← Chapters

အခန်း ၂၄၅

Vol. 17 Ch. 245

အခန်း ၂၄၅

Vol. 17 Ch. 245

အပိုင်း(၂၄၅) ကပ်ဘေးများသက်ဆင်းလာခြင်း၊ ကပ်ဘေးများရောက်ရှိလာခြင်း

တောရိုင်းမြေ၏ တောင်ဘက်အစွန်ဆုံး။

မိုင်ပေါင်းထောင်ချီ ကျယ်ဝန်းသော နေမဝင်တိုင်းပြည်မှာ ဂိုဏ်းပေါင်းစုံမဟာမိတ်စစ်ပွဲတွင် ၎င်း၏ အုပ်စိုးရှင်က ကျိဝူရွှမ်အားကူညီရန် တပ်များစေလွှတ်ခဲ့ပြီး အားလုံးချေမှုန်းခံလိုက်ရ၍ လုံးဝပြိုလဲသွားလေသည်။ တိုင်းပြည်မှာ ခေါင်းဆောင်မဲ့ ဖြစ်သွားပြီး အဂတိလိုက်စားသော အရာရှိများ ထင်တိုင်းကျဲကာ မောက်မာသော အရာရှိများက အာဏာကိုချုပ်ကိုင်ထားသဖြင့် ပြည်သူများ၏ လူနေမှုဘဝမှာ ယိုယွင်းလာပြီး လူမှုရေးများလည်း ပြိုလဲသွားလေသည်။

မဟာကျင်းတိုင်းပြည်ကလည်း ဤမျှသေးငယ်သော တိုင်းပြည်ငယ်လေးကို ဂရုစိုက်ရန် ပျင်းရိနေသည်။ ကျိဝူရွှမ်က မဟာကျင်းတိုင်းပြည်ကို ရန်စရန် တိုက်တွန်းခဲ့သည်ကိုလည်း သူတို့ သိရှိထားကြသည်။ သူတို့တွင် ထိုကိစ္စကို ဖြေရှင်းရန် အချိန်လည်း မရှိသလို ဂရုစိုက်ရန်လည်း စိတ်မဝင်စားကြပေ။

သို့သော်လည်း။

လွန်ခဲ့သည့် နှစ်ရက်ကပင် ပင်လယ်ကိုသာ အမှီပြု၍ အသက်မွေးဝမ်းကျောင်းပြုနေရသော နေမဝင် တိုင်းပြည်တွင် ထူးဆန်းသော ကပ်ရောဂါများနှင့် ဖျားနာမှုများ စတင်ဖြစ်ပွားလာသည်။

ဤကပ်ရောဂါမှာ နယ်မြေတစ်ခွင်သို့ ပျံ့နှံ့သွားပြီး ပင်လယ်လွှမ်းနယ်ပယ်ရှိ ကျင့်ကြံသူများပင် မခံနိုင်ကြပေ။ သူတို့က အဖျားကြီးကာ အသက်ရှူရခက်ခဲလာပြီး သူတို့၏တာအိုသစ်သီးများ တဖြည်းဖြည်းချင်း တိုက်စားခံလိုက်ရသည်။

"တိုင်းပြည်ပျက်တော့မယ့် လက္ခဏာပဲ။ တိုင်းပြည်ကြီး ပြိုလဲတော့မယ်။"

လူသူကင်းမဲ့သော မြို့ထဲတွင် ကျီးကန်းများက ခြောက်သွေ့နေသော သစ်ပင်ကိုင်းများပေါ် နားနေကြပြီး လင်းယုန်များကလည်း လှည့်ပတ်ပျံသန်းကာ ကြိုက်ရာနေရာတွင် ဆင်းသက်လိုက်တိုင်း မြေပြင်ပေါ်တွင် အလောင်းကောင်တစ်ခုကို တွေ့ရတတ်သည်။ သူတို့က အလောင်းအသားများကို စားသောက်ကြသော်လည်း ကပ်ရောဂါကူးစက်ခံထားရသောကြောင့် ချက်ချင်းပင် သေဆုံးသွားကြသည်။

ဝိုင်ရောင်းနေသော အဘိုးအိုက တုတ်ကောက်ကိုမှီကာ စိတ်ပျက်အားငယ်စွာဖြင့် ကောင်းကင်ကို မော့ကြည့်ရင်း အော်ဟစ်လိုက်သည်။ သူ၏မျက်ရည်များမှာ ခန်းခြောက်သွားပြီဖြစ်ကာ ဝမ်းနည်းမှုသာ ကျန်ရစ်တော့သည်။

ဇတ်ဇတ်..

ဘုန်း။

ပင်လယ်ပြင်တွင် ကောင်းကင်ထိတိုင်မြင့်သော လှိုင်းလုံးကြီးများ ပေါက်ကွဲထွက်လာပြီး ကောင်းကင်နှင့် မြေကြီးမှာ တစ်သားတည်းဖြစ်သွားသယောင်။ တစ်ချိန်က ကြည်လင်နေသော ကောင်းကင်မှာ မှောင်မိုက်သွားပြီး မည်းမှောင်နေသော တိမ်တိုက်များမှာ မရှင်းမလင်းသော ခရမ်းရောင်နက်အဖြစ်သို့ ပြောင်းလဲသွားသည်။

ဝိုင်ရောင်းသူ အဘိုးအိုက အံ့သြစွာ လှည့်ကြည့်လိုက်သော်လည်း သန်းနှင့်ချီသော တန်ချိန်ရှိသည့် ပင်လယ်ရေများက သူ့ကို တိုက်ရိုက်ထိမှန်သွားရာ ချက်ချင်းပင် သွေးမြူမှုန်များအဖြစ် ပြောင်းလဲသွားလေသည်။

လေထဲမှ ကြည့်လိုက်လျှင် နေမဝင်တိုင်းပြည်တစ်ခုလုံးမှာ ကပ်ရောဂါ၊ ဗိုင်းရပ်စ်များနှင့် ဘေးဒုက္ခများ ပါဝင်သော ပင်လယ်ရေများကြောင့် ချက်ချင်းပင် ပြိုကွဲသွားခဲ့ပြီး နယ်မြေအတွင်းရှိ သက်ရှိသတ္တဝါအားလုံးမှာ တစ်ခဏချင်းပင် သေဆုံးသွားကြသည်။

အိမ်နီးချင်းတိုင်းပြည်မှ ကျင့်ကြံသူတစ်ဦးက လေထဲသို့ ပျံတက်သွားပြီး အဝေးကို လှမ်းကြည့်လိုက်ရာ သူတစ်သက်လုံး မမေ့နိုင်မည့် အံ့ဩစရာမြင်ကွင်းတစ်ခုကို မြင်လိုက်ရသည်။

ပင်လယ်ရေပြင်အထက်တွင် တစ်ဝက်တစ်ပျက် ပေါ်ထွက်နေသော ဧရာမပုံရိပ်ကြီးမှာ သားရေချပ်ကာကို ဝတ်ဆင်ထားပြီး ဒေါသထွက်နေသည့် မျက်ခုံးများနှင့် စူးရှသော မျက်လုံးများသာ ပေါ်လွင်နေသည်။ ရှည်လျားသော စိမ်းပြာရောင်ဆံပင်များက ပင်လယ်ပြင်တစ်လျှောက် မိုင်တစ်ထောင်ခန့်အထိ လွင့်မျောနေသည်။ သူ၏တစ်ကိုယ်လုံးမှာ ချပ်ကာများဖြင့် ဖုံးအုပ်ထားသဖြင့် အလွန်ပင် ခမ်းနားထည်ဝါလှ၏။

"နတ်ဘုရား..."

ကျင့်ကြံသူ၏ နှုတ်ခမ်းများမှာ ခြောက်ကပ်သွားပြီး သူက အချိန်အတော်ကြာအောင် စကားမပြောနိုင် ဖြစ်သွားသည်။ သူ၏အဆစ်အမြစ်များမှာ သံချေးတက်နေသည့် စပရိန်တစ်ခုနှင့် တူနေပြီး လှုပ်ရှားရန်ပင် ခက်ခဲနေသည်။

"သူ ပြန်နိုးထလာပြီ။"

"ငါတို့ ထွက်ပြေးမှ ဖြစ်မယ်။ မဟုတ်ရင် ငါတို့ သေလိမ့်မယ်၊ ငါတို့ သေချာပေါက် သေတော့မှာပဲ။"

သူက မလှုပ်ရှားနိုင်တော့သည့် အခြေအနေမှ လွတ်မြောက်ရန် အစွမ်းကုန် ကြိုးစားသော်လည်း နောက်ဆုံးတွင်မူ ဤအရာမှာ သူ့ဘေးတွင် ရှိနေသည့် တိုင်ရန်နိုဆောရက်ဇ် တစ်ကောင်ကို ကြည့်နေရသည့် သိုးတစ်ကောင်ကဲ့သို့ အလွန်မြင့်မားသော သတ္တဝါတစ်ကောင်၏ ခြိမ်းခြောက်မှု ဖြစ်ကြောင်း သိလိုက်ရပြီး စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။

ဖောင်း။

နံနက်ခင်းအလင်းနယ်ပယ် ကျင့်ကြံသူ၏ ခေါင်းမှာ ရုတ်တရက်ပေါက်ကွဲထွက်သွားပြီး ဦးခေါင်းမဲ့ အလောင်းမှာ ယိုင်နဲ့နဲ့ဖြစ်သွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ကပ်ဘေးကြီး ဆင်းသက်လာလေပြီ။

ကမ်းရိုးတန်း တိုင်းပြည်အားလုံး ထိခိုက်သွားကြသည်။ သူက ရည်ရွယ်ချက်ရှိရှိဖြင့် လူသတ်မှု မကျူးလွန်ခဲ့သော်လည်း ကပ်ဆိုးနတ်ဘုရားအဖြစ် သူ လျှောက်လှမ်းသွားသည့် နေရာတိုင်းတွင် ရှင်သန်မှုများ ပျက်သုဉ်းသွားပြီး ပင်လယ်ပြင်မှာ လယ်ကွင်းများအဖြစ်သို့ ပြောင်းလဲသွားလေသည်။

အဆိပ်သင့်ခြင်း၊ ကပ်ရောဂါနှင့် ဘေးဒုက္ခများမှာ အလွန်ပြင်းထန်လှ၏။

ပေတစ်သောင်းနီးပါးမြင့်သော သူ၏ခန္ဓာကိုယ်မှာ တည်ငြိမ်နေပြီး စိမ်းပြာရောင်ဆံပင်ရှည်များက လေထဲတွင် ဝဲပျံနေကာ မျက်လုံးများမှာမူ လျစ်လျူရှုမှုများဖြင့် ပြည့်နှက်နေသည်။ သူ၏ အနောက်ဘက်တွင် ရောင်စုံမည်းမှောင်နေသော တိမ်တိုက်များမှာ မိုင်ပေါင်းများစွာအထိ ဆန့်တန်းနေသည်။

သတ္တဝါအားလုံးမှာ ထိတ်လန့်တုန်လှုပ်ပြီး စိတ်ပျက်အားငယ်နေကြ၏။

ပညာရှိ အဘိုးအိုတစ်ဦးက တုန်ယင်စွာဖြင့် ပြောလိုက်သည်။ "ကပ်ဘေးနတ်ဘုရား။ ငါ... ငါ သူ့ရဲ့ ပုံတွေကို ရှေးဟောင်းစာအုပ်တွေထဲမှာ မြင်ဖူးတယ်။ ရှေးဟောင်းနတ်ဘုရားတွေ... ပြန်ရှင်သန်လာပြီ။"

"သူက သေခြင်းတရားနဲ့ ဘေးဒုက္ခတွေကို ယူဆောင်လာလိမ့်မယ်။ တောရိုင်းမြေဟာ ပျက်စီးသွားပြီး သေဆုံးခြင်းနယ်မြေ တစ်ခုအဖြစ် လုံးဝပြောင်းလဲသွားလိမ့်မယ်။"

လူများမှာ ထိတ်လန့်သွားပြီး ထွက်ပြေးရန် ကြိုးစားသော်လည်း ခြေထောက်များမှာ တုန်ယင်နေပြီး လှုပ်ရှား၍ မရတော့ပေ။

ဤတိုင်းပြည်တွင် လူဦးရေထက်ဝက်နီးပါးမှာ တစ်ခဏချင်းပင် ပျက်စီးသွားခဲ့သည်။

မြို့တော်၏ အပြင်ဘက်ရှိ တောင်တန်းနက်တစ်ခုတွင် တိုင်းပြည်၏ ဘိုးဘေးအကြီးအကဲက တရားပိတ် ကျင့်ကြံရာမှ ထွက်လာပြီး ကောင်းကင်ယံသို့ တစ်လှမ်းချင်းစီ တက်လှမ်းသွားကာ ဓားကိုဝှေ့ယမ်းရင်း မြေပြင်ပေါ်သို့ ကျရောက်လာသော ကပ်ဘေးကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

"မင်းရဲ့လူမျိုးတွေကို မင်းကိုယ်တိုင် ရက်ရက်စက်စက် သတ်ဖြတ်တာက ခွင့်လွှတ်လို့ မရဘူး။"

"သေစမ်း။"

ဓားသွားမှာ ကြယ်တံခွန်တစ်ခုကဲ့သို့ အလင်းတန်းတစ်ခုကို ဖန်တီးကာ ပေတစ်သောင်းမြင့်သော နတ်ဘုရားဆီသို့ ထိုးစိုက်သွားသည်။ ထိုဘိုးဘေးကြီးမှာ မီးကိုတိုးနေသော ပိုးဖလံတစ်ကောင်လို မကြောက်မရွံ့ ရှေ့သို့ ပြေးဝင်သွားသည်။

"ပုရွက်ဆိတ်။"

ဟောင်တုက ဘေးသို့ တစ်ချက်ငဲ့ကြည့်လိုက်ရာ သူ၏အကြည့်မှာ ထူထဲနေပြီး ရုတ်တရက် ဓားသွားနှင့် တိုက်မိသွားသည်။ လေထဲသို့ တက်လှမ်းနေသော သူ၏ပုံရိပ်မှာ တုန်ခါသွားပြီး နောက်သို့ လွင့်ထွက်သွားကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။

ထိုတိုင်းပြည်၏ လက်ရှိ ဧကရာဇ်သည် ဝတ်ရုံအစကိုမကာ နန်းတော်ထဲမှ ကြောက်လန့်တကြား ထွက်ပြေးလာရင်း အော်လိုက်သည်။ "ဘိုးဘေးကြီး။"

"အဟွတ် အဟွတ်..."

မီးခိုးရောင် ဆံပင်များရှိသည့် အဘိုးအိုတစ်ဦးက ဓားကိုမှီကာ နက်ရှိုင်းသောတွင်းထဲမှ တွားသွား၍ ထွက်လာသည်။ သူ၏နံရိုးအားလုံး ကျိုးပဲ့သွားပြီး ဓားကိုကိုင်ထားသည့် ညာလက်မှာလည်း ကျိုးပဲ့နေသည်။ သူ၏ ပါးစပ်နှင့်နှာခေါင်းမှ သွေးများစီးကျနေသော်လည်း ပြုံးနေဆဲပင်။

"ကောင်းကင်ထောက်တိုင်နယ်ပယ်ပဲ..."

"ရှေးခေတ်က အုပ်စိုးခဲ့တဲ့ နတ်ဘုရားတစ်ပါးနဲ့ လိုက်ဖက်ပါတယ်။ သူ ပြန်ရှင်လာတာ မကြာသေးဘူး၊ သူရဲ့ရုပ်တုပေါ်မှာရှိတဲ့ ရေညှိတွေတောင် အကုန်မကွာကျသေးဘူး။ ဒါပေမဲ့ သူက ကောင်းကင်ထောက်တိုင် စွမ်းအားကို ပိုင်ဆိုင်နေပြီ။"

ဤမျှသာ။

အဘိုးအို၏ မျက်လုံးများမှာ တင်းမာသွားပြီး သူ မတ်တတ်ရပ်ကာ တိုက်ခိုက်ရန် ပြင်လိုက်ချိန်တွင် သူ၏ ခွန်အားအားလုံး ပျောက်ကွယ်သွားပြီး မြေပြင်ပေါ်သို့ ပြိုလဲကျသွားသည်။ သူ၏မျက်နှာမှာ အပြာရောင် သို့မဟုတ် ခရမ်းရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး စကားပြောရန် ခက်ခဲစွာဖြင့် ရေရွတ်လိုက်သည်။

"အဆိပ်က ငါ့အရိုးတွေထဲအထိ စိမ့်ဝင်သွားပြီးတော့ ငါ့ကို ဝါးမျိုနေပြီ။"

"မြေးလေး၊ ထွက်ပြေးတော့။ မဟာကျင်းတိုင်းပြည်ဘက်ကို ထွက်ပြေးကြတော့။"

ဧကရာဇ်က ငိုကြွေးလိုက်သော်လည်း သူ၏ခြေထောက်များကမူ နာခံလျက် လှည့်ပြေးသွားကာ ပြေးရင်း အော်ပြောလိုက်သည်။ "ဘိုးဘေးကြီး... ငြိမ်းချမ်းစွာ အနားယူပါ။ တစ်နေ့ကျရင် ကျွန်တော်က လက်စားချေပေးပါ့မယ်။"

ဟောင်တုက သူ့ကို တစ်ချက်ပင် မကြည့်ခဲ့ပေ။

မည်သို့ဆိုစေ နံနက်ခင်းအလင်းနယ်ပယ်ဖြစ်စေ၊ သာမန်လူဖြစ်စေ သူ၏ကပ်ဘေးနှင့် ထိမိသူတိုင်းသည် ဆယ်ရက် သို့မဟုတ် တစ်လအတွင်း သို့မဟုတ် တစ်ခဏချင်းပင် သေဆုံးသွားလိမ့်မည်။

"ကောင်းကင်နဲ့မြေကြီးက တကယ်ကို ကွဲကွာသွားခဲ့ပြီပဲ။"

"ဒီနေရာကို... တောရိုင်းမြေလို့ ခေါ်တာလား။"

ကပ်ဘေးနတ်ဘုရား တွေဝေနေသည်။ သူက မျက်လုံးများကို မှိတ်လိုက်ပြီး ကောင်းကင်နှင့် မြေကြီးကြားတွင် လှည့်လည်သွားလာနေသော နိယာမများနှင့် စွမ်းအားအပိုင်းအစများသည် ပင်လယ်ထဲသို့ စီးဝင်နေသော မြစ်များကဲ့သို့ သူ့နှာခေါင်းထဲသို့ စုပ်ယူခံလိုက်ရကြောင်း အာရုံခံလိုက်ရသည်။ တစ်ခဏချင်းမှာပင် သူက လွန်ခဲ့သော နှစ်ပေါင်းထောင်ချီအတွင်း တောရိုင်းမြေတွင် ဖြစ်ပျက်ခဲ့သည်ကို နားလည်သွားသည်။

"တောရိုင်းမြေရဲ့ ကံကြမ္မာက နှစ်ခြမ်း ကွဲသွားတယ်။ တစ်ဝက်က ဗုဒ္ဓတိုင်းပြည်မှာ၊ နောက်တစ်ဝက်က မဟာကျင်းတိုင်းပြည်မှာ။"

"ငါတို့သာ တောရိုင်းမြေရဲ့ကံကြမ္မာကို ဝါးမျိုနိုင်ရင် ငါတို့အထွတ်အထိပ်ကို ချက်ချင်း ပြန်ရောက်နိုင်မှာ မဟုတ်ဘူးလား။"

"စိတ်ဝင်စားဖို့ကောင်းသားပဲ။"

ဤအချက်ကို တွေးမိလိုက်သောအခါ ဟောင်တုက အနောက်ဘက်သို့ လှည့်ကြည့်ပြီး ခြေလှမ်းတစ်လှမ်း လှမ်းရန် ပြင်လိုက်စဉ် သူ့နားထဲတွင် ဇန်သုတ်တော် ရွတ်ဆိုသံကို မှိန်ဖျော့ဖျော့ ကြားလိုက်ရသည်။

နေလုံးကြီးတစ်လုံး အနောက်ဘက်မှ ထွက်ပေါ်လာပြီး သူ၏အကြည့်မှာ ကပ်ဘေးအားလုံးထံမှ လွတ်ကင်းသွားကာ တိတ်ဆိတ်ပြီး လျစ်လျူရှုလျက် ရှိနေသည်။

"ဖန်ဆင်းခြင်းလမ်းစဉ်က တာအိုကို ကမ္ဘာတစ်ခုအဖြစ် အသွင်ပြောင်းလိုက်ပြီးတော့ ကောင်းကင်နဲ့ မြေကြီးကို ကျူးကျော်ဝင်ရောက်၊၊ ကောင်းကင်တာအိုကို သိမ်းပိုက်ပြီး သုခဝတီဘုံကို ပြန်လည်ဖန်တီးတာ... စိတ်ဝင်စားစရာကောင်းပါတယ်။"

ဟောင်တုက စိတ်ဝင်စားစရာကောင်းသည်ဟု ပြောသော်လည်း သူ၏မျက်နှာမှာမူ အမူအရာ ကင်းမဲ့နေသည်။ သူက အတ္တကင်းမဲ့ဗုဒ္ဓကို စက္ကန့်အနည်းငယ်ကြာ စိုက်ကြည့်ပြီးနောက် ခေါင်းကို အနည်းငယ် ခါယမ်းလိုက်သည်။

ဒီကတုံးဘုန်းကြီးက တော်တော် အင်အားကြီးတယ်။ သူ့ကို အပြင်ထွက်အောင် မလုပ်နိုင်သရွေ့တော့ ဗုဒ္ဓတိုင်းပြည်အတွင်းမှာ အတ္တကင်းမဲ့ဗုဒ္ဓက သူ့ရဲ့အစွမ်းအစ ဆယ်ပုံတစ်ပုံလောက်ပဲ ရှိရင်တောင် အစွမ်း(၁၀)ဆ ထုတ်သုံးနိုင်မှာပဲ။ သူက အစွမ်း(၁၀)ဆ ရှိရင်တော့ အဆ(၁၀၀)အထိ ထုတ်သုံးနိုင်မှာပဲ။ သူ့ကို အနိုင်ယူဖို့ ဖြစ်နိုင်ပေမယ့်လည်း အရမ်း အားစိုက်ထုတ်ရလိမ့်မယ်။

ကပ်ဘေးနတ်ဘုရားက ယခုမှ နိုးထလာရာ တန်ဖိုးမရှိသောအရာအတွက် အချိန်နှင့်စွမ်းအင်များကို အလဟဿ မဖြုန်းတီးချင်ပေ။

"မဟာကျင်းတိုင်းပြည်မှာ ထောက်ပံ့ပေးမယ့်မဏ္ဍိုင် မရှိပေမယ့် တောရိုင်းမြေရဲ့ ကံကြမ္မာ လေးပုံ သုံးပုံကို သိမ်းပိုက်ထားတယ်။ မင်း ဘယ်သွားမလို့လဲ။"

အတ္တကင်းမဲ့ဗုဒ္ဓ၏အသံမှာ ဟောင်တု၏နားထဲသို့ ရောက်ရှိလာသည်။

အိုး။

ကပ်ဘေးနတ်ဘုရား အံ့သြသွားသည်။ ကာကွယ်ပေးမယ့် အစောင့်အရှောက် မရှိပေမယ့် တောရိုင်းမြေရဲ့ ကံကြမ္မာကို အများကြီး စုစည်းထားနိုင်တာဆိုတော့ သူတို့မှာ စွမ်းရည်အချို့ ရှိနေတာပဲ။

"ဟီးဟီး... "

"တကယ်ပါပဲ။ ဘယ်လူမျိုးစုက လောကကို အုပ်စိုးပါစေ။၊ အတွင်းပိုင်း ကွဲလွဲမှုတွေက ဖြစ်လာမှာပဲ။ ရှေးခေတ်ကို ပြန်ကြည့်လိုက်ရင် လူသားမျိုးနွယ်စုတွေ ဘယ်လောက်တောင် စည်းလုံးခဲ့သလဲ။ မှောင်မိုက်နေတဲ့ ကပ်ဆိုးကြီးထဲမှာတောင် သွေးချောင်းစီးတဲ့လမ်းကြောင်းကို ဖောက်ထွက်ခဲ့ကြတယ်။"

"နတ်ဘုရားတွေအားလုံးကို ကျွန်ပြုပြီး နတ်ဘုရားတွေကို သတ်ဖြတ်ခဲ့ကြတဲ့ ငါတို့ဘိုးဘွားတွေရဲ့ သွေးနဲ့ သတ္တိကို ဒီနေ့အထိ မမေ့နိုင်သေးဘူး။"

ဟောင်တုက သူ အလျင်စလို လုပ်မိခဲ့ကြောင်း ခံစားလိုက်ရသည်။ သူက ယဇ်ပလ္လင်ကို အချိန်မတိုင်ခင် မီးရှို့လိုက်မိသည်။ လက်ရှိလူသားမျိုးနွယ်စုက လွန်ခဲ့သော နှစ်ပေါင်းတစ်သောင်းကလို စည်းလုံးနေမည်ဟု ထင်မှတ်ခဲ့မိသည်။ ထို့ပြင် သူ ဆင်းသက်လာသည်နှင့် သန်းပေါင်းထောင်ချီသော လူသားများ၏ ဝိုင်းဝန်း တိုက်ခိုက်ခြင်းကို ခံရမည်ဟု ထင်ခဲ့သည်။

သို့သော် လမ်းပြပေးသူများ ရှိလိမ့်မည်ဟု လုံးဝ မထင်ထားခဲ့ပေ။

ထိုအချက်ကို ကြည့်ရလျှင် သူက ဤနည်းလမ်းများဖြင့် ကောင်းကင်တာအိုကို ပြန်ရယူနိုင်လိမ့်မည်။

စိတ်အခြေအနေ ပြောင်းလဲသွားပြီးနောက် ဟောင်တုက အမှန်တကယ်ပင် လှည့်ထွက်သွားပြီး မဟာကျင်းတိုင်းပြည်ဆီသို့ ဦးတည်သွားလေသည်။

"နတ်ဘုရားဆိုး၊ ထွက်မပြေးနဲ့။"

ဒဏ်ရာပြင်းထန်စွာ ရရှိထားပြီး ကပ်ဘေးဗိုင်းရပ်စ်ကြောင့် ဒုက္ခရောက်နေသော ဘိုးဘွားကြီးမှာ ဓားကို မှီလျက် မတည်မငြိမ် ထရပ်လိုက်ပြီး ရှေ့မှလူကို ဒေါသတကြီး စိုက်ကြည့်လိုက်သည်။

အဘိုးအိုကို ပြန်ကြည့်လိုက်ရာ ဟောင်တုမှာ အနည်းငယ် အံ့အားသင့်သွားသည်။ "သူက နှစ်ပေါင်း သုံးထောင်တိုင်အောင် အသက်ရှင်ခဲ့ပြီးတော့ လူသားဧကရာဇ်ရဲ့ ရွှေခေတ်ပျက်သုဉ်းချိန်မှာ မွေးဖွားခဲ့တာပဲ။ ရှေးဟောင်း လူသားမျိုးနွယ်စုရဲ့ သွေးနဲ့သတ္တိတချို့ကို ပိုင်ဆိုင်ထားတာ အံ့သြစရာတော့ မဟုတ်ဘူး။"

ထိုအချိန်တွင်ပင်။

ဟောင်တု၏ အမြင်အာရုံ ဝေဝါးသွားပြီး ခွေးတစ်ကောင်ကို ခေါ်ဆောင်လာသည့် လူငယ်တစ်ယောက် ဘယ်ကမှန်းမသိ ပေါ်လာသည်ကို သတိထားမိလိုက်သည်။

၎င်းမှာ ဖော်ပြရခက်ခဲသော ခံစားချက်တစ်ခုပင်။ ခြိမ်းခြောက်မှုတော့ ရှိသည်။ သို့သော် အများကြီးတော့ မဟုတ်ပေ

"မင်းရဲ့ သရုပ်မှန်ကို မသိဘူး မထင်နဲ့။ မင်းကိုယ်မင်း တိုင်းပြညအစောင့်အရှောင်သားရဲလို့ ခေါ်ဖို့ ထိုက်တန်တယ်လို့ ထင်နေတာလား။ သေယောင်ဆောင်နေတာရပ်လိုက်။ သေချာရပ်စမ်း။"

လူငယ်က ဒေါသတကြီး ကြိမ်းမောင်းလိုက်သော်လည်း ခွေးဝါကြီးက ထမလာဘဲ မြေကြီးပေါ်တွင် လဲလျောင်းနေပြီး သူဆွဲခေါ်သမျှကို ခံနေကာ သူ၏မျက်နှာမှာ ခုခံလိုစိတ်များဖြင့် ပြည့်နှက်နေသည်။

ချီးပဲ။ ငါက ကောင်းကင်ထောက်တိုင်နယ်ပယ်တစ်ပိုင်းပဲ ရှိသေးတာကို မင်းက ငါ့ကို ရှေးဟောင်း နတ်ဘုရားတွေနဲ့ တိုက်ခိုက်ခိုင်းနေတာလား။ ဒီခွေးစာလေးကို နောက်ထပ် နှစ်နှစ်လောက် ပျော်ပျော်ပါးပါး စားချင်သေးတယ်။

နေမင်းအရှင်သခင်က ထိုမြင်ကွင်းကို တစ်ချက်ကြည့်လိုက်ပြီး ကပ်ဘေးကို မြင်လိုက်ရသောအခါ သူ၏ မျက်လုံးများ လှန်တက်သွားပြီး ခြေထောက်များ တောင့်တင်းသွားတော့သည်။

ခွေးသား…

ကပ်ဘေးကြီးပဲ။

နတ်ဘုရားအဆင့် နတ်ဘုရား။

ငါ့ရဲ့ခွေးဘဝတော့ အဆုံးသတ်တော့မှာပဲ။ ဒီဒုက္ခကနေ လွတ်မြောက်ဖို့ သေချင်ယောင်ဆောင်တာ အလုပ်ဖြစ်မလား ကြည့်လိုက်ဦးမယ်။

…

All Chapters