← Chapters

အခန်း ၂၃၇

Vol. 17 Ch. 237

အခန်း ၂၃၇

Vol. 17 Ch. 237

အပိုင်း(၂၃၇) နောက်ဆုံးတော့ သိသွားကြပြီ

မိနစ်နှစ်ဆယ်မျှသာ ကြာမြင့်သော အချိန်တိုလေးအတွင်းမှာပင် ကောင်းကင်ထောက်တိုင်နယ်ပယ်ဟု ထင်မှတ်ခံထားရသည့် အရဟတ္တသုံးပါးမှာ တစ်ပါးပြီးတစ်ပါး ကျဆုံးသွားခဲ့သည်။ အတ္တကင်းမဲ့ဗုဒ္ဓနှင့် အချိန်-နေရာလွတ် ဓားသူတော်စင်တို့ စကားပြောဆိုခဲ့ကြသည်။ မည်သည့်အကြောင်းကြောင့် မသိသော်လည်း ဘုန်းကြီးအိုက နဂါးနိုင်အရဟတ္တကို ဓားဖြင့် သတ်လိုက်သည်။ ထို့နောက်တွင် ကောင်းကင်ဘုံနှင့် စကြာဝဠာတို့ တုန်လှုပ်သွားကာ ကမ္ဘာမြေပျက်သုဉ်းလုမတတ်ဖြစ်ခဲ့ပြီး ကောင်းကင်က ဒေါသတကြီး ဖြစ်လာခဲ့သည်။

ဘုန်းကြီးအိုက ဝမ်းနည်းမှုများကိုသာ ချန်ရစ်ခဲ့ပြီး ထွက်ခွာသွားလေသည်။

သူက ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ဖောက်ထွင်းဝင်ရောက်ပြီးနောက် ကမ္ဘာမြေတစ်ခွင်တွင် မည်သည့်အတားအဆီးမျှမရှိဘဲ လွတ်လပ်စွာ သွားလာနိုင်လိမ့်မည်ဟု ထင်မှတ်ခဲ့သည်။ သို့သော် ကောင်းကင် ဧကရာဇ်၏ အမိန့်တော်တစ်ခုက သူ၏အိပ်မက်ကို အစအနမကျန်အောင် ဖျက်ဆီးပစ်လိုက်လိမ့်မည်ဟု မည်သူက တွေးမိပါ့မလဲ။

သူက လူငယ်မျိုးဆက်များရှေ့တွင် အထင်ကြီးစေရန်နှင့် အရဟတ္တအချို့ကို ကယ်တင်ရန် ကြိုးစားခဲ့သော်လည်း နောက်ဆုံးတွင်မူ လှည့်စားခြင်းနှင့် ခြိမ်းခြောက်ခြင်းကို ခံလိုက်ရပြီး အရှက်တကွဲ အကျိုးနည်းဖြင့်သာ ထွက်ခွာသွားခဲ့ရသည်။

ဘုန်းကြီးအို ထွက်ခွာသွားစဉ်တွင် သူ၏မျက်လုံးထဲရှိ မကျေနပ်မှုများမှာ ပေါ်လွင်ထင်ရှားနေသည်။

တောရိုင်းမြေတစ်ခုလုံး တိတ်ဆိတ်သွား၏။

အနောက်ဘက် ဗုဒ္ဓတိုင်းပြည်ဘက်သို့ ဝင်ရောက်လျှင် ပိုမိုအနိုင်ရနိုင်ခြေရှိသည်ဟု ယူဆကာ ဘက်ပြောင်းရန် စဉ်းစားနေခဲ့ကြသည့် အင်အားစုအချို့က ဤမြင်ကွင်းကို မြင်တွေ့လိုက်ရပြီးနောက် တစ်ဖန် ပြန်လည်တုန်လှုပ်သွားကြပြန်သည်။

တိုင်းပြည်များက အရေးပေါ်အစည်းအဝေး ခေါ်ယူခဲ့ကြသည်။ နံနက်ခင်းအလင်းနယ်ပယ်မှ ဘိုးဘေးများက ဗုဒ္ဓတိုင်းပြည်အတွင်း ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်များကို အသေးစိတ် ပြောပြခဲ့ကြပြီး အဖွဲ့အစည်းအသီးသီး၏ ခေါင်းဆောင်များထံသို့ ဆုံးဖြတ်ချက်ချရန် ပေးအပ်ခဲ့ကြသည်။

ခဏအကြာတွင်။

တောရိုင်းမြေအတွင်းရှိ အကြီးအသေး အင်အားစုထောင်ပေါင်းများစွာမှာ ပြန်လည် ဖွဲ့စည်းခြင်း ခံလိုက်ရသည်။ ၄၀%ခန့်မှာ စေ့စပ်သေချာစွာ စဉ်းစားပြီးနောက် မဟာကျင်းတိုင်းပြည်ကို သစ္စာခံရန် ရွေးချယ်လိုက်ကြသည်။ ခေါင်းဆောင်များသည် လက်နက်ချကြောင်း စာလွှာများကို ကိုယ်တိုင်ယူဆောင်ကာ မဟာကျင်းတိုင်းပြည်၏ မြို့တော်သို့ မိုင်ထောင်ချီ ခရီးနှင်ခဲ့သည်။ ကျန်ရှိသည့် ၆၀%မှာမူ ဗုဒ္ဓတိုင်းပြည်ဘက်တွင် ခိုင်ခိုင်မာမာ ရပ်တည်ခဲ့ကြသည်။

အချိန်-နေရာလွတ် ဓားသူတော်စင်၏ပါရမီမှာ မည်မျှပင် ထူးခြားနေပါစေ နောက်ဆုံးတွင် သူသည် အင်အားတောင့်တင်းသည့် ထောက်တိုင်တစ်ခု ဖြစ်မလာခဲ့ပေ။ မကြီးပြင်းသေးသည့် ပါရမီရှင်တစ်ယောက်မှာ အနည်းငယ် အားကောင်းသော ကလေးငယ်တစ်ယောက်သာ ဖြစ်သည်။ သူက အတ္တကင်းမဲ့ဗုဒ္ဓနှင့် မည်သို့ ယှဉ်နိုင်ပါမည်နည်း။

…

ဝါကျင်ကျင် သဲများမှာ ဧရာမလှိုင်းလုံးကြီးများအဖြစ် ရိုက်ခတ်နေပြီး ဗောဓိပင်သည် နေလုံးအဖြစ် ပြန်လည်ပြောင်းလဲသွားကာ ဗုဒ္ဓတိုင်းပြည်၏ ကောင်းကင်ယံသို့ ပြန်လည်ရောက်ရှိသွားရာ အလင်းရောင်ကြောင့် အမှောင်ထုမှာ ပျောက်ကွယ်သွားသည်။

အမှောင်ထု၏ စိုစွတ်အေးစက်မှုက ပြင်းထန်သော အပူချိန်ကြောင့် အငွေ့ပျံသွားပြီး အရာအားလုံးကို ဖုံးကွယ်ထားသော မြူနှင်းများ ဖြစ်ပေါ်လာသည်။

လိပ်နက်ဧကရာဇ်အခင်းအကျင်းမှာ အခက်အခဲများနှင့် ရင်ဆိုင်နေရပြီး ကျန်းစန်းဟိုင်၏ အမိန့်ဖြင့် အခင်းအကျင်းကို ဖျက်သိမ်းလိုက်သည်။

စစ်သည်တစ်သန်းပါဝင်သော စစ်တပ်ကြီးက မျှော်လင့်ချက်အပြည့်ဖြင့် လည်ပင်းကို ဆန့်ထုတ်ကာ စောင့်မျှော်နေကြသည်။ သူတို့၏ မျက်လုံးများမှာ နတ်ဘုရားတစ်ပါး ကြွရောက်လာတော့မည့်အလား တောက်လောင်နေသည်။ သူတို့၏ ပြင်းပြသော ယုံကြည်ချက်များမှာ တစ်နေရာတည်းတွင် စုစည်းသွားသည်။ ဤသူမှာ အချိန်-နေရာလွတ် ဓားသူတော်စင်ပင်။ ဤသူမှာ မဟာကျင်း၏ အစောင့်အရှောက် စစ်နတ်ဘုရားပင်။

"သူတို့ကို အိမ်ပြန်ခေါ်သွားမယ်…" ဟူသော စကားတစ်ခွန်းက အရည်ကျိုထားသော သံရည်များကဲ့သို့ လူတိုင်း၏နှလုံးသားထဲတွင် နက်ရှိုင်းစွာ စွဲထင်ကျန်ရစ်ခဲ့သည်။

ကတိတစ်ခုတည်းဖြင့် ဓားသူတော်စင်က အတုအယောင် ကောင်းကင်ထောက်တိုင် သုံးပါးကို သတ်ဖြတ်ပြီး အတ္တကင်းမဲ့ဗုဒ္ဓကို ဆုတ်ခွာသွားအောင် ဖိအားပေးနိုင်ခဲ့သည်။ မည်မျှ ခမ်းနားလိုက်ပါသနည်း။

မည်သူမျှ စကားမပြောကြ။ အားလုံး တိတ်ဆိတ်နေကြ၏။

စစ်သည်များ ပင်ပန်းနွမ်းနယ်နေသော်လည်း သူတို့၏စိတ်ဓာတ်မှာ အမြင့်ဆုံးသို့ ရောက်ရှိနေပြီး လှံများကဲ့သို့ မတ်မတ်ရပ်နေကြသည်။

စုချင်ချိုးနှင့် ဝူတျဲတို့ပ တပ်ဦးတွင် ရပ်နေကြပြီး နှုတ်ခမ်းတွင် အပြုံးကိုယ်စီဖြင့်ပင်။

ရုတ်တရက် စုချင်ချိုး၏ မျက်လုံးများ တောက်ပသွားပြီး ရှေ့သို့ လက်ညှိုးထိုးကာ ပြောလိုက်သည်။ "သခင်လေး ပြန်လာပြီ။"

ပုံရိပ်တစ်ခုက ရှေ့သို့လှမ်းတက်လာပြီး မြူနှင်းများကို ဖယ်ရှားကာ ရေငွေ့များကြားမှတစ်ဆင့် သူတို့ထံသို့ ဖြည်းညှင်းစွာ လျှောက်လာလေသည်။

သူက လေထဲတွင် လွင့်ခါနေသော အနက်ရောင်ဝတ်ရုံ၊ ဆံပင်ရှည်များ၊ မျက်လုံးတွင် စည်းထားသော အနက်ရောင်ဖဲကြိုးနှင့် ဓားတစ်လက်ကို ကိုင်ဆောင်ထားလျက် ပေါ်လာသည်။

သူ ပေါ်လာသည့် အခိုက်အတန့်တွင် မြူနှင်းများမှာ ချက်ချင်း အငွေ့ပျံသွားပြီး သူ၏အနောက်ဘက်ရှိ တွင်းနက်များ ပြည့်နှက်နေသော စစ်မြေပြင်ကို ထင်ရှားစွာ မြင်တွေ့လိုက်ရသည်။ တိမ်တိုက်များ ပျံ့လွင့်သွားပြီး မြေပြင်မှာ နက်ရှိုင်းစွာ နစ်ဝင်သွားကာ တွင်းနက်၏ အောက်ခြေတွင် မြေညိုများသာ ကျန်ရှိတော့သည်။

"သခင်လေး။"

"သခင်လေး။"

စုချင်ချိုးနှင့် ဝူတျဲတို့ ရှေ့သို့ ပြေးသွားကြပြီး တစ်ယောက်က ဓားကိုဆွဲကိုင်ကာ အခြားတစ်ယောက်က အဝတ်အစားများကို သေသပ်အောင် ပြင်ဆင်ပေးပြီး ဆံပင်မည်းများကို သပ်တင်ပေးလိုက်သည်။

"ဓားသူတော်စင် အရှင်ကို အရိုအသေပေးပါတယ်။ အောင်ပွဲခံပြီးတော့ ပြန်လာတာကို ဂုဏ်ယူစွာ ကြိုဆိုပါတယ်။"

"ဓားသူတော်စင် အရှင်ကို အရိုအသေပေးပါတယ်။ အောင်ပွဲခံပြီးတော့ ပြန်လာတာကို ဂုဏ်ယူစွာ ကြိုဆိုပါတယ်။"

...

စစ်သည်တစ်သန်းပါဝင်သော စစ်တပ်ကြီးက တစ်ပြိုင်နက်တည်း လှုပ်ရှားလိုက်ကြပြီး လက်ထဲတွင် ထက်မြက်သောဓားများကို ကိုင်ဆောင်ကာ ညာလက်ဖြင့် ရင်ဘတ်ကိုထုနှက်လျက် ဒူးတစ်ဖက်ထောက် အရိုအသေပေးလိုက်ကြသည်။ သူတို့၏အကြည့်က အနက်ရောင်ဝတ်ရုံနှင့် လူငယ်လေးပေါ်တွင်သာ စွဲမြဲနေ၏။

ကျန်းစန်းဟိုင်၊ လင်းလုနှင့် စစ်ရေးဝန်ကြီး လျန်ချွီကဲ့သို့သော ဝန်ကြီးများပင်လျှင် ဒူးထောက်အရိုအသေ ပေးလိုက်ကြသည်။

၎င်းမှာ မဟာကျင်းတိုင်းပြည်၏ အမြင့်ဆုံး အခမ်းအနားဖြစ်ပြီး ဧကရီ ချင်းလျူလီသာလျှင် ဤသို့ ပူဇော်ခံရနိုင်သည်။ ယနေ့တွင် ဒုတိယမြောက် ပုဂ္ဂိုလ်တစ်ဦး ပေါ်ထွက်လာခဲ့လေပြီ။

သူသည် မည်သည့်ရာထူးမှ မရှိသော်လည်း စစ်သည်တစ်သန်း၏အရိုအသေကို ရရှိခဲ့သည်။

၎င်းမှာ အချိန်-နေရာလွတ် ဓားသူတော်စင်သည် မဟာကျင်းတိုင်းပြည်ကို လုံးဝသိမ်းပိုက်နိုင်ခဲ့ပြီး လူတို့၏နှလုံးသားထဲတွင် "အဆင့်တူဘုရင်"ဟု ခေါ်ဆိုထိုက်သောဘွဲ့ကို ရရှိကာ ဧကရီ ချင်းလျူလီနှင့်တန်းတူ ဖြစ်လာလိမ့်မည်ကို ဖော်ပြနေသည်။

ဒူးတစ်ဖက်ထောက်နေသည့် အနက်ရောင်ပုံရိပ်များကြားတွင် ပုံရိပ်တစ်ခုသာ မတ်မတ်ရပ်နေသည်။ အကွာအဝေးမှာ ဝေးကွာနေသော်လည်း နှစ်ဦးစလုံးမှာ တစ်သားတည်းရှိနေသကဲ့သို့ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြသည်။

"ရှင် သိနေတာလား။" တုန်းဖန်လျူလီက မျက်နှာဖုံးကို ဖယ်ရှားလိုက်ရာ လှပသော မျက်ဝန်းများမှာ အရောင်လက်နေ၏။

"ဟုတ်တယ်။" မုန့်ချင်ကျိုးက ခေါင်းအနည်းငယ် ညိတ်လိုက်သည်။

အတ္တကင်းမဲ့ဗုဒ္ဓ ပေါ်လာသည့်အခိုက်အတန့်တွင် နံနက်ခင်းအလင်းနယ်ပယ်မှ သာမန်ကျင့်ကြံသူများက သူတို့၏စကားပြောဆိုမှုများကို စုံစမ်းထောက်လှမ်း၍ မရသော်လည်း ခြွင်းချက်တစ်ခု ရှိသည်။

ထိုသူမှာ တုန်းဖန်လျူလီပင်။

သူက တောရိုင်းမြေ၏ကံကြမ္မာကို ပိုင်ဆိုင်ထားပြီး ကောင်းကင်တာအို၏ အသိအမှတ်ပြုခြင်းကို ခံထားရသဖြင့် ကောင်းကင်တာအိုက သတ်မှတ်ထားသည့်အတိုင်း လူ့လောကတွင် လမ်းလျှောက်နေသူ တစ်ဦးနှင့် တူနေသည်။

တောရိုင်းမြေတွင် ရှိနေခြင်းကြောင့် သူက နတ်ဘုရား၏အကူအညီကို ရရှိထားသကဲ့သို့ ခံစားရသည်။

တုန်းဖန်လျူလီမှာ အနည်းငယ် ရှက်ရွံ့နေသည်။ သူ၏ခင်ပွန်းသည်နှင့် ဤမျှလောက် ပွင့်ပွင့်လင်းလင်း ရှိခဲ့သည်မှာ ပထမဆုံးအကြိမ်ပင်။ သူ၏ လှပသေ မျက်နှာလေးမှာ နီရဲသွားပြီး အဝတ်စကို ခပ်တင်းတင်း ဆုပ်ကိုင်ကာ စကားအထစ်ထစ်ဖြင့် ပြောလိုက်သည်။

"ကျွန်မ... ကျွန်မ တောင်းပန်ပါတယ်။"

သူက စစ်သည်တစ်သန်း၏ အလယ်တွင် ကြယ်တာရာများ ဝန်းရံထားသော ဘုရင်မတစ်ပါးကဲ့သို့ ရပ်တည်နေသော်လည်း ဤအချိန်တွင်မူ လူ့လောကကြီးနှင့် ဝေးကွာနေသည့် နှင်းပန်းလေးတစ်ပွင့်ကဲ့သို့ ရှက်ရွံ့နေသည့်အမူအရာကို ပြသနေသည်။ သူက မောက်မာပြီး ဂုဏ်ယူတတ်သော်လည်း ပန်းတစ်ပွင့်သာ ဖြစ်နေဆဲပင်။ သူက ချစ်ရသူ၏ရှေ့တွင် ဆူးများကို ဖယ်ရှားလိုက်ပြီး နူးညံ့လှပသော ပွင့်ချပ်များကိုပြသကာ အမျိုးသမီးတစ်ယောက်၏ နူးညံ့သောဘက်ကို ထုတ်ဖော်ပြသလိုက်သည်။

မုန့်ချင်ကျိုးက နွေးထွေးစွာ ပြုံးလျက် ပြောလိုက်သည်။

"ရပါတယ်။ ကိုယ် သဘောကျပါတယ်။ ဒါက အလိုအလျောက် စိတ်သဘောအတိုင်းပါပဲ။"

ထိုနေရာရှိလူတိုင်းမှာ လုံးဝနားမလည်နိုင်အောင် ဖြစ်သွားကြသည်။

ပတ်ဝန်းကျင်ကို ကြည့်လိုက်သောအခါ သူတို့အားလုံး ဒူးထောက်နေချိန်တွင် မည်သူကမှ "ထကြ"ဟု မပြောကြပေ။ သူတို့လှည့်ကြည့်လိုက်သောအခါ စစ်သည်များမှာ ကြောက်လန့်တကြား ဖြစ်သွားကြသည်။

မဟာကျင်းတိုင်းပြည်၏ ဧကရီအရှင်မ။

သူက ဗုဒ္ဓတိုင်းပြည်ကို ရောက်နေပြီး စစ်တပ်၏ အလယ်ဗဟိုတွင် ရပ်နေ၏...

နေပါဦး။ ဒီဝတ်စုံက ရင်းနှီးသလိုပဲ။ သူက ဓားသူတော်စင်ရဲ့ အစေခံမလေး မဟုတ်ဘူးလား။

အရှင်မက အစေခံအဖြစ် ဟန်ဆောင်ပြီးတော့ ရှေ့တန်းကစစ်သည်တွေကို စစ်ဆေးဖို့ လာခဲ့တာပဲ။

လူတိုင်း စိတ်ရှုပ်ထွေးနေပြီး အခြေအနေကို လုံးဝနားမလည်နိုင်ဘဲ ဒူးထောက်လိုက်ရုံသာ တတ်နိုင်တော့သည်။

လင်းလု၊ လျန်ချွီနှင့် ပစ္စုပ္ပန်ရွာမှ ရွာသားများအဖွဲ့က အစပိုင်းတွင် အံ့အားသင့်သွားပြီးနောက် "ပြုံး"နေသော ကျန်းစန်းဟိုင်ကို လှည့်ကြည့်လိုက်ကြသည်။ ထိုလူ၏ လုံးဝအံ့အားမသင့်သော အမူအရာမှာ အလွန်ပင် သံသယဖြစ်စရာ ကောင်းနေသည်။

"အဘိုးကြီး... ခင်ဗျား ကြိုသိနေတာ မဟုတ်လား။" လျန်ချွီက ဒူးထောက်လျက် ကျန်းစန်းဟိုင်ကို လက်တံတောင်ဖြင့် အားပြင်းပြင်း ထိုးလိုက်သည်။

"သိတော့ရော ဘာဖြစ်လဲ။"

"အရှင်မနဲ့ ဧကရာဇ်တို့ နောက်ဆုံးတော့ တစ်ယောက်ကိုတစ်ယောက် ရိုးသားပြီးတော့ ပျော်ရွှင်စရာ အဆုံးသတ် ရောက်သွားပြီပေါ့။ မလွယ်ဘူးလေ။ ဒီနေ့က ပျော်စရာနေ့ပဲ။" ကျန်းစန်းဟိုင် မှတ်ချက်ပြုလိုက်သည်။

လျန်ချွီ ခေါင်းညိတ်လိုက်ပြီး အဘိုးကြီး၏ "သိထားသည်ကို အစီရင်ခံမတင်ပြခြင်း"ဟူသော ပြစ်မှုကြီးကို ဆက်လက် မလိုက်လံတော့ဘဲ နှစ်ဦးသား၏ ချစ်ခင်သော အကြည့်များကို ပြုံးရွှင်စွာ ကြည့်နေလေသည်။

...

မုန့်ချင်ကျိုး နှုတ်ခမ်းဖွင့်လိုက်ပြီး စိတ်ထဲတွင် အတွေးပေါင်း ထောင်သောင်းရှိနေသော်လည်း စကား တစ်ခွန်းသာ ထွက်လာခဲ့သည်။

"အိမ်ပြန်ကြမယ်။"

မျက်လုံးတွင် မျက်ရည်များဖြင့် တုန်းဖန်လျူလီက ရှေ့မှလူကို စူးစိုက်ကြည့်နေပြီး မေးခွန်းပေါင်း ထောင်သောင်းကို မေးချင်နေသော်လည်း "အင်း"ဟု တိုးတိုးလေးဖြေရင်း ခေါင်းကို ညိတ်ပြလိုက်သည်။

အရာအားလုံးကို စုံစမ်းစစ်ဆေးဖို့ ဘာလို့လိုအပ်မှာလဲ။ ဘဝဆိုတာက ပြဿနာတွေ ပိုတိုးပွားစေတဲ့ အသေးအဖွဲကိစ္စတွေနဲ့ ပြည့်နေတာပဲ။ တစ်ခါတလေကျရင်တော့ မသိတာက ပိုကောင်းပါတယ်။

စိုးရိမ်ပူပန်မှုတွေကို မေ့ပစ်ပြီးတော့ လက်ရှိအချိန်ကိုပဲ ပျော်ပျော်ရွှင်ရွှင် ဖြတ်သန်းလိုက်။

"အားလုံး ထကြ၊ ထွက်ခွာကြမယ်။ ရှေ့မှာ ဘာအတားအဆီးမှ မရှိတော့ဘူး။"

မုန့်ချင်ကျိုးက လက်ကို ဝှေ့ယမ်းလိုက်ပြီး လှည့်ထွက်သွားလေသည်။

တုန်းဖန်လျူလီက ခေါင်းမလှည့်ဘဲ ရှေ့သို့ လျှောက်သွားနေသော မုန့်ချင်ကျိုးကို လိုက်သွားပြီး ပခုံးချင်းယှဉ်လျှောက်ရင်း တိုးတိုးလေး ပြောလိုက်သည်။ "ငါးပိကောင်၊ ရှင်က ဧကရာဇ်ဆိုတာကို ထုတ်ဖော်ပြဖို့ လိုသေးလား။"

"မလိုပါဘူး၊ ဒီအတိုင်းပဲ ထားလိုက်ရအောင်။" မုန့်ချင်ကျိုးက ခေါင်းခါလိုက်သည်။

ထိုစကားကို ကြားသောအခါ တုန်းဖန်လျူလီက မကျေမနပ်ဖြင့် နှုတ်ခမ်းစူလိုက်သည်။

တုံးအလိုက်တာ၊ ရှင့်ရဲ့ အထောက်အထားကို မထုတ်ဖော်ပြရင် လူမြင်ကွင်းမှာ ကျွန်မ ရှင့်ကို ဘယ်လို ဖက်ထားရမှာလဲ။ ရှင့်မှာ ရိုမန်တစ်ဆန်တဲ့စိတ်ကူး လုံးဝမရှိဘူး။

အခြားရွေးချယ်စရာ မရှိတော့သည့်အတွက် နှစ်ဦးစလုံးမှာ ပခုံးချင်းယှဉ်လျက် လျှောက်သွားရုံသာ တတ်နိုင်တော့သည်။

နောက်မှ လိုက်ပါလာသော စစ်သည်များက တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ... အရှင်မနှင့် ဓားသူတော်စင်တို့၏ ဆက်ဆံရေးမှာ နည်းနည်းလေး ဝေဝါးနေသလားဟု တွေးတောနေကြသည်။

ဝူတျဲက ဆွံ့အသွားပြီး စိတ်ရှုပ်ထွေးစွာဖြင့် ပြိုလဲလုနီးပါး ဖြစ်သွားသည်။ ပျော်ရွှင်နေသော စုချင်ချိုးမှာ သူ့ကိုကျောပိုးကာ ရှေ့မှစုံတွဲနောက်သို့ အနီးကပ် လိုက်ပါသွားတော့သည်။

…

[ အတွဲ(၃) ပြီးဆုံးပါပြီ။ အတွဲ(၄) - ကောင်းကင်ဘုံဆီသို့ သွားရာလမ်း ]

All Chapters