အခန်း ၂၄၆
Vol. 17 Ch. 246
အပိုင်း(၂၄၉) မသေနိုင်သောနတ်ဘုရားများ၊ စိန်ခေါ်ခြင်း
ဓားကိုင်ထားသော အဘိုးအိုက သူ၏အရှေ့တွင် ရပ်နေသည့် လူနှင့်ခွေးကို မယုံကြည်နိုင်စွာဖြင့် တိတ်တဆိတ် စိုက်ကြည့်နေမိသည်။
ဒါက... အချိန်-နေရာလွတ် ဓားသူတော်စင်နဲ့ တူသလိုပဲ။
ဒါပေမဲ့ အချိန်-နေရာလွတ် ဓားသူတော်စင်က အေးစက်ပြီး ရက်စက်တယ်ဆိုတဲ့ ဒဏ္ဍာရီကတော့ နည်းနည်းတော့ လွဲနေသလိုပဲ။
အဲဒီခွေးက မဟာကျင်းတိုင်းပြည်ရဲ့ တိုင်းပြည်အစောင့်အရှောက်သားရဲပဲ။ အပြုအမူက ဒီလိုကြီးလား။
"ထစမ်း... ထ... ထ။"
ပုစဉ်းရင်ကွဲတေးသံဓားကို ကိုင်ဆောင်ထားသော အနက်ရောင်ဝတ်ရုံနှင့် လူငယ်က ခွေးဝါကြီး၏ဖင်ကို အဆက်မပြတ် ရိုက်ခတ်နေရင်း ဆူပူနေသည်။
ကံမကောင်းစွာဖြင့် ခွေးဝါးကြီးမှာ သေချင်ယောင်ဆောင်ရန် ဆုံးဖြတ်ထားပုံရပြီး အသံတစ်ချက်ပင် မပြုပေ။
"မင်း ထမလာရင် ခွေးအစာ လုံးဝ မပေးတော့ဘူး။ အဲဒါတင်မကဘူး။ ရွာထဲက အမွှေးမရှိတဲ့ခွေးနဲ့ မင်းကို ကလေးမွေးခိုင်းပစ်မယ်။" မုန့်ချင်ကျိုးက စူးရဲစွာ ကြည့်ရင်း ခြိမ်းခြောက်လိုက်သည်။
အဘိုးအိုက ယခုမှပင် စွမ်းဆောင်ရည်ကိုပြသရန် အခွင့်အရေး ရခဲ့သည်။ သို့သော်လည်း ထိုလူနှင့် ခွေးက ခမ်းခမ်းနားနား ရောက်လာခဲ့၏။ မည်မျှ အထင်ကြီးစရာ ကောင်းလိုက်သနည်း။
ဒါပေမဲ့ ဒီခွေးကတော့ အကုန်ဖျက်ဆီးပစ်လိုက်ပြီ။
"ဘာလဲ။ အဲဒီအမွှေးတစ်ပင်မှမရှိတဲ့ ကတုံးခွေးကြီးလား။"
နေမင်းအရှင်သခင်မှာ အိပ်ပျော်နေရာမှ ရုတ်တရက် နိုးထလာပြီး ချက်ချင်း မတ်တတ်ရပ်ကာ ဟောင်တုကို ဒေါသတကြီး စိုက်ကြည့်ရင်း သွားများကို ဖြဲကာ ဟိန်းဟောက်လိုက်သည်။
သေရင်သေပါစေ၊ အရှက်တော့ အကွဲမခံနိုင်ပေ။
အမွှေးမရှိသောခွေ၏ ဝိညာဉ်က တုန်လှုပ်နေ၏။ ထိုမျှ ကြောက်စရာကောင်းသည့်အရာမျိုး ဘယ်တော့မှ မဖြစ်သင့်ပေ။
"မဟာကျင်းတိုင်းပြည်ရဲ့ ပထမဆုံးဧကရာဇ်က မင်းကို ဘာလို့ တိုင်းပြည်အစောင့်အရှောက် သားရဲအဖြစ် ခန့်ထားခဲ့လဲဆိုတာ ငါ တကယ် နားမလည်ဘူး။ မင်းက အစားအများကြီး စားတယ်။ အပေါ့အလေး အများကြီး သွားတယ်။ ပြီးတော့ တစ်နေကုန် အိပ်တာကလွဲပြီးတော့ အသုံးဝင်တာ ဘာတစ်ခုမှ မလုပ်ဘူး။"
မုန့်ချင်ကျိုးက ဒေါသတကြီး ဆက်လက် ပြောနေသည်။
စကားတစ်ဝက်တွင် မုန့်ချင်ကျိုးက အရေးကြီးသော ကိစ္စတစ်ခုကို သတိရသွားကာ အနောက်ဘက်မှ ထွက်ပေါ်နေသော နေလုံးကြီးဆီသို့ လှည့်ကြည့်လိုက်ပြီး ချက်ချင်းပင် လှောင်ပြုံးပြုံးလိုက်သည်။
"မီးလောင်မှာကြောက်တဲ့ ကတုံးအိုကြီးက မီးကို ဖြန့်ကျက်ပြီးတော့ မဟာကျင်းတိုင်းပြည်အထိကို ကူးစက်အောင် လုပ်နေတာလား။"
"ခင်ဗျားက ကိုယ့်ကိုယ်ကိုယ် သတ်သေဖို့စီစဉ်ထားတဲ့ အသက်ကြီးကြီး လူအိုကြီးလို့ပဲ ထင်တယ်။ ဒီကပ်ဘေးကို သတ်ဖြတ်ပြီးတာနဲ့ ဗုဒ္ဓတိုင်းပြည်ကိုသွားပြီး ခင်ဗျားကို စိတ်ရင်းမှန်နဲ့ ဆွေးနွေးပေးမယ်။"
အတ္တကင်းမဲ့ဗုဒ္ဓက စကားမပြောနိုင်တော့ပေ။
ညီလေး။ မင်း မောက်မာနေတာလား။ ဒါမှမဟုတ် ငါ့နားတွေ ထိုင်းနေတာလား။ မင်း ဟောင်တုကိုသတ်ဖို့ ကြိုးစားနေတာလား။
ငါ့ရဲ့ အစွမ်းအစတွေကို ငါ တကယ်ပဲ မသိတော့ဘူး။
"ဒါဆိုရင် ဒီဘုန်းကြီးက ဓားသူတော်စင် ဟောင်တုကို ဘယ်လို သတ်မလဲဆိုတာကို သေချာ ဂရုတစိုက် ကြည့်ရှုပါ့မယ်။"
မုန့်ချင်ကျိုးက အတ္တကင်းမဲ့ဗုဒ္ဓကို လျစ်လျူရှုလိုက်ပြီး သူ၏ရှေ့တွင် ရှိနေသော ဧရာမသတ္တဝါကို လက်ညှိုးထိုးကာ ပြောလိုက်သည်။
"ခင်ဗျားက ဟောင်တုလား။"
"ကပ်ဘေးနတ်ဘုရားလို့ သိထားတဲ့ နတ်ဘုရားခေတ်ရဲ့ အဆင့်မြင့်နတ်ဘုရားတစ်ပါးပေါ့။"
ဟောင်တုက အနက်ရောင်ဝတ်ရုံဝတ်ထားသော လူငယ်လေးကို အေးစက်စွာ ငုံ့ကြည့်လိုက်သည်။
တောရိုင်းမြေအတွင်းရှိ တာအိုနိယာမအပိုင်းအစများနှင့် ပြန့်ကျဲနေသောစွမ်းအားများကို ဝါးမျိုပြီးနောက် သူ၏ရှေ့မှ လူငယ်၏မူလအစကို ချက်ချင်း သိရှိသွားလေသည်။
အချိန်-နေရာလွတ် ဓားသူတော်စင်။
ကောင်းကင်ထောက်တိုင်နယ်ပယ်ကိုရောက်ပြီး ခြေတစ်လှမ်းပဲ လိုပြီးတော့ အသက်(၂၀)ပဲ ရှိသေးတဲ့သူ။
"အချိန်-နေရာလွတ်တာအိုအပေါ်မှာ လျှောက်လှမ်းနိုင်တဲ့သူ ဒီလောကမှာ ရှိနေသေးတယ်ဆိုတာ မယုံနိုင်စရာပဲ။"
"ပုရွက်ဆိတ်... မင်းရဲ့ နိယာမတွေကို ပူဇော်လိုက်။ ငါ မင်းကို ထာဝရအသက်ရှင်သန်နိုင်အောင် အာမခံပေးမယ်။ ပြီးတော့ အဆုံးမဲ့စည်းစိမ်ဥစ္စာနဲ့ ဘုန်းကျက်သရေကို ပေးအပ်မယ်။"
ဟောင်တု၏စိတ်ထဲတွင် မှေးမှိန်လှသော ပျော်ရွှင်မှုခံစားချက်တစ်ခု ပေါ်ပေါက်လာသည်။
နတ်ဘုရားများက သက်ရှိသတ္တဝါများ မဟုတ်ဘဲ စွမ်းအားများ၏ ကိုယ်စားပြုမှုများသာ ဖြစ်ကြသည်။ နယ်ပယ်နှင့် စွမ်းအားများ တိုးတက်လာမှသာ စိတ်ခံစားမှုများနှင့် ဆန္ဒများမှာ တဖြည်းဖြည်းချင်း ပေါ်ပေါက်၍ လာတတ်သည်။
အကြွင်းမဲ့ ကျိုးကြောင်းဆင်ခြင်ခြင်းကို ပိုင်ဆိုင်ထား၏။
ထို့ကြောင့် သူက ပြန်လည်ရှင်သန်လာပြီးနောက်တွင် ချက်ချင်းပင် ယဇ်ပလ္လင်များကို မီးရှို့ကာ နတ်ဘုရားများကို ပြန်လည်အသက်သွင်းရန် ပြင်ဆင်ခဲ့သည်။
အရာအားလုံးကို အကောင်းဆုံးဖြစ်အောင် ရည်ရွယ်ပြီး လုပ်ဆောင်ခြင်း ဖြစ်သည်။
လူသားမျိုးနွယ်စုတစ်ခုလုံးကို တစ်ယောက်တည်း တိုက်ခိုက်ရန်မှာ ခက်ခဲလိမ့်မည် ဖြစ်သော်လည်း နတ်ဘုရားများသာ ပြန်လည်ရှင်သန်လာပါက အခွင့်အရေးကြီးစွာ ရရှိလာလိမ့်မည် ဖြစ်သည်။
"ပြောစမ်းပါဦး။ ခင်ဗျားကို အသက်ပြန်သွင်းပေးတဲ့သူက ကောင်းကင်ကြည့်ဆောင်ကလူလား။" မုန့်ချင်ကျိုးက တိုက်ရိုက်မေးလိုက်သည်။
မစတင်ခင်တွင် ၎င်းကို သိထားရန် လိုအပ်သည်။
ထိုစကားကို ကြားသောအခါ အနောက်ဘက်ရှိ နေလုံးကြီးပင် ကပ်ဘေးဆီသို့ အကြည့်ရောက်သွားပြီး အတ္တကင်းမဲ့ဗုဒ္ဓကလည်း ဤကိစ္စအတွက် အလွန်အလေးအနက်ထားနေသည်။
နတ်ဘုရားများ ပြန်လည်ရှင်သန်လာခြင်းမှာ ကမ္ဘာနှစ်ခု ပေါင်းစည်းခြင်းနှင့် လူသားဧကရာဇ် မွေးဖွားလာတော့မည့် အဖြစ်အပျက်နှင့် နှိုင်းယှဉ်နိုင်သော ကြီးမားသည့်ဖြစ်ရပ်တစ်ခု ဖြစ်သည်။
တိတ်ဆိတ်မှု လွှမ်းမိုးနေချိန်မှာသာ ဘေးဒုက္ခက ကျရောက်လာသည်။
နတ်ဘုရားများက ဂုဏ်ယူတတ်ကြပြီး ပုရွက်ဆိတ်များကို လိမ်ညာပြောဆိုရန်ပင် အထင်သေး ကြသော်လည်း အမှန်တရားကို မပြောလိုကြသောကြောင့် တိတ်ဆိတ်နေကြသည်။
သို့သော် မုန့်ချင်ကျိုးနှင့် အတ္တကင်းမဲ့ဗုဒ္ဓတို့က မည်သူနည်း။ တစ်ဖက်လူ တိတ်ဆိတ်နေသည်ကို မြင်သောအခါ နောက်ကွယ်မှ ကြိုးကိုင်သူမှာ ကောင်းကင်ကြည့်ဆောင်က နောက်ဆုံးတွင် ပြဿနာရှာရန် စတင်လိုက်ပြီဖြစ်ကြောင်း သူတို့ ချက်ချင်း သဘောပေါက်သွားကြသည်။
မုန့်ချင်ကျိုး၏ အမူအရာမှာ ချက်ချင်း အေးစက်သွားပြီး ပုစဉ်းရင်ကွဲတေးသံဓားကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်သည်။
အဲဒီကောင်းကင်စောင့်ကြည့်သူက သေသင့်တယ်။
ရုတ်တရက်။
သူ့နားထဲတွင် ရင်းနှီးသောအသံတစ်ခု ပေါ်လာသည်။ "ဒကာကြီးမုန့်၊ အပေးအယူ လုပ်ကြမလား။"
"ငါတို့တွေ ပူးပေါင်းလိုက်ရင် ဘေးဒုက္ခကို ရှောင်ရှားနိုင်ပြီးတော့ မင်းအတွက် မဟာကျင်းတိုင်းပြည်ကို ကယ်တင်နိုင်မယ်။ ဒါပေမဲ့ အနာဂတ်မှာ တောရိုင်းမြေပေါင်းစည်းသွားတဲ့အခါ ကံကြမ္မာက မင်းအတွက်ဖြစ်ပြီး နယ်မြေက ငါ့အတွက်ဖြစ်မယ်။ အဲဒါ လက်ခံနိုင်မလား။"
မုန့်ချင်ကျိုးက တိတ်ဆိတ်နေပြီး အနောက်ဘက်ရှိနေလုံးဆီသို့ လက်ခလယ်ကို ထောင်ပြလိုက်သည်။
ကတုံးအိုကြီး။ ခင်ဗျား အိပ်မက်မက်နေတာလား။
အခု ကောင်းကင်ကြည့်ဆောင်ရဲ့ မြွေပါလိုရည်မှန်းချက်တွေကို သဘောပေါက်သွားပြီးတော့ ပူးပေါင်းဖို့ ကြိုးစားနေပေမဲ့ နောက်ကျသွားပြီ။
ပြီးတော့လည်း ခင်ဗျား သတ်မှတ်ထားတဲ့ စည်းကမ်းချက်တွေက အရမ်းကို တင်းကျပ်လွန်းတယ်။ နယ်မြေတွေကို ဆုံးရှုံးလိုက်ရရင် မဟာကျင်းတိုင်းပြည်က ပြည်သူတွေသန်းနဲ့ချီ ဘာဖြစ်သွားမလဲ။ သူတို့အားလုံး ပင်လယ်ပြင်မှာ လှည့်လည်သွားလာပြီး ရေကြောင်းတိုင်းပြည်တစ်ခု တည်ဆောက်ကြရတော့မလား။
လာနောက်နေတာပဲ။
"မိတ်ဆွေ။ မင်းကိုငါ တစ်ခုသတိပေးရမယ်။"
"ငါနဲ့ ပူးပေါင်းတာက အကောင်းဆုံး ရလဒ်ပဲ။ လူသားဧကရာဇ်က နတ်ဘုရားတွေကို ဘာလို့ လုံးဝ မသတ်ပစ်ဘဲ ထောင်ချပြီး ပြည်နှင်ဒဏ်ပဲ ပေးခဲ့တာလဲဆိုတာ မင်းသိလား။"
"နတ်ဘုရားဆိုတာ မသေနိုင်၊ မပျက်စီးနိုင်ဘူး၊ သူတို့တွေက စွမ်းအားတွေရဲ့ ကိုယ်စားပြုမှုပဲ။ သူတို့ရဲ့ နတ်ဘုရားအဆင့်အတန်း ပျက်စီးသွားရင်တောင် အချိန်နဲ့အမျှ ပြန်လာနိုင်ပြီးတော့ သူတို့ရဲ့ ခမ်းနားတဲ့ ဘုန်းကျက်သရေနဲ့ ပြန်လာလိမ့်မယ်။"
"ပထမဆုံး ဧကရာဇ်က သူတို့ကို မသတ်နိုင်ခဲ့ဘူး။ ဒါကြောင့် ထောင်ချပြီး ပြည်နှင်ဒဏ်ပဲ ပေးနိုင်ခဲ့တာ။"
သူ တစ်ခဏမျှ ရပ်တန့်လိုက်သည်။
အတ္တကင်းမဲ့ဗုဒ္ဓ၏အသံမှာ အနည်းငယ် လေးနက်နေပြီး ဆက်ပြောသည်။
"ဒါပေမဲ့ မစမ်းကြည့်ချင်နဲ့။ အတိတ်တုန်းက နတ်ဘုရားတွေကို သတ်လိုက်တဲ့အချိန်မှာ သူတို့တွေ ပြန်ကောင်းလာဖို့ ကြာတဲ့အချိန်က တကယ်ကိုကြာမြင့်ပြီးတော့ မင်း ကြီးပြင်းလာဖို့ လုံလောက်တဲ့ အချိန်ပဲ ရှိခဲ့တယ်။"
"ဒါပေမဲ့... အခု ကြီးမြတ်တဲ့ခေတ်ကြီးတစ်ခု စတင်တော့မယ်။ မင်း သိတဲ့အတိုင်းပဲ ဒီဘုန်းကြီးက ဗုဒ္ဓတိုင်းပြည်အဖြစ် ပြောင်းလဲသွားပြီးတော့ အဲဒီထဲက ကောင်းကင်တာအိုရဲ့ အပိုင်းအစလေး တစ်ခုကို အစားထိုးလိုက်ပေမဲ့ ကောင်းကင်တာအိုရဲ့ ဝါးမျိုခြင်းကို ခံလိုက်ရတယ်။ ကောင်းကင်တာအို နိုးထလာပြီဆိုတာကို ငါ ခံစားမိတယ်။"
"နတ်ဘုရားဆိုတာ လူ့လောကထဲကို ကောင်းကင်တာအိုက ထည့်ထားတဲ့ အသုံးချခံတွေပဲ။ ဒီလိုမျိုး အရေးကြီးတဲ့အချိန်မှာ နတ်ဘုရားတစ်ပါး သေဆုံးသွားရင် ကောင်းကင်တာအိုက သူတို့ရဲ့ ပြန်လာမှုကို အရှိန်မြှင့်ပေးဖို့ အတော်လေးများတယ်။"
"တစ်နည်းအားဖြင့်ပြောရရင်..."
"မင်းက ဒီနေ့မှာ အနိုင်ရပြီးတော့ နတ်ဘုရားကို သတ်လိုက်နိုင်ရင်တောင် ကပ်ဘေးက ရက်အနည်းငယ် အတွင်းမှာတင် ပြန်ရောက်လာလိမ့်မယ်။"
"ဒါကြောင့် မင်း အခု နားလည်သွားပြီလား။ ငါတို့တွေ ပူးပေါင်းရမယ်။ ဒီဘုန်းကြီးက မင်းကို ကောင်းကင်ထောက်တိုင်နယ်ပယ်အထိရောက်ဖို့ ကူညီပေးမယ်၊ အနာဂတ်မှာတော့ ငါတို့တွေ တောရိုင်းမြေကို ခွဲဝေယူကြမယ်။"
ထိုစကားကို ကြားသောအခါ…
မုန့်ချင်ကျိုးက တိုက်ရိုက် အော်ဟစ်ပြောဆိုလိုက်သည်။ "ကတုံးအိုကြီး၊ ခင်ဗျား ပြောနေတာတွေက အမှန်ပဲလား။"
အတ္တကင်းမဲ့ဗုဒ္ဓမှာ တုန်လှုပ်သွားသည်။
လခွီးတဲ့မှ…
မင်း စိတ်နဲ့တိုင်ပင်လို့ မရဘူးလား။ ကောင်လေး။ ကပ်ဘေးက မင်းရှေ့တည့်တည့်မှာ ရှိနေတာလေ။ ဒါက သင့်တော်လို့လား။
"အမှန်ပဲ။"
ရုတ်တရက် ထူးဆန်းသောအသံတစ်ခု ထွက်ပေါ်လာသည်။
ဟောင်တုက ပါးစပ်ဟလိုက်ပြီး အနောက်ဘက်မှ နေလုံးကြီးကို လျစ်လျူရှုကာ အနက်ရောင်ဝတ်ရုံဝတ် လူငယ်ကို စူးစိုက်ကြည့်လိုက်သည်။
"နတ်ဘုရားတွေဆိုတာ မသေနိုင်ဘူး။ သူတို့ရဲ့ စွမ်းအားက ဖော်ပြချက်ပဲ။ ငါက ကပ်ဘေးရဲ့ စွမ်းအားကို ထိန်းချုပ်ထားတယ်။ ကြီးမြတ်တဲ့ခေတ်ကြီးတစ်ခု ရောက်လာပြီး ကောင်းကင်တာအိုကို ပြန်လည်ပြီးတော့ ထိန်းသိမ်းလိမ့်မယ်။ ငါ သေရင်တောင်မှ မကြာခင် ပြန်လာလိမ့်မယ်။"
"ပုရွက်ဆိတ်။ အချိန်-နေရာလွတ် နိယာမတွေကို ပူဇော်လိုက်။ ငါ မင်းကို နတ်ဘုရားဖြစ်အောင် ပြောင်းလဲပေးမယ်။ အဲဒီအချိန်ကျရင် မင်းက ငါ့လိုပဲ ထာဝရအသက်ရှင်လိမ့်မယ်။"
အတ္တကင်းမဲ့ဗုဒ္ဓ တိတ်ဆိတ်နေ၏။
ငါ ဟောင်တုကို အထင်သေးမိသွားတယ်။ ဒီကောင်က ငါ့ရဲ့စကားတွေကို ခိုးနားထောင်နိုင်တာပဲ။ နတ်ဘုရားစွမ်းရည်ပဲ။ တကယ်ကို ထူးဆန်းတယ်။
မုန့်ချင်ကျိုးက ပုစဉ်းရင်ကွဲတေးသံဓားကို ဖြည်းညှင်းစွာ ဆွဲထုတ်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။
"စိတ်မကောင်းပါဘူး။"
"ခင်ဗျားတို့ရဲ့ အကြံပြုချက်တွေက ကောင်းပေမယ့် ကျွန်တော် ငြင်းတယ်။"
"နတ်ဘုရားတွေက မသေနိုင်ဘူး ဟုတ်လား။"
"အဟက်…"
"ဒါဆိုရင်လည်း ခင်ဗျား တစ်ခါလာရင် တစ်ခါသတ်ပစ်မယ်။ နှစ်ယောက်လာရင် နှစ်ယောက်လုံးကို သတ်ပစ်မယ်။ မယုံဘူးလား။ စမ်းကြည့်လိုက်လေ။"
ဤမျှသာ။
မုန့်ချင်ကျိုး၏ဓားက ဘေးဒုက္ခ၏ အရင်းအမြစ်ကို တိုက်ရိုက်ညွှန်ပြနေပြီး သူ၏ဓားအသိမှာ အချိန်နှင့် နေရာလွတ်တစ်လျှောက် ပဲ့တင်ထပ်နေတော့သည်။
…