အခန်း (၂၃၆၃-၂၃၆၄)
Vol. 237 Ch. 2363-2364
အခန်း (၂၃၆၃) - မငြိမ်မသက် ဖြစ်နေသော နယ်မြေ
မန်ရှန်း လမ်းကြောင်း၊ ချင်းယီခန်းမ ။
မြည်ဟိိန်းနေသော မီးရှူးမီးပန်း အသံပေါင်း သောင်းနှင့်ချီ၍ ပေါက်ကွဲကာ မိုးကောင်းကင် တစ်ခွင်လုံး ဖုန်မှုန့်များနှင့် မီးခိုးငွေ့များ ဖုံးလွှမ်းသွားသည်။ ဤသည်မှာ ချင်းယီခန်းမတို့ ပြန်လည် စတင် လည်ပတ်နေပြီ ဖြစ်ကြောင်း အရပ်မျက်နှာ အသီးသီးသို့ အသိပေးခြင်းပင် ဖြစ်သည်။
ချန်ဆန်းနန်း မှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်နေသော မျက်နှာဖြင့် ကျောက်ဟွမ် ဘေးတွင် ရပ်နေသည်။ သို့သော် တစ်စုံတစ်ခုကို တွေးမိသွားသဖြင့် သူမ၏ မျက်နှာအမူအရာမှာ တင်းမာသွားသည်။
“ဌာနမှူး၊ အဲဒီကိစ္စက တကယ်ပဲ ပြီးဆုံးသွားပြီလား”
ဟု မေးလိုက်သည်။
“အင်း၊ ငါတို့ ချင်းယီခန်းမရဲ့ အထက်ပိုင်းက အကြီးအကဲတွေ အကြောင်းကြားလာတာ၊ စီကုချွမ်း ရဲ့ အစ်ကို စီကုပေ့ က ကြီးမားတဲ့ ပြစ်မှု ကျူးလွန်မိလို့ပဲ။ လွန်ခဲ့တဲ့ ရက်အနည်းငယ်က ဖြစ်ပျက်ခဲ့တဲ့ မြင်ကွင်းကို မင်း သတိထားမိလားထူးဆန်းတဲ့ အင်အားစု တစ်ခုက ဖမ်းဆီးသွားတဲ့သူက စီကုပေ့ ပဲလေ။”
ကျောက်ဟွမ် သည် သူ၏ မီးခိုးရောင် အင်္ကျီပေါ်မှ ဖုန်မှုန့်များကို ခါထုတ်လိုက်ပြီး ဂုဏ်ယူဝင့်ကြွားစွာ ရယ်မောလိုက်သည်။
“ကြားရတာတော့ စီကုပေ့ ကို ချန်းယောင်း ပညာသင်ကျောင်းတော်က ချီထျန်း မျိုးနွယ်စု ပညာသင်ကျောင်းတော် ထဲမှာတင် လူမြင်ကွင်းရှေ့မှာ အဖမ်းခံလိုက်ရတာတဲ့။ ကျောင်းတော်အုပ်ကြီးတွေ၊ ပညာသင်ကျောင်းတော်ရဲ့ အကြီးအကဲတွေ ကိုယ်တိုင် ထွက်လာပြီး တားဆီးဖို့ ကြိုးစားပေမဲ့ ဘယ်သူမှ မတားနိုင်ခဲ့ဘူး။
ချန်းယောင်း နယ်မြေ တစ်ခွင်လုံးမှာ ဒီမြင်ကွင်းကို မြင်လိုက်ရတာဆိုတော့ စီကုပေ့ ကို လူမြင်ကွင်းမှာ လှည့်လည် ဖမ်းဆီးသွားတာပဲ။ ချန်းယောင်း လို နေရာကြီးမှာ ဒီလိုမျိုး လှည့်လည် ဖမ်းဆီးနိုင်တဲ့သူက ဘယ်လောက်တောင် စွမ်းအားကြီးမားမလဲ ဆိုတာ မင်း ခန့်မှန်းကြည့်လေ။”
ချန်ဆန်းနန်း သည် ကြောက်ရွံ့စွာ အသက်ရှူမှားသွားသည်။
“ဒါဆိုရင် ကောင်းကင်အရှင် သူတော်စင် ပဲ ဖြစ်ရမယ်…” ဟု ရေရွတ်သည်။
“မှန်တယ်၊ သေချာတဲ့ သတင်းအရ စီကုပေ့ ရဲ့ ဆရာ စီကုကျင်းဟွာ က စည်းကမ်းကို ဖောက်ဖျက်ပြီး သူ့ကို ချီထျန်း မျိုးနွယ်စုရဲ့ ဘိုးဘေးနယ်မြေ ဆီ ခေါ်သွားပြီး ချီထျန်း ကြီးမားသော ကျောက်စာမှတ်တမ်း ကို လေ့လာခိုင်းလို့ ချီထျန်း မျိုးနွယ်စု ဘက်က မကျေမနပ် ဖြစ်ကုန်တာတဲ့။ စီကုပေ့ လေ့လာမှု အောင်မြင်ပြီး ကောင်းကင်အရှင် အရိုက်အရာ ဆက်ခံသူ ဖြစ်လာလို့ အပြစ်ကို အနည်းငယ်ပဲ ပေးလိုက်တာ။
ဒါပေမဲ့ သူ့ဆရာ စီကုကျင်းဟွာ ကတော့ အကြီးအကျယ် ဒုက္ခရောက်သွားပြီ။ အခုအချိန်မှာ သူတို့က စီကုချွမ်း သေဆုံးသွားတဲ့ ကိစ္စကို ဘယ်လိုများ ဂရုစိုက်နိုင်ပါ့မလဲ။”
ကျောက်ဟွမ် က အေးဆေးစွာ ရယ်မောလိုက်သည်။
“ဒါကြောင့်မလို့သာ လမ်းကြောင်းရှင် က ငါတို့ ချင်းယီခန်းမကို ဆက်ဖွင့်ခိုင်းတာပေါ့။”
စကားပြောနေရင်း ဧည့်သည်တစ်ဦး ရောက်လာသဖြင့် ကျောက်ဟွမ် က ချန်ဆန်းနန်း ကို အရင် ဧည့်ခံခိုင်းလိုက်သည်။ သူက ကုလားထိုင် တစ်ခုကို တံခါးဝတွင် ချထားပြီး သက်သောင့်သက်သာဖြင့် အနားယူနေလိုက်သည်။
ထိုအချိန်တွင် အရိပ်တစ်ခု ရောက်ရှိလာပြီး သူ၏ အပေါ် ကျရောက်နေသော နေရောင်ကို ပိတ်ဆို့သွားသည်။
“ဧည့်သည် ကိစ္စရှိရင် အတွင်းထဲ သွားပါ”
ဟု ကျောက်ဟွမ် က လက်ယမ်းပြလိုက်သည်။
“ဌာနမှူး၊ ကျွန်တော် တာဝန် တစ်ခု လာယူတာပါ။”
ဖန့်ချန် က ပြုံး၍ ပြောသည်။
ကျောက်ဟွမ် တစ်ချက် တုန်လှုပ်သွားပြီး ခန္ဓာကိုယ်ကို ဖြည်းဖြည်းချင်း မတ်လိုက်ကာ အံ့ဩတကြီးဖြင့် ပြောလိုက်သည်။
“မင်း… မင်းက ပြန်ပေါ်လာရဲသေးတာလား” ဟု မေးလိုက်သည်။
“ဘာလို့ မပေါ်လာရဲရမှာလဲ။”
“မင်းက စီကုချွမ်း ကို သတ်ခဲ့တာလေ၊ မသိဘူးလား အဲဒီကောင်က ချန်းယောင်း ပညာသင်ကျောင်းတော်ရဲ့ တပည့်ပဲ၊ ချီထျန်း မျိုးနွယ်စုက မင်းကို ဒုက္ခလာပေးမှာ မကြောက်ဘူးလား”
ကျောက်ဟွမ် ၏ မျက်နှာအမူအရာမှာ ထူးဆန်းနေသည်။ သူ၏ အမြင်တွင် ဖန့်ချန် တစ်ယောက် လုံးဝ ပေါ်မလာရဲတော့ဟု ထင်ထားမိသည်။ ပြန်လာမယ် ဆိုရင်တောင် နှစ်ပေါင်းများစွာ ကြာပြီးမှ ဖြစ်မည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။ ယခုမူ အချိန် ဘယ်လောက်မှ မကြာသေးပေ။
“အတွင်းကမ္ဘာ ကျောက်တုံး တွေ ကုန်သွားလို့ပါ၊ အလုပ်လေး လုပ်မှပဲ ရတော့မှာ။”
ဖန့်ချန် သက်ပြင်းချကာ
“ထိုင်စားရင် တောင် ပြုန်းတယ်လေ။”
“ဒါဆိုရင် မန်ရှန်း လမ်းကြောင်းမှာတော့ ခဏလောက် အလုပ်မလုပ်ပါနဲ့တော့။ မင်း အတွင်းကမ္ဘာ ကျောက်တုံး လိုချင်တယ် ဆိုရင် ငါ့မှာ လမ်းကြောင်း တစ်ခု ရှိတယ်၊ ဒါပေမဲ့ လမ်းခရီးက ဝေးသလို အန္တရာယ်လည်း များတယ်။
မင်း လက်ခံနိုင်ရင် ဒီတာဝန်ကို ပေးမယ်၊ မလက်ခံရင်တော့ တခြားတာဝန်တွေကိုလည်း ငါ ခဏလောက် မပေးနိုင်ဘူး။ မင်းကြောင့် ချင်းယီခန်းမ ပိတ်လိုက်ရတာ ဘယ်လောက်ကြာပြီလဲ၊ အခုမှ ပြန်ဖွင့်ရတာ ဆိုတော့ ထပ်ပိတ်ရမှာကို ငါ မလိုချင်ဘူး။”
ကျောက်ဟွမ် က မျက်လုံးကို လှန်၍ ပြောသည်။
“ဌာနမှူးပြောတဲ့ ဒီတာဝန်က အန္တရာယ် အရမ်းများလား မန်ရှန်း လမ်းကြောင်း မှာ အလုပ်လုပ်တာထက် ပိုအန္တရာယ် များလား”
ဖန့်ချန် မျက်လုံး အရောင်လက်သွားသည်။
“အဆပေါင်း ဆယ်ဆလောက် ပိုအန္တရာယ် များတယ်။”
ကျောက်ဟွမ် က အေးဆေးစွာဖြင့်
“ချင်းယီခန်းမ အားလုံးမှာ ဒီတာဝန် ရှိတယ်၊ ဒါပေမဲ့ အရင်က ဒီတာဝန်ကို လက်ခံခဲ့တဲ့ ချင်းယီသမား ဆယ်ယောက်မှာ ငါးယောက်က သေကုန်တယ်၊ ကျန်တဲ့ ငါးယောက်ကလည်း တာဝန်ကို မပြီးမြောက်နိုင်ခဲ့ဘူး၊ တာဝန်ပေးထားတဲ့ ပုဂ္ဂိုလ်ကိုတောင် မမြင်လိုက်ရဘူး။”
“ဌာနမှူး အခုလို ပြောမှပဲ ကျွန်တော် စိတ်ဝင်စားသွားပြီ။”
ဖန့်ချန် ၏ မျက်လုံးတွင် အပြုံး တစ်ချက် ပေါ်လာသည်။ အန္တရာယ်ကို သူ မကြောက်ပေ။ သန့်စင်သောအဆင့် အကန့်သတ် ကို ကျော်လွန်ဖို့ အထောက်အကူ ဖြစ်မည်ဆိုလျှင် ရပြီ။ ဤသည်မှာ လူ့လောက ဖြစ်ပြီး ဟင်းလင်းပြင် အထပ် (၁၉)၊ (၂၀) တို့ကဲ့သို့ နေရာမျိုး မဟုတ်ပေ။
သူ့တွင် ရိပ်ခြေဗုဒ္ဓ နည်းလမ်း ရှိနေသဖြင့် အနိုင်ရနိုင်ခြေ မရှိပါက ထွက်ပြေးဖို့ လုံလောက်သည်။
“မင်းကတော့ ကျားပေါက်လေးက ကျားမကြောက်ဘူး ဆိုတာမျိုးပဲ။ ဒါပေမဲ့ မင်းရဲ့ ကျင့်စဉ်အဆင့်က ဘယ်လောက်လဲ စွမ်းအင်စုစည်းခြင်း အလယ်အဆင့် လား ဒီအဆင့်က တာဝန်ပေးထားတဲ့သူထက် တစ်ဆင့် နိမ့်နေတယ်၊ မင်း လက်ခံလိုက်ရင် ပြီးမြောက်နိုင်မှာ မဟုတ်ဘူး။”
ကျောက်ဟွမ် က ဖန့်ချန် ကို အပေါ်အောက် ကြည့်လိုက်သည်။ ဖန့်ချန် က မဖျောက်ထားသဖြင့် သူ့အဆင့်ကို သိနိုင်သည်။
“တစ်ဆင့်ပဲ နိမ့်တာလား တာဝန်ပေးထားတဲ့သူက စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့် လား”
ဖန့်ချန် မျက်လုံး အရောင်လက်သွားကာ ပြောလိုက်သည်။
“ဒါဆိုရင် ပြဿနာ မရှိပါဘူး၊ ကျွန်တော် ယုံကြည်မှု ရှိပါတယ်။”
“မင်း ယုံကြည်မှု ရှိတယ်”
ကျောက်ဟွမ် မျက်မှောင်ကြုတ်လိုက်ပြီး မတ်တပ်ရပ်ကာ
“မင်းက တာဝန်ပေးထားတဲ့သူ ဘယ်သူလဲ ဆိုတာတောင် မသိဘဲနဲ့ ဘာလို့ ယုံကြည်မှု ရှိတယ်လို့ ပြောနိုင်ရတာလဲ”
ဟု မေးသည်။
“ဒါကြောင့်လည်း ဌာနမှူးက မိတ်ဆက်ပေးရမှာပေါ့။”
ဖန့်ချန် က ရယ်မောလျက်
“ဒီနေရာမှာ စကားမပြောနဲ့ နံရံမှာ နားရှိတယ်လေ။”
ဟု ပြောလိုက်သည်။
“……”
“ငါ့နောက်ကို လိုက်ခဲ့။”
ကျောက်ဟွမ် က ဖန့်ချန် ကို ခေါ်ဆောင်၍ တာဝန်များ လက်ခံရာ ခန်းမကြီး ထဲသို့ ခေါ်သွားသည်။ ဖုန်မှုန့်များ ပြည့်နှက်နေသော နေရာမှ ကျောက်ပြား တစ်ခုကို ထုတ်ယူကာ စားပွဲပေါ်သို့ ပစ်ချပေးသည်။ ဖန့်ချန် ကြည့်ရှုနေစဉ် ကျောက်ဟွမ် က စတင် မိတ်ဆက်ပေးသည်။
“ဒီတာဝန်က ငါတို့ ချင်းယီခန်းမ မှာ တင်ထားတာ ကြာလှပြီ။ သူက ချီထျန်း မျိုးနွယ်စုရဲ့ သစ္စာဖောက် တစ်ယောက် ဖြစ်သလို၊ တန်ခယ်ရွှမ် မတိုင်ခင်က ချီထျန်း မျိုးနွယ်စုရဲ့ ကောင်းကင်အရှင် အရိုက်အရာ ဆက်ခံသူ တစ်ယောက်လည်း ဖြစ်တယ်။
ပါရမီ ဆိုရင် တန်ခယ်ရွှမ် ထက်တောင် သာသေးတယ်၊ တစ်ခါက နေမင်းခုနှစ်ပါးခန်းမ ထဲမှာ စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့်ရဲ့ အတော်ဆုံး သူတော်စင် ဂုဏ်ပုဒ်ကို ရခဲ့ဖူးတယ်။”
ပြောပြီးနောက် ကျောက်ဟွမ် က ဖန့်ချန် ကို တစ်ချက် ကြည့််််လိုက်သည်။
“ရှကျိ ၊ မင်း ပါရမီ ကောင်းမှန်း ငါ သိတယ်၊ အရင်က မင်းရဲ့ နည်းလမ်းတွေကလည်း အံ့ဩစရာ ကောင်းတယ်၊ မမှားဘူး ဆိုရင် ဒါ မင်းရဲ့ နာမည် အတု မဟုတ်လား မင်းက နေမင်းခုနှစ်််ပါးခန်းမ က တပည့် တစ်ယောက် ဖြစ်နေတာလား ငြင်းဖို့ မလိုပါဘူး၊ မင်းက ချင်းယီခန်းမ မှာ တာဝန်တွေ အများကြီး ထမ်းဆောင်ခဲ့ဖူးတဲ့သူ ဆိုတော့ မင်းကို မဟာမိတ်အဖွဲ့ရဲ့ သူလျှိုလို့ ငါ မသတ်မှတ်ပါဘူး။
မင်းလည်း အတွင်းကမ္ဘာကျောက်တုံး လိုလို့ပဲ ဒီမှာ အလုပ်လုပ်တာလေ၊ ဒါဆိုရင် မင်းက ငါတို့လူပဲ။ ဒါကြောင့်မလို့ မင်းကို သတိပေးတာ၊ မင်းရဲ့ စွမ်းအားက သူ့နဲ့ ယှဉ်ရင် အများကြီး ဝေးကွာနေသေးတယ်။ မင်း သွားရမယ့် နေရာကလည်း အလွန် အန္တရာယ် များတယ်၊ အဲဒီနေရာကို ‘မငြိမ်မသက် ဖြစ်နေသော နယ်မြေ’ လို့ ခေါ်တယ်။”
“ချီထျန်း မျိုးနွယ်စုရဲ့ သစ္စာဖောက် စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့်ရဲ့ အတော်ဆုံး သူတော်စင် ”
ဖန့်ချန် အနည်းငယ် အံ့ဩသွားပြီး ထိုသူ၏ နာမည်ကို ကြည့်လိုက်သည်။ ‘ချီကွမ်းယိ’ ။
“ချီကွမ်းမျိုးနွယ်စု ချီထျန်း မျိုးနွယ်စု ထဲမှာ ချီကွမ်းမျိုးနွယ်စု က ယုတ်လျော့သွားပြီး တပည့် အများစုက တန်မျိုးနွယ်စု နဲ့ စီကုမျိုးနွယ်စု တို့ရဲ့ ကျေးဇူးကို ခံယူပြီး အသက်ရှင်နေကြရတာ မဟုတ်လား။”
“အင်း၊ ဖူမျိုးနွယ်စု လည်း ယုတ်လျော့သွားတာပဲ။ ဒါပေမဲ့ မင်း သိထားရမှာက ချီထျန်း မျိုးနွယ်စုရဲ့ မူလ တည်ထောင်သူက ချီကွမ်း ပဲ၊ ဖူမျိုးနွယ်စု က အမြဲတမ်း ချီကွမ်း မျိုးနွယ်စုရဲ့ သစ္စာရှိတဲ့ နောက်လိုက်တွေ ဖြစ်ခဲ့တာ။”
ကျောက်ဟွမ် က အဓိပ္ပာယ်ပါပါ ပြုံး၍ ပြောသည်။
ဖန့်ချန် ဒီတာဝန်က ဘာလို့ ဒီလောက် ခက်ခဲရသလဲ ဆိုတာကို နားလည်သွားသည်။ ချီကွမ်းယိ က ဘာလို့ ချီထျန်း မျိုးနွယ်စုကနေ သစ္စာဖောက်သွားသလဲ ဒီကိစ္စမှာ တန်မျိုးနွယ်စု နဲ့ စီကုမျိုးနွယ်စု တို့နှင့် ကြီးမားသော ဆက်စပ်မှု ရှိနေလိမ့်မည်။ သူတို့ကို သတ်ချင်တဲ့သူတွေကလည်း ဒီမျိုးနွယ်စုကြီး နှစ်ခုပဲ ဖြစ်လိမ့်မည်။ ချင်းယီခန်းမ ကို ခိုင်းစေတာကတော့… သူတို့ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်မှာ စိုးလို့ ဖြစ်ပေမည်။
“နားလည်သွားပြီလား ချီကွမ်းယိ က ချီထျန်း မျိုးနွယ်စုကနေ သစ္စာဖောက်သွားပေမဲ့ ချီထျန်း မျိုးနွယ်စု ထဲက ချီကွမ်း မျိုးနွယ်စု သူတော်စင်တွေ၊ ဖူ မျိုးနွယ်စု သူတော်စင်တွေကတော့ သူ့ကို ဘယ်သူမှ လာမထိဖို့ တားဆီးထားကြတာပဲ။”
ကျောက်ဟွမ် က အေးဆေးစွာဖြင့်
“ဒါကြောင့်မလို့ ဒီတာဝန်က နှစ်ပေါင်းများစွာ ထားပစ်ခံထားရတာ။ တခြား အမြင်မရှိတဲ့ ချင်းယီသမားတွေက ဒီတာဝန်ကို ယူပြီး ဘယ်သူမှ ကောင်းကောင်း မသေနိုင်ကြဘူး။ အဲဒီ မငြိမ်မသက် ဖြစ်နေတဲ့ နယ်မြေ ဆိုတာက ကောင်းကင်ငါးပါး အပြင်ဘက်မှာ ရှိတာ၊ ငါတို့ မန်ရှန်း လမ်းကြောင်း ထက်တောင် ပိုပြီး စည်းကမ်းမဲ့တယ်။
ကောင်းကင်ငါးပါးရဲ့ ဥပဒေတွေက အဲဒီမှာ အကျုံးမဝင်ဘူး၊ ဝိညာဉ် မျိုးနွယ်စု လောက်ပဲ အဲဒီမှာ မျက်နှာပွင့်လန်းကြတယ်။”
“ဌာနမှူး၊ ကောင်းကင်ငါးပါး ထဲမှာ ဒီလိုနေရာမျိုး ရှိသေးတာလား ကောင်းကင်ငါးပါးက ခွင့်ပြုထားတာလား ”
ဖန့်ချန် အံ့ဩသွားသည်။ သူ ကရုဏာတောင် မှာ စာဖတ်လာတာ ကြာပြီ ဖြစ်သော်လည်း မငြိမ်မသက် ဖြစ်နေသော နယ်မြေ အကြောင်း မဖတ်မိခဲ့ပေ။
“ခွင့်မပြုလို့ မရဘူးလေ၊ အဲဒီနေရာမှာ ကောင်းကင်အရှင် သူတော်စင် တစ်ပါးက တာဝန်ယူ ထိန်းချုပ်ထားတာကိုး။”
ကျောက်ဟွမ် က အဓိပ္ပာယ်ပါပါ ပြုံးလျက် ပြောလိုက်သည်။
အခန်း (၂၃၆၄) - သွေးရွာခန်းမ
“ကောင်းကင်အရှင် သူတော်စင် တစ်ပါးက မငြိမ်မသက် ဖြစ်နေတဲ့ နယ်မြေ မှာ တာဝန်ယူ ထိန်းချုပ်ထားတာလား”
ဖန့်ချန် စိတ်ထဲတွင် နားမလည်နိုင်မှုများ ရှိနေသည်။
ကျောက်ဟွမ် က အနည်းငယ် ပြုံးလျက်
“မင်းကို ကြည့်ရတာ အရမ်း ငယ်သေးတယ်၊ ကောင်းကင်ငါးပါး ရဲ့ သမိုင်းကြောင်း အချို့ကို သိပ်ပြီး မသိသေးဘူးနဲ့တူတယ်။ ကောင်းကင်အရှင် သူတော်စင် အားလုံးက မဟာမိတ်အဖွဲ့ ထဲမှာပဲ တာဝန်ထမ်းဆောင်နေကြတယ်လို့ မင်း ထင်နေတာလား။ အခု ငါသိသလောက် ဆိုရင်တောင် မငြိမ်မသက် ဖြစ်နေတဲ့ နယ်မြေ မှာ တာဝန်ယူ ထိန်းချုပ်ထားတဲ့ ကောင်းကင်အရှင် သူတော်စင် နှစ်ပါးက ငါတို့ လင်ယောင် အဆင့်မြင့်ဆုံး မဟာမိတ်အဖွဲ့ ကပဲ။
ကျန်တဲ့ မဟာမိတ်အဖွဲ့ လေးဖွဲ့ ကလည်း ကောင်းကင်အရှင် သူတော်စင် တွေကို အဲဒီ မငြိမ်မသက် ဖြစ်နေတဲ့ နယ်မြေ ဆီ စေလွှတ်ထားကြတယ်။ သူတော်စင် ရှိတဲ့ နေရာတိုင်းမှာ လောကီရေးရာ အရှုပ်အထွေးတွေ ရှိစမြဲပဲ။
သူတော်စင် တိုင်းက ကောင်းကင်ငါးပါး ရဲ့ စည်းကမ်း ကို လိုက်နာဖို့ မဆန္ဒရှိကြဘူး။ ဒါပေမဲ့ မငြိမ်မသက် ဖြစ်နေတဲ့ နယ်မြေ က အရှုပ်အထွေး မလုပ်သရွေ့၊ ကောင်းကင်ငါးပါး ရဲ့ ကိစ္စတွေကို ဝင်မစွက်ဖက်သရွေ့ ကောင်းကင်ငါးပါး ဘက်ကလည်း မျက်စိမှိတ်ပေးထားတာပဲ။
ဒါပေမဲ့ တစ်ဖက်မှာတော့ အဲဒီ နယ်မြေကို သွားလိုက်ပြီဆိုရင် ကောင်းကင်ငါးပါး ရဲ့ ဥပဒေတွေက အကျုံးမဝင်တော့ဘူး။ မင်းက ဘယ်သူပဲဖြစ်ဖြစ်၊ ကောင်းကင်အရှင် တစ်ပါးရဲ့ သားပဲ ဖြစ်ပါစေ၊ ဟိုရောက်သွားရင်တော့ အသက်ဆုံးရှုံးဖို့ သေချာနေတာပဲ။”
“ဌာနမှူး၊ အခုလို ပြောမှပဲ ဒီနယ်မြေ က တကယ်ကို အန္တရာယ် များမှန်း သိလိုက်ရတယ်။”
ဖန့်ချန် သည် လက်ထဲက တာဝန် ကျောက်ပြား ကို တစ်ဖန် ပြန်ကြည့်လိုက်သည်။ ထိုပေါ်တွင် ရေးထားသော ဆုကြေးမှာ အတွင်းကမ္ဘာ ကျောက်တုံး (၅၀၀၀၀) ဖြစ်သည်။ များသည်ဟု ထင်ရသော်လည်း အမှန်တကယ်တွင် သူ အသုံးပြုနေသော စင်ကြယ်သော ဗောဓိသီး တစ်လုံးတည်းကို ရောင်းချလိုက်ရုံနှင့်ပင် ဤစျေးနှုန်းထက် ပိုမို ရရှိနိုင်သည်။
“အတွင်းကမ္ဘာ ကျောက်တုံး (၅၀၀၀၀) ဆိုတာ စျေးကွက်ပေါက်စျေးပဲ။ တကယ်တော့ ငါတို့ ချင်းယီခန်းမ အနေနဲ့ အဆင့်မြင့် သူတော်စင် တွေကို စေလွှတ်ပြီး ချီကွမ်းယိ ကို သတ်ခိုင်းဖို့ မဖြစ်နိုင်ဘူးလေ။ စေလွှတ်နိုင်တာကလည်း မင်းတို့လိုမျိုး သူ့နဲ့ အဆင့် တူညီတဲ့ သူတွေပဲ ရှိတာ။”
ကျောက်ဟွမ် က အေးဆေးစွာ ပြောသည်။ ဖန့်ချန် ချင်းယီခန်းမ ၏ ထိုစည်းကမ်း ကို မှတ်မိနေသည်။ ဤစည်းကမ်း ရှိနေ၍သာ ချင်းယီခန်းမ သည် လင်ယောင် အဆင့်မြင့်ဆုံး မဟာမိတ်အဖွဲ့ ထဲတွင် ရပ်တည်နိုင်ခြင်း ဖြစ်သည်။ မဟုတ်ပါက အင်အားကြီးသူက အားနည်းသူကို ဖိနှိပ်သည့် ကိစ္စများကြောင့် ပြဿနာများစွာ တက်လာနိုင်သည်။
“ဘယ်လိုလဲ မင်း ဒီတာဝန်ကို လက်ခံဖို့ ရည်ရွယ်ထားတာလား။ အရင်ကထက်စာရင် ချီကွမ်းယိ နဲ့ ပတ်သက်တဲ့ သဲလွန်စတွေကို ငါတို့ ချင်းယီခန်းမ က ပိုပြီး နက်နက်ရှိုင်းရှိုင်း ရထားတယ်။ သူက မငြိမ်မသက် ဖြစ်နေတဲ့ နယ်မြေ ထဲက ‘သွေးရွာခန်းမ’ မှာ ရှိနေတယ်၊ အဲဒီနေရာကို ‘မှောင်ခို တိုက်ပွဲဝင်ရာ နေရာ’ လို့လည်း ခေါ်ကြတယ်။”
ကျောက်ဟွမ် က ရယ်မော၍ ပြောသည်။
ဖန့်ချန် -
“ဌာနမှူး အသေးစိတ် ပြောပြပေးနိုင်မလား။”
“အင်း၊ ဒီသွေးရွာခန်းမ ကို မှောင်ခို တိုက်ပွဲဝင်ရာ နေရာလို့ ခေါ်ကြတာက အဲဒီနေရာက သက်သက်လွတ် တိုက်ပွဲဝင်ဖို့ နေရာ ဖြစ်နေလို့ပဲ။ သွေးရွာခန်းမ ထဲမှာ တိုက်ပွဲခုံ ပေါ် တက်သွားပြီဆိုရင် အသက်ရှင်ခြင်း သေခြင်းက ကံကြမ္မာ အပေါ်မှာပဲ မူတည်တယ်။
တချို့က ဒီနေရာကို အသုံးချပြီး ဆုလာဘ်တွေ ရှာဖို့ ကြိုးစားကြတယ်၊ တချို့က အတွင်းကမ္ဘာ ကျောက်တုံး တွေကို ရှာဖို့ ကြိုးစားကြတယ်။ တချို့ကျတော့လည်း ကိုယ့်ရဲ့ ကျင့်စဉ်စွမ်းအား ကို ပိုမို မြှင့်တင်ဖို့ လာကြတာ။ ငါတို့ ရထားတဲ့ သတင်းအရ ချီကွမ်းယိ က အဆင့်မြင့် သူတော်စင် အဖြစ် တက်လှမ်းနိုင်တာ ကြာလှပြီ။ သူက စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့် မှာပဲ ရပ်တန့်နေတာက သန့်စင်သော အဆင့် အကန့်သက် ကို ကျော်လွန်ဖို့ အတွက်ပဲ။”
ကျောက်ဟွမ် က ပြောသည်။
ဖန့်ချန် အနည်းငယ် အံ့ဩသွားပြီး သွေးရွာခန်းမ နှင့် ပတ်သက်၍ အကြမ်းဖျင်း သဘောပေါက်သွားသည်။
“အဲဒီမှာ စွမ်းအား နိမ့်တဲ့သူက စွမ်းအား မြင့်တဲ့သူကို အချိန်မရွေး စိန်ခေါ်နိုင်တယ်။ ဒါပေမဲ့ စွမ်းအား မြင့်တဲ့သူကတော့ စွမ်းအား နိမ့်တဲ့သူကို စိန်ခေါ်လို့ မရဘူး။ ကစားနည်းတွေကလည်း အများကြီးပဲ။ မငြိမ်မသက် ဖြစ်နေတဲ့ နယ်မြေ ထဲက သူတော်စင် တော်တော်များများ အတွက် အပန်းဖြေဖို့၊ အချိန်ဖြုန်းဖို့ အကောင်းဆုံး နေရာတစ်ခုပဲ။
တစ်ခါတရံ သွေးရွာခန်းမ က အလွန် ထူးခြားတဲ့ ဆုလာဘ်မျိုးတွေကို ထုတ်ပေးတတ်သေးတယ်။ ဥပမာ - စင်ကြယ်သော ဗောဓိသီး မျိုးပေါ့။”
ကျောက်ဟွမ် ၏ နှုတ်ခမ်းထောင့်များ မြင့်တက်သွားကာ
“အဲဒီလို အချိန်မျိုးရောက်ရင် ကောင်းကင်ငါးပါး ထဲက စွမ်းအား သင့်တော်တဲ့ တပည့်တွေ အများကြီးကို အသံတိတ် စေလွှတ်ကြတာပဲ။”
ခဏ ရပ်လိုက်ပြီး
“သာမန် သူတော်စင် တွေက ဘယ်သိကြမလဲ။ မငြိမ်မသက် ဖြစ်နေတဲ့ နယ်မြေ ရဲ့ တည်ရှိမှုကို ကောင်းကင်ငါးပါး က အမြဲတမ်း သတင်းပိတ်ထားတာလေ။ သူတို့က ဒီအကြောင်းကို ငါတို့ သိသွားတာကို မနှစ်မြို့ကြဘူး။ တစ်ခါတစ်ရံ ထွက်ပေါ်လာတတ်တဲ့ အဖိုးတန် ပစ္စည်းတွေကို သူတို့ပဲ အပိုင်သိမ်းချင်ကြတာကိုး။”
“ဘယ်လိုလဲ၊ ဒီတာဝန်ကို ဆက်လက် လက်ခံဦးမှာလား။ ဒီတစ်ခေါက် သွားလာရတာ အချိန်အတော် ကြာလိမ့်မယ်။ ပြီးတော့ ချီကွမ်းယိ က သွေးရွာခန်းမ ထဲမှာ တိုက်ပွဲပေါင်း (၉၀၀၀) ကျော် တိုက်ခိုက်ခဲ့ဖူးတယ်လို့ ကြားတယ်။ တစ်ကြိမ်မှ ရှုံးနိမ့်ဖူးခြင်း မရှိဘူး ”
ကျောက်ဟွမ် က ဖန့်ချန် ကို ပြုံးရွှင်စွာ ကြည့်နေသည်။
“ဌာနမှူး၊ သွေးရွာခန်းမ ထဲမှာ တိုက်ပွဲဝင်ရဲတဲ့ သူတော်စင် တွေဆိုတော့ ဘယ်သူမှ လွယ်လွယ်ကူကူ အနိုင်ယူလို့ ရမယ့်သူတွေ မဟုတ်ကြဘူး မဟုတ်လား။”
ဖန့်ချန် က တွေးတောလျက် ပြောလိုက်သည်။
“သေချာတာပေါ့”
ကျောက်ဟွမ် က မေးမော့၍
“လောကကြီးက နေမင်း ခုနှစ်ပါးခန်းမ ကိုပဲ သိကြတယ်၊ မငြိမ်မသက် ဖြစ်နေတဲ့ နယ်မြေ ထဲက သွေးရွာခန်းမ ကိုတော့ ဘယ်သူမှ မသိကြဘူး။ တကယ်တမ်း ဆိုရင် သွေးရွာခန်းမ ရဲ့ သမိုင်းကြောင်းက နေမင်းခုနှစ်ပါးခန်းမ ထက်တောင် ပိုရှေးကျသေးတယ်။ အဲဒီမှာ နာမည် ရထားတဲ့သူတွေက နေမင်းခုနှစ်ပါးခန်းမ က တပည့် တွေထက် ဘယ်လိုလုပ် အားနည်းပါ့မလဲ။”
စကားပြောနေရင်း ကျောက်ဟွမ် က လျှို့ဝှက်စွာဖြင့်
“မင်းကို လျှို့ဝှက်ချက် တစ်ခု ပြောပြမယ်။ နေမင်းခုနှစ်ပါးခန်းမ ရဲ့ တပည့် တွေက နှစ်တစ်ရာတိုင်းမှာ တိုက်ပွဲ (၁၀) ပွဲပဲ တိုက်ခိုင်ခွင့် ရှိတယ်၊ ဒါပေမဲ့ သွေးရွာခန်းမ မှာကျတော့ မင်း ပြိုင်ဘက် ရှာနိုင်သရွေ့ မင်း ကြိုက်သလောက် တိုက်ခိုက်လို့ ရတယ်။
ငါတို့ လင်ယောင် အဆင့်မြင့်ဆုံး မဟာမိတ်အဖွဲ့ ထဲမှာ နေမင်း ခုနှစ်ပါးခန်းမ က တပည့် တော်တော်များများက ကိုယ့်ရဲ့ အထောက်အထား ကို ဖျောက်ပြီး အားလပ်ချိန်တွေမှာ သွေးရွာခန်းမ ကို သွားရောက် လေ့ကျင့်ကြတယ်။ ဒီလိုမှသာ နေမင်း ခုနှစ်ပါးခန်းမ ထဲမှာ ပိုမိုကောင်းမွန်တဲ့ အဆင့် သတ်မှတ်ချက် ကို ရနိုင်တာလေ။”
“ဒါကြောင့် မင်း ဒီတာဝန်ကို တကယ် လက်ခံမယ် ဆိုရင် ချီကွမ်းယိ ကို မင်းရဲ့ စိန်ခေါ်မှုကို လက်ခံအောင် လုပ်ဖို့အတွက် မင်းမှာ ကောင်းမွန်တဲ့ စစ်မှတ်တမ်း တစ်ခု ရှိရမယ်။ ဒီကာလအတွင်းမှာ နေမင်း ခုနှစ်ပါးခန်းမ က တပည့် တွေ ဒါမှမဟုတ် သွေးရွာခန်းမ ရဲ့ ဒေသခံ အားကောင်းတဲ့သူတွေ နဲ့ တွေ့ရဖို့က မလွဲမသွေပဲ။
မင်း ဒီလုပ်ငန်းစဉ် ထဲမှာ သေဆုံးသွားနိုင်တယ်။ ငါတို့ ချင်းယီခန်းမ က စိတ်ကြီးဝင်တဲ့သူတွေ တော်တော်များများက ဒီလိုမျိုးနဲ့ပဲ ပျောက်ဆုံးသွားကြတာ ကံကောင်းတာက ငါတို့ ချင်းယီခန်းမ မှာ ယင်လောက ကို သွားတဲ့ လမ်းကြောင်း တစ်ခု ရှိနေလို့ တာဝန် ထမ်းဆောင်ရင်း သေဆုံးသွားတဲ့ သူတော်စင် တွေကလည်း အနည်းငယ် အစောင့်အရှောက် ရကြပါတယ်။”
ဖန့်ချန် ခဏမျှ စဉ်းစားပြီးနောက် တာဝန် ကျောက်ပြား ကို သိမ်းလိုက်သည်။
ကျောက်ဟွမ် တစ်ချက် တုန်လှုပ်သွားကာ
“သွေးရွာခန်းမ က ဘယ်လောက်တောင် အန္တရာယ် များသလဲ ဆိုတာနဲ့ မငြိမ်မသက် ဖြစ်နေတဲ့ နယ်မြေ က ဘယ်လောက်တောင် ရှုပ်ထွေးသလဲ ဆိုတာကို သိရက်နဲ့ မင်း ဒီတာဝန်ကို လက်ခံမှာလား မင်း သေမှာ မကြောက်ဘူးလား”
“ချီထျန်း မျိုးနွယ်စု ရဲ့ သူတော်စင် ကိုတောင် ကျွန်တော် သတ်နိုင်သေးတာ၊ ဒီ ချီကွမ်းယိ လောက်တော့ ဘာမှ မဟုတ်ပါဘူး။ သေခြင်း မသေခြင်းကတော့ တစ်ကဏ္ဍပေါ့။”
ဖန့်ချန် က ပြောသည်။
“ကောင်းတယ်၊ ကောင်းတယ်၊ ကောင်းတယ် ”
ကျောက်ဟွမ် သည် လက်မ ထောင်ပြလိုက်သည်။
“လူငယ်တစ်ယောက်ရဲ့ ရည်မှန်းချက် ကတော့ ကြီးမားတာပဲ၊ ကြိုးစားဖို့ အချိန်ရောက်လာပြီပေါ့မင်း မငြိမ်မသက် ဖြစ်နေတဲ့ နယ်မြေ ကို သွားမှာဆိုတော့ ချင်းယီခန်းမ ရဲ့ လမ်းကြောင်းအတိုင်း သွားလိုက်ပါ။ (၁၀) နှစ် လောက် ဆိုရင် မင်းကို လိုရာခရီး ကို ပို့ပေးနိုင်ပါလိမ့်မယ်။”
“ချင်းယီခန်းမ မှာ မငြိမ်မသက် ဖြစ်နေတဲ့ နယ်မြေ ကို သွားတဲ့ သင်္ဘောလမ်းကြောင်း ရှိလို့လား ”
ဖန့်ချန် အနည်းငယ် အံ့ဩသွားသည်။ သူကိုယ်တိုင် သွားရမည်ဟု ထင်ထားခဲ့ခြင်း ဖြစ်သည်။
“သေချာတာပေါ့၊ မငြိမ်မသက် ဖြစ်နေတဲ့ နယ်မြေ က ရှုပ်ထွေးပေမဲ့ ငါတို့ ချင်းယီခန်းမ က အဲဒီနေရာမှာလည်း စီးပွားရေး လုပ်ငန်းတွေ ရှိနေတာပဲလေ။”
ကျောက်ဟွမ် က ရယ်မောလျက်
“မင်း ဒီနေရာမှာ ခဏလောက် စောင့်နေ၊ မင်းကို လာခေါ်မယ့်သူ ရှိလိမ့်မယ်။ ဒါပေမဲ့ မင်း မငြိမ်မသက် ဖြစ်နေတဲ့ နယ်မြေ ကို ဘာကြောင့် သွားရတာလဲ ဆိုတာကိုတော့ ဘယ်သူ့ကိုမှ မပြောနဲ့။ မင်း အလိမ်ခံရမှာ စိုးလို့ပါ။”
“သေချာတာပေါ့။”
ဖန့်ချန် အနည်းငယ် ခေါင်းညိတ်လိုက်သည်။ ဤသို့ဆိုလျှင်လည်း သူကိုယ်တိုင် သွားစရာ မလိုတော့ဘဲ ဒီနေရာမှာပဲ ခဏ စောင့်နေရုံသာ ဖြစ်သည်။
…
အတွင်းကမ္ဘာ။
“လီဝူ၊ မင်း မငြိမ်မသက် ဖြစ်နေတဲ့ နယ်မြေ အကြောင်း ဘယ်လောက် သိလဲ ”
ဖန့်ချန် အေးဆေးစွာ မေးလိုက်သည်။
“ဘာ မငြိမ်မသက် ဖြစ်နေတဲ့ နယ်မြေ လဲ ”
လီဝူ သည် ကြားလိုက်ရသဖြင့် အနည်းငယ် အံ့ဩသွားသည်။
“မင်း မသိဘူးလား ”
ဖန့်ချန် နားလည်သွားပြီး ကျောက်ဟွမ် ပြောပြခဲ့သော မငြိမ်မသက် ဖြစ်နေတဲ့ နယ်မြေ အကြောင်း ကို ပြန်လည် ရှင်းပြလိုက်သည်။
“ကောင်းကင်ငါးပါး အပြင်ဘက်မှာ ဒီလိုနေရာမျိုး ရှိသေးတာလား သွေးရွာခန်းမ… စစ်ကြယ်သော ဗောဓိသီး လိုမျိုး ဆုလာဘ် မျိုးတောင် ရှိသေးတာလား”
လီဝူ အမှန်တကယ်ပင် အံ့ဩသွားသည်။
ချီယန် သူတော်စင် က စပ်စုလျက်
“လီဝူ မင်းက အရင်က အထွတ်ထိပ်တာအို သူတော်စင် ဖြစ်ခဲ့တယ်လို့ အမြဲပြောနေတာပဲ၊ ဘာလို့ ဒီနေရာကိုတောင် မသိရတာလဲ”
“……”
လီဝူ သည် အချိန်အတော်ကြာ တိတ်ဆိတ်သွားပြီးနောက် သက်ပြင်းချကာ
“ဒါဟာ ကောင်းကင်ငါးပါး က ရည်ရွယ်ချက်ရှိရှိနဲ့ သတင်းပိတ်ထားတာ ဖြစ်လိမ့်မယ်၊ သာမန် သူတော်စင် တွေ မငြိမ်မသက် ဖြစ်နေတဲ့ နယ်မြေ ဆီ ပြေးသွားမှာ ကြောက်လို့လေ။ သွေးရွာခန်းမ ထဲမှာ စစ်ကြယ်သော ဗောဓိသီး ကို ဆုလာဘ် အဖြစ် ပေးတယ် ဆိုရင် ကောင်းကင်ငါးပါး ထဲက အာဏာရှိသူတွေက ဒီသတင်းကို ဘယ်နေရာ အနှံ့ အပြား လိုက်ဖြန့်မှာလဲ။”
ဖန့်ချန် သည် အလွန် နားလည်သဘောပေါက်စွာ ခေါင်းညိတ်လိုက်သည်။ ဤစကား၏ အဓိပ္ပာယ်မှာ လီဝူ ၏ ယခင်က အဆင့်အတန်းမှာ မလုံလောက်သေးခြင်း၊ သို့မဟုတ် သူ၏ နောက်ခံက မကောင်းခြင်းတို့ကြောင့် ထိုနေရာ အကြောင်းကို မည်သူမျှ လာရောက် ပြောပြလိုခြင်း မရှိခြင်းပင် ဖြစ်သည်။
အထွတ်ထိပ်တာအို ဖြစ်သော်လည်း ကောင်းကင်အရှင် အရိုက်အရာ ဆက်ခံသူ များလောက်တော့ မသိနိုင်ပေ။ ကောင်းကင်ငါးပါး တွင် အမွေဆက်ခံခြင်း ကိစ္စမှာ အလွန် အရေးပါပေသည်။
“လီဝူ ဒီနေရာက သန့်စင်သော အဆင့် အကန့်သက် ကို ကျော်လွန်ဖို့ အတွက် ပိုသင့်တော်မယ်လို့ ငါ ထင်တယ်။”
ဖန့်ချန် က ရယ်မောလျက်
“အဲဒီ ချီကွမ်းယိ ဆိုတဲ့သူကပဲ အကောင်းဆုံး ကျောက်သွေးတုံး ဖြစ်လာမှာပါ။”
“စွမ်းအင်စုစည်းခြင်း နောက်ဆုံးအဆင့် ရဲ့ အတော်ဆုံး သူတော်စင်… ပြီးတော့ သွေးရွာခန်းမ ထဲမှာ တိုက်ပွဲပေါင်း (၉၀၀၀) ကျော် တိုက်ခိုက်ပြီး တစ်ကြိမ်မှ မရှုံးနိမ့်ဖူးတဲ့သူ… တကယ်ပဲ အကောင်းဆုံး ကျောက်သွေးတုံး ဖြစ်လာမှာပါ။ (၂၁) ထပ် ဟင်းလင်းပြင် လောက်လည်း အန္တရာယ် မများပါဘူး။ အရှင််သခင် တကယ်ပဲ သွားရောက် သင့်ပါတယ်။”
လီဝူ ခေါင်းညိတ်လိုက်သည်။