အခန်း ၂၃၉
Vol. 17 Ch. 239
အပိုင်း(၂၃၉) ကောင်းကင်တာအိုလမ်းစဉ်အတိုင်း လျှောက်လှမ်းခြင်း၊ အထွတ်အထိပ်သို့ ရောက်ရှိခြင်း
"ကျွန်မကို မရှိဘူးလို့ သဘောထားပြီး ပေါ်လာရဲသေးတယ်ပေါ့။"
တုန်းဖန်လျူလီက မျက်ခုံးများကို ပင့်လိုက်ရာ သူ၏ရှေ့တွင် ရွှေရောင်စာအုပ် တစ်အုပ် ပေါ်ထွက်လာပြီး ထူထပ်သောစာလုံးများဖြင့် ဖုံးလွှမ်းနေသည်။ စာမျက်နှာများမှ စာလုံးများ ကျဆင်းလာပြီး ဘုန်းကြီးအိုအား ဝိုင်းရံထားသော ကွင်းဆက်သံကြိုးများအဖြစ် ချိတ်ဆက်သွား၏။
တောရိုင်းမြေ၏ ကံကြမ္မာသခင်အဖြစ် အသိအမှတ်ပြုခံရပြီးနောက် ဧကရာဇ်ကျမ်း အမိန့်တော်များက ကောင်းကင်နှင့်မြေကြီး၏ နိယာမများအဖြစ် အလိုအလျောက် ပြောင်းလဲသွားခဲ့ပြီး ၎င်း၏ ချည်နှောင်နိုင်စွမ်းကို များစွာ မြှင့်တင်ပေးလိုက်သည်။
ကျန်းစန်းဟိုင်၊ လန်ရှင်းစုနှင့် အခြားသူတိုက သူတို့၏ တပ်ဖွဲ့များကို အင်မတန် သတိဝီရိယရှိစေရန် ဦးဆောင်ခဲ့သည်။
အတ္တကင်းမဲ့ဗုဒ္ဓ အမျက်ဒေါသ၏ ကြောက်မက်ဖွယ်စွမ်းအားကို ကိုယ်တွေ့ ကြုံခဲ့ရပြီးဖြစ်သဖြင့် ဘုန်းကြီးအိုကို ပြန်လည် မြင်တွေ့ရချိန်တွင် သူတို့က သဘာဝအတိုင်း ထိတ်လန့်နေခဲ့ကြသည်။
"လူသားဧကရာဇ်ရဲ့အာဏာ၊ ကောင်းကင်တာအိုရဲ့ မှတ်တမ်း..."
"ဒါဆို ကံကြမ္မာက ရွေးချယ်ထားတဲ့သူက အချိန်-နေရာလွတ် ဓားသူတော်စင် မဟုတ်ဘဲ... မဟာကျင်း တိုင်းပြည်ရဲ့ ဧကရီဖြစ်တဲ့ မင်းကိုး။"
ဘုန်းကြီးအိုက သံကြိုးကို သေသေချာချာ စစ်ဆေးကြည့်ရှုပြီးနောက် တုန်းဖန်လျူလီကို စူးစိုက်၍ ကြည့်လိုက်သည်။ သူ၏မျက်ဆံများမှာ အရောင်(၇)ရောင်ရှိသော ကြာပန်းများအဖြစ် တောက်ပနေကာ သူ၏ မျက်လုံးများမှာ ကျောက်မျက်များအဖြစ်သို့ ပြောင်းလဲသွား၏။
သူက လောကရှိ အကြောင်းတရားနှင့် အကျိုးတရားအားလုံးကို ဖောက်ထွင်းမြင်နိုင်ပြီး အရင်းအမြစ်သို့ ပြန်လည်ခြေရာခံကာ ကံကြမ္မာလမ်းကြောင်းကို နားလည်နိုင်စွမ်း ရှိပုံရသည်။
ခဏမျှ စိုက်ကြည့်ပြီးနောက် ဘုန်းကြီးအိုမှာ အတော်လေး တုန်လှုပ်သွားပုံရသည်။
"ကံကြမ္မာက သူ့ရဲ့သခင်ကို ရွေးချယ်လိုက်ပြီ။ တောရိုင်းမြေရဲ့ ကောင်းကင်တာအိုက မင်းကို နောက်ထပ် လူသားဧကရာဇ်အဖြစ် ရွေးချယ်လိုက်တာပဲ။"
"အဲဒါ မဟုတ်သေးဘူး။ ကောင်းကင်စောင့်ကြည့်သူက ကောင်းကင်တာအိုရဲ့ ကိုယ်စားလှယ်ဖြစ်ကြောင်း အမြဲတမ်း ကြေညာခဲ့ပြီးတော့ လောကထဲမှာ လျှို့ဝှက်ပုန်းအောင်းရင်း တောရိုင်းမြေနဲ့ ကောင်းကင်ပြည်နယ်ကို ပေါင်းစည်းနိုင်မယ့် လူသားဧကရာဇ်ကို ရှာဖွေခဲ့တယ်။ ဒါပေမဲ့ မင်းက..."
ဘုန်းကြီးအိုက သူ့ဘာသာ ရေရွတ်လိုက်ပြီးနောက် ရုတ်တရက် ကျောရိုးတစ်လျှောက် အေးစိမ့်သွားကာ ပြောလိုက်သည်။
"အမှန်တရားက ဆန့်ကျင်ဘက် ဖြစ်နေတာလား။ ကောင်းကင်စောင့်ကြည့်သူရဲ့ အစီအစဉ်က စွမ်းအားတွေကို ပေါင်းစည်းပြီး ကောင်းကင်တာအိုအတွက် နာခံတတ်တဲ့ ကျွန်တစ်ယောက်ကို ရှာဖို့မဟုတ်ဘဲနဲ့ ကောင်းကင်တာအိုကိုဖြုတ်ချဖို့ လမ်းကြောင်းကို ရှာဖွေနေတာပဲ။ အဲဒီလိုဆိုရင်တော့ ကောင်းကင်စောင့်ကြည့်သူ ကျိဝူရွှမ်ကို လူသားဧကရာဇ်အဖြစ် ရွေးချယ်ထားတာက အကြောင်းရင်းရှိနေတာပဲ။ ကမ္ဘာပေါင်းစုံကနေ တာအို နိယာမတွေကို လုယူတာ..."
ဤအချက်သို့ ရောက်သောအခါ ဘုန်းကြီးအိုက တုန်းဖန်လျူလီကို စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
"ငါ အခု နားလည်သွားပြီ။ မင်းကို ကောင်းကင်ဘုံက ရွေးချယ်ထားတာက ကောင်းကင်စောင့်ကြည့်သူနဲ့ တိုက်ပွဲမှာ အသုံးချဖို့ပဲ။ မဟာကျင်းနဲ့ ကောင်းကင်စောင့်ကြည့်သူတို့က သေပွဲဝင် တိုက်ခိုက်ရမယ့် ဆန့်ကျင်ဘက် နေရာမှာ ရှိနေလိမ့်မယ်။"
"ဟားဟားဟား..."
"ငါ လိုက်ရှာခဲ့တာ ဘာမှ မတွေ့ခဲ့ဘူး။ ဒီအကျပ်အတည်းအတွက် အဖြေမှန်က ဒီကောင်မလေးဆီမှာ ရှိနေတာပဲ။ သိပ်ကောင်းတယ်။ သိပ်ကောင်းတယ်။။"
"ကောင်းကင်ပြည်နယ် တည်ငြိမ်သွားတဲ့အခချိန် အာဏာရှင်တစ်ယောက် ပေါ်ထွက်လာပြီးတော့ လျှို့ဝှက်ထားတဲ့ အသုံးချခံရုပ်သေးက တောရိုင်းမြေတစ်ခုလုံးကို လွှမ်းမိုးသွားလိမ့်မယ်။ အဲဒီနေ့ကျရင် မင်းတို့ ကောင်းကင်တာအိုရဲ့ အသုံးချခံတွေအချင်းချင်း ခွေးလို ကိုက်ဖြတ်ကြလိမ့်မယ်။"
ဘုန်းကြီးအို ကျယ်လောင်စွာ ရယ်မောလိုက်ပြီး သူ၏ ပူဖောင်းကဲ့သို့လှည့်စားမှု ပြိုကွဲပျောက်ကွယ် သွားလေသည်။
မုန့်ချင်ကျိုး မျက်မှောင်ကြုတ်လိုက်ပြီး ပုစဉ်းရင်ကွဲတေးသံဓားကို တိတ်ဆိတ်စွာ ဆုပ်ကိုင်ကာ ကြိမ်းမောင်းလိုက်သည်။ "ကတုံးအိုကြီး။ ခင်ဗျား ကျွန်တော်နဲ့ အပေးအယူ လုပ်ချင်တာ မဟုတ်ဘူးလား။"
"မလိုတော့ဘူး။ ဒီအကျပ်အတည်းအတွက် အဖြေ ရှာတွေ့သွားပြီ။ မင်း အသက်ရှင်ဖို့ အကြောင်းပြချက် ရှိသေးတယ်။ ဧကရီကို ကောင်းကောင်း ဝန်ဆောင်မှုပေးပြီး ကောင်းကင်စောင့်ကြည့်သူကို မြန်မြန်ဆန်ဆန် မထွက်လာစေနဲ့။"
ထိုစကားကို ကြားလိုက်ရသောအခါ မုန့်ချင်ကျိုး လုံးဝ တိတ်ဆိတ်သွား၏။
ဘုန်းကြီးအိုက မုန့်ချင်ကျိုးကို လမ်းတစ်လျှောက်လုံး စောင့်ကြည့်ခဲ့ပြီး သူက ကောင်းကင်ထောက်တိုင် နယ်ပယ်သို့ ဝင်ရောက်ရန် နီးကပ်လာပြီဖြစ်ကြောင်း ခံစားမိခဲ့သည်။ ဗုဒ္ဓတိုင်းပြည်က ထွက်ခွာခါနီးအချိန် သူက သတ်ဖြတ်လိုစိတ်ကို မထိန်းနိုင်တော့ဘဲ အချိန်-နေရာလွတ် ဓားသူတော်စင်ကို ကြိုတင်ဖယ်ရှားပစ်ချင်ခဲ့သည်။
မည်သို့ပင်ဆိုစေကာမူ မဟာကျင်းတိုင်းပြည်၏ အမှန်တကယ်အုပ်ချုပ်သူမှာ တုန်းဖန်လျူလီဖြစ်ပြီး အချိန်-နေရာလွတ် ဓားသူတော်စင်သေဆုံးသွားခြင်းက တောရိုင်းမြေ၏ ကံကြမ္မာကို ထိခိုက်စေမည် မဟုတ်ပေ။
ထို့ကြောင့် ဘုန်းကြီးအိုသည် ယခုတစ်ကြိမ်တွင် သတ်ဖြတ်လိုစိတ်ဖြင့် ပေါ်လာခဲ့ခြင်း ဖြစ်သည်။
သို့သော် တုန်းဖန်လျူလီ၏ ဧကရာဇ်ကျမ်းကို မြင်လိုက်ရသောအခါ သူသည် အကြောင်းတရားနှင့် အကျိုးတရားအားလုံးကို ဖောက်ထွင်းမြင်လိုက်ရပြီး တုန်းဖန်လျူလီနှင့်ပတ်သက်သော လျှို့ဝှက်ချက်များကို သိရှိသွားခဲ့သည်။ ထိုအခါမှသာ သူ စိတ်အေးလက်အေးဖြင့် ထွက်ခွာသွားခဲ့သည်။
သို့သော် အကျပ်အတည်းအသစ်တစ်ခုက နောက်ကလိုက်လာသည်။
ဘုန်းကြီးအိုက အတွေးများကို ပွင့်ပွင့်လင်းလင်း ပြောရဲခြင်းက သူသည် မုန့်ချင်ကျိုး အသည်းအသန် လုပ်ဆောင်မည့်အရာကို မကြောက်ရွံ့ကြောင်း ပြသနေ၏ အကြောင်းမှာ ၎င်းသည် ပွင့်လင်းမြင်သာသော ဗျူဟာတစ်ခု ဖြစ်သောကြောင့်ပင်။
တုန်းဖန်လျူလီသည် တောရိုင်းမြေ၏ကံကြမ္မာကို သိမ်းပိုက်သူအဖြစ် အသိအမှတ်ပြုခံရကြောင်း ကောင်းကင်စောင့်ကြည့်သူ သိသွားသည်နှင့်တစ်ပြိုင်နက် အမျက်ဒေါသထွက်သွားလိမ့်မည်ဖြစ်ပြီး ၎င်းမှာ ဘုန်းကြီးအို၏ လှည့်ကွက်ဖြစ်ကြောင်းသိလျှင်ပင် သူ့ကိုသတ်ရန် အစွမ်းကုန် ကြိုးစားပေလိမ့်မည်။
မဟာကျင်းတိုင်းပြည်နှင့် ပတ်သက်၍မူ အနောက်ဘက် ဗုဒ္ဓတိုင်းပြည်ကို စိန်ခေါ်ရန် အရည်အချင်း မရှိသေးပေ။ ဘုန်းကြီးအိုက အနိုင်ရရန် ယုံကြည်မှုရှိသည်။ သူ စိုးရိမ်နေသည့် တစ်ခုတည်းသော အရာမှာ မဟာကျင်းတိုင်းပြည်က ကောင်းကင်စောင့်ကြည့်သူ၏ရန်ကို ခံနိုင်ရည်ရှိမရှိ ဆိုသည့်အချက်ပင်။ ထို့ကြောင့် ဤအချိန်ကို ရှေ့သို့ရွှေ့၍မရပေ။ ရွှေ့လိုက်ပါက မဟာကျင်းတိုင်းပြည်မှာ အလွန်မြန်မြန် ရှုံးနိမ့်သွားလိမ့်မည်။ ကောင်းကင်ပြည်နယ် ပေါင်းစည်းပြီးသွားလျှင် သူက ကောင်းကင်စောင့်ကြည့်သူကို ရင်ဆိုင်ရဦးမည် ဖြစ်သည်။
သူက ကောင်းကင်ပြည်နယ် ပေါင်းစည်းပြီးနောက် ဗုဒ္ဓတိုင်းပြည်သို့ ရောက်ရှိလာမည့် အချိန်အထိ စောင့်ဆိုင်းရမည်ဖြစ်ပြီး နောက်ဆုံးအသီးအပွင့်ကို ရိတ်သိမ်းရန်အတွက် ဤသတင်းကို အသက်ကယ် ဝှက်ဖဲအဖြစ် ထုတ်သုံမည် ဖြစ်သည်။
"မြေခွေးအိုကြီး။"
"သူက တကယ်ကို ဇွဲကောင်းတာပဲ။" မုန့်ချင်ကျိုးက အကူအညီမဲ့စွာ ခေါင်းခါလိုက်သည်။
တုန်းဖန်လျူလီက တည်ငြိမ်နေ၏။ ဘုန်းကြီးအို ဆိုလိုရင်းကို သူ နားလည်သော်လည်း စိုးရိမ်စိတ်မရှိဘဲ ဘာမျှပင် မပြောခဲ့ပေ။ သူက စစ်သည်များကို နှစ်သိမ့်ရန် လှည့်ထွက်သွားပြီး လန်ယနယ်စပ်သို့ ခရီးဆက်ခဲ့သည်။
လအနည်းငယ်အကြာတွင် မဟာကျင်းတိုင်းပြည်၏ အဓိကမဏ္ဍိုင်ကြီးနှစ်ခုဖြစ်သော ကျန်းစန်းဟိုင်နှင့် ချင်းဖုန်းဟော်တို့ ပြန်လည်တွေ့ဆုံကြသည်။ သူတို့က စကားမပြောဘဲ တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ ပခုံးကို အသာပုတ်လိုက်ကြသည်။
"မင်း အသက်ရှင်နေတာ ကောင်းတယ်။"
"မင်း အသက်ရှင်နေတာ ကောင်းတယ်။"
နှစ်ဦးစလုံး တစ်ပြိုင်နက် ပြောလိုက်ပြီး ခဏတာရပ်တန့်ကာ ရယ်မောလိုက်ကြသည်။
နံနက်ခင်းအလင်းနယ်ပယ် မျိုးဆက်သစ် မဏ္ဍိုင်များမှာ ဧကရီနှင့် ဧကရာဇ်တို့၏ စစ်ဆေးမှုကို ခံယူရန် တည့်တည့်မတ်မတ် ရပ်နေကြသည်။
လီကွမ်ယန်၊ ဝမ်ရှန်ကျားနှင့် ယခင်က အနိုင်ယူထားသော နံနက်ခင်းအလင်းနယ်ပယ်မှ အကြီးအကဲအချို့၊ လွတ်လပ်သော ကျင့်ကြံသူများ အပါအဝင် အရေအတွက်မှာ (၂၅)ဦး ကျော်သွားလေပြီ။ သူတို့က ဂိုဏ်းပေါင်းစုံ မဟာမိတ်အဖွဲ့ ၏ အခြေခံအုတ်မြစ်နှင့် တူညီလုနီးပါး ဖြစ်လာခဲ့သည်။
ယခုဆိုလျှင် မဟာကျင်းတိုင်းပြည်က အင်အားပြိုင်ဆိုင်ရန် ထိုက်တန်သော အင်အားကြီးမားသည့် အင်အားစုတစ်ခု ဖြစ်လာခဲ့လေပြီ။
ပျက်စီးယိုယွင်းနေသော မဟာကျင်းတိုင်းပြည်ကို ထိန်းသိမ်းရန် ဧကရီနှင့် ဧကရာဇ်တို့ ရုန်းကန်နေရန် မလိုတော့ပေ။
ချင်းဖုန်းဟော်က နားထောင်ခြင်း မပြုနိုင်စေရန် အကာအကွယ် တစ်ခုကို ဖန်တီးလိုက်သည်။
လူအုပ်စုက ချက်ချင်းပင် လက်နှစ်ဖက်ကိုယှက်ကာ အရိုအသေပေးလိုက်သည်။ "အရှင်မကို အရိုအသေပေးပါတယ်။ ဧကရာဇ်ကို အရိုအသေပေးပါတယ်။"
မုန့်ချင်ကျိုးက အနည်းငယ် ပြုံးလိုက်ပြီး သိုလှောင်လက်စွပ်ထဲမှ လက်ဆောင်များကို တစ်ဦးစီအား ပေးအပ်ကာ ညွှန်ကြားလိုက်သည်။
"ကိုယ့်တာဝန်ကို ကောင်းကောင်းလုပ်ပြီး လူကောင်းတစ်ယောက် ဖြစ်အောင်နေ။"
သူတို့အားလုံးက အတွေ့အကြုံရင့် ကျင့်ကြံသူများ ဖြစ်ကြသဖြင့် အားပေးစကား များစွာလိုအပ်မည် မဟုတ်ပေ။
"ကျေးဇူးတင်ပါတယ် အရှင်။"
ချင်းဖုန်းဟော်က လှံကိုယူကာ ခဏစစ်ဆေးကြည့်ပြီး အံ့သြစွာ ပြောလိုက်သည်။ "နတ်ဘုရားအဆင့် လက်နက်ပါလား။"
ထိုစကားကို ကြားသောအခါ အခြားသူများမှာလည်း ငုံ့ကြည့်လိုက်ကြပြီး တစ်ဦးစီတိုင်းတွင် မတူညီသော အရည်အသွေးမြင့် မှော်လက်နက်များ ရှိနေသည်ကို မြင်လိုက်ရသဖြင့် အံ့အားသင့်သွားကြသည်။
"အရှင်... ကျွန်တော် ဒါကို မယူနိုင်ပါဘူး။ ဒါက တန်ဖိုးလွန်းပါတယ်။" ချင်းဖုန်းဟော်က အလျင်စလို ပြောလိုက်သည်။
မုန့်ချင်ကျိုးက သူ့ဘာသာ ရယ်မောလိုက်သည်။
"ထားလိုက်ပါ။ အဲဒါတွေက ကျွန်တော့်အတွက် အသုံးမဝင်တော့လို့ပါ။"
ငါက အမျက်ဒေါသအရဟတ္တရဲ့ ဧကရာဇ်ရတနာ (၆)ခုကိုတောင် တန်ဖိုးမရှိသလိုမျိုး ချေမှုန်းပစ်ခဲ့တာ။ နတ်ဘုရားရတနာတွေက ပြောနေစရာတောင် မလိုဘူး။ ဒါပေမယ့်လည်း အတ္တကင်းမဲ့ဗုဒ္ဓရဲ့ အကြည့်ကို ကြိုသိနေလို့ အဲဒီဧကရာဇ်ရတနာတွေကို မယူခဲ့မိတာကတော့ နှမြောစရာပဲ။ အဲဒီလိုမှ မဟုတ်ရင် အားလုံးကို ခင်ဗျားတို့ဆီ ပေးလိုက်မှာ။
မုန့်ချင်ကျိုးက လက်ထဲရှိ ပုစဉ်းရင်ကွဲတေးသံဓားကို ချိန်ကြည့်လိုက်ပြီး အကူအညီမဲ့နေသလို ခံစားလိုက်ရသည်။
ဧကရာဇ်အဆင့် နတ်ဘုရားဓားက သူ့အတွက် အသုံးမဝင်တော့သော်လည်း သူ့တွင် ပိုကောင်းသော အစားထိုးပစ္စည်း မရှိသေးပေ။ နတ်ဘုရားဘုရင်ဝတ်ရုံမှာမူ ဧကရာဇ်အဆင့် ရတနာကောင်းတစ်ခု ဖြစ်၏။
သို့သော် ထိုအရာက ဘုန်းကြီးအို အတ္တကင်းမဲ့ဗုဒ္ဓကို ကိုင်တွယ်ရန် သူ၏ဝှက်ဖဲ ဖြစ်သည်။ နတ်ဘုရားဘုရင်၏ဝတ်ရုံ၏ အာနိသင်မှာ ဇန်တာအိုကို တန်ပြန်ရန်အတွက် အထူးဒီဇိုင်းထုတ်ထားခြင်း ဖြစ်ပြီး အလွန်အင်အားကြီးသည်။
မဟာကျင်းတိုင်းပြည်၏ အဓိကအသိုင်းအဝိုင်းက ရယ်မောပြောဆိုနေချိန်တွင်ပင်။
မုန့်ချင်ကျိုး ရုတ်တရက် အေးခဲသွားပြီး နားထဲတွင် စနစ်၏အသိပေးသံ ထွက်ပေါ်လာသည်။
[ တိုင်းပြည်၏တိုးတက်မှုမှာ နယ်မြေချဲ့ထွင်ခြင်း၊ လက်နက်ချသည့် တိုင်းပြည်များ တိုးပွားလာခြင်းနှင့် ဧကရီ၏အင်အားနှင့်ပါရမီ တိုးတက်လာခြင်းတို့ဖြင့် သိသိသာသာ တိုးတက်လာခဲ့သည်။ ဆုလာဘ်များကို ခွဲဝေပေးနေသည်… ]
[ ကောင်းကင်ဘုံသို့သွားရာလမ်းက တာအိုနိယာမများကို လိုက်လျောညီထွေဖြစ်စေမည့် တိုးတက်မှုကို ၁၀% တိုးမြှင့်လိုက်သည် ]
[ တိုးတက်မှု ပြီးဆုံးသွားပြီ။ မည်သည့်အချိန်မဆို ကောင်းကင်ထောက်တိုင်နယ်ပယ်သို့ ဖောက်ထွင်း ဝင်ရောက်ရန် အသင့်ရှိနေသည်။ လက်ခံသူအနေဖြင့် ယာယီသည်းခံပြီး အတွင်းစကြာဝဠာကို ဆက်လက် ပြည့်စုံအောင် ပြုလုပ်ခြင်းဖြင့် တိုးတက်မှုကို ပိုမိုမြှင့်တင်ရန် ရွေးချယ်နိုင်သည်။ အဆင့်တက်ပြီးသည်နှင့် အလိုအလျောက် ကျင့်ကြံမှုအဆင့်အဖြစ် ပြောင်းလဲသွားမည် ဖြစ်သည် ]
မုန့်ချင်ကျိုး စိတ်လှုပ်ရှားသွား၏။
နောက်ဆုံးတော့ ရောက်လာပြီ။
ယခင်က တုန်းဖန်လျူလီသည် ကောင်းကင်တာအို၏ အသိအမှတ်ပြုခြင်းကို ရရှိခဲ့သည်။ အားသာချက်ရော အားနည်းချက်ပါ ရှိသော်လည်း အင်အားနှင့် ပါရမီတိုးတက်မှုမှာ သေချာပေါက် ကြီးမားလှ၏။
ထို့အပြင် လန်ယတိုင်းပြည်ကို သိမ်းပိုက်ခြင်း၊ မဟာကျင်းတိုင်းပြည်သို့ နယ်မြေပူးပေါင်းခြင်း၊ အတုအယောင် ကောင်းကင်ထောက်တိုင် အရဟတ္တသုံးပါးကို သတ်ခြင်းနှင့် အတ္တကင်းမဲ့ဗုဒ္ဓကို အတင်းဆုတ်ခွာစေခြင်းတို့မှာ အင်အားစုများစွာက သက်သေပြုခဲ့ကြသည်။ အချိုးအစားကို ၈-၂ မှ ၆-၄ အထိ လျှော့ချနိုင်ခဲ့သည်။
မဟာကျင်းတိုင်းပြည်က တကယ့် အင်အားကြီးမားသော တိုင်းပြည်တစ်ခုအဖြစ် ပြောင်းလဲသွားပြီဖြစ်ရာ မည်ကဲ့သို့ ဆုလာဘ်တစ်ခုမျှမရဘဲ နေနိုင်မည်နည်း။
သို့သော် သူ့အတွက် အံ့အားသင့်စရာမှာ စနစ်က ဤတစ်ကြိမ်တွင် အလွန်ပင် ရက်ရောနေပြီး ကောင်းကင်ဘုံသို့သွားရာလမ်းကို အမြင့်ဆုံးသို့ တိုက်ရိုက်ရောက်ရှိစေခဲ့ခြင်းပင်။
သို့သော် ထိုနောက်လာမည့်အရာကို သူ ကြားလိုက်ရသည်။
မုန့်ချင်ကျိုးက လက်ချောင်းထိပ်များကို ပွတ်သပ်လိုက်ရာ အတွေးတစ်ခု ဝင်လာပြီး အဆင့်တက်မည့် နေ့တွင် ၎င်းသည် ကျင့်ကြံမှုအဆင့်အဖြစ် အလိုအလျောက် ပြောင်းလဲသွားစေရန်အတွက် ကောင်းကင်ဘုံသို့ သွားရာလမ်း၏ တိုးတက်မှုကို ဆက်လက်မြှင့်တင်ရန် ဆုံးဖြတ်လိုက်သည်။
ရိုးရိုးပြောရမည်ဆိုပါက လက်ရှိတိုးတက်မှုသည် ၁၀၀%ဆိုလျှင် ကောင်းကင်ထောက်တိုင်နယ်ပယ်ကို ဖောက်ထွင်းဝင်ရောက်ခြင်းက အလွန်ဆုံး ကောင်းကင်ထောက်တိုင်နယ်ပယ် အစောပိုင်းအဆင့်လောက်သာ ဖြစ်လိမ့်မည်။ သို့သော် တိုးတက်မှုက ၂၀၀% ဆိုလျှင် ဖောက်ထွင်းဝင်ရောက်မှုက အလယ်အလတ် သို့မဟုတ် နောက်ဆုံးအဆင့် ဖြစ်ပေလိမ့်မည်။ ၃၀၀% ဆိုလျှင်မူ ကောင်းကင်ထောက်တိုင်နယ်ပယ်၏ အထွတ်အထိပ်သို့ တိုက်ရိုက်ရောက်ရှိသွားပြီး ကောင်းကင်နယ်ပယ်တစ််ပိုင်းသို့ တစ်လှမ်းချင်းစီ တက်လှမ်းနိုင်ပေမည်။
အကောင်းဆုံးနည်းလမ်းပင်။
တစ်ခဏချင်းမှာပင် မုန့်ချင်ကျိုး၏စိတ်ထဲတွင် အတွေးပေါင်းစုံ ဝင်ရောက်လာသည်။
ဥပမာအားဖြင့် အကယ်၍ ရန်သူများ များလွန်းနေပါက ကောင်းကင်ဘုံအတိဒုက္ခကို တိုက်ရိုက် စတင်နိုင်ပြီး ရန်သူများနှင့်အတူ အတိဒုက္ခကို ဖြတ်ကျော်စေနိုင်သည်။ ဟုန်းမုန့်ဖန်ဆင်းခြင်းသွေးကြောနှင့် [ အချိန်-နေရာလွတ်။ တာအိုအားလုံး၏အဆုံးသတ် ] ရှိထားသည့်အတွက် အသက်အနည်းငယ် ဆုံးရှုံးရခြင်းမှာ ကိစ္စမရှိပေ။ သို့သော်လည်း ကောင်းကင်ဘုံအတိဒုက္ခမှာ အပြည့်အဝ ဖုံးလွှမ်းသည့် ဖြစ်ရပ်တစ်ခုဖြစ်ပြီး ၎င်း၏ အကွာအဝေးအတွင်းရှိ သတ္တဝါအားလုံးကို ခွဲခြားမှုမရှိဘဲ တိုက်ခိုက်မည်ဖြစ်ကာ သူတို့တွင် အသက်တစ်ခုသာ ရှိကြသည်။
အဆင့်တက်ဖို့ မလောနဲ့။
တိုးတက်မှုကို အရှိန်ဆက်မြှင့်ပြီးတော့ ကောင်းကင်ပြည်နယ်ရဲ့ ပေါင်းစည်းမှုက တောရိုင်းမြေဆီကို ရောက်လာတဲ့အခါ သူတို့အားလုံးကို အကြီးအကျယ် အံ့အားသင့်သွားစေဖို့ လက်ဆောင်ပေးလိုက်တာပေါ့။
…