိုတာ သိချင်နေတာလား။"

ဘုန်းကြီးအို၏ဦးနှောက်မှာ ဗလာဖြစ်သွားသည်။ သူ ခေါင်းမညိတ်ခင်မှာပင် ရှေ့လူက ဆက်ပြောသည်။

"ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်က ပါရမီရှင်တစ်ယောက် ဖြစ်နေလို့လေ။"

"ခင်ဗျားက လက်ရှိမှာ ကိုယ်ပွားပဲ ရှိသေးတာ။ ခင်ဗျားရဲ့ အစစ်အမှန်စွမ်းအားရဲ့ ဆယ်ပုံတစ်ပုံတောင် မရှိဘူး။ ပြီးတော့ ခင်ဗျားက ကောင်းကင်တာအိုရဲ့ တန်ပြန်မှုကို ခံစားနေရပြီးတော့ နောက်ကွယ်မှာ ကောင်းကင်ပြည်နယ်ရဲ့ အရှင်သခင်ကို ကိုင်တွယ်ဖို့ ပြင်ဆင်နေရသေးတယ်။ ခင်ဗျားကို ချည်နှောင်ထားတဲ့ အကြောင်းရင်းတွေ အများကြီး ရှိနေတဲ့အချိန်မှာ ခင်ဗျားရဲ့ အရှိန်အဝါသက်သက်နဲ့ ကျွန်တော် ကြောက်ရွံ့ပြီး ဒူးထောက်သွားမယ်လို့ ထင်နေတာလား။ အဲဒါဆိုရင် ကျွန်တော်က ဘယ်လို ပါရမီရှင်မျိုး ဖြစ်မလဲ။"

ဘုန်းကြီးအို တိတ်ဆိတ်သွားပြီး အရှိန်အဝါကို တိတ်တဆိတ် ပြန်ရုပ်သိမ်းလိုက်သည်။

တစ်ခဏချင်းမှာပင် ကမ္ဘာကြီးသည် ပုံမှန်အတိုင်း ပြန်ဖြစ်သွား၏။

"မင်း..."

ဘုန်းကြီးအို တုံ့ဆိုင်းသွားပြီးနောက် စကားပြောရန် ကြိုးစားသော်လည်း နောက်ထပ် ဘာပြောရမှန်းမသိ ဖြစ်သွားကာ ခေါင်းကိုသာ အကူအညီမဲ့စွာ ခါယမ်းလိုက်သည်။ "ထားလိုက်ပါတော့။"

အတွေးတွေ အကုန် ပေါ်သွားပြီဆိုရင်တော့ ခြိမ်းခြောက်တာက အလုပ်မဖြစ်တော့ဘူးလေ။ နောက်ထပ် ဘာပြောစရာ ရှိသေးလဲ။

ထွက်သွားနိုင်တုန်း ဒီကနေပဲ ထွက်သွားလိုက်တာ ကောင်းမယ်။

ဆက်နေမယ်ဆိုရင်တော့ ငါ့မျက်နှာတွေ အကုန်ပျက်တော့မှာပဲ။

…

All Chapters